နားခိုရာမှားတဲ့ လိပ်ပြာငယ်
De mahar_for_thondra
5.2K 371 32
စာရေးသူ၏စိတ်ကူးသက်သက် ဖန်တီးထားတာဖြစ်လို့ အပြင်လောကနှင့် အချိုးမကျနိုင်ပါ Mai multe
IᑎTᖇO🦋
🦋💙
🦋①...𝗨𝗻𝗶
🦋①...𝙕𝙖𝙬𝙜𝙮𝙞
🦋②...Ⓤⓝⓘ
🦋②...Ⓩⓐⓦⓖⓨⓘ
🦋③...Ⓤⓝⓘ
⚠️ⁿᵒᵗⁱᶠⁱᶜᵃᵗⁱᵒⁿ ᶠᵒʳ ᵒⁿ ᵐʸ ʷʳⁱᵗⁱⁿᵍ❕❗️
🦋③...Ⓩⓐⓦⓖⓨⓘ
🦋④...Ⓤⓝⓘ
🦋④...Ⓩⓐⓦⓖⓨⓘ
🦋⑤...Ⓤⓝⓘ
🦋⑥...Ⓤⓝⓘ
🦋⑤...Ⓩⓐⓦⓖⓨⓘ
🦋 ⑥...Ⓩⓐⓦⓖⓨⓘ
🦋⑦...Ⓤⓝⓘ
🦋⑦...Ⓩⓐⓦⓖⓨⓘ
🦋⑧...Ⓤⓝⓘ
🦋⑧...Ⓩⓐⓦⓖⓨⓘ
🦋⑨...Ⓤⓝⓘ
🦋⑨...Ⓩⓐⓦⓖⓨⓘ
🦋①⓪...Ⓤⓝⓘ
🦋①⓪...Ⓩⓐⓦⓖⓨⓘ
🦋①① ... Ⓤⓝⓘ
🦋①① ... Ⓩⓐⓦⓖⓨⓘ
🦋①②...Ⓤⓝⓘ
🦋①②...Ⓩⓐⓦⓖⓨⓘ
🦋①③...Ⓤⓝⓘ
🦋①③...Ⓩⓐⓦⓖⓨⓘ
🦋①④...Ⓤⓝⓘ
🦋①④...Ⓩⓐⓦⓖⓨⓘ
🦋①⑤...Ⓤⓝⓘ
🦋①⑤...Ⓩⓐⓦⓖⓨⓘ
🦋①⑥...Ⓤⓝⓘ
🦋①⑦...Ⓤⓝⓘ
🦋①⑦...Ⓩⓐⓦⓖⓨⓘ
🦋①⑧...Ⓤⓝⓘ
🦋①⑧...Ⓩⓐⓦⓖⓨⓘ
🦋19... 🅄🄽🄸
🦋19... 🅉🄰🅆🄶🅈🄸
[ယာယီ ရပ်နား]
🦋①⑥...Ⓩⓐⓦⓖⓨⓘ
41 7 0
De mahar_for_thondra
"ကျွန်မသားလေးကို ကယ်ကြပါအုံးရှင်"
"ကယ်ကြပါအုံး ဆရာတို့ရယ်"
"ကျွန်မသားလေး ကျွန်မသားလေး ရက်သားဘဲရှိသေးတာပါ"
ဆေးရုံlobby၌  ဆူညံ့ပွတ်နေသည်က  မိခင်တစ်ယောက်ရဲ့  အော်ဟစ်အကူအညီတောင်းနေသံ။ Nurseတော်တော်များများက အပြေးအလွှားရောက်လာပေမယ့် ဆရာဝန်များကတော့ ရောက်မလာသေး။
ကျွန်တော်နှင့် Nikသာ နေ့ခင်းပိုင်းအတန်းအတွက် အခုမှရောက်လာခြင်းဖြစ်သည်။အပေါ်ထက်သို့မတက်မီ ထိုအမျိုးသမီး၏ အော်ဟစ်အကူအညီတောင်းသံကို ကြားရခြင်းဖြစ်သည်။
သွားကြည့်လိုက်တော့ မိခင်၏ရင်ခွင်ထဲမှကလေးက အလွန်ငယ်သေး၏။သူမပြောသလို  ရက်သားပင်ရှိအုံးမည်ထင်သည်။
ဆရာဝန်များကနေ့လည်နားချိန်ဖြစ်သောကြောင့် တာဝန်ကျဆရာဝန် အချို့သာရှိ၏။ အတန်ကြာမှဆရာဝန်တစ်ယောက်နှစ်ယောက်လောက် ပြေးလာပြီး ထိုအမျိုးသမီးရင်ခွင်ထဲမှ ကလေးငယ်အား NICUခန်းသို့ ခေါ်သွားကြ၏။
ကျွန်တော်နှင့်Nikလည်း ကလေးငယ်၏ အခြေအနေကို သိချင်တာကြောင့် လိုက်သွားလိုက်မိ၏။
NICUခန်းအတွင်း၌တော့ ကလေးငယ်၏ ငယ်သံပါအောင် စူးစူးပေါက်ပေါက် အော်ငိုသံက NICUခန်းအပြင်ဘက်မှ မိခင်၏ နှလုံးသားတော့ မည်သို့ခံစားနေရသည်မသိ ကျွန်တော်ပင် ငိုချင်လာမိ၏။
ကျွန်တော်တို့လည်း ဆရာဝန်များကြားများမှDuty coadနှင့်မို့ သတိထားမိကြပုံမပေါ်။ ရောရောင်ကာ လိုက်သွားပြီး ကလေးငယ်အားကြည့်လိုက်တော့ ကျွန်တော် လေ့လာထားရသလောက်ဆို ကလေးငယ်က သာမန်အတွင်းတက် တက်နေခြင်းသာဖြစ်သည်။  သို့သော် ဆရာဝန်တွေထိုးဖို့လုပ်နေသည့် ဆေးများကမဆီမဆိုင် မွေးရာပါရောဂါရှိသည့် ကလေးလူနာများအတွက်ဆေးသာဖြစ်သည်။
ထို့ကြောင့်ကျွန်တော်လည်း ဆေးစင်ပေါ်မှLorazepam Anticonvulsanပုလင်းအားမြန်မြန်ယူကာ ဆေးထိုးအပ်ဖြင့် ချိန်ဆလိုက်ပြီးကလေးငယ်အား  သွင်းမည်လုပ်တော့  ခပ်ကြမ်းကြမ်းဆောင့်တွန်းခြင်းခံလိုက်ရသောကြောင့် ကြမ်းပြင်၌ ထိုင်လျက်သားလဲကျသွားသည်အထိ။
" ဒီဆရာဝန်ပေါက်စက ဘယ်သူလဲ မြန်မြန်ဆွဲခေါ်သွားကြစမ်း"
တစ်ဆက်တည်းဆိုသွားသည့် မာန်မဲသည့်အသံက အဆုတ်အထူးကု ဆရာဝန် ဒေါ်ရှင်းမြတ်ထံမှ ဖြစ်သည်။Nikက ကျွန်တော့်အား မြန်မြန်လာထူ၍
" ဘာဖြစ်သွားသေးလဲ ရှိုင်း"
" ဘာမှ မဖြစ်ဘူး ကလေးကို မဆီမဆိုင်တဲ့ဆေးတွေ ထိုးပေးနေကြတယ်"
" ထားလိုက်ပါကွာ သူတို့တက်လို့ သူတို့လုပ်တာ မှားလည်းသူတို့ဘဲ တာဝန်ယူရမှာ"
"ထားလိုက်လို့ ရမလားကွ အဲ့ကလေးတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ ကလေးက ရက်သားဘဲရှိသေးတယ်"
" ငါတို့က ဘာလုပ်လို့ ရမှာမို့လဲ"
" ကျစ် မင်းအကိုဇော်ကို သွားခေါ်ထားလိုက် ငါ့ဘာငါ ပြောကြည့်လိုက်မယ်"
"ဘာမှ ၀င်မလုပ်နဲ့နော် ရှိုင်း"
"  အေးပါကွာ သွားခေါ်စမ်းပါမြန်မြန်"
စိတ်မရှည်ဟန်ဖြင့် အော်လိုက်တော့ Nikက ခပ်မြန်မြန်ပင် ပြေးထွက်သွားလေ၏။ ကျွန်တော်လည်း ကလေးငယ်အားအတင်းထိန်းကာ  ဆေးသွင်းဖို့လုပ်နေသည့် ဆရာဝန်များကြား အတင်းတိုးဝင်လိုက်ပြီး ကလေးငယ်လက်မှ ဆေးပိုက်များအား ဖြုတ်ချပစ်လိုက်တော့ ဒေါ်ရှင်းမြတ် အပါအဝင် ဆရာဝန်တော်တော်များများ၏ ဒေါသထွက်သွားသည့်အကြည့်များက ကျွန်တော်ထံတွင်သာ။
" ကိုယ်နဲ့ မဆိုင်တာဝင်မပါနဲ့ ဆရာဝန်ပေါက်စ မြန်မြန်ထွက်သွားလိုက်"
ဒေါ်ရှင်းမြတ်ထံမှ အသံဖြစ်သည် ။ခုနကထက်ပင် ပို၍ ဒေါသသံထွက်နေလေ၏။မတတ်နိုင်ပါ ဒီလိုမှ မလုပ်ရင် ကလေးက ဆေးပိပြီးသေမလားဘဲ။
"  ခများတို့သာ မဆိုင်တဲ့ဆေးတွေ သွင်းဖို့လုပ်နေတာ ဆေးရဲ့သက်ရောက်မှုတွေကကလေးအပေါ်ဘယ်လောက်ထိ ဆိုးရွားသွားစေနိုင်လဲဆိုတာ နည်းနည်းလေးမစဉ်းစားမိဘူးလား"
Lorazepam Anticonvulsantပုလင်းအား မြန်မြန်ပြန်ယူ၍ ချိန်ဆနေရင်း ထိုသို့ပြန်အော်လိုက်တော့  ဆောင့်ကနဲ ဆွဲခေါ်ခံလိုက်ရသောကြောင့် အနည်းငယ် ဟန်ချက်ပျက်သွား၏။
" မင်းသွင်းချင်နေတာ ဘာဆေးလဲဆိုတာရောသိရဲ့လား အလကား သက်ရောက်မှုမရှိတဲ့ဆေးတွေ"
" အခုကလေးက တက်နေတာလေ ခများတို့သွင်းမယ့် ဆေးကရော အခုအခြေအနေနဲ့ ဆိုင်လို့လား  "
" ဘာကို တက်နေတာလဲ ကလေးရဲ့ အခြေအနေကို ကြည့်လေ အမောထဖောက်နေတာ မမြင်ဘူးလား အဲ့တာကြောင့် အဆုတ်ဆေးသွင်းနေတာ မင်းကဘာတွေရောင့်တက်ချင်နေတာလဲ"
"  အင်းပေါ့ ခများက   အဆုတ်ရောဂါနဲ့ပတ်သက်မှဘဲ ပိုက်ဆံရမယ့် လူဆိုတော့ ဒီလိုဘဲပြောမှာပေါ့"
" ဖြောင်း!
လည်ထွက်သွားသောမျက်နှာနှင့်အတူ ပူရှိန်းရှိန်းခံစားချက်က ပါးပြင်တစ်လျှောက်  လွှာချခံလိုက်ရသည်ဟုပင် ထင်မိ၏။တဖြည်းဖြည်းထုံလိုက်လာသည်က နားထင်မှတစ်ဆင့် နားပါ အူလာ၏။ဒီအခြေအနေက ဘာလဲ ကျွန်တော်ပါးရိုက်ခံလိုက်ရတာလား။ အတန်ကြာသည်အထိပြန်မလှည့်ကြည့်မိသေး။
" ရှိုင်း
" ရှိုင်း
ပြိုင်တူပေါ်ထွက်လာသည့်အသံက အကိုဇော်နှင့် Nik၏ အသံဖြစ်ပေလိမ့်မည်။ ကျွန်တော်လှည့်ကြည့်လိုက်တော့ ကျွန်တော်တို့ထံ ပြေးလာနေကြ၏။
အကိုဇော်လွင်သန့်ကတော့ ကျွန်တော့်ဘေးတွင် လာရပ်ကာ ကျွန်တော့်မျက်နှာအား သေသေချာချာကြည့်နေစဉ် တစ်ဖက်မှ  တစ်ခုခုပြိုလဲသွားသံနှင့်အတူ ဒေါ်ရှင်းမြတ်၏ အော်သံ။
" အား..
လှည့်ကြည့်လိုက်မိတော့  ပြန်ကျဲနေသော ဆေးပစ္စည်းများနှင့်အတူ ဆေးစင်အသေးလေးကပါ လှဲလျက်သား ။ဘေးတစောင်းလှဲနေသည့်အနေအထားနှင့် ဒေါ်ရှင်းမြတ်က ပါးတစ်ဖက်ပေါ်သို့ လက်တင်ထားကာ   အနီရောင် ပြောင်းလာသည့် မျက်လုံးတို့က ငိုချင်စိတ်ကို မနည်းထိန်းထားရသည်လား ဒေါသစိတ်ကို ထိန်းထားရသည်လားတော့ ကာယကံရှင်ကိုယ်တိုင်သာ သိပေလိမ့်မည်။
သူမရှေ့တည့်တည့်တွင် ရပ်နေသူက Nik ဖြစ်နေသည်။
" ငါ့ကိုများ ပါးရိုက်ရဲတယ်ပေါ့ အရိုင်းအစိုင်းကောင်တွေ နင်တို့နှစ်ယောက်လုံးကို တရားစွဲပြမယ်"
ချက်ချင်းဆိုသလို ထရပ်လာကာ ကျွန်တော်တို့နှစ်ယောက်အား လက်ညိုးငေါက်ငေါက်ထိုး၍ မာန်မဲကာ အခန်းပြင်သို့ထွက်သွားလေပြီ။
'ဘုရားရေ Nikက ပါးရိုက်လိုက်တာလား  သွားပြီ ဒီဘွားတော်က ဆေးရုံရဲ့  မျက်နှာမဲ သူ့အကြောင်းမသိတဲ့သူက ခပ်ရှားရှား    ဒီလိုလူကိုမှ Nikက '
Nik၏ လုပ်ရပ်ကြောင့် ကျွန်တော်ပါ  ခေါင်းစားနေရပြီ ။ ကိုယ့်အပြစ်လို့လည်းမဆိုချင်  ။ကျွန်တော်မှားသည်ဟူ၍   တစ်ပါဒမျှမရှိပေ။တစ်ကယ်တမ်းအရင်ကိုယ်ထိလက်ရောက်ကျူးလွန်သူက သူမ(မ)ဟုတ်လား။ Nikသာ ပြန်မလုပ်ရင် ကျွန်တော်တို့က သူမကိုတရားစွဲလို့ရနိုင်သေးသည်။ အခုတော့ ပြန်လည်ချေပနိုင်ခွင့်ရှိမလားတော့ မသိပေ။ရရင်တော့ ဘုရားကယ်သည်သာပြောရတော့မည်ထင်ပေ၏။
ကလေးငိုသံကပါရောနေတော့ NICUခန်းတစ်ခန်းလုံး  ဆူညံသံအတိပင်။
ဒေါ်ရှင်းမြတ်ထွက်သွားပြီးနောက် အကိုဇော်လွင်သန့်က ကလေးထံသို့မြန်မြန်ပြေးကာ  ပုခုံးထက်သို့ မှောက်တင်လိုက်၏။
ငိုရလွန်းလို့ဖြစ်ပေလိမ့်မည် ကလေးက ပြာနမ်းနေလေပြီ။ အသံထွက်မလာသောကြောင့် ကလေးငယ်ရဲ့ ခြေထောက်သေးသေးလေးတွေကို အားအနည်းငယ်ထည့်ကာ နှိပ်ပေးလိုက်မှ အသံထွက်လာ၏။
" ဆရာတို့  ရပ်ကြည့်မနေဘဲ တစ်ခုခုလုပ်ပေးဖို့ လုပ်ကြပါအုံး"
အကိုဇော်လွင်သန့်က  မျက်ခုံးအနည်းငယ်ကျုံ့ကာ ရပ်နေသည့် ဆရာဝန်များထံသို့ အကြည့်ပို့၍ လေသံအေးအေးဖြင့်ပြောလိုက်၏။
ကြောင်အမ်းနေသည့် ဆရာဝန်များလည်း ထိုအချိန်မှ လှုပ်လှုပ်ရှားရှားဖြစ်လာ၏။
" ရှိုင်း အကို့ကို  Lorazepam Anticonvulsan ထိုးပေးဖို့ လုပ်ပေးခဲ့"
ကျွန်တော်လည်း အသင့်ကိုင်ထားပြီးသား ဆေးထိုးအပ်ကို ပေးလိုက်၏။
"အကူNurse ၂ယောက်ကလွဲရင် ကျန်တဲ့ဆရာဝန်တွေအကုန် ကျွန်တော့်ရုံးခန်းမှာ သွားစောင့်နေပေးကြပါ ကျွန်တော်  ဒီကလေးကို စစ်ဆေးစရာရှိတာစစ်ဆေးပြီး လာခဲ့ပါ့မယ်"
ကြည်လင်ပြတ်သားသော အသံက ဒေါသသံ အနည်းငယ်မျှ မပါသော်လည်း အမိန့်သံပါ၏။ သို့သော်  မျက်နှာထက်၌တော့ ဖော်ပြခြင်းမရှိ ပုံမှန်မျက်နှာထားကဲ့သို့ ပြုံးပျနေခြင်းမရှိသကဲ့သို့ မှောင်ကြုတ်ရင့်သီးနေခြင်းမျိုးလည်းမရှိပေ။ တည်တည်ငြိမ်ငြိမ်သာ။
အကိုဇော်မှ ထိုသို့ဆိုလိုက်သည်နှင့် ဆရာဝန်အသီးသီး နှင့်Nurseအချို့လည်း  အခန်းထဲမှ တရွေ့ရွေ့ဖြင့် ထွက်သွားကြသည်။
Nikကတော့ ကျွန်တော့်နားပြေးလာကာ ကျွန်တော့်မျက်နှာအား တစ်ဖက်သို့ ဆွဲလှည့်လိုက်ကာ
" ဘာဖြစ်သွားသေးလဲရှိုင်း"
ဖျော့တော့သော အသံက သူမည်မျှ  စိတ်ပူနေသည်ဆိုတာ ကျွန်တော်ခံစားမိပါသည်။
" ဘာမှမဖြစ်ပါဘူးကွာ မိန်းမအားလောက်နဲ့ "
" တောက်ခ် !အဲ့မိန်းမကို အမှုန့်ကြိတ်ပစ်ချင်တာ"
အစောပိုင်းက အသံနှင့်တော်တော်လေးကွာ၏။
ဒေါသသံတစ်ဆုံး တောက်ခ်တစ်ချက်ခေါက်လိုက်သောကြောင့် အကိုဇော်နှင့် Nurseနှစ်ယောက်ကပါ လှည့်ကြည့်လာကြ၏။
" ရှိုင်းနဲ့ ဂျော့ခ် အကို့ရုံးခန်းထဲသွားစောင့်နေပေးပါ"
" ဟုတ်ကဲ့ ဆရာ"
ကလေးဆေးချိတ်ပေးနေရင်း ကျွန်တော်တို့ဖက်လှည့်ကာ ထပ်မံသတိပေးလာသောကြောင့် Nikကို ခေါ်ကာ NICUအခန်းထဲမှထွက်လာခဲ့ကြရတော့သည်။
အခန်းပြင်ရောက်သည်နှင့် ကျွန်တော်တို့ထံ​ခပ်သုတ်သုတ်ပြေးလာသူက ကလေးငယ်၏ မိခင်အမျိုးသမီးပင်။
" ဒေါက်တာတို့ ကျွန်မသားလေးရဲ့အခြေအနေက  ဘယ်လိုနေလဲဟင် "
ကျွန်တော်ပြန်ဖြေမည်လုပ်တော့ Nikက  ကြားဖြတ်ဝင်ပြောလိုက်၏။
" ခနကထွက်သွားတဲ့ အုပ်စုကို မမေးလိုက်ဘူးလား"
"  မေးလိုက်ပါတယ် ဒေါက်တာရယ်  တိတိကျကျရေရေရာရာ မဖြေသွားလို့ပါရှင်"
ထိုအမျိုးသမီး၏ မျက်ဝန်းထဲမှ အားငယ်မှုတို့က နှုတ်ခမ်းဖျားထက်မှ စကားလုံးတို့အား ညင်သာဖျော့တော့စေ၏။
" ကလေးကဘာမှမဖြစ်ဘူးနော် အစ်မ  စိတ်မပူပါနဲ့ သာမှန်အတွင်းတက် ပုံစံမျိုးမို့ သက်သာဖို့အချိန်အနည်းငယ်ဘဲယူရမှာပါ"
ကျွန်တော့်က ဤသို့ ပြောပြလိုက်မှသာ စိတ်သက်သာရာ ရသွားဟန် ၀င်းလက်လာသော မျက်ဝန်းအစုံတို့နှင့်အတူ
"  ဟုတ်လားဒေါက်တာ ကျေးဇူးတင်ပါတယ်ဒေါက်တာ  ကျေးဇူးတင်ပါတယ်"
ထိုသို့ဆိုကာ ကျွန်တော့်လက်တစ်ဖက်အား သူမလက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်ပြီး နဖူးနှင့်ထိစေပြီး  ထပ်မံပြောဆိုလာသောစကားက ငိုသံအနည်းငယ်စွတ်လျက်
" ဒေါက်တာတို့ ကျေးဇူးကို ကျွန်မဒီတစ်သက် မမေ့ပါဘူးရှင်"
"မလိုပါဘူးဗျာ ကျွန်တော်တို့က   ဘေးနားက ကြည့်ပေးရုံသက်သက်ဘဲ တစ်ကယ်ကျေးဇူးရမယ့် ဆရာက ခနနေမှ ထွက်လာမှာ အဲ့အခါမှဘဲ သေသေချာချာလေးကျေးဇူးတင်ကြောင်းပြောလိုက်ပါနော်"
" ဟုတ်ဟုတ်ကဲ့ပါဒေါက်တာ ဘာဘဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်ရှင်"
မိခင်တစ်ယောက်ရဲ့မေတ္တာကို သူမကိုကြည့်ခြင်းဖြင့် ကျွန်တော်ခံစားမိလိုက်ပါပြီ။
" လာရှိုင်း ဆရာထွက်လာတော့မယ်"
စကားကြော မဖြတ်နိုင်သည်မို့ Nikတစ်ယောက်စိတ်မရှည်တော့ဟန် ထို အမျိုးသမီး၏ လက်ထဲမှ ကျွန်တော့်လက်အား မဆိုစလောက်မကြမ်းတမ်းမည်သော အားထည့်၍ ဆွဲဖြုတ်ကာခေါ်ခဲ့သောကြောင့် ဤနေရာမှ ရွေ့နိုင်ခဲ့ခြင်းဖြစ်သည်။
Nikဆိုသည်က ထိုသို့လူစားမျိုးပင် စိတ်မြန်လက်မြန်နှင့်လူစားမျိုး။
~~~~
" ခုနက ကိစ္စက ဘယ်ကနေ ဘယ်လိုစဖြစ်တာလဲ ကျွန်တော့်ကို အတိအကျ ရှင်းပြပေးလို့ရမလား"
အတန်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်လျက်သာရှိသောကြောင့်
" ကဲ ဆရာထက် ကျွန်တော့်ကို ရှင်းပြပါအုံး"
ဆရာထက်ဆိုသည်က ကျွန်တော်တို့အဖွဲ့ထဲတွင် အသက်အကြီးဆုံးဖြစ်သည်။ သူသည်လည်း အဆုတ်အထူးကု တစ်ယောက်ဖြစ်ပေသည်။
အကိုဇော်​က ထိုသို့ဆိုလိုက်တော့ ခါးအနည်းငယ်မတ်လာကာ  အကိုဇော်ထံသို့ အကြည့်ပို့ပြီးမှ
"  ဒီလို ဆရာရဲ့ ဒေါက်တာရှင်းမြတ်က  ကလေးကို အမောဖောက်လို့  အဆုတ်ဆေးသွင်းဖို့လုပ်တာ .
ဆရာထက်ပြောသလိုမဟုတ်ပေ။ သူတို့သွင်းတာ သာမန်အဆုတ်အတွက်ဆေးဆိုရင်တော့  ထိုသို့လုပ်ရပ်မျိုး ကျွန်တော်ဝင်​လုပ်ဖြစ်မည်မထင်ပါ။အဆုတ်ဆေးက  ဘေးထွက်ဆိုးကျိုးနည်း၏။ သို့ပေသည့် မွေးရာပါရောဂါများအတွက် ဆေးကတော့ ဆန့်ကျင်ဘက်ပင်။ ပထမ သောက်ရမည့် အသုတ်မှာတင် ဘေးထွက်ဆိုးကျိုးတော်တော်များ၏။ ထိုဒဏ်များကို အရွယ်ရောက်ပြီးသား လူတွေတောင် မနည်းတောင့်ခံနေရတာ ရက်သားအရွယ် ထိုကလေးဆိုရင်တော့ ကျွန်တော်တွေးပင်မတွေးရဲပါ။ ကျွန်တော့်အမှားလည်း မဟုတ်သည်မို့ ငြိမ်နေ၍တော့မရပေ။ ဆိုသင့်သည်ကို ဆိုရပေမည်မဟုတ်လား။
" မဟုတ်ဘူး ဆရာ သူသွင်းတာ မွေးရာပါရောဂါအတွက်ဆေးတွေပါ ဘာကိုကြည့်ပြီးမွေးရာပါရောဂါလို့ သတ်မှတ်လိုက်လဲတော့ ဆရာကိုယ်တိုင်ဘဲမေးကြည့်လိုက်ရင်ကောင်းမယ်ထင်ပါတယ် "
ထိုသို့ဝင်​ပြောလိုက်တော့ ဆရာထက်၏ မျက်ဝန်းအစုံတို့က ဂနာမငြိမ်တော့ပေ ။ ကျွန်တော်နှင့် အကိုဇော်ကို  ကြာမြဲအောင်မကြည့်နိုင်ပါဘဲ ဟိုရွေ့သည်ရွေ့ဖြင့်သာ။
" အဲ့ကောင်လေးပြောတာ ဟုတ်လား ဆရာထက်"
"  ဟုတ် ဟုတ်ပါတယ်ဆရာရယ်  ဒေါက်တာရှင်းမြတ်က   ကလေးကရက်သားလေးနဲ့ ခနခနအခုလို အသက်ရှူမမှန်တော့ မွေးရာပါထင်ပြီး
" တော်တော့!
အကိုဇော်ရဲ့ အသံက တစ်ခန်းလုံးဟိန်းသက်လျက်   ကျွန်တော်အပါအ၀င်အခန်းထဲတွင်ရှိသမျှလူအကုန်လုံး တုန်တက်သွားမိ၏။ အကိုဇော်ရဲ့ ဒီလိုပုံစံမျိုးကို ကျွန်တော်ဆေးရုံတွင်လာလေ့လာနေတဲ့ကာလတစ်လျှောက် တစ်ခါလေးမျှတောင်မတွေ့ဖူးပါ။တွန့်ချိုးထားသော မျက်ခုံးတန်းတို့က ထိစပ်တော့မည့်အတိုင်း နီးကပ်လျက်။
" ထင်ကြေး ! ထင်ကြေးတစ်ခုထဲနဲ့ ခများတို့ဆေးကုနေတာလား ရေရေရာရာမသိတဲ့ ရောဂါကို  စစ်ဆေးပြီးမှ ကုသင့်တယ်မဟုတ်လား ခများတို့ ထင်ကြေးက ဆေးစစ်ချက်တွေထက်ပိုမှန်နေတာလား ဘာလဲ ရှင်းပြစမ်းပါအုံး! "
ရှေ့တွင်ရှိသည့် ကျွန်းစားပွဲအား  တစ်ဘိန်းဘိန်းရိုက်၍ ​ပြောနေပုံက အင်မတန်ဒေါသထွက်သွားပုံပင်။
"ရှင်းပြလေ မရှင်းပြနိုင်ရင် ဒေါ်ရှင်းမြတ်ရော ခများရော အလုပ်ထွက်ဖို့ပြင်"
" မလုပ်ပါနဲ့ဆရာရယ် ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်တို့ဆုံးဖြတ်ချက်တစ်ခုမှ မပါရပါဘူးဗျာ  ဒေါက်တာရှင်းမြတ် တစ်ယောက်ဘဲ
" တိတ် ဒီလိုဘဲလွှဲချနေလိုက်ကြ ဒါဆို သူအဲ့ဆေးတွေသွင်းဖို့လုပ်နေတာ ခများတို့မမြင်ဘူးလား တားကြလေ   ဘာလုပ်နေကြလဲ"
ပိတ်အော်ခံလိုက်ရသောကြောင့် ဆရာထက်၏မျက်နှာမှာ အစောပိုင်းကလောက်မသာတော့ပေ။ အနည်းငယ်မျှ  မျက်ခုံးကျုံ့စပြုလာ၏။ လက်နှစ်ဖက်ကလည်း ဒူးနှစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်မှာ အကြောတို့ပင်ထောင်နေလေပြီ။ သူရှက်သွားလေသည်လား ဒေါသထွက်သွားလေသည်လားတော့ ခန့်မှန်းမရ။
"  ဘာလို့ ဖြေရှင်းချက်မပေးနိုင်ရတာလဲ ပြောလေ  အရင်တစ်ခေါက်က ကလေးတစ်ယောက်လည်း ခများတို့နှစ်ယောက်ရဲ့ ပယောဂကင်းလား  ပြောပါအုံး"
" အရင်တစ်ခေါက်က ကလေးကိစ္စကတော့ ကျွန်တော် တစ်ကယ်မပက်သတ်တာပါဆရာရယ်  ဒေါက်တာရှင်းမြတ်နဲ့ ဒေါက်တာ ကြယ်စင်တို့နှစ်ယောက်ဘဲ  အစအဆုံးတာဝန်ယူလိုက်တာပါဆရာ "
" အဲ့တစ်ခေါက်ကတည်းက  ဒေါ်ရှင်းမြတ်နဲ့ ပက်သတ်နေတာကို ဘာလို့ ကျွန်တော့်ကို မပြောတာလဲ သူ့လိုဆရာဝန်ကို ကျွန်တော့်ဆေးရုံမှာ နေရာပေးထားရတာ ဘယ်လောက်တောင် ထိခိုက်နစ်နာသလဲ ဆေးရုံရဲ့ ပုံရိပ်တွေကို ဘယ်လောက်တောင် ပျက်စီးစေလဲဆိုတာ ခများတို့သိရဲ့လား"
ဆရာထက်ကတော့ ခေါင်းပင်မဖော်နိုင် ။မော့လို့တောင် ကြည့်မလာတော့ပေ။
"  ခများတို့က တစ်ယောက်ကိစ္စ တစ်ယောက်ဖုံးရင်းနဲ့ ကျွန်တော့်ဆေးရုံရဲ့ဂုဏ်က အောက်ဆုံးကိုထိုးကျတော့မှာ   ပြောကြပါ လာပြောကြပါ အဲ့လိုလာပြောလို့  ကျွန်တော်ခများတို့ကို ဘာမှ မလုပ်ပါဘူး  ကျွန်တော် အမှန်တရားကိုသိရရင် ကျွန်တော်ကိုယ်တိုင်စီရင်နိုင်မယ်  ကျွန်တော့်ဆေးရုံရဲ့ဂုဏ် ကျွန်တော်ဆက်ပြီးထိန်းနိုင်မယ်  ဒီလိုပါဘဲ ကျွန်တော့်ဆေးရုံမှာ တာဝန်ထမ်းဆောင်နေတဲ့ ခများတို့လည်း ဂုဏ်မတက်ဘူးလား  ပြောကြစမ်းပါအုံး "
". . . . .. ."
" ဂုဏ်အတွက်မစဉ်းစားဘူးဆိုရင်တောင် ခများတို့ ကလေးတစ်ယောက်ကို လက်လွတ်စပယ်တော့မကုသင့်ဘူး ကလေးရဲ့ အသက်က ခများတို့လက်ထဲကရေလိုဘဲ လွှတ်ချရင် အဖက်ဆယ်မရတော့သလို သေသေချာချာလေး ဖမ်းဆုပ်ပြီး ခွက်ထဲထည့်လိုက်ရင်တော့   အဖက်တင်ကျန်ရစ်မှာဘဲ ခများတို့ရဲ့ ချင့်ချိန်တိုင်းဆတတ်တဲ့ ဉာဏ်အပေါ်မှာဘဲမူတည်တယ်  ကျွန်တော်ပြောတာဟုတ်ရဲ့လား"
" ဟုတ်ပါတယ်ဆရာ"
တစ်ခန်းလုံး၏ ဖြေကြားသံ က  အကိုဇော်၏ စကားသံအဆုံးတွင်   ပြိုင်တူထွက်ပေါ်လာ၏။
" အဲ့တော့ ဆရာထက်  ဆေးရုံပြောင်းဖို့ လုပ်ပါ ကျွန်တော်အလုပ်ထုတ်မှာတော့မဟုတ်ဘူး   ခများကိုယ်တိုင်က လက်ရည်ထက်တဲ့ ဆရာဝန်မို့  ဉာဏ်ရည်ထက်အောင်လုပ်ပြီး  လူတွေရဲ့အသက်ကို ဆက်လက်ကယ်တင်ပါ ကျွန်တော့်ဆေးရုံမှာတော့ ဆရာ့အတွက်နေရာပေးနိုင်တော့မှာ မဟုတ်ဘူး"
" ဆရာ ဆရာရယ် ကျွန်တော့်ကို တစ်ခါလောက်လေးဘဲ ခွင့်လွှတ်ပေးပါ ကျွန်တွေနောက်တစ်ခါ ဒီလိုအမှားမျိုး ထပ်မဖြစ်စေရပါဘူး ကတိပေးပါတယ်"
လျှပ်တစ်ပြက်အတွင်း ဆရာထက်က အကိုဇော်၏ ​ခြေရင်းနားတွင် ဒူးထောက်ထိုင်ကာ တောင်းပန်နေလေပြီ။
" တော်ပြီ ဆရာထက် ကျွန်တော်အလုပ်ထုတ်ရတဲ့အထိမလုပ်ချင်ဘူး  ဒီလောက်နဲ့ဘဲကျေနပ်လိုက်တော့  ကျွန်တော်သာ အလုပ်ထုတ်ရင် ဆရာထက် ခများအတွက် နေရာရှားသွားလိမ့်မယ်"
" ဆရာရယ် ဒီတစ်ခါလေးပါဘဲ ဒီတစ်ခါလေးဘဲ ခွင့်လွှတ်ပေးပါနော်"
"  ဆ ရာ ထက်  ကျုပ် အလုပ်ထုတ်တာ မခံချင်ရင်  ကျွန်တော့်မျက်စိရှေ့က ထွက်သွားလိုက်တော့ "
ထိုသို့ ခြိမ်းခြောက်ပြောဆိုလိုက်မှသာ ခြေရင်းနား ဒူးထောက်နေသည့်ဆရာထက်က ဖြေးဖြေးချင်း ထကာ  အကိုဇော့် မျက်နှာအား တစ်ချက်ကြည့်ကာ
"  ကျွန်တော်အသိတရားရပြီထင်တဲ့နေ့ ကန်တော်သာမှာ ကျွန်တော့်ကို နေရာထပ်ပေးနိုင်မလား "
" အဲ့အချိန်ရောက်မှပြောပါ ဆရာထက် ကျွန်တော်က ဆရာဝန်ကောင်းတစ်ယောက်ကို လက်မခံနိုင်စရာအကြောင်းမရှိပါဘူး "
" ကျေးဇူးပါ ဆရာ ဒါဆို ကျွန်တော့်ကိုသွား ခွင့်ပြုပါအုံး"
အကိုဇော် ခေါင်းတစ်ချက်သာညိမ့်ပြလိုက်သောကြောင့်  ဆရာထက်က ရုံးခန်းထဲမှ ထွက်သွားလေပြီ။
"  မနက်ဖြန် နေ့လည် Dutyလွတ်တဲ့ ဆရာတွေ နေ့လည် ၃နာရီ Meeting ထိုင်မယ် ညDutyလွတ်တဲ့ ဆရာတွေက ၉ နာရီ Meetingထိုင်ရမယ်  Meetingမတက်တဲ့သူ လစာဖြတ်မယ် ခနနေ နားနေခန်းမှာ  အသိပေးစာပို့ထားမှာမို့ မသိတဲ့လူရှိမှာမဟုတ်ဘူး အားလုံးအဆင်ပြေမယ်မလား"
" အဆင်ပြေပါတယ်ဆရာ "
"  အားလုံး ကိုယ့်တာဝန်ကို ပြန်ထမ်းဆောင်လို့ရပါပြီ ခနတုန်းက ကိစ္စတွေနဲ့ပက်သက်ပြီး ဘာသံမှမကြားချင်ဘူး ကြားတာနဲ့ ဇစ်မြစ်ကိုရှာပြီး အလုပ်ထုတ်မှာမို့ သတိထားစည်းစောင့်ကြပါ "
" ဟုတ်ကဲ့ပါဆရာ"
"  ဒေါ်ရှင်းမြတ်ကိုတွေ့ရင် ကျွန်တော်ရုံးခန်းကိုလွှတ်ခဲ့ပါအုံး"
" ဟုတ်ကဲ့ပါဆရာ"
မှာကြားစရာရှိတာ မှာကြားပြီးနောက် အခန်းထဲမှ ဆရာဝန်များနှင့်Nurseများလည်း တစ်ရွေ့ရွေ့ထွက်သွားကြလေပြီ။ ကျွန်တော်နှင့် Nikသာဟထောင့်ဆုံးမှာထိုင်သည်ဖြစ်၍ နောက်ကျန်နေခဲ့ခြင်း။
"ရှိုင်းတို့နှစ်ယောက် ခနထိုင်အုံး"
"ဟုတ်ဆရာ"
"ဘာဖြစ်သွားသေးလဲရှိုင်း"
"ဘာမှ မဖြစ်ပါဘူး ဆရာ"
"သေချာရဲ့လား"
" ဟုတ်သေချာပါတယ်ဆရာ  "
"အေးကွာ ဘာဘဲဖြစ်ဖြစ် ငါ့ညီ မင်းလုပ်ရပ်ကြောင့် ကလေးတစ်ယောက် အသက်ကယ်နိုင်လိုက်ပြီဘဲ ဒေါ်ရှင်းမြတ်လုပ်ရပ်အတွက်စိတ်ထဲမထားနဲ့ အကို ဖြေရှင်းပေးမှာမို့"
"ဟုတ် ရပါတယ်ဆရာရဲ့"
"ဟုတ်ပြီဟုတ်ပြီ ဒါဆို ကိုယ့်နေရာကိုယ်သွားကြတော့နော် အကို ဟိုဘက်အဆောင်ဘက် သွားroundရအုံးမှာမို့"
"ဟုတ်ကဲ့ပါဆရာ"
အကိုဇော်၏ ရုံးခန်းထဲမှ ထွက်လာသည်နှင့် ဘယ်အချိန်ကတည်းက သိချင်နေမှန်းမသိ ကျွန်တော့်မျက်နှာကို သူ့ဘက် ဆွဲလှည့်ကာ ပါးပြင်တစ်လျှောက် စေ့စပ်အောင်ကြည့်လိုက်ပြီး တစ်ခုခုကို အလိုမကျဟန် မျက်ခုံးတန်းတို့ကို တွန့်ချိုး၍
"တောက်ခ်   ရောင်လာသလိုဘဲ"
"ရပါတယ်ကွာ ဘာမှမဖြစ်ပါဘူး"
"ဘာကို ဘာမှ မဖြစ်ရမှာလဲ ကျောင်းသားတစ်ယောက်ကို လူကြားထဲ အဲ့လိုလုပ်စရာလိုလို့လား တစ်ကယ်ကို အောက်တန်းကျတဲ့ ဘွားတော်ဘဲ  "
" ငါလည်းမှားသွားတာကိုး  သူလုပ်တာမလွန်ပါဘူး"
" မင်းက ဘာမှားတာလဲ ကလေးကိုဆေးထိုးပေးဖို့လုပ်တာ ဘာအမှားပါလို့လဲ"
" မဟုတ်ဘူး ငါကသူ့ကို ပိုက်ဆံကြောင့်ဒီလို စဉ်းစားဉာဏ်မရှိတဲ့ အလုပ်ကို လုပ်တာလို့ပြောလိုက်တာ"
" မဟုတ်လို့လား  မှန်နေတာဘဲလေ အနာပေါ်တုတ်ကျလို့ နာသွားတာ!  အဲ့ဘွားတော်ကို ဒီထပ်ပိုပြီး ရိုက်ဖြဲခဲ့သင့်တာကွာ တောက်ခ်"
" တော်ပါတော့ကွာ ငါလည်း ဘာမှမဖြစ်ဘူးမို့ "
" ငါဆေးလိမ်းပေးမယ် "
" ၂နာရီ ထိုးတော့မှာ ခနနေ ဆရာထွန်း ခွဲခန်းဝင်တော့မှာ ငါတို့မှာ အချိန် မရှိတော့ဘူး  ပြီးမှဘဲ လူးပေးတော့ "
" ပြီးရော  လာသွားမယ်"
. . . .  .
At 03:00Am
Ring °°°
လကုန်ပိုင်းဖြစ်သည်မို့    သာမန်နေ့များထက်အလုပ်ပိုရှုပ်သောကြောင့်  မနက်၃နာရီအထိ မအိပ်ရသေးပေ။  ဖုန်းScreenပေါ်မှ Contactကိုကြည့်၍   keyboardပေါ်၌ လှုပ်ရှားနေသည့်လက်တို့ကို ဖုန်းScreenပေါ် ဉီးတည်လိုက်သည်။
"  ဒီအချိန်ကြီး ဘာကိစ္စရှိလို့လဲ"
" ဘာကိုဒီအချိန်ကြီးလဲ မင်းဘက်မှာသာ မနက်လေကွာ ငါတို့ဘက်မှာ နေ့လည်ဘဲရှိသေးတယ် "
" အင်းဘာပြောစရာရှိလို့လဲ"
"  ဒီနေ့ ဆေးရုံမှာ ပြဿနာ အကြီးအကျယ်ဖြစ်လို့"
" မင်းဆေးရုံမှာ ဖြစ်တဲ့ပြဿနာလေ အဲ့တာ ငါနဲ့ ဘယ်လိုပက်သက်တာလဲ"
" ရှိုင်းနဲ့ ပက်သက်နေတာဆိုရင်ရော မင်းနဲ့မဆိုင်ဘူးလား"
ဇော်လွင်သန့်၏ စကားကြောင့် ဟိန်းစက္ကတစ်ယောက် မျက်ခုံးပင့်သွား၏။ သူ့လိုလူက ဆေးရုံလိုနေရာမှာ ပြဿနာဖြစ်သည်တဲ့လား။စဉ်းစားစရာပင်။
ချက်ချင်းဆိုသလို  ဟန်ဆောင်မူယာတို့နှင့်ပြည့်နေသည့် အသံက တစ်ပြိုင်နက်တည်း
"ဟမ် ဘယ်လို ဖြစ်ရတာလဲ  ရှိုင်း ရှိုင်းရော ဘာဖြစ်သွားသေးလဲ"
တစ်ဖက်က လေသံအနေအထားကြောင့် ဇော်လွင်သန့်အနည်းငယ် တွေဝေသွားမိ၏။
" ဆရာဝန်မ တစ်ယောက်က ရှိုင်းကို ပါးရိုက်လိုက်တယ် ဒါပေမယ့် ဘာမှတော့မဖြစ်ပါဘူး"
" တောက်ခ် ဘယ်ကောင်မလဲပြော  မင်းအလုပ်ထုတ်လိုက်အဲ့ကောင်မကို  "
"  ​ငါ့စကားမဆုံးသေးဘူး နားထောင်အုံး"
" ပြောစမ်းပါအုံး"
" အဲ့ဆရာဝန်မကို Nikက ပါးပြန်ရိုက်လိုက်လို့ သူ့ဘက်က တရားပြန်စွဲမယ် ဆိုပြီးပြောသွားတာဘဲ"
"ပိုက်ဆံသုံးပြီးဖြေရှင်းလိုက် လိုသလောက် ငါလွှဲလိုက်မယ်"
" ရှိုင်းထိခိုက်မှာ အဲ့လောက်တောင်ကြောက်သလား"
" ဒါပေါ့ ငါ့ညီဘဲ ငါကဖြေရှင်းပေးရမှာပေါ့"
" စိတ်ရင်းနဲ့ပြောတာဖြစ်ပါစေလို့ဘဲဆုတောင်းမိပါတယ်"
" ယုံတာမယုံတာမင်းသဘော "
ပြန်​ပြောမလာဘဲ ဖုန်းချသွားသွားလေပြီ။
ဟိန်းစက္ကတစ်ယောက် သက်ပြင်းဖွဖွချမိ၏။
တစ်လောကလုံးကိုသာ လိမ်လို့ရမယ် သူ့သူငယ်ချင်းဇော်လွင်သန့်ဆိုတဲ့ ကောင်ကိုတော့ လိမ်လို့မရ။
. . . . . .
"  အရမ်းနာသွားလား "
"မနာပါဘူးဆိုကွာ ငါက ယောင်္ကျားလေးပါကွ ဒီလောက်ကတော့ အပျော့ဘဲ"
"မနာလည်း ဆေးတော့လိမ်းလိုက်အုံး  မနက်ဖြန်လက်ဝါးရာကြီးပေါ်လာအုံးမယ်"
" ဟား..ဟျောင့်Nik တစ်နေ့လည်လုံးတောင် အရာမထင်တာ မနက်ဖြန်ကျမှ ဘာလို့ လက်ရာပေါ်လာရမှာလဲ"
" တိတ်စမ်းပါကွာ ဟိုဘက်လှည့်"
စကားတောင်မဆုံးလိုက် ကျွန်တော့်မျက်နှာက သူညွန်ပြရာအရပ်သို့ ဆွဲလှည့်ခြင်းခံထားရပြီးသား။
အေးမြမြရှိသော အရာက ဆေးလိမ်းပေးနေခြင်းဖြစ်လိမ့်မည်။ မည်မျှပင် နာမှာစိုးရိမ်သည့်အလား အားလျှော့ထားလွန်း၍ မနာသည့်အပြင် ယားပါယားလာ၏။
" ဟာ ဟျောင့်မင်းဆေးလိမ်းနေတာက အရမ်းယားတယ်ကွ "
"အင်း နာမှာစိုးလို့လေ"
ပါးပြင်ပေါ်သို့ဖြန့်ကျက်သွားသည့် လေအေးအေးကြောင့် ကြက်သီးအနည်းငယ်ထသွားမိ၏။
' ဘာလဲ သူဆေးလိမ်းထားတဲ့နေရာကို မှုတ်ပေးနေတာလား"
ဒီတခါတော့ မရယ်ဘဲမနေနိုင်တော့ပေ။ သွေးထွက်သံယို အနာတရမဟုတ်သည့်အပြင်ကြီးကြီးမားမားထိခိုက်ခြင်းမရှိပါဘဲ ဒီလောက်ဂရုစိုက်နေပုံက တစ်ကယ်အံ့သြစရာ။
' သြော် သူငယ်ချင်းကောင်းလေးကို ပိုင်ဆိုင်ထားတာပါလား'
" ဟား...မင်းကလည်းကွာ အဲ့လောက်ထိမလိုပါဘူး'
" အချစ်ရဲ့ပါးပြင်နုနုလေးကို  အထိခိုက်မခံနိုင်လွန်းလို့ပါဗျာ"
ပြန်ပြောနေလည်း အမောသာရှိသည်မို့ ပြုံးရုံသာတတ်နိုင်တော့သည်။
" အချစ်က အဲ့လိုလေးပြုံးရင် သိပ်လှတာ"
" ဒါပေါ့ ငါကိုယ်ငါသိပါတယ်"
ကိုယ့်ကိုယ်ကို ဝင့်ကြွားဟန်ပြောပြနေသူက ချစ်စရာအတိ တစ်ကယ့် ကလေးဆန်ဆန်ပင်။
ဟုတ်ပါ၏။
ဒီလိုအပြုံးတွေလေ ကျွန်တော့်ရင်ကို မြှားတစ်စင်းလို တစ်ချောင်းပြီးတစ်ချောင်းလာစိုက်နေတာ။အဲ့ဒီအပြုံးလေးကိုမြင်ရလို့  ဖြစ်လာတဲ့ Candyလေးလို ချိုမြိန်ကြည်နူးဖို့ကောင်းတဲ့ အချစ်၊ အဲ့အပြုံးလေးကို မပိုင်ဆိုင်ရမှန်းသိလို့ မြှားတစ်စင်းလို ဒဏ်ရာတွေ လာပေးနေတဲ့ အသိစိတ်၊  တစ်ကယ်ပါ ကိုယ်က ချိုချဉ်စားပြီး နှလုံးတည့်တည့်ထိုးစိုက်လာတဲ့ မြှားတွေကို မဆွဲထုတ်ရက်ဘဲ ငေးကြည့်နေဆဲပါ။
" Nik "
" ပြောအချစ်"
" မင်းအချစ်ကို ဘယ်လိုယုံကြည်ထားလဲ"
" ဟာ Blindကြီး ဘာလို့လာမေးနေတာအချစ်ရဲ့ "
" ပြန်မမေးနဲ့ မေးတာသာ ဖြေစမ်းပါကွာ"
" အချစ်ကို ဘယ်လိုယုံကြည်ထားလဲဆိုတော့.....
အချစ်ကို ဆရာဝန်ဖြစ်လာမယ့် ဒီကကောင်လေးလို့ယုံကြည်ထားတယ်"
" Nik မင်းကို အကောင်းမေးနေတာ "
" ​​စတာပါ အချစ်ရဲ့ ဒီတစ်ခါ ကောင်းကောင်းဖြေပါ့မယ် ...အချစ်ဆိုတာ ပိုင်ဆိုင်ရသည်ဖြစ်စေ မပိုင်ဆိုင်ရသည်ဖြစ်စေ ဒီအတိုင်းလေးကြိတ်ချစ်နေရလည်း  ဆက်လက်ဖြစ်တည်နေနိုင်တဲ့ ခံစားချက်လေးလို့ထင်တယ်"
" မင်းရော အဲ့လိုခံစားဖူးလား"
" ဒါပေါ့ ခံစားဖူးတာမဟုတ်ဘူး ခံစားနေရတာ"
" ငါလည်း ခံစားဖူးပြီထင်တယ်ကွ"
ကြားလိုက်ရတဲ့ စကားလေးက မည်သူမည်ဝါမထည့်ပြောပေမယ့် သိနှင့်ပြီးသားမို့ ရင်ထဲတော့ နာကျင်ရ၏။
ကိုယ်ချစ်ရတဲ့သူက တစ်ခြားသူတစ်ယောက်ကို မည်သို့မည်မျှချစ်မိနေကြောင်းပြောတာကို နားထောင်နေရတာကလည်း   ငရဲထက်ဆိုးတဲ့ ဝဋ်ကြွေးတစ်မျိုး  ။
" အင်း  မင်းရဲ့ အချစ်က ဘယ်သူပါလိမ့်"
မည်သူ့ကို ရည်ညွန်းနေတာမှန်း မသိထားခဲ့ရင်လည်း မေးမိမှာမဟုတ်ပါ။နှုတ်က ကျူးသည့်စကားကတော့ နှလုံးထဲကစကားနှင့်ဆန့်ကျင်ဘက်။
" နောက်မှ ငါပြောပြမယ် အဲ့တာSuprise"
supriseက ကိုယ်ရပြီးသွားပြီ အချစ်ရဲ့ ။နောက်တစ်ခါများ အဲ့ဒီစကားထပ်ကြားရရင် ကိုယ်တော့သေရချေရဲ့။
"  အချစ်ဉီးကို အခုမှတွေ့တာပေါ့"
" နည်းနည်းတော့ကြာပြီ   ငါ့ကိုငါလည်း မဝံ့မရဲဖြစ်နေတာကြောင့် ဖွင့်ပြောဖို့တောင် မနည်းအားယူလိုက်ရတယ်"
" အော် ဖွင့်တောင်ဖွင့်ပြောပြီးပြီပေါ့"
" အင်း  သိပ်မကြာသေးဘူး"
ရင်ထဲမှာ ကမ္ဘာပျက်နေသော်လည်း နှုတ်ခမ်းပါးကတော့ ဟန်ဆောင်နိုင်ပါဘိ။ခပ်ရေးရေးလေးပြုံးမိ၏။
" မင်းလည်း အချစ်ဉီးကြီးတွေ့ထားပြီဆိုတော့ ဘယ်သူများလဲ"
" အချစ်ဉီးဆိုလည်းဟုတ်တယ် အချစ်ဆုံးဆိုလည်းဟုတ်တယ်  ဒါပေမယ့် ငါကတော့မင်းကို တစ်သက်လုံးမပြောပြဘူး"
"  မပြောချင်နေပေါ့ ငါလည်းမပြောပြနိုင်ဘူး"
မပြောလည်းကိုယ်သိထားပြီမို့ သိပ်ရင်မခုန်တော့ပါဘူး။
" သဘောဘဲ"
" မင်းရဲ့ အချစ်ဉီးနဲ့အချစ်ဆုံးဆိုတဲ့ ခေါင်းစဉ်အောက်မှာရှိတဲ့ လူကတော့ တော်တော်ကံကောင်းတာဘဲ မင်းရဲ့ဂရုစိုက်မှုတွေအပြည့်ခံရမှာ"
အင်းပေါ့။ရှိုင်းက အရမ်းကံကောင်းတဲ့သူလေ။
"  ဒါပေါ့ကွငါကသူ့ကို အသေးအဖွဲလေးကအစ ဂရုစိုက်တယ် "
" ဟုတ်ပါပြီကွာ မင်းဒီလောက်ထိသည်းသည်းလှုပ်ချစ်နေရတဲ့သူက ဘယ်သူလဲဆိုတာ ငါတစ်ကယ်သိချင်လာပြီ"
" မပြောပြဘူး  "
" မပြောချင်နေပေါ့ ငါဘာသာငါ စုံစမ်းမှာပေါ့"
သူရဲ့စကားကို တုံ့ပြန်မှုကတော့ ခပ်ဖြေးဖြေးသာ ခေါင်းရမ်းမိခြင်း။
ဒီဘ၀တော့ရှိပါစေတော့
ပိုင်ဆိုင်ခွင့်ရဖို့ ကိုယ်မတွေးတော့ဘူး
ဝဋ်ကြွေးလေးဆက်ရင်း  မင်းပျော်နေတာလေး ငေးရင်းပေါ့။
(Lorazepam Anticonvulsanဆိုတာက ၀က်ရူးပြန်ရောဂါအတွက်သုံးတဲ့ဆေးပါ။ တက်  တဲ့လူနာတွေအတွက်လည်း ချိန်ဆပြီးသုံးနိုင်ပါတယ်။Lorazepam Anticonvulsanအမျိုးမျိုးရှိသောကြောင့် အပြည့်အစုံတော့ ထည့်မရေးပေးတော့ပါဘူး။)
မနေ့ကတည်းက Upပေးမလို့ပါဘဲ။
EPCက ကျွန်တော့်ဘက်မှာရှိမနေခဲ့ဘူး><
#4957_words
#Thway_Myat_Nwae
#16.10.2023(Mon)
#At10:11Am
Continuă lectura
O să-ți placă și
2.1K 58 1
49.1K 2.1K 19
တစ်ချို့ကတော့ မောင့်ကိုချစ်ဖို့ ..။ မွေးဖွားလာပါတယ်တဲ့။ တစ်ချို့ကတော့ ကိုယ့်ကိုချစ်ဖို့ မွေးဖွားလာပါတယ်ဆိုပြန်ကော။ တစ်ချို့ကတော့ ကိုကို့ကိုချစ်ဖို့ ေ...
5.9K 207 20
School Bus Graveyard Tyler Hernandez x reader Being forced to join a random group of kids for school project you now have to find your way out of a...
512 131 17
Own Creation 1 "အစ်ကို ကျွန်တော့ကိုရှိမှန်းတောင်မသိတဲ့အချိန်တည်းက ကျွန်တော်က အစ်ကို့ကိုကြိုက်ခဲ့တာ" Start_8, April, 2024 End_