Attracting the Villain ❤ (ဗီ...

By MayKingMK119

648K 58.6K 1.5K

Author _ May King Genre _ 🔞🔞,BL, AI, System Both Unicode and Zawgyi font Face of Devil FOD - System ဇာတ္လမ္... More

(Z+U) System - 119 ( ဗီလိန္တစ္ေယာက္ကို ဆြဲေဆာင္ျခင္း )
(Z+U) Arc - 1 - စတင္ျခင္း
Arc 1.1 - Zero
Arc 1.2 - Zero ၏ ဘဝ
Arc 1.3 - Zero ၏ လူမႈဘဝ
Arc 1.4 - Zero ၏ ငယ္ဘဝ (၁)
Arc 1.5 - Zero ၏ ငယ္ဘဝ (၂)
Arc 1.5 - Zero ၏ ေဒါသ
Arc 1.6 _ Zero's Secret
Arc 1.7 - Zero's Enemy
Arc 1.8 - Zero's beloved girl -1
Arc 1.8 - Zero's beloved girl - 2
Arc 1.9 - Zero's Partner
Arc 1.10 - Zero's brother
Arc 1.11 - Zero's Husband 🔞🔞🔞
Arc 1.12- Zero's Husband - 2 🔞🔞🔞
Arc 1.13 - Zero's sister-in-law
Arc 1.14 - Zero's new relationship with Snow
Arc 1.15 - Zero's marriage night 🔞(Z+U)
Arc 1.16 - Zero's new life (Z+U)
Arc 1.17 - Vampire တို႔၏တိုက္ပြဲ (Z+U)
Arc 1.18 - Mission completed (Z+U)- End
Attracting the Villain Arc 2_ Chapter (1) _ Zhang Yi Bing🔞(U+Z)
Arc 2_ Chapter (2) _ ကျန်းရီပင်းကို သွားတွေ့ခြင်း (U+Z)
Arc 2 _ Chapter (3)အိမ်ရှေ့စံမင်းသားကို အပြစ်ပေးခြင်း (U+Z)
Arc 2 _ Chapter (4)_ 🔞 ကျန်းရီပင်းနှင့် ယွမ်ရွှမ်ဦးရီးတော် ပထမဆုံးတွေ့ဆုံခြင်း
Arc 2 _ Chapter (5)_ အိမ်ရှေ့စံမင်းသားလေးရဲ့ ထိုးစစ်များ (Z+U)
Arc 2 _ Chapter (6)_ 🔞 ပထမဆုံး အနမ်းကို ခိုးယူခြင်း (Z+U)
Arc 2 _ Chapter (7)_ အိမ်ရှေ့စံကို ယဉ်ပါးအောင် သင်ကြားပေးခြင်း
(U) Arc 2 _ Chapter (8)_ ကျားရိုင်းတစ်ကောင်ကို ချိုးနှိမ်ခြင်း
(Z) Arc 2 _ Chapter (8)_ က်ား႐ိုင္းတစ္ေကာင္ကို ခ်ိဳးႏွိမ္ျခင္း
(U) Arc 2 _ Chapter (9)_ 🔞 ခြင်္သေ့တစ်ကောင်ကို ပျိုးထောင်ခြင်း
(Z) Arc 2 _ Chapter (9)_ 🔞 ျခေသၤ့တစ္ေကာင္ကို ပ်ိဳးေထာင္ျခင္း
(U) Arc 2 _ Chapter (10)_ 🔞ရေကန်ထဲက သင်ခန်းစာ
(Z) Arc 2 _ Chapter (10)_ 🔞ေရကန္ထဲက သင္ခန္းစာ
(U) Chapter (11)_ 🔞 ဖင်းအန်းမင်းသား ကျန်းရီပင်း
(Z) Chapter (11)_ 🔞 ဖင္းအန္းမင္းသား က်န္းရီပင္း
Arc 2- Chapter (12) - 🔞 ဖင်းအန်းမင်းသားကို လက်ထပ်မိန့်ချလိုက်ခြင်း
Arc 2- Chapter (12) - 🔞 ဖင္းအန္းမင္းသားကို လက္ထပ္မိန္႕ခ်လိုက္ျခင္း
(U) Chapter (13)_ ဖင်းအန်းမင်းသား၏မင်္ဂလာပွဲနှင့် ထောင်ချောက်များ
(Z) Chapter (13)_ ဖင္းအန္းမင္းသား၏မဂၤလာပြဲနွင့္ ေထာင္ေခ်ာက္မ်ား
(U)Chapter (14)_ ဦးရီးတော်မှ ထောင်ချောက်ကို ဖြေရှင်းခြင်း
(Z) Chapter (14)_ ဦးရီးေတာ္မွ ေထာင္ေခ်ာက္ကို ေျဖရွင္းျခင္း
(U) Chapter (15) - 🔞ဦးရီးတော်မှ ကျန်းရီပင်းထံသို့ ဆုလာဘ်တောင်းခံခြင်း - 1
(Z) Chapter (15) -🔞 ဦးရီးေတာ္မွ က်န္းရီပင္းထံသို႕ ဆုလာဘ္ေတာင္းခံျခင္း - 1
(U) Chapter (16) - ကိုယ်ဖိရင်ဖိ စောင့်ရှောက်မယ့် ဦးရီးတော်
(Z) Chapter (16) - ကိုယ္ဖိရင္ဖိ ေစာင့္ေရွာက္မယ့္ ဦးရီးေတာ္
(U) Arc 2 _ Chapter (17) - ကျန်းရီပင်းကို နန်းအပ်ခြင်း
(Z) Arc 2 _ Chapter (17) - က်န္းရီပင္းကို နန္းအပ္ျခင္း
(U) Arc 2 _ Chapter (18)_ 🔞 ဦးရီးတော် သဘောတူတဲ့သူနဲ့ပဲ လက်ထပ်မှာပါ
(Z) Arc 2 _ Chapter (18)_ 🔞 ဦးရီးေတာ္ သေဘာတူတဲ့သူနဲ႕ပဲ လက္ထပ္မွာပါ
(U) Arc 2 _ Chapter (19)_ 🔞 ရှာလကာရည် သောက်နေရတဲ့ ကျန်းရီပင်း
(Z) Arc 2 _ Chapter (19)_ 🔞 ရွာလကာရည္ ေသာက္ေနရတဲ့ က်န္းရီပင္း
(U) Arc 2 _ Chapter (20)_ မင်းက အပြစ်ပေးခံရဖို့ ထိုက်တန်နေပြီ
(Z) Arc 2 _ Chapter (20)_ မင္းက အျပစ္ေပးခံရဖို႔ ထိုက္တန္ေနၿပီ
(U) Arc 2 _ Chapter (21)_ 🔞 ကတိပျက်တဲ့ ဘုရင်ငယ်လေးကို ဦးရီးတော် အပြစ်ပေးခြင်း
(Z) Arc 2 _ Chapter (21)_ 🔞 ကတိပ်က္တဲ့ ဘုရင္ငယ္ေလးကို ဦးရီးေတာ္ အျပစ္ေပးျခင္း
(U ) Arc 2 _ Chapter (22)_ Mission Completed
Behind The Love Story
Arc 3 - Chapter (1-1) _ 🔞ပိုင်ချင်းယွင်🔞
Arc 3 - Chapter (1-2) _ ပိုင်ချင်းယွင်
Arc 3 - Chapter (2) _ ဥက္ကဌဖေးက M အကြီးစားများလား....
Chapter (3)_ 🔞ချင်းယွင်ကို ထပ်ထိရင် မင်းရဲ့ လုပ်ငန်းကို ငါ ဖျက်ဆီးပစ်မယ်
Chapter (4-1) - မင်းကို ငါ အပိုင်သိမ်းပစ်မယ်
Chapter (5) -အတိတ်မှအမှား
Chapter (6) -မင်းကို ဘယ်သူမှ အသုံးမချစေရဘူး ချင်းယွင်
Chapter (7) -ချန်ကောက အကောင်းဆုံးပဲ
Chapter (8) - မင်းလေးက ကိုယ့်လူပဲ.....
Arc 3 - Chapter (9) _ ဖေးရှင်းရန်ရဲ့ အားနည်းချက်
Arc 3 - Chapter (10) _ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ခြင်း.....
Arc _3 _ Chapter (11) - တလှမ်းချင်းတိုးပါလို့ ထောင်ချောက်ဆင်....
Arc _3 _ Chapter (12) - ချင်းယွင်ကို အပိုင်ကြံခြင်း
Arc _3 _ Chapter (13) - လက်ထပ်ရန် သဘောတူလိုက်ခြင်း
Arc 3 - Chapter (14) - ကြောင်ဆိုးလေးကို ပိုင်ဆိုင်နိုင်ခြင်း
Arc _3 _ Chapter (15) - မနာခံသည့် အရုပ်လေးကို ပညာပေးခြင်း
Arc _3 _ Chapter (16) - ကော....ကျွန်တော့်ကို ထားမသွားပါနဲ့.....
Arc _3 _ Chapter (17) -သေလောက်သည့် ရွှေ့ကွက်
Chapter (18) _ လက်စောင်းထက်သည့် အရုပ်လေး
Arc _3 _ Chapter (19-1) - အတူသေကြမယ့် အစီစဉ်
Arc _3 _ Chapter (19-2) - နောက်ဆုံး ဝှက်ဖဲ
Arc 3 _ Chapter (20-1 ) :🔞 အိပ်ယာထဲတွင် ဆွေးနွေးကြခြင်း
Arc 3 _ Chapter (20-2) : 🔞အတိုးနှင့် နှိပ်စက်သူကြီး
Arc 3 _ Chapter (20-3) : 🔞 မနက်ခင်း လက်သမား
Arc 3 _ Chapter (21-1) : ရှချန် ၏ အမုန်း
Arc 3 _ Chapter (21-2) : နောက်ကွယ်မှ အမှန်တရား
Arc 3 _ Chapter (21-3) : အစာတောင်းသည့် ပါပီကြီး
Arc 3 _ Chapter (21-4) :🔞 နှလုံးသားကမှတ်မိနေသည့် ချစ်သူ့အထိတွေ့များ🔞
Chapter (22-1) - အတိတ်အရိပ်ငွေ့လေးများ
Chapter (22-2) - ဟန်းနီးမွန်းခရီး နှင့် ထောင်ချောက်ထဲ ကျဆင်းခြင်း
Chapter (22-3) - နူတ်ဆက်ပါတယ် ရှချန်ကော
Chapter (23-1) - မစ်ရှင် တိုးတက်ခြင်း
Arc 3 _Chapter (23-2) - End - သာယာပျော်ရွှင်သည့် မိသားစုဘဝလေး
Arc 4 _ ABO world _ Chapter ( 1 ) - အချစ်ပြိုင်ဖက်ကို သိမ်းပိုက်ခြင်း
Arc _4 _ Chapter (2) _ ရင်တွေပူပြီး အာခေါင်တွေ ခြောက်လာသည့် အယ်လ်ဖာကြီး
Chapter ( 3 ) - အချစ်ပြိုင်ဖက်၏ ကမ်းလှမ်းချက်
Arc 4- Chapter (4) _ မင်းအကြောင်းတွေးပြီး
Arc 4_ Chapter (5) _ ကျူပ်ကိုပဲ အိပ်မက်ထဲ ထည့်မက်ရမယ် ချာတိတ်လေး
Arc_4_Chapter (6) _ သူက ငါ့ကောင်လေး.....
Arc 4 _ Chapter (7) _ သတင်းထုတ်ပြန်ခြင်း
Arc 4_ Chapter (8) _ရှောင်ယွီလေးကို အသားယူမည့် ဝံပုလွေဆိုးကြီး
Chapter ( 9 ) _ ဝံပုလွေကြီးနဲ့ လတ်ဆတ်တဲ့ အသားတုံးလေး
Arc 4_ Chapter (10) - မာရှယ်ကြီးရဲ့ ကောင်လေး
Arc 4_ Chapter (11) _ ယာယီ အမှတ်သားပြုရန် ကြံခြင်း
Arc 4_ Chapter (12) _ ဝမ်ဝေ့... ငါ့ကို အမှတ်သား ပေးပါ.....
🔞🔞Arc 4_ Chapter (13) _ ရေပူစမ်းထဲမှာ
🔞Arc 4_ Chapter (14) _ အစားခံလိုက်ရတဲ့ အယ်လ်ဖာလေး
🔞Arc 4_ Chapter (15) _ အရည်တစ်စက်မကျန် ညစ်ထုတ်ခံလိုက်ရခြင်း
Arc 4_ Chapter (16) _ လက်ထပ်မယ့် အပေးအယူ
🔞Arc 4_ Chapter (17) _ အိပ်မက်များ
Arc 4_ Chapter (18) _ ဒေါသကြီးတဲ့ ဇနီးလေး....
Arc 4_ Chapter (19) _ အကျပ်ကိုင်ခံရသည့် လီပိုင်
Arc 4_ Chapter (20-1) _ မာရှယ်ကြီးရဲ့ Rut
Arc 4_ Chapter (20-2) _ မာရှယ်ကြီးရဲ့ Rut
🔞 Arc 4_ Chapter (20-3) _ မာရှယ်ကြီးရဲ့ Rut
🔞 Arc 4_ Chapter (21-1) _ အယ်လ်ဖာ နှစ်ယောက် ပေါင်းစည်းခြင်း
🔞 Arc 4_ Chapter (21-2) _ Rut ကာလ ပထမ 4 ရက်တာ
🔞 Arc 4_ Chapter (21-3) _ မစ်ရှင် တိုးတက်မှုရှိခြင်း
Arc 4_ Chapter (22-1) _ ဝမ်ဖိုးဖိုး သဘောတူပြီ
Arc 4_ Chapter (22-2) _ မော့ဖေးယွီ... မင်းကို ငါ သတ်ချင်တယ်....
Arc 4_ Chapter (23-1) _ ရှောင်ဖေးကို ချနင်းသည့် အိုမီဂါ
Arc 4_ Chapter (23-2) _ ရှောင်ဖေး..အရမ်းချစ်စရာကောင်းတဲ့ပေါင်ပေ့လေး.....
🔞 Arc 4_ Chapter (24-1) _ လီပိုင်ကို ဆက်ပြီး ကိုးကွယ်နိုင်ဦးမလား...
Arc 4_ Chapter (24-2) _ ကိုယ်ပြုသည့်ကံ ကိုယ်ပြန်ခံ
Arc 4_ Chapter (24-3) _ လီပိုင်၏မျက်နှာဖုံးကွာကျခြင်း
🔞 Arc 4_ Chapter (25-1) _ အလုပ်များနေသည့် ပါးပါးနှင့် ဒယ်ဒီ
Arc 5 _ Chapter (1) - နတ်ဆိုးအရှင်နှင့် ဂိုဏ်းချုပ်သခင်

🔞 Arc 4_ Chapter (25-2- End )_သေအတူ ရှင်မကွာ

2.9K 257 16
By MayKingMK119

🔞 Arc 4_ Chapter (25-2- End )_သေအတူ ရှင်မကွာ



တံခါးအပြင်ဘက်မှ သားလေးဝမ်ယွီ ထွက်သွားတော့မှ အသက်အောင့်ထားမိသည့် မော့ဖေးယွီ သက်ပြင်းချနိုင်တော့သည်။ ယွီအယ် ဝင်မလာနိုင်ဘူးဆိုပေမယ့် တံခါးအပြင်ဘက်မှာ သားလေး များ သူ့ညည်းသံကိုကြားသွားမလားဆိုသည့် စိုးရိမ်စိတ်ကြောင့် သူ့တစ်ကိုယ်လုံး တင်းကြပ်နေမိသည်။

" ယွီအယ်သွားပြီ...ပေါင်ပေ့...ကိုယ့်အသားချောင်းကို ညစ်ထားတာ နည်းနည်းလျှော့ပေးနိုင်မလား.. ပြီးတော့ မင်းလေး ညည်းချင်တာကို အောင့်မထားနဲ့... အကျယ်ကြီး အော်ညည်းလို့ရပြီ..."

ဝမ်ဝေ့က ရှောင်ဖေး၏ နားရွက်လေးကို ကိုက်ကာ အက်ရှစွာပြောလိုက်သည်။ သူ့အသားချောင်းကို ရှောင်ဖေး၏အနောက်ဘက်က တင်းတင်းညစ်ထားသဖြင့် သူ့မှာ တစ်ခါတည်း ပြီးမသွားအောင် မနည်းတောင့်ထားရသည်။

အိမ်ထောင်သက် ၅ နှစ်ရှိနေပြီဆိုပေမယ့် ချစ်တင်းနှောတိုင်း ဘယ်လိုတောင် အရှက်ကြီးရတာလဲ...

ဝမ်ဖိုးဖိုး သူတို့ကို လက်ခံလာစေရန် ဝမ်ယွီကို စောစော မွေးလိုက်မိသည်ကိုပင် နောင်တရနေမိပြီ။ ဒီကလေးက ရှောင်ဖေးကို အရမ်းတွယ်ကပ်လွန်းသည်။ သူတို့ လင်မယား အခန်းထဲ ရှိနေတိုင်း အမြဲလိုလို ပြေးချလာသဖြင့် ယခင့်ယခင်ကလည်း ကံကောင်းထောက်မစွာဖြင့် သူတို့လုံးထွေးနေသည့်အဖြစ်နှင့် လက်မတင်လေး လွဲသွားရသည်။ ထိုသို့ဖြစ်ပြီးနောက် ဝမ်ဝေ့က ရှောင်ဖေးကို ချစ်မည်ကြံတိုင်း အိပ်ခန်းတံခါးကို တင်းတင်းကျပ်ကျပ် ပိတ်သည့် အလေ့ကျင့်ပေါ်လာခဲ့သည်။

" ဟာ့...ဝမ်ကော.... ဘယ်လိုဖြစ်နေတာလဲ...အပြင်မှာ ယွီအယ်ရှိတာ သိလျက်နဲ့.... ကလေးကြားသွားရင် "

" ကြားသွားတော့ ဘာဖြစ်လဲ... သူ့ပါးပါးက နောက်ထပ် ညီလေး၊ ညီမလေး ရအောင် ကြိုးစားနေတယ်လို့ ကိုယ်ရှင်းပြလိုက်မှာပေါ့...သူပဲ ညီလေး၊ညီမလေး အများကြီးလိုချင်တယ်လို့ ပူဆာထားတာ မဟုတ်လား...  "

မော့ဖေးယွီက အရှက်ကင်းမဲ့စွာ ပြောနေသည့် သူ့ခင်ပွန်းသည်ကို ဆွံ့အစွာ ကြည့်ကာ ပြောလိုက်သည်။

 "ဝမ်ကော..အရမ်းပြောင်းလဲသွားပြီ  "

ဝမ်ဝေ့က  ခပ်တိုးတိုးရယ်ကာ ရှောင်ဖေးကိုယ်ထဲ အားနှင့်အဝင်ထွက်လုပ်ကာ မေးလိုက်သည်။

 "ကိုယ် ဘယ်လိုပြောင်းလဲသွားတာလဲ ... ပြောပါဦး  "

မော့ဖေးယွီက သူလည်ပင်းကို သိုင်းဖက်ကာ အသက်ကို အလုယက်ရှုကာ ဝမ်ကော၏ဆောင့်ချက်ကို လိုက်လျောညီထွေဖြစ်ရန် ကြိုးစားရင်း ပြောလိုက်သည်။

" အစ...ဟာ့... အစက... ဝမ်ကောက အရမ်းကြောက်စရာကောင်းတယ်... လီပိုင်ကောနဲ့ ကျွန်တော့်ကို တွဲတွေ့လိုက်တဲ့အချိန်က ဝမ်ကော ဆီကနေ ကျွန်တော့်ကို သတ်ချင်တဲ့စိတ်ကို ခံစားခဲ့ရတယ် ။ ကျွန်တော့် လည်ပင်းကို တင်းတင်းကျပ်ကျပ်ညစ်ထားတဲ့အချိန် ကျွန်တော့်လည်ပင်းကို လိမ်ချိုးလိုက်ပြီလားလို့တောင် ထင်နေမိတာ။ နောက်တော့ ဝမ်ကောက ကျွန်တော့်ကို တစ်ချက်ထိုးပြီး လွင့်ပစ်လိုက်တာပဲ... ကျွန်တော့်စိတ်ထဲမှာ ဝမ်ကောကို တော်တော်လန့်သွားမိတယ်။ လီပိုင်ကောကို ကာကွယ်ရမယ်ဆိုတဲ့ အသိစိတ်ကြောင့်သာ ဝမ်ကောရှေ့မှာ အားတင်းပြီး ပြန်ရပ်ခဲ့ရတာ..."
 
ထိုစဉ်အချိန်က ဒီ ABO world မှ ဝမ်ဝေ့ ကိုယ်ထဲကို လီချိန်ကျိုး ကူးပြောင်းလာစဖြစ်ပြီး ဇာတ်လမ်းဇာတ်ကွက်အတိုင်း ဝမ်ဝေ့က မော့ဖေးယွီကို ထိုးနေချိန်ဖြစ်သည်။

" ကိုယ်တောင်းပန်ပါတယ် "

ရှောင်ဖေးကို ထိုးခဲ့မိသည့်အတွက် (လီချိန်ကျိုး) ဝမ်ဝေ့ စိတ်မကောင်းစွာ တောင်းပန်လိုက်မိသည်။

" ရပါတယ်...အဲ့ဒီအချိန်တုန်းက ဝမ်ကောနေရာမှာ ကျွန်တော်ဆိုလည်း ကိုယ့်စေ့စပ်ထားသူနဲ့တွဲနေတဲ့ သူကို တွေ့ရင် ကျွန်တော်လည်း ထိုးမိမှာပဲလေ.... ဒါက အယ်လ်ဖာတစ်ယောက်ရဲ့ ပိုင်စိုးလိုစိတ်ပဲလေ... "

ဝမ်ဝေ့က ရှောင်ဖေးကို ခပ်ကြမ်းကြမ်း နမ်းကာ ကတိပေးလိုက်သည်။

 " နောက်ဆိုရင် ကိုယ့်ပေါင်ပေ့ကို ဘယ်တော့မှ နာကျင်အောင် မလုပ်ဘူးဆိုတာ ကတိပေးပါမယ် "

မော့ဖေးယွီက သူ့လည်တိုင်ကို ပြန်လည်သိုင်းဖက်ကာ ပြုံးလိုက်သည်။

 " ကျွန်တော့်ကို ထိုးပြီးတဲ့နောက်ပိုင်း ဝမ်ကောရဲ့ ကိုယ်က လူသတ်ချင်တဲ့ အရှိန်ဝါက ရုတ်တရက် ပျောက်သွားပြီး ကျွန်တော့်အပေါ် ဝမ်ကောရဲ့ သဘောထားက ပျော့ပြောင်းသွားသလိုပဲ... ကျွန်တော့်မှာ သေတွင်းက လွတ်လာသလိုခံစားလိုက်ရတယ်။ ပြီးတော့ ဝမ်ကောက ကျွန်တော့်ကို အနုနည်းနဲ့ တစ်ခုခုလုပ်ဖို့ ကြံနေတာလားလို့ တွေးလိုက်မိတယ်  "

ဝမ်ဝေ့က ပျော်ရွှင်စွာ ရယ်မောလိုက်ကာ ဝန်ခံလိုက်သည်။

" ဟုတ်တယ်...ကိုယ်က ပေါင်ပေ့ကို ကိုယ့်ရင်ခွင်ထဲ အပိုင်သိမ်းဖို့ ကြံခဲ့တာလေ... "

မော့ဖေးယွီက ထိုစကားကို ကြားတော့ ချစ်တင်းနှောနေသည့်ကြားမှ ကုန်းထဟန်ပြင်လိုက်သဖြင့် ဝမ်ဝေ့က သူ့ကို အိပ်ယာထက် ပြန်တွန်းချကာ ရှောင်ဖေးကိုယ်ထဲက အသားချောင်းကို ဒင်းလေး အထိမခံနိုင်သည့် နေရာကို ဖိထိုးလိုက်သဖြင့် ရှောင်ဖေးတစ်ယောက် ညည်းသံမထွက်ပဲ မနေနိုင်တော့ပေ။

" အာ့...ဝမ်ကော..အရမ်း မကြမ်းနဲ့...ဖြည်းဖြည်း...ဟာ့...အွမ်း.... "

ကောင်လေး၏နူတ်ခမ်းကို ပြင်းပြစွာ သိမ်းပိုက်ရင်း လက်ကျန်ချစ်ခရီးကို ခပ်သွက်သွက်ဆက်လိုက်သည်။ သူ့ ရှောင်ဖေးလေးက သူ့စိတ်အပြောင်းလဲကို အဲ့ဒီလောက် အာရုံခံနိုင်စွမ်း မြင့်တယ်တဲ့လား.. ဒီအချက်က ဝမ်ဝေ့ကို ပျော်ရွှင်စေသည်။ စိတ်ဝိဉာဉ် နီးကပ်သူမှသာ ထိုသို့ ခံစားချက်အပြောင်းလဲကို အာရုံခံနိုင်တယ် မဟုတ်လား။ သူ ဒီလောကကို ကူးပြောင်းလာလာချင်းမှာ သူ့စိတ်အပြောင်းလဲကို အာရုံခံနိုင်တယ်ဆို ကတည်းက ဗီလိန် တစ်ယောက်ရဲ့ Game character က ဖွံ့ဖြိုးလာခြင်းပင်။ တစ်နည်းအားဖြင့်ပြောရလျှင် သူ့ ရှောင်ဖုန်း (လျှိုရွှေဖုန်း) ၏ စိတ်ဝိဉာဉ်က သူနဲ့ နီးစပ်လာသည်ကို ပြသနေသည် မဟုတ်လား....

" ရှောင်ဖေး...ကိုယ် မင်းကို ချစ်တယ်...မင်းကို အရမ်းချစ်တယ်။ မင်းလေး တစ်ယောက်တည်းကိုပဲ ဘဝဆက်တိုင်း ချစ်သွားမယ်... "

ထိုစကားကို ကြားတော့ မော့ဖေးယွီ ဝမ်သားမိသလို ဘာကြောင့်ရယ်မှန်းမသိ နှလုံးသား၏ ထောင့် တစ်နေရာမှ စူးအောင့်သလို ခံစားလိုက်ရပြီး မျက်ရည်ဝဲလာပြီး ပြောလိုက်မိသည်။

"  တကယ်လို့.... တစ်နေ့နေ့မှာ ဝမ်ကောတို့ စီးပွားရေ အကျပ်တည်းနဲ့ကြုံလာခဲ့ရင်.. အကူညီအတွက် ကျွန်တော်နဲ့ အလဲလှယ် လုပ်မှာလားဟင်..."

ထိုစကားကို ကြားလိုက်ရစဉ် ဝမ်ဝေ့ (လီချိန်ကျိုး) တစ်ယောက် ရင်ထဲကို ဓါးနှင့် စိုက်ခံလိုက်ရသည့်ပမာ နာကျင်သွားပြီး ခက်ထန်စွာပြောလိုက်သည်။

" ဘယ်တော့မှ ထပ်မလုပ်ဘူး။ တကယ်လို့ အဲ့လိုလုပ်ခဲ့မိတယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် ဓါးနဲ့ ပြန်ထိုးပစ်လိုက်မယ်။ ကိုယ့်ချစ်သူကို မကာကွယ်နိုင်တဲ့ကောင်က အသက်ရှင်ဖို့ မထိုက်တန်ဘူး...  "

ထိုစကားကို ကြားလိုက်ရစဉ် မော့ဖေးယွီ တောင့်မထားနိုင်တော့ပဲ မျက်လုံးထဲမှ မျက်ရည်များ စီးကျ လာခဲ့တော့သည်။

" မငိုနဲ့တော့နော်.... ကိုယ်ရှေ့လျှောက် ကိုယ့်ဇနီးလေးနဲ့ ကလေးတွေကို အကာကွယ်ပေးနိုင်ဖို့ အကုန်ပြင်ဆင်ထားပြီးပြီ။ စီးပွားရေးအကျပ်တည်းဖြစ်လာစရာ လုံးဝ မရှိဘူး။ မင်းလေးကိုလည်း ဘယ်တော့မှ လက်မလွှတ်ဘူး... "

မော့ဖေးယွီက ဘာမှ ပြန်မပြောပဲသူ့လည်ပင်းကို သိုင်းဖက်ကာ ပြောခဲ့သည်။

" ကျွန်တော့်ကို ချစ်ပေးပါ။ ဒီအတွေးတွေ မေ့သွားအောင် အများကြီးချစ်ပေးပါ... "

" ကောင်းပြီ...ကိုယ့်လောင်ဖော်ကို အချစ်တွေ အများကြီးပေးပါ့မယ် "

ထို့နောက် ဝမ်ဝေ့တို့ စုံတွဲ နောက်တစ်နေ့ မနက်မှ အိပ်ခန်းထဲမှ ထွက်လာနိုင်တော့သည်။
*******-***********

မော့ဖေးယွီ အိပ်ယာမှ နိုးလာချိန် ပထမဆုံး မြင်လိုက်မိသည်က စိုးရိမ်တကြီးကြည့်နေသည့် သားအကြီး ဝမ်ယွီ၏ မျက်နှာသေးသေးလေးဖြစ်သည်။ သူက မော့ဖေးယွီ မျက်လုံးဖွင့်လာသည်ကို တွေ့တော့ ဝမ်းသာစွာ ပြေးကပ်လာပြီး မေးခဲ့သည်။

 "ပါးပါး သက်သာသွားပြီလားဟင်...  "

မော့ဖေးယွီက သားလေး၏ကိုယ်ကို သိုင်းဖက်ကာ ပြောလိုက်သည်။

 "ပါးပါး ဘာမှ မဖြစ်ပါဘူး...   "

ဒါပေမယ့် သူ့အသံက အက်ကွဲလို့နေသဖြင့် မော့ဖေးယွီ ရှက်သွားမိသည်။ မနေ့ညနေက သူ ငိုပြီး ဝမ်ကောကို တောင်းဆိုခဲ့သဖြင့် သားရဲကြီးက ညနက်သည်အထိ သူ့ကို တကျော့ပြီး တကျော့ အော်ငိုအောင် ဖြည့်ဆည်းပေးနေခဲ့သည်။ သူလည်း သာယာမှုကြောင့် စိတ်လွတ်လက်လွတ် အော်ဟစ်ခဲ့မိသည်။

" ဒယ်ဒီက ပါးပါးနေမကောင်းဘူး၊ ပါးပါးကိုယ်ပေါ် မတက်ရဘူးလို့ပြောတယ် "

" မဟုတ်ပါဘူး.... ပါးပါး နည်းနည်းပင်ပန်းသွားလို့ပါ...ဒါနဲ့ ယွီအယ် ပါးပါးကို လာရှာတာ ဘာပြောမလို့လဲ"


မော့ဖေးယွီက သားလေးကို အာရုံလွဲပေးလိုက်ရသည်။ မဟုတ်လျှင် ပါးပါး ဘာလို့ ပင်ပန်းသလဲဟု မေးလာလိမ့်မည်။ ဒါဆိုရင် သူ ဘယ်လိုမျက်နှာနဲ့ ဖြေရမှာလဲ။ သူ့ လောင်ကုန်းသာဆိုရင် အရှက်မရှိ ကလေးကို ပေါက်ကရပြောမှာ ဖြစ်ပေမယ့် သူကတော့ မပြောနိုင်ပေ။

ဒါက မနေ့က ပြောချင်သည့် အဓိကအချက်ဖြစ်သည်။ သူ့ခင်ပွန်း မာရှယ်ကြီးက ယခင်က တည်ကြည် ခက်ထန်သလောက် အခုနောက်ပိုင်း ပိုပို အရှက်ကင်းမဲ့ကာ သူ့ကို ချစ်ကြောင်း မည်သူ့ကိုမဆို ဝန်ခံရဲနေလေပြီ။

သူတို့ ဟွားရှ တစ်ပြည်လုံးလည်း မာရှယ်ကြီး သူ့ကို ဘယ်လောက် သည်းသည်းလှုပ်ချစ်သလဲဆိုတာ မသိသူ မရှိလောက်တော့ပေ။ လာပြီး အင်တာဗျူးသမျှသတင်းထောက်တိုင်း မေးသည့် မေးခွန်းတိုင်းကို သူက ပွင့်လင်းစွာဖြေကြားနေလို့ မနည်း နောက်မှ လိုက်တားနေရသည် မဟုတ်လား...

သူက လူတကာကို ဝန်ခံသည့်အပြင် သားလေးတွေကိုလည်း သိအောင် ပြောဖို့ကြံနေလေပြီ။ မဖြစ်ဘူး။ တားရမယ်.... သူ့သားတွေရဲ့ ပါးပါးအနေနဲ့ အရှက်တကွဲဖြစ်လို့မရပေ။

ဝမ်ယွီက ပါးပါး၏ စကားနောက် အာရုံလွဲကာ မနေ့က ဦးဦး ဝမ်လျှိုရှန်း၏ ဆေးရုံတွင် တွေ့ခဲ့သည့် ညီလေး ပိစိကွေးအကြောင်း အားတက်သရောပြောပြခဲ့သည်။

" ပါးပါး...ညီညီလေးကလေ....အရမ်းချစ်ဖို့ကောင်းတယ်...ဒါပေမယ့် သူက ဖန်ပေါင်းချောင်ထဲမှာ တစ်ယောက်တည်း အိပ်နေရတာ သနားဖို့ကောင်းပါတယ်။ သူ့ကို အဖော်ရဖို့ နောက်ထပ် ညီမလေး တစ်ယောက်ကို ပါးပါး မွေးပေးဦးနော်... ဒါမှ သားမှာ ညီလေးနဲ့ ညီမလေး တစ်ခါတည်း ရသွားမှာလေ... "

" ညီလေးနဲ့ ညီမလေး နှစ်ယောက် တစ်ခါတည်း ရောက်လာရင် ယွီအယ်က ထိန်းနိုင်ပါ့မလား "

မော့ဖေးယွီက သား၏ နဖူးကို နမ်းကာ ချစ်ခြင်းဖြင့် မေးလိုက်သည်။ ဒီသားလေးက ဝမ်ကော ငယ်စဉ်က ပုံနှင့် တစ်ထေရာတည်း တူပေမယ့် မျက်နှာလေးက ရွှင်လန်းကာ စကားများပုံက သူနှင့်လာတူနေသည်။ ဒါကြောင့် ဝမ်ဖိုးဖိုးက ယွီအယ်ကို သည်းသည်းလှုပ်ချစ်ပြီး တစ်ပတ်လျှင် သုံး၊လေးရက်လောက် သူနှင့်လာနေဖို့ ခေါ်သွားလေ့ရှိသည်။

" သား ထိန်းနိုင်တယ်။ သားက သူတို့ရဲ့ တကောကော ဖြစ်လို့ ရအောင် ထိန်းပေးမယ် "

ဝမ်ဝေ့ကောကဲ့သို့ ယုံကြည်ချက်အပြည့်ဖြင့်ပြောနေသည့် သားကို ကြည့်ကာ မော့ဖေးယွီ ရယ်မောလိုက်မိသည်။

" နော်...ပါးပါး..သားအတွက် ညီမလေး တစ်ယောက်လောက် ထပ်ပေးဦးနော်..သားက ညီမလေးလိုချင်လို့... "

ကလေးက တွတ်တီးတွတ်တာနှင့် ပူဆာနေသဖြင့် မော့ဖေးယွီ၏ နှလုံးသားလေး အရည်ပျော်ကျသွားကာ အမှတ်တမဲ့ ကတိပေးလိုက်မိသည်။

" ကောင်းပြီ။ မင်း ဒယ်ဒီကိုပြောပြီး ပါးပါးတို့ ညီမလေး တစ်ယောက် မွေးပေးမယ် "

 "ယေး.... သားသား ဒယ်ဒီကို သွားပြောလိုက်မယ်။ ပါးပါးက ညီမလေး မွေးဖို့သဘောတူပြီ...  "

ထိုစကားကို ကြားတော့ မော့ဖေးယွီ သံသယဝင်သွားကာ ယွီအယ်ကို လှမ်းတားကာ မေးလိုက်သည်။

 "နေဦး.... သားကို ဒယ်ဒီက ပြောခိုင်းလိုက်တာလား  "

" ဟုတ်တယ်။ ဒယ်ဒီက သားအတွက် ညီမလေး လိုချင်ရင် ပါးပါးကို ရအောင်ပြောလို့ ခိုင်းခဲ့တာ "

မော့ဖေးယွီက သမီးရူးရူးကာ  တဖွဖွပြောပြီး လိုချင်နေသည့် ခင်ပွန်းသည်အကြောင်းတွေးကာ ရယ်မော လိုက်မိသည်။ ဒါပေမယ့် ဒီတစ်ခါ သူတို့ မျိုးစပ်ပြီး ရလာသည်က အယ်လ်ဖာ သားလေး ဖြစ်နေသဖြင့် ဝမ်ယွီက ချက်ချင်း နောက်ထပ် တစ်ယောက် လိုချင်ကာ ပူဆာနေပေမယ့် ကလေးတွေ သိပ်နီး နေလျှင် ကောင်းကောင်း မပျိုးထောင်နိုင်မည်စိုးလို့ မော့ဖေးယွီ တားထားခြင်းဖြစ်သည်။ ဒါကို သူက ကလေးနှင့် တစ်ဖက်လှည့် သမီးယူဖို့ သဘောတူအောင် လုပ်ခဲ့သည်။

မော့ဖေးယွီ သက်ပြင်းချကာ ခင်ပွန်းသည် လုပ်ချင်တာ လုပ်ပါစေတော့ဟု တွေးကာ အိပ်ယာထက် ပြန်လှဲလိုက်သည်။

သူ့ခင်ပွန်းက ပိုက်ဆံအများကြီး ရှာထားတာပဲလေ။ ကလေး တစ်ယောက် ထပ်တိုးလာလည်း ကလေးထိန်းဌားရုံပဲပေါ့....သမီးလေးတစ်ယောက် စောစောရောက်လာတာလည်း ကောင်းတာပါပဲ.....
*****-***********

နောက်တနေ့ မော့ဖေးယွီနှင့် ဝမ်ဝေ့တို့ သမီးလေးအတွက် ဝမ်လျှိုရှန်း၏ ဆေးရုံကို သွားခဲ့ကြသည်။ ဆေးရုံတွင် လိင်တူစုံတွဲများအပြင် အယ်လ်ဖာအတွဲများ၊ အိုမီဂါအတွဲများ ပြည့်နှက်နေပြီး ကလေးအတွက် နာမည်စာရင်း လာရောက်ပေးနေကြသည်။

လီအုပ်စု၏ လက်ရှိခေါင်းဆောင် လီကျုံးကျဲပင်လျှင် ဝမ်လျှိုရှန်း၏ဆေးရုံကိုလာပြီး သူ့ချစ်သူ ဘီတာကောင်လေးနှင့် ကလေးတစ်ယောက် မွေးသွားခဲ့သည်။ ထိုဖြစ်ရပ်ပြီးနောက် ဝမ်ဆေးရုံ၏ ကျော်ကြားမှုက မိုးကောင်းကင်ရောက်အောင် ထိုးတက်သွားခဲ့သည်။ ထို့ကြောင့် တစ်လလျှင် စုံတွဲ 20 ကိုသာ ကလေးရအောင် လုပ်ပေးနေပြီး ကျန်လူများက လျှောက်လွှာတင်ထားရသည်။ ယခုလည်း လျှောက်လွှာတင်သူက အပြည့်ဖြစ်နေသလို ကလေးလေးတွေကို လာယူသူတွေနှင့် ဆေးရုံက စည်ကားလို့နေသည်။

ကလေးပေါက်စလေးတွေ ထားသည့် အခန်းကို သွားကာ သားငယ်လေးကို ကြည့်ပြီးနောက် သူတို့နှစ်ယောက် ဝမ်လျှိုရှန်းနှင့် သမီးလေးတစ်ယောက် ထပ်ယူဖို့ တိုင်ပင်ကြသည်။ ထို့နောက် ရုံးခန်းမှ ထွက်လာပြီးနောက် ဝမ်ဝေ့ထံ ဖုန်းဝင်လာသဖြင့် အခြားနေရာတွင် ဖုန်းသွားဖြေစဉ် မော့ဖေးယွီက သားဖြစ်သူ ဝမ်ယွီနှင့်အတူ ကလေးသေးသေးလေးကို ကြည့်ပြီး ကျန်ရစ်ခဲ့သည်။

ထိုစဉ် အနောက်ဘက်နားကို လူတစ်ယောက်ချဉ်းကပ်လာသဖြင့် မော့ဖေးယွီ လှည့်ကြည့်လိုက်စဉ် ပိန်ပါးဖျော့တော့သည့် အိုမီဂါအမျိုးသားတစ်ယောက်ကို တွေ့လိုက်ရသည်။

" လီပိုင်ကော... "

လီပိုင်သည် ထောင်မှ လွတ်လာလာချင်း လီအုပ်စုက သူ့ကို နိုင်ငံခြားကို ပို့ရန်စီစဉ်ခဲ့သည်။ ဒါပေမယ့် လီပိုင်က လွတ်အောင် ထွက်ပြေးလာခဲ့ပြီး မော့ဖေးယွီကို ချောင်းနေခဲ့သည်။ မော့ဖေးယွီ နှင့် သူ နောက်ဆုံး စာရင်းမရှင်းရမချင်း သူ စိတ်ဖြောင့်ဖြောင့်နှင့် သေနိုင်မည် မဟုတ်ပေ။

ဘာကြောင့် ဝမ်ဝေ့က သူ့ထက် မော့ဖေးယွီကို ရွေးချယ်သွားရသလဲဆိုတာ ထောင်ကျနေသည့် ငါးနှစ်အတွင်း အသည်းအသန် စဉ်းစားပေမယ့် သူလုံးဝ စဉ်းစားလို့မရခဲ့ပေ။ သူ့လို ပြီးပြည့်စုံသည့် အိုမီဂါကို ငြင်းပယ်ပြီး အယ်လ်ဖာ တစ်ယောက်နှင့်ပေါင်းစည်းနိုင်ဖို့ နောက်ဆုံးပေါ် မျိုးတူချင်း ကလေးယူလို့ရသည့် နည်းပညာ၊ ဖယ်ရိုမုန်းချင်း ပေါင်းစည်းလို့ရသည့် နည်းပညာကိုပင် ဝမ်ဝေ့က တီထွင်ရန် တွန်းအားပေးခဲ့သည်။ ဘယ်လို အရာက ဝမ်ဝေ့ကို အခုလို ပြောင်းလဲသွားစေသည်ကို မသိရမချင်း လီပို်င် အသေဖြောင့်နိုင်မည် မဟုတ်ပေ။

တကယ်ဆိုလျှင် မော့ဖေးယွီနှင့် ဝမ်ဝေ့ မတွေ့မချင်း ဒီတစ်လောကလုံးက သူ့ကို ဗဟိုပြုပြီး လည်ပတ်နေသည့်အလား သူသာလျှင် အရာအားလုံးကို ပိုင်ဆိုင်ခဲ့သည်။ သူတွက်ချက်ထားသည့် အတိုင်း ဒီနှစ် ရုပ်ရှင်မှာ ပါဝင်ပြီးနောက် သူ ထိုရုပ်ရှင်ဖြင့် ရုပ်ရှင်ဧကရာဇ်ဘွဲ့ကိုရလိမ့်မည်။ ပြီးလျှင် လီအုပ်စုကို သူ ဆက်ခံနိုင်ဖို့ အခက်ခဲ ရှိမည် မဟုတ်ပေ။

သူက ဟွားရှပြည်တွင် ပထမဆုံး အောင်မြင်မှုနှင့် သြဇာအာဏာရှိသည့် အိုမီဂါ တစ်ယောက်ဖြစ်လာ လိမ့်မည်။ နောက်မျိုးဆက် အိုမီဂါအားလုံး၏ စံနမူနာ အိုင်ဒေါတစ်ယောက်ဖြစ်လာလိမ့်မည်။ ဒါပေမယ့် ဘယ်အချိန်ကစပြီး ဒီအရာတွေက သူ့ဆီက လွဲချော်သွားခဲ့တာလဲ။

ဝမ်ဝေ့နှင့် မော့ဖေးယွီ တွေ့ပြီးနောက်ပြီး သူ့ရဲ့ ကံကောင်းချင်းတွေ အကုန်ပျောက်ဆုံးသွားတာ ဘာကြောင့်လဲ..... ဒါကို သူသိရမှဖြစ်မည်။

လီပိုင်က ဝမ်ဝေ့ ငယ်စဉ်ကလေးရုပ်နှင် တစ်ထေရာတည်း တူပြီး နေရောင်ခြည်ပမာ ရွှင်လန်းသည့် မျက်နှာထားနှင့် ကလေးကို ကြည့်ကာ  ဒီကလေးက သူ့သားဖြစ်ရမည်ဟု တွေးပြီး အူများစိမ်းပုပ်လာသည်အထိ မနာလိုဖြစ်လာမိသည်။

"  မော့ဖေးယွီ... ငါ မင်းနဲ့ စကားပြောချင်လို့ အချိန် ခဏလောက် ပေးလို့ရမလား..."

မော့ဖေးယွီက အခြားလူတစ်ယောက်ပမာ ပြောင်းလဲသွားသည့် လီပိုင်ကောကို ကြည့်ကာ မေးလိုက်သည်။
 
"   ကျွန်တော့်မှ လီပိုင်ကောနဲ့ ပြောစရာဘာမှ မရှိဘူး"

" ဒါပေမယ့် မင်းကို ငါပြောစရာရှိတယ်။ ဥပမာ.... အခု မင်းရဲ့ ကလေးတွေက ငါ့ဝမ်းဗိုက်နဲ့ လွယ်ပြီး မွေးလာရမယ့် ကလေးတွေဖြစ်တဲ့အကြောင်းမျိုးပေါ့..... "

မော့ဖေးယွီက လီပိုင်၏ စကားကြောင့် အံ့အားသင့်သွားခဲ့သည်။

" လီပိုင်ကော... ဘာတွေပြောနေတာလဲ...  "

လီပိုင်က သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်နေသည့် ချစ်စရာကောင်းသည့် ကလေးလေးကို ကြည့်ကာ နူတ်ခမ်းကို တွန့်ပြီးပြောလိုက်သည်။

" မင်းက မကောင်းတဲ့နည်းနဲ့ ငါ့ရဲ့ ခင်ပွန်းလောင်ကို လုယူသွားသလို ငါ့ကလေးတွေကိုလည်း လုယူသွားတဲ့ အကြောင်းပေါ့....မင်းရဲ့ကလေးရှေ့မှာ ငါ့ကို ပြောစေချင်လား... "

" ပါးပါး..ဒီဦးဦးက ဘယ်သူလဲဟင်... "
ဝမ်ယွီက လီပိုင်ကို ကြည့်ကာ မော့ဖေးယွီကို မေးလာသဖြင့် မော့ဖေးယွီ သက်ပြင်းရှိုက်ကာ ကလေးကို အထူးသူနာပြုလက်ထဲ ထည့်ပြီး ပြောလိုက်သည်။

" ကလေးကို သူ့ဒယ်ဒီဆီ ခေါ်သွားပေးလိုက်ပါ...ကျွန်တော် ဧည့်သည်တစ်ယောက်နဲ့ စကားပြောစရာရှိလို့ "

ဝမ်ယွီနှင့် သူနာပြုထွက်သွားတော့မှ မေ့ဖေးယွီက လီပိုင်ကောကို သီးသန့်ဧည့်ခန်းထဲကို ခေါ်လာခဲ့သည်။

" လီပိုင်ကော... ဝမ်ဝေ့ကောကို လက်မလွှတ်နိုင်တာကို ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ကျွန်တော်နဲ့ ဝမ်ဝေ့ ကောတို့က တရားဝင် လက်ထပ်ပြီးသွားပါပြီ။ ကျွန်တော် ဝမ်ဝေ့ကောကို ရအောင်ယူဖို့ ဘာမှ မလုပ်ခဲ့ပါဘူး။ လီပိုင်ကော ကျွန်တော်တို့ကို မေ့ပစ်ပြီး ဘဝသစ်မှ ရှင်သန်ဖို့ အကြံပေးပါရစေ။ လီပိုင်ကောဆီမှာ တောက်ပတဲ့ အနာဂါတ် ရှိနေပါသေးတယ် "

လီပိုင်က နေမင်းလေးကဲ့သို့ တစ်ကိုယ်လုံး ရွှင်လန်းတက်ကြွကာ တောက်ပနေသည့် အယ်လ်ဖာ ကောင်လေးကို ကြည့်ကာ အသက်ပြင်းပြင်းရှိုက်ပြီး ပြောလိုက်သည်။

" ငါ ထောင်ထဲမှာ ရှိနေတဲ့အချိန် အိပ်မက် မက်ခဲ့တယ်။ အိပ်မက်ထဲမှာ မင်းက နာမည်ပျက်ပြီး လူတကာ အပြစ်တင်ရှုံ့ချတာကို ခံရပြီး သေဆုံးသွားတယ်။ မင်းရဲ့ company လည်း ပျက်စီးသွားခဲ့တယ်။ ငါက ဝမ်ဝေ့နဲ့ လက်ထပ်ပြီး ကလေးသုံးယောက်ရခဲ့တယ်။ ငါတို့ ပျော်ရွှင်တဲ့ မိသားစုကို ထူထောင်နိုင်ခဲ့ပြီး ငါက အိုမီဂါ အားလုံးရဲ့ စံနမူနာ ဖြစ်ခဲ့တယ်။  "

လီပိုင်ပြောသည်ကို နားထောင်ရင် မော့ဖေးယွီ အံ့သြနေမိသည်။ လီပိုင်ကောက ဘာလို့ အိပ်မက်ထဲက အကြောင်းရာကို ယုံကြည်ပြီး ပြောနေတာလဲ။ သူ မဖြစ်နိုင်သည့်အရာကို စိတ်စွဲပြီး အိပ်မက်မက်ခဲ့ တာလား....

"  ငါ စိတ်စွဲပြီး အိပ်မက်မက်ခဲ့တာ မဟုတ်ဘူး...."

လီပိုင်က မော့ဖေးယွီ တွေးနေသည်ကိုသိသည့်အလား ပြောလာခဲ့သည်။

" ငါ့အိပ်မက်ထဲမှာ မင်းကို ငါက ချစ်နေခဲ့တယ်။ ဝမ်ဝေ့က မင်းကို ထိုးကြိတ်ပြီးနောက်ပိုင်း မင်းကို ငါ ရွေးချယ်ခဲ့တယ်။ ငါ မင်းနဲ့ အတူတူနေဖို့ ဆုံးဖြတ်ခဲ့တယ်။ ငါ Heat ဖြစ်နေတုန်း  ဝမ်ဝေ့က ငါ့ကို အမှတ်သား ပြုခဲ့လို့ နောက်ပိုင်း မင်းနဲ့ ငါ ပေါင်းစည်းလို့မရခဲ့ဘူး။ ငါ နောက်ထပ်တစ်ခါ Heat ဖြစ်တော့ မင်းကိုယ်တိုင် ဝမ်ဝေ့ကို ခေါ်ပေးပြီး ငါတို့ နောက်ထပ် ပေါင်းစည်းခဲ့တယ်။ နောက်တော့ ငါ့ ပရိတ်သတ် တွေက ငါနဲ့ ဝမ်ဝေ့ကို စုံတွဲတွေအဖြစ် သတ်မှတ်ခဲ့ပြီး မင်းကို တတိယ လူအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်ခဲ့ တယ်။ နောက်တော့ မင်းက စိတ်ကျရောဂါနဲ့ သတ်သေသွားခဲ့တယ်။ ငါက ဝမ်ဝေ့နဲ့ လက်ထပ်ပြီး မာရှယ်ကတော်အဖြစ် အောင်မြင်မှုနဲ့ သြဇာအာဏာအရှိဆုံး အိုမီဂါဖြစ်လာတယ်။ "

မော့ဖေးယွီက လီပိုင်ကော ပြောသည့် စကားကို နားထောင်ပြီးနောက် အံ့အားသင့်နေမိသည်။ ဒီလို အကြောင်းရာကို သူ သိသလိုလိုပင်.... ဘယ်နေရာက သိနေသည်ကို နားမလည်တော့ပေ။ လီပိုင်ကော လိမ်ပြောနေတာ မဟုတ်ကြောင်း သူ သိလိုက်သည်။

" ငါ သိချင်တာက မင်း.. ဝမ်ဝေ့ စိတ်ပြောင်းသွားအောင် ဘာလုပ်ခဲ့သလဲ ဆိုတာပဲ... မင်းကို ဝမ်ဝေ့ ထိုးလိုက်ပြီးတဲ့နောက် ဝမ်ဝေ့က မတူတဲ့လူအဖြစ်ပြောင်းသွားခဲ့တယ်။ သူ ငါ့ကို လုံးဝ လှည့်မကြည့်တော့ပဲ မင်းကိုပဲ တစ်စိုက်မတ်မတ် နောက်ကလိုက်နေခဲ့တယ်။ မင်းကို ရဖို့ သူ ငါ့ကို ကစားသွားခဲ့တယ်။ ငါ့လက်ထဲကနေ မင်းကို သူ လုသွားခဲ့တယ်။ မင်း သူ့ကို ဘယ်လို အောက်လမ်းနည်းတွေနဲ့ ပြုစားလိုက်တာလဲ.... "

မော့ဖေးယွီ ရင်ခုန်သွားခဲ့သည်။ ဝမ်ဝေ့ကော ပြောင်းလဲသွားသည့်အချိန်က လီပိုင်ကော ပြောသည့် အချိန်ပင် ဖြစ်သည်။ ဝမ်ဝေ့ကော အခြားတစ်ယောက်လို ပြောင်းသွားသည့် အကြောင်းရင်းကိုလည်း သူ သိချင်နေခဲ့သည်။ ဒါပေမယ့် ဝမ်ဝေ့ကောကို သူ ဘာမှ မလုပ်ခဲ့မိဘူးဆိုတာ မိုးနတ်မင်း အသိဆုံးဖြစ်သည်။

 " ကျွန်တော် ဘာမှ မလုပ်ခဲ့ဘူး "

 " မင်း လိမ်တယ်။ မင်း တခုခု မလုပ်ပဲ ဝမ်ဝေ့ က ငါ့ကို ကျော်ပြီး မင်းလို တောကြိုအုံ့ကြားက လာတဲ့ အယ်လ်ဖာ တစ်ယောက်ကို ရွေးစရာမကြောင်း မရှိဘူး။ ရုပ်ရည်အရပြောမယ်ဆိုရင် ဝမ်ဝေ့ရဲ့ ဘေးက ကိုယ်ရံတော်တွေထဲမှာ မင်းထက် ရုပ်ဖြောင့်တဲ့ ငယ်သားတွေ တစ်ပုံကြီး။ ဒီထဲမှာမှ မင်းကို သူ ဘာကြောင့် မျက်စိကျပြီး တန်းတန်းစွဲသွားတာလဲဆိုတာ ငါသိချင်တယ်။ ဒါကို မသိရမချင်း ငါ အသေဖြောင့်နိုင်မှာ မဟုတ်ဘူး။ မင်း သူ့ကို ဘာလုပ်ခဲ့သလဲဆိုတာ ပြောလိုက်ရင် ငါ မင်းရှေ့က ချက်ချင်း ထွက်သွားမယ်"

မော့ဖေးယွီ ထိုစကားကို ကြားတော့ တွေဝေနေမိစဉ် အနောက်ဘက်မှ သိုင်းဖက်လာသည့် လက်တစ်စုံနှင့်အတူ ပြောလိုက်သည့် ခပ်သြသြ ယောကျာ်းသံကို ကြားလိုက်ရပြီး ရင်ထဲ နွေးထွေးလုံခြုံသွားခဲ့သည်။

" မင်း သိပ်သိချင်နေရင် ငါပြောပြမယ် လီပိုင်.... သူက ရှောင်ဖေးဖြစ်နေလို့ ငါ သူ့ကို ချစ်မိသွားတာပဲ။ သူက ငါ့ကို ဘာမှ လုပ်စရာမလိုဘူး။ ရှောင်ဖေးက ဘယ်သူဖြစ်နေပါစေ...ရှောင်ဖေးဖြစ်နေရုံနဲ့ ငါက ချစ်မိသွားမှာ သေချာတယ်။ ဒါက ငါတို့ရဲ့ရေစက်နဲ့ ဖူးစာပဲ... "

" မင်းလိမ်တာ... မင်း ငါ့ကို ကျော်ပြီး ဘယ်နည်းနဲ့မှ မော့ဖေးယွီကို ရွေးစရာအကြောင်း မရှိဘူး "
လီပိုင်က သွေးရူးသွေးတန်းဖြင့် အော်လိုက်စဉ် လီမိသားစုမှ အကြီးကဲများနှင့် ကိုယ်ရံတော်များ ရောက်ရှိလာပြီး မာရှယ်ကို တောင်းပန်လိုက်သည်။

" တောင်းပန်ပါတယ် မာရှယ်ခင်ဗျာ။ အစ်ကိုလေး လီပိုင်က ကျွန်တော်တို့ စောင့်ကြည့်တဲ့ကြားက လစ်ထွက်သွားပြီး မာရှယ်တို့ကို လာနှောက်ယှက်နေတယ်။ သူ့ကို ကျွန်တော်တို့ ပြန်ခေါ်သွားပါ့မယ် "

ဝမ်ဝေ့က လီပိုင်ကို အေးစက်စက်ကြည့်ကာ ထိုလီအုပ်စုမှ လူတွေကို ပြောလိုက်သည်။

" သူ့ကို ခေါ်သွားလိုက်။ နောက်ထပ်တစ်ခါ ကျူပ် လက်တွဲဖော်ကို လာနှောက်ယှက်ရင် ကျုပ်ကို အဆိုးမဆိုနဲ့လို့ လီကျုံးကျဲကို တစ်ခါတည်းပြောလိုက် "

" ဟုတ်ကဲ့ပါ ခင်ဗျာ..အရှင်မာရှယ် ခွင်ပြုပါဦး... "

ထိုလူများက အော်ဟစ်ရုန်းကန်နေသည့် လီပိုင်ကို မေ့ဆေးအုပ်ကာ ခေါ်ဆောင်သွားခဲ့သည်။

မော့ဖေးယွီက သူ့ကို ရင်ခွင်ထဲ ထည့်ကာ တင်းကျပ်စွာ ဖက်ထားသည့် ဝမ်ဝေ့ကို မော့ကြည့်ကာ မေးလိုက်သည်။

" ဘာတွေဖြစ်နေတာလဲ...ဝမ်ကော ကျွန်တော့်ကို  ရှင်းပြပါ... "

ဝမ်ဝေ့က ရှောင်ဖေးကို ဖက်ကာ ပါးပြင်ကို ဖွဖွနမ်းပြီး ပြောလိုက်သည်။

" မင်းလေး ပြောခဲ့သလို ကိုယ် တကယ် ပြောင်းလဲခဲ့တယ်။ မင်းကို လက်သီးနဲ့ ထိုးမိပြီးချိန်ကစပြီး ကိုယ်က မတူတဲ့လူတစ်ယောက်လို ဖြစ်သွားတယ်။ ကိုယ့်စိတ်ဝိဉာဉ်က ရှောင်ဖေး တစ်ယောက်တည်းကိုပဲ မြင်တယ်။ ရှောင်ဖေး တစ်ယောက်တည်းကိုပဲ ချစ်တဲ့ သူဖြစ်သွားခဲ့တယ်။  "

မော့ဖေးယွီက ထိုစကားကို ကြားပြီးနောက် နှလုံးသား၏အနက်ရှိုင်းဆုံးမှ အေးစက်နေသည့် ရေခဲတုံးက အရည်ပျော်သွားသလို ခံစားလိုက်ရသည်။

" တကယ် ကျွန်တော် တစ်ယောက်တည်းကိုပဲ ချစ်တာလား... "

ဝမ်ဝေ့က ခိုင်မာစွာ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။

 " ဟုတ်တယ်။ ရှောင်ဖေး တစ်ယောက်တည်းကိုပဲ ချစ်တယ်။ ရှောင်ဖေးမရှိရင် ကိုယ်လည်း မရှိနိုင်လောက်အောင်ကို ချစ်တယ် "

 "ကျွန်တော် သေသွားရင် ဝမ်ကောက တကယ် လိုက်သေမှာလား  "

" အင်း...သေအတူ ရှင်မကွာ...ကိုယ် မင်းလေးနဲ့ အတူတူရှိနေမှာ။ ရှောင်ဖေးသာ မရှိတော့ရင် ကိုယ် အသက်ရှင်နေလည်း အလကားပဲ... "

ထိုစကားကို ပြောလိုက်စဉ် လီချိန်ကျိုး (ဝမ်ဝေ့) တစ်ယောက် AI ခေါင်းဆောင်းဖြင့် ပုံရိပ်ယောင်လောကထဲ တိုးဝင်သွားသည့် ချစ်ရသည့် ရှောင်ဖုန်း (လျှိုရွှေဖုန်း)ကို မြင်ယောင်ကာ မျက်ရည်စီးကျလာခဲ့သည်။

" ဝမ်ကော...မငိုပါနဲ့...ကျွန်တော် အသက်ရှင်နေဆဲပါ။ ကျွန်တော်လည်း ဝမ်ကောကို သေအတူ ရှင်မကွာ ရှိသွားမှာပါ "

ထိုစကားအဆုံး လီချိန်ကျိုး (ဝမ်ဝေ့) ၏ ခေါင်းထဲ System ၏ အချက်ပြသံကို ကြားလိုက်ရသည်။

" ဒင်.....ဗီလိန်မှ သင့်အပေါ် အကောင်းမြင်စိတ် 15% တက်သွားပါပြီ။ အခု 100% အကောင်းမြင်စိတ်ကို ရရှိသွားလို့ မစ်ရှင်အောင်မြင်ပါပြီ။ နောက် ကမ္ဘာကို ကူးပြောင်းချင်ပါသလား။ ဆက်နေချင်ပါသလား "

ထိုအသံကိုကြားလိုက်သည့်နောက် ဝမ်ဝေ့ တစ်ဖြစ်လဲ လီချိန်ကျိုးက ပျော်ရွှင်စွာ ရယ်မောလိုက်မိသည်။ နောက်ဆုံး ရှောင်ဖုန်း၏ အကောင်းမြင်စိတ်ကို သူ ရခဲ့လေပြီ။

" ဆက်နေမယ်... "

ထိုသို့ဖြေကြားပြီးနောက် ဝမ်ဝေ့ တစ်ယောက် ချစ်ရသည့် ရှောင်ဖေးလေးကို ပြင်းပြစွာ နမ်းလိုက်မိသည်။ မော့ဖေးယွီသည်လည်း ရင်ထဲမှ အထုံးပြေသွားသဖြင့် ဝမ်ဝေ့ကို ပြန်လည်သိုင်းဖက်ကာ ဧည့်ခန်းတွင် အနမ်းဖလှယ်လိုက်ကြသည်။

လီပိုင်တစ်ယောက် ထိုနေ့မှစပြီး မော့ဖေးယွီတို့ ရှေ့ကို လုံးဝ ပေါ်မလာတော့ပေ။

ဝမ်ဝေ့နှင့် မော့ဖေးယွီတို့ မိသားစုက သားသမီး စုစုပေါင်း သုံးယောက်ယူပြီးနောက် သက်တမ်းစေ့ နေထိုင်သွားကြသည်။ ဝမ်ဝေ့၏ကျေးဇူးဖြင့် ABO world တွက် ကလေးပေါက်စလေးများစွာ တိုးလာပြီး ဖယ်လ်ရိုမုန်း အတားဆီးကြောင့် ချစ်လျက်နှင့် မညားသည့် အခက်ခဲကို ကျော်လွားနိုင်ခဲ့လေပြီ။

ဝမ်ဝေ့နှင့် မော့ဖေးယွီသည် သားသမီးများကြီးပြင်းလာချိန် လုပ်ငန်းများကို ကလေးများလက်ထဲ လွဲပြောင်းပေးကာ နှစ်ယောက်တည်း ခရီးလှည့်လည်ရင်း အိုမင်းသည်အထိ နေထိုင်သွားခဲ့သည်။

"သွားနှင့်တော့ ရှောင်ဖေး...ကိုယ် မင်းကို ဘယ်နေရာရောက်ရောက် လိုက်ရှာပါ့မယ်... ပြီးရင် ကိုယ့်ကို ချစ်လာအောင် လုပ်မယ်...  "

ဝမ်ဝေ့သည် နောက်ဆုံးထွက်သက်ရှိုက်သွားသည့် ချစ်သူကို ပွေ့ဖက်ကာ ညင်သာစွာပြောလိုက်သည်။ ထို့နောက် ချစ်သူ၏နူတ်ခမ်းကို နမ်းရှိုက်ပြီး နံဘေးတွင် လှဲချကာ ABO world မှ ထွက်ခွာသွားတော့သည်။ ဒါက သူ ပေးထားသည့် သေအတူ ရှင်မကွာ ဆိုသည့် ကတိကို စောင့်ထိန်းခြင်းပင်ဖြစ်သည်။

Arc 4 ပြီးပါပြီ။

Arc – 5 က ကျင့်ကြံခြင်းလောကဖြစ်ပါတယ်။ နတ်ဆိုးသခင်ကြီးက အမြောက်စာလေးကို ဘယ်လို ချစ်ခင် အလိုလိုက်မလဲဆိုတာ စောင့်ကြည်ြ့ကပါဦး ။

************-**************







































































🔞 Arc 4_ Chapter (25-2- End )_ေသအတူ ရွင္မကြာ



တံခါးအျပင္ဘက္မွ သားေလးဝမ္ယြီ ထြက္သြားေတာ့မွ အသက္ေအာင့္ထားမိသည့္ ေမာ့ေဖးယြီ သက္ျပင္းခ်ႏိုင္ေတာ့သည္။ ယြီအယ္ ဝင္မလာႏိုင္ဘူးဆိုေပမယ့္ တံခါးအျပင္ဘက္မွာ သားေလး မ်ား သူ႔ညည္းသံကိုၾကားသြားမလားဆိုသည့္ စိုးရိမ္စိတ္ေၾကာင့္ သူ႔တစ္ကိုယ္လုံး တင္းၾကပ္ေနမိသည္။

" ယြီအယ္သြားၿပီ...ေပါင္ေပ့...ကိုယ့္အသားေခ်ာင္းကို ညစ္ထားတာ နည္းနည္းေလွ်ာ့ေပးႏိုင္မလား.. ၿပီးေတာ့ မင္းေလး ညည္းခ်င္တာကို ေအာင့္မထားနဲ႔... အက်ယ္ႀကီး ေအာ္ညည္းလို႔ရၿပီ..."

ဝမ္ေဝ့က ေရွာင္ေဖး၏ နား႐ြက္ေလးကို ကိုက္ကာ အက္ရွစြာေျပာလိုက္သည္။ သူ႔အသားေခ်ာင္းကို ေရွာင္ေဖး၏အေနာက္ဘက္က တင္းတင္းညစ္ထားသျဖင့္ သူ႔မွာ တစ္ခါတည္း ၿပီးမသြားေအာင္ မနည္းေတာင့္ထားရသည္။

အိမ္ေထာင္သက္ ၅ ႏွစ္ရွိေနၿပီဆိုေပမယ့္ ခ်စ္တင္းေႏွာတိုင္း ဘယ္လိုေတာင္ အရွက္ႀကီးရတာလဲ...

ဝမ္ဖိုးဖိုး သူတို႔ကို လက္ခံလာေစရန္ ဝမ္ယြီကို ေစာေစာ ေမြးလိုက္မိသည္ကိုပင္ ေနာင္တရေနမိၿပီ။ ဒီကေလးက ေရွာင္ေဖးကို အရမ္းတြယ္ကပ္လြန္းသည္။ သူတို႔ လင္မယား အခန္းထဲ ရွိေနတိုင္း အၿမဲလိုလို ေျပးခ်လာသျဖင့္ ယခင့္ယခင္ကလည္း ကံေကာင္းေထာက္မစြာျဖင့္ သူတို႔လုံးေထြးေနသည့္အျဖစ္ႏွင့္ လက္မတင္ေလး လြဲသြားရသည္။ ထိုသို႔ျဖစ္ၿပီးေနာက္ ဝမ္ေဝ့က ေရွာင္ေဖးကို ခ်စ္မည္ႀကံတိုင္း အိပ္ခန္းတံခါးကို တင္းတင္းက်ပ္က်ပ္ ပိတ္သည့္ အေလ့က်င့္ေပၚလာခဲ့သည္။

" ဟာ့...ဝမ္ေကာ.... ဘယ္လိုျဖစ္ေနတာလဲ...အျပင္မွာ ယြီအယ္ရွိတာ သိလ်က္နဲ႔.... ကေလးၾကားသြားရင္ "

" ၾကားသြားေတာ့ ဘာျဖစ္လဲ... သူ႔ပါးပါးက ေနာက္ထပ္ ညီေလး၊ ညီမေလး ရေအာင္ ႀကိဳးစားေနတယ္လို႔ ကိုယ္ရွင္းျပလိုက္မွာေပါ့...သူပဲ ညီေလး၊ညီမေလး အမ်ားႀကီးလိုခ်င္တယ္လို႔ ပူဆာထားတာ မဟုတ္လား...  "

ေမာ့ေဖးယြီက အရွက္ကင္းမဲ့စြာ ေျပာေနသည့္ သူ႔ခင္ပြန္းသည္ကို ဆြံ႕အစြာ ၾကည့္ကာ ေျပာလိုက္သည္။

 "ဝမ္ေကာ..အရမ္းေျပာင္းလဲသြားၿပီ  "

ဝမ္ေဝ့က  ခပ္တိုးတိုးရယ္ကာ ေရွာင္ေဖးကိုယ္ထဲ အားႏွင့္အဝင္ထြက္လုပ္ကာ ေမးလိုက္သည္။

 "ကိုယ္ ဘယ္လိုေျပာင္းလဲသြားတာလဲ ... ေျပာပါဦး  "

ေမာ့ေဖးယြီက သူလည္ပင္းကို သိုင္းဖက္ကာ အသက္ကို အလုယက္ရႈကာ ဝမ္ေကာ၏ေဆာင့္ခ်က္ကို လိုက္ေလ်ာညီေထြျဖစ္ရန္ ႀကိဳးစားရင္း ေျပာလိုက္သည္။

" အစ...ဟာ့... အစက... ဝမ္ေကာက အရမ္းေၾကာက္စရာေကာင္းတယ္... လီပိုင္ေကာနဲ႔ ကြၽန္ေတာ့္ကို တြဲေတြ႕လိုက္တဲ့အခ်ိန္က ဝမ္ေကာ ဆီကေန ကြၽန္ေတာ့္ကို သတ္ခ်င္တဲ့စိတ္ကို ခံစားခဲ့ရတယ္ ။ ကြၽန္ေတာ့္ လည္ပင္းကို တင္းတင္းက်ပ္က်ပ္ညစ္ထားတဲ့အခ်ိန္ ကြၽန္ေတာ့္လည္ပင္းကို လိမ္ခ်ိဳးလိုက္ၿပီလားလို႔ေတာင္ ထင္ေနမိတာ။ ေနာက္ေတာ့ ဝမ္ေကာက ကြၽန္ေတာ့္ကို တစ္ခ်က္ထိုးၿပီး လြင့္ပစ္လိုက္တာပဲ... ကြၽန္ေတာ့္စိတ္ထဲမွာ ဝမ္ေကာကို ေတာ္ေတာ္လန႔္သြားမိတယ္။ လီပိုင္ေကာကို ကာကြယ္ရမယ္ဆိုတဲ့ အသိစိတ္ေၾကာင့္သာ ဝမ္ေကာေရွ႕မွာ အားတင္းၿပီး ျပန္ရပ္ခဲ့ရတာ..."
 
ထိုစဥ္အခ်ိန္က ဒီ ABO world မွ ဝမ္ေဝ့ ကိုယ္ထဲကို လီခ်ိန္က်ိဳး ကူးေျပာင္းလာစျဖစ္ၿပီး ဇာတ္လမ္းဇာတ္ကြက္အတိုင္း ဝမ္ေဝ့က ေမာ့ေဖးယြီကို ထိုးေနခ်ိန္ျဖစ္သည္။

" ကိုယ္ေတာင္းပန္ပါတယ္ "

ေရွာင္ေဖးကို ထိုးခဲ့မိသည့္အတြက္ (လီခ်ိန္က်ိဳး) ဝမ္ေဝ့ စိတ္မေကာင္းစြာ ေတာင္းပန္လိုက္မိသည္။

" ရပါတယ္...အဲ့ဒီအခ်ိန္တုန္းက ဝမ္ေကာေနရာမွာ ကြၽန္ေတာ္ဆိုလည္း ကိုယ့္ေစ့စပ္ထားသူနဲ႔တြဲေနတဲ့ သူကို ေတြ႕ရင္ ကြၽန္ေတာ္လည္း ထိုးမိမွာပဲေလ.... ဒါက အယ္လ္ဖာတစ္ေယာက္ရဲ႕ ပိုင္စိုးလိုစိတ္ပဲေလ... "

ဝမ္ေဝ့က ေရွာင္ေဖးကို ခပ္ၾကမ္းၾကမ္း နမ္းကာ ကတိေပးလိုက္သည္။

 " ေနာက္ဆိုရင္ ကိုယ့္ေပါင္ေပ့ကို ဘယ္ေတာ့မွ နာက်င္ေအာင္ မလုပ္ဘူးဆိုတာ ကတိေပးပါမယ္ "

ေမာ့ေဖးယြီက သူ႔လည္တိုင္ကို ျပန္လည္သိုင္းဖက္ကာ ၿပဳံးလိုက္သည္။

 " ကြၽန္ေတာ့္ကို ထိုးၿပီးတဲ့ေနာက္ပိုင္း ဝမ္ေကာရဲ႕ ကိုယ္က လူသတ္ခ်င္တဲ့ အရွိန္ဝါက ႐ုတ္တရက္ ေပ်ာက္သြားၿပီး ကြၽန္ေတာ့္အေပၚ ဝမ္ေကာရဲ႕ သေဘာထားက ေပ်ာ့ေျပာင္းသြားသလိုပဲ... ကြၽန္ေတာ့္မွာ ေသတြင္းက လြတ္လာသလိုခံစားလိုက္ရတယ္။ ၿပီးေတာ့ ဝမ္ေကာက ကြၽန္ေတာ့္ကို အႏုနည္းနဲ႔ တစ္ခုခုလုပ္ဖို႔ ႀကံေနတာလားလို႔ ေတြးလိုက္မိတယ္  "

ဝမ္ေဝ့က ေပ်ာ္႐ႊင္စြာ ရယ္ေမာလိုက္ကာ ဝန္ခံလိုက္သည္။

" ဟုတ္တယ္...ကိုယ္က ေပါင္ေပ့ကို ကိုယ့္ရင္ခြင္ထဲ အပိုင္သိမ္းဖို႔ ႀကံခဲ့တာေလ... "

ေမာ့ေဖးယြီက ထိုစကားကို ၾကားေတာ့ ခ်စ္တင္းေႏွာေနသည့္ၾကားမွ ကုန္းထဟန္ျပင္လိုက္သျဖင့္ ဝမ္ေဝ့က သူ႔ကို အိပ္ယာထက္ ျပန္တြန္းခ်ကာ ေရွာင္ေဖးကိုယ္ထဲက အသားေခ်ာင္းကို ဒင္းေလး အထိမခံႏိုင္သည့္ ေနရာကို ဖိထိုးလိုက္သျဖင့္ ေရွာင္ေဖးတစ္ေယာက္ ညည္းသံမထြက္ပဲ မေနႏိုင္ေတာ့ေပ။

" အာ့...ဝမ္ေကာ..အရမ္း မၾကမ္းနဲ႔...ျဖည္းျဖည္း...ဟာ့...အြမ္း.... "

ေကာင္ေလး၏ႏူတ္ခမ္းကို ျပင္းျပစြာ သိမ္းပိုက္ရင္း လက္က်န္ခ်စ္ခရီးကို ခပ္သြက္သြက္ဆက္လိုက္သည္။ သူ႔ ေရွာင္ေဖးေလးက သူ႔စိတ္အေျပာင္းလဲကို အဲ့ဒီေလာက္ အာ႐ုံခံႏိုင္စြမ္း ျမင့္တယ္တဲ့လား.. ဒီအခ်က္က ဝမ္ေဝ့ကို ေပ်ာ္႐ႊင္ေစသည္။ စိတ္ဝိဉာဥ္ နီးကပ္သူမွသာ ထိုသို႔ ခံစားခ်က္အေျပာင္းလဲကို အာ႐ုံခံႏိုင္တယ္ မဟုတ္လား။ သူ ဒီေလာကကို ကူးေျပာင္းလာလာခ်င္းမွာ သူ႔စိတ္အေျပာင္းလဲကို အာ႐ုံခံႏိုင္တယ္ဆို ကတည္းက ဗီလိန္ တစ္ေယာက္ရဲ႕ Game character က ဖြံ႕ၿဖိဳးလာျခင္းပင္။ တစ္နည္းအားျဖင့္ေျပာရလွ်င္ သူ႔ ေရွာင္ဖုန္း (လွ်ိဳေ႐ႊဖုန္း) ၏ စိတ္ဝိဉာဥ္က သူနဲ႔ နီးစပ္လာသည္ကို ျပသေနသည္ မဟုတ္လား....

" ေရွာင္ေဖး...ကိုယ္ မင္းကို ခ်စ္တယ္...မင္းကို အရမ္းခ်စ္တယ္။ မင္းေလး တစ္ေယာက္တည္းကိုပဲ ဘဝဆက္တိုင္း ခ်စ္သြားမယ္... "

ထိုစကားကို ၾကားေတာ့ ေမာ့ေဖးယြီ ဝမ္သားမိသလို ဘာေၾကာင့္ရယ္မွန္းမသိ ႏွလုံးသား၏ ေထာင့္ တစ္ေနရာမွ စူးေအာင့္သလို ခံစားလိုက္ရၿပီး မ်က္ရည္ဝဲလာၿပီး ေျပာလိုက္မိသည္။

"  တကယ္လို႔.... တစ္ေန႔ေန႔မွာ ဝမ္ေကာတို႔ စီးပြားေရ အက်ပ္တည္းနဲ႔ႀကဳံလာခဲ့ရင္.. အကူညီအတြက္ ကြၽန္ေတာ္နဲ႔ အလဲလွယ္ လုပ္မွာလားဟင္..."

ထိုစကားကို ၾကားလိုက္ရစဥ္ ဝမ္ေဝ့ (လီခ်ိန္က်ိဳး) တစ္ေယာက္ ရင္ထဲကို ဓါးႏွင့္ စိုက္ခံလိုက္ရသည့္ပမာ နာက်င္သြားၿပီး ခက္ထန္စြာေျပာလိုက္သည္။

" ဘယ္ေတာ့မွ ထပ္မလုပ္ဘူး။ တကယ္လို႔ အဲ့လိုလုပ္ခဲ့မိတယ္ဆိုရင္ ကိုယ့္ကိုယ္ကိုယ္ ဓါးနဲ႔ ျပန္ထိုးပစ္လိုက္မယ္။ ကိုယ့္ခ်စ္သူကို မကာကြယ္ႏိုင္တဲ့ေကာင္က အသက္ရွင္ဖို႔ မထိုက္တန္ဘူး...  "

ထိုစကားကို ၾကားလိုက္ရစဥ္ ေမာ့ေဖးယြီ ေတာင့္မထားႏိုင္ေတာ့ပဲ မ်က္လုံးထဲမွ မ်က္ရည္မ်ား စီးက် လာခဲ့ေတာ့သည္။

" မငိုနဲ႔ေတာ့ေနာ္.... ကိုယ္ေရွ႕ေလွ်ာက္ ကိုယ့္ဇနီးေလးနဲ႔ ကေလးေတြကို အကာကြယ္ေပးႏိုင္ဖို႔ အကုန္ျပင္ဆင္ထားၿပီးၿပီ။ စီးပြားေရးအက်ပ္တည္းျဖစ္လာစရာ လုံးဝ မရွိဘူး။ မင္းေလးကိုလည္း ဘယ္ေတာ့မွ လက္မလႊတ္ဘူး... "

ေမာ့ေဖးယြီက ဘာမွ ျပန္မေျပာပဲသူ႔လည္ပင္းကို သိုင္းဖက္ကာ ေျပာခဲ့သည္။

" ကြၽန္ေတာ့္ကို ခ်စ္ေပးပါ။ ဒီအေတြးေတြ ေမ့သြားေအာင္ အမ်ားႀကီးခ်စ္ေပးပါ... "

" ေကာင္းၿပီ...ကိုယ့္ေလာင္ေဖာ္ကို အခ်စ္ေတြ အမ်ားႀကီးေပးပါ့မယ္ "

ထို႔ေနာက္ ဝမ္ေဝ့တို႔ စုံတြဲ ေနာက္တစ္ေန႔ မနက္မွ အိပ္ခန္းထဲမွ ထြက္လာႏိုင္ေတာ့သည္။
*******-***********

ေမာ့ေဖးယြီ အိပ္ယာမွ ႏိုးလာခ်ိန္ ပထမဆုံး ျမင္လိုက္မိသည္က စိုးရိမ္တႀကီးၾကည့္ေနသည့္ သားအႀကီး ဝမ္ယြီ၏ မ်က္ႏွာေသးေသးေလးျဖစ္သည္။ သူက ေမာ့ေဖးယြီ မ်က္လုံးဖြင့္လာသည္ကို ေတြ႕ေတာ့ ဝမ္းသာစြာ ေျပးကပ္လာၿပီး ေမးခဲ့သည္။

 "ပါးပါး သက္သာသြားၿပီလားဟင္...  "

ေမာ့ေဖးယြီက သားေလး၏ကိုယ္ကို သိုင္းဖက္ကာ ေျပာလိုက္သည္။

 "ပါးပါး ဘာမွ မျဖစ္ပါဘူး...   "

ဒါေပမယ့္ သူ႔အသံက အက္ကြဲလို႔ေနသျဖင့္ ေမာ့ေဖးယြီ ရွက္သြားမိသည္။ မေန႔ညေနက သူ ငိုၿပီး ဝမ္ေကာကို ေတာင္းဆိုခဲ့သျဖင့္ သားရဲႀကီးက ညနက္သည္အထိ သူ႔ကို တေက်ာ့ၿပီး တေက်ာ့ ေအာ္ငိုေအာင္ ျဖည့္ဆည္းေပးေနခဲ့သည္။ သူလည္း သာယာမႈေၾကာင့္ စိတ္လြတ္လက္လြတ္ ေအာ္ဟစ္ခဲ့မိသည္။

" ဒယ္ဒီက ပါးပါးေနမေကာင္းဘူး၊ ပါးပါးကိုယ္ေပၚ မတက္ရဘူးလို႔ေျပာတယ္ "

" မဟုတ္ပါဘူး.... ပါးပါး နည္းနည္းပင္ပန္းသြားလို႔ပါ...ဒါနဲ႔ ယြီအယ္ ပါးပါးကို လာရွာတာ ဘာေျပာမလို႔လဲ"


ေမာ့ေဖးယြီက သားေလးကို အာ႐ုံလြဲေပးလိုက္ရသည္။ မဟုတ္လွ်င္ ပါးပါး ဘာလို႔ ပင္ပန္းသလဲဟု ေမးလာလိမ့္မည္။ ဒါဆိုရင္ သူ ဘယ္လိုမ်က္ႏွာနဲ႔ ေျဖရမွာလဲ။ သူ႔ ေလာင္ကုန္းသာဆိုရင္ အရွက္မရွိ ကေလးကို ေပါက္ကရေျပာမွာ ျဖစ္ေပမယ့္ သူကေတာ့ မေျပာႏိုင္ေပ။

ဒါက မေန႔က ေျပာခ်င္သည့္ အဓိကအခ်က္ျဖစ္သည္။ သူ႔ခင္ပြန္း မာရွယ္ႀကီးက ယခင္က တည္ၾကည္ ခက္ထန္သေလာက္ အခုေနာက္ပိုင္း ပိုပို အရွက္ကင္းမဲ့ကာ သူ႔ကို ခ်စ္ေၾကာင္း မည္သူ႔ကိုမဆို ဝန္ခံရဲေနေလၿပီ။

သူတို႔ ဟြားရွ တစ္ျပည္လုံးလည္း မာရွယ္ႀကီး သူ႔ကို ဘယ္ေလာက္ သည္းသည္းလႈပ္ခ်စ္သလဲဆိုတာ မသိသူ မရွိေလာက္ေတာ့ေပ။ လာၿပီး အင္တာဗ်ဴးသမွ်သတင္းေထာက္တိုင္း ေမးသည့္ ေမးခြန္းတိုင္းကို သူက ပြင့္လင္းစြာေျဖၾကားေနလို႔ မနည္း ေနာက္မွ လိုက္တားေနရသည္ မဟုတ္လား...

သူက လူတကာကို ဝန္ခံသည့္အျပင္ သားေလးေတြကိုလည္း သိေအာင္ ေျပာဖို႔ႀကံေနေလၿပီ။ မျဖစ္ဘူး။ တားရမယ္.... သူ႔သားေတြရဲ႕ ပါးပါးအေနနဲ႔ အရွက္တကြဲျဖစ္လို႔မရေပ။

ဝမ္ယြီက ပါးပါး၏ စကားေနာက္ အာ႐ုံလြဲကာ မေန႔က ဦးဦး ဝမ္လွ်ိဳရွန္း၏ ေဆး႐ုံတြင္ ေတြ႕ခဲ့သည့္ ညီေလး ပိစိေကြးအေၾကာင္း အားတက္သေရာေျပာျပခဲ့သည္။

" ပါးပါး...ညီညီေလးကေလ....အရမ္းခ်စ္ဖို႔ေကာင္းတယ္...ဒါေပမယ့္ သူက ဖန္ေပါင္းေခ်ာင္ထဲမွာ တစ္ေယာက္တည္း အိပ္ေနရတာ သနားဖို႔ေကာင္းပါတယ္။ သူ႔ကို အေဖာ္ရဖို႔ ေနာက္ထပ္ ညီမေလး တစ္ေယာက္ကို ပါးပါး ေမြးေပးဦးေနာ္... ဒါမွ သားမွာ ညီေလးနဲ႔ ညီမေလး တစ္ခါတည္း ရသြားမွာေလ... "

" ညီေလးနဲ႔ ညီမေလး ႏွစ္ေယာက္ တစ္ခါတည္း ေရာက္လာရင္ ယြီအယ္က ထိန္းႏိုင္ပါ့မလား "

ေမာ့ေဖးယြီက သား၏ နဖူးကို နမ္းကာ ခ်စ္ျခင္းျဖင့္ ေမးလိုက္သည္။ ဒီသားေလးက ဝမ္ေကာ ငယ္စဥ္က ပုံႏွင့္ တစ္ေထရာတည္း တူေပမယ့္ မ်က္ႏွာေလးက ႐ႊင္လန္းကာ စကားမ်ားပုံက သူႏွင့္လာတူေနသည္။ ဒါေၾကာင့္ ဝမ္ဖိုးဖိုးက ယြီအယ္ကို သည္းသည္းလႈပ္ခ်စ္ၿပီး တစ္ပတ္လွ်င္ သုံး၊ေလးရက္ေလာက္ သူႏွင့္လာေနဖို႔ ေခၚသြားေလ့ရွိသည္။

" သား ထိန္းႏိုင္တယ္။ သားက သူတို႔ရဲ႕ တေကာေကာ ျဖစ္လို႔ ရေအာင္ ထိန္းေပးမယ္ "

ဝမ္ေဝ့ေကာကဲ့သို႔ ယုံၾကည္ခ်က္အျပည့္ျဖင့္ေျပာေနသည့္ သားကို ၾကည့္ကာ ေမာ့ေဖးယြီ ရယ္ေမာလိုက္မိသည္။

" ေနာ္...ပါးပါး..သားအတြက္ ညီမေလး တစ္ေယာက္ေလာက္ ထပ္ေပးဦးေနာ္..သားက ညီမေလးလိုခ်င္လို႔... "

ကေလးက တြတ္တီးတြတ္တာႏွင့္ ပူဆာေနသျဖင့္ ေမာ့ေဖးယြီ၏ ႏွလုံးသားေလး အရည္ေပ်ာ္က်သြားကာ အမွတ္တမဲ့ ကတိေပးလိုက္မိသည္။

" ေကာင္းၿပီ။ မင္း ဒယ္ဒီကိုေျပာၿပီး ပါးပါးတို႔ ညီမေလး တစ္ေယာက္ ေမြးေပးမယ္ "

 "ေယး.... သားသား ဒယ္ဒီကို သြားေျပာလိုက္မယ္။ ပါးပါးက ညီမေလး ေမြးဖို႔သေဘာတူၿပီ...  "

ထိုစကားကို ၾကားေတာ့ ေမာ့ေဖးယြီ သံသယဝင္သြားကာ ယြီအယ္ကို လွမ္းတားကာ ေမးလိုက္သည္။

 "ေနဦး.... သားကို ဒယ္ဒီက ေျပာခိုင္းလိုက္တာလား  "

" ဟုတ္တယ္။ ဒယ္ဒီက သားအတြက္ ညီမေလး လိုခ်င္ရင္ ပါးပါးကို ရေအာင္ေျပာလို႔ ခိုင္းခဲ့တာ "

ေမာ့ေဖးယြီက သမီး႐ူး႐ူးကာ  တဖြဖြေျပာၿပီး လိုခ်င္ေနသည့္ ခင္ပြန္းသည္အေၾကာင္းေတြးကာ ရယ္ေမာ လိုက္မိသည္။ ဒါေပမယ့္ ဒီတစ္ခါ သူတို႔ မ်ိဳးစပ္ၿပီး ရလာသည္က အယ္လ္ဖာ သားေလး ျဖစ္ေနသျဖင့္ ဝမ္ယြီက ခ်က္ခ်င္း ေနာက္ထပ္ တစ္ေယာက္ လိုခ်င္ကာ ပူဆာေနေပမယ့္ ကေလးေတြ သိပ္နီး ေနလွ်င္ ေကာင္းေကာင္း မပ်ိဳးေထာင္ႏိုင္မည္စိုးလို႔ ေမာ့ေဖးယြီ တားထားျခင္းျဖစ္သည္။ ဒါကို သူက ကေလးႏွင့္ တစ္ဖက္လွည့္ သမီးယူဖို႔ သေဘာတူေအာင္ လုပ္ခဲ့သည္။

ေမာ့ေဖးယြီ သက္ျပင္းခ်ကာ ခင္ပြန္းသည္ လုပ္ခ်င္တာ လုပ္ပါေစေတာ့ဟု ေတြးကာ အိပ္ယာထက္ ျပန္လွဲလိုက္သည္။

သူ႔ခင္ပြန္းက ပိုက္ဆံအမ်ားႀကီး ရွာထားတာပဲေလ။ ကေလး တစ္ေယာက္ ထပ္တိုးလာလည္း ကေလးထိန္းဌား႐ုံပဲေပါ့....သမီးေလးတစ္ေယာက္ ေစာေစာေရာက္လာတာလည္း ေကာင္းတာပါပဲ.....
*****-***********

ေနာက္တေန႔ ေမာ့ေဖးယြီႏွင့္ ဝမ္ေဝ့တို႔ သမီးေလးအတြက္ ဝမ္လွ်ိဳရွန္း၏ ေဆး႐ုံကို သြားခဲ့ၾကသည္။ ေဆး႐ုံတြင္ လိင္တူစုံတြဲမ်ားအျပင္ အယ္လ္ဖာအတြဲမ်ား၊ အိုမီဂါအတြဲမ်ား ျပည့္ႏွက္ေနၿပီး ကေလးအတြက္ နာမည္စာရင္း လာေရာက္ေပးေနၾကသည္။

လီအုပ္စု၏ လက္ရွိေခါင္းေဆာင္ လီက်ဳံးက်ဲပင္လွ်င္ ဝမ္လွ်ိဳရွန္း၏ေဆး႐ုံကိုလာၿပီး သူ႔ခ်စ္သူ ဘီတာေကာင္ေလးႏွင့္ ကေလးတစ္ေယာက္ ေမြးသြားခဲ့သည္။ ထိုျဖစ္ရပ္ၿပီးေနာက္ ဝမ္ေဆး႐ုံ၏ ေက်ာ္ၾကားမႈက မိုးေကာင္းကင္ေရာက္ေအာင္ ထိုးတက္သြားခဲ့သည္။ ထို႔ေၾကာင့္ တစ္လလွ်င္ စုံတြဲ 20 ကိုသာ ကေလးရေအာင္ လုပ္ေပးေနၿပီး က်န္လူမ်ားက ေလွ်ာက္လႊာတင္ထားရသည္။ ယခုလည္း ေလွ်ာက္လႊာတင္သူက အျပည့္ျဖစ္ေနသလို ကေလးေလးေတြကို လာယူသူေတြႏွင့္ ေဆး႐ုံက စည္ကားလို႔ေနသည္။

ကေလးေပါက္စေလးေတြ ထားသည့္ အခန္းကို သြားကာ သားငယ္ေလးကို ၾကည့္ၿပီးေနာက္ သူတို႔ႏွစ္ေယာက္ ဝမ္လွ်ိဳရွန္းႏွင့္ သမီးေလးတစ္ေယာက္ ထပ္ယူဖို႔ တိုင္ပင္ၾကသည္။ ထို႔ေနာက္ ႐ုံးခန္းမွ ထြက္လာၿပီးေနာက္ ဝမ္ေဝ့ထံ ဖုန္းဝင္လာသျဖင့္ အျခားေနရာတြင္ ဖုန္းသြားေျဖစဥ္ ေမာ့ေဖးယြီက သားျဖစ္သူ ဝမ္ယြီႏွင့္အတူ ကေလးေသးေသးေလးကို ၾကည့္ၿပီး က်န္ရစ္ခဲ့သည္။

ထိုစဥ္ အေနာက္ဘက္နားကို လူတစ္ေယာက္ခ်ဥ္းကပ္လာသျဖင့္ ေမာ့ေဖးယြီ လွည့္ၾကည့္လိုက္စဥ္ ပိန္ပါးေဖ်ာ့ေတာ့သည့္ အိုမီဂါအမ်ိဳးသားတစ္ေယာက္ကို ေတြ႕လိုက္ရသည္။

" လီပိုင္ေကာ... "

လီပိုင္သည္ ေထာင္မွ လြတ္လာလာခ်င္း လီအုပ္စုက သူ႔ကို ႏိုင္ငံျခားကို ပို႔ရန္စီစဥ္ခဲ့သည္။ ဒါေပမယ့္ လီပိုင္က လြတ္ေအာင္ ထြက္ေျပးလာခဲ့ၿပီး ေမာ့ေဖးယြီကို ေခ်ာင္းေနခဲ့သည္။ ေမာ့ေဖးယြီ ႏွင့္ သူ ေနာက္ဆုံး စာရင္းမရွင္းရမခ်င္း သူ စိတ္ေျဖာင့္ေျဖာင့္ႏွင့္ ေသႏိုင္မည္ မဟုတ္ေပ။

ဘာေၾကာင့္ ဝမ္ေဝ့က သူ႔ထက္ ေမာ့ေဖးယြီကို ေ႐ြးခ်ယ္သြားရသလဲဆိုတာ ေထာင္က်ေနသည့္ ငါးႏွစ္အတြင္း အသည္းအသန္ စဥ္းစားေပမယ့္ သူလုံးဝ စဥ္းစားလို႔မရခဲ့ေပ။ သူ႔လို ၿပီးျပည့္စုံသည့္ အိုမီဂါကို ျငင္းပယ္ၿပီး အယ္လ္ဖာ တစ္ေယာက္ႏွင့္ေပါင္းစည္းႏိုင္ဖို႔ ေနာက္ဆုံးေပၚ မ်ိဳးတူခ်င္း ကေလးယူလို႔ရသည့္ နည္းပညာ၊ ဖယ္႐ိုမုန္းခ်င္း ေပါင္းစည္းလို႔ရသည့္ နည္းပညာကိုပင္ ဝမ္ေဝ့က တီထြင္ရန္ တြန္းအားေပးခဲ့သည္။ ဘယ္လို အရာက ဝမ္ေဝ့ကို အခုလို ေျပာင္းလဲသြားေစသည္ကို မသိရမခ်င္း လီပို္င္ အေသေျဖာင့္ႏိုင္မည္ မဟုတ္ေပ။

တကယ္ဆိုလွ်င္ ေမာ့ေဖးယြီႏွင့္ ဝမ္ေဝ့ မေတြ႕မခ်င္း ဒီတစ္ေလာကလုံးက သူ႔ကို ဗဟိုျပဳၿပီး လည္ပတ္ေနသည့္အလား သူသာလွ်င္ အရာအားလုံးကို ပိုင္ဆိုင္ခဲ့သည္။ သူတြက္ခ်က္ထားသည့္ အတိုင္း ဒီႏွစ္ ႐ုပ္ရွင္မွာ ပါဝင္ၿပီးေနာက္ သူ ထို႐ုပ္ရွင္ျဖင့္ ႐ုပ္ရွင္ဧကရာဇ္ဘြဲ႕ကိုရလိမ့္မည္။ ၿပီးလွ်င္ လီအုပ္စုကို သူ ဆက္ခံႏိုင္ဖို႔ အခက္ခဲ ရွိမည္ မဟုတ္ေပ။

သူက ဟြားရွျပည္တြင္ ပထမဆုံး ေအာင္ျမင္မႈႏွင့္ ၾသဇာအာဏာရွိသည့္ အိုမီဂါ တစ္ေယာက္ျဖစ္လာ လိမ့္မည္။ ေနာက္မ်ိဳးဆက္ အိုမီဂါအားလုံး၏ စံနမူနာ အိုင္ေဒါတစ္ေယာက္ျဖစ္လာလိမ့္မည္။ ဒါေပမယ့္ ဘယ္အခ်ိန္ကစၿပီး ဒီအရာေတြက သူ႔ဆီက လြဲေခ်ာ္သြားခဲ့တာလဲ။

ဝမ္ေဝ့ႏွင့္ ေမာ့ေဖးယြီ ေတြ႕ၿပီးေနာက္ၿပီး သူ႔ရဲ႕ ကံေကာင္းခ်င္းေတြ အကုန္ေပ်ာက္ဆုံးသြားတာ ဘာေၾကာင့္လဲ..... ဒါကို သူသိရမွျဖစ္မည္။

လီပိုင္က ဝမ္ေဝ့ ငယ္စဥ္ကေလး႐ုပ္ႏွင္ တစ္ေထရာတည္း တူၿပီး ေနေရာင္ျခည္ပမာ ႐ႊင္လန္းသည့္ မ်က္ႏွာထားႏွင့္ ကေလးကို ၾကည့္ကာ  ဒီကေလးက သူ႔သားျဖစ္ရမည္ဟု ေတြးၿပီး အူမ်ားစိမ္းပုပ္လာသည္အထိ မနာလိုျဖစ္လာမိသည္။

"  ေမာ့ေဖးယြီ... ငါ မင္းနဲ႔ စကားေျပာခ်င္လို႔ အခ်ိန္ ခဏေလာက္ ေပးလို႔ရမလား..."

ေမာ့ေဖးယြီက အျခားလူတစ္ေယာက္ပမာ ေျပာင္းလဲသြားသည့္ လီပိုင္ေကာကို ၾကည့္ကာ ေမးလိုက္သည္။
 
"   ကြၽန္ေတာ့္မွ လီပိုင္ေကာနဲ႔ ေျပာစရာဘာမွ မရွိဘူး"

" ဒါေပမယ့္ မင္းကို ငါေျပာစရာရွိတယ္။ ဥပမာ.... အခု မင္းရဲ႕ ကေလးေတြက ငါ့ဝမ္းဗိုက္နဲ႔ လြယ္ၿပီး ေမြးလာရမယ့္ ကေလးေတြျဖစ္တဲ့အေၾကာင္းမ်ိဳးေပါ့..... "

ေမာ့ေဖးယြီက လီပိုင္၏ စကားေၾကာင့္ အံ့အားသင့္သြားခဲ့သည္။

" လီပိုင္ေကာ... ဘာေတြေျပာေနတာလဲ...  "

လီပိုင္က သူ႔ကို စူးစမ္းလိုစိတ္ျဖင့္ ၾကည့္ေနသည့္ ခ်စ္စရာေကာင္းသည့္ ကေလးေလးကို ၾကည့္ကာ ႏူတ္ခမ္းကို တြန႔္ၿပီးေျပာလိုက္သည္။

" မင္းက မေကာင္းတဲ့နည္းနဲ႔ ငါ့ရဲ႕ ခင္ပြန္းေလာင္ကို လုယူသြားသလို ငါ့ကေလးေတြကိုလည္း လုယူသြားတဲ့ အေၾကာင္းေပါ့....မင္းရဲ႕ကေလးေရွ႕မွာ ငါ့ကို ေျပာေစခ်င္လား... "

" ပါးပါး..ဒီဦးဦးက ဘယ္သူလဲဟင္... "
ဝမ္ယြီက လီပိုင္ကို ၾကည့္ကာ ေမာ့ေဖးယြီကို ေမးလာသျဖင့္ ေမာ့ေဖးယြီ သက္ျပင္းရႈိက္ကာ ကေလးကို အထူးသူနာျပဳလက္ထဲ ထည့္ၿပီး ေျပာလိုက္သည္။

" ကေလးကို သူ႔ဒယ္ဒီဆီ ေခၚသြားေပးလိုက္ပါ...ကြၽန္ေတာ္ ဧည့္သည္တစ္ေယာက္နဲ႔ စကားေျပာစရာရွိလို႔ "

ဝမ္ယြီႏွင့္ သူနာျပဳထြက္သြားေတာ့မွ ေမ့ေဖးယြီက လီပိုင္ေကာကို သီးသန႔္ဧည့္ခန္းထဲကို ေခၚလာခဲ့သည္။

" လီပိုင္ေကာ... ဝမ္ေဝ့ေကာကို လက္မလႊတ္ႏိုင္တာကို ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္နဲ႔ ဝမ္ေဝ့ ေကာတို႔က တရားဝင္ လက္ထပ္ၿပီးသြားပါၿပီ။ ကြၽန္ေတာ္ ဝမ္ေဝ့ေကာကို ရေအာင္ယူဖို႔ ဘာမွ မလုပ္ခဲ့ပါဘူး။ လီပိုင္ေကာ ကြၽန္ေတာ္တို႔ကို ေမ့ပစ္ၿပီး ဘဝသစ္မွ ရွင္သန္ဖို႔ အႀကံေပးပါရေစ။ လီပိုင္ေကာဆီမွာ ေတာက္ပတဲ့ အနာဂါတ္ ရွိေနပါေသးတယ္ "

လီပိုင္က ေနမင္းေလးကဲ့သို႔ တစ္ကိုယ္လုံး ႐ႊင္လန္းတက္ႂကြကာ ေတာက္ပေနသည့္ အယ္လ္ဖာ ေကာင္ေလးကို ၾကည့္ကာ အသက္ျပင္းျပင္းရႈိက္ၿပီး ေျပာလိုက္သည္။

" ငါ ေထာင္ထဲမွာ ရွိေနတဲ့အခ်ိန္ အိပ္မက္ မက္ခဲ့တယ္။ အိပ္မက္ထဲမွာ မင္းက နာမည္ပ်က္ၿပီး လူတကာ အျပစ္တင္ရႈံ႕ခ်တာကို ခံရၿပီး ေသဆုံးသြားတယ္။ မင္းရဲ႕ company လည္း ပ်က္စီးသြားခဲ့တယ္။ ငါက ဝမ္ေဝ့နဲ႔ လက္ထပ္ၿပီး ကေလးသုံးေယာက္ရခဲ့တယ္။ ငါတို႔ ေပ်ာ္႐ႊင္တဲ့ မိသားစုကို ထူေထာင္ႏိုင္ခဲ့ၿပီး ငါက အိုမီဂါ အားလုံးရဲ႕ စံနမူနာ ျဖစ္ခဲ့တယ္။  "

လီပိုင္ေျပာသည္ကို နားေထာင္ရင္ ေမာ့ေဖးယြီ အံ့ၾသေနမိသည္။ လီပိုင္ေကာက ဘာလို႔ အိပ္မက္ထဲက အေၾကာင္းရာကို ယုံၾကည္ၿပီး ေျပာေနတာလဲ။ သူ မျဖစ္ႏိုင္သည့္အရာကို စိတ္စြဲၿပီး အိပ္မက္မက္ခဲ့ တာလား....

"  ငါ စိတ္စြဲၿပီး အိပ္မက္မက္ခဲ့တာ မဟုတ္ဘူး...."

လီပိုင္က ေမာ့ေဖးယြီ ေတြးေနသည္ကိုသိသည့္အလား ေျပာလာခဲ့သည္။

" ငါ့အိပ္မက္ထဲမွာ မင္းကို ငါက ခ်စ္ေနခဲ့တယ္။ ဝမ္ေဝ့က မင္းကို ထိုးႀကိတ္ၿပီးေနာက္ပိုင္း မင္းကို ငါ ေ႐ြးခ်ယ္ခဲ့တယ္။ ငါ မင္းနဲ႔ အတူတူေနဖို႔ ဆုံးျဖတ္ခဲ့တယ္။ ငါ Heat ျဖစ္ေနတုန္း  ဝမ္ေဝ့က ငါ့ကို အမွတ္သား ျပဳခဲ့လို႔ ေနာက္ပိုင္း မင္းနဲ႔ ငါ ေပါင္းစည္းလို႔မရခဲ့ဘူး။ ငါ ေနာက္ထပ္တစ္ခါ Heat ျဖစ္ေတာ့ မင္းကိုယ္တိုင္ ဝမ္ေဝ့ကို ေခၚေပးၿပီး ငါတို႔ ေနာက္ထပ္ ေပါင္းစည္းခဲ့တယ္။ ေနာက္ေတာ့ ငါ့ ပရိတ္သတ္ ေတြက ငါနဲ႔ ဝမ္ေဝ့ကို စုံတြဲေတြအျဖစ္ သတ္မွတ္ခဲ့ၿပီး မင္းကို တတိယ လူအျဖစ္ သတ္မွတ္ၿပီး တိုက္ခိုက္ခဲ့ တယ္။ ေနာက္ေတာ့ မင္းက စိတ္က်ေရာဂါနဲ႔ သတ္ေသသြားခဲ့တယ္။ ငါက ဝမ္ေဝ့နဲ႔ လက္ထပ္ၿပီး မာရွယ္ကေတာ္အျဖစ္ ေအာင္ျမင္မႈနဲ႔ ၾသဇာအာဏာအရွိဆုံး အိုမီဂါျဖစ္လာတယ္။ "

ေမာ့ေဖးယြီက လီပိုင္ေကာ ေျပာသည့္ စကားကို နားေထာင္ၿပီးေနာက္ အံ့အားသင့္ေနမိသည္။ ဒီလို အေၾကာင္းရာကို သူ သိသလိုလိုပင္.... ဘယ္ေနရာက သိေနသည္ကို နားမလည္ေတာ့ေပ။ လီပိုင္ေကာ လိမ္ေျပာေနတာ မဟုတ္ေၾကာင္း သူ သိလိုက္သည္။

" ငါ သိခ်င္တာက မင္း.. ဝမ္ေဝ့ စိတ္ေျပာင္းသြားေအာင္ ဘာလုပ္ခဲ့သလဲ ဆိုတာပဲ... မင္းကို ဝမ္ေဝ့ ထိုးလိုက္ၿပီးတဲ့ေနာက္ ဝမ္ေဝ့က မတူတဲ့လူအျဖစ္ေျပာင္းသြားခဲ့တယ္။ သူ ငါ့ကို လုံးဝ လွည့္မၾကည့္ေတာ့ပဲ မင္းကိုပဲ တစ္စိုက္မတ္မတ္ ေနာက္ကလိုက္ေနခဲ့တယ္။ မင္းကို ရဖို႔ သူ ငါ့ကို ကစားသြားခဲ့တယ္။ ငါ့လက္ထဲကေန မင္းကို သူ လုသြားခဲ့တယ္။ မင္း သူ႔ကို ဘယ္လို ေအာက္လမ္းနည္းေတြနဲ႔ ျပဳစားလိုက္တာလဲ.... "

ေမာ့ေဖးယြီ ရင္ခုန္သြားခဲ့သည္။ ဝမ္ေဝ့ေကာ ေျပာင္းလဲသြားသည့္အခ်ိန္က လီပိုင္ေကာ ေျပာသည့္ အခ်ိန္ပင္ ျဖစ္သည္။ ဝမ္ေဝ့ေကာ အျခားတစ္ေယာက္လို ေျပာင္းသြားသည့္ အေၾကာင္းရင္းကိုလည္း သူ သိခ်င္ေနခဲ့သည္။ ဒါေပမယ့္ ဝမ္ေဝ့ေကာကို သူ ဘာမွ မလုပ္ခဲ့မိဘူးဆိုတာ မိုးနတ္မင္း အသိဆုံးျဖစ္သည္။

 " ကြၽန္ေတာ္ ဘာမွ မလုပ္ခဲ့ဘူး "

 " မင္း လိမ္တယ္။ မင္း တခုခု မလုပ္ပဲ ဝမ္ေဝ့ က ငါ့ကို ေက်ာ္ၿပီး မင္းလို ေတာႀကိဳအုံ႔ၾကားက လာတဲ့ အယ္လ္ဖာ တစ္ေယာက္ကို ေ႐ြးစရာမေၾကာင္း မရွိဘူး။ ႐ုပ္ရည္အရေျပာမယ္ဆိုရင္ ဝမ္ေဝ့ရဲ႕ ေဘးက ကိုယ္ရံေတာ္ေတြထဲမွာ မင္းထက္ ႐ုပ္ေျဖာင့္တဲ့ ငယ္သားေတြ တစ္ပုံႀကီး။ ဒီထဲမွာမွ မင္းကို သူ ဘာေၾကာင့္ မ်က္စိက်ၿပီး တန္းတန္းစြဲသြားတာလဲဆိုတာ ငါသိခ်င္တယ္။ ဒါကို မသိရမခ်င္း ငါ အေသေျဖာင့္ႏိုင္မွာ မဟုတ္ဘူး။ မင္း သူ႔ကို ဘာလုပ္ခဲ့သလဲဆိုတာ ေျပာလိုက္ရင္ ငါ မင္းေရွ႕က ခ်က္ခ်င္း ထြက္သြားမယ္"

ေမာ့ေဖးယြီ ထိုစကားကို ၾကားေတာ့ ေတြေဝေနမိစဥ္ အေနာက္ဘက္မွ သိုင္းဖက္လာသည့္ လက္တစ္စုံႏွင့္အတူ ေျပာလိုက္သည့္ ခပ္ၾသၾသ ေယာက်ာ္းသံကို ၾကားလိုက္ရၿပီး ရင္ထဲ ေႏြးေထြးလုံၿခဳံသြားခဲ့သည္။

" မင္း သိပ္သိခ်င္ေနရင္ ငါေျပာျပမယ္ လီပိုင္.... သူက ေရွာင္ေဖးျဖစ္ေနလို႔ ငါ သူ႔ကို ခ်စ္မိသြားတာပဲ။ သူက ငါ့ကို ဘာမွ လုပ္စရာမလိုဘူး။ ေရွာင္ေဖးက ဘယ္သူျဖစ္ေနပါေစ...ေရွာင္ေဖးျဖစ္ေန႐ုံနဲ႔ ငါက ခ်စ္မိသြားမွာ ေသခ်ာတယ္။ ဒါက ငါတို႔ရဲ႕ေရစက္နဲ႔ ဖူးစာပဲ... "

" မင္းလိမ္တာ... မင္း ငါ့ကို ေက်ာ္ၿပီး ဘယ္နည္းနဲ႔မွ ေမာ့ေဖးယြီကို ေ႐ြးစရာအေၾကာင္း မရွိဘူး "
လီပိုင္က ေသြး႐ူးေသြးတန္းျဖင့္ ေအာ္လိုက္စဥ္ လီမိသားစုမွ အႀကီးကဲမ်ားႏွင့္ ကိုယ္ရံေတာ္မ်ား ေရာက္ရွိလာၿပီး မာရွယ္ကို ေတာင္းပန္လိုက္သည္။

" ေတာင္းပန္ပါတယ္ မာရွယ္ခင္ဗ်ာ။ အစ္ကိုေလး လီပိုင္က ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္တဲ့ၾကားက လစ္ထြက္သြားၿပီး မာရွယ္တို႔ကို လာေႏွာက္ယွက္ေနတယ္။ သူ႔ကို ကြၽန္ေတာ္တို႔ ျပန္ေခၚသြားပါ့မယ္ "

ဝမ္ေဝ့က လီပိုင္ကို ေအးစက္စက္ၾကည့္ကာ ထိုလီအုပ္စုမွ လူေတြကို ေျပာလိုက္သည္။

" သူ႔ကို ေခၚသြားလိုက္။ ေနာက္ထပ္တစ္ခါ က်ဴပ္ လက္တြဲေဖာ္ကို လာေႏွာက္ယွက္ရင္ က်ဳပ္ကို အဆိုးမဆိုနဲ႔လို႔ လီက်ဳံးက်ဲကို တစ္ခါတည္းေျပာလိုက္ "

" ဟုတ္ကဲ့ပါ ခင္ဗ်ာ..အရွင္မာရွယ္ ခြင္ျပဳပါဦး... "

ထိုလူမ်ားက ေအာ္ဟစ္႐ုန္းကန္ေနသည့္ လီပိုင္ကို ေမ့ေဆးအုပ္ကာ ေခၚေဆာင္သြားခဲ့သည္။

ေမာ့ေဖးယြီက သူ႔ကို ရင္ခြင္ထဲ ထည့္ကာ တင္းက်ပ္စြာ ဖက္ထားသည့္ ဝမ္ေဝ့ကို ေမာ့ၾကည့္ကာ ေမးလိုက္သည္။

" ဘာေတြျဖစ္ေနတာလဲ...ဝမ္ေကာ ကြၽန္ေတာ့္ကို  ရွင္းျပပါ... "

ဝမ္ေဝ့က ေရွာင္ေဖးကို ဖက္ကာ ပါးျပင္ကို ဖြဖြနမ္းၿပီး ေျပာလိုက္သည္။

" မင္းေလး ေျပာခဲ့သလို ကိုယ္ တကယ္ ေျပာင္းလဲခဲ့တယ္။ မင္းကို လက္သီးနဲ႔ ထိုးမိၿပီးခ်ိန္ကစၿပီး ကိုယ္က မတူတဲ့လူတစ္ေယာက္လို ျဖစ္သြားတယ္။ ကိုယ့္စိတ္ဝိဉာဥ္က ေရွာင္ေဖး တစ္ေယာက္တည္းကိုပဲ ျမင္တယ္။ ေရွာင္ေဖး တစ္ေယာက္တည္းကိုပဲ ခ်စ္တဲ့ သူျဖစ္သြားခဲ့တယ္။  "

ေမာ့ေဖးယြီက ထိုစကားကို ၾကားၿပီးေနာက္ ႏွလုံးသား၏အနက္ရႈိင္းဆုံးမွ ေအးစက္ေနသည့္ ေရခဲတုံးက အရည္ေပ်ာ္သြားသလို ခံစားလိုက္ရသည္။

" တကယ္ ကြၽန္ေတာ္ တစ္ေယာက္တည္းကိုပဲ ခ်စ္တာလား... "

ဝမ္ေဝ့က ခိုင္မာစြာ ေခါင္းၿငိမ့္ကာ ေျပာလိုက္သည္။

 " ဟုတ္တယ္။ ေရွာင္ေဖး တစ္ေယာက္တည္းကိုပဲ ခ်စ္တယ္။ ေရွာင္ေဖးမရွိရင္ ကိုယ္လည္း မရွိႏိုင္ေလာက္ေအာင္ကို ခ်စ္တယ္ "

 "ကြၽန္ေတာ္ ေသသြားရင္ ဝမ္ေကာက တကယ္ လိုက္ေသမွာလား  "

" အင္း...ေသအတူ ရွင္မကြာ...ကိုယ္ မင္းေလးနဲ႔ အတူတူရွိေနမွာ။ ေရွာင္ေဖးသာ မရွိေတာ့ရင္ ကိုယ္ အသက္ရွင္ေနလည္း အလကားပဲ... "

ထိုစကားကို ေျပာလိုက္စဥ္ လီခ်ိန္က်ိဳး (ဝမ္ေဝ့) တစ္ေယာက္ AI ေခါင္းေဆာင္းျဖင့္ ပုံရိပ္ေယာင္ေလာကထဲ တိုးဝင္သြားသည့္ ခ်စ္ရသည့္ ေရွာင္ဖုန္း (လွ်ိဳေ႐ႊဖုန္း)ကို ျမင္ေယာင္ကာ မ်က္ရည္စီးက်လာခဲ့သည္။

" ဝမ္ေကာ...မငိုပါနဲ႔...ကြၽန္ေတာ္ အသက္ရွင္ေနဆဲပါ။ ကြၽန္ေတာ္လည္း ဝမ္ေကာကို ေသအတူ ရွင္မကြာ ရွိသြားမွာပါ "

ထိုစကားအဆုံး လီခ်ိန္က်ိဳး (ဝမ္ေဝ့) ၏ ေခါင္းထဲ System ၏ အခ်က္ျပသံကို ၾကားလိုက္ရသည္။

" ဒင္.....ဗီလိန္မွ သင့္အေပၚ အေကာင္းျမင္စိတ္ 15% တက္သြားပါၿပီ။ အခု 100% အေကာင္းျမင္စိတ္ကို ရရွိသြားလို႔ မစ္ရွင္ေအာင္ျမင္ပါၿပီ။ ေနာက္ ကမာၻကို ကူးေျပာင္းခ်င္ပါသလား။ ဆက္ေနခ်င္ပါသလား "

ထိုအသံကိုၾကားလိုက္သည့္ေနာက္ ဝမ္ေဝ့ တစ္ျဖစ္လဲ လီခ်ိန္က်ိဳးက ေပ်ာ္႐ႊင္စြာ ရယ္ေမာလိုက္မိသည္။ ေနာက္ဆုံး ေရွာင္ဖုန္း၏ အေကာင္းျမင္စိတ္ကို သူ ရခဲ့ေလၿပီ။

" ဆက္ေနမယ္... "

ထိုသို႔ေျဖၾကားၿပီးေနာက္ ဝမ္ေဝ့ တစ္ေယာက္ ခ်စ္ရသည့္ ေရွာင္ေဖးေလးကို ျပင္းျပစြာ နမ္းလိုက္မိသည္။ ေမာ့ေဖးယြီသည္လည္း ရင္ထဲမွ အထုံးေျပသြားသျဖင့္ ဝမ္ေဝ့ကို ျပန္လည္သိုင္းဖက္ကာ ဧည့္ခန္းတြင္ အနမ္းဖလွယ္လိုက္ၾကသည္။

လီပိုင္တစ္ေယာက္ ထိုေန႔မွစၿပီး ေမာ့ေဖးယြီတို႔ ေရွ႕ကို လုံးဝ ေပၚမလာေတာ့ေပ။

ဝမ္ေဝ့ႏွင့္ ေမာ့ေဖးယြီတို႔ မိသားစုက သားသမီး စုစုေပါင္း သုံးေယာက္ယူၿပီးေနာက္ သက္တမ္းေစ့ ေနထိုင္သြားၾကသည္။ ဝမ္ေဝ့၏ေက်းဇူးျဖင့္ ABO world တြက္ ကေလးေပါက္စေလးမ်ားစြာ တိုးလာၿပီး ဖယ္လ္႐ိုမုန္း အတားဆီးေၾကာင့္ ခ်စ္လ်က္ႏွင့္ မညားသည့္ အခက္ခဲကို ေက်ာ္လြားႏိုင္ခဲ့ေလၿပီ။

ဝမ္ေဝ့ႏွင့္ ေမာ့ေဖးယြီသည္ သားသမီးမ်ားႀကီးျပင္းလာခ်ိန္ လုပ္ငန္းမ်ားကို ကေလးမ်ားလက္ထဲ လြဲေျပာင္းေပးကာ ႏွစ္ေယာက္တည္း ခရီးလွည့္လည္ရင္း အိုမင္းသည္အထိ ေနထိုင္သြားခဲ့သည္။

"သြားႏွင့္ေတာ့ ေရွာင္ေဖး...ကိုယ္ မင္းကို ဘယ္ေနရာေရာက္ေရာက္ လိုက္ရွာပါ့မယ္... ၿပီးရင္ ကိုယ့္ကို ခ်စ္လာေအာင္ လုပ္မယ္...  "

ဝမ္ေဝ့သည္ ေနာက္ဆုံးထြက္သက္ရႈိက္သြားသည့္ ခ်စ္သူကို ေပြ႕ဖက္ကာ ညင္သာစြာေျပာလိုက္သည္။ ထို႔ေနာက္ ခ်စ္သူ၏ႏူတ္ခမ္းကို နမ္းရႈိက္ၿပီး နံေဘးတြင္ လွဲခ်ကာ ABO world မွ ထြက္ခြာသြားေတာ့သည္။ ဒါက သူ ေပးထားသည့္ ေသအတူ ရွင္မကြာ ဆိုသည့္ ကတိကို ေစာင့္ထိန္းျခင္းပင္ျဖစ္သည္။

Arc 4 ၿပီးပါၿပီ။

Arc – 5 က က်င့္ႀကံျခင္းေလာကျဖစ္ပါတယ္။ နတ္ဆိုးသခင္ႀကီးက အေျမာက္စာေလးကို ဘယ္လို ခ်စ္ခင္ အလိုလိုက္မလဲဆိုတာ ေစာင့္ၾကည္ျ့ကပါဦး ။

************-**************

Continue Reading

You'll Also Like

1.3M 215K 92
ဗိုလ္ခ်ဳပ္ႀကီးရဲ့ ဗန္ပိုင္းယားအိုမီဂါ The General's Vampire Omega Title - 上将的omega吸血鬼 Author - Little Baldy (秃子小贰) Translation Status - Completed ...
242K 11.5K 21
Name - ဇာတ္လိုက္အတြဲအားဖ်က္ၾကမယ္system (or) System Heartbreaker :: [Hello! ေတြ႕ရတာဝမ္းသာပါတယ္host! က်ေတာ္ကေတာ့ system Z ျဖစ္ပါတယ္...
403K 53.6K 75
ရတယ်။ ကမ္ဘာပျက်တာ သိပ်အရေးမကြီးဘူး။ ငါရှိတယ်။ ငါက မင်းရဲ့ကမ္ဘာ။
70.9K 9.5K 10
ရွာသားများက မြစ်စောင့်နတ်ထံ သတို့သမီးအဖြစ် ဆက်သရန် မိန်းမပျိုတစ်ဦးကို ရွေးချယ်ထားသည်။ ထိုမိန်းမပျိုအား ကယ်တင်ရန် လျိုချီသည် မြစ်စောင့်နတ်နန်းသို့ ကိ...