စွဲမက်ဖွယ်ကောင်းသော မိန်းမပျိ...

By PyaeNway

19.4K 2.9K 57

( Zawgyi Ver) သူမသည် ယခင်ဘဝက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး သူမ၏ မိခင်သည် မတရားသဖြင့်သေဆုံးသွားခဲ့သည် ။ အဆိပ်ဝိုင်တ... More

Description
1. မီးထဲတွင် ပြန်လည်မွေးဖွားခြင်း
2. စိတ်ထားယုတ်ညံတဲ့ အဒေါ်
3. ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
4. အိမ်ဟောင်းရှိ လျှိုဝှက်ချက်များ
5. ဇီတန်ဥယျာဉ်မှ သူခိုး
6. ယုတ်ညံသောအစေခံကို အပြစ်ပေးခြင်း
7. သစ်ခွလက်ဆောင်ပေးဖို့ အစီအစဉ်ဆွဲခြင်း
8. မြို့တော်သို့ မောင်းနှင်လာခြင်း
9. မြို့တော်တံခါးတွင် ခိုက်ရန်ဖြစ်ပွားခြင်း
10. ကြောင်သူတော်ယောင်ဆောင်သော အမကို အနိုင်ယူခြင်း
11. မို့ဟွာဝမ်အား နှုတ်ဆက်ဂါရဝပြုခြင်း
12. အဒေါ်ဖန်၏အကြောင်းကို ဖော်ထုတ်ခြင်း
13. လိဟွာဥယျာဉ်​တွင် အဒေါ်ဖန်၏ ကာကွယ်ပြောဆိုခြင်း
14. ရန်သူများ ထပ်မံတွေ့ဆုံခြင်း
15. မိုရွှမ်မင် ငြင်းပယ်ခံရသည်
16. ချင်ဝေ့ဥယျာဉ်၌ ညီနှမများကြား တိုက်ပွဲ
17. ဗိုလ်ချုပ်အိမ်တော်တွင် ဝမ်းကွဲများ တွေ့ဆုံကြခြင်း
18 . ပိုင်ရီဟောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခြင်း
19 . တွေ့ဆုံသည်
20. အပေးအယူ
21. ညီအစ်မတွေ ရန်ဖြစ်ရင်း အပြစ်ပေးခံရတယ်
22. အဒေါ်ဖန်က လှည့်ကွက်တွေ ထပ်သုံးပြန်တယ်
23. စာအုပ်ဟောင်းရှိ မှတ်စုများ
24. ထူးဆန်းသော ပြန်လည်ပေးဆပ်ခြင်း ဘုရားကျောင်း
25. ဗုဒ္ဓခန်းမတွင် မိတ်ဟောင်း ဆွေဟောင်းနဲ့ တွေ့ဆုံခြင်း
26 . ဗိမာန်တော်ရှိ လူယုတ်မာ ဇာတ်ကွက်များ
27. သူမ၏ဖျားနာမှုကိုအသုံးချ၍ ကြံစည်ခြင်း
28. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (1)
29. အကြီးဆုံးအမ၏ အကြံအစည်ကျဆုံးခြင်း (2)
30. မို့ရွှီတုန်းက ဝင်ရောက်နှောက်ယှက်သည် ။
31. အဒေါ်ကိုအပြစ်တင်သည်
32. မိသားစုဓလေ့ထုံးစံများ (1)
33. မိသားစုဓလေ့ထုံးစံများ (2)
34 . ဖခင်၏အမွေကို စီစဉ်ကူညီပေးခြင်း။
35. တော်ဝင်မင်းသမီး မင်ဇူး
36. မို့ရွှမ်မင် ဖျားနာဟန်ဆောင်သည်
37. မို့ရွှမ်မင်၏ကြံစည်မှုကို ဖျက်ဆီးခြင်း
38. နောက်ကွယ်က လှည့်ကွက်
39. အကြံအစည်ကို ပြောင်းပြန်လှန်ခြင်း
40 . အမေနဲ့သမီနှစ်ယောက်က ဖုချင်ဥယျာဉ်တွင် ထပ်ကြံစည်ပြန်သည်
41. ပန်းလေးမြတ်ပွဲ
42. သခင်မလေး လင်းမင်ရန်
43 . တရားဝင်သမီး
44. နတ်ဆိုးဆန်ပြီး လတစ်စင်းကဲသို့ လှပသောအမျိုးသားနှစ်ဦး
45 . ယုရန်ချန်၏ အမျက်ဒေါ်သ
46. ပြိုင်ပွဲ
47 . ပန်းလေးမြတ်ပွဲ၌ ဧကရီ
48 .တော်ဝင်မင်းသမီးသည် အတိတ်ကို ပြန်အမှတ်ရသောအခါ ဒေါသကြီးလာသည်
49. ဒါအားလုံးဟာ ဥပဒေတစ်ခုပါပဲ
50 . မို့ရွှမ်မင်၏ သရုပ်မှန်
51. နန်းတော်၌ တစ်ညတာ ကုန်ဆုံးခြင်း
52. မို့ရွှမ်မင်၏ မြင့်မြတ်သောအိပ်မက်များအဆုံးသတ်ခြင်း
53. မို့ရွှမ်မင်၏ စုတ်ပြဲနေသော ဂုဏ်သိက္ခာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာခဲ့သည်
54. သခင်မရွှီ
55. နန်းတော်မှ တစ်စုံတစ်ယောက်၏ မထင်မှတ်ထားသော အသွင်အပြင်
56. လျှို့ဝှက်ဆန်းကြယ်ပြီး လူဆိတ်ညံနေသော ခြံဝင်း
57. ဧကရီသည် မင်းသားရှောင်ထံ အလှတရားများ ပေးပို့သည်
58. ဧကရီ၏ အစီအစဥြ
59. ထိုအဝတ်အစားများနှင့် ပြဿနာ
60. အောင်သွယ်တော် မို့ရွှီတုန်း
61. သခင်ယု
62. ယုမိသားစု၏ အကြံ
63. ရန်သူများ တွေ့ဆုံခြင်း
64 . အတိတ်၏မုန်းတီးမှုနှင့် ယနေ့မုန်းတီးမှု
65. တန်ပြန်တိုက်ခိုက်မှု
66. စိတ်အနှောက်အယှက်ဖြစ်စေသော မင်းသာရှောင်
67. ရန်ယင်းကုက သူမကို ရင်းနှီးဖို့ကြိုးစားတယ်
68. အဖေနှင့်ဒုတိယဦးလေးကြား သဘောတူညီချက်
69. ပိုင်ရီဟောက်၏ အစီအစဉ်
70. မိုဟယ်၏ စိတ်ခံစားချက်များကို အသုံးချခြင်း
71. ချင်းကို လေ့လာရန် ဖိအားပေးသည်
72. သခင်မအိုကြီးမို ပြန်ရောက်လာပြီ
73. ဘက်လိုက်သော သခင်မကြီး
74. ယုစီလုံက မို့အိမ်တော်ကို လာရောက်သည်
75. ယုတ္တိမရှိသော ယုစီလုံ ကို နှင်ထုတ်ခြင်း
76. မင်းသားရှောင်သည် သူ့ချစ်သူနှင့် ညအချိန်တွင် တွေ့ဆုံသည်
77. ကိုယ်လုပ်တော်သမီးများက ဒုက္ခဖြစ်စေသည်
78. မို့ရွှမ်ချောင် ထိမှန်သွားသည်
79. အခြားအစီအစဉ်ဖြင့် သွားခြင်း
80. ဇီးပွင့်သစ်တောတွင် မင်းသားရှောင် နှင့် ထပ်မံတွေ့ဆုံသည်
81. မင်းသားရှောင်က အကြွေးပြန်ဆပ်ဖို့ တောင်းဆိုတယ်
82. မို့ရွှမ်မင်၏ အရန်အစီအစဉ်
83. မို့အိမ်တော်၏ အတွင်းရင်ပြင်တွင် ပြဿနာတက်ခြင်း
84. မို့ရွှမ်မင်က သနားဟန်ဆောင်သည်
85. မို့ရွှမ်မင်၏ အဆိပ်ကို ဖော်ထုတ်ခြင်း
86. မို့ရွှီတုန်းကို ပြစ်ဒဏ်ပေးခြင်း
87. မနာလိုသော ဝမ်းကွဲ ရန်ယင်းကု
88. စာကြည့်ဆောင်အတွင်း မနာလိုသောအမျိုးသမီးနှစ်ဦး
89. ငါ မင်းကို တက်ဖို့ ကူညီပေးမယ်
90. မို့အိမ်တော်ကို မီးရှို့သည်
91. မင်းသားရှောင်က မီးလောင်ကျွမ်းမှုကို စောင့်ကြည့်သည်
92. မို့ဟွာဝမ်ကို ရာထူးတိုးမြှင့်ပေးခြင်း
93. အဒေါ်ဖန်က သူမ၏ကိုယ်ဝန်ကို ကြေငြာလိုက်တယ်
94. မို့ရွှီတုန်း မူးမေ့လဲခြင်း
95. မို့ရွှီတုန်းသည် အသက်ရှင်လိုသောဆန္ဒကို ဆုံးရှုံးသည်
96. ပိုင်ရီဟောက် ရောက်ရှိလာခြင်း
97. မင်းသားချူးက မင်းသားရှောင် အိမ်တော်သို့ အလည်ပတ်ရောက်လာသည်
98. ဆယ်မိုင်ကြာပန်းများနှင့် မယုံနိုင်စရာမြင်ကွင်း
99. မို့ရွှီတုန်းရဲ့ နှလုံးသားထဲကကြိုးထုံး
100. ည၌ သီးသန့် စကားဝိုင်း
101. လိဟွာဥယျာဉ်ရှိ မိခင်နှင့်သမီးကြားရှိ အစီအစဉ်
102. အစီအစဉ် ပေါ်လာသည်
103. ပြန်လမ်းမရှိသော မိုဟယ်
104. ချင်းလျံ ဘုရားကျောင်းသို့ခရီးစဉ်
105. ဘုရားကျောင်းထဲမှာ မို့ရွှီတုန်းက ​​အစီအစဉ်တစ်ခုနဲ့ ပိတ်မိသွားတယ်
106. ယုစီလုံ၏ ရှုံးနိမ့်မှုအတွက် အပြစ်တင်ခံရခြင်း
107. မိုက်မဲသော အစီအစဉ်
108. ယုစီလုံ၏ မကောင်းတဲ့ဆန္ဒ
109. သူမကို ရုပ်ပျက်ဆင်းပျက်ဖြစ်စေမည့် နေရာကောင်း
110. ယုစီလုံ ရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့သည်
111. တော်ဝင်မင်းသမီး ရုတ်တရက် ပေါ်လာပြီး ကူညီပေးသည်
112. ချင်းလျံဘုရားကျောင်းမှ ဇီးပွင့်များ၏ ရနံ့
113. မို့ရွီတုန်းကို တဖန် ဆန့်ကျင်ရန် ကြံစည်သော ခေါင်းမာသည့် သခင်မယု
114 . အခြားသူများကို အပုပ်ချရန် ကြိုးစားသောသူများ၏ ကံတရား
115. ပြင်းထန်သော တန်ပြန်တိုက်ခိုက်မှု
116. လျှို့ဝှက်ဆန်းကြယ်သော မို့ရွှီတုန်း၏ ပန်းထိုးဆိုင်
117. အဒေါ်ရဲ့ ချစ်စဖွယ်လုပ်ထားတဲ့ အိတ်နဲ့ ကျောက်စိမ်း
118. မို့ရွှမ်မင်၏ နောက်ထပ် ဆိုးရွားသော ဇာတ်ကွက်
119. နောက်ထပ်ဖြစ်ရပ်တစ်ခု
120. နောက်ထပ်ဖြစ်ရပ်တစ်ခု(2)
122.ပန်းကြာပန်းကို ခေါင်းအုံးအောက်တွင် တွေ့ရှိခဲ့တယ်
123. ဆိုးညစ်သောသားအမိသုံးယောက်က မို့ရွှီတုန်းကိုနှင်ထုတ်သည်
124.အမျိုးသမီးများ၏နှလုံးသားများက အရက်စက်ဆုံးဖြစ်သည်
125. အဒေါ်ဖန်သည် သူမ၏ မကောင်းမှုများအတွက် ပေးဆပ်ခဲ့ပြီး သူမ၏အဆင့်အတန်းကို ဆုံးရှုံး
126. အေးစက်ပြီး မှောင်မိုက်နေသော မိုအိမ်တော်၏ နှက်သစ်ကူးအကြို
127. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (1)
128. နှင်းကျသော နှစ်သက်ကူးညတွင် လျှောက်လည်ခြင်း (2)
129. တင်အိမ်တော်၏ အလှလေး
130. အမျိုးသမီးဂျင်၏ ဓားသွား ဆံညှပ်
131. တစ်ဦးစီသည် ၎င်းတို့၏ ကိုယ်ပိုင် စိတ်ကူးများ ရှိသည်
132 . နှစ်သစ်ကူးအကြိုညတွင် မင်းသားရှောင် လုပ်ကြံခံရမှု
133. သီးသန့် တွေ့ဆုံပြီး အကြံစည်များချမှတ်ခြင်း
134. မို့ရွှမ်မင်သည် သူ့ညီမကို ကြံစည်ရန် သနားဟန်ဆောင်သည်
135. ရှန်းမင် မျှော်စင်တွင် အားလုံးစုဝေကြခြင်း
136. ကစားပွဲကောင်းများ တစ်ခုပြီးတစ်ခု
137 . မို့ရွီတုန်းသည် အမှောင်ထဲတွင် ခိုးကြောင်ခိုးဝှက်ကြည့်သည်
138. ဖန်ယုလန် ဒဏ်ရာရပြီး ကုသမူခံယူခဲ့ရသည်
139 စစ်ဝန်ကြီးအိမ်က မိုရွှမ်မင်ကို လက်ထပ်ဖို့ တောင်းရမ်းသည်
140. အဖေနဲ့သမီးကြားက အချိုးအကွေ့
141. စာကြည့်ဆောင်တွင် လှပသောမြွေက အသနားခံခြင်း
142.အားကိုးမရသော ကောလဟာလ
143. စီမာလင်းရန်၏အခြားအမျိုးသမီး
144. ဒေါ်သထွက်ဖို့ကောင်းသော သခင်လေးလိယွီမို
145. မို့ရွှမ်မင် အရိုက်ခံရသည်
146. ယုရန်ချန်ရဲ့ ကံဆိုးမှု
147. စီမာလင်းရန် မြို့တော်သို့ ​အမြန်ပြန်လာရခြင်း
148 . ကြီးမြတ်သောအိမ်တော်ကြီး လေးခု၏ ဒုက္ခ
149. လန်ချိလု မို့အိမ်တော်သို့ဝင်ရောက်လာခြင်း
150. အသရေပျက်ခြင်း
151. သူမ၏အဒေါ် ဘယ်လိုမှမဖြစ်လာနိုင်ဘူး
152. နန်းတော်တွင် တိုက်မိခြင်း
153. ထူးခြားသောနည်းလမ်းများဖြင့် မို့ရွှမ်မင် နန်းတော်ထဲသို့ ၀င်ရောက်ခြင်း
154.ဘယ်သူက အိမ်ရှေ့စံ ဖြစ်လာနိုင်သလဲ
155. စိတ်အနှောက်အယှက်ဖြစ်စေသော သူ
156. ယုရန်ချန်သည် မို့ရွှီတုန်းကို ခြိမ်းခြောက်သော်လည်း သူသာလျှင် အရှက်ကွဲခဲ့သည်
157 . ဧကရာဇ်ကိုယ်လုပ်တော်များကြား ပြိုင်ဆိုင်မှု
158. ခမ်းနားထည်ဝါသော ၀တ်စုံပေါ်ရှိ လိပ်ပြာနှစ်ကောင်
159. ဧည့်ခံပွဲ၌ အချစ်ကဗျာ
160. နန်းတော်ရှိ အိမ်အကူ၏ လျှို့ဝှက်သတင်းစကား
161. အချစ်ကဗျာကို ဘယ်သူရေးခဲ့သလဲ နှင့် နောက်ကွယ်က လျှို့ဝှက်ဆက်ဆံရေးကို ရှာဖွေခြ
162 . ပွဲအပြီးတွင် ဒုက္ခတွင်းပိတ်မိနေခြင်း
163 . အမှောင်ထဲရှိ သိမ်မွေ့သောထောင်ချောက်
164. ဇာတ်လမ်းကြည့်ရန် နေရာကောင်းတစ်ခု
165. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
166. ယုမင်ရုံ၏ အဖုအထစ်များ
167. ချင်းဖန်ဥယျာဉ်ရှိ စိတ်ဝင်စားစရာဇာတ်ပွဲ
168. အမှုကို ဦးဆောင်နေသောသူသည် မည်သူနည်း
169. စိတ်ဝင်စားစရာကောင်းသော ပွဲ
170. မင်ဇူးနန်းတော်တွင် တစ်ယောက်တည်း တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည်
171. တော်ဝင်ညီအစ်ကိုများ
172. နောက်ကလိုက်လာတဲ့ အလှလေး
173.နာကြည်းမှု
174. နန်းတော်အပြင်ဘက်တွင် ပြန်ပေးဆွဲခြင်း
175. ရထားပြေးခြင်းနှင့် ဘဝ၏သေခြင်းရှင်ကြား ရုန်းကန်ခြင်း
176. အမှိုက်စုံတွဲ
177. ပိုမိုနက်ရှိုင်းသောခံစားချက်နှင့် ရှုပ်ယှက်ခတ်မှု
178. ထိုပရမ်းပတာသည် မည်သူအတွက် အကျိုးရှိသနည်း
179. ချန်မြို့စားကတော်သည် တိုက်ပွဲစတင်ရန် ရောက်ရှိလာခဲ့သည်
180. မြို့စားကတော်သည် အိမ်သို့ ရှက်စိတ်ဖြင့် ပြန်သွားရသည်
သတင်းကောင်း
181.ဆိုးညစ်သော အလှတရားက သူ့ကိုယ်သူ ဒဏ်ရာအနာတရဖြစ်စေခြင်းဖြင့် ပြောင်မြောက်သောလှည
182 . ချင်ဝေ့ ဥယျာဉ်ရှိ နောက်ထပ် မြှောက်ပင့်ပွဲ
183.လက်ဝတ်ရတနာတွေ အများကြီးရှိခဲ့တယ်
184. သူတို့၏ ကိုယ်ပိုင် အစီအစဉ်
185. အချစ်၏သင်္ကေတ
186. စီမာလင်းရန် အဖမ်းခံရသည်။

121. ချင်ဝေ့ဥယျာဉ်တွင် အဒေါ်ဖန်၏ ကလေးဆုံးရှုံးခြင်း

51 9 0
By PyaeNway

သူတို့တွေ့ပြီးကတည်းက မို့ယုဖန်က သူမရဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်ကို အေးစက်စွာ ကြည့်ပြီး စိုးရိမ်စိတ်နဲ့ မေးတယ် ။

" တတိယညီမ ၊ မကြာသေးခင်က မင်းရဲ့ကျန်းမာရေးက ဘယ်လိုလဲ ၊ မင်း ဆေးသောက်နေရတုန်းလား ? ဆေးက အနံ့မွှေးပြီး လန်းဆန်းနေတယ်။ ဆေးမှာ တစ်ခုခုတော့ ထူးထူးခြားခြား ပါဝင်နေတာလား။"

"မင်းရဲ့ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီရက်ပိုင်းအတွင်း တို့ကျန်းမာရေးက ဘာမှပြဿနာမရှိလို့ ဘာမှမသောက်ဘူး ။ဒါကအပူကိုရှင်းဖို့ သုံးတဲ့ထင်ရှားတဲ့ပစ္စည်းတစ်ခုပါပဲ။  တို့က လန်းဆန်းတဲ့ရနံ့ကိုကြိုက်လို့ ဒါကိုအမြဲတမ်းယူသွားခဲ့တယ် ။ တို့ ညဘက်တွေမှာ ကောင်းကောင်းအိပ်မပျော်နိုင်ဖြစ်ပြီး နေထိုင်မကောင်းသလို ခံစားရတဲ့အတွက် လုအိမ်တော် မှာရှိတဲ့ တို့ဝမ်းကွဲက ဆရာပိုင်ဆီမှာ တို့အတွက် ဆေးတောင်းခဲ့တယ်။ တို့ကလည်း အခန်းကို လန်းဆန်းစေမယ့် အမွှေးနံ့သာတွေကို အမြဲထွန်းထားဖြစ်တယ် ။ ဒါက ဆေးနံ့နဲ့ ဆင်တူတယ်လို့ တို့ထင်ပါတယ်။  ဒါကြောင့် တို့ ဆက်သုံးဖြစ်တယ် " မို့ရွှီတုန်းက မိုယု ပေးသော လက်ဖက်ရည်ကို ယူပြီး အနည်းငယ် မြည်းစမ်းပြီး ရှင်းပြသည်။ 

"အိုး၊ အနံ့မွှေးရုံတင်မက ဆေးဖက်လည်းဝင်တယ် ။ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ ဒီနေရာကို ပို့ပေးဖို့ လုဗိုလ်ချုပ်ကို လာမေးရဦးမယ်။ အဖွားက အသက်ကြီးပြီး အမြဲတမ်း ကောင်းကောင်းမအိပ်နိုင်ဘူး။ " မိုယုဖန်သည် အခြားရည်ရွယ်ချက်များဖြင့် ပြုံးပြုံးရွှင်ရွှင် မေးလိုက်ရာ သူ့မျက်လုံးထဲတွင် မှုန်ကုပ်ကုပ် ပေါ်လာသည်။

ချင်းယွီဖန်က ဘာမှပြန်မပြောဘဲ ခွက်ကိုယူကာ ဝိုင်သောက်လိုက်သည်။  သူသည် ခွက်အလွတ်နှင့် တိတ်တိတ်ဆိတ်ဆိတ် ကစားခဲ့ပြီး အတွေးထဲတွင် ပျောက်ဆုံးသွားခဲ့သည်။  သူ့ခွက်ကို ဆက်ဆော့နေသော ချင်းယွီဖန်ကြောင့် ဝိုင်း ထပ်ဖြည့်ချင်သော အိမ်အကူကို ရပ်တန်းလိုက်သည် ။ ချင်းယွီဖန်သည် မည်သည့်အရာကိုမျှ မကြည့်ဘဲ ခွက်ပေါ်တွင် ခြားနားသော အရာတစ်ခုကိုသာ ကြည့်နေပုံရသည် ။

"အကိုပြောတာကြားတော့ အလုပ်ဖြစ်မယ်ထင်တယ်။ အဖွားက အိပ်နေရင်း အမြဲ ခေါင်းကိုက်တယ်။ မင်းပြောတဲ့အတိုင်း အဆင်ပြေရင် တို့ဝမ်းကွဲလုဆီ ထပ်တောင်းပြီး အဖွားကို သုံးခွင့်ပေးရမယ်"  မို့ရွှီတုန်းက ပြုံးပြီး ပြန်ဖြေတယ်။ 

"တတိယညီမက နေ့တိုင်း အမွှေးတိုင်တွေ သုံးနေပြီး အခု ဆေးဆရာ တစ်ဝက်လောက် ဖြစ်နေတာ။ ပြီးတော့ ညီမက ဆေးနဲ့ ပတ်သက်တဲ့ စာအုပ်တချို့လည်း ဖတ်ဖူးတယ်လို့ တို့ကြားတယ်။ ညီမက ဆေးဆရာလုပ်ဖို့ စီစဉ်နေတာလား။"  မို့ရွှမ်မင်က ညင်သာစွာ ပြုံးပြသည်။ 

"တတိယညီမက ဆေးပညာကို တကယ်ကျွမ်းကျင်ရင် အဖွားရဲ့ မသက်မသာမှုကို ကုသပေးနိုင်ပါတယ်။ ကျုပ်လည်း ဆေးပညာကို တတ်မြောက်ဖို့ ကူညီပေးနိုင်ဖို့ ညီမလေးအတွက် မနက်ဖြန်မှာ ဆေးစာအုပ်တွေ ရှာပေးပါ့မယ်။" 

မိုယုဖန်က စိတ်ဝင်တစားနဲ့ ပြောလိုက်ပါတယ်။  သူ့အသံက ကျယ်လောင်လွန်းသဖြင့် အားလုံးက သူမကို လှည့်ကြည့်လိုက်ကြသည်။  ချမ်းသာသော မိသားစုမှသခင်မလေး တစ်ဦးသည် ဘယ်သူမှ မလေ့လာခဲ့တဲ့ ဆေးပညာကို လေ့လာခဲ့သည်။ ဒါဟာ လေးနက်တဲ့ အဓိပ္ပါယ်တွေ ရှိရမည် ။

"ပထမ မောင်လေး ၊ မင်းအဲလိုလုပ်ဖို့ နောက်ကျသွားပြီ။ တတိယညီမမှာ ဆေးစာအုပ်တွေ အစုံရှိတယ်။ ဟိုတုန်းက မိုယုဆီက တတိယညီမမှာ ဆေးဆရာကောင်းတစ်ယောက်ရှိတယ်လို့ တို့ကြားတယ်။ သူမ ဖတ်ဖူးတဲ့ ဆေးစာအုပ်တွေအားလုံးကို အခန်းတွေနောက်မှာ စုထားတယ်တဲ့ ။ သူတို့တွေက အများကြီးပဲဆို ။ တို့ကြားတာ မှန်တယ်မဟုတ်လား" 

မို့ရွှမ်မင်သည် သူ့မောင်လေးအား ပြက်ရယ်ပြုရန် လက်ကိုင်ပုဝါကို ကိုင်ထားသည်။  ဆိုလိုတာက မို့ရွှီတုန်းက ဆေးပညာကို တကယ်သိတယ်။  မို့ရွှီတုန်းသည် ဆေးဘက်ဆိုင်ရာကျွမ်းကျင်မှုကို သင်ယူနေတယ် ၊ ဒါမှမဟုတ် အခြားအစီအစဉ်များရှိနေကြောင်း လူတိုင်းကို အသိပေးလိုကြသည်။ 

မို့ရွီတုန်းသည် ဒုတိယ ခန့်မှန်းချက်တွင် ဖြစ်နိုင်ခြေ ပိုများသည်ဟု ထင်ခဲ့သည်။  ဒါပေမယ့် ဒါက ခန့်မှန်းချက် သက်သက်ပါ။ 

မိုယုဆီက ကြားခဲ့တယ်????

မို့ရွှမ်မင်က ဒီလိုမျိုး ပြောလိမ့်မယ်လို့ သူမ မထင်ထားမိပါဘူး။ မိုယုကိုပြောပြဖို့ လှည့်စားခဲ့တဲ့သူက မိုစုပဲဆိုတာ သူတို့ကသိကြပြီး ထိုနေရာတွင် လူတော်တော်များများ တက်ရောက်ခဲ့ကြပါတယ်။  သေချာတာကတော့ အဲဒီအချိန်မှာ မို့ရွှီတုန်းက ဘာမှငြင်းနိုင်မှာမဟုတ်ဘူး။ သူမသည် ရှက်ရွံ့စွာဖြင့် မျက်နှာလှလှလေးကို မော့လိုက်ပြီး နှုတ်ခမ်းကို ကိုက်လိုက်သည်။  သူ့မျက်နှာက နီရဲလာပြီး ပြောသည် ။

"အမ တို့ကို လှောင်ပြောင်နေတာလား။ တို့ဆေးပညာအကြောင်း ဘာမှမသိဘူး" 

မို့ရွှမ်မင်သည် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှု အကြောင်းကို များစွာ သိကြောင်း မို့ရွှီတုန်း ဝန်ခံရန် အလွန်ကြိုးစားခဲ့သည်။

“ဒါက ဘယ်လိုဖြစ်နိုင်ပါ့မလဲ ၊ တတိယညီမက ဆေးစာအုပ်တွေ အများကြီးဖတ်ပြီး အခြေခံ အရည်အချင်းတချို့ကို သိထားရမယ်။ စိတ်မပူပါနဲ့ တို့ဆေးဘက်ဆိုင်ရာ အကြံဉာဏ်မတောင်းပါဘူး ။ ဒါပေမယ့် ကျုပ်တို့အိမ်မှာ ဆေးပညာတတ်ကျွမ်းတဲ့ မိန်းမတစ်ယောက်ရှိတယ်ဆိုတာ သိရတာ ကျုပ်ဝမ်းသာပါတယ်။ "  မိုယုဖန်၏ မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြင့် မို့ရွှီတုန်း၏ စကားကို ကြားဖြတ်လိုက်သည်။ 

"ဝမ်းကွဲဖန်မှာလည်း ထူးချွန်တဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုတွေကို မင်းကိုယ်တိုင် သင်ယူခဲ့တာကို ကျုပ်ကြားဖူးတယ်။ ဒါကြောင့် ဉာဏ်ပညာရှိတဲ့သူတွေက မိုက်မဲသူတွေ တွေးလို့မရတဲ့ ဒုက္ခတွေထဲမှာ အမြဲတမ်း လွတ်မြောက်ဖို့ လမ်းစရှာနေကြတာ ထင်ရှားပါတယ်။ ”  ရုတ်တရက် မိုယုဖန်က သူ့ခွက်ကို ချင်းယွီဖန်ဆီ မြှောက်လိုက်ပြီး မို့ရွှီတုန်းက ရှင်းပြဖို့ အခွင့်အရေး မရှိတော့ဘူး။ 

မို့ရွှီတုန်းသည် သူမ၏ နှလုံးသားထဲတွင် အေးစက်စွာ ပြုံးပြပြီး မဆိုင်းမတွ ရပ်လိုက်သည်။  သူမကို သူတို့ဘာလုပ်မယ်ဆိုတာကို စောင့်နေရုံပါပဲ။  သူမ လှည့်ကြည့်လိုက်ပြီး ဝမ်ရီလန်ကို တစ်ခုခုပြောလိုက်သည်။ 

သူမသည် လုံးဝစိတ်ဖိစီးနေပုံရပြီး သူ့ကိုယ်သူ ရှင်းပြရန်ပင် မကြိုးစားဘဲ မိုယုဖန်အား ထူးဆန်းသလို ခံစားလာရပြီး ရည်ရွယ်ချက်ရှိရှိပြောခဲ့ပုံရသည်။  အားလုံးသိကြတဲ့အတိုင်း မို့ရွှီတုန်းဟာ ​​တရားဝင်သမီးဖြစ်ပေမယ့် သူမဟာ အချစ်ရဆုံးသူမဟုတ်သလို သူတို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးလည်း မရှိခဲ့ပါဘူး။  ဒါပေမယ့် ဒီနေ့မှာတော့ မို့ယုဖန်က သူမရဲ့ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်မှုကို ထပ်ခါထပ်ခါ ပြောပြခဲ့ပြီး ၎င်းသည် သူ့ကို အမှန်တကယ် သံသယဖြစ်စေခဲ့သည်။

လူအချို့သည်လည်း မိုယုဖန်ကို သံသယမျက်လုံးဖြင့် စူးစိုက်စိုက်ကြည့်နေကြသည်။ 

မိုယုဖန်သည် ရှက်ရွံ့သွားပြီး မို့ရွှမ်မင်သည် အကြောင်းအရာကိုပြောင်းကာ အခြားအရာများအကြောင်း ဆွေးနွေးခဲ့သည်။  နောက်ပိုင်းမှာ သူတို့စိတ်ဝင်စားတဲ့ အကြောင်းအရာတွေအကြောင်း စပြောလာကြတော့ အားလုံး ဝမ်းသာသွားကြတယ်။ မို့ရွှမ်ချောင်ပင်လျှင် ကြင်နာတတ်ပြီး စကားပြောရလွယ်ကူလာသည်။

အခန်းထဲက မီးဖိုက ပိုပူလာပြီး ထပ်ဆောင်းအကျီကို ချွတ်ထားလိုက်ကြသည် ။ အခန်းထဲမှ ရယ်မောသံများ အဆက်မပြတ်ထွက်ပေါ်လာသည်။  သို့သော် မို့ရွှီတုန်းသည် အနည်းငယ် စိတ်မသက်မသာ ခံစားခဲ့ရသည်။  သူသည် ဘယ်သူမှ စကားမပြောတော့ဘဲ ဖန်သားပြင်မရှိတဲ့ဘေးမှာ မတ်တပ်ရပ်လိုက်တယ်။ 

သူမသည် မဏ္ဍပ်ဘေးတွင် ရပ်ကာ လေဝင်ပေါက်နားရှိ ဇီးသီးပွင့်များကို တန်ဖိုးထားကြည့်ခဲ့သည်။  အိမ်အကူများနှင့် ကလေးထိန်းများ သည် အတွင်း၌ တာဝန်ထမ်းဆောင်နေ သောကြောင့် အခြားမည်သူမျှမရှိသဖြင့် ထိုနေရာတွင် အလွန် တိတ်ဆိတ်နေပါသည်။  ၎င်းတို့အနက်မှ ခုနစ်ဦး သို့မဟုတ် ရှစ်ဦးသာရှိသော်လည်း ဇီးသီးပွင့်များသည် အလွန်လှပပြီး ဇီးသီးပင်များစွာနှင့်တူသည်။  ဖူးပွင့်သည်ဖြစ်စေ မပွင့်သည်ဖြစ်စေ အလွန်လှပသည်။  သူတို့သည် ဇီးသီးပွင့်များကို ကြည်ရှူရန် ရည်ရွယ်ချက်ဖြင့် ဤနေရာသို့ သွားခဲ့ကြပြီး ဇီးသီးပွင့်များကို တန်ဖိုးထားကြသည်။ 

သို့သော် သူတို့အများစုဟာ ခရီးပန်းတိုင်ကို ရောက်တဲ့အခါ သူတို့ရဲ့ တကယ့်ရည်ရွယ်ချက်ကို မေ့သွားကြတယ်။  အများစုကတော့ ဇီးသီးပွင့်တွေကို ခံစားဖို့ ဒီကိုလာခဲ့ကြတာကို မေ့နေကြတယ်။  ဇီးသီးပွင့်တွေရဲ့ ရနံ့က ဆောင်းရာသီရဲ့ အလှကို တိုးစေပါတယ်။

မို့ရွှီတုန်းသည် ထိုနေရာတွင် ရပ်နေကာ သိမ်မွေ့ပြီး လှပနေသည် ။

သို့သော် သူမ၏မျက်လုံးများက အေးစက်မှုအနည်းငယ်ရှိနေသဖြင့် သူမကို ချဉ်းကပ်ရခက်စေသည်။

"အမြင်က ရှုပ်ယှက်ခတ်နေတာ ပိုကောင်းပါတယ်။ မင်းနဲ့ငါက အတူတူဖြစ်နိုင်တယ်!" ချင်းယွီဖန်သည် သက်ပြင်းချလိုက်ပြီး သူမကိုကြည့်ကာ မျက်တောင်ခတ်လိုက်သည်။  ထို့နောက် သူသည် မဏ္ဍပ်မှထွက်၍ ဇီးပင်များအောက်တွင် ရပ်နေ၏။  သူ့မျက်လုံးများက မို့ရွှီတုန်း ကို စိုက်ကြည့်ရင်း သူအတွေးများ ပျောက်ကွယ်သွားခဲ့သည်။

မို့ရွှီတုန်းက သူ့ကို လှည့်ကြည့်လိုက်တော့ သူက ညင်သာစွာ ပြုံးပြလိုက်တယ်။  ထို့နောက် သူသည် တစ်ဖန်ပြန်လှည့်ကာ မို့ရွှမ်မင်နှင့် စကားပြောသည်။  မို့ရွှီတုန်း၏ ထောင့်မှကြည့်လျှင် မို့ရွှမ်မင်၏ မျက်နှာသည် မယုံနိုင်လောက်အောင် နူးညံ့နေပုံရသည်။  ပြီးတော့ ဒီလို စိတ်ပိုင်းဆိုင်ရာ ဆက်သွယ်မှုတွေက အချစ်ရှိတဲ့လူတွေမှာသာ ပေါ်လာလိမ့်မယ်။  မို့ရွှမ်မင်က ချင်းယွီဖန်ကို တကယ်ချစ်ခဲ့တာလား။

ဒီအတွေးက သူမစိတ်ထဲရောက်သွားတော့ တုန်လှုပ်သွားတယ်။  သူမ အလွန်ကြောက်လန့်သွားပြီး လက်သီးများကို တင်းတင်းဆုပ်ထားလိုက်သည်။ မင်းပြိုင်ဘက်ရဲ့ စစ်မှန်တဲ့စိတ်ကူးတွေကို မင်းမမြင်နိုင်တာက အကြီးမားဆုံး ကျရှုံးမှုပဲ။  သို့သော် ယခု ချင်းယွီဖန်၏ စိတ်ထဲတွင် ဘာဖြစ်နေသည်ကို သူမ နားမလည်နိုင်ခဲ့ပေ။

သူမ၏ အတိတ်ဘဝတွင်၊ ချင်းယွီဖန်သည် မို့ရွှမ်မင်ကို နက်နက်နဲနဲ ချစ်ခဲ့ပြီး သူတတ်နိုင်သမျှ ပေးခဲ့သည်ဟု သူမထင်ခဲ့သည်။  သူမသည် မို့ရွှမ်မင်မကြိုက်သောလက်ဆောင်အချို့ကိုပင် တစ်ခါတစ်ရံ ရရှိခဲ့သည်။  သူမသည် မို့ရွှမ်မင်နှင့် ချင်းယွီဖန်အတူတူ လမ်းလျှောက်သည်ကို အကြိမ်အနည်းငယ်တွေ့ဖူးသည်။  သူက ချောမောပြီး ချောမောလှပပြီး ချစ်ဖို့ကောင်းနေသည်.......

မို့ရွှမ်မင်က ချင်းယွီဖန်ကို လက်ထပ်ဖို့ ဘယ်တုန်းကမှ ကတိမပေးခဲ့သလို ချင်းယွီဖန်က သူမကိုသတ်နိုင်ဖို့အတွက် မို့ရွှီတုန်းကို ကူညီခဲ့တယ်။  နောက်ဆုံးတွင် မို့ရွှမ်မင်သည် မြိုးစား၏အိမ်တွင် လက်ထပ်ခဲ့သည်။  သူ့အကြံအစည်ကြောင့် သူမ အလွန်စိတ်ဆင်းရဲစွာ သေဆုံးသွားခဲ့သည်။  ဒါပေမယ့် သူမ မြင်တာက အစစ်အမှန်မဟုတ်တာ ဖြစ်နိုင်တယ်။

အခုတော့ သူတို့ရဲ့ အပြုအမူတွေကြောင့် ချင်းယွီဖန်ကို လေးလေးနက်နက် ချစ်ခဲ့တဲ့သူက မို့ရွှမ်မင်သာ ဖြစ်လိမ့်မည်။ သို့သော် ချင်းယွီဖန်သည် မို့ရွှမ်မင်ကို မချစ်ကြောင်းပြသကာ အလွန်တည်ငြိမ်ပြီး ဘာမှမထူးခြားပေ။

ဒါ ဘာမှားခဲ့လဲ။  ဒါသာမှန်ရင် သူမရဲ့ ဆင်းရဲနွမ်းပါးတဲ့ဘဝကို ခံစားရအောင် ချင်းယွီဖန်က ဘယ်အခန်းကဏ္ဍမ ပါဝင်ခဲ့တာလဲ၊  သူကဘာကြောင့် သူမကို အဆင့်ဆင့် ဖျက်ဆီးခဲ့တာလဲ...

သူမ၏ နှလုံးသားသည် အေးစက်ခြင်းများဖြင့် ပြည့်နှက်နေပြီး သူမအား တုန်လှုပ်သွားစေသည်။ ချင်းယွီဖန်ရဲ့ စရိုက်အစစ်အမှန်ကို တွေးကြည့်ရင် သူ့က မတတ်နိုင်သမျှ ဖျက်ဆီးပစ်လိမ့်မယ်မည့် လူစားမျိုးဖြစ်သည် ။

ယခု သူသည် မို့ရွှမ်မင်ကို မြို့စား၏အိမ်တွင်လက်ထပ်ရန် ကူညီပေးခဲ့သဖြင့် သူမကို မချစ်တော့သည်မှာ ထင်ရှားသည်။  ဒါပေမယ့် သူက မို့ရွှမ်မင်အတွက် သူမကို ထပ်ခါတလဲလဲ ကြံစည်ပြီး သတ်ပစ်ဖို့ ကြိုးစားတယ်...

မို့ရွီတုန်းက သူ့ကို ကြည့်နေတာကို သူ သတိထားမိပြီး ချင်းယွီဖန် က နောက်ပြန်လှည့်ပြီး သူမကို ပြုံးပြတယ်။  ဒီလို ဆိုးရွားလှတဲ့ ရှုတ်ထွေးမှုကို သူမ နားမလည်နိုင်ခဲ့ပါ။  ပြီးတော့ ချင်းယွီဖန်က ပြန်လှည့်လိုက်ပြီး မို့ရွှမ်မင်နဲ့အတူ ဇီးသီးပွင့်တွေကို သဘောကျစွာကြည့်နေသည် ။ ထိုနောက် သူက မိုယုဖန်နဲ့ ညင်သာစွာ စကားပြောပြီး ပြုံးနေပြန်သည်။

သူမသည် ထိုလူကို နားမလည်နိုင်သော်လည်း ခန့်မှန်းရပေမည်။ ဒီလိုမှမဟုတ်ရင် သူ့လက်ထဲမှာ သူမ ဘယ်အချိန်သေသွားမှန်းတောင် သူမ သိမှာမဟုတ်ဘူး ။ ချင်းယွီဖန်သည် သူမအတွက် ဖယ်ရှားရန် အရေးကြီးသော အတားအဆီးတစ်ခု​ဖြစ်သည် ။ 

"သခင်မလေး ၊ အဒေါ်ဖန်.... အဒေါ်ဖန် နေမကောင်းဘူး!" 

မို့ရွှီတုန်းသည်ပြန်သွားထိုင်ဖို့ အဆင်သင့်ဖြစ်တဲ့အခါ လမ်းရဲ့အဆုံးမှာ အိမ်ဖော်တွေဆီက အော်ဟစ်သံတွေ ထွက်လာတယ်။  အားလုံးက စကားတွေ ရပ်ပြီး အသံတွေ ထွက်လာတဲ့ လမ်းကြောင်းကို ကြည့်နေကြတယ်။  မို့ရွှမ်မင် နှင့် မိုယုဖန်သည် ဆိုးသွမ်းသော အပြုံးဖြင့် တစ်ယောက်ကိုတစ်ယောက် စိတ်လှုပ်ရှားစွာ ကြည့်နေသည်ကို မည်သူမျှ သတိမထားမိပေ။

"ဘာဖြစ်တာလဲ?" 

မို့ရွှမ်မင်သည် သူမ၏ ကျေနပ်မှုကို ဖုံးကွယ်ကာ အလျင်အမြန် ရှေ့သို့ လျှောက်သွားသည်။  သူမ ကြောက်ရွံ့မှုကြောင့် ခလုတ်တိုက်လုနီးပါးဖြစ်ပြီး ချင်းယွီဖန်က သူမကို ကယ်တင်နိုင်ခဲ့သည်မှာ ကံကောင်းပါသည်။ 

"ကိုယ်လုပ်တော် တစ်ခုခု ဖြစ်သွားပြီ၊ တတိယသခင်မလေးရဲ့.....ချင်ဝေ့ဥယျာဉ်မှာ ၊ အို... သခင်ကြီးလည်း ဒီမှာ ရှိနေတယ်.. ... ပထမသခင်မလေး အခု အဲဒီကို သွားမှဖြစ်မယ် !"  အိမ်အကူက မောဟိုက်နေပြီး အချက်အချာကျတဲ့ အချက်တွေကိုပဲ ပြောပြတယ်။ 

သူမ ပြောမပြီးခင်မှာ လူတိုင်းက ချင်ဝေ့ဥယျာဉ်ကို အပြေးအလွှားသွားကြတယ်။ မို့ရွီတုန်း သည် သူမ၏ အားနည်းသော ခန္ဓာကိုယ်ကြောင့် ဖြည်းညှင်းစွာ လျှောက်လာကာ မိုလန်၏ အကူအညီဖြင့် အဆုံးထိ လျှောက်သွားခဲ့သည်။ 

"စိတ်မပူပါနဲ့၊ အခွင့်အရေးရှိပါသေးတယ်။ အရာအားလုံးပြီးဆုံးတဲ့အထိ မင်းလက်မလွှတ်သင့်ဘူး"  တစ်နည်းနည်းနဲ့ ချင်းယွီဖန်က အဆုံးမှာ လမ်းလျှောက်ပြီး သူမကို ညင်သာစွာ ပြောလိုက်တယ်။ 

သူဘာလို့ဒီလိုစကားမျိုးပြောရတာလဲ၊ သူ၏ချောမောသော မျက်နှာကို မို့ရွှီတုန်းက မယုံကြည်နိုင်လောက်အောင် လှည့်ကြည့်လိုက်သည် ။ ရုတ်​တရက်​ ​မေ့​ပျောက်​​နေ​သော အမှတ်​တရ​ဟောင်း​လေး ​သူမစိတ်ထဲတွင် ပေါ်လာသည်​။  သူသည် သူမ၏နောက်ဆုံးဘဝတွင် လည်း အလားတူဝါကျကို ပြောခဲ့ဖူးပုံရသည်။  ဒါပေမယ့် ဘယ်အချိန်ကမှ သူမ မမှတ်မိဘူး။

ထိုစကားက စီမာလင်းရန်နဲ့ သူမ မတွေ့ခင်လား ၊ ဒါမှမဟုတ် မြို့စားရဲ့အိမ်ထဲဝင်ပြီးနောက်မှာလား....သူမ စိတ်ရှုပ်သွားပြီး အမှတ်တရတွေ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားသည်...

သူတို့ကြားက ဆက်ဆံရေးက ရန်သူတွေထက် ပိုနေပုံရတယ်.......

မဖြစ်နိုင်ဘူး ၊ သူမက ခေါင်းခါပြီး ဦးနှောက်ထဲက ရှုပ်ထွေးနေတဲ့ အမှတ်တရတွေကို ဖယ်ရှားဖို့ ကြိုးစားခဲ့တယ်။ သူမ မျက်လုံးကို တင်းတင်းမှိတ်ထားပြီး စိတ်ထဲတွင် ရှုပ်ထွေးမှုများကို တွန်းထုတ်လိုက်သည်။ လောလောဆယ် သူမ ဒီအရာကို စိတ်အနှောက်အယှက်မဖြစ်နိုင်သေးပါ ။

ချင်းယွီဖန်က ဒါကိုကြိုသိနေတာဖြစ်နိုင်ပြီး  သူမရဲ့အစီအစဉ်ကို ရှုပ်ထွေးအောင်လုပ်ဖို့ လာခဲ့တာ ဖြစ်ရမယ် ။  ဒီအတိုင်းပဲ ဖြစ်ရမယ်။ 

"မင်း နေမကောင်းဘူးလား။ စိတ်မပူပါနဲ့။" 

ချင်းယွီဖန်၏ နူးညံ့သိမ်မွေ့သော အသံနှင့် သူ့ပါးစပ်မှ မထင်မှတ်ထားသော စကားများကို သူမထပ် ကြားလိုက်ရသည်။ မို့ရွှီတုန်း မျက်လုံးပြန်ဖွင့်လိုက်သောအခါ သူမသည် သူ့ကိုယ်သူ ငြိမ်သက်သွားသည်။  သူမ၏ ရှည်လျားသော မျက်တောင်များ လှန်လိုက်ကာ သူမ၏ မျက်လုံးများတွင် အမှုန်အမွှားများ ရှိနေသည်။  ဖြူဖျော့လွန်းသော သူမ၏မျက်နှာသည် အံ့သြထိတ်လန့်မှုတို့ကို ပြသနေသည်။ 

"ကျေးဇူးတင်ပါတယ် ဝမ်းကွဲဖန် ၊ တို့... သွားကြည့်ရအောင်။" 

သူမသည် အလွန်ထိတ်လန့်သွားကာ မိုလန်၏လက်ကို အမြန်ဆွဲကိုင်လိုက်သည်။  ထို့ကြောင့် သူမသည် ရှေ့မှလူများကို အမှီလိုက်ကာ ချင်းယွီဖန်အကြည့်မှ လွတ်မြောက်နိုင်ခဲ့သည်။ 

သူမနောက်တွင် ချင်းယွီဖန်၏ မျက်လုံးများသည် အလွန်နက်နဲပြီး အေးစက်နေခဲ့သည်။ 

လူတိုင်း ချင်ဝေ့ ဥယျာဉ်သို့ အလျင်အမြန်သွားသောအခါ မို့ဟွာဝမ်သည် အခန်းထဲတွင် ထိုင်နေပြီဖြစ်သည်။  သူ့ဘေးမှာ အသက် 30 လောက်ရှိတဲ့ ဆေးသမားတော် တစ်ယောက်ရှိနေသည် ။ ထိုသမားတော်က ဖြူဖျော့သောမျက်နှာဖြင့် မျက်လုံးကိုတင်းတင်းမှိတ်ထားကာ အိပ်ရာပေါ်တွင် လဲလျောင်းနေသော အဒေါ်ဖန်အတွက် သွေးခုန်နှုန်းကို စမ်းသပ်ပေးနေသည် ။

ကုတင်ဘေးနားတွင် အဒေါ်ဖန်၏ အိမ်ဖော်များဖြစ်သော ကွေ့ဟွာ နှင့် ကွေ့ရိ တို့သည် စကားတစ်ခွန်းမှ မပြောဘဲ တုန်တုန်ယင်ယင် ဒူးထောက်ထိုင်လိုက်ကြသည်။

ဒီလိုအခြေအနေမျိုးမှာ ဝမ်မောင်နှမနှစ်ယောက်နဲ့ ချင်းယွီဖန် က ဆက်မနေနိုင်တော့ပါဘူး။ သူတို့ ခွင့်လွတ်မှုကိုတောင်းခံကာ နှုတ်ဆက်ထွက်သွားကြသည် ။

...............

ဒါလေး paid gp မှာ အစအဆုံးပြီးသွားပြီနော် ❤️❤️❤️
Paid gp အတွက် စုံစမ်းမေးမြန်းချင်တယ်ဆိုရင် message box ကိုလာခဲ့ပါရှင့်

Continue Reading

You'll Also Like

161K 25.5K 61
Name(s) Quick Transmigration Cannon Fodder's Record of Counter Attack Ning Shu 快穿之炮灰女配逆袭记 Author(s) Hen Shi Jiao Qing(很是矫情) E-translator(s) Butterfly...
69.4K 7.2K 70
Name - Delicate Female Supporting Role A and Tyrant Male Protagonist O Type - Web novel (CN) Genre - Comedy Drama Fantasy Mature Romance Tags - Beaut...
296K 40.8K 85
Name - My Husband With Scholar Syndrome Type - Web Novel (CN) Genre - Drama Romance Shoujo Slice of Life Author(s) Bạo Táo Đích Bàng Giải Grumpy Cra...
989K 76.5K 64
"မင်း သေချင်လို့လား" "ကျွန်တော် ချစ်ချင်တာပါ" My Own Creation (စကားအသုံးအနှုန်း 16+)🚨 CV photo by Pinterest