If we never met

De Nana_Phoo

2.6K 418 83

Jaeyong🖤 မှားယွင်းတဲ့Timingတစ်ခုမှာ ဆုံတွေ့ပြီးနာကျင်ရတာထက် ဘယ်သောအခါကမှ ငါတို့ကမကြုံကြိုက်ခဲ့ရင်.... ငါမင်း... Mai multe

If we never met : One
If we never met : Two
If we never met : Three
If we never met : Four
If we never met : Five
If we never met : Six
If we never met : Seven
If we never met : Eight
If we never met : Nine
If we never met : Ten
If we never met : Eleven
If we never met : Twelve
If we never met : Thirteen

If we never met : Fourteen

64 8 2
De Nana_Phoo

*Unicode*

ကျက်စပြုလာသောကွဲအက်ကြောင်း အသစ်တစ်ချို့နဲ့ သွားလာလှုပ်ရှားနေရင်း အချိန်တွေကုန်ဖို့ရာ ဆုတောင်းနေရသည်က ဒီမြေကနေပြန်လည်ထွက်ခွာချင်လို့. . ။

OOကုမ္ပဏီရဲ့CEOက ယုံးငယ်လို့သိရချိန်မှာ သူ့မှာအံ့ဩခြင်းတောင်ရှိမနေတော့။

ဂေယာမှာတွေ့ဆုံပြီးရကတည်းက OOကုမ္ပဏီကို သူသွားရတဲ့အချိန်ခဏတိုင်းမှာ သူယုံးငယ်ကိုတွေ့လာရသည်။

တစ်ပတ်အတွင်းမှာ ဆယ်ခါလောက်ကိုတွေ့ရပြီး ကံကြမ္မာက သူ့ကိုပြန်ကစားနေပြီဖြစ်ကြောင်း သူ့မှာလက်ခံရသည်။

ဂျွန်ဝူးဟျောင်းနဲ့အမြဲအတူတွေ့ရတဲ့ ယုံးငယ်ဘေးမှာတော့ ကောင်မလေးရဲ့အရိပ်အယောင်ကိုမမြင်ရပေမဲ့ ခိုးကြည့်ဖို့ရာတောင် သူ့မှာစိတ်မလုံခဲ့ရ။

အလုပ်ကိစ္စကလွဲပြီး အပိုမပြောဖြစ်ကြတော့တဲ့သူတို့ကြား အနေခက်မှုတွေကကွယ်ပျောက်လို့ သာမန်လေထုကသာရှိနေခဲ့သော်လည်း ယုံးငယ်နဲ့တွေ့ဆုံရတိုင်း သူ့မှာရင်ထဲထူးထူးဆန်းဆန်း. . ။

ပျောက်ဆုံးနေခဲ့တဲ့CEOက ရုတ်တရက်အမြဲတမ်းရှိနေခဲ့သည့်အပေါ် Dianaရဲ့တုံ့ပြန်မှုကတော့ ဆန်းကြယ်သည်။

ကလေးလေးနဲ့တူတဲ့CEOက ချစ်စရာကောင်းသလို လေးစားစရာလည်းကောင်းကြောင်းနှင့် ဘယ်သူနဲ့မှ မတူတဲ့ အရှိန်အဝါက ဝှီးချဲနဲ့ဖြစ်နေတောင် ဘယ်သူကမှ ယုံးငယ်ကိုမထိပါးရဲလောက်အောင် တောက်ပကြောင်း တွေ့ရပြီးတိုင်းပြောတတ်တဲ့Dianaစကားတွေကြောင့် သူ့မှာဘာမှမဆိုင်ဘဲ ဂုဏ်ယူစွာပြုံးခဲ့ရသည့် အခိုက်အတန့်တွေလည်းရှိခဲ့ရသည်။

ရူးသွပ်ပြီးရင်းရူးသွပ်နေရတဲ့အခြေအနေကနေ ရုန်းထွက်ဖို့ရာ အချိန်တိုင်းထပ်ထွက်ပြေးပစ်ဖို့ အစိုးရနေခဲ့သည့်သူ့စိတ်. . ။

ဂျောင်ဂျယ်ဟျွန်းက ဘယ်တုန်းကမှ သတ္တိမရှိခဲ့သလို အခုထိ. .

သတ္တိကြောင်နေခဲ့သည့် အသုံးမကျတဲ့လူတစ်ယောက်သာ။

"အဲ့CEOလေးရဲ့ခြေထောက်တွေက ဘာဖြစ်ထားတာဖြစ်မလဲ"

အခုလည်းMeetingကနေအပြန်လမ်းမှာ Dianaအတွက်စိတ်ဝင်စားစရာဖြစ်နေသည်က ယုံးငယ်သာ။

"မွေးရာပါမကောင်းတာများလား"

မွေးရာပါမဟုတ်မှန်းသိသည့်သူအတွက်လည်း သုံးနှစ်အတွင်းယုံးငယ်ဘာတွေများဖြစ်ပြီး ဘာတွေရင်ဆိုင်ခဲ့ရလည်း သိချင်သည်ကတော့အမှန်ပင်။

TY Groupရဲ့တစ်ဦးတည်းသောဆက်ခံသူက ဘယ်လိုလုပ်ပြီးများ TYနဲ့ယှဥ်လျှင် သေးငယ်လှတဲ့ဒီလိုကုမ္ပဏီအသေးလေးမှာ လာဦးစီးနေရတာဖြစ်လောက်မလဲ။

ယုံးငယ်နဲ့နီးနီးကပ်ကပ်နေခဲ့ရသည့်သူ့အတွက်တော့ TYရဲ့ဆက်ခံသူဆိုတဲ့ဂုဏ်ပုဒ်ကြောင့် ရတဲ့ဖိအားတွေလိုမျိုး အခုမြင်နေရတဲ့ယုံးငယ်ဆီမှာ မတွေ့ရတော့တာသေချာသည်။

အရင်ကထက် ပေါ့ပါးလာတဲ့ယုံးငယ်မျက်ဝန်းတွေက ယုံးငယ်ပျော်နေရတယ်ဆိုတဲ့သက်သေပင် ဖြစ်လိမ့်မည်။

သူလက်လွတ်ပေးခဲ့ရတဲ့အကျိုးက ဒီလိုမျိုးပေါ့ပါးလွတ်လပ်နေတဲ့ ယုံးငယ်ဖြစ်လာဖို့အတွက်သာဆိုရင် သူရင်ကွဲရလည်း ဘာအရေးများဖြစ်လိမ့်မလဲ။

ဝမ်းသာတာတော့မှန်ပေမဲ့လည်း နာကျင်ရတာလည်းအလိမ်အညာမှမဟုတ်တာ။

"ဂျယ်ဟျွန်း! မဟုတ်မှ!"

သူ့အတွေးတွေကိုဖြတ်တောက်နိုင်တဲ့ အလန့်တကြားအော်သံမှာ သူ့ခြေလှမ်းတွေတုန့်ခနဲ. . ။

"ဘာဖြစ်တာလဲDiana"

"မဟုတ်မှ. . CEOလေးရဲ့ခြေထောက်တွေက လုပ်ကြံမှုကြောင့်ဖြစ်လောက်မလား. ."

သူ့ရင်ထဲထိတ်ခနဲ. .။

Dianaရဲ့ခန့်မှန်းချက်ကမဖြစ်နိုင်တာတော့မဟုတ်။

ယုံးငယ်ရှိနေခဲ့သည့်နေရာက အန္တရာယ်များတဲ့နေရာတစ်ခုဆိုတာ သူမျက်မြင်တွေ့ခဲ့ရတာမလား။

တကယ်ပဲ အဲ့လိုဖြစ်ခဲ့တာဆိုရင် ယုံးငယ်က ဘယ်လိုအခြေအနေဆိုးမျိုးတွေအထိ တွေ့ကြုံခဲ့ရတာဖြစ်နိုင်လဲ။

ဘယ်လောက်ထိဆိုးရွားတာတွေဖြစ်ခဲ့ရလို့ အခုလိုပြောင်းလဲသွားသောယုံးငယ်က ဖြစ်တည်လာရသလဲ။

ဒါတွေဟာ သူသိခွင့်မရခဲ့၊ သိပိုင်ခွင့်မရှိတဲ့၊ သူနဲ့မပတ်သတ်တဲ့အရာတွေဖြစ်နေမှန်း သတိတရဖြစ်ရချိန် ထိုအတွေးတွေကို ခေါင်းခါလို့ထုတ်ပယ်ပစ်ရသည်။

ဘာကိစ္စပဲကြုံခဲ့ကြုံခဲ့ ယုံးငယ်ဘေးမှာ ယုံးငယ်ကိုအားပေးထောက်ပံ့မယ့် မိန်းကလေးကရှိနေခဲ့တာပဲမလား။

သူဘာစိတ်ပူစရာရှိလို့လဲ။

"Dianaရာ..လျှောက်မတွေးပါနဲ့ ဒီကုမ္ပဏီကလူတွေသာ သူတို့CEOကို Dianaကဒီလိုမကောင်းတဲ့ကိစ္စတွေ တွေးနေမှန်းသိရင် Dianaကုမ္ပဏီထဲကနေ ဒီခြေထောက်နှစ်ဖက်နဲ့ ကောင်းကောင်းပြန်ထွက်နိုင်မယ်လို့ ကျွန်တော်တော့မထင်ဘူးနော်"

"ဟိတ်!ဂျယ်ဟျွန်း တိုးတိုးလေ. ."

သူ့စကားကိုအတည်ထင်တဲ့Dianaက သူ့ကိုတိုးတိုးနေဖို့ လက်အမူအရာနဲ့ပြလာသည်။

ရယ်စရာပုံစံကြောင့် ရယ်ချလိုက်မိတော့ ကျောပြင်ပေါ် လက်ဝါးချက်က ဖြန်းခနဲ။

"အ့!. .Dianaကလက်ပါတယ်နော်!"

"ဘာဖြစ်လဲအဲ့တော့!"

"ဟုတ်ကဲ့ကြောက်ပါတယ်လို့!"

ရယ်ရင်းမောရင်း စရင်းနောက်ရင်းက အချိန်တိုအတွင်း သူနဲ့Dianaက သူငယ်ချင်းအရင်းတွေလို ရင်းနှီးလာလို့။

အချိန်တွေက နာကျင်ခြင်းတွေကိုကုစားနိုင်တာမဟုတ်တော့ နာကျင်ခြင်းတွေကို ဖြေလျော့ဖို့ သူကိုယ်တိုင်ပဲ စိတ်ပြေရာတွေကိုရှာဖွေလာရ. .။

. . . ။

"ဟျောင်း.. "

"ဟျောင်းရှိတယ် ပြောလေ"

ညှို့မှိုင်းနေတဲ့မျက်ဝန်းငယ်တွေက ဟိုးအရင်ထိုလူသားလေးပြိုလဲချိန်က မျက်ဝန်းတွေနဲ့ ထပ်တူကျလို့. .။

ဦးတည်ချက်မရှိ လေဟာနယ်ကိုငေးမောနေတဲ့ မျက်လုံးတွေက မကြာခင်ပြိုကျတော့မယ့်မိုးလို။

"အချစ်က ကျွန်တော့်ကိုမလိုတော့ဘူးထင်တယ်"

သူများတွေမသိတဲ့အီထယ်ယုံးရဲ့တစ်ဖက်ခြမ်းက လွန်ခဲ့တဲ့နှစ်တွေကတည်းက အတွေးများပြီး စိတ်အားငယ် ငိုကြွေးနေတတ်တာပဲဖြစ်သည်။

သန်မာတဲ့အီထယ်ယုံးထက် ဒီပုံစံကမှ သူ့ရဲ့ပုံစံအစစ်လို. .

ထုတ်ပြခွင့်မရလို့ ပုန်းလျှိုးရင်း အမှောင်ထဲငိုနေတတ်တဲ့ဒီကလေးကို ဆွဲထူပေးရင်း ဒီနေ့လိုလွတ်လပ်တဲ့ထယ်ယုံးဖြစ်အောင် သူဘယ်လောက်တောင်ကြိုးစားခဲ့ရသလဲ။

"အဲ့လိုမတွေးဖို့ဟျောင်းဘယ်နခါပြောရမလဲ မင်းအချစ်က မင်းကိုဘယ်လောက်ချစ်ခဲ့သလဲ မင်းမျက်မြင်တွေ့ခဲ့တာပဲ သူ့အချစ်ကိုမယုံဘူးလား"

"ကျွန်တော်ယုံပါတယ် ယုံကြည်ခဲ့တာမို့ ကျွန်တော့်ရွေးချယ်မှုတိုင်းကိုလည်း နောင်တမရခဲ့တာပါ. .ဒါမဲ့ အချစ်က ကျွန်တော်ရှေ့မှာပဲ ကျွန်တော်မပါဘဲ ပျော်နေတာလေဗျာ"

"မင်းကိုသတ္တိရှိဖို့ ဟျောင်းဘယ်လောက်တောင်ပြောရမလဲ. .မင်းပြခဲ့တဲ့ပုံစံနဲ့ မင်းပေးခဲ့တဲ့ဒဏ်ရာတွေကြောင့် မင်းအချစ်ကမင်းဆီ ဘယ်တော့မှသူကိုယ်တိုင်လာမှာမဟုတ်တော့ဘူးလို့. .ဘယ်လောက်ပဲမဖြစ်ခဲ့မဖြစ်ခဲ့ သူ့သိတာ မင်းကပိုင်ရှင်ရှိပြီးသားသူတစ်ယောက်လေ.. မင်းလိုချင်တာကိုရဖို့ မင်းသတ္တိရှိမှရတော့မယ်လို့ ထယ်ယုံးရဲ့"

သူပြောပြန်တော့ ဒီကလေးကမျက်ရည်ကျသည်။

"ကျွန်တော်ကြောက်တယ်ဟျောင်းရဲ့ လွန်ခဲ့တဲ့သုံးနှစ်ကလိုမျိုး ကျွန်တော့်ကို သူလှည့်မကြည့်ဘဲ ထားခဲ့မှာကြောက်တယ်"

နုနယ်တဲ့ဒီနှလုံးသားနဲ့ ကလေးကို သူဘယ်လောက်ပြောပြပေးဖို့လိုနေပြန်တာလဲ။

ငိုနေတဲ့ကလေးရှေ့ဒူးထောက်ထိုင်ချလို့ ရင်ခွင်ထဲထည့်ဖက်ကာ ချော့ရပြန်သည်။

နောက်ဆုံးတော့ပြောဆိုမိတဲ့သူကပဲ လူဆိုးဖြစ်ရပြန်တော့တာ။

သွေးသားရင်းချာဆိုလို့ ဒီညီလေးတစ်ယောက်ပဲရှိတာ။

ဒီကလေးငိုရင် သူ့မှာလည်းရင်တွေကွဲရ။

အဖေကမကောင်းတဲ့သူ့အပေါ် အမေမတူတဲ့ ဒီကလေးကသာကောင်းပြီး ချစ်ပေးခဲ့တာမလို့ သူ့မှာလည်း ဒီကလေးကိုသာပုံအောပြီး ချစ်ခဲ့ရတာ။

အမြဲတမ်းအရိပ်လိုနေပြီး စောင့်ရှောက်ပေးရတဲ့ကလေး ပြိုလဲတိုင်း သူ့မှာလည်းအပြစ်တွေနှင့်။

ဘယ်လိုမျိုး ဒီကလေးကိုအဆင်ပြေအောင် သူလုပ်ပေးရမလဲ။

အစအဆုံးဝင်ပါလို့မကောင်းလို့ ဘေးထွက်နေရင်း ပိုပြီးများဒီအချစ်ဇာတ်လမ်းထဲက ကောင်လေးတွေကို နာကျင်စေမိပြီလား လီဂျွန်ဝူးလည်းမသိတော့. . ။

"အချစ်ကလူတွေကို နာကျင်စေတာမှန်ရင်
ဘာလို့များ လူတွေက ဒီဆူးလိုအရာကို
တမ်းတမ်းဆွဲဖြစ်နေရသလဲ"

ဒီမေးခွန်းရဲ့အဖြေက
အချစ်နဲ့မှ ကျွန်တော်မှာနားလည်ရ. .
အချစ်က ဆူးအပြည့်ဆိုတောင် ကျွန်တော်မှာ
ရူးရူးမိုက်မိုက်ဖက်တွယ်ပစ်ဖို့ ဝန်မလေးခဲ့တာ
အချစ်သိဖို့ကောင်းပါရဲ့. .။

..........။..........

*Zawgyi*

က်က္စျပဳလာေသာကြဲအက္ေၾကာင္း အသစ္တစ္ခ်ိဳ႕နဲ႕ သြားလာလႈပ္ရွားေနရင္း အခ်ိန္ေတြကုန္ဖို႔ရာ ဆုေတာင္းေနရသည္က ဒီေျမကေနျပန္လည္ထြက္ခြာခ်င္လို႔. . ။

OOကုမၸဏီရဲ႕CEOက ယုံးငယ္လို႔သိရခ်ိန္မွာ သူ႕မွာအံ့ဩျခင္းေတာင္ရွိမေနေတာ့။

ေဂယာမွာေတြ႕ဆုံၿပီးရကတည္းက OOကုမၸဏီကို သူသြားရတဲ့အခ်ိန္ခဏတိုင္းမွာ သူယုံးငယ္ကိုေတြ႕လာရသည္။

တစ္ပတ္အတြင္းမွာ ဆယ္ခါေလာက္ကိုေတြ႕ရၿပီး ကံၾကမၼာက သူ႕ကိုျပန္ကစားေနၿပီျဖစ္ေၾကာင္း သူ႕မွာလက္ခံရသည္။

ဂြၽန္ဝူးေဟ်ာင္းနဲ႕အၿမဲအတူေတြ႕ရတဲ့ ယုံးငယ္ေဘးမွာေတာ့ ေကာင္မေလးရဲ႕အရိပ္အေယာင္ကိုမျမင္ရေပမဲ့ ခိုးၾကည့္ဖို႔ရာေတာင္ သူ႕မွာစိတ္မလုံခဲ့ရ။

အလုပ္ကိစၥကလြဲၿပီး အပိုမေျပာျဖစ္ၾကေတာ့တဲ့သူတို႔ၾကား အေနခက္မႈေတြကကြယ္ေပ်ာက္လို႔ သာမန္ေလထုကသာရွိေနခဲ့ေသာ္လည္း ယုံးငယ္နဲ႕ေတြ႕ဆုံရတိုင္း သူ႕မွာရင္ထဲထူးထူးဆန္းဆန္း. . ။

ေပ်ာက္ဆုံးေနခဲ့တဲ့CEOက ႐ုတ္တရက္အၿမဲတမ္းရွိေနခဲ့သည့္အေပၚ Dianaရဲ႕တုံ႕ျပန္မႈကေတာ့ ဆန္းၾကယ္သည္။

ကေလးေလးနဲ႕တူတဲ့CEOက ခ်စ္စရာေကာင္းသလို ေလးစားစရာလည္းေကာင္းေၾကာင္းႏွင့္ ဘယ္သူနဲ႕မွ မတူတဲ့ အရွိန္အဝါက ဝွီးခ်ဲနဲ႕ျဖစ္ေနေတာင္ ဘယ္သူကမွ ယုံးငယ္ကိုမထိပါးရဲေလာက္ေအာင္ ေတာက္ပေၾကာင္း ေတြ႕ရၿပီးတိုင္းေျပာတတ္တဲ့Dianaစကားေတြေၾကာင့္ သူ႕မွာဘာမွမဆိုင္ဘဲ ဂုဏ္ယူစြာၿပဳံးခဲ့ရသည့္ အခိုက္အတန့္ေတြလည္းရွိခဲ့ရသည္။

႐ူးသြပ္ၿပီးရင္း႐ူးသြပ္ေနရတဲ့အေျခအေနကေန ႐ုန္းထြက္ဖို႔ရာ အခ်ိန္တိုင္းထပ္ထြက္ေျပးပစ္ဖို႔ အစိုးရေနခဲ့သည့္သူ႕စိတ္. . ။

ေဂ်ာင္ဂ်ယ္ဟြၽန္းက ဘယ္တုန္းကမွ သတၱိမရွိခဲ့သလို အခုထိ. .

သတၱိေၾကာင္ေနခဲ့သည့္ အသုံးမက်တဲ့လူတစ္ေယာက္သာ။

"အဲ့CEOေလးရဲ႕ေျခေထာက္ေတြက ဘာျဖစ္ထားတာျဖစ္မလဲ"

အခုလည္းMeetingကေနအျပန္လမ္းမွာ Dianaအတြက္စိတ္ဝင္စားစရာျဖစ္ေနသည္က ယုံးငယ္သာ။

"ေမြးရာပါမေကာင္းတာမ်ားလား"

ေမြးရာပါမဟုတ္မွန္းသိသည့္သူအတြက္လည္း သုံးႏွစ္အတြင္းယုံးငယ္ဘာေတြမ်ားျဖစ္ၿပီး ဘာေတြရင္ဆိုင္ခဲ့ရလည္း သိခ်င္သည္ကေတာ့အမွန္ပင္။

TY Groupရဲ႕တစ္ဦးတည္းေသာဆက္ခံသူက ဘယ္လိုလုပ္ၿပီးမ်ား TYနဲ႕ယွဥ္လွ်င္ ေသးငယ္လွတဲ့ဒီလိုကုမၸဏီအေသးေလးမွာ လာဦးစီးေနရတာျဖစ္ေလာက္မလဲ။

ယုံးငယ္နဲ႕နီးနီးကပ္ကပ္ေနခဲ့ရသည့္သူ႕အတြက္ေတာ့ TYရဲ႕ဆက္ခံသူဆိုတဲ့ဂုဏ္ပုဒ္ေၾကာင့္ ရတဲ့ဖိအားေတြလိုမ်ိဳး အခုျမင္ေနရတဲ့ယုံးငယ္ဆီမွာ မေတြ႕ရေတာ့တာေသခ်ာသည္။

အရင္ကထက္ ေပါ့ပါးလာတဲ့ယုံးငယ္မ်က္ဝန္းေတြက ယုံးငယ္ေပ်ာ္ေနရတယ္ဆိုတဲ့သက္ေသပင္ ျဖစ္လိမ့္မည္။

သူလက္လြတ္ေပးခဲ့ရတဲ့အက်ိဳးက ဒီလိုမ်ိဳးေပါ့ပါးလြတ္လပ္ေနတဲ့ ယုံးငယ္ျဖစ္လာဖို႔အတြက္သာဆိုရင္ သူရင္ကြဲရလည္း ဘာအေရးမ်ားျဖစ္လိမ့္မလဲ။

ဝမ္းသာတာေတာ့မွန္ေပမဲ့လည္း နာက်င္ရတာလည္းအလိမ္အညာမွမဟုတ္တာ။

"ဂ်ယ္ဟြၽန္း! မဟုတ္မွ!"

သူ႕အေတြးေတြကိုျဖတ္ေတာက္နိုင္တဲ့ အလန့္တၾကားေအာ္သံမွာ သူ႕ေျခလွမ္းေတြတုန့္ခနဲ. . ။

"ဘာျဖစ္တာလဲDiana"

"မဟုတ္မွ. . CEOေလးရဲ႕ေျခေထာက္ေတြက လုပ္ႀကံမႈေၾကာင့္ျဖစ္ေလာက္မလား. ."

သူ႕ရင္ထဲထိတ္ခနဲ. .။

Dianaရဲ႕ခန့္မွန္းခ်က္ကမျဖစ္နိုင္တာေတာ့မဟုတ္။

ယုံးငယ္ရွိေနခဲ့သည့္ေနရာက အႏၲရာယ္မ်ားတဲ့ေနရာတစ္ခုဆိုတာ သူမ်က္ျမင္ေတြ႕ခဲ့ရတာမလား။

တကယ္ပဲ အဲ့လိုျဖစ္ခဲ့တာဆိုရင္ ယုံးငယ္က ဘယ္လိုအေျခအေနဆိုးမ်ိဳးေတြအထိ ေတြ႕ႀကဳံခဲ့ရတာျဖစ္နိုင္လဲ။

ဘယ္ေလာက္ထိဆိုး႐ြားတာေတြျဖစ္ခဲ့ရလို႔ အခုလိုေျပာင္းလဲသြားေသာယုံးငယ္က ျဖစ္တည္လာရသလဲ။

ဒါေတြဟာ သူသိခြင့္မရခဲ့၊ သိပိုင္ခြင့္မရွိတဲ့၊ သူနဲ႕မပတ္သတ္တဲ့အရာေတြျဖစ္ေနမွန္း သတိတရျဖစ္ရခ်ိန္ ထိုအေတြးေတြကို ေခါင္းခါလို႔ထုတ္ပယ္ပစ္ရသည္။

ဘာကိစၥပဲႀကဳံခဲ့ႀကဳံခဲ့ ယုံးငယ္ေဘးမွာ ယုံးငယ္ကိုအားေပးေထာက္ပံ့မယ့္ မိန္းကေလးကရွိေနခဲ့တာပဲမလား။

သူဘာစိတ္ပူစရာရွိလို႔လဲ။

"Dianaရာ..ေလွ်ာက္မေတြးပါနဲ႕ ဒီကုမၸဏီကလူေတြသာ သူတို႔CEOကို Dianaကဒီလိုမေကာင္းတဲ့ကိစၥေတြ ေတြးေနမွန္းသိရင္ Dianaကုမၸဏီထဲကေန ဒီေျခေထာက္ႏွစ္ဖက္နဲ႕ ေကာင္းေကာင္းျပန္ထြက္နိုင္မယ္လို႔ ကြၽန္ေတာ္ေတာ့မထင္ဘူးေနာ္"

"ဟိတ္!ဂ်ယ္ဟြၽန္း တိုးတိုးေလ. ."

သူ႕စကားကိုအတည္ထင္တဲ့Dianaက သူ႕ကိုတိုးတိုးေနဖို႔ လက္အမူအရာနဲ႕ျပလာသည္။

ရယ္စရာပုံစံေၾကာင့္ ရယ္ခ်လိဳက္မိေတာ့ ေက်ာျပင္ေပၚ လက္ဝါးခ်က္က ျဖန္းခနဲ။

"အ့!. .Dianaကလက္ပါတယ္ေနာ္!"

"ဘာျဖစ္လဲအဲ့ေတာ့!"

"ဟုတ္ကဲ့ေၾကာက္ပါတယ္လို႔!"

ရယ္ရင္းေမာရင္း စရင္းေနာက္ရင္းက အခ်ိန္တိုအတြင္း သူနဲ႕Dianaက သူငယ္ခ်င္းအရင္းေတြလို ရင္းႏွီးလာလို႔။

အခ်ိန္ေတြက နာက်င္ျခင္းေတြကိုကုစားနိုင္တာမဟုတ္ေတာ့ နာက်င္ျခင္းေတြကို ေျဖေလ်ာ့ဖို႔ သူကိုယ္တိုင္ပဲ စိတ္ေျပရာေတြကိုရွာေဖြလာရ. .။

. . . ။

"ေဟ်ာင္း.. "

"ေဟ်ာင္းရွိတယ္ ေျပာေလ"

ညွို႔မွိုင္းေနတဲ့မ်က္ဝန္းငယ္ေတြက ဟိုးအရင္ထိုလူသားေလးၿပိဳလဲခ်ိန္က မ်က္ဝန္းေတြနဲ႕ ထပ္တူက်လိဳ႕. .။

ဦးတည္ခ်က္မရွိ ေလဟာနယ္ကိုေငးေမာေနတဲ့ မ်က္လုံးေတြက မၾကာခင္ၿပိဳက်ေတာ့မယ့္မိုးလို။

"အခ်စ္က ကြၽန္ေတာ့္ကိုမလိုေတာ့ဘူးထင္တယ္"

သူမ်ားေတြမသိတဲ့အီထယ္ယုံးရဲ႕တစ္ဖက္ျခမ္းက လြန္ခဲ့တဲ့ႏွစ္ေတြကတည္းက အေတြးမ်ားၿပီး စိတ္အားငယ္ ငိုေႂကြးေနတတ္တာပဲျဖစ္သည္။

သန္မာတဲ့အီထယ္ယုံးထက္ ဒီပုံစံကမွ သူ႕ရဲ႕ပုံစံအစစ္လို. .

ထုတ္ျပခြင့္မရလို႔ ပုန္းလွ်ိုးရင္း အေမွာင္ထဲငိုေနတတ္တဲ့ဒီကေလးကို ဆြဲထူေပးရင္း ဒီေန႕လိုလြတ္လပ္တဲ့ထယ္ယုံးျဖစ္ေအာင္ သူဘယ္ေလာက္ေတာင္ႀကိဳးစားခဲ့ရသလဲ။

"အဲ့လိုမေတြးဖို႔ေဟ်ာင္းဘယ္နခါေျပာရမလဲ မင္းအခ်စ္က မင္းကိုဘယ္ေလာက္ခ်စ္ခဲ့သလဲ မင္းမ်က္ျမင္ေတြ႕ခဲ့တာပဲ သူ႕အခ်စ္ကိုမယုံဘူးလား"

"ကြၽန္ေတာ္ယုံပါတယ္ ယုံၾကည္ခဲ့တာမို႔ ကြၽန္ေတာ့္ေ႐ြးခ်ယ္မႈတိုင္းကိုလည္း ေနာင္တမရခဲ့တာပါ. .ဒါမဲ့ အခ်စ္က ကြၽန္ေတာ္ေရွ႕မွာပဲ ကြၽန္ေတာ္မပါဘဲ ေပ်ာ္ေနတာေလဗ်ာ"

"မင္းကိုသတၱိရွိဖို႔ ေဟ်ာင္းဘယ္ေလာက္ေတာင္ေျပာရမလဲ. .မင္းျပခဲ့တဲ့ပုံစံနဲ႕ မင္းေပးခဲ့တဲ့ဒဏ္ရာေတြေၾကာင့္ မင္းအခ်စ္ကမင္းဆီ ဘယ္ေတာ့မွသူကိုယ္တိုင္လာမွာမဟုတ္ေတာ့ဘူးလို႔. .ဘယ္ေလာက္ပဲမျဖစ္ခဲ့မျဖစ္ခဲ့ သူ႕သိတာ မင္းကပိုင္ရွင္ရွိၿပီးသားသူတစ္ေယာက္ေလ.. မင္းလိုခ်င္တာကိုရဖို႔ မင္းသတၱိရွိမွရေတာ့မယ္လို႔ ထယ္ယုံးရဲ႕"

သူေျပာျပန္ေတာ့ ဒီကေလးကမ်က္ရည္က်သည္။

"ကြၽန္ေတာ္ေၾကာက္တယ္ေဟ်ာင္းရဲ႕ လြန္ခဲ့တဲ့သုံးႏွစ္ကလိုမ်ိဳး ကြၽန္ေတာ့္ကို သူလွည့္မၾကည့္ဘဲ ထားခဲ့မွာေၾကာက္တယ္"

ႏုနယ္တဲ့ဒီႏွလုံးသားနဲ႕ ကေလးကို သူဘယ္ေလာက္ေျပာျပေပးဖို႔လိုေနျပန္တာလဲ။

ငိုေနတဲ့ကေလးေရွ႕ဒူးေထာက္ထိုင္ခ်လိဳ႕ ရင္ခြင္ထဲထည့္ဖက္ကာ ေခ်ာ့ရျပန္သည္။

ေနာက္ဆုံးေတာ့ေျပာဆိုမိတဲ့သူကပဲ လူဆိုးျဖစ္ရျပန္ေတာ့တာ။

ေသြးသားရင္းခ်ာဆိုလို႔ ဒီညီေလးတစ္ေယာက္ပဲရွိတာ။

ဒီကေလးငိုရင္ သူ႕မွာလည္းရင္ေတြကြဲရ။

အေဖကမေကာင္းတဲ့သူ႕အေပၚ အေမမတူတဲ့ ဒီကေလးကသာေကာင္းၿပီး ခ်စ္ေပးခဲ့တာမလို႔ သူ႕မွာလည္း ဒီကေလးကိုသာပုံေအာၿပီး ခ်စ္ခဲ့ရတာ။

အၿမဲတမ္းအရိပ္လိုေနၿပီး ေစာင့္ေရွာက္ေပးရတဲ့ကေလး ၿပိဳလဲတိုင္း သူ႕မွာလည္းအျပစ္ေတြႏွင့္။

ဘယ္လိုမ်ိဳး ဒီကေလးကိုအဆင္ေျပေအာင္ သူလုပ္ေပးရမလဲ။

အစအဆုံးဝင္ပါလို႔မေကာင္းလို႔ ေဘးထြက္ေနရင္း ပိုၿပီးမ်ားဒီအခ်စ္ဇာတ္လမ္းထဲက ေကာင္ေလးေတြကို နာက်င္ေစမိၿပီလား လီဂြၽန္ဝူးလည္းမသိေတာ့. . ။

"အခ်စ္ကလူေတြကို နာက်င္ေစတာမွန္ရင္
ဘာလို႔မ်ား လူေတြက ဒီဆူးလိုအရာကို
တမ္းတမ္းဆြဲျဖစ္ေနရသလဲ"

ဒီေမးခြန္းရဲ႕အေျဖက
အခ်စ္နဲ႕မွ ကြၽန္ေတာ္မွာနားလည္ရ. .
အခ်စ္က ဆူးအျပည့္ဆိုေတာင္ ကြၽန္ေတာ္မွာ
႐ူး႐ူးမိုက္မိုက္ဖက္တြယ္ပစ္ဖို႔ ဝန္မေလးခဲ့တာ
အခ်စ္သိဖို႔ေကာင္းပါရဲ႕. .။

..........။..........

Continuă lectura

O să-ți placă și

664K 33.5K 61
A Story of a cute naughty prince who called himself Mr Taetae got Married to a Handsome yet Cold King Jeon Jungkook. The Union of Two totally differe...
1.8M 60.5K 73
In which the reader from our universe gets added to the UA staff chat For reasons the humor will be the same in both dimensions Dark Humor- Read at...
607K 9.4K 87
A text story set place in the golden trio era! You are the it girl of Slytherin, the glue holding your deranged friend group together, the girl no...