Slowly Falling For Changkong...

ANyein_26

49.9K 5.3K 165

Author - Ban Li Zi , Chestnut Chapter - 56 + 10 extras Started Date -1.9.2022 Ended Date- 22.12.2023 Еще

Description
Chapter-1
Chapter-2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter-11
Chapter-12
Chapter-13
Chapter-14
Chapter-15
Chapter-16
Chapter-17
Chapter-18.1
Chapter-18.2
Chapter-19
Chapter-20
Chapter-21
Chapter-22
Chapter-23
Chapter-24
Chapter-25
Chapter-26
Chapter-27
Chapter-28
Chapter-29
Chapter-30
Chapter-31
Chapter-32
Chapter-33
Chapter-34
Chapter-36
Chapter-37
Chapter-38
Chapter-39
Chapter-40
Chapter-41
Chapter-42
Chapter-43
Chapter-44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter-49
Chapter-49
Chapter-50
Chapter-51
Chapter-52
Chapter-53
Chapter-54
Chapter-55
Chapter-56
Chapter-57 ( ရှန့်နွမ်အချပ်ပို - ၁ )
Chapter-58 ( ရှန့်နွမ်အချပ်ပို - ၂ )
Chapter-59 ( ရှန့်နွမ်အချပ်ပို - ၃ )
Chapter-60 ( ရှန့်နွမ်အချပ်ပို - ၄ )
Chapter-61 ( လက်ထပ်ခွင့်တောင်းခြင်း )
Chapter-62 ( လက်ထပ်ထိမ်းမြားခြင်း )
Chapter-63 ( ကလေးလေး )
Chapter-64 ( Date )
Chapter-65 ( ပြောင်းရွှေ့ခြင်း )
Chapter-66 ( ဝေ့ရိချန် ) The End

Chapter-35

535 76 0
ANyein_26



ပိုပြီးအဆင်ပြေစေရန်အတွက် ရွှီလျန်သည် ကျောပိုးအိတ်အကြီးတစ်လုံးထဲသို့ ဖယောင်းအရည်ပျော်မီးပြင်းဖိုအသေးလေးတစ်ခုအား အခြားပစ္စည်းကိရိယာများနှင့်အတူ အထူးတလည် ထုပ်ပိုးလိုက်သည်။ ဤသို့ဆိုလျှင် သူမက ရှန့်ချန်ခုန်းအိမ်သို့ ဒုတိယအကြိမ်သွားရောက်လည်ပတ်ရန် အဆင်သင့်ဖြစ်နေပြီ။

ယနေ့က ကြာသပတေးနေ့ ၊ ဒါကြောင့် သူမဆိုင်ပိတ်သည်။ ပုံမှန်အားဖြင့် သူမ အိမ်မှာသာနေပြီး ဖယောင်းတိုင်အချို့လုပ်မှာဖြစ်သော်လည်း ရွှီလျန်သည် ရှန့်ချန်ခုန်းအိမ်မှာလုပ်ခြင်းက ပို၍အဆင်ပြေမည်ဖြစ်ကြောင်း သဘောပေါက်သွား၏။ သူမက သူမမျက်နှာကိုပြနိုင်ပြီး သူမအလုပ်ဖြစ်ပေါ်လာသည်များကိုလည်း သူမ၏အနာဂတ်ယောက္ခမလောင်းအား မြင်တွေ့ခွင့်ပေးနိုင်မည်ဖြစ်သည်။

ယနေ့တွင် ရှန့်ချန်ခုန်းက မနက်ဆိုင်းဖြစ်သဖြင့် ရွှီလျန်က သူ့ကို သူမရောက်လာသည်အား စောင့်နေရန် မမေးတော့ဘဲ သူ သူမကိုပေးထားသောသော့ဖြင့် အိမ်ထဲဝင်သွား၏။

ဒီနေ့ ဝမ်းရှုလီက မတူညီသောအဝတ်အစားကိုဝတ်ဆင်ထားသည့်တိုင် သူမက အရင်တစ်ခေါက်က ထိုင်နေခဲ့သည့်နေရာမှာပဲ ထိုင်နေလေသည်။ သူမက ရွှီလျန်ရောက်လာမည့်အကြောင်း သိထားသောပုံပင် ၊ ရွှီလျန်က သူမ၏ကျောပိုးအိတ်ကြီးဖြင့် ဝင်လာချိန်တွင် ဝမ်းရှုလီက ခေါင်းမော့ကြည့်လာသော်လည်း သူမမျက်နှာအမူအရာမှာ ဘာမှပြောင်းလဲသွားခြင်းမရှိခဲ့။

ရွှီလျန် သူမကျောပိုးအိတ်ကို ဆိုဖာပေါ်တွင်တင်ပြီး ပြုံးပြလာကာ

"မင်္ဂလာပါ အန်တီ ကျွန်မထပ်ရောက်လာတယ်"

ဝမ်းရှုလီကမူ ရွှီလျန်ယူလာသောအမည်းရောင်ကျောပိုးအိတ်ကိုကြည့်နေ၏။ သူမက စိတ်ဝင်စားနေသည့်ပုံရပေမဲ့လည်း အဆုံးမှာတော့ သူမ မမေးလာခဲ့ချေ ၊ ဝမ်းရှုလီက ဇာမချဲ့ဘဲ သူမခေါင်းငုံ့သွားပြီး သူမလက်ထဲရှိစာအုပ်ကို ဖွင့်လိုက်သည်။

ရွှီလျန် ဝင်လာသည့်အချိန်တုန်းက ဝမ်းရှုလီကိုင်ထားသောစာအုပ်အား အတိအလင်း စိုက်ကြည့်ပြီးသား ၊ ယင်းက အရင်တစ်ခေါက်ကနဲ့ မတူတဲ့စာအုပ်တစ်အုပ်။ ၎င်းစာအုပ်က ရှင်းရှင်းရဲ့နောက်ဆုံးထွက်စာအုပ်ဖြစ်ကာ ခေါင်းစဉ်မှာ 'Secret' ဖြစ်သည်။ ရွှီလျန်က အရင်တစ်ခေါက်ကထိုင်ခဲ့တဲ့နေရာမှာပဲ ဝင်ထိုင်ကာ စကားဆိုလာ၏။

"ဒီစာအုပ်ကိုလဲ ရုပ်ရှင်အဖြစ်ရိုက်နေပြီ ယောင်ဖုန်းနဲ့ယွီယောင်တို့ သရုပ်ဆောင်ထားတာ"

ဝမ်းရှုလီမှာ ထိုလူတွေရဲ့ပရိသတ်တစ်ယောက်မဟုတ်သည်မှာ အထင်အရှားပဲ ၊ အကြောင်းမှာ သူမက ရွှီလျန်စကားတွေကို စိတ်ဝင်စားမှုမရှိလို့ပဲ။ ရွှီလျန် စိတ်ထဲမထားဘူး။ သူမဘာသာ ရေတစ်ဖန်ခွက်လောင်းထည့်ပြီး သူမကျောပိုးအိတ်ထဲမှပစ္စည်းပစ္စယတွေကို တစ်ခုပြီးတစ်ခု အပြင်စထုတ်တော့သည်။

အရည်ပျော်မီးပြင်းဖို၊ ဖယောင်းအရည်ပျော်အိုး၊ သူမရဲ့အီလက်ထရွန်နစ်ချိန်ခွင်၊ သာမိုမီတာများ၊ ဖယောင်းအတုံးများ၊ ဂျစ်ပဆမ်၊ စက္ကူခွက်များ..... ကော်ဖီစားပွဲအသေးလေးမှာ ရွှီလျန်၏ပစ္စည်းများဖြင့် ချက်ချင်း ပြည့်သွားခဲ့သည်။ နောက်ဆုံးတွင် သူမ၏အလုပ်ရှုပ်နေသောလှုပ်ရှားမှုများက ဝမ်းရှုလီ၏ဦးခေါင်းအား မော့လာစေခဲ့၏။ သူမက စားပွဲပေါ်က ထူးထူးဆန်းဆန်းပစ္စည်းတွေကိုကြည့်ပြီး ရွှီလျန်ကို ကြည့်လိုက်သည်။

ရွှီလျန်က သူမကို ပြုံးပြရင်း

"ရှန့်ချန်ခုန်း အန်တီ့ကိုပြောဖူးလားတော့မသိဘူး ကျွန်မက Starlight ပန်းခြံမှာ ရနံ့ကုထုံးဖယောင်းတိုင်ဆိုင် ဖွင့်ထားတာ၊ ဒါတွေက ကျွန်မ ဖယောင်းတိုင်လုပ်တဲ့အခါကျရင်သုံးတဲ့ ပစ္စည်းကိရိယာတွေ"

ဝမ်းရှုလီ ပြန်မဖြေ ၊ ရွှီလျန် အီလက်ထရွန်နစ်ချိန်ခွင်ကိုဖွင့်ပြီး စက္ကူခွက်တစ်ခုထဲသို့ ဂျစ်ပဆမ်အနည်းငယ် လောင်းထည့်လိုက်သည်။

"စိတ်မပူပါနဲ့ ကျွန်မ တိတ်တိတ်ဆိတ်ဆိတ် လုပ်မှာမလို့ အန်တီစာဖတ်နေတာကို မနှောင့်ယှက်ဘူးလို့ ကတိပေးပါတယ်"

နောက်ဆုံးတွင် ဝမ်းရှုလီ၏အမူအရာမှာ အနည်းငယ် လျော့နည်းသွားဟန်ရသည်။ သူမသည် အရင်က ဤသို့သော အရှက်မရှိမျက်နှာပြောင်တိုက်တက်သောသူကို လုံးဝမတွေ့ဖူးသည့်ပုံ ၊ သူမက ရွှီလျန်ကို တစ်ခဏ စိုက်ကြည့်နေသော်လည်း ရွှီလျန်က ဖယောင်းတိုင်တွေကို စမလုပ်သေးသောကြောင့် ဝမ်းရှုလီမှာ သူမစာအုပ်ကိုပဲ ပြန်ဖတ်နေလိုက်သည်။

ရွှီလျန် ဂျစ်ပဆမ်ပမာဏကိုတိုင်းတာပြီး သင့်တော်သည့်ရေပမာဏ မထည့်မီ ဝမ်းရှုလီကို စိုက်ကြည့်လိုက်၏။ ဝမ်းရှုလီသည် ရွှီလျန်ကို တွန်းဖယ်ရန်အတွက် 'သူမကိုလျစ်လျူရှုခြင်း' လှုပ်ရှားမှုကို အသုံးပြုလိုသော်လည်း ဤသို့သောနည်းလမ်းက ရွှီလျန်အတွက် ထိရောက်မှုမရှိပေ။

အဆုံးမှာ သူမ၏အကြီးမားဆုံးစွမ်းရည်မှာ အထီးကျန်မှုကို ခံနိုင်ရည်ရှိခြင်းဖြစ်သည်။

သူမသိသလောက်တော့ ဝမ်းရှုလီက လွန်ခဲ့တဲ့သုံးနှစ်မှစ၍ လူတွေကို လျစ်လျူရှုစပြုလာခဲ့သည်။ သူမခင်ပွန်းမကွယ်လွန်ခင် သူမက သူမမိသားစုကို ဂရုစိုက်သည့်အမျိုးသမီးတစ်ယောက်ဖြစ်ပြီး သူမဘဝကို ကောင်းကောင်းမွန်မွန် နေထိုင်ရမည့်နည်းများကိုလည်းသိပါ၏။

ဝမ်းရှုလီသည် သူမ ငယ်ရွယ်စဉ်အခါက အနုပညာအဖွဲ့တစ်ဖွဲ့မှ အကသမားတစ်ယောက်ဖြစ်ကြောင်း ရွှီလျန် ရှန့်ချန်ခုန်းထံမှ ကြားခဲ့ဖူးသည်။ သူ့အဖေမှာ သူ့အမေကို အနုပညာပြပွဲတစ်ခုအတွင်း မြင်မြင်ချင်းချစ်ကျွမ်းဝင်ခဲ့ခြင်းပင် ၊ ဝမ်းရှုလီက အလွန်လှပကာ ကောင်းကောင်းကနိုင်၏။ သူမငယ်စဉ်က သူမကို ယောက်ျားအများကြီးက လိုက်ပိုးပမ်းခဲ့ဖူးသည့်တိုင်အောင် ရှန့်ချန်ခုန်းအဖေတစ်ယောက်တည်းကသာ အောင်မြင်ခဲ့ခြင်းဖြစ်သည်။

သူတို့လက်ထပ်ပြီးနောက် ဝမ်းရှုလီမှာ သူမ၏အားထုတ်မှုကို ရှန်ချန်ခုန်းနှင့်ရှန့်နွမ်တို့အား ဂရုစိုက်ရန် အချိန်ခွဲထားလိုက်သော်လည်း သူမ၏အကစွမ်းရည်မှာတော့ မဆုတ်ယုတ်သွားခဲ့ချေ။ သူမက သူမသူငယ်ချင်းများနှင့် square dance သွားကခြင်း ၊ အသင်းအဖွဲ့များနှင့် အကပြိုင်ပွဲများတွင် ပုံမှန်ပါဝင်ဆင်နွှဲခြင်းအပြင် သူမ၏အပိုချိန်များ၌လည်း တခြားသူများကို အကသင်ပေးခဲ့သည်။

ရွှီလျန်က ဝမ်းရှုလီနှင့် အလွန်ခြားနားသည်။ သူမသည် မိမိကိုယ်ကိုမိမိ တစ်သီးတစ်သန့် နေထိုင်ခဲ့သည်မှာ နှစ်ဆယ့်လေးနှစ်ရှိပြီဖြစ်သည်။ အထီးကျန်စွာ ဘယ်လိုနေထိုင်ရမလဲဆိုတာ ရွှီလျန်ထက် ဘယ်သူမှသိမှာမဟုတ်ဘူး။ အကယ်၍ ဝမ်းရှုလီက သူမနှင့်စကားပြောဆိုရန် စိတ်အားထက်သန်စွာ ကြိုးစားခဲ့မည်ဆိုပါက ရွှီလျန်က ပထမဦးစွာ နောက်ပြန်ဆုတ်မည့်သူဖြစ်နိုင်သော်လည်း ဝမ်းရှုလီသည် သူမအား လျစ်လျူရှုရန် ရွေးချယ်ခဲ့သည်။

တိတ်ဆိတ်နေသောဤလွန်ဆွဲပွဲ၌ သူမက အနိုင်ရရှိရန် အကောင်းဆုံးအနေအထားတွင်ရှိနေကြောင်း ရွှီလျန် ခံစားနေရ၏။

အသင့်တော်ဆုံးစေးပျစ်လာသည်ထိ ဂျစ်ပဆမ်ကိုရောနှောကာ ရွှီလျန်က ၎င်းအရောအနှောထဲသို့ သွားကြားထိုးတံတစ်ချောင်းဖြင့် အမည်းရောင်ဆိုးဆေးအနည်းငယ်ကို နှစ်လိုက်သည်။ သွားကြားထိုးတံက ဂျစ်ပဆမ်ကို ထိတွေ့လိုက်သည့်အခိုက်အတန့် အမည်းရောင်ဆိုးဆေးက ပန်းချီကားတစ်ချပ်ပေါ်ကမှင်အလား အရောအနှောထဲသို့ ပျံ့နှံ့သွား၏။

ရွှီလျန်သည် စက္ကူခွက်ကိုလှည့်၍ ဂျစ်ပဆမ်ပေါ်တွင် ရောင်ခြယ်ပစ္စည်းကို ပုံစံတစ်ခုဖြစ်အောင် လုပ်ပြီး သူမကျေနပ်သွားသည်နှင့် ဂျစ်ပဆမ်ကို ပုံစံခွက်တစ်ခုထဲသို့ လောင်းထည့်လိုက်သည်။ ဂျစ်ပဆမ်အရည် အစိုင်အခဲဖြစ်လာစေရန် စောင့်ဆိုင်းနေစဉ်တွင် သူမက ပဲပိစပ်ဖယောင်းတုံးကို အရည်ပျော်အိုးထဲသို့ ထည့်ကာ ကြိုတင်အပူပေးထားသော အရည်ပျော်မီးပြင်းဖိုပေါ်၌ အိုးကိုတင်ထားသည်။

၎င်းမှာ သူမက မျက်လှည့်ပြဖျော်ဖြေနေသကဲ့သို့ပင်။ ရွှီလျန်က ဆူညံသံသိပ်မထွက်ပေမဲ့ ဝမ်းရှုလီ၏အာရုံကို ဆွဲဆောင်နေတုန်းပဲ ၊ ရွှီလျန် ဝမ်းရှုလီ၏အာရုံစိုက်မှုကို သတိပြုမိသောအခါတွင် သူမ အနေခက်လာရသည်။ သူမက သင့်တော်သောအပူချိန်အထိ ဖယောင်းကိုအပူပေးကာ စောင့်နေခဲ့ပြီး ထိုအချိန်အတွင်း ၎င်း၏ပုံစံခွက်ထဲမှ ဂျစ်ပဆမ်ဘူးလေးကို ဖယ်ထုတ်လိုက်သည်။ နောက်ဆုံး ဖယောင်းကိုအပူပေးပြီးသောအခါ ဂျစ်ပဆမ်ဘူးလေးထဲသို့ လောင်းထည့်လိုက်သည်။

ရွှီလျန်သည် ဖယောင်းအူတိုင်ကို ထည့်သွင်းပြီး ကလစ်တစ်ခုဖြင့် နေရာတွင် တပ်ဆင်၏။ ရွှီလျန် ယင်းအား ဘေးဘက်သို့တွန်းဖယ်၍ ဝမ်းရှုလီကို မေးလိုက်သည်။

"ကြည့်ကောင်းတယ်မလား? ဒီလိုသာမန်ဖယောင်းတိုင်မျိုးက ကျွန်မတို့ဆိုင်မှာ တော်တော်ရောင်းကောင်းတယ် အနံ့လဲအရမ်းမွှေးတယ်"

သူမမှာ ယနေ့ ရနံ့နှစ်ခုတည်းကိုသာ ယူလာခဲ့ပြီး ၎င်းတို့နှစ်မျိုးစလုံးသည် သူမဆိုင်တွင် လူကြိုက်အများဆုံးရနံ့များဖြစ်သည်။ သူမ၏အမျိုးသမီးဖောက်သည်တော်တော်များများက ရွှီလျန်ကို ရနံ့တူရေမွှေးရောင်းလားဟူ၍ မေးတက်ကြ၏။

လေထုသည် မွှေးကြိုင်သောပန်းရနံ့များဖြင့် ပြည့်နှက်လာသည်။ ရွှီလျန်သည် ဂျစ်ပဆမ်အချို့ကို ထပ်ချိန်ရင်း

"အန်တီ ကျွန်မနဲ့အတူတူ ဖယောင်းတိုင်လုပ်နည်းလိုက်သင်ကြည့်ပါလား? အိမ်မှာပျင်းနေမဲ့အစား အချိန်ကုန်သွားအောင် လက်မှုပညာတစ်ခုခုကို သင်ကြည့်ပါလား"

ဝမ်းရှုလီ ရွှီလျန်ကိုကြည့်ပြီးနောက် သူမစာအုပ်ကိုပဲ အကြည့်ပြန်လွှဲသွားတော့၏။

ရွှီလျန် ရှန့်ချန်ခုန်းအိမ်တွင် နေ့လည်ခင်းအထိနေပြီး အမွှေးဖယောင်းတိုင်တစ်စည်း၊ အချို့မှာပျားဖယောင်းများနှင့် ပဲပိစပ်ဖယောင်းအနည်းငယ် ပြုလုပ်ခဲ့သည်။ နောက်ဆုံး သူမ ပြန်ရန်ဆုံးဖြတ်လိုက်ချိန်တွင်တော့ သူမကျောပိုးအိတ်ထဲသို့ သူမလုပ်ထားသောဖယောင်းတိုင်များသာ အပြည့်ထည့်လိုက်၏။ ရွှီလျန်က သူမ၏ပစ္စည်းကိရိယာတွေကို အိမ်ပြန်ယူသွားရန် မရည်ရွယ်ထားဘဲ ၎င်းတို့အား စက္ကူအိတ်အကြီးတစ်ခုထဲတွင် ထုပ်ပိုး၍ ရှန့်ချန်ခုန်း၏အခန်းထဲတွင် ထားခဲ့သည်။

အဆုံးမှာ ရွှီလျန်က မကြာခဏ လာလည်ရန် ရည်ရွယ်ထားခဲ့ခြင်းပင် ၊ သူမပစ္စည်းတွေကို ဤနေရာမှာထားခဲ့ခြင်းသည် သူမလာသည့်အချိန်တိုင်း ပစ္စည်းအားလုံးကို သယ်လာစရာမလိုတော့ပေ။

ရွှီလျန် ရှန့်ချန်ခုန်းအခန်းထဲမှထွက်လာသောအခါ ဝမ်းရှုလီက သူမအခန်းထဲသို့ ပြန်ဝင်သွားပြီဖြစ်ကြောင်း တွေ့ရ၏။ ရွှီလျန် ဝမ်းရှုလီအခန်းနားသို့လျှောက်သွားလျှင် သူမအခန်းတံခါးမှာ ဖွင့်ထားလျက်။ သူမ တံခါးခေါက်ပြီး အပြင်ဘက်တွင် ရပ်နေဆဲဖြစ်ကာ

"အန်တီ ကျွန်မပြန်တော့မယ်နော် နောက်မှတွေ့ကြမယ်"

ဝမ်းရှုလီ ပြန်မဖြေပေ ၊ ရွှီလျန်ကလည်း အဖြေကိုစောင့်မနေဘဲ လှည့်ထွက်သွားတော့သည်။

ထိုညနေခင်း ရှန့်ချန်ခုန်း ပြန်လာသောအခါတွင် သူ့စားပွဲပေါ်၌ ရွှီလျန်ပစ္စည်းများနှင့်ပြည့်နေသောစက္ကူအိတ်အကြီးကို တွေ့လိုက်သည်။ ပြုံးလျက်ဖြင့် သူ အိတ်ကိုပိတ်ပြီး သူ့စာအုပ်တွေနားတွင် ဖယောင်းတိုင်တစ်တိုင်ကို တွေ့ရ၏။

ရွှီလျန်ဆိုင်မှ ထူးခြားဆန်းပြားသောဖယောင်းတိုင်များနှင့်ယှဉ်လျှင် ဤသီးသန့်ဖယောင်းတိုင်လေးမှာ ဂျစ်ပဆမ်ဘူးလေးတစ်ဘူးထဲတွင် ထည့်ထားသော သာမန်ဖယောင်းတိုင်မျိုးဖြစ်သည်။ ဘူးလေးမှာ ဆဌဂံပုံစံဖြစ်ကာ ယင်းအပေါ်၌ ကြုံရာစွန်းထင်းနေသော အမည်းရောင်ဆေးသားများရှိနေ၏။ မှင်ရှူခင်းပန်းချီကားချပ်တစ်ချပ်အလား....

မီးခြစ်ရှာပြီးနောက် ရှန့်ချန်ခုန်း ဖယောင်းတိုင်မီးထွန်းလိုက်သည်။ အလင်းဖျော့ဖျော့လေးက နွေးထွေးမှုအနည်းငယ်ကို ပေးစွမ်းနေ၏။ ရှန့်ချန်ခုန်း သူ့အခန်းထဲရှိမီးများကိုပိတ်လိုက်ချိန်၌ သူ့စားပွဲပေါ်ရှိမီးငယ်လေးသာ ကျန်ခဲ့တော့သည်။ သူ အလင်းရောင်ကိုချိန်ညှိပြီး ဖယောင်းတိုင်ကိုဓာတ်ပုံရိုက်ကာ ရွှီလျန်ထံ ပို့ပေးလိုက်သည်။

ရှန့်ချန်ခုန်း : [ ဖယောင်းတိုင်အတွက်ကျေးဇူးပါပဲ အရမ်းလှတယ် (ပုံ) ]

ရွှီလျန် :[ ရှင့်ဖုန်းနဲ့ဓာတ်ပုံရိုက်လိုက်တာလား ]

ရှန့်ချန်ခုန်း : [ အင်း ဘာလို့လဲ ]

ရွှီလျန် : [ အရမ်းလှတယ် ဒါဆို အခုချိန်ကစပြီး ကျွန်မကိုဓာတ်ပုံရိုက်ပေးဖို့ ရှင့်ကိုပဲမေးရတော့မယ် ]

ရှန့်ချန်ခုန်း : [ ကိုယ်မလုပ်တက်ဘူး ]

ရွှီလျန် : [ ယောက်ျားတွေက သူတို့မလုပ်နိုင်ဘူးလို့ ပြောမယ်လို့ ကျွန်မတော့မထင်ဘူး ]

ရှန့်ချန်ခုန်း : [.............]

ရုတ်တရက်ကြီး ငါ့ကို ကားမောင်းခိုင်းနေတယ်......

( T/N : ကားမောင်းတယ်ဆိုတာ sex လုပ်တာပါ တရုတ်ဝတ္ထုဖတ်နေကျသူတွေဆိုသိမှာပါ ကားစီးတာတို့၊ ကားအခန်းတို့ကဘာမှန်း )

ရွှီလျန် : [ ဒါနဲ့ လတ်တလော ကျွန်မဘာသာ ဟင်းနည်းနည်းချက်ဖို့ ကြိုးစားကြည့်ခဲ့သေးတယ် ကျွန်မ အများကြီးတိုးတက်လာတယ်လို့ ခံစားရတယ် ဒီတော့ နောက်တစ်ခေါက်ကျရင် ရှင်လာမြည်းစမ်းကြည့်သင့်တယ် ]

ရှန့်ချန်ခုန်းသည် 'ဟုတ်ပါပြီ' ဟု စာပြန်နေရင်း သူ့မျက်နှာမှာ ပူနွေးလာရတော့သည်။

သူ ရွှီလျန်အိမ်ကိုသွားသည့်အချိန်တိုင်း သူတို့ စားရုံပဲစားတာမဟုတ်ဘူး......

ရွှီလျန် : [ Goodnight ]

ရှန့်ချန်ခုန်း : [ Goodnight ကောင်းကောင်းအနားယူပါ ]

သူတို့နှစ်ယောက်သား အပြန်အလှန် Goodnight ဟု ပြောနေကြသည့်အချိန်တွင် ဝေ့ရိချန်၏စီးပွါးရေးမှာတော့ အချိန်အထွတ်အထိပ်သို့ ရောက်နေ၏။

ဝေ့ရိချန်မှာ သီးသန့်ခန်းတစ်ခန်းထဲတွင် အားမောက်နှင့်အတူ ဘိလိယက်ကစားနေစဉ် ပျာယာခတ်နေသောဝိတ်တာတစ်ဦးက ပြေးဝင်လာခဲ့သည်။ အထိတ်တလန့် တုန်လှုပ်နေသောအသံဖြင့် သူက

"ချန်ကော မောက်ကော အပြင်မှာဧည့်သည့်နှစ်ဦးရောက်နေတယ်....."

ဝေ့ရိချန်က သူ့ကျူတံကိုအောက်ချ၍

"ဘာဖြစ်တာလဲ"

"ကျွန်တော် ကျွန်တော်မသိဘူး သူတို့က အမူးလွန်နေသလိုမျိုး ပြုမူနေကြတာ၊ ဒါပေမဲ့ သူတို့က......"

ဧည့်သည်နှစ်ဦးကိုပြန်တွေးကြည့်ပြီး ဝိတ်တာမှာ အခြေအနေက မြင်ရတာထက် ပိုပြီးရှုပ်ထွေးလိမ့်မှန်း တွေးမိသွားသည်။ ကနဦး၌ ဧည့်သည်တွေက ဘာပြဿနာမှမရှာကြဘဲ သူတို့က ဝိုင်အများကြီးတောင် မသောက်ခဲ့ကြ ၊ သို့သော်လည်း ရုတ်တရက် သူတို့တွေမှာ စိတ်တက်ကြွလာကာ ရေးကြီးခွင့်ကျယ်လုပ်လာကြတော့၏။

"ငါတို့တစ်ချက်သွားကြည့်ကြမယ်"

ဝေ့ရိချန် အားမောက်ကိုခေါ်၍ သူတို့နှစ်ယောက် အပြင်ထွက်လာ၏။

ဝိတ်တာပြောခဲ့တဲ့လူနှစ်ယောက်မှာ ယောက်ျားတစ်ယောက်နှင့်မိန်းမတစ်ယောက် ၊ သူတို့မှာ ဘားထဲရှိနေရာကို သေသေချာချာ သတိထားနေကြပြီး သူတို့က ဒီလိုနေရာမျိုးတွေကို မကြာခဏ မလာဖူးသည့်ပုံရသည်။ ဝေ့ရိချန် နှစ်ယောက်ကိုတွေ့လိုက်သောအခါ သူတို့အဝတ်အစားတစ်ဝက်မှာ ကြမ်းပြင်ပေါ်တွင်ရှိနေပြီး အကကြမ်းပြင်အလယ်တွင် ပျော်ရွှင်စွာ ကခုန်နေကြပြီဖြစ်သည်။ လူအုပ်ကြီးက သူတို့ပတ်ပတ်လည်တွင် ဝိုင်းဖွဲ့ကာ နှစ်ယောက်သား၏နောက်တီးနောက်တောက်မူဟန်များအား လေချွန်သံများနှင့် လက်ခုပ်ဩဘာပေးနေကြသည်။

ဝေ့ရိချန်နှင့်အားမောက်တို့သည် လူအုပ်ကြားထဲ တိုးဝှေ့ဝင်၍ ကြမ်းပြင်ပေါ်ရှိအဝတ်များကို ကောက်ယူလိုက်ပြီး ယောက်ျားနှင့်မိန်းမကို အကကြမ်းပြင်ပေါ်မှ ဆွဲထုတ်ရန် ကြိုးစားလိုက်သည်။ ယောက်ျားနှင့်မိန်းမမှာ အလွန်ပင်မောပန်းနွမ်းနယ်နေသဖြင့် လူတစ်စုက သူတို့ကို ဆွဲထုတ်ရန် ကြိုးပမ်းနေကြသည်ကိုမြင်တော့ အော်ဟစ်လိုက်ကြသည်။

"မင်းဘာလုပ်တာလဲ ငါ့ကိုမဆွဲနဲ့!"

ဝေ့ရိချန်နှင့်အားမောက်မှာ သူတို့ကို အတင်းအကျပ် ဆွဲထုတ်ရန် တခြားညီအစ်ကိုတွေကို မျက်စပစ်ပြလိုက်သည်။ အမူးသမားများမှာ ရုန်းနေရင်း တစ်ချိန်လုံး ဆဲဆိုနေကာ တခြားကာစတန်မာများမှာလည်း ရုတ်ရုတ်သဲသဲဖြစ်နေခြင်းကို စောင့်ကြည့်နေကြ၏။

အမူးသမားနှစ်ယောက်ကို ဆွဲထုတ်ပြီးသည့်နောက် ဘားထဲရှိတချို့လူများမှာ မကြာခင်မှာပဲ ဖြစ်ရပ်ကို မေ့ပျောက်သွားခဲ့ကြသည်။ မကြာခင် အကကြမ်းပြင်က သီချင်းပြောင်းသွားရာ အားလုံးမှာ သောက်ပြီး ဆက်လက်ကခုန်နေကြပါတော့၏။

နားနေခန်းသို့ပြန်ကာ ဝေ့ရိချန်က ပလက်စတစ်အိတ်အသေးတစ်အိတ်ကို အားမောက်ထံသို့ပစ်ပေးလိုက်သည်။ အားမောက် သူ့ဆီပစ်ပေးလိုက်သော အိတ်အသေးကိုကြည့်ပြီး သူ့မျက်နှာမှာ ရှုံ့မဲ့သွားရာ

"ချန်ကော.... ဒီပစ္စည်းတွေက ဘယ်ကရောက်လာတာလဲ"

ဝေ့ရိချန် နှာမှုတ်လိုက်သည်။

"အဲဒီလူနှစ်ယောက်ရဲ့အဝတ်အစားတွေထဲကနေကျလာတာ"

အားမောက်မှာ ဝေ့ရိချန်အရှေ့၌ အလျင်အမြန် ဒူးထောက်၍

"ချန်ကော ဒါက ကျွန်တော်တို့ဆီကလာတာမဟုတ်ဘူး ကျွန်တော်တို့ ဒီပစ္စည်းတွေကိုမထိရဲဘူး! ချန်ကော ကျွန်တော်တို့တစ်ယောက်ချင်းစီကိုပြောခဲ့ဖူးတယ်လေ တကယ်လို့ ကျွန်တော်တို့တွေ ဒီလိုပစ္စည်းမျိုးတွေကိုကြည့်ခဲ့မယ်ဆိုရင် ဗိုက်ကိုဆယ်ချက်အထိုးခံရမယ်လို့"

ဝေ့ရိချန် နှာမှုတ်ပြီး အနီးနားကဆိုဖာတစ်ခုပေါ်တွင် ထိုင်ချလိုက်သည်။ အားမောက်က သူနှင့်အတူရှိနေသည်မှာ အတော်ကြာနေခဲ့ပြီ ၊ သူ ဒီညီငယ်လေးရဲ့ပင်ကိုစရိုက်ကို နားလည်တယ်။ အကယ်၍ ဒါတွေက သူတို့ဆီကမဟုတ်ဘူးလို့ သူပြောတယ်ဆိုရင် အဲဒီကာစတန်မာနှစ်ယောက်က တခြားတစ်နေရာရာကနေ ဝယ်လာခဲ့တာပဲ။

သူ ဤလမ်းထဲမှာ ဘားတစ်ခုဖွင့်ရန် စဉ်းစားလိုက်သည့်အချိန်တွင် ဝေ့ရိချန်က ချင်းနန်လမ်း၏စည်းမျဉ်းစည်းကမ်းများကို သေချာနားလည်အောင်လုပ်ခဲ့သည်။ ဒါက... စည်းကမ်းဖောက်ဖျက်ဖို့ တဲတဲလေးပဲလိုတော့သည့် တစ်စုံတစ်ယောက်များလား?

"ဒီနှစ်ယောက်ကိုစုံစမ်းကြည့်လိုက် သူတို့တွေ ဘယ်ဆိုင်တွေကို ပုံမှန်သွားလဲဆိုတာကိုပါစစ်လိုက်"

"ကျွန်တော်နားလည်ပါပြီ"

အားမောက်က ပလက်စတစ်အိတ်အသေးကို ထပ်ငုံ့ကြည့်ရင်း

"အာ.... ဒီပစ္စည်းတွေကရော"

"အိမ်သာထဲလွှင့်ပစ်ပြီးတော့ ရေဆွဲချလိုက် နောက်ပြီးတော့ အဲဒီလူနှစ်ယောက်ကိုတော့ အနာဂတ်မှာ ငါတို့ဆိုင်ကို ဝင်ခွင့်မပြုနဲ့တော့"

အားမောက် မြန်မြန်ဆန်ဆန် ခေါင်းညိတ်၏။

"ဟုတ်ကဲ့ပါ ကျွန်တော် အခုပဲသွားလုပ်လိုက်ပါမယ်"

______________________




ပိုၿပီးအဆင္ေျပေစရန္အတြက္ ႐ႊီလ်န္သည္ ေက်ာပိုးအိတ္အႀကီးတစ္လုံးထဲသို႔ ဖေယာင္းအရည္ေပ်ာ္မီးျပင္းဖိုအေသးေလးတစ္ခုအား အျခားပစၥည္းကိရိယာမ်ားႏွင့္အတူ အထူးတလည္ ထုပ္ပိုးလိုက္သည္။ ဤသို႔ဆိုလွ်င္ သူမက ရွန့္ခ်န္ခုန္းအိမ္သို႔ ဒုတိယအႀကိမ္သြားေရာက္လည္ပတ္ရန္ အဆင္သင့္ျဖစ္ေနၿပီ။

ယေန႕က ၾကာသပေတးေန႕ ၊ ဒါေၾကာင့္ သူမဆိုင္ပိတ္သည္။ ပုံမွန္အားျဖင့္ သူမ အိမ္မွာသာေနၿပီး ဖေယာင္းတိုင္အခ်ိဳ႕လုပ္မွာျဖစ္ေသာ္လည္း ႐ႊီလ်န္သည္ ရွန့္ခ်န္ခုန္းအိမ္မွာလုပ္ျခင္းက ပို၍အဆင္ေျပမည္ျဖစ္ေၾကာင္း သေဘာေပါက္သြား၏။ သူမက သူမမ်က္ႏွာကိုျပနိုင္ၿပီး သူမအလုပ္ျဖစ္ေပၚလာသည္မ်ားကိုလည္း သူမ၏အနာဂတ္ေယာကၡမေလာင္းအား ျမင္ေတြ႕ခြင့္ေပးနိုင္မည္ျဖစ္သည္။

ယေန႕တြင္ ရွန့္ခ်န္ခုန္းက မနက္ဆိုင္းျဖစ္သျဖင့္ ႐ႊီလ်န္က သူ႕ကို သူမေရာက္လာသည္အား ေစာင့္ေနရန္ မေမးေတာ့ဘဲ သူ သူမကိုေပးထားေသာေသာ့ျဖင့္ အိမ္ထဲဝင္သြား၏။

ဒီေန႕ ဝမ္းရႈလီက မတူညီေသာအဝတ္အစားကိုဝတ္ဆင္ထားသည့္တိုင္ သူမက အရင္တစ္ေခါက္က ထိုင္ေနခဲ့သည့္ေနရာမွာပဲ ထိုင္ေနေလသည္။ သူမက ႐ႊီလ်န္ေရာက္လာမည့္အေၾကာင္း သိထားေသာပုံပင္ ၊ ႐ႊီလ်န္က သူမ၏ေက်ာပိုးအိတ္ႀကီးျဖင့္ ဝင္လာခ်ိန္တြင္ ဝမ္းရႈလီက ေခါင္းေမာ့ၾကည့္လာေသာ္လည္း သူမမ်က္ႏွာအမူအရာမွာ ဘာမွေျပာင္းလဲသြားျခင္းမရွိခဲ့။

႐ႊီလ်န္ သူမေက်ာပိုးအိတ္ကို ဆိုဖာေပၚတြင္တင္ၿပီး ၿပဳံးျပလာကာ

"မဂၤလာပါ အန္တီ ကြၽန္မထပ္ေရာက္လာတယ္"

ဝမ္းရႈလီကမူ ႐ႊီလ်န္ယူလာေသာအမည္းေရာင္ေက်ာပိုးအိတ္ကိုၾကည့္ေန၏။ သူမက စိတ္ဝင္စားေနသည့္ပုံရေပမဲ့လည္း အဆုံးမွာေတာ့ သူမ မေမးလာခဲ့ေခ် ၊ ဝမ္းရႈလီက ဇာမခ်ဲ့ဘဲ သူမေခါင္းငုံ႕သြားၿပီး သူမလက္ထဲရွိစာအုပ္ကို ဖြင့္လိုက္သည္။

႐ႊီလ်န္ ဝင္လာသည့္အခ်ိန္တုန္းက ဝမ္းရႈလီကိုင္ထားေသာစာအုပ္အား အတိအလင္း စိုက္ၾကည့္ၿပီးသား ၊ ယင္းက အရင္တစ္ေခါက္ကနဲ႕ မတူတဲ့စာအုပ္တစ္အုပ္။ ၎စာအုပ္က ရွင္းရွင္းရဲ႕ေနာက္ဆုံးထြက္စာအုပ္ျဖစ္ကာ ေခါင္းစဥ္မွာ 'Secret' ျဖစ္သည္။ ႐ႊီလ်န္က အရင္တစ္ေခါက္ကထိုင္ခဲ့တဲ့ေနရာမွာပဲ ဝင္ထိုင္ကာ စကားဆိုလာ၏။

"ဒီစာအုပ္ကိုလဲ ႐ုပ္ရွင္အျဖစ္ရိုက္ေနၿပီ ေယာင္ဖုန္းနဲ႕ယြီေယာင္တို႔ သ႐ုပ္ေဆာင္ထားတာ"

ဝမ္းရႈလီမွာ ထိုလူေတြရဲ႕ပရိသတ္တစ္ေယာက္မဟုတ္သည္မွာ အထင္အရွားပဲ ၊ အေၾကာင္းမွာ သူမက ႐ႊီလ်န္စကားေတြကို စိတ္ဝင္စားမႈမရွိလို႔ပဲ။ ႐ႊီလ်န္ စိတ္ထဲမထားဘူး။ သူမဘာသာ ေရတစ္ဖန္ခြက္ေလာင္းထည့္ၿပီး သူမေက်ာပိုးအိတ္ထဲမွပစၥည္းပစၥယေတြကို တစ္ခုၿပီးတစ္ခု အျပင္စထုတ္ေတာ့သည္။

အရည္ေပ်ာ္မီးျပင္းဖို၊ ဖေယာင္းအရည္ေပ်ာ္အိုး၊ သူမရဲ႕အီလက္ထ႐ြန္နစ္ခ်ိန္ခြင္၊ သာမိုမီတာမ်ား၊ ဖေယာင္းအတုံးမ်ား၊ ဂ်စ္ပဆမ္၊ စကၠဴခြက္မ်ား..... ေကာ္ဖီစားပြဲအေသးေလးမွာ ႐ႊီလ်န္၏ပစၥည္းမ်ားျဖင့္ ခ်က္ခ်င္း ျပည့္သြားခဲ့သည္။ ေနာက္ဆုံးတြင္ သူမ၏အလုပ္ရႈပ္ေနေသာလႈပ္ရွားမႈမ်ားက ဝမ္းရႈလီ၏ဦးေခါင္းအား ေမာ့လာေစခဲ့၏။ သူမက စားပြဲေပၚက ထူးထူးဆန္းဆန္းပစၥည္းေတြကိုၾကည့္ၿပီး ႐ႊီလ်န္ကို ၾကည့္လိုက္သည္။

႐ႊီလ်န္က သူမကို ၿပဳံးျပရင္း

"ရွန့္ခ်န္ခုန္း အန္တီ့ကိုေျပာဖူးလားေတာ့မသိဘူး ကြၽန္မက Starlight ပန္းၿခံမွာ ရနံ႕ကုထုံးဖေယာင္းတိုင္ဆိုင္ ဖြင့္ထားတာ၊ ဒါေတြက ကြၽန္မ ဖေယာင္းတိုင္လုပ္တဲ့အခါက်ရင္သုံးတဲ့ ပစၥည္းကိရိယာေတြ"

ဝမ္းရႈလီ ျပန္မေျဖ ၊ ႐ႊီလ်န္ အီလက္ထ႐ြန္နစ္ခ်ိန္ခြင္ကိုဖြင့္ၿပီး စကၠဴခြက္တစ္ခုထဲသို႔ ဂ်စ္ပဆမ္အနည္းငယ္ ေလာင္းထည့္လိုက္သည္။

"စိတ္မပူပါနဲ႕ ကြၽန္မ တိတ္တိတ္ဆိတ္ဆိတ္ လုပ္မွာမလို႔ အန္တီစာဖတ္ေနတာကို မေႏွာင့္ယွက္ဘူးလို႔ ကတိေပးပါတယ္"

ေနာက္ဆုံးတြင္ ဝမ္းရႈလီ၏အမူအရာမွာ အနည္းငယ္ ေလ်ာ့နည္းသြားဟန္ရသည္။ သူမသည္ အရင္က ဤသို႔ေသာ အရွက္မရွိမ်က္ႏွာေျပာင္တိုက္တက္ေသာသူကို လုံးဝမေတြ႕ဖူးသည့္ပုံ ၊ သူမက ႐ႊီလ်န္ကို တစ္ခဏ စိုက္ၾကည့္ေနေသာ္လည္း ႐ႊီလ်န္က ဖေယာင္းတိုင္ေတြကို စမလုပ္ေသးေသာေၾကာင့္ ဝမ္းရႈလီမွာ သူမစာအုပ္ကိုပဲ ျပန္ဖတ္ေနလိုက္သည္။

႐ႊီလ်န္ ဂ်စ္ပဆမ္ပမာဏကိုတိုင္းတာၿပီး သင့္ေတာ္သည့္ေရပမာဏ မထည့္မီ ဝမ္းရႈလီကို စိုက္ၾကည့္လိုက္၏။ ဝမ္းရႈလီသည္ ႐ႊီလ်န္ကို တြန္းဖယ္ရန္အတြက္ 'သူမကိုလ်စ္လ်ဴရႈျခင္း' လႈပ္ရွားမႈကို အသုံးျပဳလိုေသာ္လည္း ဤသို႔ေသာနည္းလမ္းက ႐ႊီလ်န္အတြက္ ထိေရာက္မႈမရွိေပ။

အဆုံးမွာ သူမ၏အႀကီးမားဆုံးစြမ္းရည္မွာ အထီးက်န္မႈကို ခံနိုင္ရည္ရွိျခင္းျဖစ္သည္။

သူမသိသေလာက္ေတာ့ ဝမ္းရႈလီက လြန္ခဲ့တဲ့သုံးႏွစ္မွစ၍ လူေတြကို လ်စ္လ်ဴရႈစျပဳလာခဲ့သည္။ သူမခင္ပြန္းမကြယ္လြန္ခင္ သူမက သူမမိသားစုကို ဂ႐ုစိုက္သည့္အမ်ိဳးသမီးတစ္ေယာက္ျဖစ္ၿပီး သူမဘဝကို ေကာင္းေကာင္းမြန္မြန္ ေနထိုင္ရမည့္နည္းမ်ားကိုလည္းသိပါ၏။

ဝမ္းရႈလီသည္ သူမ ငယ္႐ြယ္စဥ္အခါက အႏုပညာအဖြဲ႕တစ္ဖြဲ႕မွ အကသမားတစ္ေယာက္ျဖစ္ေၾကာင္း ႐ႊီလ်န္ ရွန့္ခ်န္ခုန္းထံမွ ၾကားခဲ့ဖူးသည္။ သူ႕အေဖမွာ သူ႕အေမကို အႏုပညာျပပြဲတစ္ခုအတြင္း ျမင္ျမင္ခ်င္းခ်စ္ကြၽမ္းဝင္ခဲ့ျခင္းပင္ ၊ ဝမ္းရႈလီက အလြန္လွပကာ ေကာင္းေကာင္းကနိုင္၏။ သူမငယ္စဥ္က သူမကို ေယာက္်ားအမ်ားႀကီးက လိုက္ပိုးပမ္းခဲ့ဖူးသည့္တိုင္ေအာင္ ရွန့္ခ်န္ခုန္းအေဖတစ္ေယာက္တည္းကသာ ေအာင္ျမင္ခဲ့ျခင္းျဖစ္သည္။

သူတို႔လက္ထပ္ၿပီးေနာက္ ဝမ္းရႈလီမွာ သူမ၏အားထုတ္မႈကို ရွန္ခ်န္ခုန္းႏွင့္ရွန့္ႏြမ္တို႔အား ဂ႐ုစိုက္ရန္ အခ်ိန္ခြဲထားလိုက္ေသာ္လည္း သူမ၏အကစြမ္းရည္မွာေတာ့ မဆုတ္ယုတ္သြားခဲ့ေခ်။ သူမက သူမသူငယ္ခ်င္းမ်ားႏွင့္ square dance သြားကျခင္း ၊ အသင္းအဖြဲ႕မ်ားႏွင့္ အကၿပိဳင္ပြဲမ်ားတြင္ ပုံမွန္ပါဝင္ဆင္ႏႊဲျခင္းအျပင္ သူမ၏အပိုခ်ိန္မ်ား၌လည္း တျခားသူမ်ားကို အကသင္ေပးခဲ့သည္။

႐ႊီလ်န္က ဝမ္းရႈလီႏွင့္ အလြန္ျခားနားသည္။ သူမသည္ မိမိကိုယ္ကိုမိမိ တစ္သီးတစ္သန့္ ေနထိုင္ခဲ့သည္မွာ ႏွစ္ဆယ့္ေလးႏွစ္ရွိၿပီျဖစ္သည္။ အထီးက်န္စြာ ဘယ္လိုေနထိုင္ရမလဲဆိုတာ ႐ႊီလ်န္ထက္ ဘယ္သူမွသိမွာမဟုတ္ဘူး။ အကယ္၍ ဝမ္းရႈလီက သူမႏွင့္စကားေျပာဆိုရန္ စိတ္အားထက္သန္စြာ ႀကိဳးစားခဲ့မည္ဆိုပါက ႐ႊီလ်န္က ပထမဦးစြာ ေနာက္ျပန္ဆုတ္မည့္သူျဖစ္နိုင္ေသာ္လည္း ဝမ္းရႈလီသည္ သူမအား လ်စ္လ်ဴရႈရန္ ေ႐ြးခ်ယ္ခဲ့သည္။

တိတ္ဆိတ္ေနေသာဤလြန္ဆြဲပြဲ၌ သူမက အနိုင္ရရွိရန္ အေကာင္းဆုံးအေနအထားတြင္ရွိေနေၾကာင္း ႐ႊီလ်န္ ခံစားေနရ၏။

အသင့္ေတာ္ဆုံးေစးပ်စ္လာသည္ထိ ဂ်စ္ပဆမ္ကိုေရာေႏွာကာ ႐ႊီလ်န္က ၎အေရာအေႏွာထဲသို႔ သြားၾကားထိုးတံတစ္ေခ်ာင္းျဖင့္ အမည္းေရာင္ဆိုးေဆးအနည္းငယ္ကို ႏွစ္လိုက္သည္။ သြားၾကားထိုးတံက ဂ်စ္ပဆမ္ကို ထိေတြ႕လိုက္သည့္အခိုက္အတန့္ အမည္းေရာင္ဆိုးေဆးက ပန္းခ်ီကားတစ္ခ်ပ္ေပၚကမွင္အလား အေရာအေႏွာထဲသို႔ ပ်ံ့ႏွံ႕သြား၏။

႐ႊီလ်န္သည္ စကၠဴခြက္ကိုလွည့္၍ ဂ်စ္ပဆမ္ေပၚတြင္ ေရာင္ျခယ္ပစၥည္းကို ပုံစံတစ္ခုျဖစ္ေအာင္ လုပ္ၿပီး သူမေက်နပ္သြားသည္ႏွင့္ ဂ်စ္ပဆမ္ကို ပုံစံခြက္တစ္ခုထဲသို႔ ေလာင္းထည့္လိုက္သည္။ ဂ်စ္ပဆမ္အရည္ အစိုင္အခဲျဖစ္လာေစရန္ ေစာင့္ဆိုင္းေနစဥ္တြင္ သူမက ပဲပိစပ္ဖေယာင္းတုံးကို အရည္ေပ်ာ္အိုးထဲသို႔ ထည့္ကာ ႀကိဳတင္အပူေပးထားေသာ အရည္ေပ်ာ္မီးျပင္းဖိုေပၚ၌ အိုးကိုတင္ထားသည္။

၎မွာ သူမက မ်က္လွည့္ျပေဖ်ာ္ေျဖေနသကဲ့သို႔ပင္။ ႐ႊီလ်န္က ဆူညံသံသိပ္မထြက္ေပမဲ့ ဝမ္းရႈလီ၏အာ႐ုံကို ဆြဲေဆာင္ေနတုန္းပဲ ၊ ႐ႊီလ်န္ ဝမ္းရႈလီ၏အာ႐ုံစိုက္မႈကို သတိျပဳမိေသာအခါတြင္ သူမ အေနခက္လာရသည္။ သူမက သင့္ေတာ္ေသာအပူခ်ိန္အထိ ဖေယာင္းကိုအပူေပးကာ ေစာင့္ေနခဲ့ၿပီး ထိုအခ်ိန္အတြင္း ၎၏ပုံစံခြက္ထဲမွ ဂ်စ္ပဆမ္ဘူးေလးကို ဖယ္ထုတ္လိုက္သည္။ ေနာက္ဆုံး ဖေယာင္းကိုအပူေပးၿပီးေသာအခါ ဂ်စ္ပဆမ္ဘူးေလးထဲသို႔ ေလာင္းထည့္လိုက္သည္။

႐ႊီလ်န္သည္ ဖေယာင္းအူတိုင္ကို ထည့္သြင္းၿပီး ကလစ္တစ္ခုျဖင့္ ေနရာတြင္ တပ္ဆင္၏။ ႐ႊီလ်န္ ယင္းအား ေဘးဘက္သို႔တြန္းဖယ္၍ ဝမ္းရႈလီကို ေမးလိုက္သည္။

"ၾကည့္ေကာင္းတယ္မလား? ဒီလိုသာမန္ဖေယာင္းတိုင္မ်ိဳးက ကြၽန္မတို႔ဆိုင္မွာ ေတာ္ေတာ္ေရာင္းေကာင္းတယ္ အနံ႕လဲအရမ္းေမႊးတယ္"

သူမမွာ ယေန႕ ရနံ႕ႏွစ္ခုတည္းကိုသာ ယူလာခဲ့ၿပီး ၎တို႔ႏွစ္မ်ိဳးစလုံးသည္ သူမဆိုင္တြင္ လူႀကိဳက္အမ်ားဆုံးရနံ႕မ်ားျဖစ္သည္။ သူမ၏အမ်ိဳးသမီးေဖာက္သည္ေတာ္ေတာ္မ်ားမ်ားက ႐ႊီလ်န္ကို ရနံ႕တူေရေမႊးေရာင္းလားဟူ၍ ေမးတက္ၾက၏။

ေလထုသည္ ေမႊးႀကိဳင္ေသာပန္းရနံ႕မ်ားျဖင့္ ျပည့္ႏွက္လာသည္။ ႐ႊီလ်န္သည္ ဂ်စ္ပဆမ္အခ်ိဳ႕ကို ထပ္ခ်ိန္ရင္း

"အန္တီ ကြၽန္မနဲ႕အတူတူ ဖေယာင္းတိုင္လုပ္နည္းလိုက္သင္ၾကည့္ပါလား? အိမ္မွာပ်င္းေနမဲ့အစား အခ်ိန္ကုန္သြားေအာင္ လက္မႈပညာတစ္ခုခုကို သင္ၾကည့္ပါလား"

ဝမ္းရႈလီ ႐ႊီလ်န္ကိုၾကည့္ၿပီးေနာက္ သူမစာအုပ္ကိုပဲ အၾကည့္ျပန္လႊဲသြားေတာ့၏။

႐ႊီလ်န္ ရွန့္ခ်န္ခုန္းအိမ္တြင္ ေန႕လည္ခင္းအထိေနၿပီး အေမႊးဖေယာင္းတိုင္တစ္စည္း၊ အခ်ိဳ႕မွာပ်ားဖေယာင္းမ်ားႏွင့္ ပဲပိစပ္ဖေယာင္းအနည္းငယ္ ျပဳလုပ္ခဲ့သည္။ ေနာက္ဆုံး သူမ ျပန္ရန္ဆုံးျဖတ္လိုက္ခ်ိန္တြင္ေတာ့ သူမေက်ာပိုးအိတ္ထဲသို႔ သူမလုပ္ထားေသာဖေယာင္းတိုင္မ်ားသာ အျပည့္ထည့္လိုက္၏။ ႐ႊီလ်န္က သူမ၏ပစၥည္းကိရိယာေတြကို အိမ္ျပန္ယူသြားရန္ မရည္႐ြယ္ထားဘဲ ၎တို႔အား စကၠဴအိတ္အႀကီးတစ္ခုထဲတြင္ ထုပ္ပိုး၍ ရွန့္ခ်န္ခုန္း၏အခန္းထဲတြင္ ထားခဲ့သည္။

အဆုံးမွာ ႐ႊီလ်န္က မၾကာခဏ လာလည္ရန္ ရည္႐ြယ္ထားခဲ့ျခင္းပင္ ၊ သူမပစၥည္းေတြကို ဤေနရာမွာထားခဲ့ျခင္းသည္ သူမလာသည့္အခ်ိန္တိုင္း ပစၥည္းအားလုံးကို သယ္လာစရာမလိုေတာ့ေပ။

႐ႊီလ်န္ ရွန့္ခ်န္ခုန္းအခန္းထဲမွထြက္လာေသာအခါ ဝမ္းရႈလီက သူမအခန္းထဲသို႔ ျပန္ဝင္သြားၿပီျဖစ္ေၾကာင္း ေတြ႕ရ၏။ ႐ႊီလ်န္ ဝမ္းရႈလီအခန္းနားသို႔ေလွ်ာက္သြားလွ်င္ သူမအခန္းတံခါးမွာ ဖြင့္ထားလ်က္။ သူမ တံခါးေခါက္ၿပီး အျပင္ဘက္တြင္ ရပ္ေနဆဲျဖစ္ကာ

"အန္တီ ကြၽန္မျပန္ေတာ့မယ္ေနာ္ ေနာက္မွေတြ႕ၾကမယ္"

ဝမ္းရႈလီ ျပန္မေျဖေပ ၊ ႐ႊီလ်န္ကလည္း အေျဖကိုေစာင့္မေနဘဲ လွည့္ထြက္သြားေတာ့သည္။

ထိုညေနခင္း ရွန့္ခ်န္ခုန္း ျပန္လာေသာအခါတြင္ သူ႕စားပြဲေပၚ၌ ႐ႊီလ်န္ပစၥည္းမ်ားႏွင့္ျပည့္ေနေသာစကၠဴအိတ္အႀကီးကို ေတြ႕လိုက္သည္။ ၿပဳံးလ်က္ျဖင့္ သူ အိတ္ကိုပိတ္ၿပီး သူ႕စာအုပ္ေတြနားတြင္ ဖေယာင္းတိုင္တစ္တိုင္ကို ေတြ႕ရ၏။

႐ႊီလ်န္ဆိုင္မွ ထူးျခားဆန္းျပားေသာဖေယာင္းတိုင္မ်ားႏွင့္ယွဥ္လွ်င္ ဤသီးသန့္ဖေယာင္းတိုင္ေလးမွာ ဂ်စ္ပဆမ္ဘူးေလးတစ္ဘူးထဲတြင္ ထည့္ထားေသာ သာမန္ဖေယာင္းတိုင္မ်ိဳးျဖစ္သည္။ ဘူးေလးမွာ ဆဌဂံပုံစံျဖစ္ကာ ယင္းအေပၚ၌ ႀကဳံရာစြန္းထင္းေနေသာ အမည္းေရာင္ေဆးသားမ်ားရွိေန၏။ မွင္ရႉခင္းပန္းခ်ီကားခ်ပ္တစ္ခ်ပ္အလား....

မီးျခစ္ရွာၿပီးေနာက္ ရွန့္ခ်န္ခုန္း ဖေယာင္းတိုင္မီးထြန္းလိုက္သည္။ အလင္းေဖ်ာ့ေဖ်ာ့ေလးက ေႏြးေထြးမႈအနည္းငယ္ကို ေပးစြမ္းေန၏။ ရွန့္ခ်န္ခုန္း သူ႕အခန္းထဲရွိမီးမ်ားကိုပိတ္လိုက္ခ်ိန္၌ သူ႕စားပြဲေပၚရွိမီးငယ္ေလးသာ က်န္ခဲ့ေတာ့သည္။ သူ အလင္းေရာင္ကိုခ်ိန္ညွိၿပီး ဖေယာင္းတိုင္ကိုဓာတ္ပုံရိုက္ကာ ႐ႊီလ်န္ထံ ပို႔ေပးလိုက္သည္။

ရွန့္ခ်န္ခုန္း : [ ဖေယာင္းတိုင္အတြက္ေက်းဇူးပါပဲ အရမ္းလွတယ္ (ပုံ) ]

႐ႊီလ်န္ :[ ရွင့္ဖုန္းနဲ႕ဓာတ္ပုံရိုက္လိုက္တာလား ]

ရွန့္ခ်န္ခုန္း : [ အင္း ဘာလို႔လဲ ]

႐ႊီလ်န္ : [ အရမ္းလွတယ္ ဒါဆို အခုခ်ိန္ကစၿပီး ကြၽန္မကိုဓာတ္ပုံရိုက္ေပးဖို႔ ရွင့္ကိုပဲေမးရေတာ့မယ္ ]

ရွန့္ခ်န္ခုန္း : [ ကိုယ္မလုပ္တက္ဘူး ]

႐ႊီလ်န္ : [ ေယာက္်ားေတြက သူတို႔မလုပ္နိုင္ဘူးလို႔ ေျပာမယ္လို႔ ကြၽန္မေတာ့မထင္ဘူး ]

ရွန့္ခ်န္ခုန္း : [.............]

႐ုတ္တရက္ႀကီး ငါ့ကို ကားေမာင္းခိုင္းေနတယ္......

( T/N : ကားေမာင္းတယ္ဆိုတာ sex လုပ္တာပါ တ႐ုတ္ဝတၳဳဖတ္ေနက်သဴေတြဆိုသိမွာပါ ကားစီးတာတို႔၊ ကားအခန္းတို႔ကဘာမွန္း )

႐ႊီလ်န္ : [ ဒါနဲ႕ လတ္တေလာ ကြၽန္မဘာသာ ဟင္းနည္းနည္းခ်က္ဖို႔ ႀကိဳးစားၾကည့္ခဲ့ေသးတယ္ ကြၽန္မ အမ်ားႀကီးတိုးတက္လာတယ္လို႔ ခံစားရတယ္ ဒီေတာ့ ေနာက္တစ္ေခါက္က်ရင္ ရွင္လာျမည္းစမ္းၾကည့္သင့္တယ္ ]

ရွန့္ခ်န္ခုန္းသည္ 'ဟုတ္ပါၿပီ' ဟု စာျပန္ေနရင္း သူ႕မ်က္ႏွာမွာ ပူေႏြးလာရေတာ့သည္။

သူ ႐ႊီလ်န္အိမ္ကိုသြားသည့္အခ်ိန္တိုင္း သူတို႔ စား႐ုံပဲစားတာမဟုတ္ဘူး......

႐ႊီလ်န္ : [ Goodnight ]

ရွန့္ခ်န္ခုန္း : [ Goodnight ေကာင္းေကာင္းအနားယူပါ ]

သူတို႔ႏွစ္ေယာက္သား အျပန္အလွန္ Goodnight ဟု ေျပာေနၾကသည့္အခ်ိန္တြင္ ေဝ့ရိခ်န္၏စီးပြါးေရးမွာေတာ့ အခ်ိန္အထြတ္အထိပ္သို႔ ေရာက္ေန၏။

ေဝ့ရိခ်န္မွာ သီးသန့္ခန္းတစ္ခန္းထဲတြင္ အားေမာက္ႏွင့္အတူ ဘိလိယက္ကစားေနစဥ္ ပ်ာယာခတ္ေနေသာဝိတ္တာတစ္ဦးက ေျပးဝင္လာခဲ့သည္။ အထိတ္တလန့္ တုန္လႈပ္ေနေသာအသံျဖင့္ သူက

"ခ်န္ေကာ ေမာက္ေကာ အျပင္မွာဧည့္သည့္ႏွစ္ဦးေရာက္ေနတယ္....."

ေဝ့ရိခ်န္က သူ႕က်ဴတံကိုေအာက္ခ်၍

"ဘာျဖစ္တာလဲ"

"ကြၽန္ေတာ္ ကြၽန္ေတာ္မသိဘူး သူတို႔က အမူးလြန္ေနသလိုမ်ိဳး ျပဳမူေနၾကတာ၊ ဒါေပမဲ့ သူတို႔က......"

ဧည့္သည္ႏွစ္ဦးကိုျပန္ေတြးၾကည့္ၿပီး ဝိတ္တာမွာ အေျခအေနက ျမင္ရတာထက္ ပိုၿပီးရႈပ္ေထြးလိမ့္မွန္း ေတြးမိသြားသည္။ ကနဦး၌ ဧည့္သည္ေတြက ဘာျပႆနာမွမရွာၾကဘဲ သူတို႔က ဝိုင္အမ်ားႀကီးေတာင္ မေသာက္ခဲ့ၾက ၊ သို႔ေသာ္လည္း ႐ုတ္တရက္ သူတို႔ေတြမွာ စိတ္တက္ႂကြလာကာ ေရးႀကီးခြင့္က်ယ္လုပ္လာၾကေတာ့၏။

"ငါတို႔တစ္ခ်က္သြားၾကည့္ၾကမယ္"

ေဝ့ရိခ်န္ အားေမာက္ကိုေခၚ၍ သူတို႔ႏွစ္ေယာက္ အျပင္ထြက္လာ၏။

ဝိတ္တာေျပာခဲ့တဲ့လူႏွစ္ေယာက္မွာ ေယာက္်ားတစ္ေယာက္ႏွင့္မိန္းမတစ္ေယာက္ ၊ သူတို႔မွာ ဘားထဲရွိေနရာကို ေသေသခ်ာခ်ာ သတိထားေနၾကၿပီး သူတို႔က ဒီလိုေနရာမ်ိဳးေတြကို မၾကာခဏ မလာဖူးသည့္ပုံရသည္။ ေဝ့ရိခ်န္ ႏွစ္ေယာက္ကိုေတြ႕လိုက္ေသာအခါ သူတို႔အဝတ္အစားတစ္ဝက္မွာ ၾကမ္းျပင္ေပၚတြင္ရွိေနၿပီး အကၾကမ္းျပင္အလယ္တြင္ ေပ်ာ္႐ႊင္စြာ ကခုန္ေနၾကၿပီျဖစ္သည္။ လူအုပ္ႀကီးက သူတို႔ပတ္ပတ္လည္တြင္ ဝိုင္းဖြဲ႕ကာ ႏွစ္ေယာက္သား၏ေနာက္တီးေနာက္ေတာက္မူဟန္မ်ားအား ေလခြၽန္သံမ်ားႏွင့္ လက္ခုပ္ဩဘာေပးေနၾကသည္။

ေဝ့ရိခ်န္ႏွင့္အားေမာက္တို႔သည္ လူအုပ္ၾကားထဲ တိုးေဝွ႕ဝင္၍ ၾကမ္းျပင္ေပၚရွိအဝတ္မ်ားကို ေကာက္ယူလိုက္ၿပီး ေယာက္်ားႏွင့္မိန္းမကို အကၾကမ္းျပင္ေပၚမွ ဆြဲထုတ္ရန္ ႀကိဳးစားလိုက္သည္။ ေယာက္်ားႏွင့္မိန္းမမွာ အလြန္ပင္ေမာပန္းႏြမ္းနယ္ေနသျဖင့္ လူတစ္စုက သူတို႔ကို ဆြဲထုတ္ရန္ ႀကိဳးပမ္းေနၾကသည္ကိုျမင္ေတာ့ ေအာ္ဟစ္လိုက္ၾကသည္။

"မင္းဘာလုပ္တာလဲ ငါ့ကိုမဆြဲနဲ႕!"

ေဝ့ရိခ်န္ႏွင့္အားေမာက္မွာ သူတို႔ကို အတင္းအက်ပ္ ဆြဲထုတ္ရန္ တျခားညီအစ္ကိုေတြကို မ်က္စပစ္ျပလိုက္သည္။ အမူးသမားမ်ားမွာ ႐ုန္းေနရင္း တစ္ခ်ိန္လုံး ဆဲဆိုေနကာ တျခားကာစတန္မာမ်ားမွာလည္း ႐ုတ္႐ုတ္သဲသဲျဖစ္ေနျခင္းကို ေစာင့္ၾကည့္ေနၾက၏။

အမူးသမားႏွစ္ေယာက္ကို ဆြဲထုတ္ၿပီးသည့္ေနာက္ ဘားထဲရွိတခ်ိဳ႕လူမ်ားမွာ မၾကာခင္မွာပဲ ျဖစ္ရပ္ကို ေမ့ေပ်ာက္သြားခဲ့ၾကသည္။ မၾကာခင္ အကၾကမ္းျပင္က သီခ်င္းေျပာင္းသြားရာ အားလုံးမွာ ေသာက္ၿပီး ဆက္လက္ကခုန္ေနၾကပါေတာ့၏။

နားေနခန္းသို႔ျပန္ကာ ေဝ့ရိခ်န္က ပလက္စတစ္အိတ္အေသးတစ္အိတ္ကို အားေမာက္ထံသို႔ပစ္ေပးလိုက္သည္။ အားေမာက္ သူ႕ဆီပစ္ေပးလိုက္ေသာ အိတ္အေသးကိုၾကည့္ၿပီး သူ႕မ်က္ႏွာမွာ ရႈံ႕မဲ့သြားရာ

"ခ်န္ေကာ.... ဒီပစၥည္းေတြက ဘယ္ကေရာက္လာတာလဲ"

ေဝ့ရိခ်န္ ႏွာမႈတ္လိုက္သည္။

"အဲဒီလူႏွစ္ေယာက္ရဲ႕အဝတ္အစားေတြထဲကေနက်လာတာ"

အားေမာက္မွာ ေဝ့ရိခ်န္အေရွ႕၌ အလ်င္အျမန္ ဒူးေထာက္၍

"ခ်န္ေကာ ဒါက ကြၽန္ေတာ္တို႔ဆီကလာတာမဟုတ္ဘူး ကြၽန္ေတာ္တို႔ ဒီပစၥည္းေတြကိုမထိရဲဘူး! ခ်န္ေကာ ကြၽန္ေတာ္တို႔တစ္ေယာက္ခ်င္းစီကိုေျပာခဲ့ဖူးတယ္ေလ တကယ္လို႔ ကြၽန္ေတာ္တို႔ေတြ ဒီလိုပစၥည္းမ်ိဳးေတြကိုၾကည့္ခဲ့မယ္ဆိုရင္ ဗိုက္ကိုဆယ္ခ်က္အထိုးခံရမယ္လို႔"

ေဝ့ရိခ်န္ ႏွာမႈတ္ၿပီး အနီးနားကဆိုဖာတစ္ခုေပၚတြင္ ထိုင္ခ်လိဳက္သည္။ အားေမာက္က သူႏွင့္အတူရွိေနသည္မွာ အေတာ္ၾကာေနခဲ့ၿပီ ၊ သူ ဒီညီငယ္ေလးရဲ႕ပင္ကိုစရိုက္ကို နားလည္တယ္။ အကယ္၍ ဒါေတြက သူတို႔ဆီကမဟုတ္ဘူးလို႔ သူေျပာတယ္ဆိုရင္ အဲဒီကာစတန္မာႏွစ္ေယာက္က တျခားတစ္ေနရာရာကေန ဝယ္လာခဲ့တာပဲ။

သူ ဤလမ္းထဲမွာ ဘားတစ္ခုဖြင့္ရန္ စဥ္းစားလိုက္သည့္အခ်ိန္တြင္ ေဝ့ရိခ်န္က ခ်င္းနန္လမ္း၏စည္းမ်ဥ္းစည္းကမ္းမ်ားကို ေသခ်ာနားလည္ေအာင္လုပ္ခဲ့သည္။ ဒါက... စည္းကမ္းေဖာက္ဖ်က္ဖို႔ တဲတဲေလးပဲလိုေတာ့သည့္ တစ္စုံတစ္ေယာက္မ်ားလား?

"ဒီႏွစ္ေယာက္ကိုစုံစမ္းၾကည့္လိုက္ သူတို႔ေတြ ဘယ္ဆိုင္ေတြကို ပုံမွန္သြားလဲဆိုတာကိုပါစစ္လိုက္"

"ကြၽန္ေတာ္နားလည္ပါၿပီ"

အားေမာက္က ပလက္စတစ္အိတ္အေသးကို ထပ္ငုံ႕ၾကည့္ရင္း

"အာ.... ဒီပစၥည္းေတြကေရာ"

"အိမ္သာထဲလႊင့္ပစ္ၿပီးေတာ့ ေရဆြဲခ်လိဳက္ ေနာက္ၿပီးေတာ့ အဲဒီလူႏွစ္ေယာက္ကိုေတာ့ အနာဂတ္မွာ ငါတို႔ဆိုင္ကို ဝင္ခြင့္မျပဳနဲ႕ေတာ့"

အားေမာက္ ျမန္ျမန္ဆန္ဆန္ ေခါင္းညိတ္၏။

"ဟုတ္ကဲ့ပါ ကြၽန္ေတာ္ အခုပဲသြားလုပ္လိုက္ပါမယ္"

______________________

Продолжить чтение

Вам также понравится

7.7K 681 15
ပညာသင်ဆုရရှိ​ရေးအတွက် ပြိုင်ဆိုင်ကြသည်မှာ ​တောမီး​လောင်သဖွယ် အကျိတ်အနယ်။ ​ကျောင်းအုပ်ကြီးရုံးခန်း​ရှေ့တွင် 'လင်းယွီကျင်း' နှင့် 'ရှန်ကျွမ့်'တို့ ထိပ်...
3.6M 287K 96
RANKED #1 CUTE #1 COMEDY-ROMANCE #2 YOUNG ADULT #2 BOLLYWOOD #2 LOVE AT FIRST SIGHT #3 PASSION #7 COMEDY-DRAMA #9 LOVE P.S - Do let me know if you...
SCENT OF LOVE (editing) venus

Любовные романы

1.2M 65.1K 59
𝐒𝐜𝐞𝐧𝐭 𝐨𝐟 𝐋𝐨𝐯𝐞〢𝐁𝐲 𝐥𝐨𝐯𝐞 𝐭𝐡𝐞 𝐬𝐞𝐫𝐢𝐞𝐬 〈𝐛𝐨𝐨𝐤 1〉 𝑶𝒑𝒑𝒐𝒔𝒊𝒕𝒆𝒔 𝒂𝒓𝒆 𝒇𝒂𝒕𝒆𝒅 𝒕𝒐 𝒂𝒕𝒕𝒓𝒂𝒄𝒕 ✰|| 𝑺𝒕𝒆𝒍𝒍𝒂 𝑴�...
2.5M 135K 48
Lazy Touma suddenly wakes up in a BL novel as the Villain, Nakamura Shin. "..." Fuck the villain role, let me sleep. A grumpy cat-like person wakes...