အမတ္ႀကီးရဲ႕အပယ္ခံသား (အမတ်ကြီ...

Bởi Neko_san_ZP

853K 120K 3.3K

Started date: 10.8.2021 End date: 1.3.2023 Own Creation Season-1 (The End) သူ့ချစ်သူက သူ့အပေါ် သစ္စာဖောက်ခဲ့တ... Xem Thêm

Chapter -1 (ျပန္လည္ေမြးဖြားလာသည့္ဒန္နာရီ)
Chapter -2(အစကေန ျပန္လည္စတင္ျခင္း)
Chapter-3
Chapter-4
Chapter-5 (Pink Rose meaning please believe me)
Chapter-5.0
Chapter-6.1
Chapter-6.2(အီဆိုနာနယ္ေျမ)
Chapter -7
Chapter -8.1
Chapter-8.2.
Chapter -9
Chapter -10
Chapter -11.1
Chapter-11.0
Chapter-11.2
Chapter-12
Chapter -13
Chapter-14
Chapter-15
Chapter -16
Chapter -17
Chapter -18
Chapter -19
Chapter -20
Chapter-21
Chapter -22
Chapter -23
Chapter -24
Chapter -25
Chapter -26
Chapter -27
Chapter-28
Chapter -29
Chapter -30
Chapter -31
Chapter -32
Chapter -33
Chapter -34
Chapter -35
Chapter-36
Chapter -37
Chapter -38
Chapter -39
Chapter -40
Chapter-42
Chapter -43
Chapter -44
Chapter-45
Chapter-46
Chapter-47
Chapter-48
Chapter -49
Chapter -50
Chapter-51
Chapter -52
Not update
Chapter -53
Chapter-54
Chapter-55
Chapter -56
Chapter -57
Chapter-58
Chapter-59
Chapter -60
Chapter -61
Chapter-62.1
Chapter-62.2
Chapter-63
Chapter -64
Chapter -65
Chapter -66
Chapter -67
Chapter -68
Chapter -69
chapter -70
Chapter -71
Chapter -72
Chapter-73
Chapter-74
Chapter -75
Chapter -76
Chapter-77
Chapter -78
Chapter-79
Chapter-80
Chapter -81
Chapter-82
Chapter-83
Chapter -84
Chapter - 85
Chapter-86
Chapter -87
Chapter -88
About paid
Chapter-89
Chapter -90
Chapter -91
Chapter -92
Chapter -93
Chapter -94
Chapter -95
Chapter -96
Chapter-97
Chapter -98
Hello
Chapter-99
Chapter-100
Chapter -101
Chapter-102
Chapter-103
Chapter-104
Chapter-105
Chapter-106
Chapter-107
Chapter-108
//Plz Read//
//not update//
Chapter-109
Chapter -110
Chapter-111
Chapter-112
Chapter-113
Chapter -114
Chapter-115
Chapter-116
Chapter-117
Chapter-118
Chapter-119
Chapter-120
Hello//
Chapter-121
Chapter -122
Chapter-123
Chapter-124
Chapter-125
Chapter -126
Chapter -127
Chapter-128
Chapter-129
Chapter-130
//spoils//
Chapter-131
Chapter-132.1
Chapter-132.2
about Season-2

Chapter -41

6K 982 5
Bởi Neko_san_ZP

Zawgyi

ေနာက္တစ္ေန႔မွာေတာ့ ယူႏိုရက္စ္အလံနဲ႔ အနက္ေရာင္အဆင္း႐ွိၿပီး ႀကီးမားတဲ့က်ားသစ္နက္ႀကီးေတြနဲ႔ဆြဲလာတဲ့ျမင္းလွည္းေတြဟာ ႐ိုစဲဆလပ္အိမ္ေတာ္ကို ေမာင္းႏွင္လာေတာ့သည္၊

႐ိုစဲဆလပ္ရဲ႕ပင္မအိမ္ေတာ္ႀကီးရဲ႕ေ႐ွ႕မွာ ခ်ာမက္လက္စ္နဲ႔အျခားသူမ်ားဟာလည္း ဝင္လာတဲ့လွည္းနက္ေတြကို ၾကည့္ေနလိုက္သည္၊ခ်ာမက္လက္စ္မ်က္ဝန္းထဲ မနာလိုသဝန္တိုမႈမ်ား ျဖတ္သန္းသြားေပမယ့္ လွည္းေပၚကေန လူတစ္ေယာက္ဆင္းလာခ်ိန္မွာ အမူအရာကေျပာင္းလဲသြားေတာ့သည္၊

"မက္စ္! ေနာက္ဆံုး​ေတာ့ မင္းေရာက္လာၿပီပဲ" ခ်ာမက္လက္စ္ဟာ ေ႐ွ႕ထြက္လာကာ ႀကိဳဆုိလာေတာ့သည္၊မက္စ္ကေတာ့ တစ္ခ်က္သာၾကည့္လိုက္ၿပီး ေဘးပတ္ဝန္းက်င္ကိုၾကည့္လိုက္တယ္၊ဒန္နာရီကို ကူညီေပးတဲ့အႀကီးဆံုးသားကိုေတာ့ မေတြ႔ေပ၊

"အန္ကယ္...အန္ဒီးတို႔ ထပ္ေတြ႔ျပန္ၿပီေနာ္" အန္ဒီးယားဟာ ခ်စ္စဖြယ္ျပံဳးလိုက္ၿပီး ခ်ာမက္လက္စ္ေဘးရပ္ကာ မက္စ္ကိုႏူတ္ဆက္လိုက္သည္၊အမတ္ႀကီးရဲ႕အေရးေပးခံရတဲ့သားမွန္း သိသာေအာင္ အန္ဒီးယားဟာ အျခားသားေတြထက္ သာေၾကာင္း အျမဲျပသေလ့႐ွိသည္၊

မက္စ္ဟာ အန္ဒီးယားကို ျပံဳးလိုက္ၿပီးေနာက္မွာ ေဘးကေနေက်ာ္ျဖတ္သြားေတာ့သည္၊ကလီနာဟာလည္း မက္စ္ကို သတ္ျဖတ္ခ်င္သည့္အၾကည့္ေတြနဲ႔ စိုက္ၾကည့္ေနေပမယ့္ သူမေဘးကေန ျဖတ္သြားခ်ိန္မွာ ခႏၶာကိုယ္ဟာ တုန္ယင္ေနေတာ့သည္၊

မက္စ္ဟာ လူေတြကိုၾကည့္ရင္း ႏူတ္ခမ္းမ်ားျပံဳးတက္သြားေတာ့သည္၊သူတို႔အေဖဆံုးၿပီေနာက္မွာ ခ်ာမက္လက္စ္ဟာ လူေတြကို လဲလွယ္လိုက္ပံုရသည္၊အကုန္လံုးဟာ မ်က္ႏွာစိမ္းျဖစ္ေနၿပီး သူရင္းႏွီးသည့္မ်က္ႏွာအမ်ားစုဟာလည္း ခ်ာမက္လက္စ္ဘက္ေတာ္သားေတြသာျဖစ္သည္၊

ခန္းမေဆာင္ထဲကို မက္စ္ဝင္လာခ်ိန္မွာ ေလွကားထိပ္မွာ ခ်ိတ္ဆြဲထားတဲ့ဓာတ္ပံုကားခ်ပ္ကာ အံႀကိတ္သြားေတာ့သည္၊ထိုေနာက္မွာ သူရဲ႕လက္ထဲကေန ဖ်က္ဆီးေရးစြမ္အင္မ်ားေပၚထြက္လာၿပီး ပန္းခ်ီးကားဆီပစ္လိုက္ေတာ့သည္၊

အနက္ေရာင္မီးေတာက္မ်ားဟာ ပန္းခ်ီကားကို တိုက္စားကာပ်က္စီးသြားေတာ့သည္၊အေနာက္ကလူေတြဟာလည္း အံ့အားသင့္ေနၿပီး ေၾကာက္ရြံေနေတာ့သည္၊

"မက္စ္!" ခ်ာမက္လက္စ္ဟာ ေဒါသတႀကီးေအာ္ဟစ္လိုက္ခ်ိန္မွာ မက္စ္ဟာ ျပံဳးၿပီးလွည့္လာေတာ့သည္၊ဒါေပမယ့္ မက္စ္ရဲ႕မ်က္လံုးေတြကေတာ့ သတ္ျဖတ္ခ်င္စိတ္မ်ားျဖင့္ ေတာက္ေလာင္ေနေတာ့သည္၊

"ဒီေနရာကို ငါလာခဲ့တာက ဘာေၾကာင့္လဲ မင္းသိတယ္မလား"

မက္စ္စကားေၾကာင့္ ခ်ာမက္လက္စ္ဟာ မ်က္ႏွာပ်က္သြားေတာ့သည္၊ဒါေပမယ့္ သူဟာဟန္ေဆာင္လိုက္ၿပီး မသိခ်င္ေယာင္ေဆာင္လိုက္သည္၊

"မင္း ဘာကိုဆုိလိုေနတာလဲ ငါနားမလည္ဘူး"

"ဒန္ယ်ဴးနဲ႔ပတ္သတ္တဲ့အရာ အားလံုး ငါ့ဆီ ျပန္အပ္" မက္စ္ဟာ ခ်ာမက္လက္စ္ကို ပြင့္လင္းစြာေျပာလာေတာ့သည္၊ကလီနာဟာ သူမရဲ႕လက္စြပ္ကို ဖံုးကြယ္လိုက္သည္၊ဒါေပမယ့္ မက္စ္ရဲ႕အၾကည့္မ်ားကိုေတာ့ သူမဟာ ေၾကာက္လန္႔ေနဆဲပင္၊

"ဒန္ယ်ဴးနဲ႔ပတ္သတ္တာေတြက မ႐ွိတာၾကာၿပီ"

"ခ်ာမက္လက္စ္...႐ိုစဲဆလပ္အိမ္ေတာ္မွာ စည္းမ်ဥ္းတစ္ခု႐ွိတာကို မင္းသိတယ္မလား..."မက္စ္ဟာ သူရဲ႕အျဖဴေရာက္လက္အိတ္ကို ပိုမိုတင္းၾကပ္စြာဝတ္လိုက္ၿပီး ဖ်က္ဆီးျခင္းေအာ္ရာကိုထုတ္ျပလိုက္သည္၊ဒါေပမယ့္ ထိုေအာ္ရာဟာ ခ်ာမက္စ္လက္ေပၚ၌သာ၊

ခ်ာမက္လက္စ္ဟာ နာက်င္စြာျဖင့္ေျမျပင္ေပၚ ဒူးေထာက္သြားေတာ့သည္၊ထိုေနာက္မွာ မက္စ္ကို အလန္႔တၾကားၾကည့္လိုက္ေတာ့သည္၊ေအာ္ရာစြမ္းအင္ဟာ ေၾကာက္ဖို႔ေကာင္းၿပီး ထိုစြမ္းအင္ႏိုးထလာတဲ့သူေတြဟာ ဘုရင္တစ္ပါးလိုပင္၊ဒါေၾကာင့္ အင္ပါယာေတာင္ ၿမိဳ႕စားမင္းရက္စ္ထရစ္အိမ္ေတာ္ကို ျပန္ၿပီးမတိုက္ခိုက္ရဲတာပဲ ၾကည့္ေလ၊

မက္စ္ဟာ ခ်ာမက္လက္စ္အား အထင္ေသးစြာ စိုက္ၾကည့္လိုက္သည္၊ျပန္လည္ေမြးဖြားလာၿပီးေနာက္မွာ သူရဲ႕ႏွလံုးသားဟာ နာၾကည္းမႈမ်ားျဖင့္ ျပည့္သိပ္ေနခဲ့ၿပီး ထိုခံစားခ်က္ကေန ဖ်က္ဆီးျခင္းစြမ္းအင္နဲ႔ေအာ္ရာ ႏိုးထလာျခင္းျဖစ္သည္၊အတိတ္ဘဝက သူနဲ႔စြမ္းရည္အနည္းငယ္ကာ ကြာျခားတဲ့ခ်ာမက္လက္စ္ကို ယခုခ်ိန္မွာေတာ့ ေအးေဆးအႏိုင္ယူႏိုင္သည္၊

"႐ိုစဲဆလပ္အိမ္ေတာ္ကို သိမ္းပိုက္ခ်င္စိတ္ေပၚေအာင္ ငါ့ကို ဖိအားမေပးနဲ႔ ခ်ာမက္လက္စ္"

ခ်ာမက္လက္စ္ကဟာ အသက္ကိုိခက္ခဲစြာ႐ွဴသြင္းလိုက္ၿပီးေနာက္မွာ "ေကာင္းၿပီ" လို႔ေျပာလာေတာ့သည္၊မက္စ္ရဲ႕ေၾကာက္စရာေကာင္းတဲ့စြမ္းအားေၾကာင့္ သူအေနနဲ႔ ျပန္လည္တိုက္ခိုက္ဖို႔ မသင့္ေသးေၾကာင္း ခ်ာမက္လက္စ္က နားလည္သည္၊

"တစ္ရက္ေတာ့ အခ်ိန္ေပးပါ..." ခ်ာမက္လက္စ္စကားေၾကာင့္ မက္စ္ဟာ ေခါင္းညိတ္လိုက္ၿပီးေနာက္မွာ ကလီနာဆီေလ်ွာက္သြားေတာ့သည္၊ ကလီနာဟာ ေၾကာက္ရြံ႔စြာ ေနာက္ဆုတ္သြားေပမယ့္ မက္စ္ဟာ သူမရဲ႕လက္ေကာက္ဝတ္ကို ဆုပ္ကိုင္လိုက္ၿပီး သူမဝတ္ထားတဲ့ ျမျပာေရာင္စိန္နဲ႔လုပ္ထားတဲ့လက္စြပ္ကို ခြၽတ္သြားေတာ့သည္၊

"နင္ ဘာလုပ္တာလဲ!"

"ခ်ာမက္လက္စ္...ငါက ငပိန္းမဟုတ္တာ မင္းသိပါတယ္...ဒန္ယ်ဴးနဲ႔ပတ္သတ္သမ်ွ ငါအားလံုးမွတ္မိတယ္" မက္စ္ဟာ လက္စြပ္ကို ခ်ာမက္လက္စ္အားျပလိုက္ၿပီးေနာက္မွာ သူ႔အိတ္ကပ္ထဲ ထည့္လိုက္သည္၊

"ၿပီးေတာ့ ဒန္ယ်ဴးေဘးနားက အေစခံအမ်ိဳးသမီးကို ငါ့ဆီေခၚခဲ့"

ကလီနာဟာ မက္စ္စကားေၾကာင့္ ခႏၶာကိုယ္ဟာတုန္တက္သြားေတာ့သည္၊ထိုအမ်ိဳးသမီးနဲ႔ပတ္သတ္ၿပီး သူမအဆင္သင့္မျဖစ္ေသးေပ၊အစီအရင္ေတြကလည္း စေတာင္မစေသးေပ၊

"သြားေခၚလိုက္" ခ်ာမက္လက္စ္ဟာ ေဘးကအေစခံတစ္ေယာက္ကို အမိန္႔ေပးလိုက္ေတာ့ ထိုအေစခံဟာ ကလီနာဘက္ကို ၾကည့္လာေတာ့သည္၊ကလီနာဟာ အံႀကိတ္လိုက္ၿပီးေနာက္မွာ သူမဟာ ဝမ္းနည္းခ်င္ေယာင္ေဆာင္လိုက္ၿပီး

"ထိုအေစခံမက ဒန္နာရီထြက္သြားတုန္းက ကြၽန္မဆီ ေရာက္လာၿပီး သူ႔သခင္မ ကုန္ဆံုးခဲ့တဲ့ရြာမွာပဲ အခ်ိန္ကုန္ခ်င္ေၾကာင္း ေျပာၿပီးထြက္သြားတာ ၾကာလွၿပီ" လို႔ေျပာလိုက္သည္၊ကလီနာစကားေၾကာင့္ ခ်ာမက္လက္စ္ဟာ မ်က္ႏွာပ်က္သြားေတာ့သည္၊

ေဘးနားမွာေတာ့ မက္စ္ဟာ က်ယ္ေလာင္စြာရယ္ေမာလာေတာ့သည္၊ထိုေနာက္မွာ ခ်ာမက္လက္စ္ကို ၾကည့္လိုက္ၿပီး အထင္ေသးစြာေျပာဆုိလာေတာ့သည္၊

"ဒန္ယ်ဴးက မင္းကို မေရြးခ်ယ္ရင္ေတာင္ မင္းေရြးခ်ယ္လိုက္တဲ့မိန္းမက... ဒီလိုမ်ိဳးျဖစ္ေနမယ္ မထင္ခဲ့ဘူး"

ခ်ာမက္လက္စ္ရဲ႕မ်က္ႏွာဟာ အ႐ွက္ရစြာနီရဲသြားေတာ့သည္၊သူဟာ ကလီနာကို ေဒါသထြက္စြာၾကည့္လိုက္ၿပီး ေအာ္ေငါက္လိုက္ေတာ့သည္၊

"အခုခ်က္ခ်င္း အေစခံမကို သြားေခၚခိုင္းလိုက္ ကလီနာ!"

ကလီနာဟာလည္း ေအာ္ေငါက္ခံလိုက္ရတာေၾကာင့္ မယံုၾကည္ႏိုင္ဖြယ္ျဖစ္သြားၿပီး သူမဟာ မ်က္ရည္တစမ္းစမ္းျဖစ္သြားေတာ့သည္၊သူမဟာ လိမ္လည္မိတာသိေပမယ့္ မက္စ္ရဲ႕စကားေတြဟာလည္း သူမကိုနာက်င္ေစသလို ထိုအေၾကာင္းအရာေၾကာင့္ ခ်ာမက္လက္စ္ဆီက ေအာ္ေငါက္ခံလိုက္ရခ်ိန္မွာ သူမစိတ္ထဲ မတရားသလိုခံစားလိုက္ရေတာ့သည္၊

"ဘာလို႔ ႐ွင္က ကြၽန္မကို မယံုၾကည္ရတာလဲ...အဲ့အေစခံမကို ကြၽန္မက ဘာလို႔ဖြက္ထားရမွာလဲ ခ်ာမက္လက္စ္" ကလီနာရဲ႕အသံဟာတုန္ယင္ေနကာ သူမကို ဝိုင္းအႏိုင္က်င့္ေနသလိုအျပဳအမူေဆာင္လာေတာ့သည္၊

"ဒယ္ဒီ! ေမေမမွာ အျပစ္မ႐ွိဘဲနဲ႔ မေအာ္ပါနဲ႔!!" အန္ဒီးယားဟာလည္း သူမရဲ႕အေမဂါဝန္ကို ဆုပ္ကိုင္လိုက္ၿပီး သူ႔အေဖကို ျပန္ေျပာလာေတာ့သည္၊

"မင္း လိမ္ရင္လည္း ပိပိရိရိလိမ္ေပါ့... ဒန္ယ်ဴးက အျခားအင္ပါယာကလာတဲ့ ေတာ္ဝင္ေမွာ္ဆရာပဲ သူက ဒီအင္ပါယာက ရြာသူမဟုတ္ဘူး" ခ်ာမက္လက္စ္ဟာ စိတ္ပ်က္စြာေျပာဆုိလာခ်ိန္မွာ ကလီနာဟာ ဆက္ပင္မဟန္ေဆာင္ႏိုင္ေတာ့ေပ၊သူမဟာ ေၾကာက္လန္႔တၾကား မက္စ္ကိုၾကည့္လိုက္သည္၊ဒါေပမယ့္ သူမ လိမ္မွျဖစ္လိမ့္မည္ ထိုအေစခံမေၾကာင့္ မက္စ္ဟာ သူမကို တိုက္ခိုက္လာရင္ ဘယ္လိုလုပ္မလဲ...၊

"သူမကိုယ္တိုင္ေျပာတာ ကြၽန္မက သူမစကားကို ျပန္ေျပာေပးရံုပဲ!"

" အဆံုးထိ လိမ္လည္ေနမွေတာ့ ငါ့ဘာသာပဲ ႐ွာရတာေပါ့..." မက္စ္ဟာ ေျပာလိုက္ၿပီးေနာက္မွာ ေလခြၽန္လိုက္ေတာ့သည္၊ႀကီးမားတဲ့သိမ္းငွက္ႀကီးဟာ အိမ္ေတာ္ေ႐ွ႕ဆင္းသက္လာၿပီး ေႁမြပါပံုသ႑ာန္ေျပာင္းလဲသြားကာ မက္စ္ရဲ႕လက္ေမာင္းေပၚတက္လာေတာ့သည္၊

"အသြင္းေျပာင္းလဲႏိုင္တဲ့သားရဲ!"

အသြင္ေျပာင္းလဲႏိုင္တဲ့သားရဲေတြဟာ ေမွာ္ေသြးပါဝင္ၾကၿပီး သူတို႔ဟာ နတ္ဆိုးသားရဲေတြလို မဟုတ္သလို၊ေမွာ္သားရဲေတြလည္းမဟုတ္ေပ၊ထိုထက္ အဆင့္ပိုျမႇင့္ကာ အလြန္႐ွားပါးလွသည္၊သခင္ရဲ႕စြမ္းရည္ေပၚမူတည္ၿပီး သူတို႔ကလည္း အင္အားႀကီးက်သည္၊

"ဘလက္စ္..."

"အသြင္ေျပာင္းလဲႏိုင္တဲ့သားရဲေတြရဲ႕ လုပ္ႏိုင္စြမ္းကို ျပသလိုက္စမ္း" မက္စ္စကားေၾကာင့္ ဘလက္စ္ဟာ ေႁမြပါပံုသ႑ာန္ကေန ေၾကာင္ပံုသ႑ာန္ေျပာင္းလဲသြားေတာ့သည္၊ဘလက္စ္ရဲ႕ေရႊေရာင္မ်က္ဝန္းေတြဟာ ကလီနာကိုစိုက္ၾကည့္ကာ စစ္ေဆးေနၿပီးေနာက္မွာ ငွက္ပံုသ႑ာန္ေျပာင္းလဲသြားကာ အိမ္ေတာ္အျပင္ဘက္ ထြက္သြားေတာ့သည္၊

ကလီနာရဲ႕မ်က္လံုးေတြဟာ အေၾကာက္တရားမ်ားေပၚထြက္ေနေပမယ့္ သူမဟာ အဆင္ေျပပါေစလို႔ဆုေတာင္းေနရံုသာ တတ္ႏိုင္ေတာ့သည္၊

'ဘာမွမျဖစ္ပါဘူး အေစခံမတစ္ေယာက္အတြက္ မက္စ္က ငါ့ကို ဘာလုပ္ႏိုင္မွာလဲ... ငါ့မွာ ဧကရီရဲ႕ေနာက္ခံလည္း႐ွိတယ္...'

ကလီနာဟာ သူမကိုယ္သူမေျဖသိမ့္ေနရင္း အားလံုးနဲ႔အတူ ငွက္ေနာက္ကို လိုက္သြားေတာ့သည္၊

-------------------
Chapter -42ေမ်ွာ္

Unicode

နောက်တစ်နေ့မှာတော့ ယူနိုရက်စ်အလံနဲ့ အနက်ရောင်အဆင်းရှိပြီး ကြီးမားတဲ့ကျားသစ်နက်ကြီးတွေနဲ့ဆွဲလာတဲ့မြင်းလှည်းတွေဟာ ရိုစဲဆလပ်အိမ်တော်ကို မောင်းနှင်လာတော့သည်၊

ရိုစဲဆလပ်ရဲ့ပင်မအိမ်တော်ကြီးရဲ့ရှေ့မှာ ချာမက်လက်စ်နဲ့အခြားသူများဟာလည်း ဝင်လာတဲ့လှည်းနက်တွေကို ကြည့်နေလိုက်သည်၊ချာမက်လက်စ်မျက်ဝန်းထဲ မနာလိုသဝန်တိုမှုများ ဖြတ်သန်းသွားပေမယ့် လှည်းပေါ်ကနေ လူတစ်ယောက်ဆင်းလာချိန်မှာ အမူအရာကပြောင်းလဲသွားတော့သည်၊

"မက်စ်! နောက်ဆုံး​တော့ မင်းရောက်လာပြီပဲ" ချာမက်လက်စ်ဟာ ရှေ့ထွက်လာကာ ကြိုဆိုလာတော့သည်၊မက်စ်ကတော့ တစ်ချက်သာကြည့်လိုက်ပြီး ဘေးပတ်ဝန်းကျင်ကိုကြည့်လိုက်တယ်၊ဒန်နာရီကို ကူညီပေးတဲ့အကြီးဆုံးသားကိုတော့ မတွေ့ပေ၊

"အန်ကယ်...အန်ဒီးတို့ ထပ်တွေ့ပြန်ပြီနော်" အန်ဒီးယားဟာ ချစ်စဖွယ်ပြုံးလိုက်ပြီး ချာမက်လက်စ်ဘေးရပ်ကာ မက်စ်ကိုနူတ်ဆက်လိုက်သည်၊အမတ်ကြီးရဲ့အရေးပေးခံရတဲ့သားမှန်း သိသာအောင် အန်ဒီးယားဟာ အခြားသားတွေထက် သာကြောင်း အမြဲပြသလေ့ရှိသည်၊

မက်စ်ဟာ အန်ဒီးယားကို ပြုံးလိုက်ပြီးနောက်မှာ ဘေးကနေကျော်ဖြတ်သွားတော့သည်၊ကလီနာဟာလည်း မက်စ်ကို သတ်ဖြတ်ချင်သည့်အကြည့်တွေနဲ့ စိုက်ကြည့်နေပေမယ့် သူမဘေးကနေ ဖြတ်သွားချိန်မှာ ခန္ဓာကိုယ်ဟာ တုန်ယင်နေတော့သည်၊

မက်စ်ဟာ လူတွေကိုကြည့်ရင်း နူတ်ခမ်းများပြုံးတက်သွားတော့သည်၊သူတို့အဖေဆုံးပြီနောက်မှာ ချာမက်လက်စ်ဟာ လူတွေကို လဲလှယ်လိုက်ပုံရသည်၊အကုန်လုံးဟာ မျက်နှာစိမ်းဖြစ်နေပြီး သူရင်းနှီးသည့်မျက်နှာအများစုဟာလည်း ချာမက်လက်စ်ဘက်တော်သားတွေသာဖြစ်သည်၊

ခန်းမဆောင်ထဲကို မက်စ်ဝင်လာချိန်မှာ လှေကားထိပ်မှာ ချိတ်ဆွဲထားတဲ့ဓာတ်ပုံကားချပ်ကာ အံကြိတ်သွားတော့သည်၊ထိုနောက်မှာ သူရဲ့လက်ထဲကနေ ဖျက်ဆီးရေးစွမ်အင်များပေါ်ထွက်လာပြီး ပန်းချီးကားဆီပစ်လိုက်တော့သည်၊

အနက်ရောင်မီးတောက်များဟာ ပန်းချီကားကို တိုက်စားကာပျက်စီးသွားတော့သည်၊အနောက်ကလူတွေဟာလည်း အံ့အားသင့်နေပြီး ကြောက်ရွံနေတော့သည်၊

"မက်စ်!" ချာမက်လက်စ်ဟာ ဒေါသတကြီးအော်ဟစ်လိုက်ချိန်မှာ မက်စ်ဟာ ပြုံးပြီးလှည့်လာတော့သည်၊ဒါပေမယ့် မက်စ်ရဲ့မျက်လုံးတွေကတော့ သတ်ဖြတ်ချင်စိတ်များဖြင့် တောက်လောင်နေတော့သည်၊

"ဒီနေရာကို ငါလာခဲ့တာက ဘာကြောင့်လဲ မင်းသိတယ်မလား"

မက်စ်စကားကြောင့် ချာမက်လက်စ်ဟာ မျက်နှာပျက်သွားတော့သည်၊ဒါပေမယ့် သူဟာဟန်ဆောင်လိုက်ပြီး မသိချင်ယောင်ဆောင်လိုက်သည်၊

"မင်း ဘာကိုဆိုလိုနေတာလဲ ငါနားမလည်ဘူး"

"ဒန်ယျူးနဲ့ပတ်သတ်တဲ့အရာ အားလုံး ငါ့ဆီ ပြန်အပ်" မက်စ်ဟာ ချာမက်လက်စ်ကို ပွင့်လင်းစွာပြောလာတော့သည်၊ကလီနာဟာ သူမရဲ့လက်စွပ်ကို ဖုံးကွယ်လိုက်သည်၊ဒါပေမယ့် မက်စ်ရဲ့အကြည့်များကိုတော့ သူမဟာ ကြောက်လန့်နေဆဲပင်၊

"ဒန်ယျူးနဲ့ပတ်သတ်တာတွေက မရှိတာကြာပြီ"

"ချာမက်လက်စ်...ရိုစဲဆလပ်အိမ်တော်မှာ စည်းမျဉ်းတစ်ခုရှိတာကို မင်းသိတယ်မလား..."မက်စ်ဟာ သူရဲ့အဖြူရောက်လက်အိတ်ကို ပိုမိုတင်းကြပ်စွာဝတ်လိုက်ပြီး ဖျက်ဆီးခြင်းအော်ရာကိုထုတ်ပြလိုက်သည်၊ဒါပေမယ့် ထိုအော်ရာဟာ ချာမက်စ်လက်ပေါ်၌သာ၊

ချာမက်လက်စ်ဟာ နာကျင်စွာဖြင့်မြေပြင်ပေါ် ဒူးထောက်သွားတော့သည်၊ထိုနောက်မှာ မက်စ်ကို အလန့်တကြားကြည့်လိုက်တော့သည်၊အော်ရာစွမ်းအင်ဟာ ကြောက်ဖို့ကောင်းပြီး ထိုစွမ်းအင်နိုးထလာတဲ့သူတွေဟာ ဘုရင်တစ်ပါးလိုပင်၊ဒါကြောင့် အင်ပါယာတောင် မြို့စားမင်းရက်စ်ထရစ်အိမ်တော်ကို ပြန်ပြီးမတိုက်ခိုက်ရဲတာပဲ ကြည့်လေ၊

မက်စ်ဟာ ချာမက်လက်စ်အား အထင်သေးစွာ စိုက်ကြည့်လိုက်သည်၊ပြန်လည်မွေးဖွားလာပြီးနောက်မှာ သူရဲ့နှလုံးသားဟာ နာကြည်းမှုများဖြင့် ပြည့်သိပ်နေခဲ့ပြီး ထိုခံစားချက်ကနေ ဖျက်ဆီးခြင်းစွမ်းအင်နဲ့အော်ရာ နိုးထလာခြင်းဖြစ်သည်၊အတိတ်ဘဝက သူနဲ့စွမ်းရည်အနည်းငယ်ကာ ကွာခြားတဲ့ချာမက်လက်စ်ကို ယခုချိန်မှာတော့ အေးဆေးအနိုင်ယူနိုင်သည်၊

"ရိုစဲဆလပ်အိမ်တော်ကို သိမ်းပိုက်ချင်စိတ်ပေါ်အောင် ငါ့ကို ဖိအားမပေးနဲ့ ချာမက်လက်စ်"

ချာမက်လက်စ်ကဟာ အသက်ကိိုခက်ခဲစွာရှူသွင်းလိုက်ပြီးနောက်မှာ "ကောင်းပြီ" လို့ပြောလာတော့သည်၊မက်စ်ရဲ့ကြောက်စရာကောင်းတဲ့စွမ်းအားကြောင့် သူအနေနဲ့ ပြန်လည်တိုက်ခိုက်ဖို့ မသင့်သေးကြောင်း ချာမက်လက်စ်က နားလည်သည်၊

"တစ်ရက်တော့ အချိန်ပေးပါ..." ချာမက်လက်စ်စကားကြောင့် မက်စ်ဟာ ခေါင်းညိတ်လိုက်ပြီးနောက်မှာ ကလီနာဆီလျှောက်သွားတော့သည်၊ ကလီနာဟာ ကြောက်ရွံ့စွာ နောက်ဆုတ်သွားပေမယ့် မက်စ်ဟာ သူမရဲ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး သူမဝတ်ထားတဲ့ မြပြာရောင်စိန်နဲ့လုပ်ထားတဲ့လက်စွပ်ကို ချွတ်သွားတော့သည်၊

"နင် ဘာလုပ်တာလဲ!"

"ချာမက်လက်စ်...ငါက ငပိန်းမဟုတ်တာ မင်းသိပါတယ်...ဒန်ယျူးနဲ့ပတ်သတ်သမျှ ငါအားလုံးမှတ်မိတယ်" မက်စ်ဟာ လက်စွပ်ကို ချာမက်လက်စ်အားပြလိုက်ပြီးနောက်မှာ သူ့အိတ်ကပ်ထဲ ထည့်လိုက်သည်၊

"ပြီးတော့ ဒန်ယျူးဘေးနားက အစေခံအမျိုးသမီးကို ငါ့ဆီခေါ်ခဲ့"

ကလီနာဟာ မက်စ်စကားကြောင့် ခန္ဓာကိုယ်ဟာတုန်တက်သွားတော့သည်၊ထိုအမျိုးသမီးနဲ့ပတ်သတ်ပြီး သူမအဆင်သင့်မဖြစ်သေးပေ၊အစီအရင်တွေကလည်း စတောင်မစသေးပေ၊

"သွားခေါ်လိုက်" ချာမက်လက်စ်ဟာ ဘေးကအစေခံတစ်ယောက်ကို အမိန့်ပေးလိုက်တော့ ထိုအစေခံဟာ ကလီနာဘက်ကို ကြည့်လာတော့သည်၊ကလီနာဟာ အံကြိတ်လိုက်ပြီးနောက်မှာ သူမဟာ ဝမ်းနည်းချင်ယောင်ဆောင်လိုက်ပြီး

"ထိုအစေခံမက ဒန်နာရီထွက်သွားတုန်းက ကျွန်မဆီ ရောက်လာပြီး သူ့သခင်မ ကုန်ဆုံးခဲ့တဲ့ရွာမှာပဲ အချိန်ကုန်ချင်ကြောင်း ပြောပြီးထွက်သွားတာ ကြာလှပြီ" လို့ပြောလိုက်သည်၊ကလီနာစကားကြောင့် ချာမက်လက်စ်ဟာ မျက်နှာပျက်သွားတော့သည်၊

ဘေးနားမှာတော့ မက်စ်ဟာ ကျယ်လောင်စွာရယ်မောလာတော့သည်၊ထိုနောက်မှာ ချာမက်လက်စ်ကို ကြည့်လိုက်ပြီး အထင်သေးစွာပြောဆိုလာတော့သည်၊

"ဒန်ယျူးက မင်းကို မရွေးချယ်ရင်တောင် မင်းရွေးချယ်လိုက်တဲ့မိန်းမက... ဒီလိုမျိုးဖြစ်နေမယ် မထင်ခဲ့ဘူး"

ချာမက်လက်စ်ရဲ့မျက်နှာဟာ အရှက်ရစွာနီရဲသွားတော့သည်၊သူဟာ ကလီနာကို ဒေါသထွက်စွာကြည့်လိုက်ပြီး အော်ငေါက်လိုက်တော့သည်၊

"အခုချက်ချင်း အစေခံမကို သွားခေါ်ခိုင်းလိုက် ကလီနာ!"

ကလီနာဟာလည်း အော်ငေါက်ခံလိုက်ရတာကြောင့် မယုံကြည်နိုင်ဖွယ်ဖြစ်သွားပြီး သူမဟာ မျက်ရည်တစမ်းစမ်းဖြစ်သွားတော့သည်၊သူမဟာ လိမ်လည်မိတာသိပေမယ့် မက်စ်ရဲ့စကားတွေဟာလည်း သူမကိုနာကျင်စေသလို ထိုအကြောင်းအရာကြောင့် ချာမက်လက်စ်ဆီက အော်ငေါက်ခံလိုက်ရချိန်မှာ သူမစိတ်ထဲ မတရားသလိုခံစားလိုက်ရတော့သည်၊

"ဘာလို့ ရှင်က ကျွန်မကို မယုံကြည်ရတာလဲ...အဲ့အစေခံမကို ကျွန်မက ဘာလို့ဖွက်ထားရမှာလဲ ချာမက်လက်စ်" ကလီနာရဲ့အသံဟာတုန်ယင်နေကာ သူမကို ဝိုင်းအနိုင်ကျင့်နေသလိုအပြုအမူဆောင်လာတော့သည်၊

"ဒယ်ဒီ! မေမေမှာ အပြစ်မရှိဘဲနဲ့ မအော်ပါနဲ့!!" အန်ဒီးယားဟာလည်း သူမရဲ့အမေဂါဝန်ကို ဆုပ်ကိုင်လိုက်ပြီး သူ့အဖေကို ပြန်ပြောလာတော့သည်၊

"မင်း လိမ်ရင်လည်း ပိပိရိရိလိမ်ပေါ့... ဒန်ယျူးက အခြားအင်ပါယာကလာတဲ့ တော်ဝင်မှော်ဆရာပဲ သူက ဒီအင်ပါယာက ရွာသူမဟုတ်ဘူး" ချာမက်လက်စ်ဟာ စိတ်ပျက်စွာပြောဆိုလာချိန်မှာ ကလီနာဟာ ဆက်ပင်မဟန်ဆောင်နိုင်တော့ပေ၊သူမဟာ ကြောက်လန့်တကြား မက်စ်ကိုကြည့်လိုက်သည်၊ဒါပေမယ့် သူမ လိမ်မှဖြစ်လိမ့်မည် ထိုအစေခံမကြောင့် မက်စ်ဟာ သူမကို တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ...၊

"သူမကိုယ်တိုင်ပြောတာ ကျွန်မက သူမစကားကို ပြန်ပြောပေးရုံပဲ!"

" အဆုံးထိ လိမ်လည်နေမှတော့ ငါ့ဘာသာပဲ ရှာရတာပေါ့..." မက်စ်ဟာ ပြောလိုက်ပြီးနောက်မှာ လေချွန်လိုက်တော့သည်၊ကြီးမားတဲ့သိမ်းငှက်ကြီးဟာ အိမ်တော်ရှေ့ဆင်းသက်လာပြီး မြွေပါပုံသဏ္႑ာန်ပြောင်းလဲသွားကာ မက်စ်ရဲ့လက်မောင်းပေါ်တက်လာတော့သည်၊

"အသွင်းပြောင်းလဲနိုင်တဲ့သားရဲ!"

အသွင်ပြောင်းလဲနိုင်တဲ့သားရဲတွေဟာ မှော်သွေးပါဝင်ကြပြီး သူတို့ဟာ နတ်ဆိုးသားရဲတွေလို မဟုတ်သလို၊မှော်သားရဲတွေလည်းမဟုတ်ပေ၊ထိုထက် အဆင့်ပိုမြှင့်ကာ အလွန်ရှားပါးလှသည်၊သခင်ရဲ့စွမ်းရည်ပေါ်မူတည်ပြီး သူတို့ကလည်း အင်အားကြီးကျသည်၊

"ဘလက်စ်..."

"အသွင်ပြောင်းလဲနိုင်တဲ့သားရဲတွေရဲ့ လုပ်နိုင်စွမ်းကို ပြသလိုက်စမ်း" မက်စ်စကားကြောင့် ဘလက်စ်ဟာ မြွေပါပုံသဏ္႑ာန်ကနေ ကြောင်ပုံသဏ္႑ာန်ပြောင်းလဲသွားတော့သည်၊ဘလက်စ်ရဲ့ရွှေရောင်မျက်ဝန်းတွေဟာ ကလီနာကိုစိုက်ကြည့်ကာ စစ်ဆေးနေပြီးနောက်မှာ ငှက်ပုံသဏ္႑ာန်ပြောင်းလဲသွားကာ အိမ်တော်အပြင်ဘက် ထွက်သွားတော့သည်၊

ကလီနာရဲ့မျက်လုံးတွေဟာ အကြောက်တရားများပေါ်ထွက်နေပေမယ့် သူမဟာ အဆင်ပြေပါစေလို့ဆုတောင်းနေရုံသာ တတ်နိုင်တော့သည်၊

'ဘာမှမဖြစ်ပါဘူး အစေခံမတစ်ယောက်အတွက် မက်စ်က ငါ့ကို ဘာလုပ်နိုင်မှာလဲ... ငါ့မှာ ဧကရီရဲ့နောက်ခံလည်းရှိတယ်...'

ကလီနာဟာ သူမကိုယ်သူမဖြေသိမ့်နေရင်း အားလုံးနဲ့အတူ ငှက်နောက်ကို လိုက်သွားတော့သည်၊

-------------------
Chapter -42မျှော်

Đọc tiếp

Bạn Cũng Sẽ Thích

277K 19.7K 27
အန်တီနဲ့သမီးဇာတ်လမ်းလေးပါရှင်။ Start Date^^ 26:2:2022 End Date^^
145K 12.8K 21
Stalker !!!! WHO ??? hunnie ??? or... xiaoLu ??? HunHan|| SeLu Boy×Boy
752K 32.8K 86
ဉီးရွေးချယ်မှုသေချာပြီးဟုတ်။ဉီးရွေးချယ်မှုသေချာပြီးဆိုရင်လုံးဝနောင်တမရနဲ့နော်။ကျွန်တော်တို့ဒီနေ့ကစပြီးဘယ်တော့မှမသိခဲ့သလိုဘဲနေကြမယ်။ထွဋ်ဝဏ္ဏဉီးနဲ့နှော...
1.4M 240K 110
Title - The demon king always thinks I'm secretly in love with him Author - 东方黄瓜 Total Chapters - 104 Genre - Fantasy Eng Translators - Rosana Myanma...