"မငိုနဲ့တော့လို့ ဖတ်စ်"
"အီးးးဟီးးးး အဟင့် ငါ....ငါကလေ....အီးဟီးးးး"
ထိုနေ့မနတ် ဖတ်စ်အားကျောင်းမှာမတွေ့၍ ဖုန်းဆက်ကြည့်တော့ ငိုယိုကာသူ့အိမ်ကိုလာဖို့ပြောလာသည့်ဖတ်စ်ကြောင့် ဘလ်လဲ ကျောင်းကနေအပြေး ဖတ်စ်စီလာခဲ့ရ၏။
သူ့နေတဲ့အဆောင်ကိုရောက်တော့ အခန်းကုတင်ပေါ်မှာငိုယိုနေသည့် ဖတ်စိအားတွေ့လိုက်ရပြီး သူအရမ်းကြိုက်ပါတယ်ဆိုသည့် ဂိမ်းစက်က်ုတောင် ဖျက်စီးထားလေသည်။
အမြဲပျော်ပျော်ရွှင်ရွှင်နှင့်စနောက်တတ်သည့်ထိုလလိုကောင်လေးကို အခုလိုအခန်းအောင်းပြီး စိတ်ဓာတ်ကျရလောက်တဲ့အထိလုပ်သည့်ကောင်အား ဘလ်တကယ်ကိုစိတ်တိုပါ၏။
"တော်ပါတော့ ဖတ်စ်ရယ်..အဲ့ကောင်အတွက်နဲ့ငိုမနေစမ်းပါနဲ့! မတန်ဘူး!"
"အဟင့်..ငါသူ့ကိုအရမ်းကြိုက်တာ မင်းလည်းသိတယ်လေ! အခုလိုရုတ်တရပ်ကြီး အကြောင်းအရင်းမရှိ ပိတ်ချလိုက်တော့ ငါကယီးသွားလုပ်ရမှာယားးး"
"ဟမ်..ဘာကိုပိတ်ချတာလဲ"
"ဂိမ်း ကုမ္ပဏီကိုလေ!! ငါအရမ်းကြိုက်တဲ့ဂိမ်း ကုမ္ပဏီကပိတ်ချလိုက်တော့ ဂိမ်းတွေလည်းဆော့လို့မရတော့ဘူး!! အီးးဟီးးးး"
"ဒါဆိုမင်းအခုငိူနေတာက အဲ့ဂိမ်းကြောင့်ပေါ့"
"အမ်းပေါ့!! တခြားဘာရှိလို့လဲ"
"ငါကမသိပါဘူး..မင်းကိုဆတ်စ်ကပစ်သွားလို့ငိုနေတာလားလို့"
"သေလိုက်ပါလားလို့!! အီးဟီးးး!"
^ တီ တီ တီ...^
ထိုအချိန် ဖတ်စ်စီဖုန်းဝင်လာတာကြောင့်ဖတ်စ်လဲငိုနေရင်းပဲကိုင်လိုက်၏။
"ဘာလဲ chimon! မင်းအကြာကြီးပျောက်သွားပြီး အခုမှဘာလို့ဆက်တာလဲ!!"
^ အိုက်ဖတ်စ်..မင်းအခု ဘန်ကောက်ဆေးရုံက်ုလာခဲ့ပါလား ^
"ဟမ်..ဘာဖြစ်လို့လဲ မင်းနေမကောင်းလို့လား"
^ မဟုတ်ဘူး..ငါ့အကိုဆေးရုံတင်ထားရလို့ ^
"အေးအေး..ငါအခုလာခဲ့မယ်"
ဖတ်စ်ဖုန်းအားအမြန်ချလိုက်ပြီးစောင်ပုံတွေထဲကထွက်ကာ အနွေးထည်နှင့်ပိုက်ဆံအိတ်အားလိုက်ရီာတော့၏။
"ဘာဖြစ်လိို့လဲ ဖတ်စ်"
"chimon အကိုဆေးရုံတင်ရလို့တဲ့"
"chimon အကိုရှိတယ်?"
"အင်း..မြန်မြန်ထ! ဘန်ကောက်ဆေးရုံကိုသွားမယ်"
ပြောပြီး အခန်းခဲကပြေးထွက်သွားတဲ့ ဖတ်စ်ကြောင့်ဘလ်ပါအသဲအသန်ပြေးလိုက်ရပြန်သည်။
.
.
.
.
"ဘယ်လိုဖြစ်တာလဲ chimon"
"ငါလဲမသိဘူး။ အကိုကအိမ်ပြန်မလာကြာပြီ..မနတ်ကမှငါ့စီဖုန်းဝင်လာလို့ကိုင်လိုက်တော့ ငါ့အကိုကားတိုက်ခံရလို့တဲ့..အခုအရေးပေါ်အခန်းထဲမှာ...အဟင့်"
ရုတ်တရပ်ငိုချလာသည့် chimon ကြောင့်ဖတ်စ်လည်း chimon အားဖတ်ကာကျောပြင်ကိုပွတ်ပေးရင်းချော့နေရသည်။
ခဏအနေမှာ အရေးပေါ်အခန်းတံခါးလည်းပွင့်လာခဲ့ပြီးဆရာဝန်တချို့ထွက်လာတော့၏။
"ဆရာ...ကျန်တော့အကိုအခြေအနေရော"
"အခုတော့အဆင်ပြေသွားပါပြီ။ လူနာကသွေးထွက်တော့လွန်သွားတာမို့အခုလောလောဆယ်မှာအားနည်းနေလိုက်မယ်။ သိပ်မကြာခင်တော့သတိရလာမှာပါ"
"ကျေးဇူးတင်ပါတယ် ဆရာရယ်"
ဆရာဝန်တွေထွက်သွားပြီး ဂျင်ကိုလည်း လူနာတင်ကုတင်နှင့် အရေးပေါ်ခန်းထဲမှခေါ်ထုတ်လာကြ၏။
chimon ကတော့အခုမှအငိုတိတ်ရှာသည်လေ။ ဟုတ်တော့လည်းဟုတ်သား။ chimon မှာငယ်စဥ်တည်းကမိဘတွေကိုဆုံးရုံးထားရတာ၊ အားကိုးအားထားစရာဆိုလို့လည်း ဂျင်တစ်ယောက်ပဲရှိသည်လေ။
"ငါတို့လိုက်သွားရအောင်လေ chimon "
ဘလ်စကားအား ဖတ်စ်လည်းထောက်ခံကာ chimon ကိုခေါ်ပြီး ဂျင်ကိုထားသည့်အခန်းစီသို့ထွက်လာခဲ့ကြ၏။
.
.
.
.
"ဘာလုပ်နေတာလဲကွာ......"
မန်းတစ်ယောက်အခုထိဖုန်းမကိုင်သေးပါသောချစ်ရသည့်သူငယ်ချင်းကြီး အတ်အားစိတ်ထဲမှကျိန်ဆဲနေတော့၏။
မနတ်စောစောစီးစီးဖုန်းဆက်နိုးကာ bar သို့လာခိုင်းသော်လည်း မန်းရောက်လာတော့ အတ်ဟာပေါ်မလာချေ။
ဖုန်းဆက်တော့လည်းစက်ပိတ်ထားပါသည်ဆိုတာချည်းပဲ။
"တွေ့မယ်! ညကျမှမင်းကိုအရေခွန်စုတ်ပစ်အုံးမှာ!"
"ဘယ်သူ့ကိုအရေခွန်စုတ်မလို့လဲ"
ရုတ်တရပ် မန်းကျောနောက်မှကပ်ကာနားနားသို့ကပ်ပြောလိုက်သောအသံကြောင့်လန့်ပြီးထိုက်နေရာက ထလိုက်မိသလိုတပြိုင်တည်းအနောက်ကိုပါလှည့်ကြည့်မိလိုက်၏။
"ခင်ဗျားဘယ်လိုလုပ်ရောက်လာတာလဲ"
ထိုအခန်းဟာ မန်းတို့အဖွဲ့အတွက်သီးသန့်အခန်း။ ကိုယ်ပိုင်ကတ်တွေပါမှဝင်လို့ရသည်။
သို့သော်ထိုလူဟာဘယ်လိုလုပ်ဒီအခန်းရောက်လာတာလဲ။ ဟိုနေ့ perth သူ့အားခေါ်လာတည်းက မန်းကြည့်နေမိတာ။ ထိုလူကရိုးရိုးသားသားတော့မဟုတ်။
မလည်ရှုပ်ပုံစံနှင့်ပင်။
"ဒီမှာလေ...အတ်စီကတောင်းလာတာ"
ထိုလူဟာ မန်းအားအတ်၏ဝင်ခွင့်ကတ်ကိုထောင်ပြလေတော့ မန်း၏ဒေါသတွေက အတ်စီအပုံလိုက်ကျသွားချေပြီ။
ဒါဆိုအခုချိန်ထိပေါ်မလာသေးတာထိုလူနဲ့နှစ်ယောက်တည်းရှိနေအောင်ကြံစည်ပေးလိုက်တာပေါ့လေ။ သစ္စာဖောက်ကောင်!
"အခုထွက်သွား"
"ဟင်..ဘာလို့လဲ ကိုယ့်ဆိုင်ကိုလာတဲ့ဧည့်သည်ကိုအဲ့လိုနှင်တာလား"
"ဟုတ်တယ်..ဒါငါ့ဆိုင်! ငါ့ဘာသာကြိုက်သလိုလုပ်လို့ရတယ်"
"ဟော..အတ်ပြောထားတာထက်တောင် ပိုစွာသေးပါလား"
"ချီးပဲ! အကုန်လုံးလိုက်ပြောပြနေတာအဲ့အတ်ကမင်းပထွေးလား!"
မန်းစိတ်တိုတိုနှင့်ပြောချင်ရာပြောလိုက်မိပြီးမှ သူနည်းနည်းအသံကျယ်သွားတာသတိရပြီးပါးစပ်ပြန်ပိတ်သွားချေ၏။
သို့သော်အခုထိအရှေ့ကလူမှာမျက်နှာပိုးမသေနိုင်သေးပေ။
"ခင်ဗျား.."
"ခင်ဗျား ခင်ဗျားနဲ့မခေါ်ပါနဲ့..ကို့ယ့်နမည်ကိုခေါ်လေ။ ဘာလဲမမှတ်မိဘူးလား။ ဒါဆိုပြန်မိတ်ဆက်ပေးမယ်...ကိုယ့်နမည်က တန်..အကိုတန်လို့လဲခေါ်လို့ရတယ်"
ဘယ်လိုလူလဲဗျာ..။ တော်တော်မျက်နှာပြောင်နိုင်တဲ့ကောင်!
မန်းတစ်ယောက်စိတ်ပျက်လက်ပျက်သာဆိုဖာပေါ်ပြန်ထိုင်ချလိုက်လေသည်။
..........
ဇာတ်ကသိမ်းတော့မယ်။ အခုထိသူတို့နှစ်ယောက်မညားနိုင်သေးလို့အတ်ကိုခုတုံးလုပ်လိုက်ရတာပါ။
အတ်လေးမှာလည်းအခုထိရည်းစားမရှိတေးဝူးဆိုတော့ အတ်ကိုဘယ်သူတွေများတာဝန်ယူချင်ပါသလဲရှင်😗
"ဟမ်..ဘာကိုပိတ်ချတာလဲ"
"ဒါဆိုမင်းအခုငိုနေတာက အဲ့ဂိမ်းကြောင့်ပေါ့"
^ တီ တီ တီ...^
^ အိုက်ဖတ်စ်..မင်းအခု ဘန်ကောက်ဆေးရုံက်ုလာခဲ့ပါလား ^
"အေးအေး..ငါအခုလာခဲ့မယ်"
"ဘာဖြစ်လို့လဲ ဖတ်စ်"
"chimon အကိုရှိတယ်?"
.
.
.
.
.
.
.
.
"ဘာလုပ်နေတာလဲကွာ......"
"အခုထွက်သွား"
"ခင်ဗျား.."
..........