နှလုံးသားနီးနီး...စည်းပါးပါး(...

Por ThetThentYaungChel

98.3K 2.6K 35

စက်ဝန်းအလွန်+အနှစ်သာရ အနှစ်အတွက်တော့ ကိုကိုက အရာအားလုံးရဲ့ပထမ... Start date - Dec 25.2022 End date - May 25.2... Mais

ဇာတ်လမ်းမိတ်ဆက်
Part(1)
Part(2)
Part(3)
Part(4)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part(16)
Part(17)
Part(18)
Part(19)
Part(20)
Part(21)
Part(22)
Part(23)
Part(24)
Part(25)
Part(26)
Part(27)
Part(29)
Part(30)
Part(31)
Part(32)
Part(33)
Part(34)
Part(35)
Part(36)
Part(37)
Part(38)
Part (39)
Part(40)
Part(41)
Part(42)
Part(43)
Part(44)
Part(45)
Part(46)-end

Part(28)

1.4K 49 1
Por ThetThentYaungChel

🌺နှလုံးသား နီးနီး...စည်းပါးပါး🌺

Part(28)

"စက်ဝန်း အနှစ်သာရမှာ ချစ်သူရှိခဲ့ဖူးတာ သိလား..."

တံတိုင်းတည်တံ့ကပြောစရာရှိတယ်ဆို၍ စက်ဝန်းတွေ့ဖို့လက်ခံလိုက်တာ။ ပြောလာသည့်အရာက အနှစ်အကြောင်းဖြစ်နေ၏။

စက်ဝန်းရှေ့မှ တံတိုင်းတည်တံ့ကို ရှူတည်တည်ဖြင့်ကြည့်ကာ အရေးမစိုက်သလိုပုံစံဖြင့်...

"အတိတ်မှာ လူတိုင်း အမှားနဲ့မကင်းဘူး တံတိုင်းတည်တံ့"

"ဒါပေမဲ့ အနှစ်သာရတွဲခဲ့ မဟုတ်ဘူး ကြိုးရှည်ရှည်လှန်ခဲ့တဲ့သူက နယ်နယ်ရရမဟုတ်ဘူးနော်"

"လူမိုက်လား...မဟုတ်ရင် သမ္မတသားတို့‌၊ပါချူပ်သားတို့လား"

"တို့အတည်ပြောနေတာ"

"မင်း ဟာသလုပ်နေတာလား"

"တည်တံ့အတည်ပြောနေတာ"

သေချာပိုင်နိုင်စွာပြောဆိုနေသည့် တံတိုင်းတည်တံကြောင့် စက်ဝန်းမျက်ဝန်းတို့သည် စူးရှခြင်းမှ‌တွေဝေခြင်းတို့အသွင်ပြောင်းသွားသည်။

"ကိုမိုးမြတ်ယံရဲ့ချစ်သူက အနှစ်သာရပဲ"

"မင်း! ဘာပေါက်ကရတွေပြောနေတာလဲ"

"တို့တစ်ကယ်ပြောတာ စက်ဝန်း...တို့က ကိုမိုးမြတ်ယံရဲ့ဇနီးလောင်းနဲ့ခင်တယ် အဲ့စက်ဝန်းလည်းသိလောက်မယ် သူ့နာမည်က ရဝေသော်လေ သူကိုယ်တိုင်ပြောပြတာ နားလည်မှုနဲ့တည်ဆောက်ရမဲ့အိမ်ထောင်ရေးမို့ အကုန်လုံးပွင့်ပွင့်လင်းလင်းပြောထားကြတာတဲ့"

"ဒါကို အခုမှဘာလို့လာပြောနေရတာလဲ"

"တို့လည်း အခုမှစကားစပ်မိရင်းကြားလာတာ...အစကနာမည်တူနေတယ်ထင်တာ ဓာတ်ပုံပြမှ အနှစ်သာရမှန်းသိတာ မထင်ထားတဲ့အရာမို့ တို့တောင် အတော်ရှော့ရသွားသေးတယ်"

"မင်း ဒါကိုဘာလို့ငါ့ကိုလာပြောပြနေတာလဲ"

"ရှင့်ကို အသိစိတ်ဝင်စေချင်လို့...တို့ပြောရင် ရှင်ကယုံချင်မှယုံမှာလေ ဒါကြောင့် သက်သေတွေပါရှာခဲ့တာ"

"ဘာ!.."

"အခု အနှစ်သာရက ကိုမိုးမြတ်ယံနဲ့တွေ့နေတယ်တဲ့ ကိုမိုးမြတ်ယံမျက်လုံးကွယ်ရတာ သူ့ကြောင့်ဆိုပြီး ခွဲစိတ်မှုလုပ်ဖို့‌နားချ‌ပေးတာတဲ့ အခု အနှစ်သာရက ချစ်သူဟောင်းနဲ့ပြန်တွေ့နေတာ ကျွန်မကိုယ်တိုင်မြင်ခဲ့တာ ရှင့်ကို အချစ်ထဲမှာပဲ နွံနစ်နေတာမမြင်ရက်လို့ ပြောပြရတာ...မယုံရင် အခုကိုယံဆီသွားလိုက် ဘေးမှာအနှစ်သာရကို တွေ့ရလိမ့်မယ်"

မဖြစ်နိုင်တာ။ အနှစ်က ‌အခုရက်ပိုင်း သူ့ယောက္ခမဆီသွားမယ်ပဲပြောသွားတာ။ အနှစ်သူ့ကိုလိမ်တာမဖြစ်နိုင်။

"မယုံရင် နောက်ရက် တည်တံ့တို့ အတူတူသွားကြည့်ကြမယ်"

"..."

"ဖုန်းကို အချိန်မရွေးဆက်လို့ရတယ်"

"...."

စက်ဝန်းဘာမှပြန်မပြောမိ။ တည်တံကတော့ ပြောစရာရှိတာပြောပြီး၍ အရင်ထွက်သွားသည်။ သူ့မှာသာ ငုတ်တုတ်မေ့ပြီး ကြားလိုက်ရသည့်အကြောင်းအရာကို မယုံကြည်နိုင်သေး။

"အနှစ် အခုဘယ်မှာလဲ..."

"မေမေ့ဆီက ပြန်လာနေပြီကိုကို! ဘာလို့လဲ ဘာဝယ်ခဲ့ပေးရမလဲ"

"မဟုတ်ဘူး ကိုယ်လည်းအိမ်ပြန်လာတော့မှာမို့ မင်းကိုဝင်ကြိုပေးရမလားလို့ဖုန်းဆက်ကြည့်တာ"

"မဟုတ်တာ အခုပြန်လာနေပြီ အိမ်မှာတွေ့ကြမယ်ကိုကို"

စက်ဝန်းဘာမှမပြောဘဲ ဖုန်းချကာ ယောက္ခမဆီဖုန်းခေါ်လိုက်၏။ "အနှစ် အိမ်လာသေးလားမေမေ"လို့မေးလိုက်သည့်အခါ ကြားလိုက်ရသည့်အဖြေကြောင့် သူ့ရင်ဘတ်အောင့်တက်လာ၏။

အနှစ် သူ့ကိုလိမ်နေတယ်။ သူဘယ်လိုလုပ်ရမလဲ။ သူဘယ်နှလုံးသားနဲ့ အနှစ်ကို မုန်းရမလဲ။ ဘယ်နှလုံးသားနဲ့ ယံအရမ်းချစ်ရတဲ့ကောင်မလေးကို လုယူရက်မှာလဲ။

✿⁠............✿⁠...........✿⁠

စက်ဝန်းသည် အနှစ်နဲ့ယံရဲ့ပတ်သတ်မှုကို လက်မခံနိုင်သေး၍ ယံရှိတဲ့နေရာမသွားမိ။ ယံရဲ့ဘေးနားမှာ အနှစ်ကိုမြင်တွေ့လိုက်ရရင် သူ့ကမ္ဘာကြီး မှောင်မိုက်သွားလိမ့်မည်။ သူငယ်ချင်းနှစ်ယောက်က မိန်းကလေးတစ်ယောက်တည်းကိုဘာလို့ကြိုက်မိရတာလဲ။ သူက ယံရဲ့ဘဝကိုဖျက်စီးထားတဲ့မိန်းကလေး၊ ယံသေမတတ်ချစ်ရတဲ့မိန်းကလေးကိုမှချစ်မိသွားတာ။

"ကိုကို ဒီရက်ပိုင်း အလုပ်ကပင်ပန်းတာလားဟင်...မျက်နှာကချောင်ကျနေတယ်"

"အင်း ပင်ပန်းလို့"

ပါးကိုလာကိုင်သည့်အနှစ်လက်ကို အသာဖြုတ်ကာ တခြားဘက်ကိုလှည့်အိပ်သွားသည့်ကိုကိုကြောင့် အနှစ်အံ့ဩရသလို ဝမ်းလည်းနည်းရသည်။ အနှစ်က တစ်ချို့အရာတွေမှာစိတ်မာပေမဲ့ သူ့အပေါ်မှာဆို တစ်ခါတစ်လေ စိတ်ပျော့တတ်သည်။ ဒါကတစ်ကယ်နှစ်နှစ်ကာကာချစ်မိတဲ့ရလာဒ်များလား။

"အနှစ်ကို ပြစ်မထားပါနဲ့..."

ပြစ်မထားပါနဲ့တဲ့။ ဒီမိန်းကလေးကို သူဘယ်လိုဆက်ချစ်ရမလဲ။ သူမကိုမြင်တိုင်း ယံရဲ့မျက်နှာကိုပါ မြင်ယောင်မိနေတာ‌။ ဒီမတည်ငြိမ်တဲ့ခံစားချက်နဲ့ ဘယ်လိုများ သူမကို ဆက်ကြည့်ရမှာလဲ။

အနှစ် ဘာခံစားချက်မှမပေးနိုင်တဲ့ကျောပြင်ကျယ်ကို သာ ငေးကြည့်နေမိသည်။

ဘာကြောင့်ရယ်မသိ အနှစ်ချစ်ရသူရဲ့ကျောပြင်က နွေးထွေးမှုတို့ စိုးစိမျှမရှိဟုထင်မိသည်။ ဒီရက်ပိုင်း အနှစ်တို့ရဲ့ဆက်ဆံရေးက တော်တော်အေးစက်သွားတာပဲ။

ဪ...အိမ်ထောင်ရေးမှာလည်း အကြောင်းအရင်းမရှိဘဲ အေးစက်သွားတဲ့အခိုက်အတန့်တွေရှိတာပဲလား။

✿⁠............✿⁠...........✿⁠

အနှစ်သည် နောက်နောင်ကျ မလိုလားအပ်တာတွေဖြစ်မှာဆိုး၍ ကိုယံနဲ့တွေ့တိုင်း မွန်လေး(သို့) ရဝေကို ခေါ်သည်။ ဒီနေ့မှာတော့ မွန်လေးပါလာတာဖြစ်သည်။ ကိုယံက မွန်လေးကို တော်တော်ခင်သည်။ အနှစ်ဆီကိုပေးမဲ့စာတွေကို မွန်လေးကတစ်ဆင့်လက်ခံပေးတာမို့ မွန်လေးကို ညီမလေး၊ညီမလေးဆိုပြီး အရမ်းခင်သည်။ ပြောရမယ်ဆိုရင် ကိုယံက အနှစ်ထက်စာရင် မွန်လေးနဲ့က ပိုပြီး သဟဇာတဖြစ်သည်။ ဒါကို သံသယတစ်စက်မှမဝင်ဘဲ အနှစ်ကိုပဲ ချစ်‌တယ်ပြောနေတာ အံ့ဩသည်။ ကိုယံကရိုးသားတာလား၊ အတာလားပဲ။

အနှစ်တို့က အခု အေးချမ်းတိတ်ဆိတ်ပြီး အပန်းဖြေချင်စရာကောင်းတဲ့စားသောက်ဆိုင်တစ်ခုကိုရောက်နေတာဖြစ်သည်။ သစ်ပင်အောက်မှာ ဆောက်ထားတာဖြစ်ပြီး စားပွဲဝိုင်းတစ်ဝိုင်းနဲ့တစ်ဝိုင်းကလည်း အနည်းငယ်အလှမ်းဝေးတော့ အေးဆေး၊တိတ်ဆိတ်တာကြိုက်ရင် ကွက်တိပဲဖြစ်သည်။

ကိုယံနဲ့စကားပြောပြီးတော့ မွန်လေးက အလုပ်ကိစ္စချိန်းထားတာရှိသေးသည်ဟုဆိုကာ ထွက်သွား၏။ နာရီဝက်လောက်ပဲကြာမှာမို့ ပြန်လာခဲ့မည်ဟုပါပြောကာ သွားခဲ့သည်။

"အစ်ကို အနှစ်ကို လူတစ်ယောက်နဲ့မိတ်ဆက်ပေးမယ်...အစ်ကို့ဘဝရဲ့အကောင်းဆုံးသူငယ်ချင်း"

"ရှင် အခုလား"

"အင်း ခဏနေ သူလာမှာ...နိုင်ငံခြားကသူငယ်ချင်း...အစ်ကို့အတွက် အခင်ရဆုံးသူငယ်ချင်း"

"ဪ အင်း!.."

အနှစ်ဘေးနားမွန်လေးမရှိရင် အနှစ်ဘာမှမမှတ်မိပါ။ ကိုယံအခုပြောနေတာတွေက မွန်လေးနဲ့ကိုယံနှစ်ယောက်တည်းသိတဲ့အကြောင်းတစ်ချို့ဆိုတော့ အနှစ်ဖောရှောလိုက်ရင်း ခေါင်းငြိမ့်မိသည်။

"ငါရောက်ပြီ!.."

ဒုတ်!..

နောက်ကျောဘက်မှရင်းနှီးသည့်အသံကြောင့် အနှစ်ရင်ခုန်သွားရသည်။ ကိုကို့အသံ။

သိချင်စိတ်ကြောင့် လှည့်ကြည့်တော့ တစ်ကယ်ပဲ ကိုကိုဖြစ်နေသည်။ ထိုင်နေရာမှထမိသည်အထိ အံ့ဩရ၏။

"သူက!.."

"စက်ဝန်းနာမည်က စက်ဝန်းအလွန်တဲ့"

အနှစ်အံ့ဩနေသလို ကိုကိုမအံ့ဩပါ။ အနှစ်မျက်နှာပျက်နေသလို ကိုကိုမပျက်ပါ။ ကိုကို့ရုပ်သည် ပကတိတည်ငြိမ်နေပါသည်။

"စက်ဝန်း ဒါက ငါအမြဲပြောပြတဲ့သူ...အနှစ်သာရတဲ့"

သွားပြီ။ အထင်လွဲစရာတွေဖြစ်ကုန်ပြီ။

"ကိုယံ သူက!..."

"တွေ့ရတာ ဝမ်းသာပါတယ် အနှစ်သာရ...စက်ဝန်းအလွန်လို့ခေါ်ပါတယ် ယံရဲ့အချစ်ဆုံးသူငယ်ချင်းပါ"

အနှစ် ကိုကိုနဲ့သူမရဲ့ပတ်သတ်မှုကို ဖွင့်ပြောဖို့ ကြံခဲ့ပေမဲ့ အခုမှသိသလိုနှုတ်ဆက်လာသည့် သူ့ကြောင့် စကားတွေက ထွက်မလာတော့ဘဲ သူ့ကိုသာ ငေးကြည့်နေမိသည်။ ကမ်းပေးလာသည့်လက်ကိုလည်းပြန်မကမ်းမိ။ သူသိနေပြီးသားလား။ ကိုယံက မျက်လုံးမြင်ရတာမဟုတ်၍ ဒါတွေမမြင်နိုင်။

"ထိုင်စက်ဝန်း..."

"အင်း"

သူက လက်ကိုပြန်ရုတ်သိမ်းပြီး ကိုယံရဲ့ဘေးနားဝင်ထိုင်သည်။

ထိုနေရာမှာ စကားတွေရေပက်မဝင်အောင်ပြောကာ နှစ်ယောက်သားရင်းနှီးအောင်လုပ်ပေးနေသည့် ယံရယ်၊ ဘေးနားမှာ တစ်ယောက်နဲ့တစ်ယောက် စကားမပြောဘဲ ငေးကြည့်နေကြသည့်သူနှစ်ယောက်ရယ်၊ အဝေးကနေ ငေးကြည့်နေတဲ့ မွန်လေးရယ်ကိုတွေ့ရလိမ့်မည်။

✿⁠............✿⁠...........✿⁠

အိမ်! (ဧည့်ခန်း)

"ရှင် သိနေပြီးသားလား"

"အင်း ယံကမင်းအကြောင်းအများကြီးပြောပြဖူးတယ်..."

စက်ဝန်းက အနှစ်မျက်ဝန်းကိုတည်တည့်ကြည့်မလာဘဲ ကြမ်းပြင်ကိုသာစိုက်ကြည့်ပြီးဖြေလာ၏။

"ကိုယ်အရမ်းတုံးအခဲ့တာပဲ...သူငယ်ချင်းရဲ့ချစ်ရသူကိုမှ ကိုယ့်ဘဝလက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တယ်...ချစ်ခဲ့မိတယ် ကိုယ်ကိုအရူးလုပ်ခဲ့တာ မင်းဘယ်လောက်တောင်ပျော်နေလိုက်မလဲ...မင်း သူ့ကိုမမေ့သေးရင် ကိုယ့်ကိုပွင့်ပွင့်လင်းလင်းပြောခဲ့ပါလား ကိုယ်ကြည်ဖြူစွာနဲ့ နောက်ဆုတ်ပေးမှာပါ"

အနှစ်ဘာ‌ပြောရမလဲဆိုတာ စဉ်းစားမရတော့တဲ့အထိ ဆွံအသွားရ၏။ သူက ယုံကြည်တယ်တဲ့။ အနှစ်ကို တစ်ခွန်းမှမမေးဘဲ အနှစ် ကိုယံကိုချစ်တယ်ဆိုတာယုံသွားတယ်တဲ့။

"ကျွန်မ ဖောက်ပြန်တာမဟုတ်ဘူး"

"သိတယ် ကိုယ်ကတတိယလူဖြစ်ခဲ့တာ"

အနှစ်မှာလည်း ရွဲ့တတ်သည့်စိတ်က အပြည့်ပါလာသည်ထင်ပါသည်။ မငြင်းမိဘဲ ခေါင်းငြိမ့်လိုက်၏။ ရှင်းပြတော့လည်းဘာထူးမှာလဲ။ သူကယုံနေပြီးသားလေ။

ဘာလို့ သူ့ဘက်ကစပြီး သူမဘက်ကအဆုံးသတ်ရတာလဲ။

"အင်း! ဒါတွေအားလုံးကရှင့်အမှားပဲ...
ကျွန်မက ရှင်သာ ဂိမ်းမကစားခဲ့ရင် ရှင်နဲ့တွေ့စရာအကြောင်းရှိမှာမဟုတ်သလို ခင်လာစရာအကြောင်းလည်းမရှိဘူး လက်ထပ်ပွဲကို လက်ခံလိုက်တာ ကျွန်မမဟုတ်သလို ဖေဖေ့အပေါ်ထားတဲ့ ကျေးဇူးကြွေးကို ဆပ်ပါလို့ပြောတာကလည်း ကျွန်မမဟုတ်ဘူး...ရှင်တို့ပဲစခဲ့တာ ကျွန်မ ကိုယံကိုပြန်တွေ့တယ်ဆိုတာ မှန်တဲ့ဆုံးဖြတ်ချက်တစ်ခုဖြစ်လို့ တွေ့နေတာ...ကျွန်မတို့ တွေ့ပဲတွေ့တာ ဖောက်ပြန်တာမဟုတ်ဘူး"

"ကိုယ်မင်းကို အပြစ်မမြင်ပါဘူး!..ဒီတိုင်း...!အစကတည်းကမှားခဲ့တယ်ထင်တယ် အစကတည်းက စက်ဝန်းအလွန်နဲ့ အနှစ်သာရက မတွေ့ခဲ့ရမှာ"

"ဘာ!.."

ဒီစကားက အနှစ်ရဲ့စိတ်ကို အဆုံးထိတွန်းပို့လိုက်သလိုပင်။

"မင်းဘယ်လိုလုပ်ချင်လဲ ကွာရှင်းပေးရမလား"

"အဲ့လောက်တောင်ပေးဆပ်ချင်ရင် ကွာရှင်းပေးလိုက်! ဒါမှ ကျွန်မကိုယံ့ဆီ စိတ်ရှင်းရှင်းနဲ့သွားလို့ရမှာ ကျွန်မကို ကွာရှင်းပေး..."

"ဟင်!.."

"ရှင်က ကျွန်မကို ရှင့်သူငယ်ချင်းဆီသွားစေချင်တာမဟုတ်လား ကွာရှင်းပေး...ဒါမှ ရှင့်သူငယ်ချင်းစိတ်သန့်သန့်နဲ့ကျွန်မနဲ့ပတ်သတ်နိုင်မှာ မဟုတ်ဘူးလား ဒါကိုတော့ စဉ်းစားထားတယ်မလား"

"ဒါက!..."

"ကျွန်မ ရှင့်သူငယ်ချင်းဆီသွားမယ် အဲ့အတွက်ရှင်က ကွာရှင်းစာချုပ်မှာ လက်မှတ်ထိုးပေးရင်ရပြီ"

ကျွန်မက ရှင့်ကိုချစ်လို့ အလျှော့ပေးတာမျိုးရှိမှာမဟုတ်ဘူး။ ကျွန်မတို့ မာနကြီးတာချင်းက အတူတူပဲမဟုတ်လား။

"အင်း...ကွာရှင်းကြတာပေါ့"

အနှစ်ပြုံးလိုက်၏။ ရင်ထဲမှာနာကျင်နေရင်တောင် အပြင်မှာတော့ ကျေနပ်နေရမယ်။

အနှစ်ဆွဲထားဖို့စိတ်ကူးမရှိ‌ပါ။ သူက ဘာအကြောင်းပြချက်မှမမေးဘဲ သူ့သူငယ်ချင်းကိုရွေးချယ်ခဲ့တာ။ သူမထက် သူငယ်ချင်းကိုရွေးချယ်ခဲ့တာ။ ဒီလိုယောက်ျားမျိုးကို သူမကဘာလို့ဆွဲထားရမှာလဲ။

"ရှင်ကရယ်ရတယ်နော်...
သူငယ်ချင်းကချစ်လို့ ကွာရှင်းမယ်တဲ့...ဩချရလောက်တဲ့အထိ ပေးဆပ်မှုပဲ အဲ့ပေးဆပ်မှု အဆုံးထိတည်မြဲပါစေလို့ ဆုတောင်းပေးတယ်"

"ကိုယ်က!..."

"ကျေးဇူးပဲနော်...ကွာရှင်းတာကို ကိုယံမျက်လုံးမခွဲစိတ်ခင် အဆုံးသတ်ရမယ်...အင်း ကိုယံကကျွန်မကိုချစ်တာဆိုတော့ နားလည်ပေးမှာပါ"

အနှစ်နိုင်ပြီ။
ခံစားလိုက်စမ်းပါ စက်ဝန်းအလွန်။

အဲ့ခံစားချက်က ရှင့်ကို တောက်လောင်သွားတဲ့ထိ ဒုက္ခပေးလိမ့်မယ်။

အနှစ်အပေါ်တက်လာပြီးမကြာပါ။ ကားသံကြားရသည်။ သူအပြင်ထွက်သွားပုံရသည်။

ကျွန်မ ရှင့်လိုလူကိုချစ်ခဲ့တာ အလကားပဲ စက်ဝန်းအလွန်။

✿⁠............✿⁠...........✿⁠

"ငါ!..ငါဘယ်လိုလုပ်ရမလဲ ထင်ရှား"

ထင်ရှားမသိ‌ပါစေနဲ့လို့ဆုတောင်းခဲ့ပေမဲ့ ဆုတောင်းတို့မပြည့်ခဲ့ပါ။ စက်ဝန်းသည် မိုးမြတ်ယံနဲ့အနှစ်ရဲ့ပတ်သတ်မှုကိုသိသွားလေပြီ။ သူလည်းလက်မခံချင်ပေမဲ့ ဒီရက်ပိုင်းအတွင်း အနှစ်က မိုးမြတ်ယံကိုနေ့တိုင်းလာတွေ့တာ မျက်မြင်ကိုယ်တွေ့မို့ ဘာမှမ‌ပြောနိုင်ခဲ့။

"ဘာလို့ ငါတို့မှာ ဒီလိုအဖြစ်မျိုးလာကြုံရတာလဲ"

"ဒါပေမဲ့ မင်းအနှစ်ကိုတော့ မစွန့်လွှတ်ဘူးမလား"

စက်ဝန်းပြန်မဖြေမိ။

"မင်း မဟုတ်မှ တစ်ကယ်ကြီး!.."

"ငါကနောက်လူပဲ သူတို့နှစ်ယောက်ကြားထဲမှာ ငါကတတိယလူ...ဘဝပျက်တဲ့အထိ သဘောကျရတဲ့ယံရဲ့မိန်းကလေးကို ငါလုယူလိုက်ရင် ဘယ်တရားပါ့မလဲ...ယံကဘယ်လောက်တောင် အနှစ်ကိုချစ်ပေးခဲ့လဲ..."

"ဒီမှာ ဟေ့ကောင်! ပထမလူကိုတစ်ကယ်ချစ်ရင် ဒုတိယလူဆိုတာ ပေါ်လာစရာအကြောင်းမရှိဘူးကွ အနှစ်က မင်းကိုချစ်ပါတယ်...အရင်ကအနှစ်နဲ့အခုအနှစ်အရမ်းကွာခြားသွားတာ မင်းလည်းကိုယ်တွေ့ပဲမဟုတ်လား ‌ဒီကိစ္စကို အနှစ်နဲ့ကိုယ်တိုင်တွေ့ပြီး ဖြေရှင်းကြပါ"

စက်ဝန်းဘာမှပြန်မဖြေဖြစ်ခဲ့ပါ။ သူ့မျက်လုံးထဲမှာ ယံရောအနှစ်ရောက တစ်လှည့်စီ တိုးဝင်နေတာကြောင့် မျက်လုံးစုံမှိတ်ကာ နောက်ကိုမှီချလိုက်သည်။

"ငါ ဒီည ဒီမှာအိပ်မယ်"

"ငါ အနှစ်ကိုဖုန်းဆက်လိုက်မယ်"

"အင်း!..."

ထင်ရှားက သူ့ကိုအခန်းထဲမှာတစ်ယောက်တည်းထားပြစ်ခဲ့ကာ အပြင်ထွက်သွား၏။ အနှစ်ကိုဖုန်းသွားဆက်တာဖြစ်နေ၍ မတားမိ။ခဏကြာတော့ ပြန်ဝင်လာသည်။

"အနှစ်က အဆင်ပြေတယ်တဲ့ ကြိုက်သလိုလုပ်တဲ့...မင်းတို့နှစ်ယောက်က အခုထိ မာနတခွဲသားနဲ့ ခံစားချက်တွေမြိုသိပ်ထားကြတာပဲ"

"မြိုသိပ်တာမဟုတ်ဘဲ ခံစားချက်တွေက မစစ်ခဲ့တာဖြစ်နိုင်တာပဲ..."

စက်ဝန်းက နှလုံးသားကခံစားချက်ကို လိမ်ကာ‌ပြော၏။ ပြီးနောက် စက်ဝန်းနာကျင်စွာ ပြုံးလိုက်ကာ...

"ငါ ဒီနေ့ ယံနဲ့အနှစ်ကိုတွေ့ခဲ့တယ်...ယံ တစ်ကယ်ကိုပျော်နေတာ အနှစ်ဘေးမှာရှိနေတော့ နှစ်နှစ်ခြိုက်ခြိုက်ကိုပြုံးနေတာ...ငါဘယ်လိုလုပ်ပြီး ယံ့အသည်းကိုခွဲရက်မှာလဲ နောက်ဆုံးမှာ ငါ့ဘက်ကလက်လွှတ်ပေးရမယ်ဆိုတာ သိလိုက်ရတယ် အနှစ်ကလည်းပြောတယ် ယံကို ချစ်တယ်တဲ့ ကွာရှင်းပေးမယ်ဆိုရင် စိတ်သန့်သန့်နဲ့ကိုယံဆီသွားနိုင်မယ်တဲ့... တံတိုင်းတည်တံ့ အနှစ်ကယံကို ချစ်တယ်လို့ပြောတုန်းက မယုံကြည်ခဲ့ပေမဲ့ အခုအနှစ်ကိုယ်တိုင်ကပြောခဲ့တော့ ငါယုံကြည်ဖို့ကလွဲပြီး ဘာမှလုပ်မရခဲ့ဘူး"

"ဒါဆို သူငယ်ချင်းကိုပေးပျော်ပြီး မင်းကျ အသည်းကွဲခံမယ်ပေါ့ အဟက်!.."

"ငါက တစ်ယောက်တည်းလည်းအဆင်ပြေတယ်"

ဪ...မေတ္တာတရားကြီးမားရက်ပါပေ့။

✿⁠............✿⁠...........✿⁠

ဘာပဲဖြစ်ဖြစ် ရဝေသော်ရဲ့အကြံသည် အောင်မြင်စွာပြီးမြှောက်ခဲ့သည်။ မာနကြီးတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်းကိုခွဲရတာ လွယ်လိုက်လေခြင်း။

အကယ်၍ ရဝေသော်သာ စက်ဝန်းနဲ့အနှစ်က လက်ထပ်ထားတယ်ဆိုတာ သိရင် ဒီလိုပျော်နိုင်ပါဦးမည်လား။ သူခွဲခဲ့တဲ့ချစ်ခြင်းက ချည်နှောင်မှုထက်ပိုတဲ့သွေးသားရောနှောမှုလေးတစ်ခုရှိနေခဲ့တယ်ဆိုတာ သိခဲ့ရင်ရော ပျော်နိုင်ပါ့မလား။

✿⁠............✿⁠...........✿⁠

ဆက်ရန်

   
🌺ႏွလုံးသား နီးနီး...စည္းပါးပါး🌺

Part(28)

"စက္ဝန္း အႏွစ္သာရမွာ ခ်စ္သူရွိခဲ့ဖူးတာ သိလား..."

တံတိုင္းတည္တံ့ကေျပာစရာရွိတယ္ဆို၍ စက္ဝန္းေတြ႕ဖို႔လက္ခံလိုက္တာ။ ေျပာလာသည့္အရာက အႏွစ္အေၾကာင္းျဖစ္ေန၏။

စက္ဝန္းေရွ႕မွ တံတိုင္းတည္တံ့ကို ရႉတည္တည္ျဖင့္ၾကည့္ကာ အေရးမစိုက္သလိုပုံစံျဖင့္...

"အတိတ္မွာ လူတိုင္း အမွားနဲ႔မကင္းဘူး တံတိုင္းတည္တံ့"

"ဒါေပမဲ့ အႏွစ္သာရတြဲခဲ့ မဟုတ္ဘူး ႀကိဳးရွည္ရွည္လွန္ခဲ့တဲ့သူက နယ္နယ္ရရမဟုတ္ဘူးေနာ္"

"လူမိုက္လား...မဟုတ္ရင္ သမၼတသားတို႔‌၊ပါခ်ဴပ္သားတို႔လား"

"တို႔အတည္ေျပာေနတာ"

"မင္း ဟာသလုပ္ေနတာလား"

"တည္တံ့အတည္ေျပာေနတာ"

ေသခ်ာပိုင္ႏိုင္စြာေျပာဆိုေနသည့္ တံတိုင္းတည္တံေၾကာင့္ စက္ဝန္းမ်က္ဝန္းတို႔သည္ စူးရွျခင္းမွ‌ေတြေဝျခင္းတို႔အသြင္ေျပာင္းသြားသည္။

"ကိုမိုးျမတ္ယံရဲ႕ခ်စ္သူက အႏွစ္သာရပဲ"

"မင္း! ဘာေပါက္ကရေတြေျပာေနတာလဲ"

"တို႔တစ္ကယ္ေျပာတာ စက္ဝန္း...တို႔က ကိုမိုးျမတ္ယံရဲ႕ဇနီးေလာင္းနဲ႔ခင္တယ္ အဲ့စက္ဝန္းလည္းသိေလာက္မယ္ သူ႔နာမည္က ရေဝေသာ္ေလ သူကိုယ္တိုင္ေျပာျပတာ နားလည္မႈနဲ႔တည္ေဆာက္ရမဲ့အိမ္ေထာင္ေရးမို႔ အကုန္လုံးပြင့္ပြင့္လင္းလင္းေျပာထားၾကတာတဲ့"

"ဒါကို အခုမွဘာလို႔လာေျပာေနရတာလဲ"

"တို႔လည္း အခုမွစကားစပ္မိရင္းၾကားလာတာ...အစကနာမည္တူေနတယ္ထင္တာ ဓာတ္ပုံျပမွ အႏွစ္သာရမွန္းသိတာ မထင္ထားတဲ့အရာမို႔ တို႔ေတာင္ အေတာ္ေရွာ့ရသြားေသးတယ္"

"မင္း ဒါကိုဘာလို႔ငါ့ကိုလာေျပာျပေနတာလဲ"

"ရွင့္ကို အသိစိတ္ဝင္ေစခ်င္လို႔...တို႔ေျပာရင္ ရွင္ကယုံခ်င္မွယုံမွာေလ ဒါေၾကာင့္ သက္ေသေတြပါရွာခဲ့တာ"

"ဘာ!.."

"အခု အႏွစ္သာရက ကိုမိုးျမတ္ယံနဲ႔ေတြ႕ေနတယ္တဲ့ ကိုမိုးျမတ္ယံမ်က္လုံးကြယ္ရတာ သူ႔ေၾကာင့္ဆိုၿပီး ခြဲစိတ္မႈလုပ္ဖို႔‌နားခ်‌ေပးတာတဲ့ အခု အႏွစ္သာရက ခ်စ္သူေဟာင္းနဲ႔ျပန္ေတြ႕ေနတာ ကြၽန္မကိုယ္တိုင္ျမင္ခဲ့တာ ရွင့္ကို အခ်စ္ထဲမွာပဲ ႏြံနစ္ေနတာမျမင္ရက္လို႔ ေျပာျပရတာ...မယုံရင္ အခုကိုယံဆီသြားလိုက္ ေဘးမွာအႏွစ္သာရကို ေတြ႕ရလိမ့္မယ္"

မျဖစ္ႏိုင္တာ။ အႏွစ္က ‌အခုရက္ပိုင္း သူ႔ေယာကၡမဆီသြားမယ္ပဲေျပာသြားတာ။ အႏွစ္သူ႔ကိုလိမ္တာမျဖစ္ႏိုင္။

"မယုံရင္ ေနာက္ရက္ တည္တံ့တို႔ အတူတူသြားၾကည့္ၾကမယ္"

"..."

"ဖုန္းကို အခ်ိန္မေ႐ြးဆက္လို႔ရတယ္"

"...."

စက္ဝန္းဘာမွျပန္မေျပာမိ။ တည္တံကေတာ့ ေျပာစရာရွိတာေျပာၿပီး၍ အရင္ထြက္သြားသည္။ သူ႔မွာသာ ငုတ္တုတ္ေမ့ၿပီး ၾကားလိုက္ရသည့္အေၾကာင္းအရာကို မယုံၾကည္ႏိုင္ေသး။

"အႏွစ္ အခုဘယ္မွာလဲ..."

"ေမေမ့ဆီက ျပန္လာေနၿပီကိုကို! ဘာလို႔လဲ ဘာဝယ္ခဲ့ေပးရမလဲ"

"မဟုတ္ဘူး ကိုယ္လည္းအိမ္ျပန္လာေတာ့မွာမို႔ မင္းကိုဝင္ႀကိဳေပးရမလားလို႔ဖုန္းဆက္ၾကည့္တာ"

"မဟုတ္တာ အခုျပန္လာေနၿပီ အိမ္မွာေတြ႕ၾကမယ္ကိုကို"

စက္ဝန္းဘာမွမေျပာဘဲ ဖုန္းခ်ကာ ေယာကၡမဆီဖုန္းေခၚလိုက္၏။ "အႏွစ္ အိမ္လာေသးလားေမေမ"လို႔ေမးလိုက္သည့္အခါ ၾကားလိုက္ရသည့္အေျဖေၾကာင့္ သူ႔ရင္ဘတ္ေအာင့္တက္လာ၏။

အႏွစ္ သူ႔ကိုလိမ္ေနတယ္။ သူဘယ္လိုလုပ္ရမလဲ။ သူဘယ္ႏွလုံးသားနဲ႔ အႏွစ္ကို မုန္းရမလဲ။ ဘယ္ႏွလုံးသားနဲ႔ ယံအရမ္းခ်စ္ရတဲ့ေကာင္မေလးကို လုယူရက္မွာလဲ။

✿⁠............✿⁠...........✿⁠

စက္ဝန္းသည္ အႏွစ္နဲ႔ယံရဲ႕ပတ္သတ္မႈကို လက္မခံႏိုင္ေသး၍ ယံရွိတဲ့ေနရာမသြားမိ။ ယံရဲ႕ေဘးနားမွာ အႏွစ္ကိုျမင္ေတြ႕လိုက္ရရင္ သူ႔ကမာၻႀကီး ေမွာင္မိုက္သြားလိမ့္မည္။ သူငယ္ခ်င္းႏွစ္ေယာက္က မိန္းကေလးတစ္ေယာက္တည္းကိုဘာလို႔ႀကိဳက္မိရတာလဲ။ သူက ယံရဲ႕ဘဝကိုဖ်က္စီးထားတဲ့မိန္းကေလး၊ ယံေသမတတ္ခ်စ္ရတဲ့မိန္းကေလးကိုမွခ်စ္မိသြားတာ။

"ကိုကို ဒီရက္ပိုင္း အလုပ္ကပင္ပန္းတာလားဟင္...မ်က္ႏွာကေခ်ာင္က်ေနတယ္"

"အင္း ပင္ပန္းလို႔"

ပါးကိုလာကိုင္သည့္အႏွစ္လက္ကို အသာျဖဳတ္ကာ တျခားဘက္ကိုလွည့္အိပ္သြားသည့္ကိုကိုေၾကာင့္ အႏွစ္အံ့ဩရသလို ဝမ္းလည္းနည္းရသည္။ အႏွစ္က တစ္ခ်ိဳ႕အရာေတြမွာစိတ္မာေပမဲ့ သူ႔အေပၚမွာဆို တစ္ခါတစ္ေလ စိတ္ေပ်ာ့တတ္သည္။ ဒါကတစ္ကယ္ႏွစ္ႏွစ္ကာကာခ်စ္မိတဲ့ရလာဒ္မ်ားလား။

"အႏွစ္ကို ျပစ္မထားပါနဲ႔..."

ျပစ္မထားပါနဲ႔တဲ့။ ဒီမိန္းကေလးကို သူဘယ္လိုဆက္ခ်စ္ရမလဲ။ သူမကိုျမင္တိုင္း ယံရဲ႕မ်က္ႏွာကိုပါ ျမင္ေယာင္မိေနတာ‌။ ဒီမတည္ၿငိမ္တဲ့ခံစားခ်က္နဲ႔ ဘယ္လိုမ်ား သူမကို ဆက္ၾကည့္ရမွာလဲ။

အႏွစ္ ဘာခံစားခ်က္မွမေပးႏိုင္တဲ့ေက်ာျပင္က်ယ္ကို သာ ေငးၾကည့္ေနမိသည္။

ဘာေၾကာင့္ရယ္မသိ အႏွစ္ခ်စ္ရသူရဲ႕ေက်ာျပင္က ေႏြးေထြးမႈတို႔ စိုးစိမွ်မရွိဟုထင္မိသည္။ ဒီရက္ပိုင္း အႏွစ္တို႔ရဲ႕ဆက္ဆံေရးက ေတာ္ေတာ္ေအးစက္သြားတာပဲ။

ဪ...အိမ္ေထာင္ေရးမွာလည္း အေၾကာင္းအရင္းမရွိဘဲ ေအးစက္သြားတဲ့အခိုက္အတန႔္ေတြရွိတာပဲလား။

✿⁠............✿⁠...........✿⁠

အႏွစ္သည္ ေနာက္ေနာင္က် မလိုလားအပ္တာေတြျဖစ္မွာဆိုး၍ ကိုယံနဲ႔ေတြ႕တိုင္း မြန္ေလး(သို႔) ရေဝကို ေခၚသည္။ ဒီေန႔မွာေတာ့ မြန္ေလးပါလာတာျဖစ္သည္။ ကိုယံက မြန္ေလးကို ေတာ္ေတာ္ခင္သည္။ အႏွစ္ဆီကိုေပးမဲ့စာေတြကို မြန္ေလးကတစ္ဆင့္လက္ခံေပးတာမို႔ မြန္ေလးကို ညီမေလး၊ညီမေလးဆိုၿပီး အရမ္းခင္သည္။ ေျပာရမယ္ဆိုရင္ ကိုယံက အႏွစ္ထက္စာရင္ မြန္ေလးနဲ႔က ပိုၿပီး သဟဇာတျဖစ္သည္။ ဒါကို သံသယတစ္စက္မွမဝင္ဘဲ အႏွစ္ကိုပဲ ခ်စ္‌တယ္ေျပာေနတာ အံ့ဩသည္။ ကိုယံက႐ိုးသားတာလား၊ အတာလားပဲ။

အႏွစ္တို႔က အခု ေအးခ်မ္းတိတ္ဆိတ္ၿပီး အပန္းေျဖခ်င္စရာေကာင္းတဲ့စားေသာက္ဆိုင္တစ္ခုကိုေရာက္ေနတာျဖစ္သည္။ သစ္ပင္ေအာက္မွာ ေဆာက္ထားတာျဖစ္ၿပီး စားပြဲဝိုင္းတစ္ဝိုင္းနဲ႔တစ္ဝိုင္းကလည္း အနည္းငယ္အလွမ္းေဝးေတာ့ ေအးေဆး၊တိတ္ဆိတ္တာႀကိဳက္ရင္ ကြက္တိပဲျဖစ္သည္။

ကိုယံနဲ႔စကားေျပာၿပီးေတာ့ မြန္ေလးက အလုပ္ကိစၥခ်ိန္းထားတာရွိေသးသည္ဟုဆိုကာ ထြက္သြား၏။ နာရီဝက္ေလာက္ပဲၾကာမွာမို႔ ျပန္လာခဲ့မည္ဟုပါေျပာကာ သြားခဲ့သည္။

"အစ္ကို အႏွစ္ကို လူတစ္ေယာက္နဲ႔မိတ္ဆက္ေပးမယ္...အစ္ကို႔ဘဝရဲ႕အေကာင္းဆုံးသူငယ္ခ်င္း"

"ရွင္ အခုလား"

"အင္း ခဏေန သူလာမွာ...ႏိုင္ငံျခားကသူငယ္ခ်င္း...အစ္ကို႔အတြက္ အခင္ရဆုံးသူငယ္ခ်င္း"

"ဪ အင္း!.."

အႏွစ္ေဘးနားမြန္ေလးမရွိရင္ အႏွစ္ဘာမွမမွတ္မိပါ။ ကိုယံအခုေျပာေနတာေတြက မြန္ေလးနဲ႔ကိုယံႏွစ္ေယာက္တည္းသိတဲ့အေၾကာင္းတစ္ခ်ိဳ႕ဆိုေတာ့ အႏွစ္ေဖာေရွာလိုက္ရင္း ေခါင္းၿငိမ့္မိသည္။

"ငါေရာက္ၿပီ!.."

ဒုတ္!..

ေနာက္ေက်ာဘက္မွရင္းႏွီးသည့္အသံေၾကာင့္ အႏွစ္ရင္ခုန္သြားရသည္။ ကိုကို႔အသံ။

သိခ်င္စိတ္ေၾကာင့္ လွည့္ၾကည့္ေတာ့ တစ္ကယ္ပဲ ကိုကိုျဖစ္ေနသည္။ ထိုင္ေနရာမွထမိသည္အထိ အံ့ဩရ၏။

"သူက!.."

"စက္ဝန္းနာမည္က စက္ဝန္းအလြန္တဲ့"

အႏွစ္အံ့ဩေနသလို ကိုကိုမအံ့ဩပါ။ အႏွစ္မ်က္ႏွာပ်က္ေနသလို ကိုကိုမပ်က္ပါ။ ကိုကို႔႐ုပ္သည္ ပကတိတည္ၿငိမ္ေနပါသည္။

"စက္ဝန္း ဒါက ငါအၿမဲေျပာျပတဲ့သူ...အႏွစ္သာရတဲ့"

သြားၿပီ။ အထင္လြဲစရာေတြျဖစ္ကုန္ၿပီ။

"ကိုယံ သူက!..."

"ေတြ႕ရတာ ဝမ္းသာပါတယ္ အႏွစ္သာရ...စက္ဝန္းအလြန္လို႔ေခၚပါတယ္ ယံရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းပါ"

အႏွစ္ ကိုကိုနဲ႔သူမရဲ႕ပတ္သတ္မႈကို ဖြင့္ေျပာဖို႔ ႀကံခဲ့ေပမဲ့ အခုမွသိသလိုႏႈတ္ဆက္လာသည့္ သူ႔ေၾကာင့္ စကားေတြက ထြက္မလာေတာ့ဘဲ သူ႔ကိုသာ ေငးၾကည့္ေနမိသည္။ ကမ္းေပးလာသည့္လက္ကိုလည္းျပန္မကမ္းမိ။ သူသိေနၿပီးသားလား။ ကိုယံက မ်က္လုံးျမင္ရတာမဟုတ္၍ ဒါေတြမျမင္ႏိုင္။

"ထိုင္စက္ဝန္း..."

"အင္း"

သူက လက္ကိုျပန္႐ုတ္သိမ္းၿပီး ကိုယံရဲ႕ေဘးနားဝင္ထိုင္သည္။

ထိုေနရာမွာ စကားေတြေရပက္မဝင္ေအာင္ေျပာကာ ႏွစ္ေယာက္သားရင္းႏွီးေအာင္လုပ္ေပးေနသည့္ ယံရယ္၊ ေဘးနားမွာ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမေျပာဘဲ ေငးၾကည့္ေနၾကသည့္သူႏွစ္ေယာက္ရယ္၊ အေဝးကေန ေငးၾကည့္ေနတဲ့ မြန္ေလးရယ္ကိုေတြ႕ရလိမ့္မည္။

✿⁠............✿⁠...........✿⁠

အိမ္! (ဧည့္ခန္း)

"ရွင္ သိေနၿပီးသားလား"

"အင္း ယံကမင္းအေၾကာင္းအမ်ားႀကီးေျပာျပဖူးတယ္..."

စက္ဝန္းက အႏွစ္မ်က္ဝန္းကိုတည္တည့္ၾကည့္မလာဘဲ ၾကမ္းျပင္ကိုသာစိုက္ၾကည့္ၿပီးေျဖလာ၏။

"ကိုယ္အရမ္းတုံးအခဲ့တာပဲ...သူငယ္ခ်င္းရဲ႕ခ်စ္ရသူကိုမွ ကိုယ့္ဘဝလက္တြဲေဖာ္အျဖစ္ေ႐ြးခ်ယ္ခဲ့တယ္...ခ်စ္ခဲ့မိတယ္ ကိုယ္ကိုအ႐ူးလုပ္ခဲ့တာ မင္းဘယ္ေလာက္ေတာင္ေပ်ာ္ေနလိုက္မလဲ...မင္း သူ႔ကိုမေမ့ေသးရင္ ကိုယ့္ကိုပြင့္ပြင့္လင္းလင္းေျပာခဲ့ပါလား ကိုယ္ၾကည္ျဖဴစြာနဲ႔ ေနာက္ဆုတ္ေပးမွာပါ"

အႏွစ္ဘာ‌ေျပာရမလဲဆိုတာ စဥ္းစားမရေတာ့တဲ့အထိ ဆြံအသြားရ၏။ သူက ယုံၾကည္တယ္တဲ့။ အႏွစ္ကို တစ္ခြန္းမွမေမးဘဲ အႏွစ္ ကိုယံကိုခ်စ္တယ္ဆိုတာယုံသြားတယ္တဲ့။

"ကြၽန္မ ေဖာက္ျပန္တာမဟုတ္ဘူး"

"သိတယ္ ကိုယ္ကတတိယလူျဖစ္ခဲ့တာ"

အႏွစ္မွာလည္း ႐ြဲ႕တတ္သည့္စိတ္က အျပည့္ပါလာသည္ထင္ပါသည္။ မျငင္းမိဘဲ ေခါင္းၿငိမ့္လိုက္၏။ ရွင္းျပေတာ့လည္းဘာထူးမွာလဲ။ သူကယုံေနၿပီးသားေလ။

ဘာလို႔ သူ႔ဘက္ကစၿပီး သူမဘက္ကအဆုံးသတ္ရတာလဲ။

"အင္း! ဒါေတြအားလုံးကရွင့္အမွားပဲ...
ကြၽန္မက ရွင္သာ ဂိမ္းမကစားခဲ့ရင္ ရွင္နဲ႔ေတြ႕စရာအေၾကာင္းရွိမွာမဟုတ္သလို ခင္လာစရာအေၾကာင္းလည္းမရွိဘူး လက္ထပ္ပြဲကို လက္ခံလိုက္တာ ကြၽန္မမဟုတ္သလို ေဖေဖ့အေပၚထားတဲ့ ေက်းဇူးေႂကြးကို ဆပ္ပါလို႔ေျပာတာကလည္း ကြၽန္မမဟုတ္ဘူး...ရွင္တို႔ပဲစခဲ့တာ ကြၽန္မ ကိုယံကိုျပန္ေတြ႕တယ္ဆိုတာ မွန္တဲ့ဆုံးျဖတ္ခ်က္တစ္ခုျဖစ္လို႔ ေတြ႕ေနတာ...ကြၽန္မတို႔ ေတြ႕ပဲေတြ႕တာ ေဖာက္ျပန္တာမဟုတ္ဘူး"

"ကိုယ္မင္းကို အျပစ္မျမင္ပါဘူး!..ဒီတိုင္း...!အစကတည္းကမွားခဲ့တယ္ထင္တယ္ အစကတည္းက စက္ဝန္းအလြန္နဲ႔ အႏွစ္သာရက မေတြ႕ခဲ့ရမွာ"

"ဘာ!.."

ဒီစကားက အႏွစ္ရဲ႕စိတ္ကို အဆုံးထိတြန္းပို႔လိုက္သလိုပင္။

"မင္းဘယ္လိုလုပ္ခ်င္လဲ ကြာရွင္းေပးရမလား"

"အဲ့ေလာက္ေတာင္ေပးဆပ္ခ်င္ရင္ ကြာရွင္းေပးလိုက္! ဒါမွ ကြၽန္မကိုယံ့ဆီ စိတ္ရွင္းရွင္းနဲ႔သြားလို႔ရမွာ ကြၽန္မကို ကြာရွင္းေပး..."

"ဟင္!.."

"ရွင္က ကြၽန္မကို ရွင့္သူငယ္ခ်င္းဆီသြားေစခ်င္တာမဟုတ္လား ကြာရွင္းေပး...ဒါမွ ရွင့္သူငယ္ခ်င္းစိတ္သန႔္သန႔္နဲ႔ကြၽန္မနဲ႔ပတ္သတ္ႏိုင္မွာ မဟုတ္ဘူးလား ဒါကိုေတာ့ စဥ္းစားထားတယ္မလား"

"ဒါက!..."

"ကြၽန္မ ရွင့္သူငယ္ခ်င္းဆီသြားမယ္ အဲ့အတြက္ရွင္က ကြာရွင္းစာခ်ဳပ္မွာ လက္မွတ္ထိုးေပးရင္ရၿပီ"

ကြၽန္မက ရွင့္ကိုခ်စ္လို႔ အေလွ်ာ့ေပးတာမ်ိဳးရွိမွာမဟုတ္ဘူး။ ကြၽန္မတို႔ မာနႀကီးတာခ်င္းက အတူတူပဲမဟုတ္လား။

"အင္း...ကြာရွင္းၾကတာေပါ့"

အႏွစ္ၿပဳံးလိုက္၏။ ရင္ထဲမွာနာက်င္ေနရင္ေတာင္ အျပင္မွာေတာ့ ေက်နပ္ေနရမယ္။

အႏွစ္ဆြဲထားဖို႔စိတ္ကူးမရွိ‌ပါ။ သူက ဘာအေၾကာင္းျပခ်က္မွမေမးဘဲ သူ႔သူငယ္ခ်င္းကိုေ႐ြးခ်ယ္ခဲ့တာ။ သူမထက္ သူငယ္ခ်င္းကိုေ႐ြးခ်ယ္ခဲ့တာ။ ဒီလိုေယာက္်ားမ်ိဳးကို သူမကဘာလို႔ဆြဲထားရမွာလဲ။

"ရွင္ကရယ္ရတယ္ေနာ္...
သူငယ္ခ်င္းကခ်စ္လို႔ ကြာရွင္းမယ္တဲ့...ဩခ်ရေလာက္တဲ့အထိ ေပးဆပ္မႈပဲ အဲ့ေပးဆပ္မႈ အဆုံးထိတည္ၿမဲပါေစလို႔ ဆုေတာင္းေပးတယ္"

"ကိုယ္က!..."

"ေက်းဇူးပဲေနာ္...ကြာရွင္းတာကို ကိုယံမ်က္လုံးမခြဲစိတ္ခင္ အဆုံးသတ္ရမယ္...အင္း ကိုယံကကြၽန္မကိုခ်စ္တာဆိုေတာ့ နားလည္ေပးမွာပါ"

အႏွစ္ႏိုင္ၿပီ။
ခံစားလိုက္စမ္းပါ စက္ဝန္းအလြန္။

အဲ့ခံစားခ်က္က ရွင့္ကို ေတာက္ေလာင္သြားတဲ့ထိ ဒုကၡေပးလိမ့္မယ္။

အႏွစ္အေပၚတက္လာၿပီးမၾကာပါ။ ကားသံၾကားရသည္။ သူအျပင္ထြက္သြားပုံရသည္။

ကြၽန္မ ရွင့္လိုလူကိုခ်စ္ခဲ့တာ အလကားပဲ စက္ဝန္းအလြန္။

✿⁠............✿⁠...........✿⁠

"ငါ!..ငါဘယ္လိုလုပ္ရမလဲ ထင္ရွား"

ထင္ရွားမသိ‌ပါေစနဲ႔လို႔ဆုေတာင္းခဲ့ေပမဲ့ ဆုေတာင္းတို႔မျပည့္ခဲ့ပါ။ စက္ဝန္းသည္ မိုးျမတ္ယံနဲ႔အႏွစ္ရဲ႕ပတ္သတ္မႈကိုသိသြားေလၿပီ။ သူလည္းလက္မခံခ်င္ေပမဲ့ ဒီရက္ပိုင္းအတြင္း အႏွစ္က မိုးျမတ္ယံကိုေန႔တိုင္းလာေတြ႕တာ မ်က္ျမင္ကိုယ္ေတြ႕မို႔ ဘာမွမ‌ေျပာႏိုင္ခဲ့။

"ဘာလို႔ ငါတို႔မွာ ဒီလိုအျဖစ္မ်ိဳးလာႀကဳံရတာလဲ"

"ဒါေပမဲ့ မင္းအႏွစ္ကိုေတာ့ မစြန႔္လႊတ္ဘူးမလား"

စက္ဝန္းျပန္မေျဖမိ။

"မင္း မဟုတ္မွ တစ္ကယ္ႀကီး!.."

"ငါကေနာက္လူပဲ သူတို႔ႏွစ္ေယာက္ၾကားထဲမွာ ငါကတတိယလူ...ဘဝပ်က္တဲ့အထိ သေဘာက်ရတဲ့ယံရဲ႕မိန္းကေလးကို ငါလုယူလိုက္ရင္ ဘယ္တရားပါ့မလဲ...ယံကဘယ္ေလာက္ေတာင္ အႏွစ္ကိုခ်စ္ေပးခဲ့လဲ..."

"ဒီမွာ ေဟ့ေကာင္! ပထမလူကိုတစ္ကယ္ခ်စ္ရင္ ဒုတိယလူဆိုတာ ေပၚလာစရာအေၾကာင္းမရွိဘူးကြ အႏွစ္က မင္းကိုခ်စ္ပါတယ္...အရင္ကအႏွစ္နဲ႔အခုအႏွစ္အရမ္းကြာျခားသြားတာ မင္းလည္းကိုယ္ေတြ႕ပဲမဟုတ္လား ‌ဒီကိစၥကို အႏွစ္နဲ႔ကိုယ္တိုင္ေတြ႕ၿပီး ေျဖရွင္းၾကပါ"

စက္ဝန္းဘာမွျပန္မေျဖျဖစ္ခဲ့ပါ။ သူ႔မ်က္လုံးထဲမွာ ယံေရာအႏွစ္ေရာက တစ္လွည့္စီ တိုးဝင္ေနတာေၾကာင့္ မ်က္လုံးစုံမွိတ္ကာ ေနာက္ကိုမွီခ်လိုက္သည္။

"ငါ ဒီည ဒီမွာအိပ္မယ္"

"ငါ အႏွစ္ကိုဖုန္းဆက္လိုက္မယ္"

"အင္း!..."

ထင္ရွားက သူ႔ကိုအခန္းထဲမွာတစ္ေယာက္တည္းထားျပစ္ခဲ့ကာ အျပင္ထြက္သြား၏။ အႏွစ္ကိုဖုန္းသြားဆက္တာျဖစ္ေန၍ မတားမိ။ခဏၾကာေတာ့ ျပန္ဝင္လာသည္။

"အႏွစ္က အဆင္ေျပတယ္တဲ့ ႀကိဳက္သလိုလုပ္တဲ့...မင္းတို႔ႏွစ္ေယာက္က အခုထိ မာနတခြဲသားနဲ႔ ခံစားခ်က္ေတြၿမိဳသိပ္ထားၾကတာပဲ"

"ၿမိဳသိပ္တာမဟုတ္ဘဲ ခံစားခ်က္ေတြက မစစ္ခဲ့တာျဖစ္ႏိုင္တာပဲ..."

စက္ဝန္းက ႏွလုံးသားကခံစားခ်က္ကို လိမ္ကာ‌ေျပာ၏။ ၿပီးေနာက္ စက္ဝန္းနာက်င္စြာ ၿပဳံးလိုက္ကာ...

"ငါ ဒီေန႔ ယံနဲ႔အႏွစ္ကိုေတြ႕ခဲ့တယ္...ယံ တစ္ကယ္ကိုေပ်ာ္ေနတာ အႏွစ္ေဘးမွာရွိေနေတာ့ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ကိုၿပဳံးေနတာ...ငါဘယ္လိုလုပ္ၿပီး ယံ့အသည္းကိုခြဲရက္မွာလဲ ေနာက္ဆုံးမွာ ငါ့ဘက္ကလက္လႊတ္ေပးရမယ္ဆိုတာ သိလိုက္ရတယ္ အႏွစ္ကလည္းေျပာတယ္ ယံကို ခ်စ္တယ္တဲ့ ကြာရွင္းေပးမယ္ဆိုရင္ စိတ္သန႔္သန႔္နဲ႔ကိုယံဆီသြားႏိုင္မယ္တဲ့... တံတိုင္းတည္တံ့ အႏွစ္ကယံကို ခ်စ္တယ္လို႔ေျပာတုန္းက မယုံၾကည္ခဲ့ေပမဲ့ အခုအႏွစ္ကိုယ္တိုင္ကေျပာခဲ့ေတာ့ ငါယုံၾကည္ဖို႔ကလြဲၿပီး ဘာမွလုပ္မရခဲ့ဘူး"

"ဒါဆို သူငယ္ခ်င္းကိုေပးေပ်ာ္ၿပီး မင္းက် အသည္းကြဲခံမယ္ေပါ့ အဟက္!.."

"ငါက တစ္ေယာက္တည္းလည္းအဆင္ေျပတယ္"

ဪ...ေမတၱာတရားႀကီးမားရက္ပါေပ့။

✿⁠............✿⁠...........✿⁠

ဘာပဲျဖစ္ျဖစ္ ရေဝေသာ္ရဲ႕အႀကံသည္ ေအာင္ျမင္စြာၿပီးေျမႇာက္ခဲ့သည္။ မာနႀကီးတဲ့သူႏွစ္ေယာက္ရဲ႕ခ်စ္ျခင္းကိုခြဲရတာ လြယ္လိုက္ေလျခင္း။

အကယ္၍ ရေဝေသာ္သာ စက္ဝန္းနဲ႔အႏွစ္က လက္ထပ္ထားတယ္ဆိုတာ သိရင္ ဒီလိုေပ်ာ္ႏိုင္ပါဦးမည္လား။ သူခြဲခဲ့တဲ့ခ်စ္ျခင္းက ခ်ည္ေႏွာင္မႈထက္ပိုတဲ့ေသြးသားေရာေႏွာမႈေလးတစ္ခုရွိေနခဲ့တယ္ဆိုတာ သိခဲ့ရင္ေရာ ေပ်ာ္ႏိုင္ပါ့မလား။

✿⁠............✿⁠...........✿⁠

ဆက္ရန္

   

Continuar a ler

Também vai Gostar

627K 60.1K 88
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
60.8K 1.2K 25
အချစ်ဆိုတဲ့အရာတွေတောင်သေးနုပ်ဂုဏ်ငယ်သွား​ေစနိုင်တဲ့ သံယောဇဉ်နဲ့မေတ္တာတချို့ကို အချစ်ထက်ပိုတယ်လို့ယူဆလို့ရကောင်းရပါတယ် အချစ်ဆိုတာခါးသီးမှုတွေပေးတက်ပေမ...
74.7K 3.3K 27
Start : 6.11.2022 Finish : ????? မင်းနဲ့ငါနဲ့ ဘယ်လောက်ပဲဝေးနေနေ ငါတို့နှစ်ယောက်ကြားမှာ သာမာန်လူတွေမမြင်တွေ့နိုင်တဲ့ ချည်နှောင်ထားတဲ့ကြိုးတစ်ချောင်းရှ...