Unicode
အပိုင်း - ၃
စံ အိမ်သာကဆင်းပြီးပြန်လာတော့ ဦးကတုံးကို မတွေ့ရတော့ပေ။ဒီလူကြီးကို စမြင်ကတည်းက သူမရယ်ချင်နေသည်။အရပ်ကြီးက ကလန့်ကလားနှင့်ကတုံးပြောင်ပြောင်အောက်မှာ မျက်ခုံးကြီးက မဲခဲနေတာ ခူကောင်ကြီးတင်နေတဲ့အတိုင်းပါပဲ။
"စံစံ ဘယ်သွားနေတာလဲ..."
"...ရေအိမ်သွားတာ မာမီ ...."
"..သမီးဒယ်ဒီက သမီးကိုမတွေ့လို့ လိုက်ရှာနေတယ်။လာ...လာ...ကျောင်းပေါ်တက်ရအောင်...."
စံ မေမေဆွဲခေါ်ရာ ဘုန်းကြီးကျောင်းပေါ်သို့ ပြန်တက်ခဲ့သည်။
💮💮💮💮💮💮💮💮💮💮💮💮
လူချော ဘုန်းဘုန်းရှေ့မှာထိုင်ပြီး ဧည့်သည်နှင့်စကားပြောနေရာမှ အမျိုးသမီးနှစ်ယောက်ဝင်လာ၍ စကားစဖြတ်လိုက်၏။
(ဟိုကလေးမလေး)
လူချောမျက်နှာ အလိုလိုနေရင်း အိုသွားသည်။သူ့ကို ဦးကတုံးလို့ခေါ်တာမကြိုက်ပေ။ကလေးတစ်ယောက်က လူကြီးသူမကို မလေးမစားနှင့်ဆက်ဆံသလို ခံစားရသည်။ဘုန်းကြီးက အခေါ်လွှတ်၍သာ ကျောင်းပေါ်ပြန်တက်ခဲ့ရ၏။သူ့စိတ်ကတော့ မကြည်ချင်။
"စံစံ ဘယ်သွားနေတာလဲ။ခုနက ဒယ်ဒီအောက်ဆင်းတော့ သမီးကိုမတွေ့ဘူး..."
(ဪ ဒီပေါက်စက သူဌေးကြီးသမီးကိုး)
လူချော အခုမှပဲသိရတော့သည်။
"...စံက ရေအိမ်သွားတာ ဒယ်ဒီ...မဟုတ်ဘူး...မဟုတ်ဘူး...ကုဋီသွားတာ...."
"...ဟေ...."
စံစံ ဦးကတုံးကိုမြင်ပြီး ရေအိမ်လို့ပြောနေရာမှ ကုဋီလို့ပြောင်းပြောလိုက်ရာ ဘုန်းဘုန်းအသံက ဟေခနဲထွက်သွားသည်။
"...သမီး ကုဋီဆိုတာ ပါဠိလို သံဃာတွေရဲ့အခေါ်အဝေါ် အိမ်သာကိုပြောတာ..."
"...ဟမ်...."
ဒယ်ဒီပြောလိုက်မှ စံ ကြောင်သွား၏။
"....ဟားးဟားးဟားး ဒကာကြီးသမီးကတော့ စံဆိုတဲ့အတိုင်း တကယ့်စံပဲ...."
ဘုန်းကြီးက ရယ်လို့မဆုံးပေ။စံလည်း ပြောပြီးမှ ရှက်သွားသည်။
"...ဒါပေမဲ့ ဒယ်ဒီ...ဟို...ဦးကတုံးက ကုဋီလို့ ဇွတ်ရှင်းပြနေတာ...."
လူချောမျက်နှာကြီး မဲခနဲဖြစ်သွားသည်။
"....ဟဲ့ သမီး ဘယ့်နှယ် ဦးကတုံးလဲ...."
မာမီက စံ့လက်မောင်းကိုရိုက်ပြီး ဦးကတုံးကို အားနာဟန်ဖြင့် ဝင်ပြော၏။
"...ဪ ဒကာမလေးပင်တိုင်စံက လူချောနဲ့တွေ့လာပြီကိုး ဒါဆိုလည်း မိတ်ဆက်ပေးစရာတောင် မလိုတော့ဘူး..."
(အယ်လယ့် လူချောတဲ့...နာမည်နဲ့လူနဲ့ လိုက်လည်း မလိုက်ဘူး..)
* ခွီးးး
စံတွေးပြီး ရယ်ချင်လာ၍ အသံမထွက်အောင် ကျိတ်ရယ်၏။
ခန္ဓာကိုယ်လေးတလှုပ်လှုပ်နှင့် ကျိတ်ရယ်နေပြီး သူ့နာမည်ကိုလှောင်နေတဲ့ ငတိမကို လူချော မှုန်ကုပ်ကုပ်နဲ့ ကြည့်လိုက်သည်။
"...အရှင်ဘုရား တပည့်တော် အောက်ဆင်းပြီး လိုအပ်တာကူလုပ်လိုက်အုံး(ဦး) မယ်ဘုရား..."
"...ဟဲ့...နောက်မှကူလူချောရဲ့..မင်းကိုအခေါ်လွှတ်တာ ဒီကဒကာမလေး ပင်တိုင်စံရဲ့ ဇာတာကို တွက်ခိုင်းမလို့..."
"...ဟင်..."
လူချောခန္ဓာကိုယ် တွန့်သွား၏။
"...အယ် ဦးကတုံးက အဲ..အဲ..ယောင်လို့ ဦးလူချောက ဗေဒင်ဆရာလား..."
စံက အသံလေးစွာတာ စွာတာနှင့်ဝင်မေးသည်။လူချောက ဘာမှပြန်မဖြေဘဲ မကြားချင်ယောင်ဆောင်နေ၏။
ဘုန်းကြီးက မနေသာတော့ဘဲ
"...အင်းးး လူချောက ကျုပ်တူအရင်းလည်းဖြစ်ပြီး စကားကလည်း နည်းသကွဲ့။သီတင်းကျွတ်(ဝါကျွတ်)ပြီးမှ လူထွက်ထားတော့ လောကီနယ်ပယ်နဲ့က သိပ်မရင်းနှီးဘူးဖြစ်နေတာ..."
"...တင်ပါ့...."
ဒယ်ဒီက ဘုန်းဘုန်းစကားကို ထောက်ပေး၏။
"ဗေဒင်ကတော့ တဖက်ကမ်းခတ် တတ်ဗျာ....ကျုပ်နောင်တောင်ရဲ့ ပညာအကုန်ယူထားနိုင်တာပဲ။ကျုပ်တောင် သူ့လောက်မကျွမ်းဘူး..."
"...အဲ့ဒါကြောင့်လည်း တပည့်တော်သမီးလေးရဲ့ရှေ့ရေးကို ကြည့်ချင်တာပါဘုရား...."
စံနှာခေါင်းလေးရှုံ့လိုက်၏။သူများရဲ့ အတတ်ပညာကို မလေးမစားမပြုမူလိုပေမဲ့ စံက ဗေဒင်တွေဘာတွေဝါသနာမပါပေ။
"...ကဲ လူချော ဒကာမလေးကိုတွက်ချက်ပေးလိုက်စမ်းကွယ်..."
"...တင်ပါ့ဘုရား..."
ဒယ်ဒီနှင့်ဦးလူချော စံ့မွေးသက္ကရာဇ်တွေ ဘာတွေမေးမြန်းပြောဆိုရင်း သူက စာအုပ်နဲ့တွက်ချက်ပြီး ဟောစာတမ်းရေးနေသည်။စံကတော့ စိတ်မဝင်စားမဲ့အတူတူ ဖုန်းဖွင့်ပြီး fb သုံးနေသည်။
"..ဒါကတော့ တစ်သက်တာ ဟောစာတမ်းပါ။ကျွန်တော် သူ့လက္ခဏာကြည့်လို့ရမလား..."
"...ရပါတယ် ဆရာ...."
ဒယ်ဒီက ဆရာတွေဘာတွေနှင့် ခေါ်ပစ်လိုက်သည်။
"...စံ ဒီနားလာ..."
စံစံ ဦးလူချောရှေ့သွားထိုင်၏။ခြေသလုံးလောက်သာရှိသည့် ဂါဝန်လေးကို တစ်ကိုယ်လုံးလုံအောင် ဖုံးထိုင်သည်။
"...လက်ပေး...."
စံ့ ညာဖက်လက်ကို မှောက်ခုံကြီးဖြင့်ပျော့ပျော့ကြီးထားပြီး ထိုးပေးလိုက်၏။
"...လှန်လိုက်..."
"...ဘာ...."
စံ့အော်သံက စူးခနဲထွက်လာသည်။
"...ဘာလှန်ခိုင်းတာလဲ...."
"....လက်ကိုပြောတာ...."
"...ဪ အဟီးးး.."
ရှက်ရှက်နှင့် လက်ဖဝါးလေးဖြန့်ပေးလိုက်သည်။
လူချော အသင့်ဆောင်နေကျလက်ကိုင်ပဝါကိုထုတ်၍ စံ့လက်အောက်ကနေခံပြီး သူ့လက်ဖြင့်ထိန်းကိုင်သည်။ထိုပုံစံအနေအထားအရ
ကလေးမအသားနှင့် သူ့အသားမထိတော့ချေ။
ထို့နောက် ဘောပင်တစ်ချောင်းယူပြီး လက်ဖဝါးပေါ်က လက္ခဏာလမ်းကြောင်းတွေကို ထောက်ပြ၍ တစ်ချက်ချင်းရှင်းပြသည်။
"...ဒါက ပညာရေးလမ်းကြောင်း..
သူ့ရဲ့ပညာရေးက သာမန်ပဲ။ဒါပေမဲ့ ဆုံးခန်းတိုင်လိမ့်မယ်။သာမန်ဆိုတဲ့ သဘောက ထူးချွန်ထက်မြက်တဲ့အထဲမှာမပါဘူး။ဘွဲ့ရရုံလောက်ပဲ..."
"...ဟင့်..."
"...စီးပွားရေးလမ်းကြောင်းကတော့ ဦးမော့နေတယ်။သူ့ရဲ့နယ်ပယ်မှာ သူက လျှမ်းလျှမ်းတောက်အောင်မြင်လိမ့်မယ်...."
အခုကျ စံ့မျက်နှာလေး ပြုံးသွားရပြန်သည်။
"...ဘယ်ဖက်လက်ပေး..."
သူက စံ့ဘယ်ဖက်လက်ကို ခုနကအတိုင်း ယူကြည့်ပြီး
"...ဘယ်လက်က အိမ်ထောင်ဖက်အတွက်ကြည့်ရတာ။အိမ်ထောင်ဖက်က သူ့ထက်ပညာအရာရော စီးပွားရေးအရာပါ နိမ့်ကျမယ်။ဆိုလိုချင်တာက သူက ၁ သိန်းရှာနိုင်ရင် အိမ်ထောင်ဖက်က တစ်ဝက်လောက်ပဲစီးပွားရှိမယ်။ဒီသဘောပါ။ဒါပေမဲ့ အိမ်ထောင်ဖက်က သူ့အပေါ်သစ္စာရှိမယ်။တစ်ခုရှိတယ်..အိမ်ထောင်ဖက်ကောင်း ရနိုင်ပေမဲ့ ပင်တိုင်စံရဲ့လက္ခဏာကအိမ်ထောင်(၂) ဆက်လမ်းကြောင်း ပါနေတယ်..."
"...ဘယ်လို...ဘယ်လို စံကယောက်ျား ၂ ယောက်ရမှာ..."
စံ့အမေးစကားကြောင့် ဒယ်ဒီနှင့်မာမီ
မှာ မျက်နှာပဲပျက်ရမှာလိုလို ရယ်ရမှာလိုလို ဖြစ်ကုန်ကြသည်။
"...အင်း အဲ့ဒီလိုပုံစံမျိုး..."
"...ကျွန်တော်တို့ ဘယ်လိုလုပ်သင့်လဲ ဆရာ...."
"..လက္ခဏာကိုကြည့်ပြီးပြောရတာက တစ်ထပ်တည်းမှန်ပါ့မယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ဒီလိုလမ်းကြောင်းတွေပါနေတယ်လို့ ရှင်းပြတာ။အခြေအနေရယ် အချိန်အခါရယ်အရ သူ့ရဲ့ ကံကြမ္မာကောင်းမှု/ဆိုးမှုပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။အဲ့ဒါကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်မပြုဖို့ အကြံဉာဏ်ပြုချင်တယ်။ငယ်စဉ်မှာ အိမ်ထောင်ပြုခဲ့ရင် အိမ်ထောင် ၂ ဆက်ဖြစ်လိမ့်မယ်။အသက် ၂၅ နှစ်ကျော်ရင် ဒီလမ်းကြောင်းက ငြိမ်လိမ့်မယ်။အဲ့ဒီအချိန်ဆို သူလည်း ရင့်ကျက်တဲ့အရွယ်ရောက်နေပြီဆိုတော့ဒီ ကံကြမ္မာက လွတ်နိုင်ပါတယ်...."
"...ကျေးဇူးတင်ပါတယ်ဆရာ...."
စံကတော့ မယုံချင်ပေမဲ့ ဦးလူချောရဲ့မျက်နှာက တည်ကြည်လေးနက်နေ
ပြီး အရှိန်အဝါတစ်ခုပါနေ၍ ငြင်းဖို့လည်းမစွမ်းသာပေ။
💮💮💮💮💮💮💮💮💮💮💮
"လူချော ဧည့်သည်တွေကို သွားခေါ်လိုက်တော့..."
"...ဦးဖိုးထောလိုက်ပို့မှာပါ အမေရာ။လာတတ်ပါတယ်...."
"...လာတတ်လည်းပဲ ငါတို့က အိမ်ရှင်လေ။ထမင်းဖိတ်ကျွေးပါတယ်ဆိုမှ အိမ်ရှင်ဝတ္တရားအရ ခေါ်ရမှာပေါ့ဟဲ့..."
လူချော မသွားချင်သွားချင်ဖြင့် အဖေ့ဆိုင်ကယ်ယူပြီး ဘုန်းကြီးကျောင်းဆီသို့ ထွက်လာခဲ့သည်။
💮💮💮💮💮💮💮💮💮💮💮
စံတို့ ကထိန်ပွဲကြီး အောင်မြင်စွာပြီးဆုံးသွားပြီ။ဒယ်ဒီ့ဝန်ထမ်းတွေက ပြန်သွားကြပေမဲ့ စံတို့မိသားစုကတော့ဒီရွာမှာ တစ်ညထပ်နေပြီးမှ ပြန်ကြမည်။
စံတို့မိသားစု ကျောင်းဝိုင်းထဲမှာပဲ ထိုင်နေကြစဉ်
"ကျွန်တော့် အိမ်ကိုထမင်းစားကြွဖို့ လာခေါ်တာပါဗျ...."
ဦးကတုံး ဆိုင်ကယ်တစ်စီးနှင့်ရောက်လာ၏။ရှပ်လက်တိုအကွက်စိပ်နှင့် ပုဆိုးကိုဝတ်ထား၍ လူကရှင်းသန့်နေပေမဲ့ ခေါင်းကပြောင်နေသည်။စံ့မှာ သူ့ကိုဘယ်အချိန်ကြည့်ကြည့် ရယ်ချင်စိတ်ကထိန်းမရပေ။အရပ်ကြီးကရှည်ပြီး မျက်နှာက အမြဲရှုတင်းတင်း ဖြစ်နေတတ်သည်။
ဦးကတုံးက ရှေ့မှဆိုင်ကယ်မောင်း၍ စံတို့ကားက သူ့နောက်မှလိုက်သည်။ရွာထဲကိုဝင်လာပြီး အတော်ကြာတွင် သူ့ဆိုင်ကယ်က ခြံတစ်ခြံထဲကိုကွေ့ဝင်သွားသည်။
ခြံကြီးက ပြောင်ရှင်းနေပြီး ခြံထောင့်မှာသစ်ကိုင်းခြောက်တွေလည်း စုပုံထားသည်။ဦးကတုံးတို့အိမ်မှာ တစ်ထပ်ပုံစံဖြစ်၍ အိမ်ရှေ့မှာတော့ ခုတင်အကျယ်ကြီးရှိလေသည်။အဲ့ဒီခုတင်ပေါ်မှာပဲ စားပွဲနှင့်ထမင်းဝိုင်းကို ပြင်ဆင်ထားသည်။
"လာကြပါရှင့် ကြွကြပါ...."
"...ရပါတယ်ဗျာ ဒုက္ခရှာလို့အမကြီးရယ်..."
"...ဒုက္ခမရောက်ပါဘူး။ကိုယ့်ရွာ ကိုယ့်ကျောင်း ကထိန်လာခင်းတာကိုပဲ ဝမ်းမြောက်လှပါပြီ...."
💮💮💮💮💮💮💮💮💮💮💮💮
ထမင်းစားသောက်ပြီးကြ၍ အမေနှင့်ဟိုဘက်ကလူကြီးတွေကတော့ စကားလေပေးဖြောင့်နေကြသည်။သူ နေရတာ စိတ်ကျဥ်းကျပ်လာ၏။ဟိုကလေးမကို ကြည့်တော့လည်း ပျင်းနေပုံရသည်။
"အမေ့ ကျုပ် ဘုန်းကျောင်း(ဘုန်းကြီးကျောင်း) ခဏသွားလိုက်ဦးမယ်...."
"...ဟဲ့နေပါဦး ဒီသမီးလေးကို ဗျောဗျောဂျောက် လိုက်ပို့ပေးလိုက်ပါ့လား။သူရောက်ဖူးအောင်လို့...."
ဗျောဗျောဂျောက်ဆိုသည့် နာမည်ဆန်းဆန်းအသံကြားတော့ စံ့ခေါင်းလေးထောင်သွားသည်။
လူချော ငြင်းဖို့ဟန်ပြင်စဉ်
"...စံသွားချင်တယ်...နော်...ဒယ်ဒီ စံ့ကိုလိုက်ပို့လေ...."
"...ဒယ်ဒီက ဒီမှာစကားပြောနေတာလေ စံစံရဲ့...."
စံ့မျက်နှာလေးမဲ့သွား၏။နာမည်ကိုကြားလိုက်ကတည်းက စိတ်ဝင်စားပြီးသွားချင်လာသည်။
"....သမီးလေးကို ဆရာလိုက်ပို့လို့ရရင် ပို့ပေးဖို့ မေတ္တာရပ်ခံပါတယ်...."
ဒယ်ဒီက ဦးကတုံးကို အကူအညီတောင်းနေတော့ စံ မျက်လုံးတောက်တောက်လေးတွေနှင့် သူ့ကိုမော့ကြည့်သည်။
"...ရပါတယ်...."
"...ဟေးးးး"
စံ ပျော်လွန်းလို့ ထအော်လိုက်၏။
💮💮💮💮💮💮💮💮💮💮💮
ဦးကတုံးဆိုင်ကယ်နောက်ကနေ လိုက်စီးပြီး သူပြောတဲ့ဗျောဗျောဂျောက်ကို သွားကြသည်။
(အိုးးးလမ်းကလည်းကြမ်းလိုက်တာ)
ကားနှင့်လာတုန်းက မသိသာပေမဲ့ဆိုင်ကယ်စီးတော့မှ သူတို့ရွာလမ်းက တော်တော်ကြမ်းလေသည်။
* ဟ
ကလေးမက နောက်ကနေသူ့ခါးကို
တင်းခနဲနေအောင် ဖက်လာတော့
လူချောခန္ဓာကိုယ် တွန့်သွား၏။တစ်သက်နှင့်တစ်ကိုယ် မာတုဂါမဆို၍ အမေတစ်ယောက်နဲ့သာ ထိဖူးတဲ့လူချော...အခုမှ ဒုက္ခနှင့်လှလှတွေ့ချေပြီ။မဖက်နဲ့လို့လည်း ပြောမရပေ။
"မရောက်သေးဘူးလား ဦးလေးကြီး....စံ့ဖင်တွေနာနေပြီ..."
"...ရောက်တော့မယ်..."
စံ့မှာလည်း ပြုတ်မကျအောင် သူ့ခါးကိုလက်နှစ်ဖက်နှင့် သိမ်းဖက်ထားရသည်။
To be continued
💙💙💙💙💙💙💙💙💙💙💙
ဒီ Fiction ထဲက သစ်ကိုင်းခြောက်ဆိုတာ စံမတွေးတတ်လို့ပါ။တကယ်တော့ ခြံထောင့်မှာ နှမ်းရိုးတွေစုပုံထားခြင်းဖြစ်ပါတယ်။
နောက်တစ်ခုက အိမ်ရှေ့ ခုတင်အကျယ်ကြီးဆိုတာ ကွပ်ပစ်ကိုပြောတာပါ။
မာတုဂါမ = မိန်းမ
ဗျောဗျောဂျောက်=ဖျောဖျောချောက်(ချောင်းနာမည်ပါ)
💙💙💙💙💙💙💙💙💙💙💙
Zawgyi
အပိုင္း - ၃
စံ အိမ္သာကဆင္းၿပီးျပန္လာေတာ့ ဦးကတုံးကို မေတြ႕ရေတာ့ေပ။ဒီလူႀကီးကို စျမင္ကတည္းက သူမရယ္ခ်င္ေနသည္။အရပ္ႀကီးက ကလန႔္ကလားႏွင့္ကတုံးေျပာင္ေျပာင္ေအာက္မွာ မ်က္ခုံးႀကီးက မဲခဲေနတာ ခူေကာင္ႀကီးတင္ေနတဲ့အတိုင္းပါပဲ။
"စံစံ ဘယ္သြားေနတာလဲ..."
"...ေရအိမ္သြားတာ မာမီ ...."
"..သမီးဒယ္ဒီက သမီးကိုမေတြ႕လို႔ လိုက္ရွာေနတယ္။လာ...လာ...ေက်ာင္းေပၚတက္ရေအာင္...."
စံ ေမေမဆြဲေခၚရာ ဘုန္းႀကီးေက်ာင္းေပၚသို႔ ျပန္တက္ခဲ့သည္။
💮💮💮💮💮💮💮💮💮💮💮💮
လူေခ်ာ ဘုန္းဘုန္းေရွ႕မွာထိုင္ၿပီး ဧည့္သည္ႏွင့္စကားေျပာေနရာမွ အမ်ိဳးသမီးႏွစ္ေယာက္ဝင္လာ၍ စကားစျဖတ္လိုက္၏။
(ဟိုကေလးမေလး)
လူေခ်ာမ်က္ႏွာ အလိုလိုေနရင္း အိုသြားသည္။သူ႔ကို ဦးကတုံးလို႔ေခၚတာမႀကိဳက္ေပ။ကေလးတစ္ေယာက္က လူႀကီးသူမကို မေလးမစားႏွင့္ဆက္ဆံသလို ခံစားရသည္။ဘုန္းႀကီးက အေခၚလႊတ္၍သာ ေက်ာင္းေပၚျပန္တက္ခဲ့ရ၏။သူ႔စိတ္ကေတာ့ မၾကည္ခ်င္။
"စံစံ ဘယ္သြားေနတာလဲ။ခုနက ဒယ္ဒီေအာက္ဆင္းေတာ့ သမီးကိုမေတြ႕ဘူး..."
(ဪ ဒီေပါက္စက သူေဌးႀကီးသမီးကိုး)
လူေခ်ာ အခုမွပဲသိရေတာ့သည္။
"...စံက ေရအိမ္သြားတာ ဒယ္ဒီ...မဟုတ္ဘူး...မဟုတ္ဘူး...ကုဋီသြားတာ...."
"...ေဟ...."
စံစံ ဦးကတုံးကိုျမင္ၿပီး ေရအိမ္လို႔ေျပာေနရာမွ ကုဋီလို႔ေျပာင္းေျပာလိုက္ရာ ဘုန္းဘုန္းအသံက ေဟခနဲထြက္သြားသည္။
"...သမီး ကုဋီဆိုတာ ပါဠိလို သံဃာေတြရဲ႕အေခၚအေဝၚ အိမ္သာကိုေျပာတာ..."
"...ဟမ္...."
ဒယ္ဒီေျပာလိုက္မွ စံ ေၾကာင္သြား၏။
"....ဟားးဟားးဟားး ဒကာႀကီးသမီးကေတာ့ စံဆိုတဲ့အတိုင္း တကယ့္စံပဲ...."
ဘုန္းႀကီးက ရယ္လို႔မဆုံးေပ။စံလည္း ေျပာၿပီးမွ ရွက္သြားသည္။
"...ဒါေပမဲ့ ဒယ္ဒီ...ဟို...ဦးကတုံးက ကုဋီလို႔ ဇြတ္ရွင္းျပေနတာ...."
လူေခ်ာမ်က္ႏွာႀကီး မဲခနဲျဖစ္သြားသည္။
"....ဟဲ့ သမီး ဘယ့္ႏွယ္ ဦးကတုံးလဲ...."
မာမီက စံ့လက္ေမာင္းကို႐ိုက္ၿပီး ဦးကတုံးကို အားနာဟန္ျဖင့္ ဝင္ေျပာ၏။
"...ဪ ဒကာမေလးပင္တိုင္စံက လူေခ်ာနဲ႔ေတြ႕လာၿပီကိုး ဒါဆိုလည္း မိတ္ဆက္ေပးစရာေတာင္ မလိုေတာ့ဘူး..."
(အယ္လယ့္ လူေခ်ာတဲ့...နာမည္နဲ႔လူနဲ႔ လိုက္လည္း မလိုက္ဘူး..)
* ခြီးးး
စံေတြးၿပီး ရယ္ခ်င္လာ၍ အသံမထြက္ေအာင္ က်ိတ္ရယ္၏။
ခႏၶာကိုယ္ေလးတလႈပ္လႈပ္ႏွင့္ က်ိတ္ရယ္ေနၿပီး သူ႔နာမည္ကိုေလွာင္ေနတဲ့ ငတိမကို လူေခ်ာ မႈန္ကုပ္ကုပ္နဲ႔ ၾကည့္လိုက္သည္။
"...အရွင္ဘုရား တပည့္ေတာ္ ေအာက္ဆင္းၿပီး လိုအပ္တာကူလုပ္လိုက္အုံး(ဦး) မယ္ဘုရား..."
"...ဟဲ့...ေနာက္မွကူလူေခ်ာရဲ႕..မင္းကိုအေခၚလႊတ္တာ ဒီကဒကာမေလး ပင္တိုင္စံရဲ႕ ဇာတာကို တြက္ခိုင္းမလို႔..."
"...ဟင္..."
လူေခ်ာခႏၶာကိုယ္ တြန႔္သြား၏။
"...အယ္ ဦးကတုံးက အဲ..အဲ..ေယာင္လို႔ ဦးလူေခ်ာက ေဗဒင္ဆရာလား..."
စံက အသံေလးစြာတာ စြာတာႏွင့္ဝင္ေမးသည္။လူေခ်ာက ဘာမွျပန္မေျဖဘဲ မၾကားခ်င္ေယာင္ေဆာင္ေန၏။
ဘုန္းႀကီးက မေနသာေတာ့ဘဲ
"...အင္းးး လူေခ်ာက က်ဳပ္တူအရင္းလည္းျဖစ္ၿပီး စကားကလည္း နည္းသကြဲ႕။သီတင္းကြၽတ္(ဝါကြၽတ္)ၿပီးမွ လူထြက္ထားေတာ့ ေလာကီနယ္ပယ္နဲ႔က သိပ္မရင္းႏွီးဘူးျဖစ္ေနတာ..."
"...တင္ပါ့...."
ဒယ္ဒီက ဘုန္းဘုန္းစကားကို ေထာက္ေပး၏။
"ေဗဒင္ကေတာ့ တဖက္ကမ္းခတ္ တတ္ဗ်ာ....က်ဳပ္ေနာင္ေတာင္ရဲ႕ ပညာအကုန္ယူထားႏိုင္တာပဲ။က်ဳပ္ေတာင္ သူ႔ေလာက္မကြၽမ္းဘူး..."
"...အဲ့ဒါေၾကာင့္လည္း တပည့္ေတာ္သမီးေလးရဲ႕ေရွ႕ေရးကို ၾကည့္ခ်င္တာပါဘုရား...."
စံႏွာေခါင္းေလးရႈံ႕လိုက္၏။သူမ်ားရဲ႕ အတတ္ပညာကို မေလးမစားမျပဳမူလိုေပမဲ့ စံက ေဗဒင္ေတြဘာေတြဝါသနာမပါေပ။
"...ကဲ လူေခ်ာ ဒကာမေလးကိုတြက္ခ်က္ေပးလိုက္စမ္းကြယ္..."
"...တင္ပါ့ဘုရား..."
ဒယ္ဒီႏွင့္ဦးလူေခ်ာ စံ့ေမြးသကၠရာဇ္ေတြ ဘာေတြေမးျမန္းေျပာဆိုရင္း သူက စာအုပ္နဲ႔တြက္ခ်က္ၿပီး ေဟာစာတမ္းေရးေနသည္။စံကေတာ့ စိတ္မဝင္စားမဲ့အတူတူ ဖုန္းဖြင့္ၿပီး fb သုံးေနသည္။
"..ဒါကေတာ့ တစ္သက္တာ ေဟာစာတမ္းပါ။ကြၽန္ေတာ္ သူ႔လကၡဏာၾကည့္လို႔ရမလား..."
"...ရပါတယ္ ဆရာ...."
ဒယ္ဒီက ဆရာေတြဘာေတြႏွင့္ ေခၚပစ္လိုက္သည္။
"...စံ ဒီနားလာ..."
စံစံ ဦးလူေခ်ာေရွ႕သြားထိုင္၏။ေျခသလုံးေလာက္သာရွိသည့္ ဂါဝန္ေလးကို တစ္ကိုယ္လုံးလုံေအာင္ ဖုံးထိုင္သည္။
"...လက္ေပး...."
စံ့ ညာဖက္လက္ကို ေမွာက္ခုံႀကီးျဖင့္ေပ်ာ့ေပ်ာ့ႀကီးထားၿပီး ထိုးေပးလိုက္၏။
"...လွန္လိုက္..."
"...ဘာ...."
စံ့ေအာ္သံက စူးခနဲထြက္လာသည္။
"...ဘာလွန္ခိုင္းတာလဲ...."
"....လက္ကိုေျပာတာ...."
"...ဪ အဟီးးး.."
ရွက္ရွက္ႏွင့္ လက္ဖဝါးေလးျဖန႔္ေပးလိုက္သည္။
လူေခ်ာ အသင့္ေဆာင္ေနက်လက္ကိုင္ပဝါကိုထုတ္၍ စံ့လက္ေအာက္ကေနခံၿပီး သူ႔လက္ျဖင့္ထိန္းကိုင္သည္။ထိုပုံစံအေနအထားအရ
ကေလးမအသားႏွင့္ သူ႔အသားမထိေတာ့ေခ်။
ထို႔ေနာက္ ေဘာပင္တစ္ေခ်ာင္းယူၿပီး လက္ဖဝါးေပၚက လကၡဏာလမ္းေၾကာင္းေတြကို ေထာက္ျပ၍ တစ္ခ်က္ခ်င္းရွင္းျပသည္။
"...ဒါက ပညာေရးလမ္းေၾကာင္း..
သူ႔ရဲ႕ပညာေရးက သာမန္ပဲ။ဒါေပမဲ့ ဆုံးခန္းတိုင္လိမ့္မယ္။သာမန္ဆိုတဲ့ သေဘာက ထူးခြၽန္ထက္ျမက္တဲ့အထဲမွာမပါဘူး။ဘြဲ႕ရ႐ုံေလာက္ပဲ..."
"...ဟင့္..."
"...စီးပြားေရးလမ္းေၾကာင္းကေတာ့ ဦးေမာ့ေနတယ္။သူ႔ရဲ႕နယ္ပယ္မွာ သူက လွ်မ္းလွ်မ္းေတာက္ေအာင္ျမင္လိမ့္မယ္...."
အခုက် စံ့မ်က္ႏွာေလး ၿပဳံးသြားရျပန္သည္။
"...ဘယ္ဖက္လက္ေပး..."
သူက စံ့ဘယ္ဖက္လက္ကို ခုနကအတိုင္း ယူၾကည့္ၿပီး
"...ဘယ္လက္က အိမ္ေထာင္ဖက္အတြက္ၾကည့္ရတာ။အိမ္ေထာင္ဖက္က သူ႔ထက္ပညာအရာေရာ စီးပြားေရးအရာပါ နိမ့္က်မယ္။ဆိုလိုခ်င္တာက သူက ၁ သိန္းရွာႏိုင္ရင္ အိမ္ေထာင္ဖက္က တစ္ဝက္ေလာက္ပဲစီးပြားရွိမယ္။ဒီသေဘာပါ။ဒါေပမဲ့ အိမ္ေထာင္ဖက္က သူ႔အေပၚသစၥာရွိမယ္။တစ္ခုရွိတယ္..အိမ္ေထာင္ဖက္ေကာင္း ရႏိုင္ေပမဲ့ ပင္တိုင္စံရဲ႕လကၡဏာကအိမ္ေထာင္(၂) ဆက္လမ္းေၾကာင္း ပါေနတယ္..."
"...ဘယ္လို...ဘယ္လို စံကေယာက္်ား ၂ ေယာက္ရမွာ..."
စံ့အေမးစကားေၾကာင့္ ဒယ္ဒီႏွင့္မာမီ
မွာ မ်က္ႏွာပဲပ်က္ရမွာလိုလို ရယ္ရမွာလိုလို ျဖစ္ကုန္ၾကသည္။
"...အင္း အဲ့ဒီလိုပုံစံမ်ိဳး..."
"...ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္သင့္လဲ ဆရာ...."
"..လကၡဏာကိုၾကည့္ၿပီးေျပာရတာက တစ္ထပ္တည္းမွန္ပါ့မယ္လို႔ ဆိုလိုတာ မဟုတ္ဘူး။ဒီလိုလမ္းေၾကာင္းေတြပါေနတယ္လို႔ ရွင္းျပတာ။အေျခအေနရယ္ အခ်ိန္အခါရယ္အရ သူ႔ရဲ႕ ကံၾကမၼာေကာင္းမႈ/ဆိုးမႈေပၚ မူတည္ၿပီး ေျပာင္းလဲႏိုင္ပါတယ္။အဲ့ဒါေၾကာင့္ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိမ္ေထာင္မျပဳဖို႔ အႀကံဉာဏ္ျပဳခ်င္တယ္။ငယ္စဥ္မွာ အိမ္ေထာင္ျပဳခဲ့ရင္ အိမ္ေထာင္ ၂ ဆက္ျဖစ္လိမ့္မယ္။အသက္ ၂၅ ႏွစ္ေက်ာ္ရင္ ဒီလမ္းေၾကာင္းက ၿငိမ္လိမ့္မယ္။အဲ့ဒီအခ်ိန္ဆို သူလည္း ရင့္က်က္တဲ့အ႐ြယ္ေရာက္ေနၿပီဆိုေတာ့ဒီ ကံၾကမၼာက လြတ္ႏိုင္ပါတယ္...."
"...ေက်းဇူးတင္ပါတယ္ဆရာ...."
စံကေတာ့ မယုံခ်င္ေပမဲ့ ဦးလူေခ်ာရဲ႕မ်က္ႏွာက တည္ၾကည္ေလးနက္ေန
ၿပီး အရွိန္အဝါတစ္ခုပါေန၍ ျငင္းဖို႔လည္းမစြမ္းသာေပ။
💮💮💮💮💮💮💮💮💮💮💮
"လူေခ်ာ ဧည့္သည္ေတြကို သြားေခၚလိုက္ေတာ့..."
"...ဦးဖိုးေထာလိုက္ပို႔မွာပါ အေမရာ။လာတတ္ပါတယ္...."
"...လာတတ္လည္းပဲ ငါတို႔က အိမ္ရွင္ေလ။ထမင္းဖိတ္ေကြၽးပါတယ္ဆိုမွ အိမ္ရွင္ဝတၱရားအရ ေခၚရမွာေပါ့ဟဲ့..."
လူေခ်ာ မသြားခ်င္သြားခ်င္ျဖင့္ အေဖ့ဆိုင္ကယ္ယူၿပီး ဘုန္းႀကီးေက်ာင္းဆီသို႔ ထြက္လာခဲ့သည္။
💮💮💮💮💮💮💮💮💮💮💮
စံတို႔ ကထိန္ပြဲႀကီး ေအာင္ျမင္စြာၿပီးဆုံးသြားၿပီ။ဒယ္ဒီ့ဝန္ထမ္းေတြက ျပန္သြားၾကေပမဲ့ စံတို႔မိသားစုကေတာ့ဒီ႐ြာမွာ တစ္ညထပ္ေနၿပီးမွ ျပန္ၾကမည္။
စံတို႔မိသားစု ေက်ာင္းဝိုင္းထဲမွာပဲ ထိုင္ေနၾကစဥ္
"ကြၽန္ေတာ့္ အိမ္ကိုထမင္းစားႂကြဖို႔ လာေခၚတာပါဗ်...."
ဦးကတုံး ဆိုင္ကယ္တစ္စီးႏွင့္ေရာက္လာ၏။ရွပ္လက္တိုအကြက္စိပ္ႏွင့္ ပုဆိုးကိုဝတ္ထား၍ လူကရွင္းသန္႔ေနေပမဲ့ ေခါင္းကေျပာင္ေနသည္။စံ့မွာ သူ႔ကိုဘယ္အခ်ိန္ၾကည့္ၾကည့္ ရယ္ခ်င္စိတ္ကထိန္းမရေပ။အရပ္ႀကီးကရွည္ၿပီး မ်က္ႏွာက အၿမဲရႈတင္းတင္း ျဖစ္ေနတတ္သည္။
ဦးကတုံးက ေရွ႕မွဆိုင္ကယ္ေမာင္း၍ စံတို႔ကားက သူ႔ေနာက္မွလိုက္သည္။႐ြာထဲကိုဝင္လာၿပီး အေတာ္ၾကာတြင္ သူ႔ဆိုင္ကယ္က ၿခံတစ္ၿခံထဲကိုေကြ႕ဝင္သြားသည္။
ၿခံႀကီးက ေျပာင္ရွင္းေနၿပီး ၿခံေထာင့္မွာသစ္ကိုင္းေျခာက္ေတြလည္း စုပုံထားသည္။ဦးကတုံးတို႔အိမ္မွာ တစ္ထပ္ပုံစံျဖစ္၍ အိမ္ေရွ႕မွာေတာ့ ခုတင္အက်ယ္ႀကီးရွိေလသည္။အဲ့ဒီခုတင္ေပၚမွာပဲ စားပြဲႏွင့္ထမင္းဝိုင္းကို ျပင္ဆင္ထားသည္။
"လာၾကပါရွင့္ ႂကြၾကပါ...."
"...ရပါတယ္ဗ်ာ ဒုကၡရွာလို႔အမႀကီးရယ္..."
"...ဒုကၡမေရာက္ပါဘူး။ကိုယ့္႐ြာ ကိုယ့္ေက်ာင္း ကထိန္လာခင္းတာကိုပဲ ဝမ္းေျမာက္လွပါၿပီ...."
💮💮💮💮💮💮💮💮💮💮💮💮
ထမင္းစားေသာက္ၿပီးၾက၍ အေမႏွင့္ဟိုဘက္ကလူႀကီးေတြကေတာ့ စကားေလေပးေျဖာင့္ေနၾကသည္။သူ ေနရတာ စိတ္က်ဥ္းက်ပ္လာ၏။ဟိုကေလးမကို ၾကည့္ေတာ့လည္း ပ်င္းေနပုံရသည္။
"အေမ့ က်ဳပ္ ဘုန္းေက်ာင္း(ဘုန္းႀကီးေက်ာင္း) ခဏသြားလိုက္ဦးမယ္...."
"...ဟဲ့ေနပါဦး ဒီသမီးေလးကို ေဗ်ာေဗ်ာေဂ်ာက္ လိုက္ပို႔ေပးလိုက္ပါ့လား။သူေရာက္ဖူးေအာင္လို႔...."
ေဗ်ာေဗ်ာေဂ်ာက္ဆိုသည့္ နာမည္ဆန္းဆန္းအသံၾကားေတာ့ စံ့ေခါင္းေလးေထာင္သြားသည္။
လူေခ်ာ ျငင္းဖို႔ဟန္ျပင္စဥ္
"...စံသြားခ်င္တယ္...ေနာ္...ဒယ္ဒီ စံ့ကိုလိုက္ပို႔ေလ...."
"...ဒယ္ဒီက ဒီမွာစကားေျပာေနတာေလ စံစံရဲ႕...."
စံ့မ်က္ႏွာေလးမဲ့သြား၏။နာမည္ကိုၾကားလိုက္ကတည္းက စိတ္ဝင္စားၿပီးသြားခ်င္လာသည္။
"....သမီးေလးကို ဆရာလိုက္ပို႔လို႔ရရင္ ပို႔ေပးဖို႔ ေမတၱာရပ္ခံပါတယ္...."
ဒယ္ဒီက ဦးကတုံးကို အကူအညီေတာင္းေနေတာ့ စံ မ်က္လုံးေတာက္ေတာက္ေလးေတြႏွင့္ သူ႔ကိုေမာ့ၾကည့္သည္။
"...ရပါတယ္...."
"...ေဟးးးး"
စံ ေပ်ာ္လြန္းလို႔ ထေအာ္လိုက္၏။
💮💮💮💮💮💮💮💮💮💮💮
ဦးကတုံးဆိုင္ကယ္ေနာက္ကေန လိုက္စီးၿပီး သူေျပာတဲ့ေဗ်ာေဗ်ာေဂ်ာက္ကို သြားၾကသည္။
(အိုးးးလမ္းကလည္းၾကမ္းလိုက္တာ)
ကားႏွင့္လာတုန္းက မသိသာေပမဲ့ဆိုင္ကယ္စီးေတာ့မွ သူတို႔႐ြာလမ္းက ေတာ္ေတာ္ၾကမ္းေလသည္။
* ဟ
ကေလးမက ေနာက္ကေနသူ႔ခါးကို
တင္းခနဲေနေအာင္ ဖက္လာေတာ့
လူေခ်ာခႏၶာကိုယ္ တြန႔္သြား၏။တစ္သက္ႏွင့္တစ္ကိုယ္ မာတုဂါမဆို၍ အေမတစ္ေယာက္နဲ႔သာ ထိဖူးတဲ့လူေခ်ာ...အခုမွ ဒုကၡႏွင့္လွလွေတြ႕ေခ်ၿပီ။မဖက္နဲ႔လို႔လည္း ေျပာမရေပ။
"မေရာက္ေသးဘူးလား ဦးေလးႀကီး....စံ့ဖင္ေတြနာေနၿပီ..."
"...ေရာက္ေတာ့မယ္..."
စံ့မွာလည္း ျပဳတ္မက်ေအာင္ သူ႔ခါးကိုလက္ႏွစ္ဖက္ႏွင့္ သိမ္းဖက္ထားရသည္။
To be continued
💙💙💙💙💙💙💙💙💙💙💙
ဒီ Fiction ထဲက သစ္ကိုင္းေျခာက္ဆိုတာ စံမေတြးတတ္လို႔ပါ။တကယ္ေတာ့ ၿခံေထာင့္မွာ ႏွမ္း႐ိုးေတြစုပုံထားျခင္းျဖစ္ပါတယ္။
ေနာက္တစ္ခုက အိမ္ေရွ႕ ခုတင္အက်ယ္ႀကီးဆိုတာ ကြပ္ပစ္ကိုေျပာတာပါ။
မာတုဂါမ = မိန္းမ
ေဗ်ာေဗ်ာေဂ်ာက္=ေဖ်ာေဖ်ာေခ်ာက္(ေခ်ာင္းနာမည္ပါ)
💙💙💙💙💙💙💙💙💙💙💙