I think I hate!

Autorstwa wren_babyyyn

6.2K 481 129

GYUVIN & RICKY Więcej

2
3
Extra
Extra

1

2.4K 113 44
Autorstwa wren_babyyyn

Enemies-to-lovers ၏ ​ခေါင်း​ဆောင်မင်းသားမှာ
နာမည်ကြီးသရုပ်​ဆောင်မင်းသားဂယူဗင်း

ဇာတ်လမ်းကရိုးရှင်းပါသည်။မတည့်သည့်
လူနှစ်​ယောက်က ခံစားချက်​တွေ​ပြောင်းလဲလာကာ ချစ်ကျွမ်း၀င်သွားတဲ့ ဖန်တရာ​တေ​​​နေ​သောဇာတ်လမ်းသာ ဖြစ်သည်။

မီဒီယာအစုံက ​​​ဖော်ပြထားသည့် သတင်း​ခေါင်းစဥ်​တွေကို ဖတ်လိုက်ပြီး အ​ရှေ့က သက်ပြင်းချ​နေ​သော မန်​နေဂျာအစ်ကိုကို့ ဂယူဗင်း ရယ်ပြလိုက်သည်။

"သန်း​ကျော်ရမည့် ရုပ်ရှင်ကားကို စွန့်လွှတ်ပြီး
ဒီလို​ပေါက်တိ​ပေါက်ချာကား​​လေးမှာ ဘာလို့များ သရုပ်​ဆောင်ချင်ရတာလဲ"

"အကျိုးလိုလို့ ​​ညောင်ရေ​လောင်းတယ်လို့ပဲ ​
မှတ်လိုက်ဗျာ"

"မင်းက အဲကား​လေးနဲ့ ဘာအကျိုးရမှာမို့လို့လဲ"

ပြောလည်း​ပြောချင်စရာ​ပေ။ ဂယူဗင်းဆို ဒီနိုင်ငံတွင်သာမက အ​ရှေ့ခုနစ်နိုင်ငံ အ​နောက်ခုနစ်နိုင်ငံအထိ
မသိတဲ့မရှိ​လောက်​အောင် နာမည်​ကျော်ကြားသည်။ရုပ်ရည်ရှိပြီး ဥစ္စာ​ပေါတဲ့အပြင် အရည်ချင်းလည်းရှိသည်။​ ​ကျော်ကြားချင်တဲ့ စန်း​လေးရှိ​​တော့
စသရုပ်​ဆောင်ထဲက အခုချိန်ထိ ​အောင်မြင်မှု​တွေက တရိပ်ရိပ်ထိုးတက်​လာသည်။

အခုလည်း ဇာတ်အိမ်ခိုင်ပြီး ၀င်​ငွေသန်း​ကျော်ရနိုင်တဲ့ ရုပ်ရှင်ကားကို လက်လွှတ်ပြီး  အ​သေးစား
ပ​ရောဂျက်သာသာ လူငယ်အကြိုက် ဒရမ်မာလေးမှာ ၀င်သရုပ်​ဆောင်မယ် ဆိုပြီး ချုပ်ထားတဲ့
စာချုပ်ကို​လျော်​ကြေး​ပေးပြီး လှမ်း ဖြတ်ခိုင်းသည်။ဂယူဗင်း​တော့မသိ သူ၏မန်​နေဂျာ​အစ်ကို
က တကယ်ကို ​ခေါင်းခဲ​နေရသည်။
​****
"ရှန်ရှန်​​ရေ မင်းက တကယ်ကို ကံ​ကောင်းတာပဲ​"

ဖုန်းထဲက သတင်းကိုဖတ်ပြီး ရုတ်တရက်ပြောလာ
သည့် မန်​နေဂျာအစ်မ​ကြောင့် ရစ်ခီ
​ကြောင်အ သွားသည်။

"ဘာလို့လဲ"

"​​မောင်​လေး ရိုက်မယ့် ဒရမ်မာရဲ့ခေါင်း​ဆောင်မင်းသား ဘယ်သူထင်လဲ"

မန်​နေဂျာအစ်မ၏ ​ပျော်မြူး​နေသည့်
မျက်နှာ​ကြောင့် ရစ်ခီ ခန့်မှန်းရရင်

" ကျန်းဟာအို?"

"ဟင် ဘယ်ကသာ ဟာအိုက ဘယ်လိုလုပ်
ဒီလိုဒရမ်မာအ​သေး​လေး​တွေကို ရိုက်မှာလဲ"

ကျန်းဟာအိုသည် နာမည်ကြီးအဆို​တော်ဖြစ်ကာ ယခုလက်ရှိ သရုပ်​ဆောင်နယ်ပယ်ကိုပါ လွှမ်းမိုးထားနိုင်သည့် အနုပညာရှင်​တွေထဲက တစ်​ယောက် ဖြစ်သည်။

"ဟီးဟီး ဟုတ်သား​နော် ဒါဆိုဘယ်သူမို့လို့လဲ"

"ဂယူဗင်း​လေ"

"ဒါဆို ကျွန်​တော် မရိုက်​တော့ဘူး"

"ဟင် ဘာဖြစ်ပြန်တာတုန်း"
မန်​နေဂျာအစ်မသည် အလန့်တကြား​မေးလာသည်။
ရစ်ခီသည် အဲဒီကောင်နဲ့ ဘယ်​တော့မှမ​တွေ့ချင်​။

" ရှန်ရှန် မမ​ ပြောပြမယ် ဒီကားက လူငယ်အကြိုက်အ​သေးစားပ​ရောဂျက်​လေး ဂယူဗင်း လို
နာမည်ကြီးနဲ့ တွဲရိုက်ရတာ ​ကောင်းတာ​​လေ အခေါက်၁၀၀မှာ ၁​ခေါက်​တောင်မရတဲ့
အခွင့်​ရေး​နော် ကံ​ကောင်းရင် ဇာတ်ကားနဲ့အတူ
ရှန်ရှန်ပါနာမည်ကြီးသွားမှာ"

ရစ်ခီ သည်တက်သစ်စ​​မော်ဒယ်​လေးဖြစ်ကာ
ရုပ်ရှင်​လောကထဲ ​ ခြေဆန့်နိုင်ရန် ကြိုးပမ်း​နေသည့် လက်သစ်​လေးဖြစ်သည်။
ဟိုကားရိုက်မယ် ဒီကားရိုက်မယ်ဆိုပြီး ငြင်းနိုင်သည့် အ​ခြေ​နေမှာမရှိ။ အဲ​ကောင်အစား ရစ်ခီ​
လေးစား သ​ဘောကျရတဲ့စီနီယာ ကျန်းဟာအိုသာ ဖြစ်လိုက် ပါ​တော့လား။

"ဘာပဲဖြစ်ဖြစ်ကျွန်​တော်မှ သူနဲ့တွဲမရိုက်ချင်တာ"

"ဟိုက ​​ခေါင်း​ဆောင်မင်းသမီးနဲ့ပဲ တွဲရိုက်ရမှာ​လေ
ရှန်ရှန် နဲ့ဆုံလည်း အလွန်ဆုံး ​၄၊၅ ခန်း​ပေါ့
သည်းခံလိုက် သည်းခံလိုက်"

ဘာ​ ၄၊၅ခန်းလည်း ရစ်ခီက ​ခေါင်း​ဆောင်မင်းသမီး၏အမြွှာ​မောင်​လေး​နေရာက
သရုပ်​ဆောင်ရမည်ဖြစ်ကာ ​ခေါင်း​ဆောင်မင်းသားနဲ့ အစ်မ မတည့်သည်ကိုသိ၍ အစ်မထက်ပင် ပိုမုန်း​နေသူ။ ဇာတ်​ဆောင်နှစ်​ယောက် ကြိုက်သွားရင်​တောင် ​ဘေးက မီးသီးအပို​လေးလုပ််ကာ မရမက
၀င်ဖျက်ရမည့် မင်းသမီးပြီးလျှင် မင်းသားနဲ့
​တွေ့ရအများဆုံး ဇာတ်​ကောင်​နေရာက
၀င်သရုပ်​ဆောင်ရမည်ဖြစ်သည်။

အလကား သူ သ​ဘောကျလို့​လျှောက်​ပြော​နေတာ၊
အရင်ဆို ရစ်ခီကသာ မမ ကျွန်​တော် မလုပ်ချင်ဘူး​လို့​ပြောလိုက်တာနဲ့ အို​ကေ ဆိုတဲ့ လူက
ဂယူဗင်းနဲ့ ကျမှ အတင်း​တွေ။
ရစ်ခီ နည်းနည်း​လေးမှ မ​ကျေနပ်ပါ​ချေ။

"သူဘာသူ ဂယူဗင်းကို​တွေ့ချင်တာနဲ့ပဲ ငါကိုအတင်း"
ရစ်ခီဆိုတာ မ​ကျေနပ်ရင် မ​​​ကျေနပ်​ကြောင်း
ပိစိ​လေး ​ပြတတ်သေးတာ။

"ဟယ် ဘာကသာ အဲ​ကောင်ကိုမ​တွေ့ချင်ပါဘူး
ငါက​တွေ့ချင်တဲ့သူ သပ်သပ် ရှိတယ် ဟီးဟီး"

မျက်နှာပိုးမသတ်နိုင်ဘဲ ​ပျော်မြူး​နေသည့် မန်​နေဂျာအစ်မ​ကြောင့် ရစ်ခီ လက်​မြှောက်လိုက်ရသည်။ ​
ပြောလို့လည်းမရ။

ဂယူဗင်း၏ မန်​နေဂျာအစ်ကိုနဲ့ ရစ်ခီ၏ မန်​နေဂျာအစ်မသည် တွဲ​နေတာ ၅​လ ​လောက်ရှိပြီ။ဂယူဗင်းရဲ့ များပြားတဲ့အချိန်ဇယား​တွေ​ကြောင့် သူတို့
နှစ်​ယောက် ​တွေ့ရသည့်အ​ခေါက်က ၅လအတွင်း လက်ချိုး​ရေလို့ ဆယ်​ချောင်း​တောင်မပြည့်။

ရည်းစားဖြစ်ခါစက အ​ဖြေ​ပေးပြီးချက်ချင်း
ဂယူဗင်းဖုန်း​ခေါ်လို့ ပြေးသွားရသည့်
မန်​နေဂျာအစ်ကို​ကြောင့် ရစ်ခီ၏ မန်​နေဂျာအစ်မသည် ဂယူဗင်းအား တစ်ချက်မှအ​ကောင်းမမြင်။
သူ့ရည်းစား​လေးကို ခိုင်းစား​နေတာ ဆိုပြီး
ရစ်ခီ ကို ဂယူဗင်း မ​ကောင်း​ကြောင်းများလာ​လာ
ပြောပြတတ်​သေးတာ။

*****

အရင်အပတ်ကအထိ လူစိတ်၀င်စားမှုမရှိသည့် ရုပ်ရှင်ကား​လေးက ​ခေါင်း​ဆောင်မင်းသားက
ဂယူဗင်း ဆိုတဲ့သတင်းတက်လာပြီးကတည်းက
ဟိုက စပွန်​ဆာ ထည့်လိုက်၊ဒီကကြော်ငြာထည့်လိုက်နဲ့ တိုးတိုးတိတ်တိတ်ပြီးရမည့် ဇာတ်ညွှန်းဖတ်ပွဲ​တောင် အ​ဆောက်အုံ​ရှေ့မှာ မီဒီယာအပြည့်နဲ့

​ချောလိုက်တာ နတ်သား​လေးကျ​နေတာပဲ ဆိုသည့် ချီးကျူးသံများ​ကြောင့် ရစ်ခီ အနည်းငယ်​တော့​​ကျေနပ်မိသွားသည်။
အမှန်ဆို သူ​ချောတာ သူသိသားပဲ။သူများ​တွေကပါ သိကုန်​တော့ ပိုပြီး​တောင် ​ကောင်း​သေးတာ​ပေါ့။

​"ဟီးဟီး ကျေးဇူးတင်.."

စကား​တောင်မဆုံး​သေးခင် ထိုလူ​တွေရဲ့ အကြည့်
ဦးတည်ရာကို တစ်ချက်ကြည့်လိုက်​တော့ မျက်လုံး​တွေက သူ့အ​နောက်အရပ်မှာသွားဆုံတယ်။

လှည့်ကြည့်လိုက်​တော့ ဟို​ကောင် ဂယူဗင်း။
နှာတစ်ချက်ရှုံ့ကာ ​ခြေကုန်သုတ်​ပြေးဖို့ကြံလိုက်သည်။ ပိုရှည်တဲ့​ခြေလှမ်း​တွေက အလှမ်းပိုကျယ်ကာ ပခုံး​ပေါ်ကို ကျ​ရောက်လာတဲ့ လက်ပိုင်ရှင်က
​ပြေးကြည့်တာထက် ပို​သေချာတဲ့ ဂယူဗင်း။

"​သူများ​တွေ ​ခြေလှမ်း ၁၀၀ လှမ်းရမယ့်အချိန်မှာ ကိုယ်က​တော့ ​ခြေလှမ်း ၉၀ ပဲ လှမ်းစရာလိုမယ်
ထင်တယ် မင်း ပုခုံး​တွေက ​ခြေလှမ်း၁၀လှမ်းစာ ကျယ်​နေလို့​လေ"

ဖွီး ချီးကျူးတာလား ရွဲ​နေတာလား မသဲကွဲ။

ဂယူဗင်းရဲ့ ဒီလိုရန်လာစတတ်သည့်အကျင့်သည် ​ကျောင်းထဲကအခုထိ မ​ပြောင်းလဲ​​သေး။
အရင်လိုမနူးမနပ်​ကောင်​လေးမဟုတ်​တော့တဲ့
ပန်ကာထိပ်က ၀က်အူ​​လေး ရစ်ခီရှန်ကို
ဒီလို ရန်လာစလို့မရ။

​ဘေးကမသိတဲ့သူ​တွေက​တော့ ပုခုံးဖက်ကာ
ငယ်​ပေါင်းကြီး​ဖော်​တွေလို့ ရင်းနှီး​နေတယ်လို့
ထင်ရ​ပေမဲ့ တကယ်​တော့မဟုတ်။

"ကိုယ့် ​ခြေတံ​တွေကရှည်​တော့ ​တော်​သေးတယ် ​ခြေလှမ်း၉၀ ကိုခဏ​​လေးနဲ့​ရောက်မှာ"
ရစ်ခီမျက်နှာကို စိုက်ကြည့်​နေသည့် ဂယူဗင်း​ကြောင့် ရစ်ခီစိတ်ထဲ အချဥ်​ပေါက်လာ​တော့သည်။

"​နေပါဦး မင်းက ဘယ်ကိုသွားမှာမို့လို့ ဒီလို​တွေ​ပြော​နေတာလဲ အလကားကဗျာရူး၊စာရူး "

ချစ်လို့ကြည့်​နေမှန်းသိ၊စိုက်ကြည့်​နေမှန်းမသိတဲ့ တရုတ်​လေး​ ကြောင့် ဂယူဗင်း ဗျာများရသည်။
သူဘာသူ​သာ ပန်ကာထိပ်က ဘာညာ​တွေး​နေ​တတ်ပေမဲ့ တရုတ်​လေး​ခေါင်းက ​ကောင်း​ကောင်းအလုပ်
မလုပ်တဲ့အ​ကြောင်း သူသိတာ​ပေါ့။

ရုပ်ရှင်ရိုက်​နေချိန်တွင်လည်း ​နေ့လည်စာကို
မရိုး​ လောက်​အောင် ဂယူဗင်းက ၀ယ်​ကျွေးသည်။
ရစ်ခီကိုပဲမဟုတ် တစ်ဖွဲ့လုံးအတွက်ဖြစ်သည်။

စ​တော်ဘယ်ရီမစ်ရှိတ်နဲ့ ​ပေါင်မုန့်အသားညှပ်၊
စ​တော်ဘယ်ရီကိတ်နဲ့ စ​တော်ဘယ်ရီလက်​တေး
အစရှိသည်ဖြင့် စ​တော်ဘယ်ရီ မပါ​လျှင်မပြီးသည့်
မီနူးများသာဖြစ်သည်။

အမြင်ကတ်​သော်လည်း စ​တော်ဘယ်ရီကြိုက်တာမို့လို့ ရစ်ခီသည် ဂယူဗင်း၀ယ်လာသမျှ အကုန်စားသည်။တစ်ခုနဲ့မ၀လျှင်နှစ်ခုစားသည်။

ဂယူဗင်းသည်လည်း ရစ်ခီအတွက်
ပိုပိုသာသာ​လေး ၀ယ်​လာ​​ပေးသည်။
ဟွန်း အလကား သူ့ကို အချိုအစားများပြီး
ဝ ​စေချင်​နေတာ။
***
ရိုက်ကွင်းမှာ ရစ်ခီ၏ မန်​နေဂျာသည် ဂယူဗင်း
ဖြစ်မှန်းမသိဖြစ်​နေသည်။ ရစ်ခီ၏ မန်​နေဂျာအစ်မသည် ဘယ်ဆီ​ရောက်​နေမှန်းမသိ။

ပြာတိပြာတာ​လေး ရစ်ခီသည် တစ်​ယောက်တည်းလုပ်​သော်လည်း အလွဲလွဲအမှားမှား။ ပထမတစ်ကြိမ်အဆူခံရပြီးကတည်းက ဂယူဗင်းသည် ရစ်ခီ ကိစ္စ​တွေဆို သိသိသာသာ​သော်လည်း​ကောင်း မသိမသာ​သော်လည်း​ကောင်း ၀င်​ရောက်ကူညီ ရစ်ခီ အဆို
၀င်​ရောက်စွက်ဖက်လာ​တော့သည်။
***
"စီနီယာ ဂယူဗင်းက ဟာရီ ကိုဆို
တအားကူညီ​ပေးတာ​​နော်"

"မဟုတ်ပါဘူး အစ်မ တို့ကလည်း"

ခပ်ရှက်ရှက်​အသံလေး​နဲ့ပြောလာသည့်  ဟာရီ
ဆိုသည့် ​ခေါင်း​ဆောင်မင်းသမီး အား ရစ်ခီ
လှမ်းကြည့်မိသည်။

"အစ်မ ကြားတာ​နော် ဂယူဗင်းက​လေ ဒီကားမှာ
ပါဖို့ ပ​ရောဂျက်အကြီးကြီးတစ်ခုကို​တောင်
ဖြတ်လိုက်တာတဲ့ သရုပ်​ဆောင်​ကြေးကိုလည်း ​စေတနာနဲ့ ကူ​ပေးတာဆိုပြီး နည်းနည်း​လေးရလည်း အဆင်​ပြေတယ်ဆိုပြီး ​ဒီကားမှာ ပါတာတဲ့နော်"

ဆံပင်ပြင်​​နေသည့် ဟာရီ နဲ့ အတူ အ​နောက်မှာ
ထိုင်​နေသည့် ရစ်ခီကပါ တအံ့တသြ နား​ထောင်​နေသည်။ အလကား ဖွန်ပြန်ပြီ ဒီ ဂယူဗင်း။

"ဟင် ဘာလို့အဲလိုလုပ်တာလည်း"

"အစ်မတို့လည်း မသိဘူး​လေ ဂယူဗင်း
ဘာလို့အဲလိုလုပ်လဲဆိုတာ သူ အ​ကြောင်းရှိလို့​
နေမှာ​ပေါ့ ဟာရီ နဲ့ ရင်းနှီးတယ်မလား ​
မေးကြည့်ပါလား ဂယူဗင်းကို"

"​​တော်ပြီ အစ်မတို့ကလည်း"

ဂယူဗင််း လို နာမည်ကြီးမင်းသားနဲ့
တစ်ကားတည်းတွဲသရုပ်​ဆောင်
ခွင့်ရတာ ဟာရီ အတွက်​တော့ ကြီးမားသည့်
ကံ​ကောင်းခြင်းတစ်ခုဖြစ်သည်။

ဘာလို့ဒီလိုလုပ်လဲဆိုတာကို ​တွေးမိ​သွားတော့
ပန်း​ရောင်နုနု​လေး​တွေကို ကြိုက်တတ်သည့်
ဟာရီက သူ့အ​တွေးနဲ့အတူ မျက်နှာ​​လေးထက်
ပန်း​ရောင်သန်းသွားသည်။

ရစ်ခီသည်လည်း သူ့အ​တွေးနဲ့အတူ
မျက်နှာ​လေးရဲလာသည်။ ရှက်​နေခြင်း​တော့မဟုတ် စိတ်ဆိုးခြင်းသာဖြစ်သည်။

"အလကား အလုပ်နဲ့ကိုယ်​ရေးကိုယ်တာ
မခွဲတတ်တဲ့လူ"

ဘာ​တွေအလိုမကျမှန်းမသိ ​ဆူပုတ်ပုတ်ဖြစ်​နေသည့် ရစ်ခီ​ကြောင့် ဂယူဗင်း ​ခေါင်းကုတ်ရသည်။
တရုတ်​လေးကို ပိုင်နိုင်ဖို့ တရုတ်​လေး​ကိုပိုးပန်းမယ်ကြံ ကာမှ မျက်နှာရိပ်မျက်နှာကဲ ကြည့်ပြီး
အနားကပ်ရတာ သိပ်​တော့မစွံ့။

သူများ​တွေများသိရင် အလကား မပိုင်ခင်ကတည်းက ​ဘောက်ကျဲလို့ အ​ပြောခံရနိုင်တယ်။
အ​ပြောခံရလည်း ဘာအ​​ရေးလဲ ဂယူဗင်းကသိပ်​တော့ ဂရုမစိုက်​​ပေ။​ဘောက်ကျဲဖြစ်ဖို့ဆို အရင်ဆုံး ဘဲ ရှိရမှာ။ သူတို့မှာ​ရော ရှိရဲ့လား​တောင်မသိ။
ကိုယ့်အ​တွေးနဲ့ကိုယ် တရုတ်​လေးရဲ့ ရည်းစား
ဖြစ်​နေတာလည်း ​ပျော်စရာပဲ​လေ။ ဒါ​ပေမဲ့
မျက်နှာဆူပုတ်​နေတဲ့ ရစ်ခီကိစ္စကို အရင်​မေးရမယ်။

ဒီလိုချစ်စရာ​ကောင်း​အောင် ဆူပုတ်​နေတာ
ကြာသွားရင် ဂယူဗင်း​သေသွားနိုင်တယ်။
အရမ်းချစ်ဖို့​ကောင်းလို့။

အဆူခံလို့များလားလို့ ဒါရိုက်တာကို အစ်​အောင့်
ကြည့်​​တော့လည်း ဟိုက​တောင် အလိုမကျတဲ့
ရုပ်​လေးနဲ့မို့လို့ ရစ်ခီရှန်ကို ဒီ​နေ့ဘယ်သူမှမထိရဲရှာဘူးတဲ့။ မနက်က​တောင် အ​ကောင်းကြီးရှိ​သေးရဲ့နဲ့
ဆံပင်ပြင်ပြီးကာမှ အခုလိုဆူပုတ်သွားတာက

"ဆံပင်ပြင်​ပေးတာကို စိတ်တိုင်းမကျတာများလား"

/ အစ်ကို ရိုက်ကွင်းမှာဆံပင်ပြင်​ပေးဖို့လူ​လေ
ကျွန်​တော်အတွက် တာ၀န်ယူ​ပေးထားတာ/

/အင်း/

/ရစ်ခီကိုပဲ ပြင်​ပေးဖို့​ပြောလိုက်မယ်/

/ရမလားကွ မင်းအတွက်​က​ရော/

/ဒါဆိုကျွန်​တော်နဲ့တူတူပြင်​ပေးဖို့ ​ပြောလိုက် ဟို အစ်ကိုရည်းစားကိုလည်း ​ပြောထားလိုက်ဦး/

ဂယူဗင်း၏ မန်​နေဂျာလုပ်ရသည်က မလွယ်​ပေ။
ဂယူဗင်း၏ အချိန်ဇယားသာ မက သူ၏
ချစ်​ရေးချစ်​ရေးကိစ္စများကိုပါ တာ၀န်ယူရသည်။ အဆိုးထဲကအ​ကောင်းက​တော့ ဂယူဗင်း ​ကျေးဇူး​ကြောင့် ရည်းစားတစ်​ယောက်ရလာတာပဲဖြစ်တယ်။

/ချစ်​လေး​ရေ..../

စသည်ဖြင့် ရည်းစားနဲ့ တီတီတာတာမ​ပြောရဘဲ
ဂယူဗင်းရဲ့ ကိစ္စအဆင်​ပြေ​ရေးကိုသာ
​ပြောရ​တော့သည်။စိတ်​တွေလည်းညစ်ပါတယ်
ဟိုအူ​ကြောင်ကြားရှန်က သူတို့မင်းသားကို
အမြန်ပြန်ကြိုက်မှ ​အေးမယ်။

___

Czytaj Dalej

To Też Polubisz

1.3M 57.9K 104
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC
286K 8.5K 95
Daphne Bridgerton might have been the 1813 debutant diamond, but she wasn't the only miss to stand out that season. Behind her was a close second, he...
157K 7.4K 10
short storyလေးပါရယ်လဲရယ်ရတယ်👀💖
3.2K 224 3
Shimkongz one short collection