Alpha Predator 《顶级掠食者》Myanmar...

RileyXin_28

393K 39.9K 3.3K

Title - 《顶级掠食者》 Title in English -《Alpha Predator》 Author - ShuiQianCheng [水千丞] Status- Ongoing No. of chapt... Еще

Riley has something to say
Synopsis
Chapter (1) အကြွေးနွံကလွတ်မြောက်ပြီ
Chapter (2) S အဆင့် Alpha နှင့် တွေ့ဆုံခြင်း
Chapter (3) စာချုပ်စာတမ်းခြံရံပါသော လက်ထပ်မင်္ဂလာ
Chapter (4) "တကယ်ပဲ ဘာတောင်းဆိုစရာမှမရှိဘူးလား"
Chapter (5) သူတို့ရဲ့ နောက်ထပ် နာမတော်တစ်မျိုးက... သတ္တလောကကို မင်းမူသူဆိုရဲ့
Chapter (6) ဤသည်ကား S အဆင့် Alpha တို့၏ စွမ်းနိုင်ရည်လေလော
Chapter (7) မင်းလည်းပဲ Omega တစ်ယောက်သာပဲလေ
Chapter (8) အိမ်မှာလက်ဆုံစားဖြစ်တဲ့ ညစာတစ်နှပ်
Chapter (9) "အစ်ကိုက နည်းနည်းတော့... စိတ်ဝင်စားဖို့ကောင်းသားပဲ"
Chapter (10) သူ တကယ်ကို မနှစ်မြို့မိ
Chapter (11) သူ စိတ်မကောင်းမဖြစ်မိပါဘူး
Chapter (12) အိမ်ပြန်နောက်ကျစေသော ညဆိုင်းအချိန်ပိုတို့
Chapter (13) ချွီကတော်နှင့် တွေ့ဆုံခြင်း
Chapter (14) အခန်းတစ်ခုအတွင်း S အဆင့် Alpha သုံးဦး တည်ရှိသောအခါဝယ်
Chapter (15) ချွီမော့ယွီတစ်ဦးတည်းသာလျှင် သူ့အား ကယ်တင်နိုင်မည်
Chapter (16) အသိစိတ်နှင့်မာနတရားတို့ ခါးဝတ်ပုဆိုး မမြဲနိုင်လေသော အခြေအနေ
Chapter (17) စိတ်ကူးမိဖူးပါသော ပုံရိပ်ယောင်အတိုင်းအတာတို့ထက် ကျော်လွန်၍
Chapter (18) ရှက်ဖွယ်လိလိ
Chapter (19) "ကျွန်တော်ကတော့ သိပ်နေသားမကျလို့ဖြစ်မယ်ထင်"
Chapter (20) ပြန်စာ ဘယ်ဆီမှာ
Chapter (21) အတင်းအဖျင်း
Chapter (22) ကျွန်တော်တို့ကြားမှ အကွာအဝေး
Chapter (23) ရင်ထဲဖြစ်ရသည့်ခံစားချက်ဟာ အမျိုးအမည်မသိ
Chapter (24) ငါ့Omegaကိုယ်ပေါ်မှာ အခြားAlphaကောင်ရဲ့အနံ့တွေ ကပ်ပါလာတယ်
Chapter (25) စိတ်ထဲထောင်းခနဲ
Chapter (26) တန်း
Chapter (27) ချိန်းတွေ့ကြမယ်
Chapter (28) ထိပ်တန်းအဆင့် Alpha များတွင် ခံစားချက်ဟူသည်ကား နတ္တိ
Chapter (29) လုပ်ရပ်တွေလိုပြီ
Chapter (30) ခင်ဗျားနဲ့မတူစေရပါဘူး
Chapter (31) လူတစ်ယောက်ကို သဘောကျမိတဲ့အခါ
Chapter (32) ပျားရည်တဲ့ဆမ်းမည်လော
Chapter (33) ပိုလှတဲ့ မနက်ဖြန်
တစ်စုံတစ်ယောက်ကို စုံမက်မိတာကွယ်၊ ဘယ်လိုများရယ် မျှော်လင့်ချက်မထားဘဲ နေနိုင်မယ်
Chapter (36) အသည်းညှာတစ်ခုလုံး သိမ့်သိမ့်တုန်လွန်း
Chapter (37) နားဝင်ပီယံ ချစ်တေးသံ
Chapter (38) အပြန်အလှန် ဖေးမပါလို့
Chapter (39) အားသိုက်လို့...
Chapter (40) အားနည်းချက်ဟူသည် ရှိစမြဲ

Chapter (35) Pheromone အဆင့်ဟူသည်

4.3K 534 18
RileyXin_28


[Unicode]

Chapter 35

Pheromone အဆင့်ဟူသည်

နှစ်ကုန်ခါနီးမှ ရုံးဖွင့်ရက်ကျန်သလောက်လေးအတွင်းအမှီ ကုမ္ပဏီပိုင်ဆိုင်မှု အမည်ပေါက်လွှဲပြောင်းမှုကိစ္စ အပြီးသတ်နိုင်ဖို့ ရှန်သိုက် ရှေ့နေအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရသည်။ ရှေ့နေကြီးကတော့ လုပ်ငန်းပေါင်းသည့်အပိုင်း အလုံးစုံ ပြီးစီးနိုင်ဖို့အတွက်က အဆင့်ဆင့်တွေများစွာကျန်ရှိသေးသည်ဟု ဆိုသော်လည်း ရှန်သိုက်အမြင်မှာတော့ အခုကိုလည်း အတော်လေး ခရီးပေါက်လှသည်ဟု ထင်မိသည်။ အဘယ့်ကြောင့်ဆိုသော် နဂို သဘောတူစာချုပ်တွင် ဒီလက်ထပ်မှုဟာ ငါးနှစ်ထက်မပိုသည့် ကာလအကန့်အသတ်ဖြင့် ထည့်ချုပ်ထားသည်ကြောင့် သူလည်းပဲ နှစ်အနည်းငယ်တော့ ကြာလောက်လိမ့်မည်ဟု ခန့်မှန်းထားဖြစ်ခဲ့ပေမဲ့ အခုကြည့်ရသလောက်တော့ နောက်နှစ်လောက်ထဲတွင်ပင် အပြီးသတ်နိုင်ချေရှိ၏။ အဲဒီအခါကျရင် ဒီ အိမ်ထောင်ရေးပတ်သက်မှုဟာ ရှေ့ဆက်ရန် လိုအပ်ခြင်းမရှိတော့ပေ။ ချွီမော့ယွီဘက်မှ ပြတ်စဲရန်သာ လိုအပ်ပေသည်။

ဒီအတွက်ကို ရင်ထဲထည့် သောကရောက်နေလို့လည်း အလကားဆိုတာကို သိလင့်ကစား ချွီမော့ယွီ သူ့ကို ပြန်ကြိုက်လာအောင်လုပ်လိုသေးပြန်သည်။ "ရတဲ့အချိန်လေးက နှမ်းစေ့၊ လုပ်ရမည့်အရာက ပုတ်လောက်"ဆိုတော့ ရောင်နီကတော့ အလှမ်းဝေးစွ။

လပြက္ခဒိန်၏ ဒွာဒဿမမြောက်လ၊ နှစ်ဆယ့်ကိုးရက်နေ့တွင် ရှန်သိုက် အိမ်သို့ပြန်ခဲ့ပြီး အဘွားနှင့် ညစာအတူတူစားဖြစ်ကြသည်။ သူ တောင်အာဖရိကသို့ အလုပ်ခရီးထွက်ရရန်ရှိသည်ကြောင့် နှစ်ကူးကို အိမ်မှာ အတူမရှိနိုင်ကြောင်း ပြောပြလိုက်သည်။ ဒီစကားဟာ မုသားတစ်ဝက် အမှန်တစ်ဝက်ပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် နှစ်ကူးအတွက် ချွီအိမ်တော်ဆီ သွားရမည်လို့တော့ ပြောမဖြစ်ပေဘူးလေ။

စားသောက်ပြီးနောက် ရှန်ချင် ပန်းကန်ဆေးနေတဲ့အချိန်ကို ရှန်သိုက် မီးဖိုချောင်ထဲ ဝင်သွားလိုက်ပြီး "အခုလေးတင်ပဲ ကျွန်တော် ပိုက်ဆံလွှဲပေးထားတယ်။ နှစ်ကူးအတောအတွင်းမှာ အရသာရှိတာတွေ ပိုစားကြပေါ့။ ဒီတစ်ခါ အလုပ်ကိစ္စခရီးထွက်ရမှာက ဆယ်ရက်လောက် အနည်းဆုံး ကြာမယ်။ ဆိုတော့ သေချာလေး ဂရုစိုက်ပေးပါ။ သားတစ်ယောက် တာဝန်ကျေကျေနဲ့။ ဆေးရုံကိစ္စ ဟိုဟိုဒီဒီ ပြန်စစ်ပြန်ပြဖို့ခေါ်ထားတာတွေလည်း မမေ့နဲ့ဦးနော်။ အဘွား တစ်ခုခုလိုတယ်ဆို အချိန်မရွေး အသိပေးပါ"

"စိတ်မပူပါနဲ့" ဆက်၍ ရှန်ချင်က ရှန်သိုက်အား တစ်ချက် ဝေ့ကြည့်၍ လေသံငယ်ငယ်ဖြင့် "အခုထိ ပါပါးလို့ မခေါ်သေးဘူးပဲ"

ရှန်သိုက်က စကားကိုတဲ့ပြန်မဖြေဘဲ ထပ်ဖြည့်ပြီး မှာသည် "ကျွန်တော့်ကိစ္စတွေ သိပ်မစူးစမ်းဖို့ မျှော်လင့်တယ်။ ကျွန်တော် ကိုယ့်ဘဝကိုယ် ကိုင်တွယ်နိုင်ပါတယ်။ အဘွားအတွက်သာ ဂရုစိုက်ပေးပါ။ ခင်ဗျားကို အိုဇာတာကောင်းအောင် ထားပေးမှာပါ၊ ဒါပေမဲ့ ကျွန်တော်တို့ကြားမှာ ဘာဆက်ဆံရေး ဘာပတ်သက်မှုမှာတော့ မရှိတော့ဘူး"

ရှန်ချင်က ပန်းကန်ဆေးနေတာကိုရပ်၍ ရှန်သိုက်အား မျက်တောင်မခတ် တွေကြည့်လာသည်။ ဗာဒံစေ့မျက်ဝန်းအိမ်လှလှများဟာ တဖြည်းဖြည်း နီမြန်းလာလျက် "တက်နိုင်မယ်သာဆို ပါပါးက မင်းအပေါ် ကောင်းကောင်းဆက်ဆံပေးချင်တာပါပဲ။ ကမ္ဘာပေါ်မှာရှိတဲ့ ကောင်းပေ့ဆိုတဲ့အရာတွေကိုချည်း ပေးချင်မိတာပါ"

ရှန်သိုက် ခေါင်းအသာခါမိ၏။ မထိပါလေ ဒီရင်ထဲ... "ကျွန်တော် ခင်ဗျားဆီက ဘာမှမမျှော်လင့်တော့တာ ကြာပါပြီ။ ဒါပေမဲ့ အနည်းဆုံးတော့ ကျွန်တော် ခင်ဗျားကို မမုန်းပါဘူး၊ ကျွန်တော်တို့ကို ပြဿနာထပ်မပေးသရွေ့ပေါ့"

သူ ရှန်ချင်ရဲ့စကားကို ယုံပါသည်။ ရှန်ချင်သာ ငွေကြေးလျှံလန်နေမည်ဆိုလျှင် သူတို့အပေါ် တိုရေရှားရေ ရှိလိမ့်မည်မဟုတ်ပါ။ သူ ငယ်ငယ်တုန်းကဆိုလည်း ရှန်ချင်ဝယ်ပေးသော တန်ဖိုးကြီး အရုပ်များ အဝတ်အစားများကို လက်ခံရလေ့ရှိသည်။ သို့သေည် ရှန်ချင်သည် သူ့ကိုယ်သူ အရာအားလုံးထက် ပိုချစ်ပါသူ။ သူ့တွင်ပြည့်မှသာ လျှံမည်ဖြစ်၏။ ဘဝရဲ့ရွေးချယ်မှုတိုင်းတွင် အတ္တကိုသာ ရှေ့တန်းတင်စမြဲ။ သွေးသားရင်းချာအပေါ် ထိခိုက်နစ်နာစေမည်ဆိုရင်တောင် ဒီလူရဲ့ ရွေးချယ်မှုဟာ အစဥ် သူ့ကိုယ်သူသာ။

ရှန်ချင့်ရဲ့ ရင်ထဲတွင် သူဟာ အဖိုးတန်သားတစ်ယောက်မဟုတ်ပါ၊ အကြွင်းမဲ့ချစ်ခြင်းတို့ ပေးလောက်စရာ ရှုမဝလည်းမတွင်ပါ။ သူဆိုတဲ့ ဖြစ်တည်မှု၏ အမြင့်ဆုံးတန်ဖိုးသည် ယိုရှင်းဟိုင်ဆီမှ အချစ်သော်လည်းကောင်း ငွေကြေးသော်လည်းကောင်းကို အကျပ်ကိုင်စရာအဖြစ်သာ။ အသုံးချရခက်လာတဲ့အခါမှာတော့ ဝန်ပိုပစ္စည်းကို အဘိုးတို့အဘွားတို့ဆီမှာ ပစ်သွားခဲ့လေ၏။

သူ ရှန်ချင့်အပေါ် မုန်းမမုန်းတွေ ခွင့်လွှတ်မလွှတ်တွေကို ခေါင်းထဲရှိမိမနေတော့။ သူတို့ကြားမှ တစ်ခုတည်းသော ကျန်ရှိသည်ဟာ မိသားစုအပေါ်ဝိုင်းဝန်းဖို့ တာဝန်များသာ။

နှစ်ကူးအကြိုနေ့တွင်တော့ လောင်ဝူက သူနှင့် ချွီမော့ယွီကို ချွီအိမ်တော်၏ ဥသျှောင် အားမွေးကွန်းခိုရာ တောင်ပေါ်ဆီသို့ ပို့ဆောင်ပေးသည်။

လမ်းတွင် ရှန်သိုက်မှာ ချွီမိသားစု၏ မိသားစုဖွဲ့စည်းပုံကို အကြမ်းဖျင်းလောက် သိလိုက်ရသည်။ ဘိုးဘိုးချွီတွင် Alpha သားနှစ်ယောက်၊ Beta သမီးတစ်ယောက်နှင့် Omega သားတစ်ယောက်တို့ရှိ၏။ Beta နှင့် Omega တို့ဟာ မိသားစုစီးပွားရေးကို အမွေဆက်ခံရန် အရည်အချင်းပြည့်မှီချင်းမရှိပေ။ သူတို့က ဟိုးအရင်တည်းက အိမ်ထောင်ကိုယ်စီနှင့် အသီးသီးခွဲထွက်နှင့်ကြပြီးဖြစ်သည်။ ဒီနှစ်မှာမှ ဆရာဝန်၏ ခန့်မှန်းချက်အရ ဘိုးဘိုးချွီအတွက် နောက်ဆုံး နွေဦးပွဲတော်ဖြစ်နိုင်လောက်သည်ဖြစ်တာကြောင့် မိသားစုအားလုံး ပြန်ဆုံကြခြင်းဖြစ်သည်။

ချွီမော့ယွီက တစ်ခုခုတွေးမိသွားပြီး ပြုံးသည် "ပြောရရင် ဒီနှစ်တော့ မင်းကြောင့် မြေးအနေနဲ့ဆို ကိုယ်ကအရင်ဆုံး လူကြီးတွေကို ရေနွေးငှဲ့ပေးခွင့်ရတော့မယ်"

ရှန်သိုက်က သူ့ကို နားဝေတိမ်တောင်နှင့် ပြန်ကြည့်သည်။

"ကိုယ့်ဘကြီးက သားအကြီးဆုံးလေ။ သူပဲအမြဲ ဦးဆုံးအနေနဲ့ ရေနွေးငှဲ့ပေးရတာ။ အဲ့တာကို တဆက်တည်းဆိုပြီး သူ့ကလေးတွေကိုပါ သူနဲ့အတူတစ်ခါတည်းခေါ်ပြီး ရေနွေးလိုက်ငှဲ့ပေးတာ။ ကိုယ့်မိဘတွေနဲ့ ကိုယ်က ဒုတိယနေရာကပဲဖြစ်နေတာ။ ပြီးတော့လည်း ကိုယ်က မြေးအကြီးဆုံးမဟုတ်ဘူးလေ။ ဒါပေမဲ့ အခုတော့ သားတွေပြီးရင် ကိုယ်တို့က ပထမဆုံးဖြစ်ပြီ"

ရှန်သိုက်မှာ သူပြောတာနားထောင်ပြီး နည်းနည်းမူးသွားရသည်။ ယနေ့ခေတ်ကာလမှ ဒီလိုအထက်တန်းလွှာမိသားစုအတွင်း ဒီလောက်ထိ မြေရှင်ပဒေဿရာဇ်ခေတ်ကလို ရှေးရိုးဆန်စနစ်ကြီးနဲ့ရှိနေမည်ဟု တွေးကြည့်လို့တောင်မရ။ ပြီးတော့လည်း ချွီမော့ယွီတစ်ယောက်က ဒီလိုနေရာမှာတောင် ချွီချန်းချန်နှင့် ယှဥ်ပြိုင်ဖို့ မာန်အပြည့်နှင့် ထက်သန်စွာရှိနေပေ၏။ သူတကယ်ကို နားမလည်နိုင်တော့။

သူ မေးမိ၏ "ချွီချန်းချန်က မော့ယွီကို အစ်ကိုလို့ခေါ်တာမဟုတ်လား။ မော့ယွီက မြေးအကြီးဆုံးမဟုတ်ဘူးလား"

"မဟုတ်ဘူး၊ မဟုတ်ဘူး။ ကိုယ်တို့မှာ Alpha အစ်မတစ်ယောက်ရှိသေးတယ်"

"ကျွန်တော် တစ်ခါမှတောင် မကြားဖူးဘူး"

Alpha မြေးကြီးတစ်ယောက်သာရှိသည်ဆို လက်ရှိမှာ ရှင်းကျိုးရဲ့ အရေးပါတဲ့ရာထူးတစ်နေရာရာမှာ ရှိနေမှာပင်။ ရှင်းကျိုးရဲ့ လုပ်သက်ရင့် ဝန်ထမ်းတစ်ယောက်အနေနှင့် သူ ဘယ်လိုဖြစ်လို့ ဒီလိုလူရှိကြောင်းကို တစ်ခါမှ မကြားဖူးရပါလိမ့်။

"ဆုံးသွားပြီ" ချွီမော့ယွီက ခပ်ပြတ်ပြတ်ပဲ ဆိုသည်။

"အယ်..."

ချွီမော့ယွီက ကားမှန်ဘက်ကို ခပ်သာသာခေါင်းလှည့်ပြီး တဝှီးဝှီးပြေးနေသော ဘေးဘက်မြင်ကွင်းဆီ အကြည့်ပို့သွားသည်။ ဒီအကြောင်း စကားမဆက်ချင်မှန်း သိသာစွာ။

ဘိုးဘိုးချွီလက်ရှိနေနေသော အိမ်ကြီးရခိုင်က ဆေးကုသဆောင်အသေးစားလေးပင်။ ဆင်ခြေလျှောလမ်း၊ လက်ရန်းလက်တန်း၊ အသံကာစနစ်ပစ္စည်းများ၊ အလင်းလျှော့မီးစနစ် စသည်ဖြင့် နေရာတိုင်းတွင် သက်ကြီးအဘိုးအဘွားများအတွက် အထူးပြင်ဆင်ဆောက်လုပ်ထားသည်။ ချွီမော့ယွီစကားအရ ဒီမှာ ဆေးအဖွဲ့တောင်ရှိသည်တဲ့။

"ကိုယ့်မိဘတွေနဲ့အရင် သွားတွေ့မယ်"

ချွီမော့ယွီလိုက်ရှာတော့ စာအုပ်ဖတ်နေတဲ့ ချွီရှန့်ကို ဧည့်ခန်းထဲမှာ ရှာတွေ့သည်။ သူတို့ကို တွေ့တော့ ချွီရှန်က ခေါင်းဆတ်ပြ၍ "လာကြပြီလား၊ လမ်းမှာဘယ်လိုလဲ၊ အဆင်ပြေခဲ့ကြရဲ့လား"

တောင်တက်လမ်းက နှင်းတွေဖြင့်ဖုံးနေပြီး ရေတွေလည်းခဲနေတာကြောင့် လမ်းက တော်တော်လေး ချော်နေ၏။

"လောင်ဝူက အရှိန်နည်းနည်းနဲ့ပဲ ဖြည်းဖြည်းချင်းမောင်းတက်လာတာ" ပြန်ဖြေရင်း ချွီမော့ယွီက "အမေရော"

ချွီရှန်က ပြတင်းပေါက်ကနေ တစ်ချက်လှမ်းကြည့်ပြီး "အပြင်မှာ ဆီးပန်းပွင့်တွေကြည့်နေတယ်။ ဒီလောက်အေးကအေးနဲ့ကို..."ဟု ပြောရင်း ရှန်သိုက်ဘက် ကြည့်လာ၍ "အဲဒီစောင်သွားပေးလိုက်"

"ဟုတ်ကဲ့ပါ ဒါရိုက်တာချွီ" ဟု ပြန်ဖြေကာ ဆိုဖာပေါ်မှ စောင်ကိုယူပြီး ရှန်သိုက် ခြံထဲသို့ ထွက်လာခဲ့သည်။ ထင်သည့်အတိုင်းပင်၊ ချွီကတော်က ငွေနှင်းဖြူတို့ လွှမ်းခြုံလျက်သော ဆီးပန်းပွင့်ခိုင်များကို ဖုန်းဖြင့် ဓာတ်ပုံရိုက်နေသည်။ ပြင်းထန်လှသော အအေးဒဏ်အလယ်တွင် ရဲသွေးနီစွာ ဝင့်ကြွားနေကြသည်မှာ ဟိုတစ်ဆုပ်ဒီတစ်ဆုပ် ပြွတ်ပြွတ်ခိုင်ခိုင်။

ရှန်သိုက်၏ ခြေလှမ်းများက နှင်းထုထဲသို့ စွက်ခနဲကျွိခနဲ။ သို့သော် ချွီကတော်ကတော့ ဓာတ်ဖမ်းခြင်းမှာသာ ဈာန်နစ်မျောပါလျက်ရှိ၏။ ကျောက်စိမ်းဖြူသွင် လက်သွယ်သွယ်များဟာ အအေးဓာတ်ကြောင့် အနီသွေးနေနှင့်ပြီ။ ချောလှလွန်းဆဲ ကျက်သရေရှိမြဲ၊ ကြော့ကြော့ရှင်းရှင်းအငွေ့အသက်တို့ ခြုံရုံပါလျက် နှင်းခဲထဲမှ ဆီးပန်းပွင့်လှလှလေးတစ်ပွင့်အလားနှယ်။

ရှန်သိုက်က စောင်ကိုဖြန့်လိုက်ပြီး ညင်သာစွာ ခေါ်လိုက်သည် "ချွီကတော်ခင်ဗျာ့"

ချွီကတော်က လှည့်ကြည့်လာပြီး ရှန်သိုက်ကို ပြုံးပြကာ "ကြည့်ပါဦး ဆီးပန်းလေးတွေ ဘယ်လောက်တောင်လှလိုက်သလဲ။ အချို့သောပန်းလေးတွေများ သိပ်ကို တစ်မူထူးကြတယ်။ ရာသီဥတုမနွေးထွေးလည်းပဲ ကောင်းကောင်း ရှင်သန်နိုင်ကြတာပဲ"

"ဟုတ်ပါရဲ့။ စောင်လေးခြုံထားလိုက်ပါ။ နှင်းထုမပျောက်လောက်အောင် အအေးပိုနေတာ" ဟု ပြန်ဖြေရင်း ရှန်သိုက်က ချွီကတော်၏ ပုခုံးထက်ဆီ စောင်ကို လွှားပေးသည်။

ချွီကတော်က ခိုးငွေ့ဖြူဖြူထွက်သည်အထိ သက်မချရင်း "တော်တော်အေးတာပဲ။ မင်းဝတ်ထားတာ ပါးပါးလေး။ လာ... အထဲဝင်ကြစို့"

နှစ်ယောက်သား အိမ်ထဲပြန်ဝင်ခဲ့ကြပေမဲ့ ချွီကတော်က ပြင်သစ်စတိုင်ပြတင်းမှန်ကြီးရှေ့တွင် ရပ်ရင်း ဆီးပန်းပွင့်များကို ဆက်လက်ရှုစားသည် "မော့ယွီ မင်းကို ခေါ်လာမယ်လို့တောင် မထင်ထားဘူး။ နှစ်ကူးကာလက နှစ်တစ်နှစ်ရဲ့ ပျင်းဖို့အကောင်းဆုံးကာလပဲလေ"

"ချွီဘိုးဘိုးက မြေးသမက်ကိုတွေ့ချင်နေတယ်လို့ မော့ယွီကပြောလို့ပါ"

"သူ မင်းကို တွေ့ချင်တဲ့အချိန်က ချွီမိသားစုအတွက် Alpha မျိုးဆက်မွေးပေးနိုင်တယ်ဆိုတဲ့အခါပေါ့ကွယ်" ဆိုရင်း ချွီကတော်က ပြုံးလျက် "သူ မသိသေးဘူး၊ မင်းရဲ့ pheromone အဆင့်က B ပဲရှိတယ်ဆိုတာ"

ရှန်သိုက် အနည်းငယ်တော့ စိတ်ထဲ မသက်မသာဖြစ်သွားရသည်။ သို့သော်လည်း သူ နာနာခံခံလေး ကျော်သွားလို့မဖြစ်သေးပေ။

"အသက်သာကြီးပေမဲ့ သူ့စိတ်ထဲ အကုန်သိတယ်။ မော့ယွီ မင်းကို ဘာလို့လက်ထပ်လဲဆိုတာ သူသိတယ်။ သူ ဆုံးသွားပြီးရင် အကြီးဆုံးနဲ့ ဒုတိယသားတွေ သေချာပေါက် သတ်ပုတ်ကြမယ်ဆိုတာလည်း သူသိတာပဲ"

ဆက်၍ ချွီကတော်က ရယ်သွမ်းသွေးဟန်တို့ ရှင်းလင်းပျက်သားစွာ သယ်ဆောင်ထားသော အပြုံးတစ်ခုကို ချိတ်ဆွဲလျက် "သူအသက်ရှိတုန်းမှာ ဒီမီးကို ငြှိမ်းနိုင်မယ် ထင်နေတာ။ အခုတော့ အတွင်းထဲက ပွတ်တိုက်မှုတွေက သိပ်အခြေအနေမဟန်နေမှန်း သဘောပေါက်သွားပြီ။ ကလေးတွေကို သားရဲဖြစ်လာအောင် ပျိုးထောင်ခဲ့တုန်းကလည်း သူပဲ သူ့ သင်ကြားရေးအတွေးအခေါ်ကိုယ်သူ ဂုဏ်ယူနေခဲ့တာမဟုတ်ဘူးလား"

သူ့လို အပြင်လူတစ်ယောက်ကို ချွီကတော် ဘာကြောင့် ဒီအကြောင်းတွေ ပြောပြနေရသလဲဆိုတာ ရှန်သိုက် နားမလည်နိုင်ဖြစ်ရသည်။ သို့သော် တွေးကြည့်လိုက်တဲ့အခါ ဒါ သူက ဒီမိသားစုအရေးကို စိတ်မဝင်စားတဲ့ အပြင်လူဖြစ်လျက် ချွီမိသားစု၏ အတွင်းရေးများကို ဖောက်သယ်ပြန်ချရဲလောက်အောင် သတ္တိမရှိမှန်းသိသည်ကြောင့် ဖြစ်နိုင်သည်။ သို့သော် သူက အပြင်လူဖြစ်နေဖြစ်နေသည်ကြောင့်ဆိုတာ ပို၍ အံကိုက်ကျသည်။ ချွီမိသားစု၏ ဇာတ်လမ်းတွင် သူဟာလည်း အသေအချာ ပါဝင်နေခဲ့ပြီး ချွီကတော် ခင်းပြသည့် ဇာတ်လမ်းကို အထာပေါက်ပေ၏။ ဒါ့ကြောင့် ဒီ လူကုံထံသူဌေးကတော်သည် သူ၏ မကျေချမ်းမှုများကိုအတွက် ဒီ့ထက်ကောင်းတဲ့ ထွက်ပေါက်မရှိသည်ကြောင့်ဖြစ်တန်ရာ၏ဟု သူ စိတ်ထဲကနေ ကောက်ချက်ချမိသည်။

ဟုတ်သည်၊ မကျေချမ်းမှုပင်။ ဒါသည် ရှန်သိုက် ချွီကတော့်ဆီကနေခံစားရသည့် ချွီမိသားစုအပေါ် ခံစားချက်ပင်ဖြစ်၏။ နှုတ်ခမ်းဖျားမှနေ သိမ်မွေ့ညင်သာစွာ ဆိုပေသော်ငြား စကားလုံးတိုင်းဟာ ဆူးအပြည့်ရံသည်။

သူဟာ လက်ကိုင်တုတ်သက်သက်သာဖြစ်မှန်း ရှန်သိုက် သူ့ကိုယ်သူ နားလည်၏။ ချွီမော့ယွီ အသုံးပြုနိုင်မျှတော့ ချွီမော့ယွီ၏ မိခင်ဖြစ်သူဟာလည်း လုပ်ပိုင်ခွင့်ပိုင်ဆိုင်တာ အမှန်ပေပဲပေါ့။ သူ ချွီမော့ယွီ၏ ကြီးပြင်းရာပတ်ဝန်းကျင်ကို ပို သိချင်မိရုံသာပါ။ ဒါ့ကြောင့် သူ စကားကို နောက်ကနေ အလိုက်သင့် ပြန်ထောက်ရင်း "ကတော်ပြောတဲ့အကြောင်းက ဘာလို့သဘောမတွေ့စရာအချက်ဖြစ်နေတာလဲ" သူ့မေးခွန်းက တိုက်ရိုက်ကြီးမဟုတ်။ သို့သော် ချွီကတော် ထိန်းပြောနေသည့်စကားလုံးတိုင်းအတွက် စကားစဖော်ပေးလိုက်တာဖြစ်၏။

"ဘာလို့ဆို ငါ့အမျိုးသားရော ငါ့သားရော အဲဒီလို ကြီးပြင်းလာခဲ့ရတာလေ" ချွီကတော်က ရှန်သိုက်က ခပ်သာသာ စိုက်ကြည့်၍ "မင်းက သာမန်မိသားစုက ကလေးတစ်ယောက်ပဲ။ မင်း နားမလည်ပါဘူး။ ရှောင်ယွဲ့က ချွီအိမ်တော်ရဲ့ ကတော်ဖြစ်ဖို့ သင့်တော်တာ။ မင်း မလုပ်နိုင်ဘူး"

ရှန်သိုက် ဒီစကားကို ဘယ်နည်းနှင့်မျှ ချေပနိုင်ခြင်းမရှိချေ။ စိတ်ဓာတ်ရေးရာ ရေချိန်မှာပင် တတ်နိုင်ခြင်းကင်းမဲ့သည်။

ချွီကတော်၏ မျက်ဝန်းများဟာ နူးညံ့သော်လည်း စူးရှ၏ "မင်း မော့ယွီနဲ့ အတည်နေဖြစ်ကြတာ သိထားတယ်။ တားဆေးသုံးလား"

ရှန်သိုက် ပိုလို့ပင် အနေရခက်လာတော့၏။ သူ တည်တည်ငြိမ်ငြိမ်ပဲ ခေါင်းညိတ်၍ "ကျွန်တော်တို့ သဘောတူညီချက်ထားထားပါတယ်။ ကလေးမယူဖို့" ပြောရင်း ခဏဆိုင်းပြီးမှ ထပ်ပြောလိုက်သည် "ကတော် စိတ်ချလို့ဖြစ်ပါတယ်"

"ဒါ မင်းအတွက် ကောင်းတဲ့အရာပဲ" ချွီကတော်က စောင်ကို ခပ်တင်းတင်း ဆွဲခြုံ၍ လေးတွဲ့စွာ ပြောလာသည်က "မင်း ထိပ်တန်းအဆင့် Alpha မျိုးဆက်ကို မွေးပေးနိုင်မှာမဟုတ်ဘူး။ မင်းရဲ့ကလေးက ချွီအိမ်အတွက် တန်ဖိုးမရှိဘူးပဲ"

ဒီစကားတို့ဟာ သိပ်ကို အေးစက်လှ၏။ ရှန်သိုက်ရင်ထဲ ခပ်ကြမ်းကြမ်း တုန်ယီသွားရသည်။ ချွီမော့ယွီ သူနှင့် ကလေးယူလို့မဖြစ်တာ သူ သဘောပေါက်ပါသည်။ သူက pheromone B အဆင့်ပဲရှိသည့် Omega တစ်ယောက်သာလေ။ S အဆင့် Alpha တစ်ယောက်ကို မွေးနိုင်ဖို့ဆိုတာသည် ထီပေါက်ဖို့ထက်ပင် ပို၍ ဖြစ်နိုင်ချေ နည်းပါး၏။ S အဆင့် Alpha မျိုးဆက်ရနိုင်ဖို့ ဖြစ်နိုင်ချေအရှိဆုံး ပေါင်းစပ်ခြင်းသည် S အဆင့် Alpha နှင့် S အဆင့် Omega တွဲဖက်မှုဖြစ်၏။ ဒါသည် နောင် ချွီမော့ယွီ၏ အနာဂတ် အိမ်ထောင်ဖက်လောင်းဖြစ်လာဖို့ မရှိမဖြစ်လိုအပ်သည့်အချက်ပေ။ သို့သော် သူ့အနေနှင့်ကကတော့ ဘဝကို ဒီလိုပုံစံဖြင့် အရှိတရားဟု လက်ခံစေပြီး အထင်သေးခံရခြင်းတို့အတွက် ရင်ထဲ မအီမလည်ခံစားရဆဲ။

"Pheromone အဆင့်က အဲ့လောက်တောင် အရေးပါလား" ရှန်သိုက် မနေနိုင်ဘဲ စကားရဲ့ ပထမတစ်ဝက်ကို ထုတ်ပြောမိသည်။ သို့သော် သူ တကယ် ပြောချင်သည်ကိုတော့ မြိုသိပ်ထားသေးဆဲ။ ထင်မြင်သတ်မှတ်ချက်များက မျိုးဆက် မွေးဖွားပေးနိုင်စွမ်းအပေါ်တွင်သာ အဓိကထားတိုင်းတာနေပြီး ကျန်တာတွေကိုတော့ လျစ်လျူရှုထားသည်ပဲဟု ပြောချင်မိသည်။ Omega တစ်ယောက်၏ အခြားသော စွမ်းဆောင်ရည်များအားဖြင့် ဒီလိုအကဲဖြတ်မှုရှုထောင့်ကနေ သူ့ကို ဝေဖန်အဆင့်သတ်မှတ်ပြီး အဆင့်နိမ့်လူတန်းစားအဖြစ် ယူဆခံရမှုအပေါ် သူ့ အနေနှင့် သဘောမတူနိုင်ပါ။ သို့သော်လည်း ဒီကိစ္စက လူကြီးတွေနှင့် ဆွေးနွေးဖို့မသင့်မှန်း သူ သဘောပေါက်ပါသည်။ ခေတ်တွေမတူ၍ အမြင်တွေကွာဟနေခြင်းအပေါ် စကားလုံးများနှင့် တံတားမထိုးနိုင်ချေ။

"ဒါပေါ့။ အရေးပါတာပေါ့။ အထူးသဖြင့် Alpha တွေရဲ့ ကမ္ဘာမှာပေါ့" ဟူ၍ ချွီကတော်က သက်ပြင်းချလျက် "မင်းသိလား၊ တကယ်ဆို မော့ယွီမှာ Alpha ဝမ်းကွဲအကြီးတစ်ယောက်ရှိသေးတယ်။ ချန်းချန်ရဲ့ အစ်မအရင်း"

"သူ ပြောပြပါတယ်။ ဆုံးသွားပြီတဲ့"

"သိပ်တော်တဲ့ ကောင်မလေး။ A အဆင့် Alpha ပေါ့။ တကယ် ထက်တာပါ။ ဒါပေမဲ့ ကံမကောင်းစွာပဲ..." ချွီကတော်က မျက်လွှာချသွားသည်။ သူမ၏ ဝမ်းနည်းမှုကို ဖုံးကွယ်ခြင်းမရှိ "သူ့ရဲ့ ကံဆိုးမှုတွေက မော့ယွီမွေးလာတဲ့အချိန်မှာပဲ စတင်ခဲ့တယ်။ နောက်ပြီး ချန်းချန်ပါရှိလာတော့ ဟိုးတစ်ဆုံးဖြစ်သွားတော့တာပါ"

"...ဘာလို့လဲ"

"ဘာလို့လဲဆိုတော့ သူ့မှာ ဘယ်သူမှ မယှဥ်ပြိုင်နိုင်တဲ့ မောင်လေးနှစ်ယောက်ရှိနေခဲ့လို့ပဲ။ သူ ဘယ်လောက်ပဲ ကြိုးစားပါစေ မျိုးဗီဇကွာခြားမှုကိုတော့ ဘယ်လိုမှ မဖာထေးနိုင်ခဲ့ဘူး။ သူက အကြီးဆုံးသားအိမ်က အကြီးဆုံးမြေးဖြစ်လင့်ကစား ရှင်းကျိုးရဲ့ စီးပွားရေး ဘေးထွက်ဖြတ်ညှပ်စလောက်ကိုသာ လွှဲယူနိုင်တယ်။ မာနသိပ်ကြီးတဲ့ Alpha တစ်ယောက်အတွက် ဟိုးတစ်ဆုံး ရိုက်ချခံလိုက်ရတာပဲ။ သူ့ကို အပြင်လူတွေအမြင်မှာ ဘယ်လောက်ပဲ ကံကောင်းတဲ့သူ ပြည့်စုံတဲ့လူလို့ မြင်နေပါစေ သူ့အတွက်ကတော့ ရိုက်ချိုးခံရတဲ့မာနနဲ့ နာကျင်မှုတွေထဲမှာပဲ ရှင်သန်ခဲ့ရတယ်"

ချွီကတော်က အေးစက်စက် ပြတင်းမှန်ဆီ နဖူးပြင် ခပ်ဖွဖွ မှီကာ ဆက်၍ "ဆန်ဖရန်စစ္စကိုမှာပဲ ဆေးလွန်ပြီးဆုံးသွားခဲ့တယ်။ သူ ဆုံးသွားတော့ မော့ယွီလောက်တောင် မရှိသေးဘူး"

Arthur's Audrey

2023 Nov 23 _ 10:49 PM

................

စာမစစ်ထားဖြစ်သေးပါဘူး။ မနက်မှပဲ ပြန်စစ်ဖြစ်ပါမယ်။ ကောင်းသောညပါ



[Zawgyi]

Chapter 35

Pheromone အဆင့္ဟူသည္

ႏွစ္ကုန္ခါနီးမွ ႐ုံးဖြင့္ရက္က်န္သေလာက္ေလးအတြင္းအမွီ ကုမၸဏီပိုင္ဆိုင္မႈ အမည္ေပါက္လႊဲေျပာင္းမႈကိစၥ အၿပီးသတ္ႏိုင္ဖို႔ ရွန္သိုက္ ေရွ႕ေနအဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္ရသည္။ ေရွ႕ေနႀကီးကေတာ့ လုပ္ငန္းေပါင္းသည့္အပိုင္း အလုံးစုံ ၿပီးစီးႏိုင္ဖို႔အတြက္က အဆင့္ဆင့္ေတြမ်ားစြာက်န္ရွိေသးသည္ဟု ဆိုေသာ္လည္း ရွန္သိုက္အျမင္မွာေတာ့ အခုကိုလည္း အေတာ္ေလး ခရီးေပါက္လွသည္ဟု ထင္မိသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ နဂို သေဘာတူစာခ်ဳပ္တြင္ ဒီလက္ထပ္မႈဟာ ငါးႏွစ္ထက္မပိုသည့္ ကာလအကန္႔အသတ္ျဖင့္ ထည့္ခ်ဳပ္ထားသည္ေၾကာင့္ သူလည္းပဲ ႏွစ္အနည္းငယ္ေတာ့ ၾကာေလာက္လိမ့္မည္ဟု ခန္႔မွန္းထားျဖစ္ခဲ့ေပမဲ့ အခုၾကည့္ရသေလာက္ေတာ့ ေနာက္ႏွစ္ေလာက္ထဲတြင္ပင္ အၿပီးသတ္ႏိုင္ေခ်ရွိ၏။ အဲဒီအခါက်ရင္ ဒီ အိမ္ေထာင္ေရးပတ္သက္မႈဟာ ေရွ႕ဆက္ရန္ လိုအပ္ျခင္းမရွိေတာ့ေပ။ ခြၽီေမာ့ယြီဘက္မွ ျပတ္စဲရန္သာ လိုအပ္ေပသည္။

ဒီအတြက္ကို ရင္ထဲထည့္ ေသာကေရာက္ေနလို႔လည္း အလကားဆိုတာကို သိလင့္ကစား ခြၽီေမာ့ယြီ သူ႔ကို ျပန္ႀကိဳက္လာေအာင္လုပ္လိုေသးျပန္သည္။ "ရတဲ့အခ်ိန္ေလးက ႏွမ္းေစ့၊ လုပ္ရမည့္အရာက ပုတ္ေလာက္"ဆိုေတာ့ ေရာင္နီကေတာ့ အလွမ္းေဝးစြ။

လျပကၡဒိန္၏ ဒြာဒႆမေျမာကလ၊ ႏွစ္ဆယ့္ကိုးရက္ေန႔တြင္ ရွန္သိုက္ အိမ္သို႔ျပန္ခဲ့ၿပီး အဘြားႏွင့္ ညစာအတူတူစားျဖစ္ၾကသည္။ သူ ေတာင္အာဖရိကသို႔ အလုပ္ခရီးထြက္ရရန္ရွိသည္ေၾကာင့္ ႏွစ္ကူးကို အိမ္မွာ အတူမရွိႏိုင္ေၾကာင္း ေျပာျပလိုက္သည္။ ဒီစကားဟာ မုသားတစ္ဝက္ အမွန္တစ္ဝက္ေပါ့။ ဘယ္လိုပဲျဖစ္ျဖစ္ ႏွစ္ကူးအတြက္ ခြၽီအိမ္ေတာ္ဆီ သြားရမည္လို႔ေတာ့ ေျပာမျဖစ္ေပဘူးေလ။

စားေသာက္ၿပီးေနာက္ ရွန္ခ်င္ ပန္းကန္ေဆးေနတဲ့အခ်ိန္ကို ရွန္သိုက္ မီးဖိုေခ်ာင္ထဲ ဝင္သြားလိုက္ၿပီး "အခုေလးတင္ပဲ ကြၽန္ေတာ္ ပိုက္ဆံလႊဲေပးထားတယ္။ ႏွစ္ကူးအေတာအတြင္းမွာ အရသာရွိတာေတြ ပိုစားၾကေပါ့။ ဒီတစ္ခါ အလုပ္ကိစၥခရီးထြက္ရမွာက ဆယ္ရက္ေလာက္ အနည္းဆုံး ၾကာမယ္။ ဆိုေတာ့ ေသခ်ာေလး ဂ႐ုစိုက္ေပးပါ။ သားတစ္ေယာက္ တာဝန္ေက်ေက်နဲ႔။ ေဆး႐ုံကိစၥ ဟိုဟိုဒီဒီ ျပန္စစ္ျပန္ျပဖို႔ေခၚထားတာေတြလည္း မေမ့နဲ႔ဦးေနာ္။ အဘြား တစ္ခုခုလိုတယ္ဆို အခ်ိန္မေ႐ြး အသိေပးပါ"

"စိတ္မပူပါနဲ႔" ဆက္၍ ရွန္ခ်င္က ရွန္သိုက္အား တစ္ခ်က္ ေဝ့ၾကည့္၍ ေလသံငယ္ငယ္ျဖင့္ "အခုထိ ပါပါးလို႔ မေခၚေသးဘူးပဲ"

ရွန္သိုက္က စကားကိုတဲ့ျပန္မေျဖဘဲ ထပ္ျဖည့္ၿပီး မွာသည္ "ကြၽန္ေတာ့္ကိစၥေတြ သိပ္မစူးစမ္းဖို႔ ေမွ်ာ္လင့္တယ္။ ကြၽန္ေတာ္ ကိုယ့္ဘဝကိုယ္ ကိုင္တြယ္ႏိုင္ပါတယ္။ အဘြားအတြက္သာ ဂ႐ုစိုက္ေပးပါ။ ခင္ဗ်ားကို အိုဇာတာေကာင္းေအာင္ ထားေပးမွာပါ၊ ဒါေပမဲ့ ကြၽန္ေတာ္တို႔ၾကားမွာ ဘာဆက္ဆံေရး ဘာပတ္သက္မႈမွာေတာ့ မရွိေတာ့ဘူး"

ရွန္ခ်င္က ပန္းကန္ေဆးေနတာကိုရပ္၍ ရွန္သိုက္အား မ်က္ေတာင္မခတ္ ေတြၾကည့္လာသည္။ ဗာဒံေစ့မ်က္ဝန္းအိမ္လွလွမ်ားဟာ တျဖည္းျဖည္း နီျမန္းလာလ်က္ "တက္ႏိုင္မယ္သာဆို ပါပါးက မင္းအေပၚ ေကာင္းေကာင္းဆက္ဆံေပးခ်င္တာပါပဲ။ ကမာၻေပၚမွာရွိတဲ့ ေကာင္းေပ့ဆိုတဲ့အရာေတြကိုခ်ည္း ေပးခ်င္မိတာပါ"

ရွန္သိုက္ ေခါင္းအသာခါမိ၏။ မထိပါေလ ဒီရင္ထဲ... "ကြၽန္ေတာ္ ခင္ဗ်ားဆီက ဘာမွမေမွ်ာ္လင့္ေတာ့တာ ၾကာပါၿပီ။ ဒါေပမဲ့ အနည္းဆုံးေတာ့ ကြၽန္ေတာ္ ခင္ဗ်ားကို မမုန္းပါဘူး၊ ကြၽန္ေတာ္တို႔ကို ျပႆနာထပ္မေပးသေ႐ြ႕ေပါ့"

သူ ရွန္ခ်င္ရဲ႕စကားကို ယုံပါသည္။ ရွန္ခ်င္သာ ေငြေၾကးလွ်ံလန္ေနမည္ဆိုလွ်င္ သူတို႔အေပၚ တိုေရရွားေရ ရွိလိမ့္မည္မဟုတ္ပါ။ သူ ငယ္ငယ္တုန္းကဆိုလည္း ရွန္ခ်င္ဝယ္ေပးေသာ တန္ဖိုးႀကီး အ႐ုပ္မ်ား အဝတ္အစားမ်ားကို လက္ခံရေလ့ရွိသည္။ သို႔ေသည္ ရွန္ခ်င္သည္ သူ႔ကိုယ္သူ အရာအားလုံးထက္ ပိုခ်စ္ပါသူ။ သူ႔တြင္ျပည့္မွသာ လွ်ံမည္ျဖစ္၏။ ဘဝရဲ႕ေ႐ြးခ်ယ္မႈတိုင္းတြင္ အတၱကိုသာ ေရွ႕တန္းတင္စၿမဲ။ ေသြးသားရင္းခ်ာအေပၚ ထိခိုက္နစ္နာေစမည္ဆိုရင္ေတာင္ ဒီလူရဲ႕ ေ႐ြးခ်ယ္မႈဟာ အစဥ္ သူ႔ကိုယ္သူသာ။

ရွန္ခ်င့္ရဲ႕ ရင္ထဲတြင္ သူဟာ အဖိုးတန္သားတစ္ေယာက္မဟုတ္ပါ၊ အႂကြင္းမဲ့ခ်စ္ျခင္းတို႔ ေပးေလာက္စရာ ရႈမဝလည္းမတြင္ပါ။ သူဆိုတဲ့ ျဖစ္တည္မႈ၏ အျမင့္ဆုံးတန္ဖိုးသည္ ယိုရွင္းဟိုင္ဆီမွ အခ်စ္ေသာ္လည္းေကာင္း ေငြေၾကးေသာ္လည္းေကာင္းကို အက်ပ္ကိုင္စရာအျဖစ္သာ။ အသုံးခ်ရခက္လာတဲ့အခါမွာေတာ့ ဝန္ပိုပစၥည္းကို အဘိုးတို႔အဘြားတို႔ဆီမွာ ပစ္သြားခဲ့ေလ၏။

သူ ရွန္ခ်င့္အေပၚ မုန္းမမုန္းေတြ ခြင့္လႊတ္မလႊတ္ေတြကို ေခါင္းထဲရွိမိမေနေတာ့။ သူတို႔ၾကားမွ တစ္ခုတည္းေသာ က်န္ရွိသည္ဟာ မိသားစုအေပၚဝိုင္းဝန္းဖို႔ တာဝန္မ်ားသာ။

ႏွစ္ကူးအႀကိဳေန႔တြင္ေတာ့ ေလာင္ဝူက သူႏွင့္ ခြၽီေမာ့ယြီကို ခြၽီအိမ္ေတာ္၏ ဥေသွ်ာင္ အားေမြးကြန္းခိုရာ ေတာင္ေပၚဆီသို႔ ပို႔ေဆာင္ေပးသည္။

လမ္းတြင္ ရွန္သိုက္မွာ ခြၽီမိသားစု၏ မိသားစုဖြဲ႕စည္းပုံကို အၾကမ္းဖ်င္းေလာက္ သိလိုက္ရသည္။ ဘိုးဘိုးခြၽီတြင္ Alpha သားႏွစ္ေယာက္၊ Beta သမီးတစ္ေယာက္ႏွင့္ Omega သားတစ္ေယာက္တို႔ရွိ၏။ Beta ႏွင့္ Omega တို႔ဟာ မိသားစုစီးပြားေရးကို အေမြဆက္ခံရန္ အရည္အခ်င္းျပည့္မွီခ်င္းမရွိေပ။ သူတို႔က ဟိုးအရင္တည္းက အိမ္ေထာင္ကိုယ္စီႏွင့္ အသီးသီးခြဲထြက္ႏွင့္ၾကၿပီးျဖစ္သည္။ ဒီႏွစ္မွာမွ ဆရာဝန္၏ ခန္႔မွန္းခ်က္အရ ဘိုးဘိုးခြၽီအတြက္ ေနာက္ဆုံး ေႏြဦးပြဲေတာ္ျဖစ္ႏိုင္ေလာက္သည္ျဖစ္တာေၾကာင့္ မိသားစုအားလုံး ျပန္ဆုံၾကျခင္းျဖစ္သည္။

ခြၽီေမာ့ယြီက တစ္ခုခုေတြးမိသြားၿပီး ၿပဳံးသည္ "ေျပာရရင္ ဒီႏွစ္ေတာ့ မင္းေၾကာင့္ ေျမးအေနနဲ႔ဆို ကိုယ္ကအရင္ဆုံး လူႀကီးေတြကို ေရေႏြးငွဲ႔ေပးခြင့္ရေတာ့မယ္"

ရွန္သိုက္က သူ႔ကို နားေဝတိမ္ေတာင္ႏွင့္ ျပန္ၾကည့္သည္။

"ကိုယ့္ဘႀကီးက သားအႀကီးဆုံးေလ။ သူပဲအၿမဲ ဦးဆုံးအေနနဲ႔ ေရေႏြးငွဲ႔ေပးရတာ။ အဲ့တာကို တဆက္တည္းဆိုၿပီး သူ႔ကေလးေတြကိုပါ သူနဲ႔အတူတစ္ခါတည္းေခၚၿပီး ေရေႏြးလိုက္ငွဲ႔ေပးတာ။ ကိုယ့္မိဘေတြနဲ႔ ကိုယ္က ဒုတိယေနရာကပဲျဖစ္ေနတာ။ ၿပီးေတာ့လည္း ကိုယ္က ေျမးအႀကီးဆုံးမဟုတ္ဘူးေလ။ ဒါေပမဲ့ အခုေတာ့ သားေတြၿပီးရင္ ကိုယ္တို႔က ပထမဆုံးျဖစ္ၿပီ"

ရွန္သိုက္မွာ သူေျပာတာနားေထာင္ၿပီး နည္းနည္းမူးသြားရသည္။ ယေန႔ေခတ္ကာလမွ ဒီလိုအထက္တန္းလႊာမိသားစုအတြင္း ဒီေလာက္ထိ ေျမရွင္ပေဒႆရာဇ္ေခတ္ကလို ေရွး႐ိုးဆန္စနစ္ႀကီးနဲ႔ရွိေနမည္ဟု ေတြးၾကည့္လို႔ေတာင္မရ။ ၿပီးေတာ့လည္း ခြၽီေမာ့ယြီတစ္ေယာက္က ဒီလိုေနရာမွာေတာင္ ခြၽီခ်န္းခ်န္ႏွင့္ ယွဥ္ၿပိဳင္ဖို႔ မာန္အျပည့္ႏွင့္ ထက္သန္စြာရွိေနေပ၏။ သူတကယ္ကို နားမလည္ႏိုင္ေတာ့။

သူ ေမးမိ၏ "ခြၽီခ်န္းခ်န္က ေမာ့ယြီကို အစ္ကိုလို႔ေခၚတာမဟုတ္လား။ ေမာ့ယြီက ေျမးအႀကီးဆုံးမဟုတ္ဘူးလား"

"မဟုတ္ဘူး၊ မဟုတ္ဘူး။ ကိုယ္တို႔မွာ Alpha အစ္မတစ္ေယာက္ရွိေသးတယ္"

"ကြၽန္ေတာ္ တစ္ခါမွေတာင္ မၾကားဖူးဘူး"

Alpha ေျမးႀကီးတစ္ေယာက္သာရွိသည္ဆို လက္ရွိမွာ ရွင္းက်ိဳးရဲ႕ အေရးပါတဲ့ရာထူးတစ္ေနရာရာမွာ ရွိေနမွာပင္။ ရွင္းက်ိဳးရဲ႕ လုပ္သက္ရင့္ ဝန္ထမ္းတစ္ေယာက္အေနႏွင့္ သူ ဘယ္လိုျဖစ္လို႔ ဒီလိုလူရွိေၾကာင္းကို တစ္ခါမွ မၾကားဖူးရပါလိမ့္။

"ဆုံးသြားၿပီ" ခြၽီေမာ့ယြီက ခပ္ျပတ္ျပတ္ပဲ ဆိုသည္။

"အယ္..."

ခြၽီေမာ့ယြီက ကားမွန္ဘက္ကို ခပ္သာသာေခါင္းလွည့္ၿပီး တဝွီးဝွီးေျပးေနေသာ ေဘးဘက္ျမင္ကြင္းဆီ အၾကည့္ပို႔သြားသည္။ ဒီအေၾကာင္း စကားမဆက္ခ်င္မွန္း သိသာစြာ။

ဘိုးဘိုးခြၽီလက္ရွိေနေနေသာ အိမ္ႀကီးရခိုင္က ေဆးကုသေဆာင္အေသးစားေလးပင္။ ဆင္ေျခေလွ်ာလမ္း၊ လက္ရန္းလက္တန္း၊ အသံကာစနစ္ပစၥည္းမ်ား၊ အလင္းေလွ်ာ့မီးစနစ္ စသည္ျဖင့္ ေနရာတိုင္းတြင္ သက္ႀကီးအဘိုးအဘြားမ်ားအတြက္ အထူးျပင္ဆင္ေဆာက္လုပ္ထားသည္။ ခြၽီေမာ့ယြီစကားအရ ဒီမွာ ေဆးအဖြဲ႕ေတာင္ရွိသည္တဲ့။

"ကိုယ့္မိဘေတြနဲ႔အရင္ သြားေတြ႕မယ္"

ခြၽီေမာ့ယြီလိုက္ရွာေတာ့ စာအုပ္ဖတ္ေနတဲ့ ခြၽီရွန္႔ကို ဧည့္ခန္းထဲမွာ ရွာေတြ႕သည္။ သူတို႔ကို ေတြ႕ေတာ့ ခြၽီရွန္က ေခါင္းဆတ္ျပ၍ "လာၾကၿပီလား၊ လမ္းမွာဘယ္လိုလဲ၊ အဆင္ေျပခဲ့ၾကရဲ႕လား"

ေတာင္တက္လမ္းက ႏွင္းေတြျဖင့္ဖုံးေနၿပီး ေရေတြလည္းခဲေနတာေၾကာင့္ လမ္းက ေတာ္ေတာ္ေလး ေခ်ာ္ေန၏။

"ေလာင္ဝူက အရွိန္နည္းနည္းနဲ႔ပဲ ျဖည္းျဖည္းခ်င္းေမာင္းတက္လာတာ" ျပန္ေျဖရင္း ခြၽီေမာ့ယြီက "အေမေရာ"

ခြၽီရွန္က ျပတင္းေပါက္ကေန တစ္ခ်က္လွမ္းၾကည့္ၿပီး "အျပင္မွာ ဆီးပန္းပြင့္ေတြၾကည့္ေနတယ္။ ဒီေလာက္ေအးကေအးနဲ႔ကို..."ဟု ေျပာရင္း ရွန္သိုက္ဘက္ ၾကည့္လာ၍ "အဲဒီေစာင္သြားေပးလိုက္"

"ဟုတ္ကဲ့ပါ ဒါ႐ိုက္တာခြၽီ" ဟု ျပန္ေျဖကာ ဆိုဖာေပၚမွ ေစာင္ကိုယူၿပီး ရွန္သိုက္ ၿခံထဲသို႔ ထြက္လာခဲ့သည္။ ထင္သည့္အတိုင္းပင္၊ ခြၽီကေတာ္က ေငြႏွင္းျဖဴတို႔ လႊမ္းၿခဳံလ်က္ေသာ ဆီးပန္းပြင့္ခိုင္မ်ားကို ဖုန္းျဖင့္ ဓာတ္ပုံ႐ိုက္ေနသည္။ ျပင္းထန္လွေသာ အေအးဒဏ္အလယ္တြင္ ရဲေသြးနီစြာ ဝင့္ႂကြားေနၾကသည္မွာ ဟိုတစ္ဆုပ္ဒီတစ္ဆုပ္ ႁပြတ္ႁပြတ္ခိုင္ခိုင္။

ရွန္သိုက္၏ ေျခလွမ္းမ်ားက ႏွင္းထုထဲသို႔ စြက္ခနဲကြၽိခနဲ။ သို႔ေသာ္ ခြၽီကေတာ္ကေတာ့ ဓာတ္ဖမ္းျခင္းမွာသာ ဈာန္နစ္ေမ်ာပါလ်က္ရွိ၏။ ေက်ာက္စိမ္းျဖဴသြင္ လက္သြယ္သြယ္မ်ားဟာ အေအးဓာတ္ေၾကာင့္ အနီေသြးေနႏွင့္ၿပီ။ ေခ်ာလွလြန္းဆဲ က်က္သေရရွိၿမဲ၊ ေၾကာ့ေၾကာ့ရွင္းရွင္းအေငြ႕အသက္တို႔ ၿခဳံ႐ုံပါလ်က္ ႏွင္းခဲထဲမွ ဆီးပန္းပြင့္လွလွေလးတစ္ပြင့္အလားႏွယ္။

ရွန္သိုက္က ေစာင္ကိုျဖန္႔လိုက္ၿပီး ညင္သာစြာ ေခၚလိုက္သည္ "ခြၽီကေတာ္ခင္ဗ်ာ့"

ခြၽီကေတာ္က လွည့္ၾကည့္လာၿပီး ရွန္သိုက္ကို ၿပဳံးျပကာ "ၾကည့္ပါဦး ဆီးပန္းေလးေတြ ဘယ္ေလာက္ေတာင္လွလိုက္သလဲ။ အခ်ိဳ႕ေသာပန္းေလးေတြမ်ား သိပ္ကို တစ္မူထူးၾကတယ္။ ရာသီဥတုမေႏြးေထြးလည္းပဲ ေကာင္းေကာင္း ရွင္သန္ႏိုင္ၾကတာပဲ"

"ဟုတ္ပါရဲ႕။ ေစာင္ေလးၿခဳံထားလိုက္ပါ။ ႏွင္းထုမေပ်ာက္ေလာက္ေအာင္ အေအးပိုေနတာ" ဟု ျပန္ေျဖရင္း ရွန္သိုက္က ခြၽီကေတာ္၏ ပုခုံးထက္ဆီ ေစာင္ကို လႊားေပးသည္။

ခြၽီကေတာ္က ခိုးေငြ႕ျဖဴျဖဴထြက္သည္အထိ သက္မခ်ရင္း "ေတာ္ေတာ္ေအးတာပဲ။ မင္းဝတ္ထားတာ ပါးပါးေလး။ လာ... အထဲဝင္ၾကစို႔"

ႏွစ္ေယာက္သား အိမ္ထဲျပန္ဝင္ခဲ့ၾကေပမဲ့ ခြၽီကေတာ္က ျပင္သစ္စတိုင္ျပတင္းမွန္ႀကီးေရွ႕တြင္ ရပ္ရင္း ဆီးပန္းပြင့္မ်ားကို ဆက္လက္ရႈစားသည္ "ေမာ့ယြီ မင္းကို ေခၚလာမယ္လို႔ေတာင္ မထင္ထားဘူး။ ႏွစ္ကူးကာလက ႏွစ္တစ္ႏွစ္ရဲ႕ ပ်င္းဖို႔အေကာင္းဆုံးကာလပဲေလ"

"ခြၽီဘိုးဘိုးက ေျမးသမက္ကိုေတြ႕ခ်င္ေနတယ္လို႔ ေမာ့ယြီကေျပာလို႔ပါ"

"သူ မင္းကို ေတြ႕ခ်င္တဲ့အခ်ိန္က ခြၽီမိသားစုအတြက္ Alpha မ်ိဳးဆက္ေမြးေပးႏိုင္တယ္ဆိုတဲ့အခါေပါ့ကြယ္" ဆိုရင္း ခြၽီကေတာ္က ၿပဳံးလ်က္ "သူ မသိေသးဘူး၊ မင္းရဲ႕ pheromone အဆင့္က B ပဲရွိတယ္ဆိုတာ"

ရွန္သိုက္ အနည္းငယ္ေတာ့ စိတ္ထဲ မသက္မသာျဖစ္သြားရသည္။ သို႔ေသာ္လည္း သူ နာနာခံခံေလး ေက်ာ္သြားလို႔မျဖစ္ေသးေပ။

"အသက္သာႀကီးေပမဲ့ သူ႔စိတ္ထဲ အကုန္သိတယ္။ ေမာ့ယြီ မင္းကို ဘာလို႔လက္ထပ္လဲဆိုတာ သူသိတယ္။ သူ ဆုံးသြားၿပီးရင္ အႀကီးဆုံးနဲ႔ ဒုတိယသားေတြ ေသခ်ာေပါက္ သတ္ပုတ္ၾကမယ္ဆိုတာလည္း သူသိတာပဲ"

ဆက္၍ ခြၽီကေတာ္က ရယ္သြမ္းေသြးဟန္တို႔ ရွင္းလင္းပ်က္သားစြာ သယ္ေဆာင္ထားေသာ အၿပဳံးတစ္ခုကို ခ်ိတ္ဆြဲလ်က္ "သူအသက္ရွိတုန္းမွာ ဒီမီးကို ျငႇိမ္းႏိုင္မယ္ ထင္ေနတာ။ အခုေတာ့ အတြင္းထဲက ပြတ္တိုက္မႈေတြက သိပ္အေျခအေနမဟန္ေနမွန္း သေဘာေပါက္သြားၿပီ။ ကေလးေတြကို သားရဲျဖစ္လာေအာင္ ပ်ိဳးေထာင္ခဲ့တုန္းကလည္း သူပဲ သူ႔ သင္ၾကားေရးအေတြးအေခၚကိုယ္သူ ဂုဏ္ယူေနခဲ့တာမဟုတ္ဘူးလား"

သူ႔လို အျပင္လူတစ္ေယာက္ကို ခြၽီကေတာ္ ဘာေၾကာင့္ ဒီအေၾကာင္းေတြ ေျပာျပေနရသလဲဆိုတာ ရွန္သိုက္ နားမလည္ႏိုင္ျဖစ္ရသည္။ သို႔ေသာ္ ေတြးၾကည့္လိုက္တဲ့အခါ ဒါ သူက ဒီမိသားစုအေရးကို စိတ္မဝင္စားတဲ့ အျပင္လူျဖစ္လ်က္ ခြၽီမိသားစု၏ အတြင္းေရးမ်ားကို ေဖာက္သယ္ျပန္ခ်ရဲေလာက္ေအာင္ သတၱိမရွိမွန္းသိသည္ေၾကာင့္ ျဖစ္ႏိုင္သည္။ သို႔ေသာ္ သူက အျပင္လူျဖစ္ေနျဖစ္ေနသည္ေၾကာင့္ဆိုတာ ပို၍ အံကိုက္က်သည္။ ခြၽီမိသားစု၏ ဇာတ္လမ္းတြင္ သူဟာလည္း အေသအခ်ာ ပါဝင္ေနခဲ့ၿပီး ခြၽီကေတာ္ ခင္းျပသည့္ ဇာတ္လမ္းကို အထာေပါက္ေပ၏။ ဒါ့ေၾကာင့္ ဒီ လူကုံထံသူေဌးကေတာ္သည္ သူ၏ မေက်ခ်မ္းမႈမ်ားကိုအတြက္ ဒီ့ထက္ေကာင္းတဲ့ ထြက္ေပါက္မရွိသည္ေၾကာင့္ျဖစ္တန္ရာ၏ဟု သူ စိတ္ထဲကေန ေကာက္ခ်က္ခ်မိသည္။

ဟုတ္သည္၊ မေက်ခ်မ္းမႈပင္။ ဒါသည္ ရွန္သိုက္ ခြၽီကေတာ့္ဆီကေနခံစားရသည့္ ခြၽီမိသားစုအေပၚ ခံစားခ်က္ပင္ျဖစ္၏။ ႏႈတ္ခမ္းဖ်ားမွေန သိမ္ေမြ႕ညင္သာစြာ ဆိုေပေသာ္ျငား စကားလုံးတိုင္းဟာ ဆူးအျပည့္ရံသည္။

သူဟာ လက္ကိုင္တုတ္သက္သက္သာျဖစ္မွန္း ရွန္သိုက္ သူ႔ကိုယ္သူ နားလည္၏။ ခြၽီေမာ့ယြီ အသုံးျပဳႏိုင္မွ်ေတာ့ ခြၽီေမာ့ယြီ၏ မိခင္ျဖစ္သူဟာလည္း လုပ္ပိုင္ခြင့္ပိုင္ဆိုင္တာ အမွန္ေပပဲေပါ့။ သူ ခြၽီေမာ့ယြီ၏ ႀကီးျပင္းရာပတ္ဝန္းက်င္ကို ပို သိခ်င္မိ႐ုံသာပါ။ ဒါ့ေၾကာင့္ သူ စကားကို ေနာက္ကေန အလိုက္သင့္ ျပန္ေထာက္ရင္း "ကေတာ္ေျပာတဲ့အေၾကာင္းက ဘာလို႔သေဘာမေတြ႕စရာအခ်က္ျဖစ္ေနတာလဲ" သူ႔ေမးခြန္းက တိုက္႐ိုက္ႀကီးမဟုတ္။ သို႔ေသာ္ ခြၽီကေတာ္ ထိန္းေျပာေနသည့္စကားလုံးတိုင္းအတြက္ စကားစေဖာ္ေပးလိုက္တာျဖစ္၏။

"ဘာလို႔ဆို ငါ့အမ်ိဳးသားေရာ ငါ့သားေရာ အဲဒီလို ႀကီးျပင္းလာခဲ့ရတာေလ" ခြၽီကေတာ္က ရွန္သိုက္က ခပ္သာသာ စိုက္ၾကည့္၍ "မင္းက သာမန္မိသားစုက ကေလးတစ္ေယာက္ပဲ။ မင္း နားမလည္ပါဘူး။ ေရွာင္ယြဲ႕က ခြၽီအိမ္ေတာ္ရဲ႕ ကေတာ္ျဖစ္ဖို႔ သင့္ေတာ္တာ။ မင္း မလုပ္ႏိုင္ဘူး"

ရွန္သိုက္ ဒီစကားကို ဘယ္နည္းႏွင့္မွ် ေခ်ပႏိုင္ျခင္းမရွိေခ်။ စိတ္ဓာတ္ေရးရာ ေရခ်ိန္မွာပင္ တတ္ႏိုင္ျခင္းကင္းမဲ့သည္။

ခြၽီကေတာ္၏ မ်က္ဝန္းမ်ားဟာ ႏူးညံ့ေသာ္လည္း စူးရွ၏ "မင္း ေမာ့ယြီနဲ႔ အတည္ေနျဖစ္ၾကတာ သိထားတယ္။ တားေဆးသုံးလား"

ရွန္သိုက္ ပိုလို႔ပင္ အေနရခက္လာေတာ့၏။ သူ တည္တည္ၿငိမ္ၿငိမ္ပဲ ေခါင္းညိတ္၍ "ကြၽန္ေတာ္တို႔ သေဘာတူညီခ်က္ထားထားပါတယ္။ ကေလးမယူဖို႔" ေျပာရင္း ခဏဆိုင္းၿပီးမွ ထပ္ေျပာလိုက္သည္ "ကေတာ္ စိတ္ခ်လို႔ျဖစ္ပါတယ္"

"ဒါ မင္းအတြက္ ေကာင္းတဲ့အရာပဲ" ခြၽီကေတာ္က ေစာင္ကို ခပ္တင္းတင္း ဆြဲၿခဳံ၍ ေလးတြဲ႕စြာ ေျပာလာသည္က "မင္း ထိပ္တန္းအဆင့္ Alpha မ်ိဳးဆက္ကို ေမြးေပးႏိုင္မွာမဟုတ္ဘူး။ မင္းရဲ႕ကေလးက ခြၽီအိမ္အတြက္ တန္ဖိုးမရွိဘူးပဲ"

ဒီစကားတို႔ဟာ သိပ္ကို ေအးစက္လွ၏။ ရွန္သိုက္ရင္ထဲ ခပ္ၾကမ္းၾကမ္း တုန္ယီသြားရသည္။ ခြၽီေမာ့ယြီ သူႏွင့္ ကေလးယူလို႔မျဖစ္တာ သူ သေဘာေပါက္ပါသည္။ သူက pheromone B အဆင့္ပဲရွိသည့္ Omega တစ္ေယာက္သာေလ။ S အဆင့္ Alpha တစ္ေယာက္ကို ေမြးႏိုင္ဖို႔ဆိုတာသည္ ထီေပါက္ဖို႔ထက္ပင္ ပို၍ ျဖစ္ႏိုင္ေခ် နည္းပါး၏။ S အဆင့္ Alpha မ်ိဳးဆက္ရႏိုင္ဖို႔ ျဖစ္ႏိုင္ေခ်အရွိဆုံး ေပါင္းစပ္ျခင္းသည္ S အဆင့္ Alpha ႏွင့္ S အဆင့္ Omega တြဲဖက္မႈျဖစ္၏။ ဒါသည္ ေနာင္ ခြၽီေမာ့ယြီ၏ အနာဂတ္ အိမ္ေထာင္ဖက္ေလာင္းျဖစ္လာဖို႔ မရွိမျဖစ္လိုအပ္သည့္အခ်က္ေပ။ သို႔ေသာ္ သူ႔အေနႏွင့္ကကေတာ့ ဘဝကို ဒီလိုပုံစံျဖင့္ အရွိတရားဟု လက္ခံေစၿပီး အထင္ေသးခံရျခင္းတို႔အတြက္ ရင္ထဲ မအီမလည္ခံစားရဆဲ။

"Pheromone အဆင့္က အဲ့ေလာက္ေတာင္ အေရးပါလား" ရွန္သိုက္ မေနႏိုင္ဘဲ စကားရဲ႕ ပထမတစ္ဝက္ကို ထုတ္ေျပာမိသည္။ သို႔ေသာ္ သူ တကယ္ ေျပာခ်င္သည္ကိုေတာ့ ၿမိဳသိပ္ထားေသးဆဲ။ ထင္ျမင္သတ္မွတ္ခ်က္မ်ားက မ်ိဳးဆက္ ေမြးဖြားေပးႏိုင္စြမ္းအေပၚတြင္သာ အဓိကထားတိုင္းတာေနၿပီး က်န္တာေတြကိုေတာ့ လ်စ္လ်ဴရႈထားသည္ပဲဟု ေျပာခ်င္မိသည္။ Omega တစ္ေယာက္၏ အျခားေသာ စြမ္းေဆာင္ရည္မ်ားအားျဖင့္ ဒီလိုအကဲျဖတ္မႈရႈေထာင့္ကေန သူ႔ကို ေဝဖန္အဆင့္သတ္မွတ္ၿပီး အဆင့္နိမ့္လူတန္းစားအျဖစ္ ယူဆခံရမႈအေပၚ သူ႔ အေနႏွင့္ သေဘာမတူႏိုင္ပါ။ သို႔ေသာ္လည္း ဒီကိစၥက လူႀကီးေတြႏွင့္ ေဆြးေႏြးဖို႔မသင့္မွန္း သူ သေဘာေပါက္ပါသည္။ ေခတ္ေတြမတူ၍ အျမင္ေတြကြာဟေနျခင္းအေပၚ စကားလုံးမ်ားႏွင့္ တံတားမထိုးႏိုင္ေခ်။

"ဒါေပါ့။ အေရးပါတာေပါ့။ အထူးသျဖင့္ Alpha ေတြရဲ႕ ကမာၻမွာေပါ့" ဟူ၍ ခြၽီကေတာ္က သက္ျပင္းခ်လ်က္ "မင္းသိလား၊ တကယ္ဆို ေမာ့ယြီမွာ Alpha ဝမ္းကြဲအႀကီးတစ္ေယာက္ရွိေသးတယ္။ ခ်န္းခ်န္ရဲ႕ အစ္မအရင္း"

"သူ ေျပာျပပါတယ္။ ဆုံးသြားၿပီတဲ့"

"သိပ္ေတာ္တဲ့ ေကာင္မေလး။ A အဆင့္ Alpha ေပါ့။ တကယ္ ထက္တာပါ။ ဒါေပမဲ့ ကံမေကာင္းစြာပဲ..." ခြၽီကေတာ္က မ်က္လႊာခ်သြားသည္။ သူမ၏ ဝမ္းနည္းမႈကို ဖုံးကြယ္ျခင္းမရွိ "သူ႔ရဲ႕ ကံဆိုးမႈေတြက ေမာ့ယြီေမြးလာတဲ့အခ်ိန္မွာပဲ စတင္ခဲ့တယ္။ ေနာက္ၿပီး ခ်န္းခ်န္ပါရွိလာေတာ့ ဟိုးတစ္ဆုံးျဖစ္သြားေတာ့တာပါ"

"...ဘာလို႔လဲ"

"ဘာလို႔လဲဆိုေတာ့ သူ႔မွာ ဘယ္သူမွ မယွဥ္ၿပိဳင္ႏိုင္တဲ့ ေမာင္ေလးႏွစ္ေယာက္ရွိေနခဲ့လို႔ပဲ။ သူ ဘယ္ေလာက္ပဲ ႀကိဳးစားပါေစ မ်ိဳးဗီဇကြာျခားမႈကိုေတာ့ ဘယ္လိုမွ မဖာေထးႏိုင္ခဲ့ဘူး။ သူက အႀကီးဆုံးသားအိမ္က အႀကီးဆုံးေျမးျဖစ္လင့္ကစား ရွင္းက်ိဳးရဲ႕ စီးပြားေရး ေဘးထြက္ျဖတ္ညႇပ္စေလာက္ကိုသာ လႊဲယူႏိုင္တယ္။ မာနသိပ္ႀကီးတဲ့ Alpha တစ္ေယာက္အတြက္ ဟိုးတစ္ဆုံး ႐ိုက္ခ်ခံလိုက္ရတာပဲ။ သူ႔ကို အျပင္လူေတြအျမင္မွာ ဘယ္ေလာက္ပဲ ကံေကာင္းတဲ့သူ ျပည့္စုံတဲ့လူလို႔ ျမင္ေနပါေစ သူ႔အတြက္ကေတာ့ ႐ိုက္ခ်ိဳးခံရတဲ့မာနနဲ႔ နာက်င္မႈေတြထဲမွာပဲ ရွင္သန္ခဲ့ရတယ္"

ခြၽီကေတာ္က ေအးစက္စက္ ျပတင္းမွန္ဆီ နဖူးျပင္ ခပ္ဖြဖြ မွီကာ ဆက္၍ "ဆန္ဖရန္စစၥကိုမွာပဲ ေဆးလြန္ၿပီးဆုံးသြားခဲ့တယ္။ သူ ဆုံးသြားေတာ့ ေမာ့ယြီေလာက္ေတာင္ မရွိေသးဘူး"

Arthur's Audrey

2023 Nov 23 _ 10:49 PM

................

စာမစစ္ထားျဖစ္ေသးပါဘူး။ မနက္မွပဲ ျပန္စစ္ျဖစ္ပါမယ္။ ေကာင္းေသာညပါ

Продолжить чтение

Вам также понравится

14.3K 1.2K 6
ဖုန်းရှင့်နှင့် မုချင်ကို မြတ်နိုးမိ၍ ဘာသာပြန်ခြင်း [!! spoiler alert!!] Original Author : heartbeatangel (on ao3) (I've got the permission to transl...
1.4M 226K 140
Eng Title _ Villain,please go easy on me Burmese Title _ ဗီလိန်ကြီး​ရေ​ကျေးဇူးပြုပြီးငါ​လေးကိုညှာတာ​ပေးပါ!! [ဗီလိန္ႀကီး​ေရ​ေက်းဇူးျပဳၿပီးငါ​ေလးကိုညႇ...
You are My Bone ✍💭✍

Любовные романы

2.4M 153K 97
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
1.9M 122K 73
# Scribe _ Aster_Rain # Start Date [ 5.1.2021] # End Date [ 26.5.2021] # Total Chapters _ [52 ]- Extra [15 ] Complete # Cv photo credit to orginal...