CEO BYUN ( Completed )
Per Bubble-Eri
1.7K 179 48
mini storyပါရှင့် #Sebaek Més
Part - 2
Part - 3
Part - 4
Final
Fic
Part - 1
511 42 23
Per Bubble-Eri
" အင်း ထားလေ "
" ဟင့်~မေမေ "
ငိုနေသူကိုချော့နေတဲ့ သခင်မကြီးကိုတော့ စူးရှတဲ့မျက်လုံးတွေနှင့်ကြည့်နေသူတစ်ဉီးထပ်ရှိလေသည်။
" Oh Sehun!! "
" ဟင့်~~ရွှတ် ဗျာ~~ "
" ဟုတ်ဟုတ်ကဲ့ "
" ကျစ်* မာမီ ကျွန်တော့်ကိုစာလာပြပေးဉီး "
" မာမီ !!! "
" လာပါပြီဟဲ့ ! "
Sehun အသက် 12နှစ်
Baekhyunအသက် 18နှစ်
"အာ့ ! "
" လာထိုင် "
" ဟုတ် "
" ဘယ်သူခိုင်းတာလဲ ? "
" ဗျာ ! "
" ကျောင်းပိတ်လို့ ဉီးလေးလည်းချုံတွေရှင်းနေတာနဲ့ ဝင်ကူပေးလိုက်တာပါ ဉီးလေးအပြစ်မဟုတ်ပါဘူးနော် ကျွန်တော်ကဝင်ကူပေးလိုက်တာပါ "
" အိမ်တော်ထိန်းKim "
" ခင်ဗျာ "
" ဟုတ်ကဲ့ သခင်လေး "
" ပြီးတော့ မင်း! "
" ဟုတ်ကဲ့ "
" Sehunလာပြီလား ? "
" အေး "
" ဟုတ်ကဲ့ "
Sehun အသက် 18
Baekhyun အသက် 24
Ring~~Ring
" hello သခင်လေး "
" ဘာလုပ်နေတာလဲ ! "
Oh Sehun !! "
" ဟုတ် ဟူတ်ကဲ့ "
" Sehunရော ? "
" ပျော်နေတာလား ဟက်လား? "
မြေတွေဆွနေတာ လက်အိတ်ဝတ်ထားပြီး အဆင်ပြေနေပေမယ့် ဘောင်းဘီအတိုဝတ်ထားတာမို့ ခြေထောက်မှာပေတူးနေတာဘဲ။
" Oh Sehun!! နေပါဉီး မင်းအဲ့အပင်တွေစိုက်ပြီးလုပ်မလို့လဲ ? "
" အိမ်အတွက်ရတာပေါ့ သခင်လေးကလည်း ရောင်းလည်းရောင်းစားလည်းစားလို့ရတာကို ဒီမှာသခွားသီးပင်လည်းစိုက်ဖို့ဝယ်ထားပြီးပြီ
သခင်လေးကြိုက်တဲ့ စတော်ဘယ်ရီလည်းပါတယ် အပင်လေးကြီးလာ အသီးတွေသီး သခင်လေးလဲစား ကျွန်တော်လည်းစား ပြီးရင်ပြန်ရောင်းစား လူတွေအများကြီးလာဝယ် ပြောလို့မရဘူး ကျွန်တော်တို့ ခြံပိုင်ရှင်သူဌေးကြီးတြွေဖစ်ကြမှာ ဟီးးဟီး "
Oh Sehun ! "
" ဟုတ် ဟုတ်ကဲ့ "
သခင်လေးကစိတ်ဆိုးပြီးထွက်သွားတာမို့ တစ်ဖက်မှာအပင်တွေ ရှငိးနေတဲ့ဉီးလေးက သူလုပ်ပေးထားမယ်ဆိုတာကြောင့် လက်အိတ်တွေချွတ် အနီးနားကပိုက်နဲ့ရေတွေဆေးပြီး အပေါ်ထပ်တက်လာလိုက်သည်။
" ရေချိုးတော့ ! "
" ဟုတ် "
သခင်လေးကခွင့်မပြုပါ။
သားကမသွားခိုင်းတော့
" အပေါ်တက်တော့မယ်ဗျာ "
Sehunတို့ကလပ်သွားဖို့နေ့မှာဘဲ သခင်လေးကCompanyမှာကိစ္စတစ်ခုပေါ်လာတာမို့ ညတွင်းချင်းထွက်သွားလေသည်။
" သ သခင်လေး!!! "
*******************************************
28  .  3  .  23
Bubble - Eri😘😘
ဒီနေ့ကEriမွေးနေ့ပါ
22th ပြည့်တာပါရှင့် 🥰
" သူလေးက Oh Sehunပါ ကျွန်တော့ဝမ်းကွဲတူတော်ပါတယ် "
အိမ်တော်ထိန်းKim ပြောပြချက်အရ ထိုကောင်လေးမိဘတွေက မီးလောင်တဲ့ထဲပါသွားတာမို့ မနေနိုင်တဲ့အိမ်တော်ထိန်းKimကသူခေါ်မွေးစားပြီး ဒီမှာနေခိုင်းဖို့လာခွင့်တောင်းတာဖြစ်သည်။
သခင်ကြီးကခွင့်ပြုပေမယ့် အိမ်ရဲ့အရှင်သခင်လို့တင်စားရလောက်တဲ့ သခင်လေးBaekhyunကတော့ ဘာမှပြောမလာသေးပါ။
" မြေးငယ် နေခွင့်ပေးမယ်မလား? "
မြေးစကား တစ်ခွန်းဆိုတစ်ခွန်းနားထောင်အလိုလိုက်တတ်သူမို့ အိမ်ထိန်းကြီးမှာခွင့်ပြုပါစေလို့သာ ကြိတ်ဆုတောင်းနေမိသည်။
ဧည့်ခန်းထဲခြေချိတ်ထိုင်ကာ မဂ္ဂဇင်းစာအုပ်ဖတ်နေသော သခင်လေးကသူတို့ကိုစောင်းငဲ့ကြည့်ကာ
" အင်း ထားလေ "
" ကျေးဇူးတင်ပါတယ် သခင်လေးရယ် Sehunလေး သခင်လေးကိုမြန်မြန်ကျေးဇူးတင်လိုက် "
" ကျေးဇူးတင်ပါတယ်ခင်ဗျ "
အိမ်ထဲစဝင်လာတည်းက အိမ်တော်ထိန်းKimလက်ထဲပါလာသော ကလေးကိုမြင်ပြီး သခင်မကြီးမှာချစ်နေပြီ။သူ့မှာနောက်ထပ်သားလေး ထပ်လိုချင်ပေမယ့်ကျန်းမာရေးအခြေအနေကြောင့်မဖြစ်နိုင်တော့ပါ။သားလေးကလည်းခွင့်ပြုပေးလိုက်တာမို့ သူအနားလာဖို့ခေါ်တော့ အိမ်တော်ထိန်းKimကိုပြန်ကြည့်သည်။
ခေါင်းငြိမ့်ခွင့်ပြုမှ သူမအနားကိုလာလေသည်။
" ဗိုက်ဆာပြီလား.. ပိန်လိုက်တာကွယ် သားမိဘတွေကိုလွမ်းနေမှာပေါ့ "
" ဟင့်~မေမေ "
ပြောနေရင်းသူ့မိဘတွေကိုသတိရသွားလို့ထင်ပါတယ် သူမကိုဖက်ပြီးအော်ငိုတော့သည်။သူမလည်း ကျောပြင်လေးကိုပွတ်သပ်ပေးရင်းချော့မြူပေးမိသည်။
ငယ်ငယ်ရွယ်ရွယ်နဲ့မိဘတွေဆုံးရှူံးထားရတာသူမနားလည်ပါတယ်။
ငိုနေသူကိုချော့နေတဲ့ သခင်မကြီးကိုတော့ စူးရှတဲ့မျက်လုံးတွေနှင့်ကြည့်နေသူတစ်ဦးထပ်ရှိလေသည်။
" Oh Sehun!! "
" ဟင့်~~ရွှတ် ဗျာ~~ "
" ဒီအိမ်မှာနေရင် ငါ့စည်းကမ်းကို လိုက်နာရမယ်! ငါမကြိုက်တာမလုပ်ရဘူး! ငါ့ပြောစကားဘဲနားထောင်ရမယ် ကြားလား!! "
" ဟုတ်ဟုတ်ကဲ့ "
" ကျစ်* မာမီ ကျွန်တော့်ကိုစာလာပြပေးဦး "
" အေးအေး သားငယ်လေးဒီမှာအေးဆေးနေနော် "
" မာမီ !!! "
" လာပါပြီဟဲ့ ! "
Sehunမှာတော့ သူ့ကိုအော်သွားသောအစ်ကိုကြီးကိုအကြောက်ဆုံးဘဲ။အန်တီကြီးကသူ့ကိုသဘောကျပေမယ့် ဟိုအစ်ကိုကြီးကသဘောမကျဘူးလားမသိဘူး။
Sehun အသက် 12နှစ်
Baekhyunအသက် 18နှစ်
လူငယ်အရွယ်ရောက်လာသည်နှင့်အမျှ Baekhyunရဲ့အကျင့်စရိုက်ဟာပိုမိုခက်ထန်လာသည်။မိသားစုတွေ သူငယ်ချင်းတွေနဲ့ဆိုပြောဆိုဆက်ဆံရတာအဆင်ပြေပေမယ့် Sehunနဲ့ကြတော့အဲ့လိုမဟုတ်။
သူ့မြင်တာနဲ့ အမြဲတမ်းဆူပူအော်ဟောက်နေတော့တာဘဲ။သခင်လေးBaekhyunရောက်လာရင် Sehunမှာဦးလေးခိုင်းထားတဲ့အလုပ်တွေပစ်ပြီး သခင်လေးနားမှာဘဲ သွားနေပေးရသည်။
Baekhyunတစ်ယောက် ညကျောင်းကပြန်လာပြီးပြီးချင်း ပင်ပန်းလာတာမို့ အိပ်ပေါ်ချက်ချင်းတက်လှဲလိုက်မိသည်။တံခါးဖွင့်သံကြားလို့ကြည့်ကြည့်တော့ Sehunဝင်လာလေသည်။သူပစ်ထားသောကျောပိုးအိတ်ကိုပြန်သန့်သည် ။မနက်အချိန်စာရင်းအတွက်ပါ စာအုပ်တွေထည့်ထုတ်ပေးသည်။
ပုံမှန်လုပ်နေကြအရာတွေမို့ တစ်ဖက်လှည့်ကာ အိပ်ဖို့ပြင်ကာမှ လက်မောင်းပေါ်ကအနီစင်းကြောင်းကိုမြင်လိုက်ရတာမို့ Baekhyun
တစ်ယောက်လေအဟုန်လို Sehunဘေးနားရောက်သွားလေတော့သည်။
"အာ့ ! "
" ဒါကဘာဖြစ်ရပြန်တာလဲ Oh Sehun! အမ်!! ငါ့ကိုစိတ်တိုအောင်လုပ်နေပြန်တာလား!!! "
ရုတ်တရက်Sehunအနားရောက်လာကာ လက်မောင်းကိုဖိညစ်လိုက်တာမို့ အနာရတဲ့နေရာလည်းဖြစ်တာကြောင့်စူးကနဲဖြစ်သွားမိပေမယ့် မအော်ရဲ။သူကိုယ်တိုင်ကသခင်လေးမကြိုက်တာ လုပ်ထားတာကို။
" ပြောလေ လုပ်ချင်တာလုပ်ပြီးပါးစပ်ကမထွက်တော့ဘူးလား ?!!! "
" သားရယ် သားငယ်လေးကိုဘာလို့အော်နေတာလဲ ရေသွားချိုးတော့သွား "
သခင်မByunအတင်းလွှတ်မှရေချိုးခန်းထဲဝင်သွားလေသည်။သားငယ်လေးကတော့ နေရာမှာဘဲရပ်ပြီး ငိုနေလေသည်။
" သားငယ်လေးလာ အောက်ဆင်းကြမယ် "
" Oh Sehun! ငါ့အခန်းထဲကတစ်လှမ်းမှမထွက်နဲ့ !! "
ရေချိုးခန်းထဲက အမိန့်သံကြားလိုက်ရသည်နှင့် Sehunကိုယ်လေးဟာတုန်ပြီးနေရာမှာရပ်မြဲပင်။သူမ ခေါ်တော့လည်းမလိုက်။သားလေးကိုငယ်ငယ်တည်းကကြောက်လာရှာတော့ သူ့မှာစကားမလွန်ဆန်နိုင်။
Sehunအခန်းထဲရပ်နေတုန်း သခင်လေးကအဝတ်အစားလဲပြီးထွက်လာသည်။
သူ့ကိုစူးစိုက်ကြည့်နေတာမို့ မျက်လွှာချထားကာ ပြန်တော့မကြည့်ရဲ့ပါ။
" လာထိုင် "
" ဟုတ် "
" ဘယ်သူခိုင်းတာလဲ ? "
" ဗျာ ! "
ထူးလိုက်ပေမယ့် စူးရှတဲ့အကြည့်သာပြန်ကြည့်ခံလိုက်ရတာမို့ Sehunလည်း ခေါင်းငုံ့ရင်းပြန်ပြောရသည်။သခင်လေးကတော့ သူ့အနာကိုငြင်ငြင်သာသာဆေးလူးပေးနေသည်။
" ကျောင်းပိတ်လို့ ဦးလေးလည်းချုံတွေရှင်းနေတာနဲ့ ဝင်ကူပေးလိုက်တာပါ ဦးလေးအပြစ်မဟုတ်ပါဘူးနော် ကျွန်တော်ကဝင်ကူပေးလိုက်တာပါ "
" တော်တော့! ငြိမ်ငြိမ်နေပြီးလိုက်ခဲ့ "
Byunအိမ်တော်ရဲ့ထမင်းစားဝိုင်းမှာ အတူထိုင်စားရတဲ့ အလုပ်သမားဟာ Oh Sehunပထမဆုံးပင်။
သခင်လေးByunရဲ့အမိန့်ကိုဘယ်သူမှမလွန်ဆန်ရဲသလို ၊ငယ်ငယ်တည်းကနှစ်ဖက်မိဘဘိုးဘွားတွေကပါ အလိုလိုက်အကြိုက်ဆောင်ပေးတော့ သခင်လေးByunဟာထင်ရာစိုင်းတတ်လာသည်။
" အိမ်တော်ထိန်းKim "
" ခင်ဗျာ "
" နောက်တစ်ခါ Sehunကိုအလုပ်တွေမခိုင်းနဲ့ သူ့ကိုခိုင်းနေတာတွေ့ရင် ခိုင်းတဲ့လူကိုချက်ချင်းအလုပ်ဖြုတ်ပစ်လိုက် ! "
" ဟုတ်ကဲ့ သခင်လေး "
" ပြီးတော့ မင်း! "
အန်တီထည့်ပေးတဲ့ ငါးကြော်ကိုစားနေရင်း သူ့ကိုလက်ညိုးထိုးလာပြန်သည်။
" ငါခိုင်းတာဘဲ လုပ်ရမယ် တစ်ခြားလူခိုင်းတာလျှောက်လုပ်မနေနဲ့!! "
" အော် ဒီကလေးနှယ် သားငယ်လေးထမင်းစားနေတယ်လေ နောက်မှပြော သားငယ်လေးစား "
သခင်မByunကSehunရောက်လာတည်းက Baekhyunကိုသား၊Sehunကိုတော့ သားငယ်ဆိုကာ အမြဲတမ်းခေါ်တတ်သည်။
Sehunကလည်းလိမ်မာသလို အတန်းထဲမှာလည်းအမြဲနံပါတ်1။
အလုပ်သမားတန်းလျားမှာမနေရဘဲ
သခင်လေးအခန်းဘေးကပ်ရပ်မှာနေရတဲ့
Byunအိမ်တော်ရဲ့ အခွင့်ထူးအခွင့်ခံ ။
" Sehun ငါ့အခန်းမှာလာအိပ် "
" ဟုတ်ကဲ့ "
ညဥ့်နက်လာချိန် ငြီးသံကြားလို့ Baekhyunထင်သည့်အတိုင်း Oh Sehunတစ်ယောက်ဖျားနေပြီ။စောင်ထဲတိုးဝင်နေတာကြောင့် သူဘဲအမြန်ထကာ ရေပတ်တင်ပေးရသည်။လူကနုယွလွန်းလို့ တစ်ခုခုအနာတရရရင် ဖျားတတ်လွန်းလို့ အိမ်ကလူတွေကိုမခိုင်းဖို့ပြောထားရင် ဒီကောင်လေးကစကားနားမထောင်။
Baekhyunရှေ့သာ တဟုတ်ဟုတ်နေပေမယ့် သူမရှိချိန်ကြရင်တော့ အိမ်မှာဟိုနေရာဝင်လုပ်ဒီနေရာဝင်လုပ်နဲ့။
" Sehunလာပြီလား ? "
" အေး "
ကားပေါ်ကအဆင်းအတန်းထဲကသူငယ်ချင်းကနှူတ်ဆက်နေပေမယ့် Sehunမှာဝတ်ကြေတန်းကြေနှူတ်ဆက်မိသည်။သူ့အနောက်မှာ သခင်လေးပါလာတာကို
" ညနေကျောင်းဆင်းရင် အိမ်ဘဲတန်းပြန် ဘာသံညာသံမကြားချင်ဘူးနော်!! "
" ဟုတ်ကဲ့ "
Sehun အသက် 18
Baekhyun အသက် 24
Light gp၏သူဌေးအသစ် နောင်တစ်ချိန်
ဥက္ကဠဖြစ်လာမည့် သခင်လေး Byun Baekhyunဟာ အလုပ်ဝင်ချိန်ကစလို့ ခုချိန်ထိ Companyကလူများ၏ယုံကြည်မှူကိုရထားစဲဖြစ်သည်။
Ring~~Ring
တစ်ခါခေါ်သည်မရ၊နှစ်ခါခေါ်သည်မရ ဖြစ်လာသည့်Phကြောင့် Baekhyunစိတ်မရှည်တော့ပါ။သူခေါ်ရင်ချက်ချင်းလာကိုင်ဖို့ ဘယ်မှမသွားဖို့ ဒီလောက်ပြောထားတာကို
" hello သခင်လေး "
" ဘာလုပ်နေတာလဲ ! "
phထဲကနေတောင်အေးစက်စက်အသံကြောင့် Sehunတံတွေးတောင်မမျိုချရဲပါ။phကအခန်းထဲမှာမို့ မကြားလိုက်မိ။
အခုတော့ သူအဟောက်ခံရတော့မည်။
" ဟို~~ အောက်မှာအန်တီနဲ့ မုန့်လုပ်စားနေကြလို့ အဲ့ဒါPhကအခန်းထဲကျန်ခဲ့လို့ပါ "
" အကြောင်းရင်းမှန်ကို ငါမသိစေနဲ့နော်
Oh Sehun !! "
" ဟုတ် ဟူတ်ကဲ့ "
Sehunတက္ကသိုလ်စတက်မယ်နေ့မတိုင်ခင် သခင်လေးခေါ်လို့ Companyရှေ့သွားစောင့်နေရသည်။အထဲကနေ စမတ်ကျကျထွက်လာသောသခင်လေးက ကားပေါ်တက်ထိုင်ခိုင်းပြီး ကုန်တိုက်မှာအဝတ်အစားတွေဝယ်ပေးသည်။
ဝယ်လာတာတွေအကုန်လုံးကလည်း Sehunအကြိုက်တွေကြီးဘဲ။သခင်လေးကစိတ်ရင်းကောင်းပါတယ်။မကြိုက်တာလုပ်ရင်သာ အပြစ်ပေးတာ အဟောက်လည်းခံရတာပေါ့။
" Sehunရော ? "
စာရင်းတွေပြန်စစ်ပြီး Sehunအခန်းထဲဝင်ကြည့်ပေမယ့် Sehunကမရှိ။အောက်ထပ်ဆင်းလာလို့ အိမ်တော်ထိန်းKimကိုမေးတော့ ခြံရှေ့ကိုသာလက်ညိုးထိုးပြလေသည်။
ခြံရှေ့ထွက်ကြည့်တော့ သကောင်သားလေးက မြေတွေဆွပြီး ဘာတွေလုပ်နေမှန်းကိုမသိ။
" ပျော်နေတာလား ဟက်လား? "
" အင်းပျော်တာပေါ့ ဟီးး... သခင်လေး "
ဘယ်လောက်တောင်ပျော်နေလဲဆို Baekhyunဘေးနားအချိန်အတော်ကြာရပ်နေတဲ့အထိသူမသိသေးဘူး။
မြေတွေဆွနေတာ လက်အိတ်ဝတ်ထားပြီး အဆင်ပြေနေပေမယ့် ဘောင်းဘီအတိူဝတ်ထားတာမို့ ခြေထောက်မှာပေတူးနေတာဘဲ။
" ခုချက်ချင်းငါ့နောက်လိုက်ခဲ့ !! "
" ခဏလေးဘဲလေ ဒါလေစိုက်ပြီးရင် "
Sehunတို့ကအထွန့်တက်လိုက်ရမှနေသာထိုင်သာရှိတာ သခင်လေးကဟောက်သာဟောက်တာ ဘာမှကြီးကြီးမားမားအပြစ်မပေးတော့ ငြိမ်ခံမနေ။
" Oh Sehun!! နေပါဦး မင်းအဲ့အပင်တွေစိုက်ပြီးလုပ်မလို့လဲ ? "
" အိမ်အတွက်ရတာပေါ့ သခင်လေးကလည်း ရောင်းလည်းရောင်းစားလည်းစားလို့ရတာကို ဒီမှာသခွားသီးပင်လည်းစိုက်ဖိူ့ဝယ်ထားပြီးပြီ
သခင်လေးကြိုက်တဲ့ စတော်ဘယ်ရီလည်းပါတယ် အပင်လေးကြီးလာ အသီးတွေသီး သခင်လေးလဲစား ကျွန်တော်လည်းစား ပြီးရင်ပြန်ရောင်းစား လူတွေအများကြီးလာဝယ် ပြောလိူ့မရဘူး ကျွန်တော်တို့ ခြံပိုင်ရှင်သူဌေးကြီးတွေဖြစ်ကြမှာ ဟီးးဟီး "
သေးသေးလေးကနေ အကြီးကြီးဖြစ်အောင်
စဥ်းစားပြီးပျော်ရွှင်နေတဲ့ ကောင်လေးဟာ
မဲမှောင်နေသော လူတစ်ယောက်၏မျက်နှာကိုမမြင်လေပါ။
" စကားတစ်ခွန်းပို နှစ်ခါမပြောချင်ဘူး
Oh Sehun ! "
" ဟုတ် ဟုတ်ကဲ့ "
သခင်လေးကစိတ်ဆိုးပြီးထွက်သွားတာမို့ တစ်ဖက်မှာအပင်တွေ ရှငိးနေတဲ့ဦးလေးက သူလုပ်ပေးထားမယ်ဆိုတာကြောင့် လက်အိတ်တွေချွတ် အနီးနားကပိုက်နဲ့ရေတွေဆေးပြီး အပေါ်ထပ်တက်လာလိုက်သည်။
အခန်းထဲမတွေ့တာမို့ အလုပ်ခန်းထဲဝင်ကြည့်တော့ စာရွက်စာတမ်းတွေစစ်နေတဲ့
သခင်လေးက သူ့ကိုမကြည့်ဘဲ
" ရေချိုးတော့ ! "
" ဟုတ် "
တက္ကသိုလ်နောက်ဆုံးနှစ် သူငယ်ချင်းတွေနဲ့
ကလပ်သွားဖို့ သခင်လေးကိုခွင့်တောင်းတော့
သခင်လေးကခွင့်မပြုပါ။
နေ့တိုင်းလိုလို ကျောင်းအကြိုအပို့လုပ်ပေးတာမို့ ထူးထူးခြားခြားခင်လာတဲ့ သူငယ်ချင်းတွေနဲ့ အတူလည်ချင်ပေမယ့် မလည်ခိုင်းတဲ့သခင်လေးကြောင့် Oh Sehunဟာအသာကိုကြက်ကောက်သလောက်သာစားပြီး အခန်းထဲမှောက်အိပ်နေတော့သည်။
" သားရေ  သားငယ်လေးက သူ့သူငယ်ချင်းတွေနဲ့ တစ်ခါတစ်လေစားသောက်တာကိုခွင့်ပြုပေးလိုက်ပါလား?....
သားကမသွားခိုင်းတော့
သားငယ်လေးကစိတ်မကောင်းဖြစ်သွားတယ်ထင်တယ် ထမင်းတောင်နည်းနည်းဘဲစားရှာတယ် "
ကျစ်* မာမီတို့ကအဲ့ဒါတွေခက်တာ ဟိုကောင်လေး ရောင့်တက်လာတာလည်းမာမီကြောင့်ဘဲ။
" အပေါ်တက်တော့မယ်ဗျာ "
Sehunတို့ကလပ်သွားဖို့နေ့မှာဘဲ သခင်လေးကCompanyမှာကိစ္စတစ်ခုပေါ်လာတာမိူ့ ညတွင်းချင်းထွက်သွားလေသည်။
မသွားခင် Sehunကိုလည်း သေချာမှာခဲ့သေးသည်။
" ငါမကြိုက်တာတွေ မလုပ်မိစေနဲ့နော် Oh Sehun ! "
ရှးရှားပါးပါးရလာတဲ့အခွင့်ရေးမို့ မာမီကလည်း Sehunအတွက် ဒါရ်ုက်ဘာတစ်ယောက်အတူထည့်ပေးကာ သွားခိုင်းသည်။
ကလပ်ကိုရော သခင်လေးမသိအောင် ခိုးလုပ်ရတဲ့ ဖီလင်ကဘာနဲ့မှမတူ။စိတ်ထဲနည်းနည်းကြောက်မိပေမယ့် မလုပ်ဖူးတာတွေ အသစ်အဆန်းတွေ လုပ်ရတာကြောင့် Sehunတစ်ယောက်တက်ကြွနေလေသည်။
နဂိုပိန်ပိန်ပါးပါး ခန္ဓာကိုယ်ပေါ်ကို shirtအဖြူဝတ်ကာ ဘောင်းဘဲဂျင်းအမဲဝတ်ကာ အပေါ်ကုတ်ကို လည်သာအမဲဝတ်ဆင်ထားသော
Sehunက လူတွေရဲ့အာရုံစိုက်ခြင်းကိုခံရလေသည်။
လွတ်လွတ်လပ်လပ်ပျော်ပါးနေတဲ့ Sehunကအချိန်ကိုလည်းမေ့လျော့နေသည်။
ရုတ်တရက်နားအဝှေ့မှာကြားလိုက်ရတဲ့စကားသံ​ကြောင့် ကနေရာမှ ရပ်ကာ လှည့်ကြည့်မိလေတော့
" စကားအရမ်းနားထောင်တာဘဲနော် "
" သ သခင်လေး!!! "
*******************************************
28  .  3  .  23
Bubble - Eri😘😘
ဒီနေ့ကEriမွေးနေ့ပါ
22th ပြည့်တာပါရှင့် 🥰
မွေးနေ့လက်ဆောင်အနေနဲ့ OTPတစ်ခုပြောင်းရေးထားပါတယ်။
ဖတ်ပေးတဲ့တစ်ယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်။
Continua llegint
You'll Also Like
1M 55.1K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
11.6K 1.1K 24
ကျွန်တော့်အတွက်တော့ ချစ်ခြင်းမေတ္တာမှာ Gender မလိုဘူး ကောဖြစ်နေဖို့ပဲလိုတယ်..!
5.3K 739 5
[ COMPLETED ] Hey Professor! You look like my new boyfriend! Oh Sehun 🗞 x Kim Jongin 🍊
410K 15K 51
" shawty if you a need a thang you can call on me " | Arianna just wants to escape this hell on earth she's living. When her daddy died and her mom g...