ယုန်လေး က သားပေါက်လေးကို ပျို...

Kyiphyuswe tarafından

31.6K 4.1K 61

ယုန်လေး က သားပေါက် လေးကို ပျိုးထောင်ဖို့ မတက်နိုင်ဘူး! (BL translation) Little rabbit, he can't afford to ra... Daha Fazla

မိတ်ဆက်
အပိုင်း (1.1)
အပိုင်း (1.2)
အပိုင်း (2.1)
အပိုင်း (2.2)
အပိုင်း (2.3)
အပိုင်း (3.1)
အပိုင်း (3.2)
အပိုင်း (3.3)
အပိုင်း (4.1)
အပိုင်း (4.2)
အပိုင်း (4.3)
အပိုင်း (5.1)
အပိုင်း (5.2)
အပိုင်း (5.3)
အပိုင်း (6.1)
အပိုင်း (6.2)
အပိုင်း (6.3)
အပိုင်း (7.1)
အပိုင်း (7.2)
အပိုင်း (7.3)
အပိုင်း (8.1)
အပိုင်း (8.2)
အပိုင်း (8.3)
အပိုင်း (9.1)
အပိုင်း (9.2)
အပိုင်း (10.1)
အပိုင်း (11.1)
အပိုင်း (11.2)
အပိုင်း (12.1)
အပိုင်း (12.2)
အပိုင်း (13.1)
အပိုင်း (13.2)
အပိုင်း (14.1)
အပိုင်း (14. 2)
အပိုင်း (15.1)
အပိုင်း (15.2)
အပိုင်း (16.1)
အပိုင်း (16. 2)

အပိုင်း ( 10.2)

352 58 0
Kyiphyuswe tarafından

(10. 2)

''မင်းရဲ့ ပါးစပ်ကို ပိတ်ထား စမ်း ၊ အဲ့တာ က နံတယ် ''

ဟော်လင်း က မြေပြင်ပေါ်မှာ ပျော့ခွေ နေတဲ့ လူကို ကြည့်လိုက် ပြီးတော့ အထင်သေးစွာနဲ့ ပြောလိုက် လေတယ်။

''မင်းကများ ငါ့ကို ထိရဲတယ် ပေါ့လေ။ မင်း က ဘယ်အသီး က စားမရ မှန်း တကယ်ကို မသိဘူးပဲ ''

''အိုး!တကယ်ကြီးလား? ''

ဟော်လင်း ကို ရန်စ ရဲတဲ့ လူဆိုတာ က အတော် လေးကို ရှားပါး ပါတယ်။ ဒါကြောင့် သူ့ရဲ့ မက်မွန်ပွင့်ပုံ မျက်ဝန်း လှလှလေး တွေက ဒေါသ မီးတွေ တောက်လောင် သွားတော့ လေတယ်။

''နှစ်ထောင်ပေါင်း များစွာ တောင် ရှိသွားပြီပဲ။ ငါ့ကို အခုလို လေသံနဲ့ ပြောရဲတဲ့ လူ မျိုး ငါ တစ်ခါ မှတောင် မမြင်ခဲ့ ဘူး ဘူးကွ ''

''မျိုးမစစ် ကောင် မင်းက မင်းဘာသာ မင်း ကြီးမြတ် လှ ပြီလို့ ထင်နေတာ လားကွ? ''

ဟော်လင်း ရဲ့ မျက်ဝန်း တွေက ကျဥ်းမြောင်း သွားပြီးတော့ တုံ့ဆိုင်းမှု အလျင်းမရှိတော့ ပဲနဲ့ သူ့ရဲ့ အရှိန်အဝါ တွေကို တိုက်ရိုက်ပဲ ထုတ်လိုက် တော့လေတယ်။

အခုလေးတင် မတူ ညီစွာ ထွက်ပေါ် လာတဲ့ အရှိန်အဝါ တစ်ခု က သူ့ရဲ့ စိတ်ဝိဉာဥ် ကို တုန်ရီ သွားစေ ပြန်တယ်လေ။ ဒီအခါ မှ ဟော်လင်း ရဲ့ အစစ်အမှန် က ဘာလဲ ဆိုတာ ကို သိသွားတော့ လေတယ်။

'' ဝေးကွာလွန်းလှတဲ့ ရှေးခေတ်ဦး  သားရဲ ''

ယန်ဖန် က မယုံကြည်နိုင်မှု တွေ နဲ့ အတူ အလွန်အမင်း တုန်လှုပ် နေခဲ့ လေတယ်။ ပြီးတော့ သူ့ရဲ့ မှတ်ဉာဏ်တွေ ထဲမှာ အိပ်ပျော်နေတဲ့ မှတ်ဉာဏ် အဟောင်း တစ်ခု က နိုးကြွ လာပြီးတော့ ထုတ်ပြော မိသွားလေတယ်။

' ဖြန်း ' ဆိုတဲ့ အသံ တစ်ချက်နဲ့ အတူ လေအလွင့်မှာ ယန်ဖန် ရဲ့ ပါးပြင်ပေါ် နီရဲ တဲ့ လက်ဖဝါးရာ ကြီး က လေထဲ ကနေ ပေါ်လာခဲ့လေတယ်။

'' နှိမ့်ကျ လိုက်တဲ့ နှင်နယ်ခံ မျိုး က ငါ့ရဲ့ ကိုယ်ပိုင် အစစ် အမှန် ကို အမည်နာမ တပ်ပြီးတော့ ခေါ်ရဲ သေးတာ လား ''

ယန်ဖန် က နန်ဟွေး ကို ပြောခဲ့ သလို မျိုးပဲ ဟော်လင်း က ယန်ဖန် ကို တစ်ထပ်ထည်း တူတဲ့ နည်းလမ်း အတိုင်း ပြန်လုပ် ခဲ့တာ ပဲ ဖြစ်လေတယ်။

ယန်ဖန် က သူ့နှုတ်ခမ်း တွေကို တင်းတင်း ကိုက်ထားရင်း သွေးတွေ တောင် ထွက်လာ တော့ မတက် ဖြစ်နေ ခဲ့လေတယ်။

ဟော်လင်း က ထိုလူကို သတိလစ် သွားအောင် တိုက်ရိုက် ရိုက်ချ လိုက် ပြီးတော့ ဘေးဘတ် က်ု ပစ်ထုတ် လိုက်လေတယ်။

သန့်စင်ခန်း တံခါး က အစောလေး တင်ကမှ ကြီးမားတဲ့ အား နဲ့ ရိုက်ခတ် ခြင်း ကို ခံထား ရတာ ဖြစ်တဲ့ အတွက်ကြောင့် တံခါး လော့ခ် ကလည်း ပျက်စီး နေပြီးသား ဖြစ်လေတယ်။

ဝမ်ဟန် လည်း မြန်မြန် လေး ပြေးလာတဲ့ အခါ မှာ သူက အထဲကို တိုက်ရိုက် ဝင်လာ လို့  ရလုနီးပါး ဖြစ် သွားတာ ပဲ ဖြစ်လေတယ်။

အကြည့် တစ်ချက် နဲ့တင် နန်ဟွေး က မျက်လုံးတွေ ကို ပိတ်ကာ လဲကျ ​နေတာကို ဝမ်ဟန် မြင်တွေ့ လိုက်ရ လေတယ်။

''အားဟွေး! ''

ဝမ်ဟန် က အော်ကာ အထဲကို လျောက်ဝင် သွားဖို့ လုပ်လိုက် ပေမယ့် ဟော်လင်း ဦးဆောင်ပြီး ခေါ်လာတဲ့ သက်တော်စောင့်တွေ စီ ကနေ ပြီးတော့ အတားခံ လိုက်ရ လေတယ်။

ဒီနေရာ မှာ အရမ်းကို လှုပ်ရှားမှုတွေ က များသွားတာ ကြောင့် ဟောခန်း ထဲက လူတွေတောင် ဒါကို သတိပြု မိသွားကြ လေတယ်။ လုံခြုံရေး အတွက် ရည်ရွယ်ပြီး တော့ ဟော်လင်း က သူ့ရဲ့ ကိုယ်ပိုင် လူတွေနဲ့ ဒီနေရာကို ယာယီ အားဖြင့်  ဝိုင်းရံ ခိုင်းထားတာ ပဲ ဖြစ်လေတယ်။

'' သူ့ကို အထဲ ဝင်လာ ခိုင်းလိုက်! ''

ဟော်လင်း က တစ်ချက် ကြည့် ပြီးတာ နဲ့ ဝမ်ဟန် ကို ဝင်ခွင့် ပေးလိုက် လေတယ်။

ဝမ်ဟန် က အမြန်ပဲ လဲကျ နေတဲ့ နန်ဟွေး ရဲ့ အ​ခြေအနေ ကို စစ်ဆေး လိုက် ပြီးတော့ နန်ဟွေး တစ်ယောက် အသက်ရှု နေဆဲ ဖြစ်ကြောင်း အတည်ပြု ပြီးတော့ မှပဲ စိတ်သက်သာ ရာ ရစွာနဲ့ သက်ပြင်းချ လိုက် မိတော့ လေတယ်။

ဘယ်လို ပဲ ဖြစ်ပါစေ နန်ဟွေး ရဲ့ အခြေအနေ က အကောင်း ဘက်မှာ ရှိမနေ ပါပေ။ သူ့ရဲ့ လည်ပင်း နား တစ်ဝိုက်မှာ ထိတ်လန့် စရာ ကောင်းလောက် တဲ့ လက်ရာ အနီ မှတ်ကြီး ကို တွေ့ရ ပြီးတော့ သူ့အသက်ရှု နှုန်း တွေကလည်း တုန်ရီ နေခဲ့ လေတယ်။

ပြီးတော့ သူ့ရဲ့ ဘယ်လက်ကလည်း ​စုတ်ပြဲ နေကာ သွေးတွေ က ထိုနေရာ ကနေ ပြီးတော့ တစိမ့်စိမ့် ထွက်ကျ နေဆဲ ဖြစ်လေတယ်။

'' ငါ့ရဲ့ ကိုယ်ရံတော် တွေကို မင်းတို့ သွားမယ့် နေရာဆီ လိုက် ပို့ပေး လိမ့်မယ် ''

ဝမ်ဟန် က နန်ဟွေး ကို သူ့နောက်ကျောမှာ ပိုးနေတာ ကို ကြည့်ရင်း နဲ့ ဟော်လင်း က ပြောလိုက် လေတယ်။

ဝမ်ဟန် က အနောက်ကို ခြေတစ်လှမ်း ဆုတ်လိုက် လေတယ်။

သူက ဟော်လင်း ကို မှတ်မိ လေတယ်။

အဲ့နေ့တုံး က ကျင်းထန် ရဲ့ အနောက်ကနေ လိုက်ပြီးတော့ ဟော်တည်ခန်း ထဲကို လိုက်ပါ ဝင်ရောက် လာတဲ့ သူက ထိုလူ ပဲ ဖြစ်တယ်လေ။

ဟော်လင်း တစ်ယောက် နောက်ဆုံး ပြောမယ့် စကားကို တိုက်ရိုက်ပဲ  ရပ်တန့် လိုက်ကတည်း က ဝမ်ဟန် ရဲ့ သံသယ တွေကို ချက်ချင်း နိုးဆွ သွားနိုင် ခဲ့တာ ပဲ ဖြစ်တယ်လေ။ ဝမ်ဟန် ကတော့ ကျင်းထန် တစ်ယောက် နန်ဟွေး နောက်ကို ခြေရာခံ နေပြီလို့ ကို သံသယ ရှိနေ ပြီပဲ ဖြစ်လေတယ်။

သူက ဒီလူ ကို ယုံကြည် လို့ မရ ပါပေ။

အစောက သန့်စင်ခန်း ထဲမှာ ဘာတွေ ဘယ်လို ဖြစ်သွား သလဲ ဆိုတာကို သူမသိပေ မယ့်လည်း အခုလောလော ဆယ်တော့ နန်ဟွေးကို အရင်ဆုံး ဒီနေရာကနေ ခေါ်ထွက် သွားရ မှာပဲ ဖြစ်လေတယ်။

'' ကောင်းပြီ ''

ဟော်လင်း က သူ့လက်ကို မြှောက်ကာ တုံ့ဆိုင်းစွာ နဲ့ လက်ဟန် ပြကာ ပြောလိုက် လေတယ်။

'' မင်း ထွက်သွား မယ်ဆိုရင် အနောက် ဘက် တံခါး ကနေ ပြီးတော့ သွား။ အရှေ့ဟောခန်း မ က လူတွေ အရမ်း များတယ် ''

ဝမ်ဟန် ရဲ့ မူလ အစီအစဉ် ကလည်း ဒီလို ပဲ ဖြစ်လေတယ်။ သူက သံသယ ဝင်စွာနဲ့ သန့်စင်ခန်း တံခါး ပေါက်ကနေ  ဖြေးဖြေးချင်း ထွက်လိုက် လေတယ်။ ပြီးတော့ သူ့ရဲ့ ပုံရိပ်လေး က လျောက်လမ်း ရဲ့ ထောင့်နားလေး ကို ရောက်ရော အလျင်အမြန်ပဲ ပျောက်ကွယ် သွားတော့ လေတယ်။

ဒီကောင်လေး က အတော်လေး ကို သတိ ကြီး​တာ ပဲ ဟုတ်တယ် မလား?

ဟော်လင်း က ပင့်သက် ရှိုက်လိုက် လေတယ်။

ဝမ်ဟန် ရဲ့ စူးစူးစိုက်စိုက် ကြည့်တာ ကို ခံလိုက် ရတဲ့ အချိန်တုံး က ဝမ်ဟန် ခမျာ သူတော့ ကျင်းထန် ကို တွေ့လိုက် ရပြီလို့ကို ထင်ယောင် ထင်မှား ဖြစ်သွား တယ်လေ။

သူက တကယ်ပဲ သရဲ ခြောက်ခံ ရတာ ဖြစ်လောက်တယ်။ ဟော်လင်း က သူ့ရဲ့ ခေါင်းကို ကုတ်ကာ အရှုပ်အထွေး ကို ပြန်ပြီး ကြည့်လိုက် လေတယ်။ ပြီးတော့ သူ့ရဲ့ ကံကြမ္မာကို လက်ခံ လိုက်ကာ အဲ့တာ တွေကို ရှင်းလင်း ဖို့ အတွက် တစ်စုံတစ်ယောက်ကို စတင် ပို့လိုက် တော့လေတယ်။

လျောက်လမ်း တစ်လျောက် အရမ်းကို ဆူညံတဲ့ အတွက်ကြောင့် ဟော်လင်း က အရမ်းကို စိတ်အနှောက်အယှက် ဖြစ်လာကာ သူ ဆက်ပြီးတော့ ထိုနေရာ မှာ မနေနိုင်တော့ ပါပေ။

သူက အပြင်ကို ထွက်လာကာ ဖုန်းကို ထုတ်လိုက် ပြီးတော့ ဒီကိစ္စ အား ကျင်းထန် ဆီ ဘယ်လို ထုတ်ပြော ရမလဲ ဆိုတာကို တွေးမိ လေတယ်။

ရလဒ် အနေနဲ့ တော့လား သူလည်း အနောက်တံခါး ကနေ လည်း ထွက်ပြီး ရော လေတစ်ချက် တိုက်သွားပြီး ပုံရိပ် တစ်ခု က ' ဘန်း ' ဆိုတဲ့ အသံနဲ့ အတူ သူ့ကို တိုက်သွား တော့လေတယ်။ ပြီးတော့ မြေပြင် ကလည်း ကြီးမား သန်မာတဲ့ ခွန်အားကြောင့် အက်ကြောင်း တွေ အများကြီး ဖြစ်သွားကာ ပတ်ဝန်းကျင် တစ်ခု လုံး မှုန်မှိုင်း သွားလေတယ်။

''ငါလိုးလို ပဲ ''

အခုလေးတင် ခေါ်ဆို နေတဲ့ ဖုန်းခေါ်မှု ကို ဟော်လင်း က ပြန်ပြီး ချ လိုက်လေတယ်။ ပြီးတော့ မြေပြင်ပေါ်ကို ကျလာတဲ့ လူရဲ့ အဝတ်အစား တွေကို ကြည့်ဖို့ ခေါင်းကို မော့လိုက်တယ်။

ထို လူရဲ့ ဆံပင်တွေ ကလည်း ပွထ နေကာ လုံးဝ ကို ပုံရိပ် ကောင်းတွေ ရှိမနေ တော့ပါပေ။ ပြီးတော့ ဟော်လင်း ခမျာ ကြည့်ရင်း ကြောင်အ နေလေတယ်။

'' တစ်ခြား သူတွေ ရော ဘယ်မှာလဲ ?''

'' မင်း ရူးနေ သလား ကွ မင်း? ''

ဟော်လင်း က သူ့ကို မြေပြင်ပေါ် လဲကျ တဲ့ အထိ ဖြစ်စေတဲ့ လူက ဘယ်သူ မှန်း သိရော ကြောင်အသွား လေတယ်။ သဘောပေါက် ပြီးတဲ့ နောက်တော့ သူ့ဘေး က ဖြတ်သွား ဖြတ်လာ တစ်ယောက် က  လက် တစ်ဖက်နဲ့ ဖုန်းကို မြှောက်ကာ ဓာတ်ပုံ ရိုက်ယူ ထားဖို့ လုပ်လိုက်တယ်။

အချိန် ဘယ်လောက် ကြာတဲ့ အထိ ထိုလူကို ဓာတ်ပုံ ရိုက်နေ မိမှန်း ဟော်လင်း မသိတော့ ပါပေ။

''တစ်ခြား သူတွေ ရော ဘယ်မှာလဲ? ''

ကျင်းထန် က အက်ကွဲ နေတဲ့ အသံ နဲ့ နောက်တစ်ကြိမ် ထပ်မေး လာခဲ့ လေတယ်။

'' စိတ်ငြိမ်အောင် အရင်ဆုံး ထားလိုက် ပါအုံးကွ။ သူအဆင် ပြေ ပါတယ် ''

စကားပြောနေစဥ် အတွင်း ဟော်လင်း ရဲ့ လက်ချောင်း တွေကို လှုပ်ရှား လိုက် လေတယ်။ ပြီးတော့ မြင်ကွင်းထဲက လူတွေ အကုန်လုံး က စိတ်ရှုပ်ထွေးမှုနဲ့ အတူ ရပ်တန့် သွားတော့ လေတယ်။

ဟော်လင်း ကြောင့်  ထို ဖြတ်သွား ဖြတ်လာ  လက်ထဲက ဖုန်း ကလည်း ပြုတ်ကျ သွားပြီးတော့ ဟော်လင်းက ယူပြီးတဲ့နောက် မှတ်တမ်း တင်နေ တာကို ချက်ချင်း ပဲ ထွက်လိုက် လေတယ်။

ကံကောင်းတာ က သူ လိုက်ဖ် မလွင့် ရ သေးလို့ပေါ့။ မဟုတ်ရင် တစ်ဖက်လူ ကို ကိုင်တွယ်ဖို့ သူ့မှာ n ကြိမ်မြောက် ပါဝါ ရှိရင်တောင် မလွယ်ကူ ဘူးလေ။

သူက ဗီဒိယို ကို ဖျတ်ပြီးတော့ သိုလှောင်ခန်း ကိုပါ ရှင်းပြီးတဲ့ နောက် ထိုလူ  လက်ထဲကို ဖုန်းလေး အား ထည့်ပေး လိုက်ကာ ဘာမှ မရှိတော့ ဘူးဆိုတာ သေချာ အောင် အမှန်ကန် ဆုံး စစိဆေး ပြီးသွားလေတယ်။

သေချာ တာပေါ့။ အခုလက်ရှိ ကျင်းထန် ရဲ့ အခြေအနေ က လုံးဝ ကို ကောင်း မနေဘူး ဆိုတာ သူတွေ့ လေတယ်။

ဒီ မိုက်ရူးရဲတဲ့ လူကိုသာ ဆက်ပြီး လွတ်ပေးထား လို့ ကတော့ ဘာတွေ ဆက်ပြီး ဖြစ်လာ မလဲ ဆိုတာ ကို ဟော်လင်း မသိတဲ့ အတွက်ကြောင့် ဟော်တည် ထဲကို အမြန် တွန်းပြီး ဝင်ခိုင်း လိုက်ရ လေတယ်။

ပြီးတော့မှ ဘေးပတ်ဝန်းကျင် က လျောက်သွား တဲ့ လူတွေက ပြန်ပြီး သတိ ပြန်ဝင် လာကြ ကာ အိမ်မက်ကြီး တစ်ခု ကနေ ထ လာ သလိုမျိုး ​ကြောင်အန်း စွာနဲ့ လမ်းလျောက် သွားကြ တော့လေတယ်။

ဖုန်းကို ထုတ်ပြီး ကိုင်ထားတဲ့ လမ်းသွား လမ်းလာ ကလည်း သူဘာကြောင့် ဖုန်းကို ထုတ်ပြီး ကိုင်ထား ရမှန်း မမှတ်မိတော့ ပါပေ။

သူက ဘာလုပ်ဖို့ ဖုန်းကို ထုတ်ထား မိတာ ပါလိမ့်?

ကျင်းထန် ကိုတော့ ဟော်လင်း က နံရံနဲ့ ဖိလုနီးပါး ဆွဲခေါ် လာခဲ့ ရ လေတယ်။

'' ကျင်းထန် ရာ ၊ မင်း ငါ့အတွက် နည်းနည်း ပါးပါးလောက် စိတ်ကို တည်ငြိမ်အောင် ထားလို့ မရ နိုင်ဘူးလား? ''

''သူက ဘယ်မှာလဲ? ''

အခု ဟော်လင်း ဘာပြော တာလဲ ဆိုတာ ကို ကျင်းထန် နားထောင်ဖို့ အချိန် မရှိပါပေ။

သူက နန်ဟွေး ဘယ်လိုဖြစ်သွား ပြီလဲ ဆိုတာ ကိုပဲ သိချင်တာ ဖြစ်လေတယ်။

''ဘယ်လို တောင် သောက်ရူး ထ လိုက်တဲ့ အစွဲအလမ်းကြီးတဲ့ ကောင်မျိုးလဲကွာ ''

ဟော်လင်း က သက်ပြင်းချ လိုက်ပြီးတော့ ကျင်းထန် ရဲ့ ဆန့်ကျင်ဘက် နံရံကို သွားပြီး သူ့နဖူးကို မှီသာ ထားလိုက်တော့ လေတယ်။

'' သူက အဆင်​ပြေတယ်။ ဒါပေမယ့် ထိတွေ့မှုကြောင့်စိတ် ဒဏ်ရာ ရသွား လောက်တယ် ။ အခုတော့ သူ့ သူငယ်ချင်း က သူ့ကို ခေါ်သွား ပြီ။ သူတို့ နောက်ကနေ လိုက်ဖို့ တစ်စုံတစ်ယောက် ကို တိတ်တိတ်လေး ငါလွှတ် ပေးထားတယ်။ ''

အဲ့တာ ကိုလည်း ကျင်းထန် ကြားပြီးရော သူက အပြင်ဘက်ကို ပြေးထွက် လုနီးပါး ဖြစ်သွား လေတယ်။

''ကျင်းထန်၊ မင်းက သူ့ကို အချိန်တိုင်း လိုက်ပြီး ကာကွယ် ပေးဖို့ ဆိုတာ က မဖြစ်နိုင်ဘူး ။ ဒါက မင်းရဲ့ အမှား မဟုတ်ဘူး ။ ဒါကြောင့် ကိုယ့်ဘာသာ ကို အပြစ်တင် မနေ ပါနဲ့ ''

ဟော်လင်း က သူ့ရဲ့ မူပိုင် အပြုံးလေး တောင် မပြ ပဲ ရှားရှားပါးပါး  တည်ငြိမ်စွာနဲ့ ပြောလာခဲ့ လေတယ်။

ဟော်လင်း ပြောတာ  က အဓိပ္ပာယ် ရှိမှန်း သူသိပါတယ်။ ပြီးတော့ အခု နန်ဟွေး ကလည်း လုံခြုံသွား ပြီ ဆိုတာကို ကျင်းထန် သေချာ သဘောပေါက် ချင့်ချိန် နိုင်လေတယ်။

ဒါပေမယ့် ဖာ့ခ် လို မျိုးပဲ သူအခု နန်ဟွေး ကို တွေ့ချင် နေမိတယ်လေ။

အဲ့အကြောင်း ကိုပဲ ရူးသွပ်စွာ သူ တွေးမိတယ်။

ဘာသာ ပြန်သူမှာ ပြောပြ စရာ ရှိတယ်။

ဟော်- အသုံးချ ခံ ပစ္စည်း - လင်း :OvO

.............................  ........................  .

Okumaya devam et

Bunları da Beğeneceksin

33.4K 2.6K 13
page - Hikari Moon Bl rebirth novel ဇာတ်လမ်းအကျဥ်းချုပ်က အပိုင်းထဲမှာရှိပါတယ်နော်။ ဖတ်ကြည့်ကြည့်ပါရှင့်။
2.4M 176K 35
Myanmar×OC အချစ်ဦး၊အချစ်ဆုံး၊လက်တွဲ​ဖော်ဟာ တစ်ထပ်တည်းကျ​သောအခါဝယ် 8.2.2023 ___ 8.4.2023
17.2M 419K 26
Nobody can forget their first kiss. Even if you were only 6 years old. Especially when the person who kissed you was your older brother's bestfriend...
249K 34.3K 107
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...