အချစ်တို့ မြစ်ဖျားခံရာ ( comp...
EmmaRine9820
499K 14.4K 557
အကို ကျွန်တော့်ကိုတစ်ခုလောက်ကူညီပေးမလား " .... ????? " အင်းဘာများလဲ " " အကို ကျွန်တော့် နဲ့ ရည်းစားလုပ်ပါလာ... Еще
မိတ်ဆက်(uni & zg)
ဇာတ်ကောင်(Characters)
အပိုင်း(၁) uni & zg
အပိုင်း(၂) uni & zg
အပိုင်း(၃) uni & zg
အပိုင်း(၄) uni & zg
အပိုင်း(၅) uni & zg
အပိုင်း(၆) uni & zg
အပိုင်း(၇) uni & zg
အပိုင်း(၈) uni & zg
အပိုင်း(၉) uni & zg
အပိုင်း(၁၀) uni & zg
အပိုင်း(၁၁) uni & zg
အပိုင်း(၁၂) uni & zg
အပိုင်း(၁၃) uni & zg
အပိုင်း(၁၄) uni & zg
အပိုင်း(၁၅) uni & zg
အပိုင်း(၁၆) uni & zg
အပိုင်း(၁၇) uni & zg
အပိုင်း(၁၉) uni & zg
အပိုင်း(၂၀) uni & zg
အပိုင်း(၂၁) uni & zg
အပိုင်း(၂၂) uni & zg
အပိုင်း(၂၃) uni & zg
အပိုင်း(၂၄) uni & zg
အပိုင်း(၂၅) uin & zg
အပိုင်း(၂၆) uni & zg
အပိုင်း(၂၇)uni & zg
အပိုင်း(၂၈) uni & zg
အပိုင်း(၂၉)uni & zg
အပိုင်း(၃၀)uni & zg
အပိုင်း(၃၁)uni & zg
အပိုင်း(၃၂)uni & zg
အပိုင်း(၃၃)Uni & Zg
အပိုင်း(၃၄) uni & zg
အပိုင်း(၃၅)uni & zg 🔞♥️
ဇာတ်သိမ်းပိုင်း ( uni & zg )
Extra 🚫🔞(uni & zg)
New fic ❤️
Audio book ❤️
အပိုင်း(၁၈) uni & zg
9.3K 319 4
EmmaRine9820
Unicode
Bluemotion Bar & Restaurant ဆိုသည့်ဆိုင်၏
ကားပါကင်တွေ ကား၃စီးရပ်လိုက်သည်။
Chevrolet Malibu အမဲရောင်ကားပေါ်ကနေ
စိုင်းခက်လျှံဆင်းလာသည် ။ ဘေးမှာကပ်ရပ် ထားသော Toyota Vios ပေါ်မှ ဝေယံနဲ့ပိုင်သစ်၊ KIA Rio ပေါ်မှ ခန့်မှူးလွင်နှင့်လေပြေသွေး တို့
အသီးသီးဆင်းလာခဲ့ကြသည်။
"စိုင်းခက် မင်းလူကြီးကို ဖုန်းဆက်လိုက်အုံး
ရောက်ပီဆိုတဲ့အကြောင်း "
"ခန့်မှူးဖောက်မလာနဲ့နော် ဘာမင်းလူကြီးလဲ "
မျက်စောင်းတစ်ချက်ပေးလိုက်ပီး ထိုက်ကိုဖုန်းဆက်လိုက်သည်။
"အကို ကျွန်တော်တို့ရောက်ပီ ကားပါကင်မှာ"
" အင်း ကိုယ်လာခေါ်မယ် ခနနော်"
သိပ်မကြာလိုက် ဆိုင်ထဲမှ ထိုက်ထွက်လာသည် ကို လှမ်းမြင်လိုက်သည်။ သူ့ဆီပြုံးပီးတစ်လှမ်းချင်းလာသူ၏ ပုံစံသည် idol တစ်ယောက်ပုံစံနဲ့တောင်တူနေသည် အကျီ polo shirt အညိုရောင်နှင့်style pant အနက်ရောင်တွဲဖက်ဝတ်ထားပီး လက်စွပ်နဲ့လက်ပတ်နာရီကိုပါ ဝတ်ထားသည်က အရှိန်အဝါပို၍တောက်ပနေသည်။လက်မောင်းက အဖုအထစ် များကလဲ ဆွဲဆောင်မှုရှိလှသည်။
"ကိုထိုက်က မတွေ့တာကြလို့ထင်တယ် ပိုခန့်ပိုချောနေတာ"
"မမြှောက်ပါနဲ့ ဝေယံ ရာ မင်းတို့ကိုအဝတိုက်မှာပါ ၊ ကဲလာကြ ကိုယ်တို့ဝိုင်းက အပေါ်မှာ"
ထိုက်လဲ ရှေ့မှဦးဆောင်၍ ဆိုင်ထဲခေါ်လာလိုက် သည် ။ စိုင်းခက်က သူ့ဘေးတွင် ကပ်လျက်ပါလာသည်။ ထိုက်လမ်းလျှောက်နေရင်း စိုင်းခက် အနားကပ်ကာခပ်တိုးတိုးဆိုလိုက်၍ စိုင်းခက်
တစ်ယောက်ခေါင်းလေးကုတ် ကာ ရှက်သွားရသည်။ ပြောလိုက်တာက
"ဒီနေ့ မင်းအရမ်းချစ်ဖို့ကောင်းလွန်းနေလို့
ကိုယ်အသဲယားသွားပီ တဲ့လေ " ။...
ထိုက်အသဲယားလဲ ယားချင်စရာပင်ဆံပင်အုပ် အုပ်လေးက နဖူးပေါ်အတိ အောက်ကအဝါရောင် stirt လည်ဝိုင်းလေးကို ဂျင်းအပြာထဲ
ထည့်ဝတ်ထားပီး အပေါ်ကနေ လက်ရှည်ခရမ်း
ရောင်ကိုထပ်ဝတ်ထားသေးသည်။ ဖိနပ်ကလဲ converse အဝါရောင်ကိုသာဝတ်ထားသည်။
ရှမ်း-တရုတ် ကပြားပီသစွာ ဖွေးအူ့နေသော အသားနှင့်ဝတ်ထားသည်က တကယ်ကိုချစ်စရာအတိ ။
**🌺🌺🌺**
ဝိုင်းကိုရောက်တော့ အကို့ သူငယ်ချင်းတွေက ဆုံနေပီ ဒီဆိုင်က unplugged တီးဝိုင်းပါ ပါသဖြင့်ပို၍ ပွဲစည်သည်။ ဝိုင်းကလဲ တီးဝိုင်းရှေ့တည့်တည့်ပင်။
"လာငါ့ညီတို့ ဒီမှာဝိုင်းလိုက်ကြ ၊ ဟိတ်ကောင် လေး ဒီဘက်ကို whiskey ထည့်ပေး ရေခဲ၁ပွဲပါချ "
ကိုအောင်သန့်က လောကွတ်ပြုကာ waiter
ကောင်လေးကိုလဲ လိုအပ်တာခိုင်းနေသေးသည်။
"ဟုတ်ကဲ့ အကိုအောင်သန့် ကျေးဇူးပါဗျ "
စိုင်းခက် တို့လဲ ကျန်တဲ့သူများကို ပြုံးပြ၍ နေရာယူလိုက်ကြသည်။ ထိုက်ကတော့ စိုင်းခက်ဘေးကခုံတွင်ဝင်ထိုင်သည်။
"ကောင်လေး ဘာစားအုံးမလဲ ကိုယ် မင်းကြိုက် တာတွေတော့ ရွေးမှာထားတယ် "
"အကုန်ကြိုက်တယ် စားမှာစိတ်ချ "
စစချင်းငြိမ်နေတဲ့ ဝိုင်းလေးက အရက်လေးလဲ နဲနဲဝင်ကြရော အာသွက် ရှာသွက်ဖြစ်လာကာ အကို့ ဘော်ဒါတွေနဲ့ ခန့်မှူးလွင် တော့ ပြောကာဆိုကာဖြင့် အူမြူးလာကြသည်။ ဟိုကောင်ဝေယံကတော့ ပိုင်သစ်နားကပ်ကာ ဇွတ်ဖွန် ကြောင်နေသည်။ ပိုင်သစ်ကတော့ အဖက်ကို မလုပ် သောက်စရာရှိတာသာသောက်နေသည်။ unplugged က ဧည့်သည်တွေဆိုချင်လျှင် ပိုက်ဆံပေး၍ တက်ဆိုလို့ရသဖြင့် တစ်ချို့ဧည့်သည်တွေက တက်ဆိုကြသည်။ထိုစဉ် ထိုက်က စိုင်းခက်ကို ခနဟုပြောကာ တီးဝိုင်းဆီရောက်သွားသည်။ဂီတာကို ကောက်ကိုင်ကာ ကြိုးညှိနေသဖြင့် စိုင်းခက် အံ့ဩသွားသည် အကိုနဲ့သိခဲ့အတော့အတွင်း ဂီတတီးတတ်ကြောင်းနှင့်သီချင်းဆိုတတ် ကြောင်းတစ်ခါမှမပြောဖူးဘူးလေ။ သူအံ့ဩနေတာကို သိတဲ့ ကိုကျော်ဇောက
" စိုင်းခက် အံ့ဩနေတာပဲ ထိုက် အသံအရမ်း
ကောင်းတာ ဒါမဲ့ တစ်ခါတစ်လေမှ သူကဆိုတာလေ"
"ဟုတ်တယ်ဗျ ကျွန်တော်ခုမှသိလို့ "
"ကဲကဲ နားထောင်ကြရအောင် "
မိုးထက်မှပြောသဖြင့် သူတို့အားလုံး ထိုက် ဘက်အကုန်လှည့်လိုက်ကာ ထိုက် ဘာသီချင်းဆိုမလဲ အာရုံစိုက်ထားလိုက် ကြသည်။
" အဟမ်း ဒီနေ့ကတော့ ကိုယ့် မွေးနေ့လေးမှာ ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းလေးတစ်ပုဒ် လောက်ဆိုချင် ပါတယ် သည်းခံပီးနားထောင် ပေးကြအုံးခဗျ"
ရှေ့ဆက်တိုးဖို့ တို့နှစ်ယောက်ဘဝက
ဖြစ်မှမဖြစ်ပဲကွယ်...
ခိုးလွမ်းရတဲ့ ခံစားမှုတစ်ခုက
အောင့်သက်သက်ပါကွယ်...
မဆုံနိုင်မှန်း ငါသိထားလည်း
တားမြစ်ထားတဲ့ပန်းသီးတစ်လုံးအား
ခူးစားလိုက်ချင်တယ်...
မင်းနှုတ်ခမ်းဖျားက အခြားတစ်ယောက်
ပါးအတွက်အမြဲတမ်း ဖြစ်နေတယ်...
နာကျင်စွာနဲ့ ကြွေတုန်းပဲ....
ထိုက်ရဲ့ချိုမြိန်စွာဆွဲဆောင်သောအသံကို နားထောင်နေမိသည်။ သီချင်းစာသားတွေကလဲ တကယ်ကို သူ့အတွက်ရေးထားသလားတောင် ထင်မိသည်။
နင်မသိခဲ့ဘူး
စိတ်ကူးတွေနဲ့ငါနေ့တိုင်းရူး....
မြင်တွေ့နေသည့်တိုင် မပိုင်တော့ဘူး
နီးနီးလေးရှိလျက်နဲ့
အဝေးကြီးလို မဆုံနိုင်တော့ဘူး ...
သီချင်းကို အသံနေအသံအထားပိုင်နိုင်စွာဖြင့် ဆိုနေသည်မှာ တကယ်အဆိုတောင်အတိုင်းပင် ။ သီချင်းဆိုတာကလဲ စိုင်းခက်ကိုပဲ ကြည့်၍ ဆိုနေသဖြင့် စိုင်းခက် အတော့်ကိုနေရခက်လာတော့သည်။ သို့ပေမဲ့ ထိုက်အကြည့်တွေကိုတော့ မရှောင်ဖြစ် မျက်နှာလွဲမပစ်ပဲ ပြန်ကြည့်နေလိုက် ပီး သီချင်းအားနားထောင်နေလိုက်သည်။ ခန့်မှူးလွင်ကတော့ တိုးတိုးကပ်ပြောသည်
" ကိုထိုက်က မင်းကို အတော်ကြွေနေတာပဲသူ့အကြည့်တွေကို မင်းရိပ်မမိဖူးလားတဲ့လေ။ "
စိုင်းခက်ရိပ်မိပါသည်။ မသိချင်ယောင်ဆောင်နေတယ်ပြောရင်ပိုမှန်ပါလိမ့်မယ် မသေချာတဲ့ ကိုယ့်နှလုံးသားအကြောင်းကိုသာအသိမို့ အကို့ ကိုမခံစားစေချင်
ထိုက်နဲ့စိုင်းခက်အပြန်အလှန်အကြည့်မလွဲပဲ ဖြစ်နေကြသည်ကို လက်သီးစုပ်၍ ဒေါသတကြီး သူတို့ကို ကြည့်နေတဲ့ လူတစ်ယောက်ရှိနေလိမ့်
မည်လို့တော့ သူတို့နှစ်ယောက်လုံးမသိကြပါ ။
"ဟိန်း မင်းဒီတိုင်းဆက်သွားမယ်ဆိုရင် စိုင်းခက် ကို တကယ်ဆုံးရှုံးရတော့မှာနော် စိုင်းခက် မျက်လုံးတွေကို ဖတ်ကြည့်လိုက် ဟိုကောင်ဘက် ကိုပါချင်နေပီ"
"ငါသိတယ် သုတ စိုင်းခက်က ငါ့အတွက်ပဲဖြစ် စေရမယ် မနက်ဖြန်ငါစိုင်းခက်ကိုသွားတွေ့မယ် ခုတော့ပြန်ကြရအောင် ငါမမြင်ချင်တော့ဘူး ။ "
ဟိန်းစိတ်ညစ်နေသဖြင့် မင်းသုတနဲ့ လာသောက်တာဖြစ်သည်။ စိုင်းခက်တို့ အုပ်စုအပေါ်စတက်လာကတည်းက ဟိန်းမြင်ပါသည် ဝိုင်းမှာထိုင်ကတည်းက ဟိုတစ်ခါ ရုပ်ရှင်ရုံမှာတွေ့ခဲ့ဖူးသည့် ထိုလူက စိုင်းခက်ကို ဂရုတစိုက် လိုက်လုပ်ပေးနေတာကို မြင်ရသည်ကိုပင် ဒေါသထွက်နေတာဖြစ်သည်။ စိုင်းခက် ကလဲ ထိုလူ လုပ်ပေးနေသည်ကိုကျေနပ်စွာပြုံးပီးခံယူနေသဖြင့် ရင်ထဲပူလောင်နေရသည်။ သီချင်းဆို
လိုက်တော့ ပို၍သေချာသွားသည် သူထပ်၍
အချိန်ဆွဲလို့မဖြစ်တော့ပါ စိုင်းခက်ကို တကယ်ဆုံးရှုံးလိုက်ရမှာကြောက်လာသည်။
***🌸🌸🌸****
ထိုက် သီချင်းဆိူပီး ဝိုင်းနားပြန်ရောက်လာတာနှင့် ဝိုး ၊ ဝါး ၊ အမေးဇင်း ၊ ထိုစကားများဖြင့် ဝိုင်းစနေကြသည် ။ စိုင်းခက်ကတော့ နေရခက်သဖြင့် Whiskey ကိုသာ တစ်ခွက်ပီးတစ်ခွက် မော့သောက်နေလိုက် တော့သည်။ ဆေးလိပ်ကလဲအသောက်မပျက်သေး ၊
"စိုင်းခက် မင်းများနေပီ အဲဆေးလိပ်တွေက သောက်နေပြန်ပီကွာ တော်တော့နော် လိမ္မာတယ်"
စိုင်းခက်က ဘာမှပြန်မပြော ခေါင်းသာငိုက်စိုက် ချထားသည်။
" ကိုထိုက် ဒီကောင်မူးနေပီ သောက်နေတာ ၅ ခွက်ရှိနေပီ ပလိန်းကြီးသောက်နေတာနော် "
ခန့်မှုးလွင်မှ ထပြောတော့သည်။
"အကုန်လုံးလဲ မူးနေကြပီ အားလုံးလဲ ပီးသလောက် ဖြစ်နေပီဆိုတော့ ကိုယ်တို့ပြန်ကြတော့မလား
ကိုယ် bill ရှင်းပီးပီ စိုင်းခက်ကို ကိုယ်ခေါ်သွား
မယ် "
"စိုင်းခက်က ကားပါတယ် သူမောင်းလို့တော့မဖြစ်ဘူး ဒီဆိုင်က ကျွန်တော်တို့ condo နဲ့နီးတော့
စိုင်းခက်ကားကို ယူသွားလိုက်မယ် ပိုင်လေး မင်းမောင်းလိုက်။"
ထိုက်သဘောတူစွာခေါင်းငြိမ့်ပြပီးအားလုံးအတူဆိုင် ထဲက ထွက်လာခဲ့လိုက်သည်။စိုင်းခက်က အသိစိတ်မဲ့သည်ထိတော့ မမူးပေ သူ့ဘာသာသူပဲ လမ်းလျှောက် ကာ ထိုက်ကားနေရာဝင်ယူလိုက်တော့သည်။ ထိုက်လဲအားလုံးကိုနှုတ်ဆက် ကာ မောင်းထွက်ခဲ့တော့သည် ။
ည ၁၀ နာရီရှိနေပီဖြစ်၍ ၆၂ လမ်းမကြီးက ကားများရှင်းနေတော့သည်။ထိုက်လဲ သောက်ထား
သဖြင့် ဖြည်းဖြည်းမှန်မှန်သာ မောင်းရ၏
"အကို သီချင်းဆိုတတ်တာ ဘာလို့ကျွန်တော့်ကို မပြောပြတာလဲ ..."
စိုင်းခက်က အာလေးလျှာလေးဖြင့် ထိုက်ဘက်
ခေါင်းလေးစောင်းကာ စကားစပြောသည်။
"စကားမဆက်မိလို့ပါ ကိုယ်ဆိုတာမကောင်းလို့လား"
ခေါင်းကို ခါရမ်းကာ
" အရမ်းနားထောင်လို့ ကောင်းတယ် နောက်လဲ
ခနခနဆိုပြနော်"
ထိုက်လမ်းဘေးတွေကားထိုးရပ်လိုက်ရင်း ခုံကို
ခေါင်းမှီပီး သူ့အားကြည့်နေသော ကောင်လေးဘက်လှည့်ကာ မျက်နှာလေးကို လက်ဖြင့်ခပ်ဖွဖွအုပ်ကိုင်၍
" ဆိုပြဖို့ အခွင့်အရေးရှိသေးရင်တော့ ဆိုပြမှာပေါ့"
" ဆိုပြဖို့အခွင့်အရေးဟုတ်လား အကိုက ဘယ်ကိုသွားစရာရှိလို့လဲ"
" ကိုယ်ဘယ်ကိုမှမသွားပါဘူး မင်းသာခွင့်ပြု
မယ်ဆိုရင်လေ မင်းအနားမှာပဲအမြဲနေမှာ"
ထိုက် မျက်နှာသည် ညှို့ရီရီလေးဖြစ်နေကာ
စိုင်းခက်ကို တိုးတိုးဖွဖွအသံအနေအထားဖြင့်ဆို
လိုက်သည်။ စိုင်းခက်ကလဲ ရီဝေဝေဖြင့်သာ ပြန်
ကြည့်နေကာ စကားပြန်မပြောဖြစ်သလို
အကြည့်လဲမလွဲမိ ...
ထိုက် လက်က စိုင်းခက်ပါးပေါ်ကနေ မေးဖျားကို ပင့်ကာ တဖြည်းဖြည်းမျက်နှာနားတိုးကပ်ပီး
" မင်းနှုတ်ခမ်းလေးကို ကိုယ်နမ်းချင်တယ် ခွင့်ပြုပေးမလား "
အရက်ဝင်ထား၍ပုံမှန်ထက်ပိုရဲတင်းနေလေ
သည်။ ထိန်းချုပ်ထားတဲ့စိတ်တွေကို Alcohol ကထိုးစွပေးနေသည်။ထိုက်အပြောကို ရီဝေနေတဲ့အကြည့်တို့ဖြင့်သာကြည့်နေမိသည်။ ခေါင်းငြိမ့်မိလားခေါင်းခါမိလားမသိလိုက် ၊ သူသိလိုက် ရတဲ့အချိန်တွင် ...
ဖိကပ်လာသော နှုတ်ခမ်းတစ်စုံမှာ နူးညံ့သည်၊ နွေးထွေးသည် ၊ စိုင်းခက်လဲ အလိုအလျောက် မျက်လုံးများမှိတ်ချမိလိုက်သည် ။
ထိုက်က ဖိကပ်နေရာကနေ သူ့ခါးလေးအား တင်းကြပ်စွာ ပွေ့လိုက်ရင်း အပေါ်နှုတ်ခမ်းများကို စတင်စုပ် ယူလာသည်။ စိုင်းခက်လဲ နှုတ်ခမ်းများကိုဖွင့်ဟပေးကာ အလိုက်သင့်တုန့်ပြန်နေမိသည်။ သူ့လက်တွေကလဲ ထိုက်လည်ပင်းကို
သိုင်းဖက်လိုက်ပီး ဆံပင်တွေကြား လက်ချောင်းများဖြင့် ထိုးဖွကာ ထိုက်နှုတ်ခမ်းများကို စိတ်လိုလက်ရ ပြင်းထန်စွာ ပြန်လည် နမ်းရှိုက် မိတော့သည် ။ ထိုက်လက်တွေကလဲ စိုင်းခက်ခါးအား ပွတ်သက်မိလိုက်သည်။ကျူးကျော်၍ ဝင်ရောက်လာသော နူးညံ့သည့်လျှာဖျား အား အရံသင့်
စုပ်ယူမိသည်။အနမ်းများကို စတင်သူမှာ ကိုယ် သာဖြစ် သော်လည်း ထိုလှပနက်ရှိုင်းသောအနမ်းများအား စိတ်လိုလက်ရ ကျွမ်းကျင် စွာ ပုံသွင်းနေသူမှာ စိုင်းခက် ဖြစ်နေသည်။
"ဟင်းးး"
စိုင်းခက်ငြီးငြူသံသဲ့သဲ့လေးပါထွက် လာရတော့သည်။ထိုက်က နှုတ်ခမ်းများအားနမ်းနေ
ရင်းမှ ရပ်ကာ သူ့လည်ပင်းကိုစုပ်ယူလာတော့သည်။ စိုင်းခက်လဲ လည်ပင်းအား မော့ထားကာ
ထိုက်ဆံပင်တွေပို၍ ပွတ်သတ်ရင်း ...
"ဟင်း.. အ ... ဖြည်းဖြည်း အကို "
အရက်ဝင်ထားသဖြင့်မူးနေကာ အသိစိတ်တွေကပုံမှန်မဟုတ်ပေ ။ သူတို့နှစ်ယောက်ဦးတည်ရာမဲ့စွာဖြင့် ရစ်မူးနေကြသည်။အထိအတွေ့တွေက ရူးအောင်ပြုစားနေလေသည်။ စိုင်းခက်လည်ပင်းတွေကို စုပ်ယူကာ အမှတ်များ ထင်စေပြီး
နှုတ်ခမ်းများအားတစ်ဖန်ပြန်လည်သိမ်းပိတ်မိသည် ။ ထိုက်၏လက်များကလဲ ကျောပြင်မှ တစ်ဆင့် ဗိုက်သားများအား ပွတ်သပ်ရင်း ပွင့်ချပ် လေးကိုပါ အပေါ်အောက်ဖွဖွထိကိုင်ပွတ်သပ်နေမိသည်။
"ဟင်းးး အကို ...."
စိုင်းခက်ဆီမှ ငြီးငြူသာ ထွက်ပေါ်လာတိုင်း
ထိုက်၏ စိတ်တွေ လွတ်ထွက်ချင်စိတ်ကို ထိန်းနေရသည်။ လျှာကိုပါ စုပ်ယူနမ်းရှိုက်ရင်း အနမ်းတွေအချိန်ကြာလာသည်နှင့် အသက်ရူမဝတော့သော စိုင်းခက်မှာ ထိုက်၏ ရင်ဘက်ကို တွန်းလာမှသာ ရပ်တန့်လိုက်ရသည်။
ထိုက် စိုင်းခက်ကို နဖူးခြင်းထိကပ်လိုက်ကာ
"ကိုယ်လေ မင်းကို ..."
ထိုက်စကားမဆုံးလိုက် စိုင်းခက်က မျက်နှာချင်းကွာလိုက်ပီး လက်ညှိုးလေးဖြင့် ထိုက်နှုတ်ခမ်းပေါ် ထိတင်လိုက်ရင်း ...ခေါင်းရမ်းကာ
"ဟင့်အင်း ဘာမှဆက်မပြောပါနဲ့ အကို
ကျွန်တော်မသိချင်ဘူး "
ရုတ်တရက်ဆန်လွန်းသော စကားတို့က ထိုက်၏နှလုံးသားတစ်နေရာကို ဆူးကနဲ အောင့်သက်သက်ဖြစ်စေသည်။ နှစ်ဦးသဘောတူ ပျိုးခဲ့သော အနမ်းတို့လို့ ထိုက် ယုံကြည်ခဲ့သည်လေ။ သို့သော် မိမိ၏အချစ်တို့ကိုဖွင့်ဟခွင့်ပင်မပေးသော ထိုကောင်လေးကိုစိတ်ကို ထိုက်တစ်ယောက်မည်သို့ မည်ဖုံ နားလည်ရမည်ဆိုတာကို ဆက်မတွေးတတ်တော့ရန်ကာ။
"ဘာလို့လဲ ခက် "
ကိုယ့် စိတ်ထဲမှာ အမြဲခေါ်ချင်နေမိသည့် ခက် ဆိုသည့်တစ်ခါမှမခေါ်ဖူးတဲ့နာမ်စားလေးတစ်ခု ၊ ထိုက် သူခေါ်လိုက်သည်ကို ကြောင်ကြည့်နေသောကောင်လေးကို ပြုံးပြပီး
" ကိုယ် ခက် လို့ခေါ်ချင်တာကြာပီ မင်းကြိုက်ရဲ့လား"
"အင်း ကြိုက်... ကြိုက်ပါတယ်"
ရှက်သွေးဖျာသွားဟန်ရှိသည့် စိုင်းခက်ရဲ့ ပါးမို့မို့လေးသည် ကားမီးရောင်ဖျော့ဖျော့အောင်တွင် မသိမသာ ရဲတက်သွားသယောင်။
"ဒါဆို ခနက ကိစ္စပြန်ပြောပါအုံး ဘာလို့လဲ"
ချစ်စရာကောင်းလွန်းနေသည့် စိုင်းခက်ကိုခနမေ့ထားပြီး လိုရင်းကိုဆက်ရသည်။ မဟုတ်လျှင် သူ စိုင်းခက် ၏ မျက်ဝန်းများအောက်တွင် ပြောစရာစကားများ ထပ်ပျောက်ပြန်ဦးမည်။
"ဒီအခြေအနေလေးအတိုင်းပဲနေချင်လို့ ဘာမှမပြောပါနဲ့နော် အကို "
ရိုးရှင်းသည့် စကားလုံးတို့က ထိုက် နှလုံးသားတစ်ခုလုံးကို ဆုတ်ဖြဲလိုက်သလို ခံစားရစေသည်။ ဘာလို့လဲဆိုတဲ့အတွေးက ထိုက် ရင်ဝကို ခနခနဆောင့်ကန်နေသလိုပင်။ သို့ရာတွင် ကိုယ်ဟာ အကြီးပဲမဟုတ်လား။ ဟန်ဆောင်သည်ဆိုတာ ကိုယ့်အတွက်တော့ လွယ်ကူလွန်းလှသည်။
"အင်းပါ ခက် သဘောပါ ၊ ခုအိမ်ပြန်မှာလား
ကိုယ့်ဆီလိုက်အိပ်မလား "
ထိုက်အတတ်နိုင်ဆုံး အသံကိုတည်ငြိမ်အောင် ကြိုးစားပြီးပြန်ဖြေလိုက်သည်။ ကိုယ့်ကို အကဲ
ခတ်နေသော ခက်ရဲ့ မျက်ဝန်းများတွင် သနားရိပ်ကို ခပ်ပါးပါးမြင်နိုင်သည်လေ။
*ကိုယ်လိုချင် တာ မင်းရဲ့ သနားစာနာမှုတွေမှ မဟုတ်ဘဲခက်ရယ်။ မင်းဆီက ထပ်တူကျတဲ့အချစ်တို့ကိုသာ လိုအပ်တာလို့ပြောရင် ကိုယ် တစ်ကိုယ်ကောင်းဆန်ရာ ကြသွားမလား*
"ကျွန်တော် အိမ်ပဲပြန်လိုက်မယ်"
"...."
ထိုက် ဘာမှမပြန်မပြောဖြစ်။ စိုင်းခက် သဘော
အတိုင်းသာ အိမ်သို့ ဦးတည်လိုက်သည်။
အိမ်ရှေ့ရောက်တော့ ကားပေါ်က ဆင်းပီး နောက်
ပြန်လှည့်ကြည့်ကာ ....
"အကို ဖြည်းဖြည်းမောင်းနော် "
ထိုက် ပြုံးပီးခေါင်းငြိမ့်ပြကာမောင်းထွက်ခဲ့လိုက် တော့သည် ။ နှလုံးသားတို့ အောင့်သက်သက်ဖြင့်အတတ်နိုင်ဆုံးပြုံးထားမည်။ နာကျင်မှုဆိုတာ ထိုက် အတွက် အဲ့လောက်ခက်ခဲမည်ဟု မတွေးမိခဲ့သေး။
စိုင်းခက်အိမ်ရောက်တာနှင့်သူ့အခန်းဆီအမြန်တက် ခဲ့ပီးအိပ်ယာပေါ်လှဲချကာ ရင်ဘက်ပေါ်လက် တင်မိလိုက်တော့သည် ။ ခုထိရင်ခုန်သံတွေက မငြိမ်သေး ဒီညလဲ အတွေးများစွာနဲ့ အိပ်ရအုံး
မည်လေ ။
**🌸🌸🌸***
Unplugged တီးဝိုင်း
ထိုက်ဝတ်ထားတဲ့ပုံစံလေးပါ
စိုင်းခက်ဝတ်ထားတဲ့ပုံစံလေးပါ
Zawgyi
**🌺🌺🌺**
ဖြစ်မှမဖြစ်ပဲကွယ်...
အောင့်သက်သက်ပါကွယ်...
ခူးစားလိုက်ချင်တယ်...
နင်မသိခဲ့ဘူး
နီးနီးလေးရှိလျက်နဲ့
***🌸🌸🌸****
မယ် "
ခေါင်းကို ခါရမ်းကာ
ခနခနဆိုပြနော်"
အကြည့်လဲမလွဲမိ ...
"ဟင်းးး"
"ဟင်း.. အ ... ဖြည်းဖြည်း အကို "
"ဟင်းးး အကို ...."
"ကိုယ်လေ မင်းကို ..."
ကျွန်တော်မသိချင်ဘူး "
"ဘာလို့လဲ ခက် "
"...."
ပြန်လှည့်ကြည့်ကာ ....
မည်လေ ။
**🌸🌸🌸***
Продолжить чтение
Вам также понравится
9.6K 506 16
MewGulf fanfiction.. ဒီficသည်စိတ်ကူးသက်သက်ဖြင့်သာဖန်တီးခြင်းဖြစ်ပါသည် By winterdaisy88
5.7K 318 16
အမှားပါရင်​ ခွင့်​လွှတ်​​ပေးကြပါလို့..​တောင်​ဆိုပါရ​စေ...။ ​ဝေဖန်​အကြံပြုလို့လည်း...ရပါတယ်​​နော်​...။
4.2K 436 15
Christmas story🎄[OFFGUN] ကိုယ်တို့ရဲ့ခန္ဓာကိုယ်က အနီးကပ်ဆုံးနေရာတစ်ခုထိ ရောက်ရှိသွားတဲ့အခါ ခြေကိုစုံရပ်ကြမယ် ဒါမှမဟုတ် ........ မင်းရဲ့ဖိနပ်တွေနဲ့ ကိ...
100K 5.8K 30
This fic is written both in Unicode and Zawgyi... Jaeyong Fanfic (Myanmar) Cover by sis Zin Thu Lin Htet