ပြန်လာပေးပါ တောင်းတသော်ငြား မျှော်လင့်ထားလို မှတ်ပါ့မလား မမသွယ်စီ ပြန်လာခဲ့ပါ မောင်မောင်ရယ် မောင်မောင်လက်ကိုရဲရဲတွဲပါ့မယ် ဒီသတ္တိကြောင်ခဲ့တဲ့အတွေးတွေကြောင့် မောင်မောင်နဲ့မဝေးချင်ဘူး မောင်မောင်ရယ် ပြန်လာခဲ့ပေးပါ။
ဦးလွန်းမောင်တစ်ယောက် အရေးပေါ်အခန်းရှေ့တွင် ပြာယာနေကြသည် မောင်မောင်အရေးပေါ်အခန်းထဲ၀င်သွားတာ ၂နာရီကြာသော်ညား အသိထိ ထွက်လာသေးပေး။
"လူနာရှင်လား မသိဘူးရှင့်"
"ဟုတ်ပါ့တယ် ခဗျ မောင်မောင်အခြေနေလည်း ဘယ်လိုနေပါသလဲဆရာမ"
"လူနာက ဓားနဲ့ပဲ အထိုးခံရတာဆိုပေမဲ့ ဒဏ်ရာက နည်းနည်းနက်သွားတာကလွဲရင် စိုးရိမ်စရာမရှိတော့ပါဘူး"
"ရှင် ဒါဆို အခြေနေကောင်းတယ်ပေါ့နော်"
"ကောင်းပါတယ် လူနာကို သိပ်ပြီး လုပ်လုပ်ရှားရှားမလုပ်ခိုင်းပါနဲ့ မနက်ဖြန်ဆင်းလို့ရပါတယ် လူနာကို အနားယူခိုင်းပါ"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဆရာမလေး"
ဆရာမလေးသည် ပါးမို့မို့လေးနှစ်ဖက်ရေးနေအောင်ပြုံးပြပြီးထွက်သည် အခုချိန်မှ နှောင်းတို့လည်း သက်ပြင်းကို ပြင်းပြင်းချရဲတော့သည်။
"ပြန်လာပေးလို့ ကျေးဇူးတင်ပါတယ် ဖေဖေ့ကလေးလေးရယ်"
ဦးလွန်းမောင် မောင်မောင်နှဖူးလေးကိုင်ကာ သူ့ကလေးလေးအား တစ်စိမ့်စိမ့်ကြည့်နေလေသည် အတော့်ကို မျက်နှာလေးချောင်ကျသွားလိုက်လေခြင်း။
_______
"ဒီက မောင်မောင်ဆေးရုံက ဆင်းရမဲ့ရက် အကြာကြည်သာ သွားမလို့ နွယ့် လိုက်အုံးမာလားဟင်"
"ဟန်"
"ဟန်ရှိတယ် နွယ်"
"အစောပြောခဲ့တာတွေ တကယ်ပဲလား"
"ဘာကိုလဲနွယ် ဟန်နားမလည်ဘူး"
"မောင်မောင် မမသွယ်ပေါ်မာမေတ္တာရှိနေတာတဲ့ ပြီးတော့ ဟန်ကရော နွယ့်အပေါ်မာ..."
ကြည်သာဟန် မျက်နှာပျက်သွားသည် နွယ်ကို မသိစေချင်တဲ့ ကိစ္စမာ ဘယ်လိုဖြစ်လို့သိသွားရတာပါလဲ။
"ဟန်ထိန်းခဲ့ပါသေးတယ် နွယ်"
"မဖြစ်သင့်ဘူး ဟန် တို့နှစ်ယောက်စလုံး မိန်းမသားတွေ"
လာပြန်ပြီ ဒုတိယ သွယ်သာဟန် ဟုဟန်စိတ်ထဲတွေးလိုက်မိသည်။
"အချစ်မှာ ခွဲခြားနေစရာမလိုပါဘူး နွယ်ရာ"
"ပတ်၀န်းကျင်ဆိုတာရှိသေးတယ် ဟန်"
"ပတ်၀န်းကျင့်က ဟန်တို့ကို ထမင်းကျွေးထားတာမှ မဟုတ်တာ"
"တော်တော့ဟန် ဆက်ပြောနေရင် နွယ့် ဟန်ကိုရှောင်ရလိမ့်မယိ"
"နွယ့်"
"နွယ့်ကို မအော်နဲ့ဟန် နွယ်မကြိုက်ဘူး"
"ဒါလေးနဲ့ ဟန်ကိုရှောင်စရာလိုလို့လားနွယ်"
"တော်ပြီဟန် နွယ်ဆက်မပြောချင်တော့ဘူး"
နွယ်ထွက်သွားသည်နှင့် ဟန်ရုပ်ကြိုးပြတ်လဲကျသွားခဲ့သည် မောင်မောင်တို့တောင် သွားမကြိုဖြစ်တော့ချေ။
_
ဒီနေ့ဆိုလျှင် မောင်မောင်ရွာကို ပြန်ရောက်တာ ၂ရက်ရှိချေပြီ ဖေဖေရော မေမေရော တစ်ရွာလုံးကပါ ဂရုစိုက်သည့်အပြင် မမသွယ်ကပါ မောင်မောင်အား သဲသဲလှုပ်လာသည်။
"မောင် ဘာဖြစ်လို့လဲဟင် နာနေသေးလို့လား ဖြည်းဖြည်းထ မမသွယ်ကို ကိုင်ထား"
"မမသွယ်"
"ရှင်"
"မောင်မောင် နားကြားမှားသွားလေသလား"
"ဟင့်အင်း မမသွယ်ကိုယ်တိုင် လိုလိုလားလားခေါ်တာပါရှင်"
"မဖြစ်သင့်ဘူးဆို"
"အိုမသိချင်ဖူးမောင်ရယ် မမသွယ်ဂရုမစိုက်တော့ဘူး မမသွယ်သိတာတော့ ဟောဒီက ရှင်လေးကို မေတ္တာပိုမိနေပြီဆိုတာပဲ"
"မမသွယ်"
"ရှင်"
"သိပ်ကို ချစ်ချင်စရာကြီး မမသွယ်ရယ် မောင်ရူးတော့မာပဲ"
"မောင် သွယ်က လူကောင်းလေးပဲ အိမ်ထောင်ဦးစီးတော်နိုင်မာနော်"
"လူ့ကိုသာ တက်နင်းသွားလိုက်ပါတော့လားဗျာ"
ထိုစကားကြောင့် မောင်မောင်နဲ့သွယ်က အသံထွက်လာအောင်ပင် ရယ်မိသည် အခန်းအပြင်ဘက်က ချောင်းနားထောင်နေတဲ့ သူကြီးဦးလွန်းမောင်တစ်ယောက်ကတော့ တပြုံးပြုံးနဲ့ပင် သွားကိုနားရွက်တက်ချိတ်တော့မည့်အတိုင်း။
"မောင် ပြုံးလှချည်လား အခန်း၀ကြီးမာ ဘာရပ်လုပ်နေတာလဲ"
"မ မောင်တို့ချွေးမရပြီဗျ"
"မောင် ဘာတွေပြောနေတာလဲ"
"သွယ်နဲ့ မောင်မောင် မေတ္တာမျှနေကြတယ်"
"အို ဘယ် ဘယ်လိုတွေဖြစ်ကုန်တာလဲ မောင်ရယ်"
"သွယ်နဲ့ဆို မောင်စိတ်ချတယ် မရယ် မောင့်သမီးကို ယောကျ်ားတစ်ယောက်လက်ထဲကိုမထည့်ချင်ဘူး ယောကျ်ားမပီသတဲ့သူကိုမောင်ပဲ ရင်ကျိုးရမာ"
"မလည်း သွယ်နဲ့ဆို စိတ်ချပါပြီ အဓိက ကမောင်မောင်စိတ်ချမ်းသာနေရင် ရပြီလေ"
"မ သိလား မောင်မောင်က အပေါ်က "
"ဘာကိုလဲမောင် ဘာကိုအပေါ်ကလည်း"
"မကလည်းဗျာ မောင်မောင်က အပေါ်က သွယ်ကအောက်က မျက်နှာကျက်ကိုကြည့်ပြီး အော်ရမာ မောင်တို့သမီးလေးက လျှင်ချက် အထက်က ဟိဟိ"
"မောင့်! မကြီးမငယ်ရှင် ဘာတွေပြောနေတာလဲ"
ဦးလွန်းမောင် ပြောချလိုက်တဲ့စကားကြောင့် နှောင်းလဲ့နွေး တစ်ယောက် ရှက်၍ပင် ပူထူသွားလေသည် ဒီလူကြီး လူ့ကြည့်တော့ ရိပ်သာနားနီးတော့မည် ပြောရဲဆိုရဲပင်။
___
"မောင်မောင်"
"ဟာ ချောငယ် ဘာလို့အခုမှ လာရတာလဲ"
"ငါ မအားလို့ပါ ဒါထက် သက်သာနေပြီမလား"
"သရေကွင်းပစ်မယ်ဆိုရင်တောင် ဆော့နိုင်နေပြီနော်"
"မောင်မောင်ရာ နင်ကလေ ကလေးစိတ်ကို မပျောက်သေးဘူး"
နွယ်ပြောချလိုက်တော့ မောင်မောင်မျက်နှာကြီး မဲတက်သွားသည် နှတ်ခမ်းဆို ထော်နေတာ ရှေ့မာပင်တက်ထိုင်လို့ရလောက်မည်။
"ကလေးစိတ်မပေါက်သေးလည်း ငါလည်းမခေပါဘူး ချောငယ် ငါရည်းစားရနေပီ"
"ဘာသူ့ကိုပတ်မွှေပြန်ပီလဲ"
"ချောငယ်မနောက်စမ်းနဲ့ ငါနဲ့မမသွယ်က ချစ်သူတွေ"
"ဘာ"
"ဟာ လန့်တာ"
မောင်မောင်ပြောချလိုက်တဲ့စကားကြောင့် ချောငယ်အတော်လန့်သွားသည် ထို့ပြင် စိတ်ထဲ ဟန်ကိုပင်သွားသတိရသွားသည်။
"အလိုရလို့လား မောင်မောင်ရယ်ပတ်၀န်ကျင်နဲ့အဆင်ပြေမာမဟုတ်ဘူးနော်"
"လူ့ဘ၀ဆိုတာရခဲပေတယ် ချောငယ် ရခဲလှတဲ့လူ့ဘ၀ကို ငြိတွယ်ခဲ့တဲ့သံယောဇဥ်ကို အဖြတ်မခံနဲ့ ရဲရဲတင်းတင်းသာ ချစ်လိုက်စမ်းပါဟာ"
ရဲရဲတင်းတင်းသာချစ်လိုက်စမ်းပါ။ရဲရဲတင်းတင်းသာချစ်လိုက်စမ်းပါ။မောင်မောင်၏စကားကြောင့် နွယ်အတော်ပင် စဥ်းစားယူသွားရသည် ထို့ကြောင့် သေချာအောင်ဆုံးဖြတ်ဖို့ကြံစဥ် သွယ်နဲ့အပြန်လမ်းမာတွေ့ခဲ့သည်။
"မမသွယ်"
"ဟယ် နွယ်လေး ဘယ်ကပြန်လာတာလဲ"
"မောင်မောင်စီက မမသွယ် မမသွယ်ကရော ဘယ်ကပြန်လာတာလဲဟင်"
"ကြည်သာကို ကားဂိတ်လိုက်ပို့ပြီးပြန်လာတာ နွယ်"
"ရှင် ဟန် ဟန်ကားဂိတ်ကို ဘာသွားလုပ်တာလဲဟင် နွယ့်ကို နွယ့်ကိုပြောပါအုံး မမသွယ်"
"ကြည်သာပြန်မဲ့အကြောင်း နွယ့်ကို မပြောပြဘူးလား"
"ရှင် ပြန်သွားပြီတဲ့လား"
"ဟုတ်တယ်နွယ် ဒါဆိုမမသွယ်သွားတော့မယ်နော်"
"ဟုတ်ကဲ့မမသွယ် မမသွယ်ဟာလေးစောင့်နေတယ်"
"အို နွယ်ကလည်း"
သွယ်ရှက်ရမ်းရမ်းကာ အိမ်သို့အပြေးပြန်လာခဲ့သည် ကြောက်ပါသော်ငြား စိတ်ထဲကြည်နူးရသည်ဆို အမှန်ပေ သို့ပေမဲ့ ကလေးစိတ်ဒေါသစိတ်လေးကို ထိန်းရမည့်အရေးတွေးကာ သွယ်ကြာလျှင် အသက်တိုပေမည်။