အပိုင်း (၅၉.၂) ရှီချီ(၂)
အနားမှမိန်းကလေးနှစ်ယောက်က ထိုကိစ္စကို ဒီအတိုင်း အလွတ်မပေးဘဲ ဝင်ပြောလိုက်သည်။
"ကုနန်ချန် နင် သူမကို ဒီလောက်ကြင်နာပြနေတာ ဘာများအသုံးဝင်လို့လဲ၊ ဒီတိုင်းပဲ ဒီအေးစက်ပြီး မသိတတ်တဲ့ ခွေးမကို တစ်ယောက်တည်း ပစ်ထားလိုက်စမ်း"
ဘေးဘက်ရှိကောင်မလေးက လိုက်ပြောသည်။
"နင် သူမရဲ့ မျက်နှာအမှန်ကို သိထားပြီးပြီပဲ၊ ဘာလို့ ဆက်လက်ပြီး ချည်းကပ်နေသေးတာလဲ၊ စိတ်သဘောထားကောင်းနေတာကို ရပ်လိုက်စမ်းပါ၊ မဟုတ်ရင် မန်နင်က နင့်ကို ခက်ခဲအောင်လုပ်လိမ့်မယ်"
မန်နင်က သူတို့ကို ကျိန်ဆဲလိုက်ချင်သည်။
ဘာလို့ ငါက ကုနန်ချန်ကို ခက်ခဲအောင်လုပ်ရမှာလဲ။
အစကနေ အဆုံးထိ သူမက တောက်လျှောက်ကို စကားလာပြောနေခဲ့တာပါ။ အမှိုက်လိုစကားတွေ လာပြောပြီး အချိန်တွေ ဖြုန်းနေတာလေ။
သူတို့က သူမကို ကြင်နာသည်ဟုပင် ခေါ်လိုက်သေးသည်။ သို့သော် အဓိပ္ပာယ်က တခြားဖြစ်နေလောက်သည်။ သို့သော် ကုနန်ချန်က ဝမ်းနည်းညှိုးငယ်သော မျက်နှာမျိုးဖြင့် လှည့်ကြည့်ပြီး ပြောလိုက်သည်။
"အဲ့ဒီလို မပြောပါနဲ့၊ မန်နင်က လက်ရှိအခြေအနေကို လက်မခံနိုင်သေးတာပါ၊ မန်နင်က လူကောင်းတစ်ယောက်ပါ"
ကောင်မလေးနှစ်ယောက်က အော်ရယ်ကြသည်။
နင်မုန့်။ "..."
နင်ပြောတာလည်း တူတူပဲမဟုတ်ဘူးလား။
စိတ်ရှုပ်ဖို့ကောင်းလိုက်တာ။
ကံကောင်းစွာဖြင့် သူမက တိတ်ဆိတ်နေသောကြောင့် အချိန်အတန်ကြာ စကားဆက်ပြောနေပြီးသည့်နောက် မျက်ရည်အပြည့်နှင့်အတူ ထွက်သွားပြီး ခပ်ဝေးဝေးနေရာသို့ သွားထိုင်လိုက်သည်။
ထိုအခါမှပင် နင်မုန့်က ပြုံးနိုင်တော့သည်။
နောက်မှမိန်းကလေးနှစ်ယောက်က သူမကို စိုက်ကြည့်နေပြီးမှသာ အကြောင်းအရာ ပြောင်းကြပြီး သူတို့အကြောင်း သူတို့ဆက်ပြောနေခဲ့ကြသည်။ သူတို့၏ အသံကမတိုးချေ။
"ဘာလို့ဆရာက မလာသေးတာလဲ၊ သူက အခြားလူရဲ့ အချိန်ကို ခိုးချင်လွန်းလို့ စောစောလာတတ်တာပါ"
"သူ တစ်ခုခုကြောင့် ကြာနေတာ ဖြစ်မှာပေါ့၊ သူ့ရဲ့ အကျင့်နဲ့ဆိုရင် သေချာပေါက် မနောက်ကျလောက်ဘူး"
"ငါ ကြားထားတဲ့အတိုင်းဆိုရင် ဆရာက ငါတို့ထက် နှစ်နည်းနည်းလောက်ပဲ ပိုအသက်ကြီးတဲ့ သင်ကြားရေး လက်ထောက်တစ်ယောက် ငှားထားတယ်တဲ့၊ အဲ့ဒီတစ်ယောက်က ချောတယ်ဆိုပဲ၊ တကယ်ဟုတ်မဟုတ် ငါလည်းသိချင်နေတာ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ သူ့ကို မမြင်ဖူးဘူး မဟုတ်လား၊ သူ့နာမည် ဘာ ဪ ပါးစပ်ဖျားလေးတင် ငါ မေ့နေပြီ"
"ဒီနှစ်မှာ အဲ့ဒီလောက်ချောတဲ့သူက ဘယ်ရှိနိုင်ပါ့မလဲ၊ သူတို့ပြောကြတာတော့ ရူပဗေဒဌာနက အဲ့ဒီကျောင်းသားက အချောဆုံးတဲ့လေ၊ ပေါက်ကရတွေ၊ အချောဆုံးကောင်လေးတွေဆိုတာက တကယ်မရှိဘူး"
သို့ရာတွင် ထိုမျှတခဏတွင် တံခါးက ပွင့်သွားမည်ဟု မထင်ထားမိကြချေ။
ဝင်လာသော သူက အရပ်ရှည်သည်။ သူ၏ သဏ္ဍာန်က ကိုယ်ဟန်မတ်သည်။ သူက လက်ထဲတွင် စာအုပ်တစ်အုပ်ကို ကိုင်ထားပြီး အဖြူရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ထားကာ သန့်ရှင်းသပ်ရပ်ဟန် ရသလို ထူးခြားသော လေထုအခြေအနေကိုလည်း ထုတ်လွှတ်နေခြင်း မရှိချေ။ သူ၏ အစိမ်းရောင်မျက်ဝန်းများက ဖန်သားလိုမျိုး တလက်လက် တောက်ပနေသည်။ သို့ရာတွင် သိုဝှက်စွာ ဖုံးကွယ်ထားသော ဖော်ပြရန် ခက်ခဲသည့် ခံစားချက်မျိုးကလည်း ရှိနေသည်။
မျက်နှာကျက်မှ မီးက အလွန်ထိန်လင်းနေပြီး သူ၏ မျက်နှာပေါ် ဖြာကျသွားသည်။ မူလက သူ၏ အမူအရာမဲ့မျက်နှာကြောင့် ပုံပန်းသွင်ပြင်က အနည်းငယ် ထိုင်းမှိုင်းသည်ဟု ခံစားခဲ့ရရာမှ ရုတ်တရက် ဖြောင့်မတ်သွားပြီး တောက်ပလွန်းသွားသလို ထင်ရစေသည်။ မူလဆရာကမူ စည်းကမ်းအလွန်တင်းကြပ်သော သူတို့၏ ပါမောက္ခဟောင်းဖြစ်သည်။
အခုလေးတင် ဝင်လာသော လူနှင့်ယှဉ်သော် တစ်တန်းလုံးရှိ လူတစ်ရာလုံး၏ အကြည့်က သူ့ထံရောက်လာလောက်အောင် သူက ဆွဲဆောင်မှု ပြည့်နေသည်။
အခြားသော ဌာနမှ ကျောင်းသားများ၏ အရေအတွက်က လက်ချောင်းရေလျှင်ပင် ဆယ်ယောက်ကျော်မျှသာ ရှိလောက်သည်။
သို့ရာတွင် ထိုကျောင်းသားများက အရှေ့ရှိလူလိုမျိုး သူတို့၏ နှလုံးသားကြိုးမျှင်များကို မဆွဲသွားနိုင်ချေ။ တစ်ဖက်လူ၏ ရုတ်တရက် ဝင်ရောက်လာသော ပုံစံကပင် လူတိုင်း၏ စိတ်ထဲတွင် စွဲသွားပြီဖြစ်သည်။
ကျောင်းသားများကမူ ပိုင်နက်ကျူးကျော်ခံရသလို ခံစားချက်မျိုးကို ခံစားလိုက်ရသည်။
ထိုအခါမှသာ နောက်ဆုံးတွင် အသိပြန်ဝင်လာကြသော ကောင်မလေးများက သိချင်စိတ် ပြင်းပြစွာဖြင့် သူက မည်သူဖြစ်ကြောင်းကို မေးမြန်းနေကြသည်။
သူက ဆရာအသစ်ဖြစ်လောက်လား။
နင်မုန့်ကမူ ကိုယ့်မျက်နှာကိုယ် ကိုင်လျက်ရေရွတ်လိုက်သည်။
"ဆယ့်ခုနစ်နှစ်ကလည်း ကြည့်ကောင်းတုန်းပဲ"
စီနီယာအထက်တန်းတွင် သူက အလွန်ပင် လှပသယောင်သွားနေသည်။ သို့သော် သူက အရွယ်ရောက်လာလေလေ ပို၍ ကြည့်ကောင်းလာလေလေ ဖြစ်လာသည်။ သို့ရာတွင် ဒီသုံးနှစ်တာ အတောအတွင်း သူက အရပ်ပိုရှည်လာပြီး ရုပ်သွင်ကလည်း ပို၍ သိသာလာကာ လှပလွန်းသော နတ်သူငယ်အလား ထင်ရသည်။
ထိုစကားလုံးဖြင့် သူ့ကို သုံးကာ ဖော်ပြခြင်းက မမှန်ကန်ဟု ထင်ရသည့်တိုင်အောင် ဒါက သူနှင့် လိုက်ဖက်နေသည်။
နောက်မှ ကောင်မလေးတစ်ယောက်က ပြောသည်။
"ဒါက ငါတို့ရဲ့ ဆရာအသစ်လား၊ သူက ဘယ်သူလဲ"
သူမဘေးရှိလူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ငါ သူ့ကို ဘာလို့မြင်ဖူးတယ်လို့ ခံစားနေရတာလဲ၊ သူက ဆရာ့ရဲ့ ... "
ဆရာနှင့် ကျောင်းသားကျောင်းသူများ၏ နေရာက ခွဲခြားထားပြီး ကျောင်းသူကျောင်းသားသစ်များက ဆရာများရှိရာဘက်ခြမ်းသို့လည်း မသွားတတ်ကြလေရာ ပေါင်းသင်းဆက်ဆံမှုက နည်းပါးသဖြင့် သူမ ကိုယ်တိုင်ကလည်း မသေချာချေ။
ရှီချီက စင်မြင့်ပေါ်တွင် ရပ်နေပြီဖြစ်သည်။ စာအုပ်ကို ချပြီးသွားလေပြီ။ သူက ပတ်ဝန်းကျင်ကို တစ်ချက် ကြည့်ပြီးနောက် သူ၏အကြည့်က ကျောင်းသူ ကျောင်းသားများထံ ရောက်သွားသည်။ နောက်ဆုံးတွင် သူ၏အကြည့်က ရှေ့ဆုံးတန်းထံတွင် မြဲမြံသွားသည်။
အချိန်အတန်ကြာမှသာ သူက အကြည့်လွှဲလိုက်နိုင်သည်။ စာအုပ်ကို လှန်ဖွင့်ပြီး ပြောလိုက်သည်။
"ပါမောက္ခဝမ်က လုပ်ရမယ့် ကိစ္စရှိနေလို့ ကျွန်တော်ကပဲ သူ့အတန်းကို အစားထိုးဝင်မှာပါ"
နင်မုန့်က မျက်တောင်တစ်ချက် ခတ်သည်။
သူမက မြေးဖြစ်သူ၏ အတန်းတွင် ဝင်ရောက်နားထောင်ရသော ရက်မျိုးရှိလာမည်ဟု မျှော်လင့်ထားဖူးသည်။
ဒီလိုဆရာမျိုးနဲ့ဆိုရင် ကျောင်းသူကျောင်းသားတိုင်းရဲ့ အကြည့်တွေက သူ့ရဲ့ မျက်နှာမှာ ကပ်နေတော့မှာပဲ။
သူမ၏ နောက်တွင် ထိုင်နေသော ကောင်မလေးများကလည်း အလားတူစွာပင် ဖြစ်သည်။
နင်မုန့်က ရှေ့တန်းတွင် တစ်ယောက်တည်းထိုင်ပြီး ဘယ်နှင့် ညာခုံများက ရှင်းနေသည်။ ထို့ကြောင့် သူမက တိုက်ရိုက်ကြီး ကြောင်တောင်တောင် စိုက်မကြည့်ရဲခဲ့ချေ။ ဒါက ရှက်စရာကောင်းသည်။
"ဆရာ ဆရာ့ရဲ့ နာမည်က ဘယ်လိုခေါ်လဲ"
အတန်း၏ အနောက်မှ ကျောင်းသူတစ်ယောက်က ထမေးသည်။
"ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကို မိတ်ဆက်ပေးပါ"
နင်မုန့်ကလည်း အသံပိုင်ရှင်ကို သိလိုက်သည်။ ဒါက သူမ၏ နောက်ခံအကြောင်း ပြောလျှင် လည်ချောင်းကွဲထွက်အောင် အော်ချင်သော လီကျောင်းဖြစ်သည်။
ရှီချီက သူမကို တစ်ချက်ပင် မကြည့်ဘဲ ပြောသည်။
"စာမျက်နှာနံပါတ် ၃၉"
လီကျောင်းက သူမ၏ နေရာတွင် တစ်ယောက်ထဲ မတ်တပ်ရပ်ပြီး ပတ်ဝန်းကျင်ရှိ လူတိုင်း၏ အရယ်ခံလိုက်ရသည်။ သူမမျက်နှာက နီရဲသွားပြီး ချက်ချင်းလိုလို ထိုင်ကာ အေးစက်စွာ နှာခေါင်းရှုံ့သည်။
...
"ငါ သိပြီ၊ သူက ရှီချီပဲ၊ ဝိုး နာမည်ကတင် နားထောင်ကောင်းလိုက်တာ၊ သူက ပါမောက္ခဝမ်ရဲ့ သင်ကြားရေးလက်ထောက်လေ၊ အသက် ၂၁နှစ်၊ single "
"သူ့မှာ WeChat ရှိလား"
"မရှိဘူး၊ ငါ့ သူငယ်ချင်းတစ်ယောက် ပြောတာတော့ သူက ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အရမ်းကာကွယ်တတ်တာတဲ့၊ စီနီယာအစ်မ ပြောတဲ့အတိုင်းဆိုရင် သူ့မှာ အရင်အတန်းဖော်ရှိပေမယ့် WeChat မရှိဘူးတဲ့၊ ဒါကြောင့် WeChat ကနေ ဆက်သွယ်လို့ မရနိုင်ဘူးတဲ့"
Single အရမ်း ကောင်းတယ်။ အရမ်းကောင်းတယ်။
ချောင်းနားထောင်နေသော နင်မုန့်ကမူ အမေတစ်ယောက်လိုအပြုံးဖြင့် ပြုံးလိုက်သည်။
သူ့ကို အခု ကြည့်ရတာ စာကို ကောင်းကောင်း လေ့လာပြီး နေ့တိုင်းတိုးတက်အောင် လုပ်ဆိုတဲ့ သူမရဲ့ အရင်စကားတွေကို စိတ်မပျက်စေဘူးပဲ။ ကြည့်ရတာ ဒါ ကောင်းကောင်း အလုပ်လုပ်တဲ့ပုံပဲ။
WeChat လို အရာမျိုးကိုတောင် ကောင်းကောင်း ကာကွယ်ထားသေးတယ်။
ထိုအတန်းက အင်္ဂလိပ်စာအတန်းဖြစ်ပြီး အတန်းက နောက်ခံ သို့မဟုတ် အသိုင်းအဝိုင်းကောင်းများ အကြောင်းနှင့် အချို့သော အလုပ်နှင့်ပတ်သက်ဆက်နွယ်သော အကြောင်းအရာများ၊ လူများအကြောင်းကို လေ့လာရပြီး တစ်တန်းလုံးကို အင်္ဂလိပ်ဘာသာဖြင့် ပြောရသည်။
ရှီချီက အလွန်လျင်မြန်စွာ ပြောနေခြင်းမဟုတ်သည့်တိုင်အောင် ကျောင်းသားကျောင်းသူအသစ်များအတွက်မူ လိုက်မီရန် ခက်ခဲသည်။ နင်မုန့်က အချိန်အတန်ကြာ နားထောင်နေသည့်တိုင်အောင် တစ်ကြောင်းနှစ်ကြောင်းခန့်သာ နားလည်လိုက်သည်။
အနောက်မှ ကျောင်းသား ကျောင်းသူများအတွက်ကမူ သူတို့၏နှလုံးသားက အတန်းထဲတွင်ပင် မရှိတော့ချေ။
နင်မုန့်က စင်မြင့်ကို စိုက်ကြည့်နေသည်။ ဆွဲကြိုးချသေခဲ့သော ထိုသရဲက စင်မြင့်ပေါ်သို့ပင် တက်သွားပြီး သူ၏ရှည်ထွက်နေသော လျှာနှင့် ကိုးကွယ်ဆည်းကပ်လိုဟန်အပြည့် မျက်နှာထားနှင့်အတူ သူက အသားကုန်ကြုံးဝါးပြီး မြန်ဆန်သော အရှိန်နှုန်းထားဖြင့် လိုက်ကူးရေးနေသည်။
အရှေ့ဆုံးတန်းတွင် ထိုင်နေသည့် သူများက သူ၏ မှတ်စုစာအုပ်ထဲမှ အပြည့်ရှိနေသည့် ကာရိုက်တာများကိုပင် မြင်နိုင်နေသည်။
သူမက သူက ဘာကိုရေးနေကြောင်း နားမလည်နိုင်သည့်တိုင်အောင် ပညာတတ်တစ်ယောက်ဟုပင် ထင်ရသည်။ သူ၏ ရှည်လျားသော လျှာကပင် စကားလုံးများကို ပြန်လိုက်ရွတ်ကြည့်နေသေးသည်။
သူမက ရှီချီကို ပြန်ကြည့်လိုက်သောအခါ သတိလက်လွတ်သူနှင့် အကြည့်ချင်း ဆုံသွားသည်။
နင်မုန့်၏ နှလုံးသားက အောက်သို့ ပြုတ်ကျသွားမတတ်ပင် ဖြစ်သွားသည်။
သူမက ခပ်မြန်မြန် အကြည့်လွှဲလိုက်ပြီး သူမ၏ နှလုံးခုန်နှုန်းကလည်း မြန်ဆန်သွားသည်။ သူမ စိုက်ကြည့်ခံနေရသည်ဟု ခံစားနေရသည်။ သို့သော် ခေါင်းလှည့်ကြည့်လိုက်သောအခါ ရှီချီက သူမကို ကြည့်မနေတော့ချေ။
နင်မုန့်။ "..."
ငါ အတွေးလွန်တာပဲနေမှာပါ။
လက်ရှိအချိန်တွင် သူမက မန်နင်၏ သာမန်ရုပ်ရည်သာရှိသော ပုံပန်းသွင်ပြင်ကိုသာ ပိုင်ဆိုင်ထားပြီး သူက သူမကို မမှတ်မိနိုင်လောက်ချေ။ ယခင်ကလည်း သူက သူမကို မမှတ်မိခဲ့ချေ။ မည်သို့ပင်ဆိုစေ အနည်းနှင့်အများသူနှင့် တွေ့ခဲ့လောက်ပေသည်။
ထိုအတွေးကြောင့် သူမက အာရုံများကို ပြန်လည်ဆင့်ခေါ်လိုက်ပြီး တက်တက်ကြွကြွသာ နားထောင်နေလိုက်သည်။
ရှီချီ၏ အသံက အလွန်နားထောင်ကောင်းသည်။ ရေခဲပြင်ပေါ် တောင်ပေါ်မှ နွေဦးစမ်းရေက ကျဆင်းလာသလို ကြည်လင်နေသော်လည်း အေးစက်သည်။ သို့သော် အနည်းငယ် ကြမ်းတမ်းပြီး ပဲ့တင်သံ ပါနေသလိုမျိုး ထူးခြားသော ဆွဲဆောင်မှုရှိနေသည်။
နင်မုန့်က သူ၏အသံကို နားထောင်ရင်း စိတ်လှုပ်ရှားလာရသည်။ တစ်တန်းလုံးနီးပါးကလည်း ပျော်ရွှင်နေကြသည်။ သူက အတန်းတွင်း အခြားစကားများလည်း မပြောချေ။ ရှင်းပြသော စကားအနည်းငယ်ကိုသာ သုံးသည်။
သို့ရာတွင် သူမကလည်း တဖြည်းဖြည်းချင်း နားထောင်ရင်း မှင်တက်သွားရသည်။
ရှီချီက ပထမတစ်မျက်နှာကို လှန်လိုက်ပြီး ရှေ့တန်းသို့ သတိလက်လွတ် ကြည့်လိုက်သည်။ သူ မျှော်လင့်ထားသည့်အတိုင်း မျက်ဝန်းနက်တစ်စုံကို မြင်လိုက်ရသဖြင့် သူ၏ မျက်ဝန်းများက အလိုအလျောက် မည်းမှောင်သွားသည်။ သူက အကြည့်ကို ပြန်ရုတ်ပြီး တိတ်တဆိတ် အချိတ်အဆက်ကို ယှဉ်ပြလာရန် ပြောလိုက်သည်။
"သူတို့ရဲ့ မေးခွန်းကို ကျောင်းသူကျောင်းသားတစ်ယောက်များ ဖြေနိုင်မလား"
သူ၏ အရှေ့ရှိလူများက ဆက်တိုက်ပင် လက်ကို အသားကုန်ထောင်ကြသည်။
တစ်တန်းလုံးရှိ ၉၉ ရာခိုင်နှုန်းခန့်က လက်ထောင်လာကြပြီး စိတ်အခြေအနေ မကောင်းသော ကျောင်းသားများကသာ ကျန်ရစ်ခဲ့သည်။
အလားတူ ပထမဦးဆုံးတန်းတွင် မှင်တက်နေသော နင်မုန့်ကလည်း လက်မထောင်လာခဲ့ချေ။
နင်မုန့်က စင်မြင့်ဘေးရှိ စာကြမ်းပိုးသရဲက လက်ကို မြှောက်ပြီး စိတ်လှုပ်ရှားနေသဖြင့် သူ၏ လျှာကို ပြန်သိမ်းသွားကာ တဆတ်ဆတ် တုန်ယင်နေကြောင်းကို မြင်လိုက်ရသည်။
ဒီမြင်ကွင်းက ရယ်ရတယ်။
ရှီချီ၏အကြည့်က နင်မုန့်ထံ စက္ကန့်အနည်းငယ်ကြာ ရပ်တန့်သွားပြီးနောက် နာမည်ခေါ်လိုက်သည်။
"မန်နင် ထပြီး ဒီမေးခွန်းကို ဖြေပါ"
သူ၏ အသံထွက်လာသည်နှင့် ဆွဲကြိုးချသေသော သရဲက လျင်မြန်စွာဖြင့် ပထမတန်းဘေးစားပွဲနားသို့ ရောက်လာပြီး သားကောင်ကို ချောင်းသော ကျားတစ်ကောင်လို ချောင်းကြည့်လာသည်။
နင်မုန့်။ "..."
ငါ ကြောက်လွန်းလို့ သေတော့မယ်။
သူမက သတိလက်လွတ် သူ၏ အကြည့်မှရှောင်ရန် ဘေးဘက်သို့ ရွှေ့လိုက်သောအခါ အနောက်ဘက်မှ ထိုးဖောက်လုမတတ် အကြည့်များကိုလည်း ခံစားလိုက်ရသည်။
သူမ၏ အနောက်မှ ကျောင်းသူတစ်ယောက်က ခါးသီးစွာ ပြောသည်။
"မြန်မြန် ထပြီး မေးခွန်းကို ဖြေလေ"
သူမက လက်ရှိအချိန်တွင် အလွန်မနာလိုဖြစ်နေသည်ဟု ဆိုနိုင်ပေသည်။
နင်မုန့်က အသိပြန်ဝင်လာသည့်အချိန်တွင် စင်မြင့်ပေါ်မှ သူမကို မျက်နှာသေဖြင့် ကြည့်နေသော ရှီချီကို မြင်လိုက်ရသည်။ ရှင်းလင်းစွာဖြင့်ပင် သူက ဒေါသထွက်နေလေပြီ။
သူမက ခပ်မြန်မြန် ထရပ်ပြီး ရှက်ရွံ့စွာ မေးလိုက်သည်။
"ဘာမေးခွန်းလဲ"
ရှီချီ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကော့တက်သွားသည်။ သို့ရာတွင် ထိုသို့ ကော့တက်သွားခြင်းက သိသိသာသာပင် မထင်ရှားလာခဲ့ချေ။ သူက ဖြည်းညင်းစွာဖြင့် Blackboard ပေါ်မှ ကာရိုက်တာများကို ညွှန်ပြပြီးနောက် ပြောသည်။
"ဒါ"
နင်မုန့်က ကြည့်လိုက်ပြီးနောက် ရိုးသားစွာ ဖြေသည်။
"ကျွန်မ မသိဘူး"
သူမက အတန်းကိုလည်း နားထောင်မနေခဲ့ချေ။ ဒါကို ဘယ်လိုသိမှာလဲ။
အခုကစပြီး ငါ ဘယ်တော့မှ ရှေ့ဆုံးတန်းမှာ မထိုင်တော့ဘူး။ ငါသာ နည်းနည်းလောက် စောစောလာခဲ့မယ်ဆိုရင် သေချာပေါက် နောက်ဆုံးတန်းမှာ ထိုင်ရမှာ ဟာ ဟုတ်တယ် အဲ့ဒီအတိုင်း ဆုံးဖြတ်လိုက်ပြီ။
သူမ၏ မျက်နှာလေးက နီရဲသွားပြီး ချစ်စရာကောင်းကာ သနားစဖွယ်ဖြစ်သွားကြောင်း မြင်သွားသောအခါ ရှီချီက ပြောလိုက်သည်။ သူ၏ အသံက အနည်းငယ် ဩရှနေလေသည်။
"ဒီလိုဆိုမှတော့ ဆက်ပြီး ရပ်နေလိုက်"
နင်မုန့်။ "..."
ငါ ကန်းနေတာ။ သူ့ကို အထင်မှားသွားတာပဲ။
သူက ငါပျိုးထောင်ခဲ့တဲ့ ဉာဏ်ကောင်း ချစ်စရာကောင်းပြီး သိတတ်တဲ့ မြေးမဟုတ်ဘူး။
ရှီချီ၏ မျက်ဝန်းက အစိမ်းရောင်ထဲတွင် အလင်းရောင် လက်နေသလို ထင်ရသည်။ တောအုပ်ထဲတွင် ရှိသည့် ပိုးစုန်းကြူးလေးများက အသက်ဝင်လာသလိုမျိုး တောက်ပနေသည်။
သူ၏ နှုတ်ခမ်းထောင့်မှ ကော့တက်နေသော အတွန့်ကလည်း ပြန်အောက်ကျသွားပြီး ပြောလိုက်သည်။
"နောက်တစ်တန်းမစခင် ကျွန်တော့်ကို အဖြေပြန်ပေးရမယ်"
နင်မုန့်က သူမ၏ မြေးဖြစ်သူက မည်သို့ ကြီးပြင်းလာကြောင်း စိတ်ထဲတွင် ဆက်တိုက် ကျိန်ဆဲနေခြင်း ဖြစ်သည်။ သို့သော် ထိုစကားများကို ကြားသောအခါ သတိလက်လွတ်ဖြေလိုက်သည်။
"ကျွန်မ မသိဘူး"
တစ်တန်းလုံံးက အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်သွားသည်။ မိန်းကလေးအချို့က စပြောလာကြသည်။
"ဆရာ ကျွန်မအဖြေသိတယ်၊ ကျွန်မ ဆရာ့ဆီ ကိုယ်တိုင် လာပို့နိုင်ပါတယ်၊ ဆရာ့နံပါတ်ပေးနိုင်မလား"
"ဟုတ်တယ် ဟုတ်တယ်၊ သူမက တော်တော်တုံးတာ၊ စီနီယာ ကျွန်မလည်း အဖြေသိတယ်၊ စီနီယာ့ရဲ့ WeChat လေး ပေးပါလား၊ ကျွန်မ ပို့ပေးမယ်လေ၊ အခုချက်ချင်း ပို့ပေးနိုင်ပါတယ်"
တစ်တန်းလုံးက ချက်ချင်းလိုလို ဆူညံသွားသည်။
အတန်းဆုံးကြောင်း ခေါင်းလောင်းသံက ထိုအခါတွင် တိတ်ဆိတ်စွာ ထွက်လာသည်။ အပြင်ဘက်တွင်လည်း ခြေသံများကို ကြားလိုက်ရသည်။
နင်မုန့်ကလည်း ထိုအခါတွင် အသိပြန်ဝင်လာပြီး ထိုအရှက်ကင်းမဲ့သော မိန်းကလေးများက ရှီချီ၏ ဖုန်းနံပါတ်နှင့် WeChat ကို ရသွားခဲ့ခြင်းကို ခွင့်မပြုနိုင်ပေ။ မည်သို့ပင်ဆိုစေ ထိုမိန်းကလေးများ၏ စရိုက်များက ပုတ်သိုးနေလောက်သည်။
သူမက အလျင်အမြန် ခပ်တိုးတိုး လေသံမျိုးဖြင့် ပြောလိုက်သည်။
"ကျွန်မ အဖြေဘယ်လိုပေးရမှာလဲ၊ ကျွန်မမှာ ဆရာရဲ့ ဖုန်းနံပါတ်မှမရှိတာ"
ရှီချီက ထိုဆူညံသံများ၏ သက်ရောက် မခံရသလိုမျိုး စာအုပ်ကို ပိတ်လိုက်သည်။
သူက နင်မုန့်ကို ကြည့်ပြီးနောက် သူ၏ အကြည့်က လေးနက်သွားသည်။ ရုတ်တရက် သူ့တွင် အကြံတစ်ခုရလာပြီး စကားကို ပြောင်းလိုက်သည်။
"မင်းမှာ မရှိဘူးလား"
မင်းမှာမရှိဘူး ဟုတ်လား။
တစ်တန်းလုံးရှိလူများက တိတ်ဆိတ်သွားတော့သည်။
နင်မုန့်။ "..."
ငါ့မှာရှိတယ်။ ငါ ရှီချီရဲ့ နံပါတ်ရော WeChat ရော သိတာပဲ။
ဒါပေမယ့် အဲ့ဒါ နင်နင်ရဲ့ နောက်ခံနဲ့လေ။
ဒါမှမဟုတ် သူဆိုလိုတာက ...
မန်နင်က အရင်က ရှီချီနဲ့ လျှို့ဝှက်ဆက်သွယ်ထားတာမျိုး ရှိလို့လား။ ဒါဆိုရင် ဘာလို့ မှတ်ဉာဏ်ထဲမှာ မတွေ့ရတာလဲ။
နင်မုန့်က အတန်ငယ်ဖိအားများသွားပြီး သူ့ကို ခိုးကြည့်လိုက်သည်။
...
ဟမ့်။
ရှီချီရဲ့ လျှို့ဝှက်ဒိုင်ယာရီ
...
စာရေးသူမှာ ပြောစရာရှိပါတယ်။
နင်မုန့်.. ငါ့ကလေးက ကြီးလာပြီ။ ခံစားချက်ဆိုးလိုက်တာ။
ဆယ့်ခုနစ်ကနေ အခု စာတောင်သင်နေပြီ။
သူက အခြားလူအစားထိုး သင်တာပဲဆိုပေမယ့်လည်း ဒါက ဒီဆရာရဲ့အစားဆိုတော့ ဇာတ်ကြောင်းက အများကြီးပါသေးမှာ မဟုတ်ဘူး။
.....
Telegram မှာ အပြီးအထိ တင်ပြီးပါပြီနော်။
Zawgyi
အပိုင္း (၅၉.၂) ရွီခ်ီ(၂)
အနားမွမိန္းကေလးႏွစ္ေယာက္က ထိုကိစၥကို ဒီအတိုင္း အလြတ္မေပးဘဲ ဝင္ေျပာလိုက္သည္။
"ကုနန္ခ်န္ နင္ သူမကို ဒီေလာက္ၾကင္နာျပေနတာ ဘာမ်ားအသုံးဝင္လို႔လဲ၊ ဒီတိုင္းပဲ ဒီေအးစက္ၿပီး မသိတတ္တဲ့ ေခြးမကို တစ္ေယာက္တည္း ပစ္ထားလိုက္စမ္း"
ေဘးဘက္ရွိေကာင္မေလးက လိုက္ေျပာသည္။
"နင္ သူမရဲ႕ မ်က္ႏွာအမွန္ကို သိထားၿပီးၿပီပဲ၊ ဘာလို႔ ဆက္လက္ၿပီး ခ်ည္းကပ္ေနေသးတာလဲ၊ စိတ္သေဘာထားေကာင္းေနတာကို ရပ္လိုက္စမ္းပါ၊ မဟုတ္ရင္ မန္နင္က နင့္ကို ခက္ခဲေအာင္လုပ္လိမ့္မယ္"
မန္နင္က သူတို႔ကို က်ိန္ဆဲလိုက္ခ်င္သည္။
ဘာလို႔ ငါက ကုနန္ခ်န္ကို ခက္ခဲေအာင္လုပ္ရမွာလဲ။
အစကေန အဆုံးထိ သူမက ေတာက္ေလွ်ာက္ကို စကားလာေျပာေနခဲ့တာပါ။ အမႈိက္လိုစကားေတြ လာေျပာၿပီး အခ်ိန္ေတြ ျဖဳန္းေနတာေလ။
သူတို႔က သူမကို ၾကင္နာသည္ဟုပင္ ေခၚလိုက္ေသးသည္။ သို႔ေသာ္ အဓိပၸာယ္က တျခားျဖစ္ေနေလာက္သည္။ သို႔ေသာ္ ကုနန္ခ်န္က ဝမ္းနည္းညႇိဳးငယ္ေသာ မ်က္ႏွာမ်ိဳးျဖင့္ လွည့္ၾကည့္ၿပီး ေျပာလိုက္သည္။
"အဲ့ဒီလို မေျပာပါနဲ႔၊ မန္နင္က လက္ရွိအေျခအေနကို လက္မခံႏိုင္ေသးတာပါ၊ မန္နင္က လူေကာင္းတစ္ေယာက္ပါ"
ေကာင္မေလးႏွစ္ေယာက္က ေအာ္ရယ္ၾကသည္။
နင္မုန႔္။ "..."
နင္ေျပာတာလည္း တူတူပဲမဟုတ္ဘူးလား။
စိတ္ရႈပ္ဖို႔ေကာင္းလိုက္တာ။
ကံေကာင္းစြာျဖင့္ သူမက တိတ္ဆိတ္ေနေသာေၾကာင့္ အခ်ိန္အတန္ၾကာ စကားဆက္ေျပာေနၿပီးသည့္ေနာက္ မ်က္ရည္အျပည့္ႏွင့္အတူ ထြက္သြားၿပီး ခပ္ေဝးေဝးေနရာသို႔ သြားထိုင္လိုက္သည္။
ထိုအခါမွပင္ နင္မုန႔္က ၿပဳံးႏိုင္ေတာ့သည္။
ေနာက္မွမိန္းကေလးႏွစ္ေယာက္က သူမကို စိုက္ၾကည့္ေနၿပီးမွသာ အေၾကာင္းအရာ ေျပာင္းၾကၿပီး သူတို႔အေၾကာင္း သူတို႔ဆက္ေျပာေနခဲ့ၾကသည္။ သူတို႔၏ အသံကမတိုးေခ်။
"ဘာလို႔ဆရာက မလာေသးတာလဲ၊ သူက အျခားလူရဲ႕ အခ်ိန္ကို ခိုးခ်င္လြန္းလို႔ ေစာေစာလာတတ္တာပါ"
"သူ တစ္ခုခုေၾကာင့္ ၾကာေနတာ ျဖစ္မွာေပါ့၊ သူ႔ရဲ႕ အက်င့္နဲ႔ဆိုရင္ ေသခ်ာေပါက္ မေနာက္က်ေလာက္ဘူး"
"ငါ ၾကားထားတဲ့အတိုင္းဆိုရင္ ဆရာက ငါတို႔ထက္ ႏွစ္နည္းနည္းေလာက္ပဲ ပိုအသက္ႀကီးတဲ့ သင္ၾကားေရး လက္ေထာက္တစ္ေယာက္ ငွားထားတယ္တဲ့၊ အဲ့ဒီတစ္ေယာက္က ေခ်ာတယ္ဆိုပဲ၊ တကယ္ဟုတ္မဟုတ္ ငါလည္းသိခ်င္ေနတာ၊ ဘယ္လိုပဲျဖစ္ျဖစ္ ငါတို႔ သူ႔ကို မျမင္ဖူးဘူး မဟုတ္လား၊ သူ႔နာမည္ ဘာ ဪ ပါးစပ္ဖ်ားေလးတင္ ငါ ေမ့ေနၿပီ"
"ဒီႏွစ္မွာ အဲ့ဒီေလာက္ေခ်ာတဲ့သူက ဘယ္ရွိႏိုင္ပါ့မလဲ၊ သူတို႔ေျပာၾကတာေတာ့ ႐ူပေဗဒဌာနက အဲ့ဒီေက်ာင္းသားက အေခ်ာဆုံးတဲ့ေလ၊ ေပါက္ကရေတြ၊ အေခ်ာဆုံးေကာင္ေလးေတြဆိုတာက တကယ္မရွိဘူး"
သို႔ရာတြင္ ထိုမွ်တခဏတြင္ တံခါးက ပြင့္သြားမည္ဟု မထင္ထားမိၾကေခ်။
ဝင္လာေသာ သူက အရပ္ရွည္သည္။ သူ၏ သ႑ာန္က ကိုယ္ဟန္မတ္သည္။ သူက လက္ထဲတြင္ စာအုပ္တစ္အုပ္ကို ကိုင္ထားၿပီး အျဖဴေရာင္ရွပ္အက်ႌကို ဝတ္ဆင္ထားကာ သန႔္ရွင္းသပ္ရပ္ဟန္ ရသလို ထူးျခားေသာ ေလထုအေျခအေနကိုလည္း ထုတ္လႊတ္ေနျခင္း မရွိေခ်။ သူ၏ အစိမ္းေရာင္မ်က္ဝန္းမ်ားက ဖန္သားလိုမ်ိဳး တလက္လက္ ေတာက္ပေနသည္။ သို႔ရာတြင္ သိုဝွက္စြာ ဖုံးကြယ္ထားေသာ ေဖာ္ျပရန္ ခက္ခဲသည့္ ခံစားခ်က္မ်ိဳးကလည္း ရွိေနသည္။
မ်က္ႏွာက်က္မွ မီးက အလြန္ထိန္လင္းေနၿပီး သူ၏ မ်က္ႏွာေပၚ ျဖာက်သြားသည္။ မူလက သူ၏ အမူအရာမဲ့မ်က္ႏွာေၾကာင့္ ပုံပန္းသြင္ျပင္က အနည္းငယ္ ထိုင္းမႈိင္းသည္ဟု ခံစားခဲ့ရရာမွ ႐ုတ္တရက္ ေျဖာင့္မတ္သြားၿပီး ေတာက္ပလြန္းသြားသလို ထင္ရေစသည္။ မူလဆရာကမူ စည္းကမ္းအလြန္တင္းၾကပ္ေသာ သူတို႔၏ ပါေမာကၡေဟာင္းျဖစ္သည္။
အခုေလးတင္ ဝင္လာေသာ လူႏွင့္ယွဥ္ေသာ္ တစ္တန္းလုံးရွိ လူတစ္ရာလုံး၏ အၾကည့္က သူ႔ထံေရာက္လာေလာက္ေအာင္ သူက ဆြဲေဆာင္မႈ ျပည့္ေနသည္။
အျခားေသာ ဌာနမွ ေက်ာင္းသားမ်ား၏ အေရအတြက္က လက္ေခ်ာင္းေရလွ်င္ပင္ ဆယ္ေယာက္ေက်ာ္မွ်သာ ရွိေလာက္သည္။
သို႔ရာတြင္ ထိုေက်ာင္းသားမ်ားက အေရွ႕ရွိလူလိုမ်ိဳး သူတို႔၏ ႏွလုံးသားႀကိဳးမွ်င္မ်ားကို မဆြဲသြားႏိုင္ေခ်။ တစ္ဖက္လူ၏ ႐ုတ္တရက္ ဝင္ေရာက္လာေသာ ပုံစံကပင္ လူတိုင္း၏ စိတ္ထဲတြင္ စြဲသြားၿပီျဖစ္သည္။
ေက်ာင္းသားမ်ားကမူ ပိုင္နက္က်ဴးေက်ာ္ခံရသလို ခံစားခ်က္မ်ိဳးကို ခံစားလိုက္ရသည္။
ထိုအခါမွသာ ေနာက္ဆုံးတြင္ အသိျပန္ဝင္လာၾကေသာ ေကာင္မေလးမ်ားက သိခ်င္စိတ္ ျပင္းျပစြာျဖင့္ သူက မည္သူျဖစ္ေၾကာင္းကို ေမးျမန္းေနၾကသည္။
သူက ဆရာအသစ္ျဖစ္ေလာက္လား။
နင္မုန႔္ကမူ ကိုယ့္မ်က္ႏွာကိုယ္ ကိုင္လ်က္ေရ႐ြတ္လိုက္သည္။
"ဆယ့္ခုနစ္ႏွစ္ကလည္း ၾကည့္ေကာင္းတုန္းပဲ"
စီနီယာအထက္တန္းတြင္ သူက အလြန္ပင္ လွပသေယာင္သြားေနသည္။ သို႔ေသာ္ သူက အ႐ြယ္ေရာက္လာေလေလ ပို၍ ၾကည့္ေကာင္းလာေလေလ ျဖစ္လာသည္။ သို႔ရာတြင္ ဒီသုံးႏွစ္တာ အေတာအတြင္း သူက အရပ္ပိုရွည္လာၿပီး ႐ုပ္သြင္ကလည္း ပို၍ သိသာလာကာ လွပလြန္းေသာ နတ္သူငယ္အလား ထင္ရသည္။
ထိုစကားလုံးျဖင့္ သူ႔ကို သုံးကာ ေဖာ္ျပျခင္းက မမွန္ကန္ဟု ထင္ရသည့္တိုင္ေအာင္ ဒါက သူႏွင့္ လိုက္ဖက္ေနသည္။
ေနာက္မွ ေကာင္မေလးတစ္ေယာက္က ေျပာသည္။
"ဒါက ငါတို႔ရဲ႕ ဆရာအသစ္လား၊ သူက ဘယ္သူလဲ"
သူမေဘးရွိလူက ခပ္တိုးတိုး ေရ႐ြတ္လိုက္သည္။
"ငါ သူ႔ကို ဘာလို႔ျမင္ဖူးတယ္လို႔ ခံစားေနရတာလဲ၊ သူက ဆရာ့ရဲ႕ ... "
ဆရာႏွင့္ ေက်ာင္းသားေက်ာင္းသူမ်ား၏ ေနရာက ခြဲျခားထားၿပီး ေက်ာင္းသူေက်ာင္းသားသစ္မ်ားက ဆရာမ်ားရွိရာဘက္ျခမ္းသို႔လည္း မသြားတတ္ၾကေလရာ ေပါင္းသင္းဆက္ဆံမႈက နည္းပါးသျဖင့္ သူမ ကိုယ္တိုင္ကလည္း မေသခ်ာေခ်။
ရွီခ်ီက စင္ျမင့္ေပၚတြင္ ရပ္ေနၿပီျဖစ္သည္။ စာအုပ္ကို ခ်ၿပီးသြားေလၿပီ။ သူက ပတ္ဝန္းက်င္ကို တစ္ခ်က္ ၾကည့္ၿပီးေနာက္ သူ၏အၾကည့္က ေက်ာင္းသူ ေက်ာင္းသားမ်ားထံ ေရာက္သြားသည္။ ေနာက္ဆုံးတြင္ သူ၏အၾကည့္က ေရွ႕ဆုံးတန္းထံတြင္ ၿမဲၿမံသြားသည္။
အခ်ိန္အတန္ၾကာမွသာ သူက အၾကည့္လႊဲလိုက္ႏိုင္သည္။ စာအုပ္ကို လွန္ဖြင့္ၿပီး ေျပာလိုက္သည္။
"ပါေမာကၡဝမ္က လုပ္ရမယ့္ ကိစၥရွိေနလို႔ ကြၽန္ေတာ္ကပဲ သူ႔အတန္းကို အစားထိုးဝင္မွာပါ"
နင္မုန႔္က မ်က္ေတာင္တစ္ခ်က္ ခတ္သည္။
သူမက ေျမးျဖစ္သူ၏ အတန္းတြင္ ဝင္ေရာက္နားေထာင္ရေသာ ရက္မ်ိဳးရွိလာမည္ဟု ေမွ်ာ္လင့္ထားဖူးသည္။
ဒီလိုဆရာမ်ိဳးနဲ႔ဆိုရင္ ေက်ာင္းသူေက်ာင္းသားတိုင္းရဲ႕ အၾကည့္ေတြက သူ႔ရဲ႕ မ်က္ႏွာမွာ ကပ္ေနေတာ့မွာပဲ။
သူမ၏ ေနာက္တြင္ ထိုင္ေနေသာ ေကာင္မေလးမ်ားကလည္း အလားတူစြာပင္ ျဖစ္သည္။
နင္မုန႔္က ေရွ႕တန္းတြင္ တစ္ေယာက္တည္းထိုင္ၿပီး ဘယ္ႏွင့္ ညာခုံမ်ားက ရွင္းေနသည္။ ထို႔ေၾကာင့္ သူမက တိုက္႐ိုက္ႀကီး ေၾကာင္ေတာင္ေတာင္ စိုက္မၾကည့္ရဲခဲ့ေခ်။ ဒါက ရွက္စရာေကာင္းသည္။
"ဆရာ ဆရာ့ရဲ႕ နာမည္က ဘယ္လိုေခၚလဲ"
အတန္း၏ အေနာက္မွ ေက်ာင္းသူတစ္ေယာက္က ထေမးသည္။
"ေက်းဇူးျပဳၿပီး ကိုယ့္ကိုယ္ကို မိတ္ဆက္ေပးပါ"
နင္မုန႔္ကလည္း အသံပိုင္ရွင္ကို သိလိုက္သည္။ ဒါက သူမ၏ ေနာက္ခံအေၾကာင္း ေျပာလွ်င္ လည္ေခ်ာင္းကြဲထြက္ေအာင္ ေအာ္ခ်င္ေသာ လီေက်ာင္းျဖစ္သည္။
ရွီခ်ီက သူမကို တစ္ခ်က္ပင္ မၾကည့္ဘဲ ေျပာသည္။
"စာမ်က္ႏွာနံပါတ္ ၃၉"
လီေက်ာင္းက သူမ၏ ေနရာတြင္ တစ္ေယာက္ထဲ မတ္တပ္ရပ္ၿပီး ပတ္ဝန္းက်င္ရွိ လူတိုင္း၏ အရယ္ခံလိုက္ရသည္။ သူမမ်က္ႏွာက နီရဲသြားၿပီး ခ်က္ခ်င္းလိုလို ထိုင္ကာ ေအးစက္စြာ ႏွာေခါင္းရႈံ႕သည္။
...
"ငါ သိၿပီ၊ သူက ရွီခ်ီပဲ၊ ဝိုး နာမည္ကတင္ နားေထာင္ေကာင္းလိုက္တာ၊ သူက ပါေမာကၡဝမ္ရဲ႕ သင္ၾကားေရးလက္ေထာက္ေလ၊ အသက္ ၂၁ႏွစ္၊ single "
"သူ႔မွာ WeChat ရွိလား"
"မရွိဘူး၊ ငါ့ သူငယ္ခ်င္းတစ္ေယာက္ ေျပာတာေတာ့ သူက ကိုယ္ေရးကိုယ္တာ အခ်က္အလက္ေတြကို အရမ္းကာကြယ္တတ္တာတဲ့၊ စီနီယာအစ္မ ေျပာတဲ့အတိုင္းဆိုရင္ သူ႔မွာ အရင္အတန္းေဖာ္ရွိေပမယ့္ WeChat မရွိဘူးတဲ့၊ ဒါေၾကာင့္ WeChat ကေန ဆက္သြယ္လို႔ မရႏိုင္ဘူးတဲ့"
Single အရမ္း ေကာင္းတယ္။ အရမ္းေကာင္းတယ္။
ေခ်ာင္းနားေထာင္ေနေသာ နင္မုန႔္ကမူ အေမတစ္ေယာက္လိုအၿပဳံးျဖင့္ ၿပဳံးလိုက္သည္။
သူ႔ကို အခု ၾကည့္ရတာ စာကို ေကာင္းေကာင္း ေလ့လာၿပီး ေန႔တိုင္းတိုးတက္ေအာင္ လုပ္ဆိုတဲ့ သူမရဲ႕ အရင္စကားေတြကို စိတ္မပ်က္ေစဘူးပဲ။ ၾကည့္ရတာ ဒါ ေကာင္းေကာင္း အလုပ္လုပ္တဲ့ပုံပဲ။
WeChat လို အရာမ်ိဳးကိုေတာင္ ေကာင္းေကာင္း ကာကြယ္ထားေသးတယ္။
ထိုအတန္းက အဂၤလိပ္စာအတန္းျဖစ္ၿပီး အတန္းက ေနာက္ခံ သို႔မဟုတ္ အသိုင္းအဝိုင္းေကာင္းမ်ား အေၾကာင္းႏွင့္ အခ်ိဳ႕ေသာ အလုပ္ႏွင့္ပတ္သက္ဆက္ႏြယ္ေသာ အေၾကာင္းအရာမ်ား၊ လူမ်ားအေၾကာင္းကို ေလ့လာရၿပီး တစ္တန္းလုံးကို အဂၤလိပ္ဘာသာျဖင့္ ေျပာရသည္။
ရွီခ်ီက အလြန္လ်င္ျမန္စြာ ေျပာေနျခင္းမဟုတ္သည့္တိုင္ေအာင္ ေက်ာင္းသားေက်ာင္းသူအသစ္မ်ားအတြက္မူ လိုက္မီရန္ ခက္ခဲသည္။ နင္မုန႔္က အခ်ိန္အတန္ၾကာ နားေထာင္ေနသည့္တိုင္ေအာင္ တစ္ေၾကာင္းႏွစ္ေၾကာင္းခန႔္သာ နားလည္လိုက္သည္။
အေနာက္မွ ေက်ာင္းသား ေက်ာင္းသူမ်ားအတြက္ကမူ သူတို႔၏ႏွလုံးသားက အတန္းထဲတြင္ပင္ မရွိေတာ့ေခ်။
နင္မုန႔္က စင္ျမင့္ကို စိုက္ၾကည့္ေနသည္။ ဆြဲႀကိဳးခ်ေသခဲ့ေသာ ထိုသရဲက စင္ျမင့္ေပၚသို႔ပင္ တက္သြားၿပီး သူ၏ရွည္ထြက္ေနေသာ လွ်ာႏွင့္ ကိုးကြယ္ဆည္းကပ္လိုဟန္အျပည့္ မ်က္ႏွာထားႏွင့္အတူ သူက အသားကုန္ႀကဳံးဝါးၿပီး ျမန္ဆန္ေသာ အရွိန္ႏႈန္းထားျဖင့္ လိုက္ကူးေရးေနသည္။
အေရွ႕ဆုံးတန္းတြင္ ထိုင္ေနသည့္ သူမ်ားက သူ၏ မွတ္စုစာအုပ္ထဲမွ အျပည့္ရွိေနသည့္ ကာ႐ိုက္တာမ်ားကိုပင္ ျမင္ႏိုင္ေနသည္။
သူမက သူက ဘာကိုေရးေနေၾကာင္း နားမလည္ႏိုင္သည့္တိုင္ေအာင္ ပညာတတ္တစ္ေယာက္ဟုပင္ ထင္ရသည္။ သူ၏ ရွည္လ်ားေသာ လွ်ာကပင္ စကားလုံးမ်ားကို ျပန္လိုက္႐ြတ္ၾကည့္ေနေသးသည္။
သူမက ရွီခ်ီကို ျပန္ၾကည့္လိုက္ေသာအခါ သတိလက္လြတ္သူႏွင့္ အၾကည့္ခ်င္း ဆုံသြားသည္။
နင္မုန႔္၏ ႏွလုံးသားက ေအာက္သို႔ ျပဳတ္က်သြားမတတ္ပင္ ျဖစ္သြားသည္။
သူမက ခပ္ျမန္ျမန္ အၾကည့္လႊဲလိုက္ၿပီး သူမ၏ ႏွလုံးခုန္ႏႈန္းကလည္း ျမန္ဆန္သြားသည္။ သူမ စိုက္ၾကည့္ခံေနရသည္ဟု ခံစားေနရသည္။ သို႔ေသာ္ ေခါင္းလွည့္ၾကည့္လိုက္ေသာအခါ ရွီခ်ီက သူမကို ၾကည့္မေနေတာ့ေခ်။
နင္မုန႔္။ "..."
ငါ အေတြးလြန္တာပဲေနမွာပါ။
လက္ရွိအခ်ိန္တြင္ သူမက မန္နင္၏ သာမန္႐ုပ္ရည္သာရွိေသာ ပုံပန္းသြင္ျပင္ကိုသာ ပိုင္ဆိုင္ထားၿပီး သူက သူမကို မမွတ္မိႏိုင္ေလာက္ေခ်။ ယခင္ကလည္း သူက သူမကို မမွတ္မိခဲ့ေခ်။ မည္သို႔ပင္ဆိုေစ အနည္းႏွင့္အမ်ားသူႏွင့္ ေတြ႕ခဲ့ေလာက္ေပသည္။
ထိုအေတြးေၾကာင့္ သူမက အာ႐ုံမ်ားကို ျပန္လည္ဆင့္ေခၚလိုက္ၿပီး တက္တက္ႂကြႂကြသာ နားေထာင္ေနလိုက္သည္။
ရွီခ်ီ၏ အသံက အလြန္နားေထာင္ေကာင္းသည္။ ေရခဲျပင္ေပၚ ေတာင္ေပၚမွ ေႏြဦးစမ္းေရက က်ဆင္းလာသလို ၾကည္လင္ေနေသာ္လည္း ေအးစက္သည္။ သို႔ေသာ္ အနည္းငယ္ ၾကမ္းတမ္းၿပီး ပဲ့တင္သံ ပါေနသလိုမ်ိဳး ထူးျခားေသာ ဆြဲေဆာင္မႈရွိေနသည္။
နင္မုန႔္က သူ၏အသံကို နားေထာင္ရင္း စိတ္လႈပ္ရွားလာရသည္။ တစ္တန္းလုံးနီးပါးကလည္း ေပ်ာ္႐ႊင္ေနၾကသည္။ သူက အတန္းတြင္း အျခားစကားမ်ားလည္း မေျပာေခ်။ ရွင္းျပေသာ စကားအနည္းငယ္ကိုသာ သုံးသည္။
သို႔ရာတြင္ သူမကလည္း တျဖည္းျဖည္းခ်င္း နားေထာင္ရင္း မွင္တက္သြားရသည္။
ရွီခ်ီက ပထမတစ္မ်က္ႏွာကို လွန္လိုက္ၿပီး ေရွ႕တန္းသို႔ သတိလက္လြတ္ ၾကည့္လိုက္သည္။ သူ ေမွ်ာ္လင့္ထားသည့္အတိုင္း မ်က္ဝန္းနက္တစ္စုံကို ျမင္လိုက္ရသျဖင့္ သူ၏ မ်က္ဝန္းမ်ားက အလိုအေလ်ာက္ မည္းေမွာင္သြားသည္။ သူက အၾကည့္ကို ျပန္႐ုတ္ၿပီး တိတ္တဆိတ္ အခ်ိတ္အဆက္ကို ယွဥ္ျပလာရန္ ေျပာလိုက္သည္။
"သူတို႔ရဲ႕ ေမးခြန္းကို ေက်ာင္းသူေက်ာင္းသားတစ္ေယာက္မ်ား ေျဖႏိုင္မလား"
သူ၏ အေရွ႕ရွိလူမ်ားက ဆက္တိုက္ပင္ လက္ကို အသားကုန္ေထာင္ၾကသည္။
တစ္တန္းလုံးရွိ ၉၉ ရာခိုင္ႏႈန္းခန႔္က လက္ေထာင္လာၾကၿပီး စိတ္အေျခအေန မေကာင္းေသာ ေက်ာင္းသားမ်ားကသာ က်န္ရစ္ခဲ့သည္။
အလားတူ ပထမဦးဆုံးတန္းတြင္ မွင္တက္ေနေသာ နင္မုန႔္ကလည္း လက္မေထာင္လာခဲ့ေခ်။
နင္မုန႔္က စင္ျမင့္ေဘးရွိ စာၾကမ္းပိုးသရဲက လက္ကို ေျမႇာက္ၿပီး စိတ္လႈပ္ရွားေနသျဖင့္ သူ၏ လွ်ာကို ျပန္သိမ္းသြားကာ တဆတ္ဆတ္ တုန္ယင္ေနေၾကာင္းကို ျမင္လိုက္ရသည္။
ဒီျမင္ကြင္းက ရယ္ရတယ္။
ရွီခ်ီ၏အၾကည့္က နင္မုန႔္ထံ စကၠန႔္အနည္းငယ္ၾကာ ရပ္တန႔္သြားၿပီးေနာက္ နာမည္ေခၚလိုက္သည္။
"မန္နင္ ထၿပီး ဒီေမးခြန္းကို ေျဖပါ"
သူ၏ အသံထြက္လာသည္ႏွင့္ ဆြဲႀကိဳးခ်ေသေသာ သရဲက လ်င္ျမန္စြာျဖင့္ ပထမတန္းေဘးစားပြဲနားသို႔ ေရာက္လာၿပီး သားေကာင္ကို ေခ်ာင္းေသာ က်ားတစ္ေကာင္လို ေခ်ာင္းၾကည့္လာသည္။
နင္မုန႔္။ "..."
ငါ ေၾကာက္လြန္းလို႔ ေသေတာ့မယ္။
သူမက သတိလက္လြတ္ သူ၏ အၾကည့္မွေရွာင္ရန္ ေဘးဘက္သို႔ ေ႐ႊ႕လိုက္ေသာအခါ အေနာက္ဘက္မွ ထိုးေဖာက္လုမတတ္ အၾကည့္မ်ားကိုလည္း ခံစားလိုက္ရသည္။
သူမ၏ အေနာက္မွ ေက်ာင္းသူတစ္ေယာက္က ခါးသီးစြာ ေျပာသည္။
"ျမန္ျမန္ ထၿပီး ေမးခြန္းကို ေျဖေလ"
သူမက လက္ရွိအခ်ိန္တြင္ အလြန္မနာလိုျဖစ္ေနသည္ဟု ဆိုႏိုင္ေပသည္။
နင္မုန႔္က အသိျပန္ဝင္လာသည့္အခ်ိန္တြင္ စင္ျမင့္ေပၚမွ သူမကို မ်က္ႏွာေသျဖင့္ ၾကည့္ေနေသာ ရွီခ်ီကို ျမင္လိုက္ရသည္။ ရွင္းလင္းစြာျဖင့္ပင္ သူက ေဒါသထြက္ေနေလၿပီ။
သူမက ခပ္ျမန္ျမန္ ထရပ္ၿပီး ရွက္႐ြံ႕စြာ ေမးလိုက္သည္။
"ဘာေမးခြန္းလဲ"
ရွီခ်ီ၏ ႏႈတ္ခမ္းေထာင့္က အနည္းငယ္ ေကာ့တက္သြားသည္။ သို႔ရာတြင္ ထိုသို႔ ေကာ့တက္သြားျခင္းက သိသိသာသာပင္ မထင္ရွားလာခဲ့ေခ်။ သူက ျဖည္းညင္းစြာျဖင့္ Blackboard ေပၚမွ ကာ႐ိုက္တာမ်ားကို ၫႊန္ျပၿပီးေနာက္ ေျပာသည္။
"ဒါ"
နင္မုန႔္က ၾကည့္လိုက္ၿပီးေနာက္ ႐ိုးသားစြာ ေျဖသည္။
"ကြၽန္မ မသိဘူး"
သူမက အတန္းကိုလည္း နားေထာင္မေနခဲ့ေခ်။ ဒါကို ဘယ္လိုသိမွာလဲ။
အခုကစၿပီး ငါ ဘယ္ေတာ့မွ ေရွ႕ဆုံးတန္းမွာ မထိုင္ေတာ့ဘူး။ ငါသာ နည္းနည္းေလာက္ ေစာေစာလာခဲ့မယ္ဆိုရင္ ေသခ်ာေပါက္ ေနာက္ဆုံးတန္းမွာ ထိုင္ရမွာ ဟာ ဟုတ္တယ္ အဲ့ဒီအတိုင္း ဆုံးျဖတ္လိုက္ၿပီ။
သူမ၏ မ်က္ႏွာေလးက နီရဲသြားၿပီး ခ်စ္စရာေကာင္းကာ သနားစဖြယ္ျဖစ္သြားေၾကာင္း ျမင္သြားေသာအခါ ရွီခ်ီက ေျပာလိုက္သည္။ သူ၏ အသံက အနည္းငယ္ ဩရွေနေလသည္။
"ဒီလိုဆိုမွေတာ့ ဆက္ၿပီး ရပ္ေနလိုက္"
နင္မုန႔္။ "..."
ငါ ကန္းေနတာ။ သူ႔ကို အထင္မွားသြားတာပဲ။
သူက ငါပ်ိဳးေထာင္ခဲ့တဲ့ ဉာဏ္ေကာင္း ခ်စ္စရာေကာင္းၿပီး သိတတ္တဲ့ ေျမးမဟုတ္ဘူး။
ရွီခ်ီ၏ မ်က္ဝန္းက အစိမ္းေရာင္ထဲတြင္ အလင္းေရာင္ လက္ေနသလို ထင္ရသည္။ ေတာအုပ္ထဲတြင္ ရွိသည့္ ပိုးစုန္းၾကဴးေလးမ်ားက အသက္ဝင္လာသလိုမ်ိဳး ေတာက္ပေနသည္။
သူ၏ ႏႈတ္ခမ္းေထာင့္မွ ေကာ့တက္ေနေသာ အတြန႔္ကလည္း ျပန္ေအာက္က်သြားၿပီး ေျပာလိုက္သည္။
"ေနာက္တစ္တန္းမစခင္ ကြၽန္ေတာ့္ကို အေျဖျပန္ေပးရမယ္"
နင္မုန႔္က သူမ၏ ေျမးျဖစ္သူက မည္သို႔ ႀကီးျပင္းလာေၾကာင္း စိတ္ထဲတြင္ ဆက္တိုက္ က်ိန္ဆဲေနျခင္း ျဖစ္သည္။ သို႔ေသာ္ ထိုစကားမ်ားကို ၾကားေသာအခါ သတိလက္လြတ္ေျဖလိုက္သည္။
"ကြၽန္မ မသိဘူး"
တစ္တန္းလုံံးက အပ္က်သံပင္ မၾကားေလာက္ေအာင္ တိတ္ဆိတ္သြားသည္။ မိန္းကေလးအခ်ိဳ႕က စေျပာလာၾကသည္။
"ဆရာ ကြၽန္မအေျဖသိတယ္၊ ကြၽန္မ ဆရာ့ဆီ ကိုယ္တိုင္ လာပို႔ႏိုင္ပါတယ္၊ ဆရာ့နံပါတ္ေပးႏိုင္မလား"
"ဟုတ္တယ္ ဟုတ္တယ္၊ သူမက ေတာ္ေတာ္တုံးတာ၊ စီနီယာ ကြၽန္မလည္း အေျဖသိတယ္၊ စီနီယာ့ရဲ႕ WeChat ေလး ေပးပါလား၊ ကြၽန္မ ပို႔ေပးမယ္ေလ၊ အခုခ်က္ခ်င္း ပို႔ေပးႏိုင္ပါတယ္"
တစ္တန္းလုံးက ခ်က္ခ်င္းလိုလို ဆူညံသြားသည္။
အတန္းဆုံးေၾကာင္း ေခါင္းေလာင္းသံက ထိုအခါတြင္ တိတ္ဆိတ္စြာ ထြက္လာသည္။ အျပင္ဘက္တြင္လည္း ေျခသံမ်ားကို ၾကားလိုက္ရသည္။
နင္မုန႔္ကလည္း ထိုအခါတြင္ အသိျပန္ဝင္လာၿပီး ထိုအရွက္ကင္းမဲ့ေသာ မိန္းကေလးမ်ားက ရွီခ်ီ၏ ဖုန္းနံပါတ္ႏွင့္ WeChat ကို ရသြားခဲ့ျခင္းကို ခြင့္မျပဳႏိုင္ေပ။ မည္သို႔ပင္ဆိုေစ ထိုမိန္းကေလးမ်ား၏ စ႐ိုက္မ်ားက ပုတ္သိုးေနေလာက္သည္။
သူမက အလ်င္အျမန္ ခပ္တိုးတိုး ေလသံမ်ိဳးျဖင့္ ေျပာလိုက္သည္။
"ကြၽန္မ အေျဖဘယ္လိုေပးရမွာလဲ၊ ကြၽန္မမွာ ဆရာရဲ႕ ဖုန္းနံပါတ္မွမရွိတာ"
ရွီခ်ီက ထိုဆူညံသံမ်ား၏ သက္ေရာက္ မခံရသလိုမ်ိဳး စာအုပ္ကို ပိတ္လိုက္သည္။
သူက နင္မုန႔္ကို ၾကည့္ၿပီးေနာက္ သူ၏ အၾကည့္က ေလးနက္သြားသည္။ ႐ုတ္တရက္ သူ႔တြင္ အႀကံတစ္ခုရလာၿပီး စကားကို ေျပာင္းလိုက္သည္။
"မင္းမွာ မရွိဘူးလား"
မင္းမွာမရွိဘူး ဟုတ္လား။
တစ္တန္းလုံးရွိလူမ်ားက တိတ္ဆိတ္သြားေတာ့သည္။
နင္မုန႔္။ "..."
ငါ့မွာရွိတယ္။ ငါ ရွီခ်ီရဲ႕ နံပါတ္ေရာ WeChat ေရာ သိတာပဲ။
ဒါေပမယ့္ အဲ့ဒါ နင္နင္ရဲ႕ ေနာက္ခံနဲ႔ေလ။
ဒါမွမဟုတ္ သူဆိုလိုတာက ...
မန္နင္က အရင္က ရွီခ်ီနဲ႔ လွ်ိဳ႕ဝွက္ဆက္သြယ္ထားတာမ်ိဳး ရွိလို႔လား။ ဒါဆိုရင္ ဘာလို႔ မွတ္ဉာဏ္ထဲမွာ မေတြ႕ရတာလဲ။
နင္မုန႔္က အတန္ငယ္ဖိအားမ်ားသြားၿပီး သူ႔ကို ခိုးၾကည့္လိုက္သည္။
...
ဟမ့္။
ရွီခ်ီရဲ႕ လွ်ိဳ႕ဝွက္ဒိုင္ယာရီ
...
စာေရးသူမွာ ေျပာစရာရွိပါတယ္။
နင္မုန႔္.. ငါ့ကေလးက ႀကီးလာၿပီ။ ခံစားခ်က္ဆိုးလိုက္တာ။
ဆယ့္ခုနစ္ကေန အခု စာေတာင္သင္ေနၿပီ။
သူက အျခားလူအစားထိုး သင္တာပဲဆိုေပမယ့္လည္း ဒါက ဒီဆရာရဲ႕အစားဆိုေတာ့ ဇာတ္ေၾကာင္းက အမ်ားႀကီးပါေသးမွာ မဟုတ္ဘူး။
.....
Telegram မွာ အၿပီးအထိ တင္ၿပီးပါၿပီေနာ္။