"ကိုယ်လဲ ကလေး ကိုချစ်တယ်"
"ဗျာ.....အွန့်....."
ရုတ်တရက် ကြားလိုက်ရတဲ့ စကားက ကိုယ့်နားကိုယ်ပင်မယုံနိုင်။အံ့သြမှုနဲ့အတူ ခွန်းခက်ပိုင်ရဲ့ နှုတ်ခမ်းသားနုနုလေးတွေက စိုင်းမင်းခ နှုတ်ခမ်းလေးတွေနဲ့ ထပ်တူကျနေတော့သည်။
အချိန်ဘယ်ထိကြာမြင့်လဲ မသိပေမယ့်
ခွန်းခက်ပိုင် ဖယ်လိုက်တော့ အရှေ့က အကောင်ပေါက်လေးက ရီဝေနေတဲ့မျက်လုံးတွေနဲ့ ကြည့်နေတာကြောင့် နှုတ်ခမ်းသားမှ တစ်ဆင့် လည်ပင်းထက် အနမ်းရောက်ကာ ညှပ်ရိုးနုနုလေးနားအရောက် နမ်းရင်းနဲ့ Marking ရာပေးလိုက်တော့သည်။
"အာ့....ကိုကို နာတယ်"
"ကိုယ်...... "
"ကျွန်တော်ခွင့်ပြုတယ်"
ခွန်းခက်ပိုင် တွေးဆဆဟန်ပြောတော့ စိုင်းမင်းခက မဆိုင်းမတွ ပြန်ဖြေသည်။ခွန်းခက်ပိုင် ပြုံးလိုက်ပြီး စိုင်းမင်းခ နဖူးလေးကိုတောက်လိုက်တော့သည်။
"ဒီကောင်လေး အမြဲ ခွင့်ပြုနေတော့တာဘဲ
ဟား...ဟား....ကိုယ့်ကလေးက တကယ်ကို ဆယ်ကျော်သက်အရွယ်နဲ့ကို မကွာပါဘူးကွာ"
ခွန်းခက်ပိုင်က ရယ်ကာ ပြောတော့ စိုင်းမင်းခက တစ်ဖက်ကို လှည့်ကာ စိတ်ကောက်သည်။
"ဟွန့်........
ကျွန်တော် နှစ်ဆယ်ကျော်ပါပြီနော်"
"ဒါက စိတ်ဆိုးတာလား"
"ဘာလို့ဆိုးရမှာလဲ မဆိုးပါဘူး
ဆိုးစရာလဲ မလို အင့်...."
စိုင်းမင်းခ တစ်ဖက်လှည့်တော့ ခွန်းခက်ပိုင်က
စိုင်းမင်းခ ကိုယ်ကို ခါးမှတစ်ဆင့်ပွေ့လိုက်ပြီး
ပေါင်ပေါ်တင်လိုက်ကာ ခါးကို ဖက်ထားလိုက်တော့သည်။နှစ်ယောက်သားနီးကပ်မှုက
ခွန်းခက်ပိုင်ရဲ့ အသက်ရှူသွင်းရင်း ထုတ်တဲ့လေပြေနုနုက စိုင်းမင်းခ လည်ပင်းထက် ဝှေ့တိုက်လို့နေတော့သည်။
" ကိုကို "
"ကိုယ် အရမ်းလွမ်းနေခဲ့တာ
သုံးလေးနှစ် အချိန်အတွင်းမှာ ကိုယ့်ကိုမေ့သွားမှာကို အရမ်းကြောက်နေခဲ့တာ ကိုယ့်ကို မေ့သွားပြီး အသစ်တစ်ယောက်ကိုတွေ့မှာ ကိုယ့်ကိုမချစ်တော့မှာ....ဟင့်အင်း.....ကိုယ့်အချစ်ကိုလက်မခံတော့မှာကို ကိုယ်အရမ်းကြောက်နေခဲ့ရတာ"
"ကျွန်တော်က အစတည်းက ကိုကို့လူဘဲလေ"
"ဒီတစ်ခါတော့ ဒီတစ်ခါတော့ တကယ်
ကိုယ် ကလေးနားကနေမခွာတော့ဘူး ကိုယ်ကလေးကိုချစ်တယ် ကိုယ်တို့ စေ့စပ်ပြီးတဲ့အချိန်တည်းက ဟင့်အင်း မဟုတ်သေးဘူး Uncle မိတ်ဆက်ပေးတည်းက စသဘောကျခဲ့ရတာ
ဒီဆံကေသာတွေကို ကိုယ် တကယ်မြတ်နိုးခဲ့ရတာ ကိုယ်......ကိုယ်တကယ်ကို မြတ်နိုးရပါတယ်ကလေးငယ် ကိုယ်ဆိုတဲ့ ခွန်းခက်ပိုင်က စိုင်းမင်းခ ဆိုတဲ့ကလေးငယ်ကို အသက်နဲ့ထပ်တူ မြတ်နိုးစွာ ချစ်ရပါတယ်"
ပြောပြီးတာနဲ့ ခွန်းခက်ပိုင်က စိုင်းမင်းခရဲ့ နဖူးပြင်လေးကို ခပ်ဖွဖွလေးနဲ့ ကြင်နာစွာ အနမ်းပေးသည်။စိုင်းမင်းခက ထိုအနမ်းခံယူရင်း ပြုံးမိသည်။လက်ချောင်းလေးတွေကတော့ သူသိပ်လွမ်းနေရတဲ့ သူ့ရှေ့ကလူရဲ့ မျက်နှာပေါ်မှာပင်။
"ကိုကို"
"ဗျာ"
"ကိုကို့အသက်က ၃၂ ကျွန်တော့်အသက်က
၂၃ ၁၀ နှစ်ကျော်လောက်ကွာဟတဲ့ Rs က ရေရှည်မှာအဆင်ပြေမယ်ထင်လားဟင်"
"ကိုယ် ကလေးကို ယုံတယ်"
"အင်း ကျွန်တော်ရောဘဲ"
*အသက်ရွယ်က အဓိက မှမဟုတ်ဘဲ
စိုင်းမင်းခဆိုတဲ့လူသားက ခွန်းခက်ပိုင်ဆိုတဲ့လူသားကလွဲရင် ကျန်တဲ့သူဆိုတာဘားမှမှမဟုတ်ဘဲ အသက်ရွယ်နည်းနည်းကြီး သူ့ထက် ပါးသိုင်းမွှေးနည်းနည်းလေးသာများရုံသာ။ဒါပေမယ့် ခွန်းခက်ပိုင်က နှုတ်ခမ်းမွှေးမရှိ။အမြဲရိတ်ထားတာကြောင့် တစ်ခါတစ်လေ အမွှေးနုနုလေးတွေသာ။သူကတော့ဘာဘဲ ဖြစ်စေဖြစ်စေ ခွန်းခက်ပိုင်ဆိုတဲ့လူသားနဲ့ပတ်သက်ကြည့် ဘာမဆိုအကုန်လက်ခံပြီးချစ်ဖို့အဆင်သင့်ပင်။*
"မနက်ဖြန် အင်တာဗျူးအတွက်က အဆင်သင့်ဘဲလား"
"ဟုတ်ကဲ့ကိုကို"
"ပြောရအုန်းမယ်
ကလေးက ဘယ်အပိုင်းမှာလုပ်ချင်တာလဲ
အဆင်ပြေမယ်ဆိုရင် ကိုယ့်အတွင်းရေးမှူးနေရာမှာလာလုပ်ပါလား လူလိုနေတာနဲ့အတော်ဘဲ"
"ဟမ်"
ခွန်းခက်ပိုင် ပြောတော့ စိုင်းမင်းခက ကြောင်အမ်းအမ်းလေးပင်။
"ဘာတွေကြောင်နေသလဲ ကလေး
အဲ့ကုမ္ပဏီကလဲ ကိုယ့် အပိုင်ဘဲလေ
Daddy က အကုန်လုံးကို ကိုယ့်နာမည်နဲ့လုပ်ပေးသွားတာ"
"ကိုကို"
စိုင်းမင်းခက လေသံဖျော့ဖျော့လေးခေါ်တော့ ခွန်းခက်ပိုင် ထူးတဲ့အကြည့်လေးနဲ့ မျက်ခုံးလေး
ပင့်ပြသည်။
"ကိုကိုတို့ က ဘယ်လောက်တွေတောင်ချမ်းသာနေကြတာလဲ ပြောစမ်းပါအုန်း"
"အင်း အဲ့တာတော့ကိုယ်လဲ မသိဘူး ကိုယ့် Daddy ရဲ့ Daddy တွေတည်းက အဆက်ဆက်ချမ်းသာတာထင်တယ် ဘာလို့ဆို Daddy တို့
မဂ်လာဆောင်တုန်းက ကိုယ့်ဘိုးဘိုးကသဘောမတူဘူးလေ အဲ့တာနဲ့ဘဲ Daddy နဲ့ Mommy က ကွာရှင်းလိုက်ကြတာ"
"အရမ်းပင်ပန်းခဲ့တယ်မလား"
"အင်း ဒါပေမယ့် အခုတော့ ကိုယ့်ဘေးနားမှာ
စိုင်းမင်းခ ဆိုတဲ့ ကိုယ့်ကလေးလေး ရှိနေပြီလေ
ကိုယ့်အတွက် အရာရာပြည့်စုံနေပါပြီ"
ခွန်းခက်ပိုင် ပြောတော့ စိုင်းမင်းခက ခွန်းခက်ပိုင် မျက်နှာလေးကို နူးညံ့စွာကိုင်သည်။
"ကိုကို ကျွန်တော့်ပါပါးတုန်းကလဲ တော်တော်ကုန်သွားတာသိတယ် ပြီးတော့ အခု
အခုပါပါးက အဲ့မူးယစ်ဆေးဝါးလုပ်ငန်းကို စွန့်လွှတ်လိုက်ပေမယ့် အရင်ကအလုပ်တွေနဲ့ ဖမ်းရင်ဖမ်းလို့ရသေးတယ် ဒါပေမယ့် သတင်းတွေက နေ့ချင်းညချင်းပျောက်ပြီးတော့ အခုလုပ်ငန်းတွေက နဂိုထက်တော်တော်အဆင်ပြေနေတာ
အစက မာယာနွယ်ရဲ့အဖေကြောင့်လို့ထင်ထားတာ အခုသူ့အဖေကလဲလာဘ်စားလို့ရာထူးကအနားယူခံထားရတာဆိုတော့ ဒါတွေအကုန်လုံးကို နောက်ကွယ်ကနေ ပိုက်ဆံသုံးပြီး အကုန်ဖြေရှင်းပေးနေတာက ကိုကိုလား"
စကားကို တရစပ်ပြောလာတဲ့ ေကာင်လေးကို သူပြန်မဖြေဘဲ ခေါင်းလေးသာ တစ်ချက်ငြိမ့်ပြပါသည်။
ခွန်းခက်ပိုင် ခေါင်းငြိမ့်ပြတော့ စိုင်းမင်းခက
ခွန်းခက်ပိုင် ကိုဖက်လိုက်ပြီး မျက်ရည်လေးတွေက တရစပ်စီးဆင်းလာတော့သည်။
"ဟင့်....ကိုကိုလဲ......ကိုကိုလဲ အများကြီးပင်ပန်းခဲ့ပြီမလား"
"မဟုတ်တာ...."
"ကျေးဇူးတင်ပါတယ် ကိုကို"
ငိုနေတဲ့ကောင်လေးကို ခွန်းခက်ပိုင် နှစ်သိမ့်ပေးလိုက်တော့သည်။
"ကိုယ်ချစ်တဲ့လူအတွက်ဘဲ ပိုက်ဆံက အဓိကမဟုတ်ပါဘူး"
"ဟင့်...."
"ကဲ မနက်ကျရင်သာ ကိုယ့်အတွင်းရေးမှူးလုပ်ဖို့လုပ်ထား"
"ဟင့်အင်း အောက်ခြေကနေဘဲစမယ်
အင်တာဗျူးမဖြေတော့ဘူး ကျွန်တော်က
တော်ပြီးသားဆိုတော့ တန်းအောင်မှာဘဲမလား"
"ဒါပေါ့ဗျာ ကိုယ့်ကလေးလေးသာ အတော်ဆုံး"
"ဟီး...."
ထိုနေ့လေးကတော့ စိုင်းမင်းခ အတွက် ကံကောင်းခြင်းတွေနဲ့အတူ သူချစ်ရတဲ့သူကိုပါ ပြန်ခေါ်လာတဲ့ နေ့လေးပင်ဖြစ်သည်။
***********************
"စိုင်း ထလို့ရပြီ "
"ဟင့်အင်း"
"ကဲ ကလေး......"
"အင်း ကိုကိုကလဲ ညက One Piece အပိုင်းသစ်ကြည့်ထားလို့ ညဥ့်နက်မှအိပ်မိတာကို မသိတာကျနေတာဘဲ နည်းနည်းအိပ်အုန်းမယ်"
အိပ်နေတဲ့သူကိုနှိုးတော့ တစ်ဖက်လူက မထဘဲ ငြီးတွားရင်းပြန်ပြောသည်။
"အခုမှမထရင် ကလေး အလုပ်နောက်ကျတော့မှာနော် "
"ဟမ်....."
ပြောလဲပြောရင်း စိုင်းမင်းခ ကုန်းထကာ တဘတ်ကိုဆွဲပြီး ရေချိုးခန်းထဲတန်းဝင်သည်။ရေချိုးပြီးတာနဲ့ ရေစက်လက်နဲ့ ထွက်လာကာ အဝတ်ရှာရင်းဗျာများ နေတော့သည်။
"ကိုကို ကျွန်တော်စားဖို့
တစ်ခုခုလုပ်ပေးထားပါအုန်း "
"ကိုယ် ခေါက်ဆွဲကြော် လုပ်ပေးထားတယ်"
"ဘယ်နှစ်နာရီရှိပြီလဲ "
"7 နာရီ"
"ဟမ်"
ခွန်းခက်ပိုင် ပြောအပြီး စိုင်းမင်းခက သက်ပြင်းချကာ အဝတ်ရှာနေတာကို ရပ်ရင်း ခွန်းခက်ပိုင်ဆီပြေးသွားတော့သည်။
"အလုပ်က ၉ နာရီမှလေ
အစောကြီးရှိသေးတာကို သူများအိပ်နေတာကို
ဘာလို့နှိုးတာလဲ"
"ကိုယ်က အလုပ်သမားဘဲ
စောစောသွားမှကောင်းမှာပေါ့"
"ကိုကိုကျတော့ရော....."
ခွန်းခက်ပိုင် အပြောကို စိုင်းမင်းခက တစ်ဖက်
လှည့်ရင်း စိတ်ဆိုးကာ ခြေပသည်။
"ကိုယ်က CEO လေ ဝန်ထမ်းမှမဟုတ်ဘဲ
နောက်ကျလဲအရေးလား"
"အဲ့တာဆို ကျွန်တော်လဲ CEO ခင်ပွန်းဘဲ
နောက်ကျလဲ အရေးလား"
"ဟား....ဟား......
ဒီကလေး တကယ်မနိုင်စိန်
ကိုယ့်ခင်ပွန်းလို့ပြောရအောင် ကိုယ်နဲ့ ကလေးက
လက်ထပ်ပြီးပြီမို့လား"
"ကိုကို့......"
ခွန်းခက်ပိုင်က စနောက်ကာ ပြောပေမယ့်
စိုင်းမင်းခ ကတော့ဝမ်းနည်းသည့်ပုံစံဖြင့်
ခေါ်လိုက်တော့သည်။
"ကိုယ်က စတာပါကွာ သွားအကျီ်သွားဝတ်
ကိုယ် Dryer မှုတ်ပေးမယ်"
"အင်း"
စိုင်းမင်းခ တစ်နေ့က ခွန်းခက်ပိုင် သူ့အတွက်ဝယ်ပေးတဲ့ အကျီ်နဲ့ ဘောင်းဘီကိုသာ ဝတ်လိုက်ပြီး ကုတင်ထက်မှာထိုင်လိုက်တော့သည်။
အလိုက်သိတဲ့လူကြီးကတော့ ဘားမှမပြောဘဲ Dryer ကြိုးကို ထိုင်နေတဲ့သူအထိဆွဲကာ
မငြိုမငြင်မှုတ်ပေးသည်။
"ကိုယ့်ကလေးရဲ့ ဆံပင်ရှည်တွေက တကယ်
လှတယ် "
"ကျွန်တော့်ဆံပင်တွေကိုသဘောကျတာလား"
"အင်း မြတ်နိုးတာ"
!မြွက်စ်!
စိုင်းမင်းခ ကရုတ်တရက်ဆန်စွာ ပါးလေးကိုနမ်းလိုက်ပြီးနောက် ဖုန်းပြန်ကြည့်လိုက်တော့သည်။
မနက်ခင်းမှာ ကောင်လေးနှစ်ယောက်က အပြုံးကိုယ်စီဖြင့် ရှိနေလေတော့သည်။
***************************
စိုင်းမင်းခက ၈ နာရီခွဲတာနဲ့ အိမ်ကနေထွက်လိုက်ပြီး ပေါ့ပါးစွာပင် ကုမ္ပဏီကို လမ်းလျှောက်ရင်းသာ ထွက်လာသည်။
ပထမဆုံး Apa ကုမ္ပဏီကို ရွေးလိုက်ခြင်းက အိမ်နဲ့နီးသည့်အချက်ကြောင့်ပင်။၁၅ မိနစ်လောက်လမ်းလျှောက်ပြီးတာနဲ့ ကုမ္ပဏီကိုရောက်သည်။အထပ် ၁၁ လွှာတက်မယ့် ဓာတ်လှေကားကို နှိပ်ရင်း စောင့်သည်။၁၁ လွှာကိုရောက်တော့
Counter ဆီကိုသွားလိုက်ပြီး ခွန်းခက်ပိုင်ပေးတဲ့ စာရွက်ကိုပြသည်။
"(ခဏလောက် စောင့်ပေးပါနော်
Kha San ရဲ့ဋ္ဌာနချုပ်က
လူကိုသွားခေါ်ပေးပါ့မယ်)"
"(ဟုတ်ကဲ့)"
ဂျပန်မလေးထွက်သွားတော့ စိုင်းမင်းခက
ဧည့်သည့်စောင့်တဲ့နေရာမှာ ဝင်ထိုင်သည်။
ခဏကြာတော့ ထွက်လာတဲ့ကောင်မလေးနှစ်ယောက်က ဂျပန်လိုတီးတိုးပြောတာကို မထင်မှတ်ဘဲ ကြားလိုက်ရပါသေးသည်။
"(ငါတို့ဋ္ဌာနကို နောက်ခံနဲ့ ဝင်လာတဲ့ တစ်ခြားတစ်ယောက် ရောက်လာအုန်းမယ်တဲ့ Anni San လို လူမျိုးမဖြစ်ပါစေနဲ့လို့ဘဲ ဆုတောင်းရမယ်)"
"(ဟုတ်ပါ့ ဟုတ်ပါ့ သူက သူ့အကိုက မန်နေဂျာဆိုလား အဲ့တာမို့ ဋ္ဌာနမှူးနေရာ ရနေတာပေါ့)"
"(ဟုတ်မယ်)"
စိုင်းမင်းခ ကြည့်နေတဲ့ ဖုန်းကို ပိတ်လိုက်ပြီး
သက်ပြင်းချလိုက်တော့သည်။
"ဟူး......
ဂျပန်တွေနဲ့လဲ တကယ်ခက်ပါပြီလား "
ခဏကြာတော့ လာခေါ်တဲ့ ကောင်မလေးနဲ့
စိုင်းမင်းခလိုက်သွားလိုက်သည်။သူ့အပြင်
တစ်ခြားတစ်နေရာမှာထိုင်နေတဲ့ ကောင်မလေးရောပေါ့။
"ငါလဲ မြန်မာဘဲ"
"အော် ဟုတ်ကဲ့"
လမ်းသွားရင်း နှုတ်ဆိတ်တဲ့ကောင်မလေးကို
စိုင်းမင်းခ အလိုက်သိပြန်လည်နှုတ်ဆက်လိုက်သည်။ထို့နောက် ဋ္ဌာနမှူးဆိုသည့် အမျိုးသမီးနဲ့တွေ့ကာ လုပ်ရမယ့်နေရာနဲ့ တာဝန်တွေကို ခွဲပေးသည်။
လုပ်ရမယ့်အလုပ်သဘောတရားကို စိုင်းမင်းခ ကြည့်ပြီးနဲ့ ဖော်မြူလာတွေကို အသုံးချကာ ခဏလေးနဲ့ အလုပ်တွေကပြီးသွားတော့၏။သူ့ဘေးနားက အတူတူဝင်တဲ့တစ်ယောက်ကတော့ အူတူတူဖြင့်အခုထိပင်မပြီးသေးပင်။
"ကျွန်တော်ဘာကူညီပေးရမလဲ"
"ဟမ်"
"ကိုယ့်လူမျိုးအချင်းချင်းဆိုတဲ့ ကျွန်တော်တတ်နိုင်တာရှိရင်ပြောပါ ကူညီပေးပါ့မယ်"
"မဟုတ်တာ မဟုတ်တာ ရ....."
"(ဟိတ် လူသစ်နှစ်ယောက် အလုပ်ချိန်မှာ စကားမပြောကဘူး ဆိုတာ မသိဘူးလား)"
ထိုချိန်အနောက်ကနေ ဝင်ပြောလာတဲ့ ဋ္ဌာနမှူးကြောင့် စိုင်းမင်းခ သက်ပြင်းချကာပြန်ပြောလိုက်တော့သည်။
"(သူမ နားမလည်တာပြောပြမလို့)"
"(နင့်အလုပ်ပြီးပြီလား)"
ထိုဂျပန်မပြောတော့ စိုင်းမင်းခ က သူလုပ်ပြီးတဲ့ File ကိုပြသည်။
"(Print ထုတ်ပြီးရင်ပြီးပြီ)"
"(အဲ့တာဆိုရင် ကုမ္ပဏီရဲ့ သုံးနှစ်စာ စာရင်းတွေကို နင်လုပ်လိုက်)"
"(ဟမ်....)"
သူ့ဆီကိုပစ်ပေးတဲ့ File ကိုစိုင်းမင်းခ ကြည့်လိုက်တော့ တာဝန်ယူရမယ့်လူရဲ့နာမည်က Annita Rai ဆိုသည့် ဋ္ဌာနမှူးနာမည်နဲ့ပင်။
"(ဒါကငါ့တာဝန်မှမဟုတ်ဘဲ)"
"(ငါက ဒီနေရာရဲ့ ဋ္ဌာနမှူး ငါပြောရင် နင်လုပ်ကိုလုပ်ရမယ် အလုပ်မပြုတ်ချင်ရင် ငါပြောတာလုပ်လိုက် အခုမှအသစ်ဝင်ပြီးတော့ ငါ့ကိုအာခံချင်မနေနဲ့)"
"ထားလိုက်ပါတော့ အခုမှစလုပ်တဲ့နေ့ကို ပြဿနာမဖြစ်နဲ့တော့"
ဘေးနားကနေ ထိုကောင်မလေးပြောမှ စိုင်းမင်းခက စိတ်လျှော့လိုက်ပြီး သူပြောတဲ့ File ကိုယူကာ
သုံးနှစ်စာ စာရင်းကို Excel ဖြင့်စာရင်းတွက်ရင်း
လုပ်သည်။
ည ၈ နာရီရောက်တော့ အလုပ်ဆင်းဖို့ပြင်သည်။
"ကျွန်တော်အလုပ်ဆင်းတော့မယ်"
"အင်း"
"သြော် ဒါနဲ့ နာမည်က...."
"မေသီရိပါ"
"ဟုတ်ကဲ့ ကျွန်တော်စိုင်းမင်းခပါ"
"ဟုတ်"
"အဲ့တာဆို မနက်ဖြန်မှတွေ့မယ်နော်"
"အင်း တာ့တာ"
စိုင်းမင်းခ မေသီရီကို နှုတ်ဆက်ပြီးတာနဲ့ ဖိုင်နဲ့ကွန်ပျူတာကိုသေချာပိတ်ကာ ပြန်ဖို့လုပ်သည်။
"(ဒါကဘယ်လဲ)"
စိုင်းမင်းခ တံခါးဝနားရောက်တော့ နေ့ခင်းက ဋ္ဌာနမှူးက သူ့ဆီလာပြောသည်။
"( 8 နာရီလေ ရုံးဆင်းလို့ရပြီဟုတ်)"
"(မင်းက အခုမှအလုပ်စဆင်းတဲ့သူမလား
မင်းရဲ့ စီနီယာတွေတောင် မပြန်သေးတာ
မင်းကပြန်သင့်တယ် ထင်သလား)"
"(ထင်တယ်
သူတို့က သူတို့ဘာသာအလုပ်မပြီးသေးလို့မပြန်ရတာလေ ကျွန်တော်ကအလုပ်ပြီးပြီ ပြန်လို့ရပြီပေါ့ ပြီးတော့ အလုပ်ဆင်းချိန်က ညနေ ၆ နာရီပါ ၂ နာရီတောင်အချိန်ပိုဆင်းပေးထားတာ တော်ကောပေါ့ ပထမဆုံးဆင်းတဲ့နေ့မှာ နားခွင့်လေးတော့ပေးအုန်း)"
"(မင်း မင်း မင်း မနက်ဖြန် အလုပ်လာစရာမလိုတော့ဘူး ငါမင်းကိုအလုပ်ထုတ်တယ်)"
"(မင်းမှာ ထုတ်ပိုင်ခွင့်ရှိသလား)"
"(နောက်ခံအားကိုးနဲ့ ဝင်လာတယ် ဆိုပြီး ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့ ပြောစမ်း မင်းနောက်ခံကဘယ်သူလဲလို့ ဒီကုမ္ပဏီမှာ ငါ့ အကိုက ရာထူးအကြီးဆုံးဘဲ ငါတစ်ခွန်းပြောတာနဲ့ မင်းကိုအလုပ်ဖြုတ်ပစ်လိုက်လို့ရတယ် ရှင်းလား)"
"(အဲ့တာဆိုရင် အရင်ဆုံး မင်းငါ့နောက်ခံကို
စုံစမ်းလိုက် အခုတော့ မင်းလို မိန်းကလေးတစ်ယောက်နဲ့ စကားပြောဖို့ အချိန်မရှိဘူး အိမ်မှာ
ငါ့ကိုစောင့်နေတဲ့ သူ ရှိတယ်)"
ပြောပြီးတာနဲ့ စိုင်းမင်းခက ပုခုံးကိုတိုက်လိုက်ပြီး
ထွက်သွားလိုက်တော့သည်။ကျန်ခဲ့တဲ့ ဋ္ဌာနမှူးကတော့ဒေါသကြီးစွာဖြင့်ပေါ့။ထို့အပြင် ရုံးထဲက မေသီိရိကလဲ စိုင်းမင်းခပြောသွားသမျှကို ကြည့်ရင်းအားကျကာ အလုပ်လုပ်ရင်း စကားသဲ့သဲ့လေးပြောသည်။
"သေချာတယ် ဒီလိုကောင်လေးမျိူးက Seme ကိုဖြစ်သင့်တာ"
*************************
"ကိုကို ကျွန်တော်အလုပ်ပြုတ်လာပြီ"
"ဘာ"
___________________________
14.05.2023 ( Sun) 9:30 P.M& 7:00 P.M
#hosy
တစ်ပတ်နှစ်ပိုင်းတင်နေပါပြီနော်
နောက်အပတ်ဆိုရင်တော့ဟီး.....💖
(Zaw Gyi)
"ဗျာ.....အွန့်....."
"အာ့....ကိုကို နာတယ်"
"ကိုယ်...... "
"ဟွန့်........
"ဒါက စိတ်ဆိုးတာလား"
ဆိုးစရာလဲ မလို အင့်...."
" ကိုကို "
ဒီဆံကေသာတွေကို ကိုယ် တကယ်မြတ်နိုးခဲ့ရတာ ကိုယ်......ကိုယ်တကယ်ကို မြတ်နိုးရပါတယ်ကလေးငယ် ကိုယ်ဆိုတဲ့ ခွန်းခက်ပိုင်က စိုင်းမင်းခ ဆိုတဲလကလေးငယ်ကို အသက်နဲ့ထပ်တူ မြတ်နိုးစွာ ချစ်ရပါတယ်"
"ကိုကို"
"ဗျာ"
"ကိုယ် ကလေးကို ယုံတယ်"
"အင်း ကျွန်တော်ရောဘဲ"
"ဟုတ်ကဲ့ကိုကို"
"ပြောရအုန်းမယ်
"ဟမ်"
"ကိုကို"
ပင့်ပြသည်။
စကားကို တရစပ်ပြောလာတဲ့ ကောင်လေးကို သူပြန်မဖြေဘဲ ခေါင်းလေးသာ တစ်ချက်ငြိမ့်ပြပါသည်။
"မဟုတ်တာ...."
"ဟင့်...."
"ဟီး...."
***********************
"စိုင်း ထလို့ရပြီ "
"ဟင့်အင်း"
"ကဲ ကလေး......"
"ဟမ်....."
"ဘယ်နှစ်နာရီရှိပြီလဲ "
"7 နာရီ"
"ဟမ်"
"အလုပ်က ၉ နာရီမှလေ
ဘာလို့နှိုးတာလဲ"
"ကိုယ်က အလုပ်သမားဘဲ
"ကိုကိုကျတော့ရော....."
နောက်ကျလဲအရေးလား"
နောက်ကျလဲ အရေးလား"
"ဟား....ဟား......
"ကိုကို့......"
ခေါ်လိုက်တော့သည်။
"အင်း"
လှတယ် "
"အင်း မြတ်နိုးတာ"
!မြွက်စ်!
***************************
"(ဟုတ်ကဲ့)"
"(ဟုတ်မယ်)"
"ဟူး......
"ငါလဲ မြန်မာဘဲ"
"အော် ဟုတ်ကဲ့"
"ဟမ်"
"မဟုတ်တာ မဟုတ်တာ ရ....."
"(နင့်အလုပ်ပြီးပြီလား)"
"(ဟမ်....)"
လုပ်သည်။
"အင်း"
"သြော် ဒါနဲ့ နာမည်က...."
"မေသီရိပါ"
"ဟုတ်"
"အင်း တာ့တာ"
"(ဒါကဘယ်လဲ)"
"(ထင်တယ်
"သေချာတယ် ဒီလိုကောင်လေးမျိုးက Seme ကိုဖြစ်သင့်တာ"
*************************
"ဘာ"
___________________________
#hosy