မောင့်ရဲ့မဟေသီ

By Louvis-74

129K 5.2K 70

ကျွန်တော့်အချစ်တွေအကုန် 'မ' တစ်ယောက်တည်းကိုပဲပေးချင်မိတယ် ခွန... More

Part 1
Part 2
Part 3
Part 4
Part 5
Part 6
Part 7
Part 8
Part 9
Part 10
Part 12
Part 13
Part 14
Part 15 🌚
Part 16
Part 17
Part 18
Part 19
Part 20
End

Part 11

4.6K 208 1
By Louvis-74

ခွန်တစ်ယောက်..စေ့စပ်ပြီးတဲ့နေ့ကတည်းက ကုမ္ပဏီအလုပ်တွေကြိုးစားပြီးနေ့မနား..ညမနားလုပ်ခဲ့တာ...တစ်လကျော်သွားပြီ Khun Groupရဲ့လုပ်ငန်းတွေက ဆောက်လုပ်ရေးနှင့်ကျောက်မျက်ရတနာတူးဖော်ရေးလုပ်ငန်းတွေကို အဓိကလုပ်ကိုင်တဲ့ကုမ္ပဏီဖြစ့်တယ်..Khun Groupလက်အောက်ကဆေးရုံတွေလည်းရှိတယ်

"အစ်မရေ...ဒီနေ့အတွက်..ဘယ်ဆောက်လုပ်ရေးဆိုဒ်ကို သွားရမှာလဲ..ကျွန်တော့်ကိုတချက်လောက်ပြောပေးပါအုံး"

"သန်လျင်ဘက်ကဆောက်လုပ်ရေးဆိုဒ်ကိုသွားရမှာ MD"

"ဟုတ်ကဲ့..အဲဒါဆိုကျွန်တော်..အပြင်သွားရင်းနဲ့တခါတည်းသွားလိုက်မယ်"

"ကျွန်တော်ပန်းစည်းနဲ့Postcardပို့ခိုင်းထားတဲ့deliveryရော..သွားပို့ပြီလား"

"သွားတာတော့ကြာပြီ..အခုလောက်ဆိုရောက်လောက်ပြီ"

"ဟုတ်ကဲ့ပါ..အစ်မ"

"ပန်းစည်းက..MDဇနီးလောင်းစိတ်ကောက်နေလို့..ချော့တာလား"

"ဟုတ်တယ်ဗျ...သူ့ကိုပစ်ထားတာ..တစ်လလောက်ရှိပြီ"

"MDကလည်းအဲ့လိုပစ်မထားနဲ့လေ...တော်ကြာ ပစ်ထားပါများရင်MDအပေါ်စိတ်ကုန်သွားလိမ့်မယ်"

"ဟုတ်. အစ်မ"  အတွင်းရေးမှူးအစ်မပြောတာမှန်တယ်.. ငါပစ်ထားတာလည်းတော်တော်များနေပြီ.. မ က ငါ့ကိုချစ်လို့သာ..ခွင့်လွှတ်ပေးနေတာ

..........................

စုလဲ့တစ်​ယောက်ဆေးရုံမှာ လူနာroundပြီးနောက်..သူနာပြုဆရာမလေးက

"ဒေါက်တာ..Khun Groupက MDလွှတ်လိုက်လို့ဆိုပြီး ကောင်မလေးတစ်ယောက်စောင့်နေတယ်"

"ဟုတ်လား..အစ်မအခုသွားလိုက်မယ်" မောင်လွှတ်လိုက်တာဆိုတော့..ကိုယ်လည်းအမြန်သွားလိုက်တယ်

"ဖြေးဖြေးသွားပါ ဒေါက်တာရယ် ဘာလဲ ဒေါက်တာခင်ပွန်းလောင်းလွှတ်လိုက်တာလား"

"ဟုတ်တယ်😁😁"လို့ရယ်ပြီးပြောလိုက်တော့..ဆရာမလေးကကိုယ့်ကိုကြည့်ပြီးသဘောတွေကျနေတယ်

ကိုယ့်အခန်းရှေ့ရောက်တော့

"ဒေါက်တာ့ကို.. Khun Group MDက ပန်းစည်းလာပို့ခိုင်းလို့ပါ"

"ဟုတ်..ပေးခဲ့ပါ"
မောင် ပို့လိုက်တဲ့ပန်းစည်းကိုယူပြီး အခန်းထဲရောက်လို့ကြည့်လိုက်တော့ Postcardလေးတစ်ခု..အထဲက စာကိုဖတ်လိုက်တော့

"မောင့်ရဲ့မဟေသီလေးရေ...မောင့်ဘက်က ပစ်ထားသလိုဖြစ်နေလို့ တောင်းပန်ပါတယ် နောက်တစ်ခါပစ်မထားတော့ပါဘူး...ချစ်တယ်...Mwah💋💋"

Postcardလေးကိုပြန်ခေါက်လိုက်ပြီး..မောင့်ဆီဖုန်းခေါ်လိုက်တယ်

"Hello မ"

"လူကိုပစ်ထားတုန်းက ပစ်ထားပြီး..အခုကျမှ ပန်းစည်းတစ်စည်းနဲ့လာချော့တယ် ပန်းစည်းတစ်စည်းနဲ့မကျေနပ်နိုင်ဘူး ဟွန့်"

"ပန်းစည်းလေးနဲ့ပဲကျေနပ်လိုက်ပါ...မ အတွက် မောင် အထူးလက်ဆောင်ပြင်ဆင်ထားတယ် အဲဒါကြောင့်..အခုအလုပ်တွေကြိုးစားနေရတာပါ"

"ဟွန့်နော်...အထူးလက်ဆောင်မဟုတ်လို့ကတော့..ရှင့်ဗိုက်ခေါက်ကိုလိမ်ဆွဲပြမယ်"

"အထူးလက်ဆောင်ပါဗျ..အခုတော့..ဒါပဲနော်..မောင်..သန်လျင်ဘက်ကဆောက်လုပ်ရေးဆိုဒ်ထဲသွားနေလို့..ကားမောင်းနေတာ"

"အင်းပါ..ကားကိုဂရုစိုက်မောင်းအုံး..ချစ်တယ်..မောင်"

"မောင်ကလည်း..မောင့်မဟေသီလေးကိုချစ်ပါတယ်ဗျ"
မောင်နဲ့ဖုန်းပြောပြီးအပြင်ပြန်ထွက်လာတော့..Wardထဲက ဝန်ထမ်းတွေက

"ငါတို့အစ်မများနော်...ပန်းစည်းပို့ခိုင်းတဲ့လူတွေ..ဘာတွေနဲ့..အားကျလိုက်တာ"ဆိုပြီး.နောက်နေကြတယ်

"အားကျရင်လည်း..အားသွင်းလိုက်ကျပေါ့"

လက်ထောက်ဆရာဝန်လေးတစ်ယောက်က "ငယ်က အချစ်နှစ်တစ်ရာတဲ့..အစ်မတို့က ငယ်ကအချစ်ဆို"

"အင်း..ငယ်ငယ်ကတည်းကချစ်ခဲ့တာဆိုပါတော့... ၂၀ရက်နေ့ကျရင် အစ်မရဲ့မင်္ဂလာဆွမ်းကျွေး..လာခဲ့ကြနော်..နောက်နေ့မှဖိတ်စာယူလာဖိတ်မယ် လက်ဖွဲ့လက်မခံဘူးနော် မင်္ဂလာဦးအလှူလုပ်တာ"

"ဟုတ်ကဲ့..လာခဲ့မယ်အစ်မ"

"အဲ့နေ့ကျ Wardထဲမှာ dutyရှိတဲ့သူတွေကိုလည်း..deliveryနဲ့စားစရာလာပို့ခိုင်းလိုက်မယ်"

"ဟေး..ငါတို့အစ်မ ချစ်တဲ့သူနဲ့တစ်သက်လုံးပျော်ရွှင်စွာလက်တွဲနိုင်ပါစေ"

"ပေးတဲ့ဆုနဲ့ပြည့်ပါစေရှင့်...ကဲ..ကိုယ်လုပ်စရာရှိတာသွားလုပ်ကြတော့..Professorလာတော့မယ်"
.....................

သန်လျင်ဆောက်လုပ်ရေးဆိုဒ်ကနေ..ကုမ္ပဏီကိုပြန်ရောက်တော့...ခေါင်းမူးနေ၍ ရုံးခန်းကိုအမြန်ရောက်အောင်...ဓာတ်လှေကားကတက်တော့...ရုတ်တရက်မီးပျက်သွားကာ..ဓာတ်လှေကားထဲမှာ..ပိတ်မိနေပြီးအသက်ရှူကြပ်လာပြီး...မီးပြန်လာလို့အပြင်ပြန်ထွက်တော့..အပြင်ရောက်ရောက်ချင်း

"ဟာ..ဟိုမှာ MDဓာတ်လှေကားထဲကထွက်လာပြီး...မေ့လဲသွားပြီ..လုပ်ကြပါအုံး"

"ငါMDကို..ကုန်းပိုးပြီးသူ့ရုံးခန်းထဲခေါ်လာမယ်..ဥက္ကဌကြီးကိုလှမ်းအ​ကြောင်းကြားလိုက်"

"MD အမေရဲ့ဆေးရုံကိုပဲသွားလိုက်..မြန်မြန်..MDကသတိရမေ့နေသေးတာ"
ဝန်ထမ်းတွေပြာပြာသလဲဖြစ်ပြီးဆေးရုံကိုရောက်တော့

"အရေးပေါ်လူနာပါတယ်...ဆေးရုံအုပ်ရဲ့သား"ဆိုတော့ဆရာဝန်တွေ..သူနာပြုတွေအမြန်ရောက်လာကြပြီး..စမ်းသပ်စစ်ဆေးနေကြတယ်..ဆေးရုံထဲမှာလည်းတစ်ယောက်တစ်ပေါက်နဲ့ဆေးရုံအုပ်ရဲ့သားဆိုပြီး..ပြောနေကြတော့ စုလဲ့ရဲ့သူငယ်ချင်းDrဆောင်းသံဇဥ်တစ်ယောက်...အဲ့ဒါဆိုခွန်ဖြစ်မယ်..ငါသွားကြည့်အုံးမှ

"ဟင်..ခွန်..စုလဲ့မသိသေးဘူးထင်တယ်..ငါလှမ်းပြောအုံးမှ" စုလဲ့ဆီဖုန်းခေါ်လိုက်တော့

"Helloဆောင်း"

"ဆောင်းလုပ်မနေနဲ့..ငါဆေးရုံမှာပြင်ပလူနာဌာနမှာထိုင်နေတုန်း..VIPလူနာအရေးပေါ်ဌာနမှာရောက်တယ်တဲ့..ဆေးရုံအုပ်ရဲ့သားဆိုလို့ခွန်များလားလို့သွားကြည့်တာ..ဟုတ်တယ်..ခွန် အခုထိသတိမရသေးဘူး"

"ဟင်..ဟုတ်လား ငါအခုလာခဲ့မယ်"
မောင်ရယ်..ဘယ်လိုဖြစ်ရတာလဲ..မ နဲ့ဖုန်းပြောတုန်းက အကောင်းပါ...မောင် ဘာမှမဖြစ်ပါစေနဲ့

စုလဲ့ဆေးရုံရောက်တော့..မောင့်ရဲ့မာမားက

"သမီး.လာ.သမီးအခုဘယ်လိုသိပြီးလာတာလဲ"

"သမီးသူငယ်ချင်းဖုန်းဆက်လို့ပါ ခွန်ကဘာဖြစ်တာလဲအန်တီ"

"လူကအားနည်းနေတော့..နှလုံးလည်းအားနည်းပြီး ဓာတ်လှေကားထဲမှာမီးပျက်လို့ပိတ်မိသွားတော့..အသက်ရှူကြပ်သွားတာနေမှာပေါ့..အပြင်ပြန်ထွက်လာတော့ မေ့လဲသွားတာပဲတဲ့"

"အခုထိလည်းသတိမသေးဘူး ဓာတ်လှေကားထဲမှာ သူတော်တော်ကြောက်နေမှာပဲနော်" မောင်ရေ မြန်မြန်သတိရပါတော့

"အန်တီပြန်နားလိုက်လေ..မောင့်ကို..ဒီညသမီးစောင့်ပေးမယ် သူသတိရလာရင်အန်တီ့ကိုဖုန်းဆက်လိုက်မယ်"

"သမီးပြန်လိုက်ပါ..အန်တီပဲစောင့်လိုက်ပါ့မယ် သမီးအိမ်ကစိတ်ပူနေအုံးမယ်"

"ရပါတယ်အန်တီ..သမီးပဲစောင့်လိုက်ပါ့မယ် မောင်နဲ့မကြာခင်ပဲလက်ထပ်ရတော့မှာ..အေးအတူပူအမျှပေါ့"

"ကောင်းပါပြီ..အဲဒါဆို..အန်တီအခုညဒီဘက်မှာ..တာဝန်ကျတဲ့ဝန်ထမ်းတွေကိုသေချာမှာလိုက်အုံးမယ်"

"ဟုတ်ကဲ့..အန်တီ"
အန်တီပြန်ထွက်သွားတော့..Nurse Aidလေးတစ်ယောက်ရောက်လာပြီး.."ဆေးရုံအုပ်က..အစ်မအတွက်ညစာပို့ပေးထါးခိုင်းလိုက်လို့ပါ..လိုအပ်တာရှိရင်ညီမတို့ကိုပြောပါအစ်မ"

"ဟုတ်..ရပါတယ်..ကျေးဇူးတင်ပါတယ်"

"အစ်မက ဒီဆေးရုံပြင်ပလူနာဌာနမှာ..အချိန်ပိုင်းထိုင်တဲ့..ဦးနှောက်နဲ့အာရုံကြောဆရာဝန်မဟုတ်လား"

"ဟုတ်တယ်..ညီမလေး"

"လိုအပ်တာရှိရင်..ညီမတို့ကိုလာပြောပါ..အစ်မအိပ်ချင်ရင်လည်း..ညီမတို့ကိုလာပြော..ညီမတို့ဆက်စောင့်ပေးပါ့မယ်"

"ကျေးဇူးပါ..ညီမလေး"

"ဟုတ်အစ်မ..ညစာ စားလိုက်ပါအုံး ညီမသွားတော့မယ်" Nurse Aidလေးလာပေးတဲ့ Dinner Boxကိုစားပြီးတော့....မောင့်လက်ကိုကိုင်ထားပြီး

"မောင်ရယ်..မြန်မြန်သတိရလာပါတော့..ချစ်တယ်"

........................................................................
နောက်တစ်ပိုင်းကျ Roပေးပါ့မယ်

Continue Reading

You'll Also Like

30.5K 2.6K 51
Twice 5th sad story fanfic
764K 64.2K 34
"Excuse me!! How dare you to talk to me like this?? Do you know who I am?" He roared at Vanika in loud voice pointing his index finger towards her. "...
50.4K 2.2K 31
အညာသူလေးတွေဟာ လှလည်းလှသလို မာယာလည်းများပါတယ်နော်။အညာသူလေးတွေကို ချစ်မိရင်တော့ မျက်ရည်ခိုင်မှ ရမယ်နော်။
4K 90 9
Это мой четвёртый фф, так что уже есть опыт в написании. Я постараюсь сделать что-то классное и приятное (ага конечно) для чтения. Возможно обложку и...