ရွှီလျန်ရောက်လာသောအခါ သစ်သီးများပါ ဝယ်လာခဲ့သည်။ ရှန့်ချန်ခုန်းက သူမကို သော့တစ်ချောင်းပေးထားသော်လည်း ရွှီလျန်သည် တံခါးအရင်ခေါက်ရန် ဆုံးဖြတ်လိုက်သည်။
ရှန့်ချန်ခုန်းက သူ့အမေကို ရွှီလျန်အလည်လာမည့်အကြောင်း ပြောထားပြီးသားဖြစ်ပေမဲ့ သူ့အမေက နားလည်ကြောင်းတုံ့ပြန်ချက် မပေးခဲ့ပေ။ ရွှီလျန် တံခါးခေါက်လိုက်ချိန်၌ သူမကို အိမ်ရှေ့တံခါးလာဖွင့်ပေးသောသူမှာ ရှန့်ချန်ခုန်းဖြစ်၏။ ရွှီလျန် သူ့ကို ပြုံးပြလိုက်သည်။ ရှန့်ချန်ခုန်း သူမကို အထဲဝင်ရန်ခေါ်ပြီးနောက် ဆိုဖာပေါ်တွင်စာအုပ်ထိုင်ဖတ်နေသော ဝမ်းရှုလီကိုပြောလိုက်သည်။
"အမေ ရွှီလျန်က အမေ့ကိုလာတွေ့တယ်"
လက်ရှိတွင် သူမက စာဖတ်နေတာဖြစ်နိုင်တာကြောင့် ဝမ်းရှုလီက ယနေ့ မျက်မှန်တပ်ထား၏။ သူမသည် စာအုပ်ထံမှ ခေါင်းမော့ကာ ရှန့်ချန်ခုန်းနှင့်ရွှီလျန်ဆီသို့ကြည့်ပြီး သူမစာအုပ်ကိုပဲ ပြန်ကြည့်သွားသည်။
သူမအမေက အိမ်မှာတစ်ယောက်တည်းရှိနေသည့်အချိန်တွင် ပျင်းနေမှာစိုးရိမ်သဖြင့် စာအုပ်ကို ရှန့်နွမ်ကဝယ်ထားပေးခြင်းဖြစ်သည်။ ဝမ်းရှုလီမှာမူ ၎င်းအား တစ်ချိန်လုံး မထိခဲ့ဖူးသည့်တိုင် ယနေ့တွင် သူမက ရုတ်တရက် စိတ်ဝင်စားလာ၏။ တော်တော်တွေးရခက်တာပဲ...
ရှန့်ချန်ခုန်း ကူကယ်ရာမဲ့စွာဖြင့် ရွှီလျန်ကို ဆိုဖာပေါ်တွင်ထိုင်ရန် ဆွဲခေါ်၍
"ကိုယ် နေ့လယ်စာပြင်ပြီးသွားပြီ ရွှီလျန် နေ့ခင်းကျရင် မင်း ဒီမှာစားချင်ရင်စားလို့ရတယ်... နွှေးလိုက်ရုံပဲ"
ရွှီလျန် ခေါင်းညိတ်၏။
"ကောင်းပါပြီ ကျွန်မကိုစိုးရိမ်စရာမလိုပါဘူး ရှင် အလုပ်သွားလို့ရပြီ"
ရိုးရိုးသားသားပြောရလျှင် ရှန့်ချန်ခုန်းသည် ရွှီလျန်ကို သူ့အမေနှင့်တစ်ယောက်တည်း မထားလိုပေ။ ရွှီလျန်က သူ့အမေကို အနိုင်ကျင့်မှာကို သူ စိုးရိမ်နေတာမဟုတ်ဘဲ ဝမ်းရှုလီ၏အခြေအနေက ရွှီလျန်အား ပြဿနာတစ်ခုခုဖြစ်စေမှာကို စိုးရိမ်နေခြင်းဖြစ်သည်။ သို့ပေမဲ့ သူ့အမေနှင့်အချိန်နည်းနည်းပေးရန် အရင်ပြောဆိုလာသည့်သူမှာ ရွှီလျန်ပဲ ၊ ယင်းက သူ့အား အလွန်ပျော်ရွှင်စေ၏။ သူတို့နှစ်ယောက်ကြားဆက်ဆံရေး တိုးတက်လာစေရန် ရှန့်ချန်ခုန်းလည်း မျှော်လင့်မိပါသည်။
သူ ရွှီလျန်ကို ငုံ့ကြည့်ရင်း ယဲ့ယဲ့လေး ပြုံးပြကာ
"အင်း မင်းတစ်ခုခုလိုအပ်တယ်ဆို ကိုယ့်ကိုဖုန်းခေါ်လိုက်"
"အင်းပါ"
ရှန့်ချန်ခုန်း ထွက်သွားသည့်တိုင် ဝမ်းရှုလီက စာအုပ်ဖတ်နေဆဲဖြစ်သည်။ ကြည့်ရတာ သူမက ရွှီလျန်ကို ဂရုစိုက်ဖို့ရည်ရွယ်ချက်မရှိတဲ့ပုံပဲ ၊ ရွှီလျန် သူမဝယ်လာသောအသီးများကို စားပွဲပေါ်တွင်တင်၍ ဝမ်းရှုလီကို မေးလိုက်သည်။
"အန်တီ စတော်ဘယ်ရီသီးကြိုက်လား၊ ဒီစတော်ဘယ်ရီသီးတွေက Starlight စိုက်ပျိုးရေးခြံက.. ဒါတွေကို လောလောလတ်လတ် ထုတ်ပိုးပြီးတော့ ဒီမနက်ကမှ စိုက်ပျိုးရေးခြံကနေ တင်ပို့လိုက်တာ ကျွန်မ အန်တီအတွက်ဆေးပေးမယ်နော်"
ဝမ်ရှုလီ ပြန်မဖြေသော်လည်း ရွှီလျန်က ဂရုမစိုက်ပေ ၊ သူမ မီးဖိုချောင်ထဲသို့သွားပြီး စတော်ဘယ်ရီသီးတွေကို ရေစိမ်ရန် ပန်းကန်လုံးတစ်လုံး တွေ့လိုက်သည်။ ရေဆေးပြီးနောက် ရွှီလျန် ဧည့်ခန်းထဲပြန်သွားသောအခါ ဝမ်းရှုလီမှာ နေရာမှတစ်လက်လက်မလေးတောင်မရွေ့ကြောင်း မြင်ရ၏။
ရွှီလျန်က စတော်ဘယ်ရီပန်းကန်ကို စားပွဲပေါ်တွင် တင်ပြီးနောက် ဝမ်းရှုလီဖတ်နေသောစာအုပ်အား သိချင်စိတ်ဖြင့် ကြည့်လိုက်သည်။ ခေါင်းစဉ်မှာ 'Actor' ဖြစ်ပြီး ရှင်းရှင်းရေးသားထားခြင်းဖြစ်သည်။
"အန်တီရော ရှင်းရှင်းကိုကြိုက်တာလား ဒီဝတ္ထုကိုရုပ်ရှင်ပြန်ရိုက်ထားတယ်လေ မော့ကျန်းသရုပ်ဆောင်ထားတာ အန်တီကြည့်ပြီးပြီလား?"
ဝမ်းရှုလီ တိတ်ဆိတ်နေ၏။
ရွှီလျန် စတော်ဘယ်ရီသီးတွေကို သူမအနားတိုးပေး၍
"အန်တီ စတော်ဘယ်ရီသီးစားချင်လား ကျွန်မ အခု တစ်လုံးစားကြည့်လိုက်တာ ချိုတယ်"
စတော်ဘယ်ရီသီး၏ရနံ့ကြောင့်ထင်တယ် ဝမ်းရှုလီက နောက်ဆုံးတွင် ပန်းကန်ကို ကြည့်လာခဲ့သည်။ စတော်ဘယ်ရီသီးတွေက ဆွဲဆောင်နေပုံရသော်လည်း ဝမ်းရှုလီကတော့ သူမစာအုပ်ကိုပဲ အကြည့်ပြန်လွှဲသွားခဲ့သည်။
ရွှီလျန် စတော်ဘယ်ရီသီးတစ်လုံးကိုယူ၍ ပါးစပ်ထဲထည့်ပြီး စကားပြောရပ်လိုက်တော့သည်။
ရွှီလျန်က အရင်စကားပြောရတာကိုကြိုက်တဲ့ လူမျိုးမဟုတ် ၊ ရှန့်ချန်ခုန်းရဲ့အမေမဟုတ်ခဲ့ဘူးဆိုလျှင် သူမက စကားအများကြီးပြောနေခဲ့မှာမဟုတ်ဘူး။ သူမ ငယ်ငယ်ကတည်းက ရွှီလျန်မှာ သူငယ်ချင်းမရှိခဲ့ဘူး။ နှစ်လိုဖွယ်ကောင်းအောင် ဘယ်လိုပြုမူရမလဲ သူမ မသိဘူး။ အတန်ကြာကတည်းက ဝမ်းရှုလီနှင့်စကားပြောလိုက်ခြင်းအားဖြင့် သူမက သူမ၏ကိုယ်ပိုင်ရာဇဝင်ကို ချိုးဖျက်ခဲ့ပြီးဖြစ်သည်။
ရွှီလျန် နောက်ထပ်စတော်ဘယ်ရီသီးတစ်လုံးစားပြီး ဝမ်းရှုလီကို တိတ်တဆိတ် ဆက်ကြည့်နေ၏။
ဝမ်းရှုလီ၏နာမကျန်းဖြစ်မှုအကြောင်းကိုတော့ ရှန့်ချန်ခုန်းက သူမကို ရှင်းပြထားပြီးသား...
ပါးပါးရှန့်ကွယ်လွန်သွားပြီးနောက် ဝမ်းရှုလီ၏စိတ်ပိုင်းဆိုင်ရာအခြေအနေမှာ အဆိုးဘက်သို့ပြောင်းသွားခဲ့သည်။ ရှန့်ချန်ခုန်းကလည်း သူ့အဖေကိစ္စများနှင့် သူ့ကျောင်းကိစ္စများ ကိုင်တွယ်ဖြေရှင်းနေရသည့်အတွက်ကြောင့် သူ့အမေကို ဂရုမစိုက်နိုင်ခဲ့ဘူး။ မမျှော်လင့်ဘဲ ဝမ်းရှုလီကို အချို့လူတွေက အခွင့်ကောင်းယူပြီး သူမစုဆောင်းငွေအားလုံးလည်းဆုံးရှုံးကာ အလိမ်ခံလိုက်ရသည်။
သူမ အလိမ်ခံလိုက်ရကြောင်း သဘောပေါက်သွားပြီးနောက် ဝမ်းရှုလီ၏စိတ်အခြေအနေမှာ လုံးဝပြိုလဲသွားပြီး နာမကျန်းဖြစ်သွားတော့သည်။ ထိုအချိန်တွင် မိသားစုမှာ လုံးဝပိုက်ဆံမရှိတာကြောင့် သူမ၏ဆေးဖိုးစရိတ်ပေးချေရန်အတွက် ရှန့်ချန်ခုန်းက သူတို့အိမ်ကိုရောင်းခဲ့ရသည်။
မူလက ဝမ်းရှုလီက အကြောသေသွားခဲ့သည်။ သူမကိုယ်သူမ လုံးဝဂရုမစိုက်နိုင်တော့ပေ ၊ ဆရာဝန်က သူမကို အကြိမ်များစွာ စစ်ဆေးပေးသည့်တိုင် ၎င်းဟာ သူမ၏ကိုယ်ခန္ဓာလုပ်ဆောင်ချက်များတွင် ပြဿနာမရှိကြောင်း ပြောကြားခဲ့သည်။ သူမ၏ဘာကိုမှမလုပ်ဆောင်နိုင်ခြင်းမှာ စိတ်ပိုင်းဆိုင်ရာအကြောင်းအရင်းများကြောင့် အများဆုံးဖြစ်နိုင်ချေရှိ၏။ ရှန့်ချန်ခုန်းက သူမအား စိတ်ရောဂါအထူးကုတစ်ယောက် ရှာပေးရန် ကြိုးစားခဲ့သည်။ သို့ပေမဲ့ ဝမ်းရှုလီက တစ်ယောက်ယောက်နှင့်ပြောဆိုဆက်ဆံရန် ငြင်းပယ်ခဲ့၏။
အဆုံးမှာ ရှန့်ချန်ခုန်းသည် ပြည်ပတွင်စာလေ့လာရန် အခွင့်အရေးကို လက်လျှော့ခဲ့ရသည်။ သူ့မိသားစုတည်ငြိမ်အောင် ကြိုးစားနေရသဖြင့် အလွန်အလုပ်များလာခဲ့သည်။ သူက ဝမ်းရှုလီ၏နေ့စဉ်လိုအပ်ချက်များအား ဂရုစိုက်ပေးရန် သူနာပြုတစ်ယောက်ကိုတောင် ဌားရမ်းခဲ့ရ၏။
ခြောက်လကျော်ကြာကုသပြီးနောက် စကားပြောရန် ဝန်လေးနေဆဲဖြစ်ကာ ဝမ်းရှုလီမှာ ဖြည်းဖြည်းချင်း လမ်းလျှောက်နိုင်စွမ်းလည်းမရှိပေ။ လွန်ခဲ့တဲ့သုံးနှစ်အတွင်း ရှန့်ချန်ခုန်းက ဝမ်းရှုလီ၏ကုသမှုတွေကို မဆုတ်မနစ် ဆက်လက်လုပ်ဆောင်ခဲ့ပြီး နောက်ဆုံးမှာတော့ သူမ အခြေအနေတိုးတက်ကောင်းမွန်လာခဲ့သည်။
မည်သို့ပင်ဆိုစေ ဝမ်းရှုလီကတော့ အပြင်သွားရန်နှင့် သူတို့ကိုစကားပြောဆိုရန် ငြင်းဆိုနေဆဲဖြစ်သည်။
ရွှီလျန် မနက်ပိုင်းကို ရှန့်ချန်ခုန်းအိမ်တွင် ကုန်ဆုံးခဲ့သည်။ ဝမ်းရှုလီက သူမကို စကားတစ်ခွန်းတောင်မပြောဘဲ ရွှီလျန်မှာ သူမဝယ်လာခဲ့သောစတော်ဘယ်ရီသီးအားလုံးကို စားပစ်လိုက်သည်။ သူမအရှေ့က ပန်းကန်အလွတ်ကိုကြည့်လျက် ရွှီလျန် ဝမ်းရှုလီဘက်သို့လှည့်ပြီး ပြုံးပြ၏။
"အန်တီ စတော်ဘယ်ရီသီးမကြိုက်ဘူးလား နောက်တစ်ခေါက်ကျရင် ကျွန်မ တခြားအသီးယူလာခဲ့မယ်"
သူမ ပန်းကန်အလွတ်ကို မီးဖိုချောင်ထဲယူသွားပြီး ရေဆေးကြောလိုက်သည်။ ထို့နောက် သူမ ရှန့်ချန်ခုန်းပြင်ဆင်ပေးခဲ့သောနေ့လယ်စာကို အပူပေးပြီး စားပွဲပေါ် ဟင်းပွဲတွေ နေရာချ၏။
"အန်တီ နေ့လယ်စာစားချိန်ရောက်ပြီ"
ဝမ်းရှုလီ မော့ကြည့်လိုက်သည်။ သူမအကြည့်က ရွှီလျန်အား အနည်းငယ် နေရခက်စေ၏။ ရွှီလျန်ကို ခဏကြာ စိုက်ကြည့်ပြီးနောက် ဝမ်းရှုလီ သူမစာအုပ်ကိုချ၍ ထမင်းစားစားပွဲဆီ လျှောက်သွားသည်။
ရှန့်ချန်ခုန်းက ဒီနေ့ ပိန်းဥချက်ထားသည်။ ၎င်းက နူးညံ့ပြီး ရွှီလျန် နည်းနည်းများများလေး စားလိုက်၏။ သူမနှင့်ဆန့်ကျင်ဘက်ကတော့ ဝမ်းရှုလီပဲ.. သူမထမင်းကို အမူအရာမရှိ သုံးဆောင်နေသည်။ နှစ်ယောက်သား တိတ်ဆိတ်စွာ စားသုံးပြီးနောက် ဝမ်းရှုလီက သူမစာအုပ်ဖြင့် သူမအခန်းထဲပြန်ဝင်သွား၏။ သူမ တစ်ရေးတစ်မောအိပ်မည့်ပုံပင်။
ရွှီလျန် သူမ ဝင်သွားတာကို စောင့်ကြည့်နေ၏။ သူမ စားပွဲနှင့် အလုပ်များနေပြီး ပန်းကန်တွေကို ဘေစင်ထဲထားပြီး သူမအိတ်ကိုယူကာ အိမ်ပြန်ရန်ထွက်လာခဲ့တော့သည်။
သူမ ကားထဲမှာ ထိုင်လိုက်သည်နှင့် အသက်ပြင်းပြင်းတစ်ချက်ရှုလိုက်သည်။ သူမက စိတ်အနှောင့်အယှက်ပေးသောကိစ္စများကို ဂရုမစိုက်တက်သည့်သူတစ်ယောက် ၊ သို့ပေမဲ့ ဝမ်းရှုလီက သူမ ဆက်ဆံရမည့်သူတစ်ယောက်ဖြစ်၏။ သူမနာမကျန်းဖြစ်မှုကိုတွေးရင်း ရွှီလျန် နည်းနည်းလေး ဝမ်းနည်းသွားရသည်။ ရှန့်ချန်ခုန်းမှာ ဒီနှစ်တွေတစ်လျှောက် သူ့အမေနှင့်သူ့ညီမလေးကို ဂရုစိုက်ခဲ့ရသည်။ သူ့အတွက် အရမ်းခက်ခဲခဲ့မှာပဲ။
သူမ ဖုန်းထုတ်ပြီး ရှန့်ချန်ခုန်းကို ဖုန်းခေါ်လိုသည်။ သို့သော် သူမ အချိန်ကိုမြင်တော့ အကြံကိုဖယ်ထုတ်ပစ်လိုက်၏။ အခုက နေ့လယ်စာ အပြေးအလွှားပို့နေရတဲ့အချိန်ပဲ ၊ ရှန့်ချန်ခုန်းက ဒီအချိန်မှာ အရမ်းအလုပ်များနေလိမ့်မယ်။ ရွှီလျန် သူ့ကို နောက်မှ ဖုန်းခေါ်ရန် ဆုံးဖြတ်လိုက်သည်။
သူမ ထွက်လာချိန်တုန်းက Starlight ပန်းခြံကို ပြန်မသွားဘဲ တစ်ရေးလောက်အိပ်ရန် အိမ်ကိုပဲ တန်းတန်းပြန်မောင်းလာခဲ့သည်။ အမှန်အတိုင်းဆိုရလျှင် ရွှီလျန် ဤတစ်မနက်ခင်းလုံးလုပ်ခဲ့ရသည်အားလုံးမှာ ထိုင်နေပြီး စတော်ဘယ်ရီသီးတွေစားနေခဲ့ရုံပဲ ၊ ဒါပေမဲ့.... သူမရင်ထဲ ဘာကြောင့်မှန်းမသိ ခြေကုန်လက်ပန်းကျနေဆဲဖြစ်သည်။
သူမအဝတ်အစားတွေလဲပြီး လှဲလျောင်းလိုက်ပြီးသည်နှင့် သူမ ရှန့်ချန်ခုန်းကို ဖုန်းခေါ်လိုက်သည်။ သူမက အိပ်ရာခေါင်းရင်းကိုမှီပြီး ဖုန်းဆက်သွယ်ရန် စောင့်နေ၏။
"ဟေ့"
ရှန့်ချန်ခုန်း ပြော၏။
"မင်း ကိုယ့်အိမ်မှာပဲလား"
"မဟုတ်ဘူး ကျွန်မ အိမ်ပြန်ရောက်နေပြီ"
"အာ.... ကိုယ့်အမေက မင်းကို ခက်ခဲအောင်လုပ်ခဲ့သေးလား"
"မလုပ်ပါဘူး သူမက ကျွန်မကို စကားတစ်ခွန်းတောင်မပြောဘူး"
ရှန့်ချန်ခုန်း ရပ်တန့်သွားပြီး ရယ်မောလိုက်သည်။ ရွှီလျန်က ဆက်၍
"သူမက တစ်မနက်လုံး စာအုပ်ပဲဖတ်နေတာ၊ ကျွန်မက သူမဘေးမှာထိုင်ပြီး စာဖတ်တာကိုကြည့်နေခဲ့တာ.. နောက်တစ်ခေါက် ကျွန်မလာလည်တဲ့အချိန်ကျရင် ကျွန်မရဲ့ဖယောင်းတိုင်လုပ်တဲ့ပစ္စည်းတွေကို ယူလာရမယ်ထင်တယ်"
ဝမ်းရှုလီ စာအုပ်ဖတ်နေစဉ် ရွှီလျန်က ဖယောင်းတိုင်တစ်တိုင် ပြုလုပ်နိုင်လိမ့်မည်။ ဤနည်းလမ်းဖြင့် မည်သူကမှ သူတို့အချိန်တွေ အလဟဿဖြစ်သွားမှာမဟုတ်ဘူး။
__________________
႐ႊီလ်န္ေရာက္လာေသာအခါ သစ္သီးမ်ားပါ ဝယ္လာခဲ့သည္။ ရွန့္ခ်န္ခုန္းက သူမကို ေသာ့တစ္ေခ်ာင္းေပးထားေသာ္လည္း ႐ႊီလ်န္သည္ တံခါးအရင္ေခါက္ရန္ ဆုံးျဖတ္လိုက္သည္။
ရွန့္ခ်န္ခုန္းက သူ႕အေမကို ႐ႊီလ်န္အလည္လာမည့္အေၾကာင္း ေျပာထားၿပီးသားျဖစ္ေပမဲ့ သူ႕အေမက နားလည္ေၾကာင္းတုံ႕ျပန္ခ်က္ မေပးခဲ့ေပ။ ႐ႊီလ်န္ တံခါးေခါက္လိုက္ခ်ိန္၌ သူမကို အိမ္ေရွ႕တံခါးလာဖြင့္ေပးေသာသူမွာ ရွန့္ခ်န္ခုန္းျဖစ္၏။ ႐ႊီလ်န္ သူ႕ကို ၿပဳံးျပလိုက္သည္။ ရွန့္ခ်န္ခုန္း သူမကို အထဲဝင္ရန္ေခၚၿပီးေနာက္ ဆိုဖာေပၚတြင္စာအုပ္ထိုင္ဖတ္ေနေသာ ဝမ္းရႈလီကိုေျပာလိုက္သည္။
"အေမ ႐ႊီလ်န္က အေမ့ကိုလာေတြ႕တယ္"
လက္ရွိတြင္ သူမက စာဖတ္ေနတာျဖစ္နိုင္တာေၾကာင့္ ဝမ္းရႈလီက ယေန႕ မ်က္မွန္တပ္ထား၏။ သူမသည္ စာအုပ္ထံမွ ေခါင္းေမာ့ကာ ရွန့္ခ်န္ခုန္းႏွင့္႐ႊီလ်န္ဆီသို႔ၾကည့္ၿပီး သူမစာအုပ္ကိုပဲ ျပန္ၾကည့္သြားသည္။
သူမအေမက အိမ္မွာတစ္ေယာက္တည္းရွိေနသည့္အခ်ိန္တြင္ ပ်င္းေနမွာစိုးရိမ္သျဖင့္ စာအုပ္ကို ရွန့္ႏြမ္ကဝယ္ထားေပးျခင္းျဖစ္သည္။ ဝမ္းရႈလီမွာမူ ၎အား တစ္ခ်ိန္လုံး မထိခဲ့ဖူးသည့္တိုင္ ယေန႕တြင္ သူမက ႐ုတ္တရက္ စိတ္ဝင္စားလာ၏။ ေတာ္ေတာ္ေတြးရခက္တာပဲ...
ရွန့္ခ်န္ခုန္း ကူကယ္ရာမဲ့စြာျဖင့္ ႐ႊီလ်န္ကို ဆိုဖာေပၚတြင္ထိုင္ရန္ ဆြဲေခၚ၍
"ကိုယ္ ေန႕လယ္စာျပင္ၿပီးသြားၿပီ ႐ႊီလ်န္ ေန႕ခင္းက်ရင္ မင္း ဒီမွာစားခ်င္ရင္စားလို႔ရတယ္... ေႏႊးလိုက္႐ုံပဲ"
႐ႊီလ်န္ ေခါင္းညိတ္၏။
"ေကာင္းပါၿပီ ကြၽန္မကိုစိုးရိမ္စရာမလိုပါဘူး ရွင္ အလုပ္သြားလို႔ရၿပီ"
ရိုးရိုးသားသားေျပာရလွ်င္ ရွန့္ခ်န္ခုန္းသည္ ႐ႊီလ်န္ကို သူ႕အေမႏွင့္တစ္ေယာက္တည္း မထားလိုေပ။ ႐ႊီလ်န္က သူ႕အေမကို အနိုင္က်င့္မွာကို သူ စိုးရိမ္ေနတာမဟုတ္ဘဲ ဝမ္းရႈလီ၏အေျခအေနက ႐ႊီလ်န္အား ျပႆနာတစ္ခုခုျဖစ္ေစမွာကို စိုးရိမ္ေနျခင္းျဖစ္သည္။ သို႔ေပမဲ့ သူ႕အေမႏွင့္အခ်ိန္နည္းနည္းေပးရန္ အရင္ေျပာဆိုလာသည့္သူမွာ ႐ႊီလ်န္ပဲ ၊ ယင္းက သူ႕အား အလြန္ေပ်ာ္႐ႊင္ေစ၏။ သူတို႔ႏွစ္ေယာက္ၾကားဆက္ဆံေရး တိုးတက္လာေစရန္ ရွန့္ခ်န္ခုန္းလည္း ေမွ်ာ္လင့္မိပါသည္။
သူ ႐ႊီလ်န္ကို ငုံ႕ၾကည့္ရင္း ယဲ့ယဲ့ေလး ၿပဳံးျပကာ
"အင္း မင္းတစ္ခုခုလိုအပ္တယ္ဆို ကိုယ့္ကိုဖုန္းေခၚလိုက္"
"အင္းပါ"
ရွန့္ခ်န္ခုန္း ထြက္သြားသည့္တိုင္ ဝမ္းရႈလီက စာအုပ္ဖတ္ေနဆဲျဖစ္သည္။ ၾကည့္ရတာ သူမက ႐ႊီလ်န္ကို ဂ႐ုစိုက္ဖို႔ရည္႐ြယ္ခ်က္မရွိတဲ့ပုံပဲ ၊ ႐ႊီလ်န္ သူမဝယ္လာေသာအသီးမ်ားကို စားပြဲေပၚတြင္တင္၍ ဝမ္းရႈလီကို ေမးလိုက္သည္။
"အန္တီ စေတာ္ဘယ္ရီသီးႀကိဳက္လား၊ ဒီစေတာ္ဘယ္ရီသီးေတြက Starlight စိုက္ပ်ိဳးေရးၿခံက.. ဒါေတြကို ေလာေလာလတ္လတ္ ထုတ္ပိုးၿပီးေတာ့ ဒီမနက္ကမွ စိုက္ပ်ိဳးေရးၿခံကေန တင္ပို႔လိုက္တာ ကြၽန္မ အန္တီအတြက္ေဆးေပးမယ္ေနာ္"
ဝမ္ရႈလီ ျပန္မေျဖေသာ္လည္း ႐ႊီလ်န္က ဂ႐ုမစိုက္ေပ ၊ သူမ မီးဖိုေခ်ာင္ထဲသို႔သြားၿပီး စေတာ္ဘယ္ရီသီးေတြကို ေရစိမ္ရန္ ပန္းကန္လုံးတစ္လုံး ေတြ႕လိုက္သည္။ ေရေဆးၿပီးေနာက္ ႐ႊီလ်န္ ဧည့္ခန္းထဲျပန္သြားေသာအခါ ဝမ္းရႈလီမွာ ေနရာမွတစ္လက္လက္မေလးေတာင္မေ႐ြ႕ေၾကာင္း ျမင္ရ၏။
႐ႊီလ်န္က စေတာ္ဘယ္ရီပန္းကန္ကို စားပြဲေပၚတြင္ တင္ၿပီးေနာက္ ဝမ္းရႈလီဖတ္ေနေသာစာအုပ္အား သိခ်င္စိတ္ျဖင့္ ၾကည့္လိုက္သည္။ ေခါင္းစဥ္မွာ 'Actor' ျဖစ္ၿပီး ရွင္းရွင္းေရးသားထားျခင္းျဖစ္သည္။
"အန္တီေရာ ရွင္းရွင္းကိုႀကိဳက္တာလား ဒီဝတၳဳကို႐ုပ္ရွင္ျပန္ရိုက္ထားတယ္ေလ ေမာ့က်န္းသ႐ုပ္ေဆာင္ထားတာ အန္တီၾကည့္ၿပီးၿပီလား?"
ဝမ္းရႈလီ တိတ္ဆိတ္ေန၏။
႐ႊီလ်န္ စေတာ္ဘယ္ရီသီးေတြကို သူမအနားတိုးေပး၍
"အန္တီ စေတာ္ဘယ္ရီသီးစားခ်င္လား ကြၽန္မ အခု တစ္လုံးစားၾကည့္လိုက္တာ ခ်ိဳတယ္"
စေတာ္ဘယ္ရီသီး၏ရနံ႕ေၾကာင့္ထင္တယ္ ဝမ္းရႈလီက ေနာက္ဆုံးတြင္ ပန္းကန္ကို ၾကည့္လာခဲ့သည္။ စေတာ္ဘယ္ရီသီးေတြက ဆြဲေဆာင္ေနပုံရေသာ္လည္း ဝမ္းရႈလီကေတာ့ သူမစာအုပ္ကိုပဲ အၾကည့္ျပန္လႊဲသြားခဲ့သည္။
႐ႊီလ်န္ စေတာ္ဘယ္ရီသီးတစ္လုံးကိုယူ၍ ပါးစပ္ထဲထည့္ၿပီး စကားေျပာရပ္လိုက္ေတာ့သည္။
႐ႊီလ်န္က အရင္စကားေျပာရတာကိုႀကိဳက္တဲ့ လူမ်ိဳးမဟုတ္ ၊ ရွန့္ခ်န္ခုန္းရဲ႕အေမမဟုတ္ခဲ့ဘူးဆိုလွ်င္ သူမက စကားအမ်ားႀကီးေျပာေနခဲ့မွာမဟုတ္ဘူး။ သူမ ငယ္ငယ္ကတည္းက ႐ႊီလ်န္မွာ သူငယ္ခ်င္းမရွိခဲ့ဘူး။ ႏွစ္လိုဖြယ္ေကာင္းေအာင္ ဘယ္လိုျပဳမူရမလဲ သူမ မသိဘူး။ အတန္ၾကာကတည္းက ဝမ္းရႈလီႏွင့္စကားေျပာလိုက္ျခင္းအားျဖင့္ သူမက သူမ၏ကိုယ္ပိုင္ရာဇဝင္ကို ခ်ိဳးဖ်က္ခဲ့ၿပီးျဖစ္သည္။
႐ႊီလ်န္ ေနာက္ထပ္စေတာ္ဘယ္ရီသီးတစ္လုံးစားၿပီး ဝမ္းရႈလီကို တိတ္တဆိတ္ ဆက္ၾကည့္ေန၏။
ဝမ္းရႈလီ၏နာမက်န္းျဖစ္မႈအေၾကာင္းကိုေတာ့ ရွန့္ခ်န္ခုန္းက သူမကို ရွင္းျပထားၿပီးသား...
ပါးပါးရွန့္ကြယ္လြန္သြားၿပီးေနာက္ ဝမ္းရႈလီ၏စိတ္ပိုင္းဆိုင္ရာအေျခအေနမွာ အဆိုးဘက္သို႔ေျပာင္းသြားခဲ့သည္။ ရွန့္ခ်န္ခုန္းကလည္း သူ႕အေဖကိစၥမ်ားႏွင့္ သူ႕ေက်ာင္းကိစၥမ်ား ကိုင္တြယ္ေျဖရွင္းေနရသည့္အတြက္ေၾကာင့္ သူ႕အေမကို ဂ႐ုမစိုက္နိုင္ခဲ့ဘူး။ မေမွ်ာ္လင့္ဘဲ ဝမ္းရႈလီကို အခ်ိဳ႕လူေတြက အခြင့္ေကာင္းယူၿပီး သူမစုေဆာင္းေငြအားလုံးလည္းဆုံးရႈံးကာ အလိမ္ခံလိုက္ရသည္။
သူမ အလိမ္ခံလိုက္ရေၾကာင္း သေဘာေပါက္သြားၿပီးေနာက္ ဝမ္းရႈလီ၏စိတ္အေျခအေနမွာ လုံးဝၿပိဳလဲသြားၿပီး နာမက်န္းျဖစ္သြားေတာ့သည္။ ထိုအခ်ိန္တြင္ မိသားစုမွာ လုံးဝပိုက္ဆံမရွိတာေၾကာင့္ သူမ၏ေဆးဖိုးစရိတ္ေပးေခ်ရန္အတြက္ ရွန့္ခ်န္ခုန္းက သူတို႔အိမ္ကိုေရာင္းခဲ့ရသည္။
မူလက ဝမ္းရႈလီက အေၾကာေသသြားခဲ့သည္။ သူမကိုယ္သူမ လုံးဝဂ႐ုမစိုက္နိုင္ေတာ့ေပ ၊ ဆရာဝန္က သူမကို အႀကိမ္မ်ားစြာ စစ္ေဆးေပးသည့္တိုင္ ၎ဟာ သူမ၏ကိုယ္ခႏၶာလုပ္ေဆာင္ခ်က္မ်ားတြင္ ျပႆနာမရွိေၾကာင္း ေျပာၾကားခဲ့သည္။ သူမ၏ဘာကိုမွမလုပ္ေဆာင္နိုင္ျခင္းမွာ စိတ္ပိုင္းဆိုင္ရာအေၾကာင္းအရင္းမ်ားေၾကာင့္ အမ်ားဆုံးျဖစ္နိုင္ေခ်ရွိ၏။ ရွန့္ခ်န္ခုန္းက သူမအား စိတ္ေရာဂါအထူးကုတစ္ေယာက္ ရွာေပးရန္ ႀကိဳးစားခဲ့သည္။ သို႔ေပမဲ့ ဝမ္းရႈလီက တစ္ေယာက္ေယာက္ႏွင့္ေျပာဆိုဆက္ဆံရန္ ျငင္းပယ္ခဲ့၏။
အဆုံးမွာ ရွန့္ခ်န္ခုန္းသည္ ျပည္ပတြင္စာေလ့လာရန္ အခြင့္အေရးကို လက္ေလွ်ာ့ခဲ့ရသည္။ သူ႕မိသားစုတည္ၿငိမ္ေအာင္ ႀကိဳးစားေနရသျဖင့္ အလြန္အလုပ္မ်ားလာခဲ့သည္။ သူက ဝမ္းရႈလီ၏ေန႕စဥ္လိုအပ္ခ်က္မ်ားအား ဂ႐ုစိုက္ေပးရန္ သူနာျပဳတစ္ေယာက္ကိုေတာင္ ဌားရမ္းခဲ့ရ၏။
ေျခာက္လေက်ာ္ၾကာကုသၿပီးေနာက္ စကားေျပာရန္ ဝန္ေလးေနဆဲျဖစ္ကာ ဝမ္းရႈလီမွာ ျဖည္းျဖည္းခ်င္း လမ္းေလွ်ာက္နိုင္စြမ္းလည္းမရွိေပ။ လြန္ခဲ့တဲ့သုံးႏွစ္အတြင္း ရွန့္ခ်န္ခုန္းက ဝမ္းရႈလီ၏ကုသမႈေတြကို မဆုတ္မနစ္ ဆက္လက္လုပ္ေဆာင္ခဲ့ၿပီး ေနာက္ဆုံးမွာေတာ့ သူမ အေျခအေနတိုးတက္ေကာင္းမြန္လာခဲ့သည္။
မည္သို႔ပင္ဆိုေစ ဝမ္းရႈလီကေတာ့ အျပင္သြားရန္ႏွင့္ သူတို႔ကိုစကားေျပာဆိုရန္ ျငင္းဆိုေနဆဲျဖစ္သည္။
႐ႊီလ်န္ မနက္ပိုင္းကို ရွန့္ခ်န္ခုန္းအိမ္တြင္ ကုန္ဆုံးခဲ့သည္။ ဝမ္းရႈလီက သူမကို စကားတစ္ခြန္းေတာင္မေျပာဘဲ ႐ႊီလ်န္မွာ သူမဝယ္လာခဲ့ေသာစေတာ္ဘယ္ရီသီးအားလုံးကို စားပစ္လိုက္သည္။ သူမအေရွ႕က ပန္းကန္အလြတ္ကိုၾကည့္လ်က္ ႐ႊီလ်န္ ဝမ္းရႈလီဘက္သို႔လွည့္ၿပီး ၿပဳံးျပ၏။
"အန္တီ စေတာ္ဘယ္ရီသီးမႀကိဳက္ဘူးလား ေနာက္တစ္ေခါက္က်ရင္ ကြၽန္မ တျခားအသီးယူလာခဲ့မယ္"
သူမ ပန္းကန္အလြတ္ကို မီးဖိုေခ်ာင္ထဲယူသြားၿပီး ေရေဆးေၾကာလိုက္သည္။ ထို႔ေနာက္ သူမ ရွန့္ခ်န္ခုန္းျပင္ဆင္ေပးခဲ့ေသာေန႕လယ္စာကို အပူေပးၿပီး စားပြဲေပၚ ဟင္းပြဲေတြ ေနရာခ်၏။
"အန္တီ ေန႕လယ္စာစားခ်ိန္ေရာက္ၿပီ"
ဝမ္းရႈလီ ေမာ့ၾကည့္လိုက္သည္။ သူမအၾကည့္က ႐ႊီလ်န္အား အနည္းငယ္ ေနရခက္ေစ၏။ ႐ႊီလ်န္ကို ခဏၾကာ စိုက္ၾကည့္ၿပီးေနာက္ ဝမ္းရႈလီ သူမစာအုပ္ကိုခ်၍ ထမင္းစားစားပြဲဆီ ေလွ်ာက္သြားသည္။
ရွန့္ခ်န္ခုန္းက ဒီေန႕ ပိန္းဥခ်က္ထားသည္။ ၎က ႏူးညံ့ၿပီး ႐ႊီလ်န္ နည္းနည္းမ်ားမ်ားေလး စားလိုက္၏။ သူမႏွင့္ဆန့္က်င္ဘက္ကေတာ့ ဝမ္းရႈလီပဲ.. သူမထမင္းကို အမူအရာမရွိ သုံးေဆာင္ေနသည္။ ႏွစ္ေယာက္သား တိတ္ဆိတ္စြာ စားသုံးၿပီးေနာက္ ဝမ္းရႈလီက သူမစာအုပ္ျဖင့္ သူမအခန္းထဲျပန္ဝင္သြား၏။ သူမ တစ္ေရးတစ္ေမာအိပ္မည့္ပုံပင္။
႐ႊီလ်န္ သူမ ဝင္သြားတာကို ေစာင့္ၾကည့္ေန၏။ သူမ စားပြဲႏွင့္ အလုပ္မ်ားေနၿပီး ပန္းကန္ေတြကို ေဘစင္ထဲထားၿပီး သူမအိတ္ကိုယူကာ အိမ္ျပန္ရန္ထြက္လာခဲ့ေတာ့သည္။
သူမ ကားထဲမွာ ထိုင္လိုက္သည္ႏွင့္ အသက္ျပင္းျပင္းတစ္ခ်က္ရႈလိုက္သည္။ သူမက စိတ္အေႏွာင့္အယွက္ေပးေသာကိစၥမ်ားကို ဂ႐ုမစိုက္တက္သည့္သူတစ္ေယာက္ ၊ သို႔ေပမဲ့ ဝမ္းရႈလီက သူမ ဆက္ဆံရမည့္သူတစ္ေယာက္ျဖစ္၏။ သူမနာမက်န္းျဖစ္မႈကိုေတြးရင္း ႐ႊီလ်န္ နည္းနည္းေလး ဝမ္းနည္းသြားရသည္။ ရွန့္ခ်န္ခုန္းမွာ ဒီႏွစ္ေတြတစ္ေလွ်ာက္ သူ႕အေမႏွင့္သူ႕ညီမေလးကို ဂ႐ုစိုက္ခဲ့ရသည္။ သူ႕အတြက္ အရမ္းခက္ခဲခဲ့မွာပဲ။
သူမ ဖုန္းထုတ္ၿပီး ရွန့္ခ်န္ခုန္းကို ဖုန္းေခၚလိုသည္။ သို႔ေသာ္ သူမ အခ်ိန္ကိုျမင္ေတာ့ အႀကံကိုဖယ္ထုတ္ပစ္လိုက္၏။ အခုက ေန႕လယ္စာ အေျပးအလႊားပို႔ေနရတဲ့အခ်ိန္ပဲ ၊ ရွန့္ခ်န္ခုန္းက ဒီအခ်ိန္မွာ အရမ္းအလုပ္မ်ားေနလိမ့္မယ္။ ႐ႊီလ်န္ သူ႕ကို ေနာက္မွ ဖုန္းေခၚရန္ ဆုံးျဖတ္လိုက္သည္။
သူမ ထြက္လာခ်ိန္တုန္းက Starlight ပန္းၿခံကို ျပန္မသြားဘဲ တစ္ေရးေလာက္အိပ္ရန္ အိမ္ကိုပဲ တန္းတန္းျပန္ေမာင္းလာခဲ့သည္။ အမွန္အတိုင္းဆိုရလွ်င္ ႐ႊီလ်န္ ဤတစ္မနက္ခင္းလုံးလုပ္ခဲ့ရသည္အားလုံးမွာ ထိုင္ေနၿပီး စေတာ္ဘယ္ရီသီးေတြစားေနခဲ့႐ုံပဲ ၊ ဒါေပမဲ့.... သူမရင္ထဲ ဘာေၾကာင့္မွန္းမသိ ေျခကုန္လက္ပန္းက်ေနဆဲျဖစ္သည္။
သူမအဝတ္အစားေတြလဲၿပီး လွဲေလ်ာင္းလိုက္ၿပီးသည္ႏွင့္ သူမ ရွန့္ခ်န္ခုန္းကို ဖုန္းေခၚလိုက္သည္။ သူမက အိပ္ရာေခါင္းရင္းကိုမွီၿပီး ဖုန္းဆက္သြယ္ရန္ ေစာင့္ေန၏။
"ေဟ့"
ရွန့္ခ်န္ခုန္း ေျပာ၏။
"မင္း ကိုယ့္အိမ္မွာပဲလား"
"မဟုတ္ဘူး ကြၽန္မ အိမ္ျပန္ေရာက္ေနၿပီ"
"အာ.... ကိုယ့္အေမက မင္းကို ခက္ခဲေအာင္လုပ္ခဲ့ေသးလား"
"မလုပ္ပါဘူး သူမက ကြၽန္မကို စကားတစ္ခြန္းေတာင္မေျပာဘူး"
ရွန့္ခ်န္ခုန္း ရပ္တန့္သြားၿပီး ရယ္ေမာလိုက္သည္။ ႐ႊီလ်န္က ဆက္၍
"သူမက တစ္မနက္လုံး စာအုပ္ပဲဖတ္ေနတာ၊ ကြၽန္မက သူမေဘးမွာထိုင္ၿပီး စာဖတ္တာကိုၾကည့္ေနခဲ့တာ.. ေနာက္တစ္ေခါက္ ကြၽန္မလာလည္တဲ့အခ်ိန္က်ရင္ ကြၽန္မရဲ႕ဖေယာင္းတိုင္လုပ္တဲ့ပစၥည္းေတြကို ယူလာရမယ္ထင္တယ္"
ဝမ္းရႈလီ စာအုပ္ဖတ္ေနစဥ္ ႐ႊီလ်န္က ဖေယာင္းတိုင္တစ္တိုင္ ျပဳလုပ္နိုင္လိမ့္မည္။ ဤနည္းလမ္းျဖင့္ မည္သူကမွ သူတို႔အခ်ိန္ေတြ အလဟႆျဖစ္သြားမွာမဟုတ္ဘူး။
__________________