Little Merman (Short story)

Von Neko_san_ZP

2.7K 191 16

Start date:6/8/22 short story author - Neko san Mehr

Part-1(Unicode)

Part -1(Zawgyi)

1.4K 43 0
Von Neko_san_ZP

လီအာ - ပင်လယ်
အဲလ်ရီ - ခြင်္သေ့
အောမဲဒ်အို - ဘုရားသခင်ရဲ့သားတော်
အာရောဟာ-အချစ်

-*-*-*-*-*-*
အရှေ့ဘက်ပင်လယ်ကို အုပ်ချုပ်တဲ့ပင်လယ်ဘုရင်ကြီးမှာ သမီးတော်ခြောက်ယောက်နဲ့သားတော်တစ်ပါးရှိသည်၊အထွေးဆုံးလည်းဖြစ်သလို တစ်ဦးတည်းသောသားမောင်လည်းဖြစ်တာကြောင့် ဘုရင်ကြီးရော သူရဲ့အစ်မတွေကပါ အလိုလိုက်ကာ ဝိုင်းချစ်ကျတော့သည်၊

ထိုအလိုက်ခံကာ အချစ်ခံရတဲ့ရေသူထီးလေးနာမည်ကတော့ လီအာတဲ့၊လီအာရဲ့အဓိပ္ပါယ်ဟာ ပင်လယ်ကို ဆိုလိုပြီး ပင်လယ်နေသဘာဝတိုင်းဟာ ပင်လယ်ကို တန်ဖိုးထားကာ ချစ်မြတ်နိုးတာကြောင့် ပင်လယ်ကို အစိုးရတဲ့​ရေသူဘုရင်ဟာ လီအာကို ထိုနာမည် ပေးအပ်ခဲ့ခြင်းဖြစ်သည်၊

လီအာဟာ ဖြူစင်ကာ ပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ရေသူထီးလေးဖြစ်ပြီး တစ်နေ့မှာတော့ လီအာရဲ့အစ်မဟာ လူသားတွေနဲ့ပတ်သတ်တဲ့ပစ္စည်းကို သယ်ယူလာတော့သည်၊

ထိုအရာဟာ သံပတ်ပေးရတဲ့တေးဂီတဗူးလေးသာဖြစ်တယ်၊ထိုပစ္စည်းလေးဟာ လီအာရဲ့အာရုံကို အပြည့်အဝဖမ်းစားသွားတော့သည်၊ဒါကြောင့် လီအာဟာ လူသားတွေနေရပ်ဆိုတာ ဘယ်လိုနေရာမျိုးလဲဆိုတာ စတင်စူးစမ်းချင်လာတော့သည်၊

လီအာဟာ အသက်ဆယ့်ခြောက်နှစ်ပြည့်နေ့ကိုရောက်လာချိန်မှာ လီအာဟာ သူရဲ့ခမည်းတော်အား ပူဆာလိုက်တော့သည်၊လူသားတိုင်းပြည်ကို အလည်တစ်ခေါက်သွားချင်ကြောင်းပေါ့၊

ဘုရင်ဟာလည်း လီအာကို သိပ်ချစ်တာကြောင့် အလွယ်တကူ လက်မခံခဲ့ပေ၊လူသားတွေဆို လောဘကြီးကာ မိသားစုချင်းတောင် အလွတ်ပေးကျတဲ့သူတွေမဟုတ်ကြောင်းနဲ့ တကယ်လို့ လီအာသာ ရေသူမမျိုးစိတ်ဆိုတာ သိတာနဲ့ ဖမ်းယူကာ ပြပွဲတွေလုပ်ကာ ငွေရှာလိမ့်မည်အကြောင်းကို ပြောလာတော့သည်၊ဒါပေမယ့် လီအာဟာ ကြောက်ရွံမသွားခဲ့ပေ၊

လူသားတွေနေရပ်ဆီကို သွားချင်တဲ့စိတ်တွေဟာ သိပ်ကိုဆန္ဒပြင်းပြနေခဲ့တော့သည်၊ဒါကြောင့် နောက်ဆုံးမှာတော့ သူနဲ့မိတ်ဆွေတော်သည့်မှော်ဆရာဆီကို အကူအညီတောင်းရန်သာ ဆုံးဖြတ်လိုက်သည်၊

မှော်ဆရာဟာ ရေသူထီးတစ်ကောင်ဖြစ်ပေမယ့် ရေသူမသွေးတစ်ဝက်သာ ပါရှိပြီး လူသားသွေးတစ်ဝက်ရော ပါရှိသူဖြစ်တာကြောင့် လီအာရဲ့ခမည်းတော်ဟာ ပြည်နှင်ဒဏ်ပေးခံရထားသူဖြစ်သည်၊ဒါပေမယ့် လီအာဟာ စူးစမ်းတတ်တဲ့ကလေးတစ်ယောက်ဖြစ်တာကြောင့် မှော်ဆရာနဲ့တွေ့ကာ သိကျွမ်းခဲ့ဖူးသည်၊

လီအာတစ်ယောက် ရေအောက်တိုင်းပြည်ကနေ ထွက်ခွာလာပြီး ရေနက်ပိုင်းရဲ့ပိုနက်နဲသည့်အပိုင်းကို ဆင်းသက်လာတော့သည်၊ထိုနေရာဟာ မှောင်မဲနေကာ ကြောက်စရာကောင်းပေမယ့် လီအာ ရှိသမျှ သတ္တိတွေစုကာ ကူးလာတော့သည်၊

"အဲလ်!"

"အဲလ်ရီ!"

လီအာ အတတ်နိုင်ဆုံး သူရဲ့အသံတွေကို မတုန်တက်သွားအောင် ထိန်းလိုက်သည်၊ထို​နောက်မှာ သူဟာ ကြောက်ကြောက်လန့်လန့်နဲ့ကူးလာတော့သည်၊

"အဲလ်!!!"

ရေနက်ပိုင်းရောက်တော့ သူဟာ ဘယ်ဘက်သွားရမှန်းမသိတာကြောင့် ရှေ့ကိုသာ ဖြေးဖြေးလေးကူးခတ်နေတော့သည်၊

"ဘာလုပ်နေတာလဲ" အသံသြသြယောက်ျားတစ်ယောက်ထွက်လာချိန်မှာ လီအာ လန့်ဖြန့်ကာ အော်လိုက်ပြီး ပြေးရန်လုပ်ချိန်မှာ သူရဲ့အမြှီးဟာဆွဲခံလိုက်တော့သည်၊

"ငါ...ငါက အရသာမရှိဘူး... "

လီအာရဲ့မျက်ဝန်းပြာများဟာ မျက်ရည်များဝေ့တက်နေပြီး သူဟာ အမြှီးကိုရုန်းရင်းပြောလိုက်တော့သည်၊ဒါပေမယ့် ကြမ်းတမ်းစွာဆုပ်ကိုင်ခံထားရတဲ့အေးစက်စက်လက်ကြောင့် သူမှာ အော်လည်းမအော်ရဲပေ၊

"လီအာ ငါပါဟ"

လီအာဟာ နောက်လှည့်ကြည့်လိုက်တော့ အနက်ရောင်ဆံပင်ရှည်များဖြင့် သူ့ကိုစူးစိုက်ကြည့်နေတဲ့ခရမ်းရောင်မျက်ဝန်းများပိုင်ဆိုင်ထားတဲ့ကြည့်သားတဲ့ယောက်ျားတစ်ယောက်ကိုတွေ့လိုက်ရတော့သည်၊

ထိုအခါမှ သူ့မှာ သက်ပြင်းချနိုင်သွားပြီး သူရဲ့အမြှီးကို ပြန်လည်ရုန်းကန်ကာ မကျေမနပ်ချက်ဖြင့် ဖွဖွလေး အဲလ်ရီကို ရိုက်လိုက်သေးသည်၊

"ငါ နှလုံးရပ်ပြီး သေပြီမှတ်နေတာ"

"ဘာကိစ္စရှိလို့ လာတာလဲ" အဲလ်ရီဟာ လီအာကို သိပ်အဖက်မလုပ်တော့ပဲ ဘေးနားက ထူးထူးဆန်းဆန်းအပင်တွေကို ဆက်ကာနုတ်နေတော့သည်၊

"ငါ လူသားတွေရှိတဲ့​နေရာသွားချင်တယ်" လီအာဟာ စိတ်လှုပ်ရှားနေတဲ့အသံဖြင့်ပြောလိုက်ပြီးနောက်မှာ အဲလ်ရီဘက်က တားမြစ်လာရင်လည်း ပေးမဲ့အကြောင်းပြချက်တွေပင် တစ်လမ်းလုံးစီထားပြီးပြီဖြစ်သည်၊

"အေး သွားလေ"

"မင်းတားရင်တောင်...ဟမ်...သွား...သွားခိုင်းနေတာလား" အဲလ်ရီရဲ့စကားကြောင့် လီအာကြောင်သွားကာ ထပ်မေးလိုက်သည်၊သူ့ကို တကယ်ကြီး အေးဆေးလွှတ်တယ်ပေါ့၊

"ငါ မသွားနဲ့ပြောတော့ မင်းက မသွားဘဲ နေမှာမို့လို့လား" အဲလ်ရီဟာ လီအာဘက်ကြည့်ရင်း မေးလိုက်တော့ လီအာဟာ ခေါင်းကို ခါလိုက်တော့သည်၊

"အဲ့တာကြောင့် လေကုန်မခံနိုင်ဘူး လိုက်ခဲ့" အဲလ်ရီဟာ ပြောလိုက်ပြီးနောက်မှာ သူဟာ ရှေ့ဘက်ကို ဆက်ကူးသွားတော့သည်၊ဒါကြောင့် လီအာကလည်း အနောက်ကနေ ခပ်မြန်မြန်လေး ကူးခတ်လိုက်သွာပြီး အဲလ်ရီကို ကြည့်နေတော့သည်၊

အဲလ်ရီဟာ အမြဲအေးတိအေးစက်နေပြီး လီအာကို ထူးခြားချက်များ အမြဲပေးတတ်သည်၊အဲလ်ရီရဲ့ခရမ်းရောင်မျက်ဝန်းများဟာ သူတို့ရေအောက်ကမ္ဘာတွေ မရှိပဲ အဲလ်ရီတစ်ယောက်တည်းရဲ့မူပိုင်လိုပင်၊

အဲလ်ရီဟာ အသားညိုညိုဘက်သန်းကာ ခန္ဓာကိုယ်မှာ တောင့်တင်းတင်းကြွက်သားများဖြင့် တည်ဆောက်ထားပြီး အလွန်ကြည့်ကောင်းလှသည်၊သူ့ထက် လူကောင်ကြီးကာ အနက်ရောင်အမြှီးရှည်ဟာလည်း တမူထူးခြားနေသေးသည်၊ လီအာဟာ သူရဲ့ငွေရောင်အမြှီးသွယ်သွယ်လေးကို ကြည့်ရင်း မကျေမနပ်ဖြစ်သွားတော့သည်၊

အဲလ်ရီရဲ့အမြှီးကတော့ ကြည့်ရုံဖြင့် အထင်ကြီးစရာကောင်းသလောက် သူရဲ့အမြှီးကတော့ ဆန့်ကျင်ဘက်ပင်၊ပြီးတော့ သူရဲ့အမြှီးအတောင်တွေကလည်း သေးတာကြောင့် အဲလ်ရီနောက်ကို အားစိုက်ကာ မီအောင်ကူးခတ်နေရတော့သည်၊

ထိုနောက်မှာတော့ အဲလ်ရီဟာ ဂူတစ်ဂူထဲ ကူးခတ်သွားတော့သည်၊လီအာ အနည်းငယ်ကြောက်နေပေမယ့် အဲလ်ရီရှိတာကြောင့် သူ့ကိုယ်သူပြန်လည် ဖြေသိမ့်နေတော့သည်၊

ဂူဟာ မှောင်မဲကာ ပတ်လည်မှာ ရှည်ရှည်မျောမျောရေမျော့တွေရှိနေပြီး ရှည်လျားတဲ့ရေညှိတွေပါ ရှိနေသည်၊ဂူထဲမှာတော့ သူမသိတဲ့ပစ္စည်းတွေ ရှိနေတော့သည်၊

"မင်းကို သုံးရက်လောက် လူသားတိုင်းပြည်မှာ နေနိုင်အောင် လုပ်ပေးနိုင်တယ်... ဒါပေမယ့်" အဲလ်ရီစကားကြောင့် လီအာပျော်ရွှင်သွားတော့သည်၊

"ရတယ် ရတယ် ဘာပဲလုပ်ရလုပ်ရ"

"မင်း သေချာလို့လား... "အဲလ်ရီရဲ့အပြုံးကြောင့် လီအာ အနည်းငယ်ကြက်သီးထသွားပေမယ့် သူဟာ ရှည်ရှည်ဝေးဝေးမတွေးတော့ပေ၊

"သေချာတယ်... ဘာပဲပေးရ ပေးရပေါ့"

အဲလ်ရီဟာ လီအာနား ကူးလာပြီး လီအာရဲ့ငွေရောင်ဆံပင်တွေကို ကိုင်လိုက်ပြီး လီအာနားကပ်ကာ တိုးတိုးလေးပြောလိုက်တော့သည်၊

"ကိုယ့်နားမှာ တစ်သက်လုံးနေရမယ် လီအာ"

လီအာရဲ့မျက်နှာအပူရှိန်ထိုးတက်သွားပြီး သူဟာ နားကိုအုပ်လိုက်ပြီး အဲလ်ရီနားကနေ ရှောင်လိုက်ပြီး

"မင်း...မင်း ဘာပြောချင်တာလဲ" လို့ လီအာမေးလိုက်သည်၊ဘာကြောင့်လဲမသိ သူရဲ့နှလုံးသားတွေဟာ ပေါက်ကွဲမတက်ဖြစ်နေတော့သည်၊အဲလ်ရီရဲ့မျက်နှာကိုပင် မကြည့်ရဲတော့ပေ၊

"ငါ့ကို ပြန်မေးခွန်းထုတ်စရာမလိုဘူး... မင်း လူသားတွေနေရပ်ကို သွားချင်လား မသွားချင်ဘူးလား... "

"ဒါပေမယ့် ပေးဆပ်ရမှာကြီးက မရိုးရှင်းပါဘူး...ဒီနေရာကြီးမှာ ငါသေတဲ့အထိ မနေနိုင်ပါဘူး ကြောက်စရာကြီးဟာကို" လီအာ ပါးလေးဖောင်းသွားပြီး မကျေမနပ်လေး ရန်တွေ့လိုက်သည်၊အဲလ်ရီနဲ့တစ်သက်လုံးနေတာက လီအာအတွက် ခက်ခဲတာမှ မဟုတ်တာ၊ဒါပေမယ့် ဒီနေရာကြီးမှာတော့ မနေနိုင်ပါဘူး၊

"နေရပ်ပြောင်းပေးရလည်း ကိစ္စမရှိပါဘူး" အဲလ်ရီရဲ့စကားကြောင့် လီအာ ခပ်တိုးတိုးလေးရယ်လာတော့သည်၊သူကြားဖူးတာ အဲလ်ရီက သူရဲ့မှော်ဆေးရည်တွေကို ဝယ်ယူသူတွေဆီက တန်ဖိုးရှိတဲ့အရာတစ်ခုခုနဲ့လဲတယ်တဲ့၊ဒါကြောင့် သူ့ဆီကနေ ဘာနဲ့မှ မလဲချင်တာကြောင့် ဒီလိုကိစ္စရပ်မျိုးကို တောင်းဆိုတာ ဖြစ်ရမည်၊

သေချာစဉ်းစားကြည့်တော့လဲ အဲလ်ရီက အထီးကျန်ကာ တစ်ကောင်ကြွက်သမားကိုး၊သူ့လို ချစ်စရာကောင်းပြီး တက်တက်ကြွကြွနေတတ်တဲ့ရေသူထီးလေးကို တောင်းဆိုတာ မထူးဆန်းတော့ဘူး၊

'ဘယ်တတ်နိုင်မလဲ ငါက ချစ်ခင်လှတဲ့သူပေါများတာကိုး'

"အ! ဘာလို့ နဖူးလာတောက်ရတာလဲ" လီအာ အတွေးထဲမှာ ပျော်မွေ့နေတုန်း နဖူးအတောက်ခံလိုက်ရတာကြောင့် နဖူးကို လက်နဲ့အုပ်ကာ အဲလ်ရီကို မကျေမနပ်ကြည့်လိုက်တော့သည်၊

"အရူးလေး မဟုတ်တာတွေ တွေးမနေနဲ့"

လီအာ မကျေမနပ်လေး မျက်လုံးအကြည့်တွေကို လွဲလိုက်ပြီး 'ဘာမှ မတွေးပါဘူး' လို့ပြောနေတဲ့အမူအရာလုပ်လိုက်သည်၊ပြီးတော့ သူက အရူးလေးမဟုတ်ပါဘူးနော်၊ရေအောက်တိုင်းပြည်မှာ ဥာဏ်အကောင်းဆုံး မင်းသားလေးပါ၊

ထိုနောက်မှာ အဲလ်ရီဟာ ပစ္စည်းတစ်ချို့ကို ယူလိုက်ပြီးနောက်မှာ လီအာကိုကြည့်လာတော့သည်၊

"လူသားဖြစ်သွားတဲ့ချိန်မှာ မင်းတစ်ချို့အရာတွေ ပေးဆပ်ရလိမ့်မယ်၊ဒါပေမယ့် သုံးရက်မြှောက်နေ့မှာ ပြန်ကောင်းသွားမှာမို့လို စိတ်ပူစရာမလိုဘူး"

လီအာဟာ ခေါင်းညိတ်လက်ခံလိုက်တော့သည်၊သူဟာ သိပ်ကို စိတ်လှုပ်ရှားနေတော့သည်၊ထိုနောက်မှာ ဆွေးမြေ့နေတဲ့အိုးထဲကို အဲလ်ရီဟာ ပစ္စည်းတွေ တစ်ခုပြီးတစ်ခုထည့်သွင်းလိုက်ပြီးနောက်မှာ စိမ်းဖန့်ဖန့်အရည်တစ်မျိုးကို မြင်လိုက်ရတော့သည်၊

အဲလ်ရီဟာလည်း ခွက်နဲ့ခပ်လိုက်ပြီး လီအာကိုပေးလိုက်သည်၊လီအာရဲ့မျက်နှာရှုံ့မဲ့သွားကာ

"ဒါကြီးကို သောက်ရမှာလား" လို့ အထွန့်တက်လိုက်တော့ အဲလ်ရီရဲ့အေးစက်စက်မျက်လုံးတစ်စုံဟာ သူ့ဆီရောက်လာတော့သည်၊ဒါကြောင့် လီအာ အထွန့်မတက်တော့ပဲ နှာခေါင်းကို လက်တစ်ဖက်နဲ့ပိတ်ကာ အကုန်မော့သောက်လိုက်တော့သည်၊

အရသာက ခါးပေမယ့် ခန္ဓာကိုယ်ထဲမှာ ပူနွေးနွေးတစ်ခုခု စီးဝင်သွားသလိုပင်၊ထိုနောက်မှာ သူရဲ့လည်ပင်းနားက အသက်ရှူဘယက်ဟာ ပျောက်သွားတော့တာကြောင့် လီအာ ဘဝမှာ ပထမဆုံးအကြိမ် အသက်ရှူကြပ်သွားသည်ကို ခံစားလိုက်ရတော့သည်၊

သူရဲ့နူတ်ခမ်းတွေကို ဖွင့်ဟလိုက်ပေမယ့် ပူဖောင်းအသေးစားများသာ ထွက်လာပြီး ဘာအသံမှ ထွက်မလာတော့ပေ၊ဒါပေမယ့် အဲလ်ရီဟာ သူ့ကိုအပေါ်ကို ဆွဲခေါ်သွားတော့သည်၊သူရဲ့အမြှီးများဟာလည်း ပြောင်းလဲလာသလို ခံစားနေရပြီး ရေကူးရလည်း ခက်ခဲလာတော့သည်၊

သူ့အသက်ရှူကြပ်ပြီး မသေခင်မှာ နူတ်ခမ်းတစ်စုံဟာ သူရဲ့နူတ်ခမ်းကို တေ့ကာ လေသွင်းပေးလာမှန်းသိလိုက်ရတော့သည်၊ကုန်းပေါ်ရောက်ခါနီး အလင်းရောင်ကို မြင်ရချိန်မှာ လီအာ မထိန်းနိုင်တော့ဘဲ မေ့လဲကျသွားတော့သည်၊

"လီအာ"

"လီအာ ထတော့!"

အဲလ်ရီရဲ့နိုးသံကြောင့် လီအာ လေးပင်နေတဲ့မျက်လုံးများကို ဖွင့်လိုက်ပြီး မျက်လုံးတွေကို ပွတ်ရန်အလုပ်မှာ အဲလ်ရီဟာ တားလာတော့သည်၊ထိုနောက်မှာ အဝတ်စတစ်စနဲ့ သူ့ကို သုတ်ပေးလာတော့သည်၊

"မင်းက လူသားဖြစ်နေပြီလေ ပင်လယ်ရေတွေက မင်းရဲ့မျက်ဝန်းကို ထိခိုက်စေနိုင်တယ်... "

"ငါ...လူသားဖြစ်သွားပြီလား!"

လီအာ မယုံနိုင်ဖွယ် သူရဲ့ပြောင်းလဲမှုတွေကိုကြည့်လိုက်တော့သည်၊ သူရဲ့အမြှီးတွေအစား ဖြူဖြူသွယ်သွယ်အချောင်းတွေကို မြင်လိုက်ရတော့သည်၊

"ဒါတွေက ဘာလဲ...ငါ့အပိုင်ပဲဟ" ထိုအချောင်းတွေက သူရဲ့အမြှီးတွေလိုပဲ သူထိန်းချင်သလို ထိန်းလို့ရနေတော့သည်၊

"အဲ့တာ ခြေထောက်လို့ခေါ်တယ်" အဲလ်ရီစကားကြောင့် လီအာဟာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ခြေထောက်များကို လှုပ်ခတ်နေတော့သည်၊

"ရွေ့လည်းမရွေ့ဘူး!"

အဲလ်ရီဟာ သက်ပြင်းချလိုက်ပြီး လီအာကို ထူလိုက်တော့သည်၊သူတို့နှစ်ယောက်လုံးဟာ ကိုယ်လုံးတီးများဖြစ်နေပေမယ့် ဒီနေရာက လူတွေမရှိတာကြောင့် ကိစ္စမရှိပေ၊

"ခြေထောက်တွေက ရပ်ပြီး လမ်းလျှောက်ရတာ"

အဲလ်ရီဟာ လီအာကို နမူနာလျှောက်ပြလိုက်ပေမယ့် လီအာဟာ သူ့ပေါင်ကြားထဲကို ကြည့်လာပြီးနောက်မှာ သူ့အောက်သူပြန်ငုပ်သွားတော့သည်၊

"ဒီ...ဒီခြေထောက်က!!! ချို့ယွင်းနေတယ်!!!!မင်းဆေးရည်မအောင်မြင်ဘူးထင်တယ် ငါတို့မှာ ခြေထောက်သုံးချောင်းပါပေမယ့် တစ်ချောင်းက သေနေတယ်!!!"

အဲလ်ရီ မျက်နှာဟာမဲသဲသွားတော့သည်၊ဒီဟာလေးကို သူဘယ်လိုတောင် ရှင်းပြရမလဲမသိတော့ပေ၊ဒါပေမယ့်လည်း...

"အဲ့တာက ခြေထောက်မဟုတ်ဘူး ယောက်ျားအင်္ဂါလေ ငါတို့အမြှီးရဲ့ဟိုနားကနေ ထွက်လာတဲ့ဟာနဲ့တူတူပဲ " လို့ ရှင်းပြလိုက်တော့ ခေါင်းတစ်ညိတ်ညိတ်နဲ့လက်ခံလာတော့သည်၊

ထိုနောက်မှာ လီအာဟာ ခြေထောက်တွေကို တစ်လှမ်းခြင်းလျှောက်ကာ လေ့ကျင့်နေတော့သည်၊အစတည်းက အကုန်စီစဉ်ထားတာကြောင့် အဲလ်ရီဟာ လီအာကို အဝတ်အစားဝတ်ပေးလိုက်ပြီး သူတို့ဟာ ကုန်းဘက်ကို ထွက်လာတော့သည်၊လီအာဟာ သိပ်မလျှောက်နိုင်သေးတာကြောင့် အဲလ်ရီကို မှီထားရင်း ဖြေးဖြေးချင်းလျှောက်ကာ ပတ်ဝန်းကျင်ကို ငေးမောနေတော့သည်၊

"လူသားတွေတိုင်းပြည်က အံ့မခန်းပဲ!"

သူတို့ဟာ မြို့ထဲကို ဝင်လာချိန်မှာတော့ မြို့ရဲ့ပတ်ဝန်းကျင်ဟာ လီအာအတွက်အသစ်အဆန်းဖြစ်နေတော့သည်၊ဒါပေမယ့် အဲလ်ရီရဲ့မျက်နှာကတော့ ဆူပုပ်နေတော့သည်၊ဘာကြောင့်လဲဆိုတော့ လူသားလီအာဟာလည်း သိပ်ကို လှပလွန်းတာကြောင့်ဖြစ်သည်၊

အရောင်တွေပြောင်းလဲထားတဲ့အညိုရောင်ဆံသားရှည်များအောက်မှာ ကြည့်ကောင်းပြီး လှပတဲ့မျက်နှာလေးရဲ့ဆွဲဆောင်မှုကိုတော့ ဖုံးကွယ်ဖို့ အင်အားမရှိခဲ့ပေ၊ဒါတောင် ဆေးရည်ထဲမှာ ရုပ်ဆိုးစေတဲ့ပါဝင်ပစ္စည်းရောထည့်ထားခဲ့သေးတယ်၊

"အဲလ်! ဒါ ဒါ ဘာလဲ!" နီရဲရဲပန်းသီးကို သကြားယိုထိုးထားတဲ့စားစရာဟာလည်း ချယ်ရီလိုနီရဲရဲနူတ်ခမ်းလေးလောက် ချိုမြိန်မည်ဟု သူမထင်ပေ၊

"အဲ့တာ လူသားတွေစားတဲ့ မုန့်ချိုတစ်မျိုးလေ" အဲလ်ရီဟာပြောလိုက်ပြီး ဆိုင်ရှင်ကို ကြေးများနှစ်ပြားပစ်ပေးလိုက်ပြီး ယိုထိုးပန်းသီးကို ယူလိုက်ပြီး လီအာကို ပေးလိုက်သည်၊

လီအာရဲ့မျက်လုံးများဟာ တောက်ပနေပြီး အဲလ်ရီပေးလိုက်ချိန်မှာ သူဟာ ပျော်ရွှင်ကာယူလိုက်ပြီး ယိုထိုးပန်းသီးထိပ်ပိုင်းကို လျှာလေးနဲ့ တို့ကြည့်လိုက်သည်၊

"ဒီအရသာက... တစ်မျိုးလေးပဲ!"

"အဲ့တာ အချိုအရသာလို့ခေါ်တယ်"

"အချိုအရသာလား" လီအာအတွက် အရာရာဟာ အဆန်းတကျယ်ဖြစ်နေတော့သည်၊ထိုနောက်မှာ သူဟာ ဘေးကတစ်ယောက်စားပြသလို ကိုက်ကာ စားလိုက်တော့သည်၊

"စားလို့ကောင်းတယ်!!" လီအာပြောရင်း တစ်ခုလုံးကုန်အောင် စားလိုက်တော့သည်၊ဒီသုံးရက်အတွင်း အများကြီး စားပစ်မည်!

လူသားတိုင်းပြည်မှာ သုံးရက်ဘဲ နေရမည်ဖြစ်တာကြောင့် အဝစားဖို့သာ လီအာအတွေးထဲတွင် ရှိနေတော့သည်၊ဒါပေမယ့် ဆေးရည်ရဲ့ဆိုးကျိုးတွေတော့ လီအာက မသိခဲ့သလို၊အဲလ်ရီဟာလည်း မပြောပြခဲ့ပေ၊

လီအာသာ လူသားတစ်ယောက်ကို သဘောကျခဲ့မယ်ဆိုရင် ထိုဆေးရည်ရဲ့ကျိန်စာဟာ သက်ဝင်လာလိမ့်မည်၊ထိုလူသားသာ လီအာကို မချစ်ခဲ့ဘူးဆိုရင်... လီအာဟာ သေဆုံးသွားရလိမ့်မည်။

------------------------------
#part-2မျှော်

Weiterlesen

Das wird dir gefallen

922K 68.6K 109
"host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" "host ရဲ့တာဝန်ကဇာတ်လိုက်ကိုကယ်တင်ပေးရမှာပါ" "ငါကဘာလို့လဲ!" Start Date -27.7.2022 End Date...
139K 8.6K 25
မောင်ပျော်ဖို့အတွက်ငါအသက်မဲ့ပေးရမယ်ဆိုလဲငါဆိုတဲ့လူသားကကျေနပ်နေမိမှာပါ... ဒါပေမဲ့ သေသွားခဲ့ရင်လိပ်ပြာခွဲကြရတယ်တဲ့ သက်ညှာသောအားဖြင့်လိပ်ပြာလေးတော့မောင်...
3.6M 285K 89
|| Zaw & Uni || မမျှော်လင့်ထားသော အချစ်.... ဒါက fantasy အမျိုးအစားလေးပါ။ Title မှာလိုမျိုး ' မာနကြီးတဲ့ကျွန်တော့် ယောကျာ်းရဲ့ကိုယ်ဝန်ရှိနေတယ်တဲ့ ' bl...
387K 27.3K 43
မိုက်ကယ်အာဒန်မင်လုချက်စ် ညိုမင်းမို 21.7.2023 9:20 PM.