Sunbae [JaemRen]

Neo-Zen

9K 938 115

Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available* Еще

Episode 1
Episode 2
Episode 3
Episode 4
Episode 5
Episode 6
Episode 7
Episode 8
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 17
Episode 18
Episode 19
Final
ကျေးဇူးတင်လွှာ

Episode 16

188 22 5
Neo-Zen

Unicode

'Jaem' ကားလမ်းတစ်ဖက်မှာ ရပ်စောင့်နေတဲ့ သူ့ကို လှမ်းအော်ခေါ်ပြီးလက်လှမ်းပြနေတဲ့ Renjun ကို Jaemin ပြုံးရင်းကြည့်မိသည်။ သူ့ကို လက်လှမ်းပြပြီးတော့တစ်ခါ ဘေးနားက Haechan နဲ့ စကားပြောနေပြန်သည်။

Haechan နဲ့ Renjun နှစ်ယောက်သား မီးစိမ်းလို့ လမ်းကူးတဲ့အခါ ရုတ်တရက် မောင်းချလာတဲ့ အိမ်စီးကားတစ်စီးက အမှတ်မထင် Renjun ကို တိုက်မိသွားခဲ့သည်။

ရုတ်တရက်ဆန်လွန်းတဲ့ အဖြစ်အပျက်ကြောင့် Jaemin တင်မက ဘေးနားက အတူတူ လမ်းကူးနေသူ Haechan ပါ အံ့သြနေမိသည်။ ရုတ်တရက် တစ်စွန်းတစ်စ မြင်နေရတဲ့ ကားထဲက အရိပ်ကြောင့် Jaemin ဒေါသများ ဗလောင်ဆူသွားခဲ့သည်။

သို့သော် လမ်းမပေါ်မှာ သွေးတွေထဲက သူ့ကောင်လေးငယ်က ပိုအရေးကြီးသည်မို့ Renjun အနားကို Jaemin အမြန်ဆုံးပြေးသွားလိုက်သည်။ Jaemin သွေးအိုင်ထဲက သူ့ကောင်လေးကို အကြိမ်ကြိမ် ခေါ်နေမိပေမဲ့ သတိလည်မလာခဲ့။ Haechan နဲ့ အနီးနားကသူတွေက လူနာတင်ယာဉ် ခေါ်ထားပြီမို့ မကြာခင် ရောက်လာခဲ့ပြီး ဆေးရုံသို့ ရောက်လာခဲ့သည်။

သားဖြစ်သူ သတင်းကြားကြားချင်း အပြေးလိုက်တာတဲ့ Renjun မိဘတွေက Emergency room အရှေ့နားက ထိုင်ခုံမှာ ထိုင်နေတဲ့ Jaemin နဲ့ Haechan ကို မြင်တော့ အပြေးရောက်လာပြီး အကျိုးအကြောင်း မေးမြန်းတော့ Haechan က အကျိုးအကြောင်း ပြောပြလေသည်။

ဆေးရုံလာရာ လမ်းတစ်လျှောက်လုံး Renjun လက်ကို ဆုပ်ကိုင်ပြီး ဘယ်သူမှ စကားမပြောခဲ့တဲ့ Jaemin က အခုလည်း Renjun မိဘတွေကို မြင်တော့ ခေါင်းညိတ်နှုတ်ဆက်ပြီးသာ အခန်းတံခါးရှေ့မှာ သွားထိုင်လေသည်။

နာရီဝက်မျှ ကြာပြီးမှ ခွဲစိတ်တံခါးပွင့်လာတော့ အသည်းအသန် မေးကြပေမဲ့ ဆရာဝန်ရဲ့ 70% - 30% အခြေအနေကြောင့် Renjun မိဘတွေရော Jaemin သာမက Haechan တို့ပါ မျက်ရည်ကျမိကြသည်။

ခွဲစိတ်ခန်းထဲကနေ အထူးခန်းကို ပြောင်းလာသော ပတ်တီးဖွေးဖွေးနှင့် ကုတင်ပေါ် လဲနေတဲ့ Renjun ကို  Jaemin ငေးကြည့်နေမိသည်။ လချီကြာပြီမို့ သူစိတ်ချလိုက်တာက Renjun အပေါ် သက်ရောက်မှု အများကြီး ဖြစ်သွားခဲ့သည်။

ခင်ဗျား လုံးဝ အဆုံးသတ်စေရမယ် စောင့်ကြည့်နေလိုက် ...

ဒီလိုနဲ့ တစ်လကျော်ကြာတာတောင် အခြေအနေတိုးတက်မလာခဲ့တဲ့ Renjun ကို ကြည့်ရင်း မိဘဖြစ်သူတွေလည်း ပူဆွေးသောကရောက်နေလေသည်။ Jaemin ကတော့ ရောက်မလာခဲ့တာ ၃ပတ်ကျော်ပြီဖြစ်သည်။

××××××××××××××××Sunbae×××××××××××××××××

တစ်ဖက်တွင်လည်း ....

"ဒီနေ့ဆို Jaem ကိုယ့်ဆီ ပြန်ရောက်လာတာ ၁လတောင် ရှိသွားပြီ။ ကိုယ်လုပ်ခဲ့တာ Jaem ကို ပြန်ပိုင်ဆိုင်ချင်လို့ဆိုတာ သိတယ်မလား'

Jaemin ကို ရင်ခွင်ထဲ ပွေဖက်ရင်း ပြောလာတဲ့သူ့ကို Jaemin ဘာမှမပြောဘဲ ခေါင်းသာညိတ်ပြလိုက်လေသည်။

'အစတည်းက Jaem က ကိုယ့်အပိုင် ဘယ်သူမှ Jaem ကို ပိုင်ဆိုင်ချင်လို့မရဘူး'

Jaemin လည်း ထိုသူ့ ရင်ခွင်ထဲက ရုန်းထွက်လိုက်ပြီး မျက်နှာချင်းဆိုင်လိုက်သည်။

'ဒါကြောင့်မို့ ကျွန်တော်နဲ့ တွဲနေတုန်း တခြားသူနဲ့ ဖောက်ပြန်ပြီး လက်ထပ်သွားခဲ့တာလား'

Jaemin စကားကို ထိုသူ ဘာမှပြန်မပြောဘဲ တိတ်ဆိတ်နေလေသည်။

'အဲ့အမျိုးသမီးက တကယ်ပဲ ကျိန်စာကြောင့် ပျောက်ကွယ်သွားတာလား'

Jaemin မေးတော့ ထိုသူက စူးစူးစိုက်စိုက် ပြန်ကြည့်လာလေသည်။

'ဟုတ်တယ်လေ ဘာဖြစ်လို့လဲ Jaem ... သူ ကိုယ်တို့ကို ထိခိုက်လို့ သူ့အကြောင်းနဲ့သူ ဖြစ်သွားခဲ့တာ'

Jaemin မျက်နှာကို ပြန်လည်ထိတွေ့ရင်း ပြောလာတဲ့ ထိုသူစကားကြောင့် Jaemin ရယ်လိုက်မိသည်။

'ဘာဖြစ်တာလဲ Jaem'

ပြန်မေးလာတဲ့ ထိုသူအ​ဖြေကို အနောက်ဘက်ကို မျက်စပစ်လိုက်သည်။

အနောက်မှာ ကျိန်စာနဲ့ ပျောက်ကွယ်သွားပြီဆိုသော သူမ ရပ်နေတာမြင်တော့ ထိုလူ တုန်လှုပ်စွာ Jaemin ကို ပြန်ကြည့်လေသည်။

'Jaem မင်း ဘာလုပ်'

အရှေ့ဘက် Jaemin ရပ်နေတဲ့ဆီ ပြန်လှည့်ကြည့်ရင်း မေးချိန် Jaemin က သူနဲ့ ဝေးကွာပြီး တံခါးနားမှာ ရပ်နေလေသည်။

'ကျွန်တော်လား? ခင်ဗျားကို ကျွန်တော် သတိပေးခဲ့တယ်မလား ကျွန်တော့်လူကို ထိရင် ခင်ဗျားကို အဆုံးသတ်ပစ်မယ်ဆိုတာ'

Jaemin ကို မယုံနိုင်စွာ ငေးကြည့်နေတဲ့ ထိုသူကို မပြေးနိုင်အောင် အဆင်သင့်ပြင်ဆင်ထားသော ချုပ်နှောင်မှုတွေနဲ့ ချုပ်နှောင်လိုက်သည်။  Jaemin မဲ့ပြုံးပြုံးပြလိုက်ပြီး အနောက်မှာ ရပ်နေသော အမျိုးသမီးထံ ငေးကြည့်ကာ

'မင်းလည်း သူ့ကြောင့် နာကျင်နေရတယ်မလား။ သူ့ကြောင့် မင်း ရှေ့ဆက်မရဘဲ ဖြစ်နေတာမလား။ မင်းစိတ်ကြိုက် သူ့ကို လုပ်လို့ရပြီ။ ငါစိတ်ချမယ်"

Jaemin အမိန့်ပေးလိုက်တော့ အမျိုးသမီးက နာခံကာ ထိုလူကို တိုက်ခိုက်လေသည်။ Jaemin ကတော့ တံခါးကို အလုံပိတ် သော့ခတ်ခဲ့ပြီး အိမ်အောက်ထပ်သို့ ဆင်းလာခဲ့လိုက်သည်။ အောက်ထပ်မှာ စောင့်နေတဲ့ Kai hyung နဲ့ Kun hyung က ကျန်ရှိနေတဲ့ ကိစ္စတွေ သူတို့အဆုံးသတ်ပေးမည်ဆိုတာကြောင့် Jaemin အိမ်သို့ ပြန်လာခဲ့လိုက်သည်။

အခုတော့ အဆုံးသတ်ပြီပေါ့ ... ဒါ ခင်ဗျားကိုယ်တိုင် ရွေးချယ်ခဲ့တဲ့လမ်းပဲ

××××××××××××××××Sunbae×××××××××××××××××

Jaemin အိမ်ပြန်ရောက်တော့ ရေမိုးချိုးပြီး အဝတ်အစားလဲကာ ဆေးရုံကို ထွက်လာခဲ့လိုက်သည်။ တစ်လကျော် မရောက်ဖြစ်တဲ့ သူ့ကို မြင်တော့ Renjun အမေက စိတ်ဆိုးပေမဲ့ ပါးပါးကတော့ ဘာမှမပြော။

ရုတ်တရက် နှလုံးခုန်စက်ကနေ ထွက်ပေါ်လာတဲ့ အသံကြောင့် Renjun မိဘရော Jaemin ပါ ထိတ်လန့်သွားခဲ့ရသည်။ အပြေးရောက်လာတဲ့ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ငေးကြည့်ရင်း Jaemin ရော မိဘနှစ်ပါးပါ မျှော်လင့်ချက်တွေ ယိုင်နဲ့ကုန်သည်။

ကိုယ် မင်းကို အနာဂတ်မှာ တိုက်ခိုက်မှုတွေ မရှိဘဲကာကွယ်ပေးနိုင်ဖို့ ရန်သူကို သေချာပေါက် သွား အဆုံးသတ်ပြီးချိန်မှာမှ မင်းက တစ်ခုခု ထဖြစ်လို့မရဘူးလေ Baby ...

Zawgyi

'Jaem' ကားလမ္းတစ္ဖက္မွာ ရပ္ေစာင့္ေနတဲ့ သူ႔ကို လွမ္းေအာ္ေခၚၿပီးလက္လွမ္းျပေနတဲ့ Renjun ကို Jaemin ၿပဳံးရင္းၾကည့္မိသည္။ သူ႔ကို လက္လွမ္းျပၿပီးေတာ့တစ္ခါ ေဘးနားက Haechan နဲ႔ စကားေျပာေနျပန္သည္။

Haechan နဲ႔ Renjun ႏွစ္ေယာက္သား မီးစိမ္းလို႔ လမ္းကူးတဲ့အခါ ႐ုတ္တရက္ ေမာင္းခ်လာတဲ့ အိမ္စီးကားတစ္စီးက အမွတ္မထင္ Renjun ကို တိုက္မိသြားခဲ့သည္။

႐ုတ္တရက္ဆန္လြန္းတဲ့ အျဖစ္အပ်က္ေၾကာင့္ Jaemin တင္မက ေဘးနားက အတူတူ လမ္းကူးေနသူ Haechan ပါ အံ့ၾသေနမိသည္။ ႐ုတ္တရက္ တစ္စြန္းတစ္စ ျမင္ေနရတဲ့ ကားထဲက အရိပ္ေၾကာင့္ Jaemin ေဒါသမ်ား ဗေလာင္ဆူသြားခဲ့သည္။

သို႔ေသာ္ လမ္းမေပၚမွာ ေသြးေတြထဲက သူ႔ေကာင္ေလးငယ္က ပိုအေရးႀကီးသည္မို႔ Renjun အနားကို Jaemin အျမန္ဆုံးေျပးသြားလိုက္သည္။ Jaemin ေသြးအိုင္ထဲက သူ႔ေကာင္ေလးကို အႀကိမ္ႀကိမ္ ေခၚေနမိေပမဲ့ သတိလည္မလာခဲ့။ Haechan နဲ႔ အနီးနားကသူေတြက လူနာတင္ယာဥ္ ေခၚထားၿပီမို႔ မၾကာခင္ ေရာက္လာခဲ့ၿပီး ေဆး႐ုံသို႔ ေရာက္လာခဲ့သည္။

သားျဖစ္သူ သတင္းၾကားၾကားခ်င္း အေျပးလိုက္တာတဲ့ Renjun မိဘေတြက Emergency room အေရွ႕နားက ထိုင္ခုံမွာ ထိုင္ေနတဲ့ Jaemin နဲ႔ Haechan ကို ျမင္ေတာ့ အေျပးေရာက္လာၿပီး အက်ိဳးအေၾကာင္း ေမးျမန္းေတာ့ Haechan က အက်ိဳးအေၾကာင္း ေျပာျပေလသည္။

ေဆး႐ုံလာရာ လမ္းတစ္ေလွ်ာက္လုံး Renjun လက္ကို ဆုပ္ကိုင္ၿပီး ဘယ္သူမွ စကားမေျပာခဲ့တဲ့ Jaemin က အခုလည္း Renjun မိဘေတြကို ျမင္ေတာ့ ေခါင္းညိတ္ႏႈတ္ဆက္ၿပီးသာ အခန္းတံခါးေရွ႕မွာ သြားထိုင္ေလသည္။

နာရီဝက္မွ် ၾကာၿပီးမွ ခြဲစိတ္တံခါးပြင့္လာေတာ့ အသည္းအသန္ ေမးၾကေပမဲ့ ဆရာဝန္ရဲ႕ 70% - 30% အေျခအေနေၾကာင့္ Renjun မိဘေတြေရာ Jaemin သာမက Haechan တို႔ပါ မ်က္ရည္က်မိၾကသည္။

ခြဲစိတ္ခန္းထဲကေန အထူးခန္းကို ေျပာင္းလာေသာ ပတ္တီးေဖြးေဖြးႏွင့္ ကုတင္ေပၚ လဲေနတဲ့ Renjun ကို  Jaemin ေငးၾကည့္ေနမိသည္။ လခ်ီၾကာၿပီမို႔ သူစိတ္ခ်လိုက္တာက Renjun အေပၚ သက္ေရာက္မႈ အမ်ားႀကီး ျဖစ္သြားခဲ့သည္။

ခင္ဗ်ား လုံးဝ အဆုံးသတ္ေစရမယ္ ေစာင့္ၾကည့္ေနလိုက္ ...

ဒီလိုနဲ႔ တစ္လေက်ာ္ၾကာတာေတာင္ အေျခအေနတိုးတက္မလာခဲ့တဲ့ Renjun ကို ၾကည့္ရင္း မိဘျဖစ္သူေတြလည္း ပူေဆြးေသာကေရာက္ေနေလသည္။ Jaemin ကေတာ့ ေရာက္မလာခဲ့တာ ၃ပတ္ေက်ာ္ၿပီျဖစ္သည္။

××××××××××××××××Sunbae×××××××××××××××××

တစ္ဖက္တြင္လည္း ....

"ဒီေန႔ဆို Jaem ကိုယ့္ဆီ ျပန္ေရာက္လာတာ ၁လေတာင္ ရွိသြားၿပီ။ ကိုယ္လုပ္ခဲ့တာ Jaem ကို ျပန္ပိုင္ဆိုင္ခ်င္လို႔ဆိုတာ သိတယ္မလား'

Jaemin ကို ရင္ခြင္ထဲ ေပြဖက္ရင္း ေျပာလာတဲ့သူ႔ကို Jaemin ဘာမွမေျပာဘဲ ေခါင္းသာညိတ္ျပလိုက္ေလသည္။

'အစတည္းက Jaem က ကိုယ့္အပိုင္ ဘယ္သူမွ Jaem ကို ပိုင္ဆိုင္ခ်င္လို႔မရဘူး'

Jaemin လည္း ထိုသူ႔ ရင္ခြင္ထဲက ႐ုန္းထြက္လိုက္ၿပီး မ်က္ႏွာခ်င္းဆိုင္လိုက္သည္။

'ဒါေၾကာင့္မို႔ ကြၽန္ေတာ္နဲ႔ တြဲေနတုန္း တျခားသူနဲ႔ ေဖာက္ျပန္ၿပီး လက္ထပ္သြားခဲ့တာလား'

Jaemin စကားကို ထိုသူ ဘာမွျပန္မေျပာဘဲ တိတ္ဆိတ္ေနေလသည္။

'အဲ့အမ်ိဳးသမီးက တကယ္ပဲ က်ိန္စာေၾကာင့္ ေပ်ာက္ကြယ္သြားတာလား'

Jaemin ေမးေတာ့ ထိုသူက စူးစူးစိုက္စိုက္ ျပန္ၾကည့္လာေလသည္။

'ဟုတ္တယ္ေလ ဘာျဖစ္လို႔လဲ Jaem ... သူ ကိုယ္တို႔ကို ထိခိုက္လို႔ သူ႔အေၾကာင္းနဲ႔သူ ျဖစ္သြားခဲ့တာ'

Jaemin မ်က္ႏွာကို ျပန္လည္ထိေတြ႕ရင္း ေျပာလာတဲ့ ထိုသူစကားေၾကာင့္ Jaemin ရယ္လိုက္မိသည္။

'ဘာျဖစ္တာလဲ Jaem'

ျပန္ေမးလာတဲ့ ထိုသူအ​ေျဖကို အေနာက္ဘက္ကို မ်က္စပစ္လိုက္သည္။

အေနာက္မွာ က်ိန္စာနဲ႔ ေပ်ာက္ကြယ္သြားၿပီဆိုေသာ သူမ ရပ္ေနတာျမင္ေတာ့ ထိုလူ တုန္လႈပ္စြာ Jaemin ကို ျပန္ၾကည့္ေလသည္။

'Jaem မင္း ဘာလုပ္'

အေရွ႕ဘက္ Jaemin ရပ္ေနတဲ့ဆီ ျပန္လွည့္ၾကည့္ရင္း ေမးခ်ိန္ Jaemin က သူနဲ႔ ေဝးကြာၿပီး တံခါးနားမွာ ရပ္ေနေလသည္။

'ကြၽန္ေတာ္လား? ခင္ဗ်ားကို ကြၽန္ေတာ္ သတိေပးခဲ့တယ္မလား ကြၽန္ေတာ့္လူကို ထိရင္ ခင္ဗ်ားကို အဆုံးသတ္ပစ္မယ္ဆိုတာ'

Jaemin ကို မယုံႏိုင္စြာ ေငးၾကည့္ေနတဲ့ ထိုသူကို မေျပးႏိုင္ေအာင္ အဆင္သင့္ျပင္ဆင္ထားေသာ ခ်ဳပ္ေႏွာင္မႈေတြနဲ႔ ခ်ဳပ္ေႏွာင္လိုက္သည္။  Jaemin မဲ့ၿပဳံးၿပဳံးျပလိုက္ၿပီး အေနာက္မွာ ရပ္ေနေသာ အမ်ိဳးသမီးထံ ေငးၾကည့္ကာ

'မင္းလည္း သူ႔ေၾကာင့္ နာက်င္ေနရတယ္မလား။ သူ႔ေၾကာင့္ မင္း ေရွ႕ဆက္မရဘဲ ျဖစ္ေနတာမလား။ မင္းစိတ္ႀကိဳက္ သူ႔ကို လုပ္လို႔ရၿပီ။ ငါစိတ္ခ်မယ္"

Jaemin အမိန႔္ေပးလိုက္ေတာ့ အမ်ိဳးသမီးက နာခံကာ ထိုလူကို တိုက္ခိုက္ေလသည္။ Jaemin ကေတာ့ တံခါးကို အလုံပိတ္ ေသာ့ခတ္ခဲ့ၿပီး အိမ္ေအာက္ထပ္သို႔ ဆင္းလာခဲ့လိုက္သည္။ ေအာက္ထပ္မွာ ေစာင့္ေနတဲ့ Kai hyung နဲ႔ Kun hyung က က်န္ရွိေနတဲ့ ကိစၥေတြ သူတို႔အဆုံးသတ္ေပးမည္ဆိုတာေၾကာင့္ Jaemin အိမ္သို႔ ျပန္လာခဲ့လိုက္သည္။

အခုေတာ့ အဆုံးသတ္ၿပီေပါ့ ... ဒါ ခင္ဗ်ားကိုယ္တိုင္ ေ႐ြးခ်ယ္ခဲ့တဲ့လမ္းပဲ

××××××××××××××××Sunbae×××××××××××××××××

Jaemin အိမ္ျပန္ေရာက္ေတာ့ ေရမိုးခ်ိဳးၿပီး အဝတ္အစားလဲကာ ေဆး႐ုံကို ထြက္လာခဲ့လိုက္သည္။ တစ္လေက်ာ္ မေရာက္ျဖစ္တဲ့ သူ႔ကို ျမင္ေတာ့ Renjun အေမက စိတ္ဆိုးေပမဲ့ ပါးပါးကေတာ့ ဘာမွမေျပာ။

႐ုတ္တရက္ ႏွလုံးခုန္စက္ကေန ထြက္ေပၚလာတဲ့ အသံေၾကာင့္ Renjun မိဘေရာ Jaemin ပါ ထိတ္လန႔္သြားခဲ့ရသည္။ အေျပးေရာက္လာတဲ့ ဆရာဝန္ေတြနဲ႔ သူနာျပဳေတြကို ေငးၾကည့္ရင္း Jaemin ေရာ မိဘႏွစ္ပါးပါ ေမွ်ာ္လင့္ခ်က္ေတြ ယိုင္နဲ႔ကုန္သည္။

ကိုယ္ မင္းကို အနာဂတ္မွာ တိုက္ခိုက္မႈေတြ မရွိဘဲကာကြယ္ေပးႏိုင္ဖို႔ ရန္သူကို ေသခ်ာေပါက္ သြား အဆုံးသတ္ၿပီးခ်ိန္မွာမွ မင္းက တစ္ခုခု ထျဖစ္လို႔မရဘူးေလ Baby ...

Продолжить чтение

Вам также понравится

3.5K 427 9
Markhyuck _ 6 🍎 × 16 HAPPY Ah Chan DAY ❣️ Complete (12) 🍁
13K 1K 11
PODEMOS AMAR DE NUEVO? NoMin 1st Book (NoMin 1st Myanmar Mini FanFic) Start Date - 16.7.2021 End Date - 23.7.2021 |Completed|
6.6K 425 5
Jaejun/Renmin Jaemin Renjun Jaemjun Mini-Fan Fiction Yaoi
10.8K 761 14
ဘယ်လိုမှပြန်ပြင်လို့မရတော့တဲ့ အမှားတစ်ခုက မင်းကိုချစ်မိနေပီဆိုတာဘဲ...........