မေတ္တာတစ်မိုးအောက်က ဦးရဲ့အကြင...

Von harley__robbie

240K 4.1K 88

​" နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာမှာ ၁၅၀၀ နဲ့ ၅၂၈ သီအိုရမ်မေတ္တာအစုအပုံတွေ တစ်စတစ်စ ပေါက်ဖွားလာတယ်။ အဲဒါဘယ်သ... Mehr

To Dear Honeys 🍯
✽ အပိုင်း ၁ ✽
✽ အပိုင်း ၂ ✽
✽ အပိုင်း ၃ ✽
✽ အပိုင်း ၄ ✽
✽ အပိုင်း ၅ ✽
Thein Mwae San Nwe's Art
Nay Han Mine's Art
✽ အပိုင်း ၆ ✽
✽ အပိုင်း ၇ ✽
✽ အပိုင်း ၈ ✽
✽ အပိုင်း ၉ ✽
✽ အပိုင်း ၁၀ ✽
✽ အပိုင်း ၁၁ ✽
✽ အပိုင်း ၁၂ ✽
✽ အပိုင်း ၁၃ ✽
✽ အပိုင်း ၁၄ ✽
✽ အပိုင်း ၁၅ ✽
✽ အပိုင်း ၁၆ ✽
✽ အပိုင်း ၁၇ ✽
✽ အပိုင်း ၁၈ ✽
✽ အပိုင်း ၁၉ ✽
✽ အပိုင်း ၂၀ ✽
✽ အပိုင်း ၂၁ ✽
✽ အပိုင်း ၂၂ ✽
✽ အပိုင်း ၂၃ ✽
✽ အပိုင်း ၂၄ ✽
✽ အပိုင်း ၂၅ ✽
✽ အပိုင်း ၂၆ ✽
✽ အပိုင်း ၂၇ ✽
✽ အပိုင်း ၂၈ ✽
✽ အပိုင်း ၂၉ ✽
✽ အပိုင်း ၃၀ ✽
✽ အပိုင်း ၃၁ ✽ (ဇာတ်သိမ်းပိုင်း)
PDF File version (Unicode)
New OC Fiction Announcement (Unicode)
2 (Z)
3 (Z)
4 (Z)
5 (Z)
6 (Z)
7 (Z)
8 (Z)
9 (Z)
10 (Z)
11 (Z)
12 (Z)
13 (Z)
14 (Z)
15 (Z)
16 (Z)
17 (Z)
18 (Z) 🔞⚠️‼️
19 (Z)
20 (Z)
21 (Z)
22 (Z) 🔞
23 (Z)
24 (Z)
25 (Z) 🔞
26 (Z) 🔞
27 (Z)
28 (Z)
29 (Z)
30 (Z)
31 (Z) Final Part
PDF File Ver (Zawgyi)
New OC Fiction Announcement (Zawgyi)

1 (Zaw)

2K 19 1
Von harley__robbie

လအလင်းရောင် မှိန်ဖျော့ဖျော့အောက်တွင် ကုန်တင်ကားတစ်စီးမှာ မြေမညီညာသည့်လမ်းတစ်ခုအတွင်းသို့ တရွေ့ရွေ့မောင်းနှင်လာသည်။ ထိုကုန်တင်ကားနောက်ခန်း၌ ဂိုဏ်းသားတစ်စုမှ အသက်မပြည့်သေးသော မိန်းကလေးငယ်များကို သယ်ဆောင်လာကြသည်။

မိန်းကလေးငယ်များမှာ အသက် ၁၃ နှစ်မှ ၁၇ နှစ်ရှိသော သမီးပျိုရွယ်လေးများပင်ဖြစ်သည်။ အရေအတွက်မှာ ၂၇ ယောက်ဖြစ်ပြီး ထိုမိန်းကလေးများ၏လက်များသည် လက်ပြန်ကြိုးတုပ်နှောင်ထားခြင်းကို ခံထားရသကဲ့ ပါးစပ်များမှာလည်း တိတ်ဖြင့်ကပ်ခံထားကြရရှာသည်။

ဤသို့ဖြင့် ကယ်ပါကူပါ မအော်နိုင်ကြဘဲ ခရီးတစ်လျှောက်လုံး ကူကယ်ရာမဲ့စွာ လိုက်ပါလာခဲ့ကြ၏။ တစ်နေရာအရောက်တွင် ကုန်တင်ကား ရပ်တန့်သွားပြီးနောက် ကားရှေ့ခန်းမှ ယောကျာ်းသုံးယောက်ဆင်းလာပြီး ကုန်တင်ကားနောက်ခန်းတံခါးကို ဖွင့်လိုက်ကြသည်။ ထို့နောက်တွင် နောက်ခန်းက ယောကျာ်းငါးယောက်မှာ မိန်းကလေးများကို ကားအောက်သို့ ခြိမ်းခြောက်ခေါ်ဆောင်လာခဲ့ကြ၏။

" လာခဲ့ ခွေးမတွေ ... အော်ငိုမနေကြနဲ့၊ နင်တို့အသံ ဘယ်သူမှမကြားဘူး "

အသက်လတ်ပိုင်းရှိ မျက်နှာတွင်ချို့င့်ခွက်ဗရပျစ်နှင့်လူက ငိုယိုနေသောမိန်းကလေးများကို ရိုင်းစိုင်းစွာ အော်ငေါက်ခဲ့ကာ ကားပေါ်မှ ဆွဲချခဲ့ပြီးနောက် သူ၏အဖွဲ့သားများနှင့်အတူ စခန်းအတွင်းခုသို့ ဝင်ရောက်လာခဲ့ကြသည်။ ထိုနေရာသည် လူမိုက်ဂိုဏ်းသားများကျက်စားရာစခန်းဖြစ်ပြီး လူကုန်ကူးသည့်လုပ်ငန်းလုပ်ကိုင်ရာ ဌာနချုပ်လည်းဖြစ်၏။ စခန်းအတွင်းရှိမြေအောက်ခန်းက သံတိုင်များခြံရံထားသည့် လှောင်အိမ်အသွင်းသို့ မိန်းကလေးများကို ဆွဲသွင်းကာ နေရာချထားခဲ့ကြသည်။

မိန်းမငယ်လေးများမှာ ကြောက်လန့်နေကြသဖြင့် တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေခဲ့ကြသည်။ ထို့နောက် ဂိုဏ်းခေါင်ဆောင်တစ်ဦးမှ ဂိုဏ်းသားများခြံရံလျက် လှောင်အိမ်ကြီးဆီသို့ ရောက်ရှိလာပြီး မိန်းမငယ်လေးများအား ကျေနပ်သည့်အပြုံးတစ်ခုနှင့်အတူ ကြည့်ရှုစစ်ဆေးနေခဲ့၏။

" ဒီတစ်ခေါက် မင်းတို့ခေါ်လာတဲ့ကလေးမလေးတွေက အလှလေးတွေပဲ "

ထိုစဉ် လှောင်အိမ်ပြင်ပရှိ အခန်းထောင့်တစ်နေရာတွင် အသက်ငယ်ငယ်အမျိုးသားတစ်ယောက်က မတ်တပ်ရပ်ကာ ဆေးလိပ်ဖွာရှိုက်နေခဲ့သည်။ မိန်းကလေးများကို တဏှာမျက်လုံးများဖြင့် ကြည့်ရှုစစ်ဆေးနေသည့်ဂိုဏ်းခေါင်းဆောင်ကို မျက်ထောင့်နီဖြင့် အေးစက်စွာ ကြည့်ရှုနေခဲ့၏။ ထိုသူသည် ကြေးစားလူသတ်သမားတစ်ဦးဖြစ်ပြီး ၎င်းဂိုဏ်းခေါင်းဆောင်၏ အထူးကိုယ်ရံတော်အနေဖြင့် အလုပ်ခန့်အပ်ထားခြင်းခံရသည်မှာ ၃ လကျော်ရှိပြီဖြစ်သည်။

တစ်နည်းအားဖြင့် ဂိုဏ်းခေါင်းဆောင်မှ အလွန်ယုံကြည်အားကိုးရသူလည်းဖြစ်၏။ သူသည် အသက် ၁၀ နှစ်ကတည်းကပင် လူသတ်မှုဖြင့် ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းသို့ ရောက်ရှိခဲ့ပြီး အသက် ၁၄ နှစ်တွင် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။ အသက် ၁၆ နှစ်အရွယ်ရောက်သော် ထပ်မံ၍လူသတ်မှုကျူးလွန်ခဲ့ပြီးနောက်တွင် ဒုစရိုက်လောကထဲသို့ ဝင်ရောက်လာသည့်အချိနိမှစတင်ကာ ကြေးစားလူသတ်သမားအဖြစ် နာမည်ကြီးလာခဲ့သူပင်။

ထိုသူ၏အမည်ကား နေဟန်မှိုင်းဖြစ်လျက်။

" ကဲ ... ဒါဆို ငါစိတ်ချလက်ချထားခဲ့မယ်၊ မင်းတို့သေချာစောင့်ကြည့်ထားလိုက်ကြ၊ ပါကင်လေးတွေကို ထိဖို့မကြံနဲ့နော်၊ ဖောက်သည်ဆီရောက်လို့ သူတို့ဆရာဝန်တွေနဲ့ စစ်ဆေးလို့မှ ပါကင်ဖောက်ထားတယ်ကြားရလို့ကတော့နော် အလောင်းတန်းစီသွားမယ် ... ပြည်မကြီးကပေါက်စီကောင်တွေက ပါကင်ဆိုသန့်ပြန့်နေမှ ကြိုက်ကြတာ၊ မင်းတို့ကြောင့် ငါနာမည်ပျက်ရင် မင်းတို့ကို ယမမင်းဆီပို့မှာ "

" ဟုတ်ကဲ့ Boss ... ကျွန်တော်တို့ကို စိတ်ချလိုက်ပါ "

ထိုဂိုဏ်းသားခြောက်ယောက်လည်း သူတို့၏ဂိုဏ်းခေါင်းဆောင်ကို ကြောက်ရသဖြင့် ရိုကျိုးစွာ နာခံခဲ့ကြပြီး ခေါင်းဆောင်ရှေ့တွင် အပိုးကျိုးကာ ငြိမ်ဝပ်ပိပြားနေခဲ့ကြသည်။

ဂိုဏ်းခေါင်းဆောင်လည်း မြေအောက်ခန်းထဲကနေ သူ၏လက်အောက်ငယ်သားများနှင့်အတူ ထွက်သွားခဲ့သည်။ နေဟန်မှိုင်းလည်း ဆေးလိပ်ကို မြေပြင်ပေါ်တွင် ပစ်ချလိုက်ပြီး ရှူးဖိနပ်ပြားဖြင့် နင်းချေပစ်ခဲ့သည်။ ထို့နောက် လှောင်အိမ်ရှေ့မှ ဖြတ်သွားကာ သူ၏ခေါင်းဆောင်နှင့် တခြားဂိုဏ်းသားများနောက်သို့ လိုက်သွားခဲ့သည်။

မြေအောက်ခန်းတွင်း ကျန်ရှိနေခဲ့သည့်လူခြောက်လည်း အခန်းထောင့်ရှိရေခဲသေတ္တာဆီသို့ အမြန်သွားကြကာ ရေခဲသေတ္တာထဲက အရက်ပုလင်းများကို အသီးအသီးယူလိုက်ကြသည်။ ထို့နောက် လှောင်အိမ်ရှေ့က စားပွဲခုံပေါ်တွင် ပုလင်းများကို ချခဲ့ကြပြီး တရယ်တမောဖြင့် အရက်သောက်ကာ စကားပြောနေခဲ့ကြ၏။

မြေအောက်ခန်း၏အတွင်းပိုင်းသည် နံရံထောင့်များ၌ မီးလုံးအဝါအနည်းငယ်သာ ထွန်းညှိထားသဖြင့် အလင်းရောင်မှိန်ပြပြသာရှိသည်။

တဖြည်းဖြည်း အရက်ရှိန်တက်လာကြသောအခါ ခြောက်ယောက်စလုံးမှာ ရင်ဘတ်ထဲတွင် မီးလောင်နေသကဲ့ပူလာကြလျက်။ ရုတ်တရက် ပါးစပ်မဟနိုင်၊ စကားမပြောနိုင်ဖြစ်ကုန်ကြလျက် သွေးအန်ထွက်ခဲ့ကြသည်။ ဤသည်မှာ နေဟန်မှိုင်း၏လက်ချက်ပင်တည်း။

အစောပိုင်းက မြေအောက်ခန်းတွင် မည်သူတစ်ဦးတစ်ယောက်မှ မရှိနေကြသည့်အခိုက် သူ ခိုးဝင်ခဲ့ပြီး ရေခဲသေတ္တာထဲက အရက်ပုလင်းများထဲသို့ အဆိပ်မှုန့်များခတ်ထည့်ခဲ့သည်။ ထို့နောက် အရက်ပုလင်းများ၏သံအဖုံးများကိုလည်း မဖွင့်ဖောက်ရသေးသော ပုလင်းအသစ်များကဲ့သို့ လက်ရာသေသပ်စွာ တူသေးသေးလေးနှင့် သေချာထုရိုက်ခဲ့ပြီးနောက် ရေခဲသေတ္တာထဲ၌ ပြန်လည်ထားရှိခဲ့သည်။

ဤလူကုန်ကူးသည့်စခန်းဆီသို့ နေဟန်မှိုင်းအနေဖြင့် မနေ့တနေ့ကမှ စတင်ရောက်ရှိခဲ့သော်လည်း အသက်မပြည့်သေးသော အမျိုးသမီးငယ်လေးများကိုသာ အဓိကလူကုန်ကူးကြောင်း သိရှိခဲ့ရပြီးနောက် ကယ်တင်ချင်စိတ်များ တဖွားဖွားပေါ်လာခဲ့သည်။ လူသတ်သည့်အကုသိုလ်အလုပ်တစ်မျိုးတည်းကိုသာ နည်းဗျူဟာအမျိုးမျိုးနှင့် ကျွမ်းကျင်စွာ လုပ်ကိုင်လေ့ရှိပြီး ကျန်သည့်ဒုစရိုက်အလုပ်များကိုမူ စိတ်ဝင်စားခြင်းမရှိခဲ့ချေ။

သွေးအိုင်ထဲတွင် ငါးရံ့များဖျတ်ဖျတ်လူးနေသကဲ့သို့ဖြစ်နေသော ဂိုဏ်းသားခြောက်ယောက်နားသို့ နေဟန်မှိုင်းမှာ အချိန်ကိုက် ရောက်ရှိနေခဲ့သည်။ သေလုဆဲဆဲဂိုဏ်းသားများကို အေးစက်စက်ကြည့်ရှုရင်း မဲ့ပြုံးပြုံးလိုက်သည်။ သူကိုင်ဆောင်လာသည့် လွှစက်ကို အောက်ခဏချလိုက်သည်။ ဂိုဏ်းသားများ၏ဘောင်းဘီများနှင့် အိတ်ကပ်များထဲက တစ်စုံတစ်ခုကို သူ့လက်များဖြင့် စမ်းသပ်ရှာဖွေနေခဲ့ရာ ကုန်တင်ကားသော့ကို တွေ့ရှိခဲ့၏။

ထို့နောက် လှောင်အိမ်ဆီသို့ ဖြည်းဖြည်းချင်း လမ်းလျှောက်သွားပြီး လှောင်အိမ်တံခါးက သံကြိုးများနှင့်သော့ခလောက်အထူကြီးကို သူ့လက်တွင်ကိုင်ဆောင်လိုက်သည့် အရွယ်အစားအသင့်အတင့်ရှိ လွှစက်ဖြင့် ခုတ်ဖြတ်ခဲ့သည်။ သံကြိုးများနှင့်သော့ခလောက်က ကြမ်းပြင်ပေါ်သို့ ချွမ်ခနဲ ကျသွားခဲ့သည်။ သူ့လက်ထဲက လွှစက်ကိုလည်း စက်ပိတ်ပြီး ကြမ်းပြင်ပေါ်သို့ ပစ်ချခဲ့သည်။

ထို့နောက် လှောင်အိမ်အတွင်းသို့ ဝင်သွားခဲ့ပြီး မိန်းကလေးများအား ပါးစပ်တိပ်များခွာပေးခဲ့ချက် ကြိုးများဖြည်ပေးခဲ့သည်။

" မင်းတို့အိမ်ပြန်ချင်ရင် ငါ့နောက်ကနေ ​ခြေသံတိတ်တိတ်လေးလိုက်ခဲ့ပေး "

နေဟန်မှိုင်း၏စကားကြောင့် ကူကယ်ရာမဲ့နေခဲ့သည့် မိန်းကလေးများကလည်း သူပြောသလို လုပ်ခဲ့ကြသည်။ ညအမှောင်ထဲ၌ မိန်းကလေးအားလုံးကို စခန်းနောက်ပေါက်ကနေ လုံခြုံစွာ ခေါ်ထုတ်လာခဲ့ပြီးသော် ကုန်တင်ကားဆီသို့ ချီတက်ခဲ့ကြသည်။

ကုန်တင်ကား၏နောက်ခန်းတံခါးနှစ်ချပ်ကို ဆွဲဖွင့်လိုက်ပြီး မိန်းကလေးငယ်များကို ကားပေါ်သို့ တက်စေခဲ့သည်။

" ဦးဦး ... သမီး အမှောင်ကြောက်လို့ ရှေ့ခန်းမှာထိုင်လို့ရမလားဟင်"

အသားဖွေးဥနေကာ ချစ်စရာကောင်းသည့်အသက် ၁၃နှစ်အရွယ်ကောင်မလေးတစ်ယောက်မှာ နေဟန်မှိုင်း၏ကုတ်အင်္ကျီစကိုဆွဲထားကာ သနားစဖွယ်မျက်လုံးကလေးများဖြင့် တောင်းဆိုလာသောအခါ နေဟန်မှိုင်းက တုံ့ဆိုင်းမနေခဲ့ဘဲ တိုတိုတုတ်တုတ် ပြန်ဖြေလိုက်သည်။

" အိုကေပါ "

ကျန်ရှိနေသည့်မိန်းကလေးများ ကားပေါ်ရောက်ကြပြီးချိန်၌ တံခါးနှစ်ချပ်ကို ပိတ်လိုက်လျက် လော့သေချာချခဲ့သည်။ ထို့နောက် ကားရှေ့ခန်းမှာ ကလေးမလေးကို ထိုင်စေခဲ့ပြီး သူလည်းဒရိုင်ဘာထိုင်ခုံတွင် အမြန်နေရာယူခဲ့၍ ကားစက်နိုးကာ မောင်းထွက်လာခဲ့၏။

ဤသို့ဖြင့် မနက် ၄ နာရီမှ ၆ နာရီကျော်အထိ တောက်လျှောက်မောင်းနှင်လာခဲ့ရာ တစ်နေရာအရောက်တွင် ကားခဏရပ်နားခဲ့သည်။ ကလေးမလေးမှာ ကားပေါ်တွင် အိပ်မောကျနေခဲ့သည်။ နေဟန်မှိုင်းလည်း ကားကိုမှီလျက် ဆေးလိပ်သောက်နေခဲ့စဉ် ဘေးဘက်ကို လှမ်းကြည့်မိချိန်၌ သူ၏မျက်ခုံးများ ချက်ချင်းပင့်တက်သွားသည်။

" သောက်ကျိုးနည်းပြီဟ"

မလှမ်းမကမ်းအကွာအဝေးတွင် သူ့နောက်ကနေ ဂိုဏ်းတစ်ဖွဲ့လုံးက စခန်းရှိကားများ၊ဆိုင်ကယ်ဖြင့် လိုက်လာကြသည်ကို မြင်သွားခဲ့ပြီးနောက် ကုန်တင်ကားပေါ်သို့ ပြေးတက်ကာ အရှိန်မြှင့်မောင်းနှင်ရသည်။ အသည်းအသန်လိုက်ပါလာသော ဆိုင်ကယ်ပေါ်က ဂိုဏ်းသားများကလည်း သေနတ်များဖြင့် ကုန်တင်ကားဘီးများကို ထိမှန်အောင် ပစ်ခတ်ခဲ့ကြသည်။

ဆက်တိုက်ပစ်လွှတ်သောကျည်ဆန်များကြောင့် ကားဘီးများမှာ လေလျော့လာခဲ့သည်။

" သောက်ချီးပဲကွာ "

နေဟန်မှိုင်းမှာ ဒေါသထွက်နေခဲ့ပြီး ကြံရာမရတော့သည့်အဆုံး အိပ်နေသည့်ကလေးမလေးကိုသာ ဆွဲခေါ်ကာ ကားနှင့်ကျန်သည့်ကလေးမလေးများကို ပစ်ထားခဲ့ရသည်။ သူ့တွင်လည်း သေနတ်ပါသော်ငြား လူအင်အားမမျှသဖြင့် အသက်လုထွက်ပြေးလာမှသာ လွတ်မြောက်နိုင်မည်။

" -ီးပဲ၊ ငါ့ကြောင့်နဲ့ကလေးတွေ ထပ်အဖမ်းခံလိုက်ရပြန်ပြီ၊ တော်တော် သောက်သုံးမကျတဲ့ကောင်ပါလား "

နေဟန်မှိုင်းလည်း ပြေးလာသည့်လမ်းတစ်လျှောက် သူ့ကိုယ်သူဒေါသထွက်ကာ ဆဲဆိုနေခဲ့သည်။

" ဦးဦး ... သမီးကြောက်တယ်"

" မကြောက်နဲ့ ... ဦးဦးရှိတယ်၊ မင်း သူငယ်ချင်းတွေကိုလည်း ရအောင်ထပ်ကယ်ပေးမယ် "

နေဟန်မှိုင်းလည်း ကလေးမလေး​၏လက်ကို ယခင်ကထက် ပိုတင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့ကာ ပြေးလွှားခဲ့သည်။

ထို့နောက် သူ့ခေါင်းထဲပေါ်လာသည်က အနီးစပ်ဆုံး နယ်စပ်ရဲစခန်းကို အမြန်ဆုံးအကြောင်းကြားရန်ပင်။ ဘေးကင်းသည့်နေရာတစ်ခုသို့ရောက်သော် သူ့ကုတ်အင်္ကျီထဲက ဖုန်းကို ဆွဲထုတ်လိုက်ပြီး အွန်လိုင်းပေါ်ကနေ နယ်စပ်ရဲစခန်းဖုန်းများကို နာရီဝက်ကျော်ကြာအောင် ကြိုးစားရှာဖွေနေခဲ့သည်။

ဖုန်းနံပါတ်များကို တွေ့ရှိသွားပြီးနောက်တွင် နယ်စပ်ရဲစခန်းဆီ ဆက်သွယ်အကြောင်းကြားကာ လူကုန်ကူးနေသည့်ဂိုဏ်းအကြောင်းနှင့်လိပ်စာကိုပါ ပြောပြခဲ့သည်။

ဖုန်းဆက်ပြီးသွားချိန်၌ ကလေးမလေးကို ကုန်းပိုးကာ လမ်းလျှောက်လာခဲ့ပြီး တစ်နာရီကျော်ကြာအောင် ကားလမ်းမပေါ်ရှိ ကြုံရာကားများကိုတွေ့တိုင်း လမ်းကြုံစီးနင်းနိုင်ရန် ကားတားခဲ့သည်။ မကြာခင်တွင် သံဃာတော်နှစ်ပါးနှင့် ယာဉ်မောင်းကပ္ပိယပါရှိသော အဖြူရောင်ကားတစ်စီးပေါ်တွင် လမ်းကြုံစီးခွင့်ရရှိခဲ့ပြီး ဘုန်းကြီးကျောင်းတစ်ခုသို့ ရောက်ရှိလာခဲ့ကြ၏။

ဘုန်းကြီးကျောင်းသို့ရောက်သောအခါ ဆရာတော်များကို အကြောင်းစုံလျှောက်ထားခဲ့သလို ကလေးမလေးကိုလည်း သူမ၏အမည်၊ နေထိုင်သည့်နေရပ်လိပ်စာ၊ အုပ်ထိန်းသူများ၏ဖုန်းနံပါတ်များနှင့် ဘာကြောင့်လူကုန်ကူးခံခဲ့ရသလဲဆိုတာကအစ မေးမြန်းခဲ့သည်။

ကလေးမလေး၏အမည်မှာ သိမ်မွေ့စံနွယ်ဖြစ်၏။ မိဘမဲ့လေးဖြစ်ပြီး ဦးလေးလင်မယား၏အုပ်ထိန်းမှုအောက်တွင် ကြီးပြင်းလာခဲ့သူလေးပင်။ တစ်နေ့ သူမကျူရှင်က အိမ်အပြန်လမ်းတွင် လူပြတ်လပ်သည့်နေရာသို့ရောက်ရှိသည့်အချိန်၌ အမျိုးသားတစ်စုမှ မေ့ဆေးအုပ်ဖမ်းခေါ်ခြင်းကို ခံခဲ့ရကြောင်း ဖြေကြားခဲ့သည်။

" ဒကာရဲ့လုပ်ရပ်က အင်မတန်မှ မွန်မြတ်လှပါတယ်၊ ဦးဇင်းတို့ကျောင်းတိုက်မှာ ဒကာတို့ အဆင်ပြေတဲ့အထိ တည်းခိုနိုင်ပါတယ်။ ဟောဒီက ဒကာမလေးရဲ့အုပ်ထိန်းသူတွေနဲ့ အဆက်အသွယ်ရပြီးရင် သူတို့လာမခေါ်မချင်း သူ့ကိုရိပ်သာက အခန်းတစ်ခန်းမှာထားထားပေးမယ်။ ယောဂီတွေကိုပါ ကလေးမလေးကို ဝိုင်းဝန်းစောင့်ရှောက်ပေးဖို့ မေတ္တာရပ်ခံပေးထားပါ့မယ်"

ကျောင်းထိုင်ဦးဇင်း၏ပြောကြားချက်ကြောင့် နေဟန်မှိုင်းလည်း ကလေးမလေးအတွက် စိတ်ချသွားသည်။

" ဦးဇင်းကို ကျေးဇူးတင်ပါတယ် ... ဒါပေမဲ့ ကျွန်တော်က လုပ်စရာကိစ္စလေးတွေရှိနေသေးလို့ မတည်းတော့ပါဘူး၊ ခုတော့ ပြန်လိုက်ပါဦးမယ် ဦးဇင်းဘုရား "

" ကောင်းပါပြီ ဒကာ "

နေဟန်မှိုင်းလည်း ဦးဇင်းကို ရှိခိုးကန်တော့လိုက်ပြီးနောက် ကျောင်းတိုက်အပြင်ဘက်သို့ ထွက်လာခဲ့သည်။ သိမ်မွေ့စံနွယ်လေးမှာ နေဟန်မှိုင်းနောက်သို့ လိုက်လာခဲ့သည်။

" ဦးဦး ... နာမည်လေးပြောပြခဲ့လို့ရမလားဟင်"

တကယ်တော့ နေဟန်မှိုင်းမှာ သူ၏နာမည်ကို မပြောပြလိုခဲ့ပေ။ သို့သော်လည်း ကလေးမလေးနှင့် ထပ်တွေ့နိုင်တော့မည်မဟုတ်သောကြောင့် ပြောပြရန် ဆုံးဖြတ်ခဲ့သည်။ သက်ပြင်းငွေ့ငွေ့လေးချလိုက်ပြီးနောက် ချိုသာကြည်မြတဲ့ အပြုံးလေးတစ်ခုပန်ဆင်လိုက်ရင်း ...

" နေဟန်မှိုင်းပါ... မင်းက သိပ်ကံကောင်းတယ် ကလေးမ။ လူတွေကို အယုံမလွယ်ဘဲ ကောင်းကောင်းမွန်မွန်ကြီးပြင်းသွားရမယ်နော် "

ထိုနေ့မှစ၍ နေဟန်မှိုင်းမှာ ကလေးမလေး၏မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့သည်။

• ────── ✾ ────── •

ဒီစာလေးကတော့ အနာဂတ်မှာ သူများစာခိုးချဖို့ plan နေတဲ့သူခိုးလေးများအတွက်ပေါ့ကွယ်။

ကူးချဖို့စဉ်းစားနေရင် ဖင်နူလက်နူနော်။ မေတ္တာတွေဆူးဖို့ မျှော်လင့်နေမယ်🫰

ဇာတ်လမ်းကိုသဘောကျတိုင်း copycat မလုပ်နဲ့ ကျက်သတုံးတွေ။ ပိစိလေးInspired တာ ရပါတယ်။
ကိုယ်ပိုင်စိတ်ကူးဉာဏ်နဲ့ ကြိုးစားဖန်တီးမှုကသာ တစ်ချိန်အောင်မြင်ရင် လိပ်ပြာသန့်ပြီးပီတိဖြစ်စရာပါ။ အဲဒါကိုမှ ဖြတ်လမ်းနည်းနဲ့အလွယ်လိုက်ချင်ရင် .....

သူများဖန်တီးမှုတွေနဲ့အောင်မြင်နေရင် အထင်ကြီးစရာကိုမရှိနေဘူး။ ဖန်တွေခင်လို့ ဖန်ဘယ်လောက်တောင့်တောင့်။

Weiterlesen

Das wird dir gefallen

338K 6.4K 42
အသက်အရွယ်‌နဲ့မလိုက်အောင်တည်ငြိမ်ရင့်ကျက်လွန်းတဲ့သူနာပြုမလေးခတ္တာလွင်နဲ့အဖိုးအတွက်ခေါ်ထားတဲ့ special nurse မလေးကိုမြင်မြင်ချင်းချစ်မိသွားတဲ့သူဌေးသားလေ...
30.6K 1.1K 47
- where a group of friends discover the power behind their bond of trust and the chemical that started it all | completed and edited | cover made by...
27.9K 639 11
Most of you have probably seen, read or heard of the story of Naruto. But what if there was a slight twist? And that twist is that only women were a...
226K 6.1K 43
-CURRENTLY UNDER EDITING!- Renesmee had a twin that everyone loved. but she was more human and they had to give her up. Renesmee loved her sister- in...