Days of Counting Camellia (Hi...

Από All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... Περισσότερα

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[4] Dominant Sadist
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[8] Prince with Red eyes
[9] Emperor wants a cage
[10] In Emperor's chamber
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[13] The Deadly Simulation
[14] What do you really want , your Majesty ? '
[15]' Colours of Ash '
[16] The past in mud '
[17]Ravens have claws '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[40]' Paradise on fire '
[41] A drop of poison
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[46]Scandalous Woman

[45] She is the God's Weakness '

3.8K 213 39
Από All-shine

Scroll down ⬇️ Zawgyi version is below.

#Unicode

နှစ်ပေါင်းများစွာ ပိုးအိမ်တွေဖြင့် ပိတ်နေခဲ့သည့် နှင်းရည်သောက်နန်းရဲ့ မီးဖိုချောင်ထဲမှ မီးခိုးခေါင်းတိုင်လေးသည် ယနေ့မှာမူ အငွေ့တလူလူနှင့်... ။ တစ်မနက်လုံး အိုးခွက်အသံဗလံများဖြင့် အသက်ဝင်လို့နေသည် ။

" လိုင်လာ ၊ မီယာ ၊ နီယာ ၊ ... အဆင်သင့်ဖြစ်ပြီလား ? "

Afa ခေါ်လိုက်သည်နှင့် နန်းတွင်းသူလေးသုံးဦးတို့မှာ သူမတို့အား တာဝန်ယူခိုင်းထားသော ခွက်အသီးသီးကိုမကာ ခေါင်းညိတ်ပြ၏ ။ Afa က အဖြူမှုန့်များ ထည့်ထားသော ဇလုံကြီးတစ်လုံးကို လက်ညှိုးထိုးပြလိုက်သည် ။

" ဒီထဲထည့်ပေး "

မီယာက ခေါက်ထားသော ကြက်ဥအနှစ် ၊ နီယာက ခေါက်ထားသော ကြက်ဥအကာ ၊ လိုင်လာက အရည်ဖျော်ထားသော ထောပတ် စသည်တို့ကို ဇလုံထဲ တစ်လှည့်ဆီ လောင်းထည့်ကြသည် ။ ပြီးတာနဲ့ Afa ဂျုံ၊ သကြားနှင့် ထည့်လိုက်တဲ့ပါဝင်ပစ္စည်းများ ရောသမသွားစေရန် လက်ဖြင့် စနယ်ပါတော့သည် ။ ဂျုံက တအိုးကြီးဖြစ်၍ လူပါ လက်အံသေလောက်၏ ။ ဒါပေမယ့် Afa. မျက်နှာတွင် အပြုံးမပျက် ... ။

နန်းတွင်းသူလေးသုံးယောက်တို့ကမူ Afa အားကြိုးမာန်တက် အလုပ်လုပ်နေသည်ကို ဘေးနားမှ စောင့်ကြည့်နေကြသည် ။ တချိန်လုံး အသက်မဲ့စွာ နေနေခဲ့တဲ့ ကောင်မလေးကို အခုလိုတက်တက်ကြွကြွ မြင်ရတော့ သူမတို့လည်း ဝမ်းသာရ၏ ။

" ပင်ပန်းရင် ကျွန်မ နယ်ပေးမယ် ။ သခင်မလေးက နေမကောင်းသေးတာမို့ အိပ်ယာထဲ သွားပြန်လှဲနေလိုက်ပါ "

ဂျုံနယ်နေရင်း ဟောဟဲလိုက်ကာ ၊ နှဖူးစပ်မှာ ချွေးစို့လာ‌ပြီဖြစ်တဲ့ Afaရဲ့ ပုံစံကို ကြည့်နေရင်း ၊ နန်းတွင်းသူလေး မီယာမှ မနေနိုင်တော့ပဲ စိုးရိမ်တကြီး ဆို၏ ။ Afa တစ်ယောက် မနေ့ကပဲ အကြီးအကျယ်ဖျားနေခဲ့တယ် မဟုတ်လား ။

" ရပါတယ် , Afa လုပ်နိုင်တယ် "

Afa အလျော့မပေးချင် ... ။ မျက်နှာပေါ် ဝဲကျနေတဲ့ ဆံချည်မျှင်လေးတွေကို လေဖြင့်မှုတ်ထုတ်ရင်း အားတင်းလိုက်သည် ။

သို့သော် အတန်ကြာတဲ့အထိ ဂျုံက မနှံ့ပေ ။

ထိုအခါ မီယာနဲ့နီယာတို့ညီအစ်မမှာ ဘေးနားက လိုင်လာ (Lila) ကို ဝင်ပြောဦးဆိုတဲ့ အကြည့်ဖြင့် ပြိုင်တူလှည့်ကြည့်လိုက်ကြ၏ ။ သူမတို့ ခစားနေရတဲ့ သခင်မလေး ဘယ်လောက်ချူချာကြောင်း သူမတို့ အသိပဲ ။

" မဖြစ်ဘူး ၊ နေက အခုမှ ကောင်းခါစပြုတာ ။ ငါလုပ်မယ် ဖယ် "

Afa. ကိုယ်လုံးလေးကို လိုင်လာ တွန်းဖယ်လိုက်ကာ ၊ သူမ အစားဝင်နယ်‌လေ၏ ။

" အယ် Afa က ရပါတယ်ဆို ... "

Afa နှုတ်ခမ်းလေးထော်ကာ ကလန်မိသည် ။

ဒါပေမယ့် လိုင်လာမှာ မီယာတို့ ညီအစ်မနှစ်ယောက်နှင့်မတူပဲ၊ Afa အား သူမ၏ ညီမလေးတစ်ယောက်လို သဘောထားသဖြင့် Afa ကို လုံးဝမကြောက်ပါ ။ သူမနဲ့ဆို Afa ခေါင်းမာနေလို့ မရ ... ။

" Afa က ကိုယ့်လက်နဲ့ ကိုယ် လုပ်ချင်တာကို ... "

" လုပ်ပေးချင်သပဆိုလဲ သကြားတွေကို စကာနဲ့စစ်ထားပေး "

Afa မှာ အီလည်လည်နဲ့ ခိုင်းတာ လုပ်ရသည် ။ မီယာနဲ့ နီယာတို့ ညီအစ်မလည်း Afa ကို ကူရန် စကာအသီးသီးကိုင်ကာ အမှိုက်စလေးတွေဖြင့် ရောနေသော သကြားတွေကို လာဝိုင်းစစ်ပေးကြလေ၏ ။ မီးဖိုတစ်ခန်းလုံး သကြားမှုန်လေးများ တထောင်းထောင်းထလျက် ... ။

လိုင်လာက စကားနားထောင်နေတဲ့ ‌ကလေးမလေးတွေကို လှမ်းကြည့်ရင်း သဘောကျစွာ ပြုံးမိ၏ ။

တောထဲ Afa အား Sir Lynx ကျွေးခဲ့သော မုန့်ခြောက်လေးများကို သတိရမိတိုင်း Afa စိတ်မကောင်းဖြစ်နေရသည်မို့ ။ မိမိကိုယ်တိုင်ဖုတ်ထားသော ပေါင်မုန့်နှင့် ကွပ်ကီးတို့ကို Sir Lynx အား ‌ကျေးဇူးတင်တဲ့အနေနဲ့ ပေးချင်လို့ပါ ။

Afa လက်သီးလေး နှစ်ဖက်ကို တင်းတင်းဆုပ်ကာ အနည်းဆုံးတော့ Sir Lynx တစ်ယောက် အစာဝဝလင်လင်စားနိုင်ရေး သူမ တာဝန်ယူမည်ဟု စိတ်ပိုင်းဖြတ်မိ၏ ။

" ဒါနဲ့ သခင်မလေး , မုန့်တွေကို ဘယ်လိုပေးမှာလဲ ? အရှင်က ခွင့်ပြုပါ့မလား "

နီယာက သူမပါးစပ်ထဲ သကြားတစ်ဆုပ် ပက်ခနဲထည့်ရင်း မေးလာသည် ။ Afa ထိုအခါမှ တွေခနဲဖြစ်သွား၏ ။

ဟုတ်ပါတယ် ။ ဒေါသကြီးပြီး Afa အား အမြဲအော်ငေါက်နေတတ်တဲ့ ရှင်ဘုရင်လေးကို ဘယ်လိုနားချရမည်နည်း ? ဒါမှမဟုတ် သူ မသိအောင် ပေးလို့ရမယ့် နည်းလမ်းများ မရှိဘူးလား ?

" အရှင့်ကို ရှောင်ဖို့က ၊ လူနာဆောင်ကို ဘယ်သူမှ သံသယဖြစ်စရာမလိုတဲ့ နည်းနဲ့ ရောက်အောင် သွားနိုင်ရင်ရပြီ ။ အရှင်က လိုက်ကြည့်နေတာမှ မဟုတ်တာ "

မီယာက လူတိုင်းသိတဲ့ အချက်ကို သာမန်ကာလျှံကာ ပြောလိုက်ခြင်းပင် ။ သို့သော် Afa ရဲ့ ခေါင်းထဲ၌ အလင်းရသွားလေ၏ ။

" ဟုတ်သားပဲ ! လက်ထောက်သမားတော်လေး ဒီရေဂို ( Diego) ရှိတယ်လေ ! မီယာ ကျေးဇူးပဲ "

လက်သီးဆုပ်ကို လက်ဖဝါးပေါ် ထုကာ မျက်နှာလေးဝင်းသွားသော သူမတို့ သခင်မလေးရဲ့ စကားကို မီယာနှင့် နီယာ ကြားလိုက်ရသည်နှင့် စိုးရိမ်စိတ်များ တိုးလာလေတော့သည် ။

____________________________

အငယ်တန်းသမားတော် ဝတ်ရုံဖြူက Afaရဲ့ ကိုယ်ပေါ် အနည်းငယ် ချောင်နေ၏ ။ ပုံမှန်အားဖြင့် အငယ်တန်းအလုပ်သင် နန်းတွင်းသမားတော် ပေါက်စလေးတွေဟာ ဆယ့်သုံးဆယ့်လေးအရွယ် ကောင်လေးများသာ ဖြစ်ကြတာမို့ ဝတ်စုံအရှည်ကတော့ Afa နဲ့ ကွက်တိပင် ။

ဝတ်စုံခပ်ပွပွကြီးနှင့် အပြာနုရောင် ခေါင်းပေါင်းကို စွတ်ထားကာ ကိုးယိုးကားယားနဲ့ပဲ လူနာဆောင်အထိ Afa ရောက်လာပြီ ။ သမားတော်လေး ဒီရေဂိုကတော့ အတူလိုက်ပေးရလောက်တဲ့အထိ မစွန့်စားရဲသဖြင့် လမ်းပဲညွှန်ပေးပါသည် ။

နန်းတွင်းလူနာဆောင်မှာ သုံးထပ်ဆောင်ကြီးတစ်ဆောင်ဖြစ်ကာ ၊ ရာထူးအလိုက် အလွှာခွဲထားသည် ။ အပေါ်ဆုံးအလွှာတွင် တော်ဝင်သူရဲကောင်း(Royal Knights)များကို ကုသပေးတာမို့ ၊ Sir Lynx အား ထိုအလွှာတွင် အလွယ်ရှာလိုက်လို့ရတယ်လို့ ပြောခဲ့၏ ။

Afa တစ်ယောက် ခြင်းတောင်းကို ကျစ်ကျစ်ဆုပ်လျက် ၊ လူနာဆောင်ထဲ ခပ်တည်တည်ဝင်သွားလိုက်သည် ။

ကံကောင်းချင်တော့ ဘယ်သူမှ တကူးတက သတိမထားမိကြ ... ။ လူတိုင်း ဟိုပြေးဒီပြေးနှင့် အလုပ်ရှုပ်နေကြသည် ။ လူနာဆောင်က သည်လိုပဲ အမြဲရုတ်ရုတ်သဲသဲ ဖြစ်နေတတ်တာလား မပြောတတ်ပေမယ့် ၊ အဖြူရောင်ဝတ်စုံဖြင့် လူများကြားထဲ သမားတော်အယောင်ဆောင်လေးဟာ ဝင်ဆန့်နေပြီထင်၏ ။

Afa တုံ့ဆိုင်းမနေပဲ ဒီရေဂို ညွှန်းတဲ့အတိုင်း အပေါ်ဆုံးအထပ်ကို အမြန်တက်သွားလိုက်သည် ။

ဟိုရောက်တော့ Sir Lynx ကုသမှု ခံယူနေသော လူနာခန်းမှာ အရေးပေါ် သီးသန့်ကုအပိုင်းတွင် တည်ရှိကြောင်း တွေ့လိုက်ရသဖြင့် Afa စိတ်ပူသွား၏ ။ ဝံပုလွေတစ်အုပ်နဲ့ တစ်ယောက်တည်း ယှဉ်တိုက်ခဲ့တာမို့ အပြင်းအထန်ဒဏ်ရာရသွားမယ်ဆိုတာ ခန့်မှန်းမိသော်လည်း အရေးပေါ်ခန်း၌ သီးသန့်ထားရတဲ့အထိ ပြင်းမည်ဟု မထင်ခဲ့ပေ ။

အရေးပေါ်ခန်းများကို ဟိုအခန်းဖွင့် ဒီအခန်းဖွင့်နှင့် ရှာလိုက်တာ နောက်ဆုံး အိပ်ယာပေါ် နောက်ကျောပေး ထိုင်နေတဲ့ ယောင်္ကျားလေးတစ်ယောက်ကို တွေ့လိုက်ရသည် ။ ကျန်အခန်းတွေ လူလွတ်နေပြီး အခုမှ အရေးပေါ်လူနာတစ်ဦးကို ‌တွေ့ရတာဖြစ်၏ ။

ထိုသူ၏ ငွေရောင်ဆံနွယ်တွေမှာ ကျောလယ်အထိ ရှည်ပြီး ဆံပင်ကို စုစည်းထားတာဖြစ်သည် ။ Afa တံခါးဖွင့်လိုက်တဲ့ အသံကြားတယ်ထင်၏ ။ ထိုသူ လှည့်ကြည့်လာသည် ။ သူ၏ မျက်လုံးတွေကို အရှေ့ဆံမိတ်ထူထူတွေ ဖြင့် ဖုံးကာနေကာ ၊ မျက်နှာတစ်ခုလုံးပေါ်မှာ ဖြူဖျော့သောနှုတ်ခမ်းပါးတစ်စုံကိုသာ ထင်းထင်းမြင်နိုင်သည် ။

သေချာပါပြီ ။ ဒါဟာ Afa ရဲ့ အသက်သခင်ပင် ။

Afa ဝမ်းသာအားရ ခေါ်လိုက်၏ ။

" Sir Lynx ! "

ဒါပေမယ့် sir Lynx မှာ Afa ကို မြင်သည်နှင့် အိပ်ယာပေါ်မှ ငေါက်ခနဲထကာ တောင့်တောင့်ကြီးရပ် ကြည့်နေလေ၏ ။ အတော်လန့် သွားတဲ့ပုံပင် ။

သူ၏ ကိုယ်ပေါ်၌ သွေးစို့နေသော ပတ်တီးဖြူများ အပြည့် ... ။ ဒဏ်ရာအတော် ပြင်းထန်ပုံပေါ်သည် ။

Afaရဲ့ အပြစ်ရှိစိတ်က တိုးသထက်တိုးလာ၏ ။

" ဟို ... Afa ကို ကာကွယ်ပေးခဲ့တာ ကျေးဇူးတင်တဲ့ အနေနဲ့ လာတွေ့တာပါ ။ ဒါလေးလည်း ပေးချင်လို့ ... "

စပျစ်သီးခြောက် ပေါင်မုန့်တွေ ၊ သကြားညိုတွေ ဖြူးထားတဲ့ ကွပ်ကီးတွေ ၊ ထောပတ်ကိတ်တွေ စသဖြင့် မုန့်အပြည့်ထည့်ပေးထားသည့် ခြင်းတောင်းကို ရှေ့တိုးပြီး ကမ်းပေးလိုက်တော့ ထိုသူ အနောက်ကို ဆုတ်သွားသည် ။ မသိရင် Afa က ‌သူ့ကို ကိုက်စားတော့မယ့်အတိုင်း ... သူ့အနားကပ်လာတာ မလိုလားပုံပင် ။

" ဘာ ... ဘာလာလုပ်တာလဲ ? ဒီကိုလာတာ အရှင် သိရင် ... "

ထေ့ထေ့ငေါ့ငေါ့ မေး၏ ။ Afa လည်း အဲဒီတော့မှ ထိုလူ၏ ကြောက်လန့်နေတဲ့ အပြုအမူကို နားလည်တော့သည် ။

" စိတ်မပူပါနဲ့ အရှင် မသိပါဘူး "

" အရှင်က အကုန်သိတယ် ! "

ဝံပုလွေနက် တစ်အုပ်ကြီးကိုတောင် ရဲရဲတောက် ရင်ဆိုင်ခဲ့တဲ့ သူရဲကောင်းတစ်ယောက်က ဒီလောက်အထိ ကြောက်အားလန့်အား ဖြစ်ပြတော့ Afa ပါ လန့်ရပါပြီ ။

ဧကရာဇ်ဟာ ရက်စက်‌ကြမ်းတမ်းပေမယ့် သူ၏ လက်အောက်ငယ်သားများအား ရင်ဝယ်သားကဲ့သို့ ကြင်နာစွာအုပ်ချုပ်သည်ဟုပဲ ကြားဖူးပါသည် ။ ဒီလောက် လန့်စရာမလိုပါဘူး ။ လန့်မယ့်လန့် သူ့ရဲ့ လက်အောက်ငယ်သားလည်းမဟုတ် ၊ အစေခံလည်းမဟုတ် ၊ ဟိုမရောက်ဒီမရောက်ဖြစ်‌နေတဲ့ Afa က ‌လန့်ရမှာ ။

သို့ပေမယ့် sir Lynx ကို Afa စိတ်အေးစေလိုတာမို့ ၊ ခြင်းတောင်းလေးကို ကြမ်းပြင်မှာပဲ ချပေးလိုက်သည် ။ ပြီးနောက် ‌ကျေးဇူးတင်တဲ့အနေဖြင့် ခေါင်းလေးငုံ့ကာ စိတ်ထဲမှ ကျေးဇူးတင်စကားဆိုပြီး ထွက်သွားရန် လှည့်ထွက်လိုက်၏ ။

ထိုစဉ် အခန်းတံခါး ရုတ်ချည်း ပွင့်သွားကာ မိန်းမပျိုလေးတစ်ယောက် ဝင်ချလာတော့သည် ။ သူမအနောက်မှ သမားတော်များအပြင် ၊ ရံရွေတော်များ ၊ သက်တော်စောင့်များပါ လိုက်ပါလာခဲ့သည် ။

အနှီမိန်းမပျိုလေးမှာ နို့နှစ်ပမာဖြူစင်လှသည့် သူမ၏ အသားအရည်ပေါ်တွင် ခရမ်းရင့်ရောင် ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး ၊ ထိုဝတ်ရုံရှည်ပေါ်၌ ပတ္တမြား ကျောက်စိမ်း စတဲ့ကျောက်မြတ်များကို ရွှေကြိုးဖြင့်သိုင်းကွပ်ထား၏ ။ သူမရဲ့ လည်တိုင် ၊ လက်ကောက်ဝတ်နှင့် နားနှစ်ဖက်မှာလည်း တောက်ပသော ရွှေရောင်လက်ဝတ်တန်ဆာတို့ကို ဆင်ယင်ထားလေ၏ ။ ဦးခေါင်းပေါ်၌ ဆံတုံးခပ်ကြီးကြီးတစ်ခု ထုံးတင်ထားကာ ၊ သစ်ခက်ကဲ့သို့ ဖြာထွက်နေတဲ့ ရွှေရောင်ကိုင်းဖြင့်ဆံထိုးကို ပန်ထားလေသည် ။

သူမရဲ့ လက်ဝဲတွင် ပန်းရောင်တောက်တောက်တစ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသမီးရံရွေတော် နှစ်ဦးပါပြီး ၊ လက်ယာဖက်တွင် မိန်းမဆန်ဆန် မိက်ကပ်အဖြူစွတ်စွတ်ကြီးကို မျက်နှာတစ်ခုတည်းကွက်၍ လိမ်းချယ်ထားသည့် အစိမ်းရောင်ဝတ်ရုံနဲ့ ဝဖိန့်ဖိန့် ယောင်္ကျားကြီး တစ်ဦးရပ်‌နေ၏ ။ ထိုသူတို့ရဲ့ အဝတ်အစားဆင်ယင်ပုံမှာ ဆန်းပြားလွန်းသဖြင့် နိုင်ငံရပ်ခြားမှ လာသော သူများဖြစ်ကြောင်း တန်းသိနိုင်သည် ။

" မဟာ ဟန်ဇန်ပြည်ကြီးရဲ့ အိမ်ရှေ့မင်းသမီး ရှားဟန်ဇန် ( Sha Han Zen ) ကြွမြန်းလာတယ် ! အားလုံး ဒူးထောက်ဝပ်တွား အရိုအသေပေးကြစမ်း ! "

‌ခပ်ဝဝမိန်းမစိုးကြီးက ၎င်း၏စူးရှလွန်းသည့် အသံဆာဆာဖြင့် ထိုသို့ ကြေညာလေ၏ ။

Afa မှာ ပါးနပ်စွာ အမြန်ဒူးထောက်ချလိုက်သည် ။ သို့သော် Sir Lynx မှာမူ တုံ့တုံ့မျှမလှုပ်ပဲ ရပ်ကြည့်နေစဲ ... ။

အဲဒါကို မြင်တော့ မိက်ကပ်တွေလိမ်းထားသော မျက်နှာဖြူ မိန်းမစိုးမှာ sir Lynx ဆီ ‌ဒေါကြီးမောကြီးဖြင့် လျှောက်သွားကာ ပါးတစ်ဖက်ကို ဖြန်းခနဲ ရိုက်ချလိုက်တော့သည် ။ ထိုမိန်းမစိုးကြီးမှာ sir Lynx နဲ့ယှဉ်လျှင် အရပ်တစ်ဝက်စာမျှ ပုသေးသော်လည်း လက်သံပြောင်လှသည် ။ မသိလျှင် သူတပါးကို ပါးရိုက်ခြင်းက ထိုသူ အမြဲတမ်းပြုလုပ်နေကြအတိုင်း ... ။

" Sir ... Sir Lynx ! "

Afa မှာ မြန်ဆန်လှသော အဖြစ်အပျက်ကြောင့် လွန်စွာ တုန်လှုပ်သွားရ၏ ။ Sir Lynx ဟာ လူနာတစ်ယောက်ဖြစ်တာမို့ မလဲကျသွားစေရန် စိုးရိမ်တကြီး သွားပြေးထူပေးလိုက်သည် ။

" ရိုင်းစိုင်းလိုက်လေ ! အိမ်ရှေ့မင်းသမီးအရှေ့ ‌ခေါင်းတောင်မဖော်ရဘူးဆိုတာ မသိဘူးလား ? "

ထသွားတဲ့ Afa ကိုပါ ထိုမိန်းမစိုးကြီးက အော်ငေါက်ဆူပူလေ၏ ။

" ဟင်း , မင်ကုန်းကုန်း တော်တော့ ။ ငါ ဒီကို ကြွလာတာ ဟန်ဇန်ရဲ့ မြင့်မားတဲ့ ဆေးပညာနဲ့ Xavia ရဲ့ ပြည်သူတွေကို ကယ်တင်ပေးဖို့ပဲ ။ ပူဇော်ခယမှုတွေ ခံယူဖို့ မဟုတ်ဘူး "

ရှားဟန်ဇန်က သူမ၏ လက်သွယ်သွယ်ကို ဝှေ့ယမ်းလျက် ကုန်းကုန်းအား တားမြစ်လိုက်သည် ။ ဒီလောက်ဆို သူမရဲ့ အာဏာကို စမ်းသပ်ဖို့ လုံလောက်ပြီလေ ။ ဒီနိုင်ငံရဲ့ အနာဂတ် ဧကရီအလောင်းလျာ တစ်ယောက်အနေနဲ့ ဒီတိုင်းပြည်ရဲ့ ပြည်သူတွေ သူမအား ရိုကျိုးနေဖို့ ယခုတည်းက အစပြုထားရမယ် မဟုတ်လား ။

" ကဲ အမှုထမ်းငယ်လည်း အခြေအနေကို သဘောပေါက်ပြီဆိုရင် မြန်မြန်အရိုအသေပေးပြီး တောင်းပန်တော့ ... ။ ဒါမှ ကုသမှု စလို့ရမှာ "

သူမတို့၏ တိုင်းပြည်မှာ ထိုသို့ပြောပုံဆိုပုံက ပုံမှန်ပဲလား မပြောတတ်သော်လည်း Afa ရဲ့ နားထဲမှာတော့ အတော် သဘာဝမကျလှ ။ မာနကြီး ၊ စည်းကမ်းကြီးလွန်းပါသည့် Xavia ဧကရာဇ်ကိုယ်တိုင်ကတောင် သူရဲကောင်းတွေကို လေးစားသမှုပေးကာ ဆက်ဆံသည် ။ ဒါ့အပြင် Xavia မှာ ဘယ်သူမှ မမှားပဲ တောင်းပန်ရရိုးမရှိ ။ တိုင်းတပါးက မင်းသမီးတစ်ပါးက Xavia အင်ပါယာ၏ သူရဲကောင်းတစ်ဦးကို သည်လို ရိုက်နှက်လို့ရမယ် မထင် ... ။

ဒါပေမယ့် Afa ဘယ်လို ခံစားရသလဲက ဘယ်အရေးပါမလဲလေ ... ။

Afa ကတော့ ဒီနိုင်ငံမှာ အရေးပါအရာရောက်တဲ့ သူရဲကောင်းရော ၊ အမှုထမ်းပါ မဟုတ်သဖြင့် ဒူးပြန်ထောက်ရန် ပြင်လိုက်သည် ။ သို့သော် ဒူးတောင် ကြမ်းပြင်ကို မထိရသေး ... sir Lynx က Afa ရဲ့ လက်မောင်းကို လှမ်းဆွဲထားလိုက်သည် ။ ထို့နောက် ခေါင်းပြသည် ။

" ဟန်ဇန်ရဲ့ အိမ်ရှေ့မင်းသမီးကို အရိုအသေပေးပါတယ် "

Sir Lynx က လက်ဖဝါးကို ဘယ်ဖက်ရင်ဘက်ပေါ်ဖိလျက် ခါးအနည်းငယ်ကိုင်းကာ ၊ Xavia ၏ တော်ဝင်သူရဲကောင်းများ သင်ယူထားခဲ့တဲ့အတိုင်း နှုတ်ဆက်လိုက်လေသည် ။ တော်ဝင်သူရဲကောင်းဘွဲ့ရထားသူတို့သည် သူတို့၏ ဧကရာဇ်တစ်ပါး ရှေ့ကလွဲလျှင် ဘယ်သူရှေ့မှာမှ ဒူးထောက်ရှိခိုးကြရိုး မရှိ ။

" ကျွတ် မင်း မင်း ... "

မိန်းမစိုး မင်ကုန်းကုန်းမှာ လက်ညှိုးတထိုးထိုးနှင့် ၊ Xavia သားတို့၏ ယဉ်ကျေးမှုမဲ့ပုံကို အံ့ဩလွန်းသဖြင့် ပြောစရာစကားမရှိ ဖြစ်လျက် ... ။ ကြံရာမရတော့ သူ၏ သခင်မဖက်ကိုလှည့်ပြီး အရိပ်အကဲကြည့်သည် ။ ရှားဟန်ဇန်၏ မျက်နှာမှာ တင်းမာလို့နေပြီ ။

Sir Lynx ကတော့ သူ လုပ်သင့်သည်ကို လုပ်ပြီးပြီမို့ ကျန်တာ သူ့ကိစ္စမဟုတ်ဟန် ... ဘာကိုမှ ဖြေရှင်းဖို့ စိတ်ကူးမရှိ ။

ဘာမှမဟုတ်တဲ့ ကိစ္စလေးက‌နေ ပြဿနာတွေ ပိုကြီးလာမှာ စိုးသဖြင့် Afa ဝင်ရှင်းပြရန် ကြိုးစားပမ်းမိသည် ။

" အိမ်...အိမ်ရှေ့ မင်းသမီး ခများ , Xavia အင်ပါယာမှာ သူရဲကောင်းဘွဲ့ခံတို့ဟာ ဧကရာဇ်မြင်းမြတ်ကိုကလွဲပြီး ဘယ်သူ့ကိုမှ အမြင့်ဆုံး‌အရိုအသေပေးမှုကို ပြသလို့မရတာမို့ ခွင့်လွှတ်ပေးစေလိုပါတယ် "

ခါးလေးကိုင်းကာ အသေအချာ ရှင်းပြနေရှာတဲ့ သမားတော်လေးကို ရှားဟန်ဇန် မျက်လုံးမှေးကာ ကြည့်သည် ။
သူမလို အိမ်ရှေ့မင်းသမီးတစ်ပါးက ဒါကို မသိပဲနေပါ့မလား ? သူမက အမိန့်ပေးလျှင် အသက်သေဆို သေပေးရမှာ နိမ့်ကျတဲ့ စေကျွန်တွေရဲ့ အလုပ်မဟုတ်လား ?

သမတီစရာက သူမအား ဘာမဟုတ်တဲ့ သမားတော်တစ်ယောက်က တိုက်ရိုက်စကားဆိုရဲသတဲ့ ... ။

တစ်ဖက်က ဘာမှမပြောလာသဖြင့် Afa မှာ ဘာလုပ်လို့ ဘာကိုင်ရမလဲမသိ ဖြစ်နေမိသည်။

ရှားဟန်ဇန် ထိုသမားတော်ငယ်အား စူးစိုက်ကြည့်နေရင်း ဟန်ပါပါ မျက်နှာလွှဲလိုက်လေသည် ။ ထိုအမူအရာ၌ ဘာသဘောပါသည်မသိ ၊ ချက်ချင်း Afa ရဲ့ ပါးပြင်လေးပေါ်သို့ လက်ဖဝါးတစ်ဖက် ဦးတည်၍ လာတော့သည် ။

Afa မှာ ရင်ထိတ်သွားကာ မျက်လုံးကို တင်းတင်းမှိတ်လိုက်၏ ။

" ဘာလုပ်တာလဲ ... "

အသံကိုကြားပြီး မျက်လုံးပြန်ဖွင့်ကြည့်လိုက်သောအခါ မင်ကုန်းကုန်းဆိုသူ၏ လက်ကောက်ဝတ်ကို Sir Lynx တစ်ယောက် ဖမ်းချုပ်ထားပြီးနေပြီ ။

" အား ! လွှတ်စမ်း ! အရိုင်းအစိုင်းတွေ ! "

အော်ဟစ်သံတို့ဖြင့် အခန်းတစ်ခုလုံး ညံနေပြီ ။

Sir Lynx ကတော့ တစ်ဖက်လူရဲ့ အမူအရာကို ဂရုတောင်မထား ... ။ မိန်းမစိုးကို ပြန်တွန်းထုတ်လိုက်သည် ။

" ဒီသမားတော်က ကျွန်တော်မျိုး ဒဏ်ရာရနေနဲ့တစ်လျောက် ပြုစုပေးခဲ့တဲ့ သူဖြစ်တာကြောင့် သူက မင်းသမီးအပေါ် တစ်စုံတစ်ရာ အမှားပြုမိခဲ့ရင် ၊ ကျွန်တော်မျိုးက အရှင့်ဆီကနေ ခွင့်ပြုချက်တောင်းပြီး မင်းသမီးပေးတဲ့ အပြစ်ဒဏ်ကို အစားခံယူပေးပါမယ် "

Sir Lynx ရဲ့ တစ်ကိုယ်လုံးက ပတ်တီးဖွေးဖွေးကို လူတိုင်း မြင်နိုင်သည် ။ ဒီလောက် အပြင်းအထန် အနာတရဖြစ်ထားတဲ့ လူနာအား အပြစ်ပေးမိရင် လူတိုင်း လက်ညှိုးဝိုင်းထိုးကြမှာ သေချာသည် ။

ထိုအခိုက်တန့်တွင် ရှားဟန်ဇန်သည် သူမရဲ့ အနေအထားကို ပြန်လည်သုံးသပ်ပြီးပြီ ။ ထပ်ပြီးရှေ့ဆက်လျှင် သူမသာ နာမည်ပျက်တော့မည် ။

သူမတို့ ဟန်ဇန်ပြည်မှာ မြင့်မြတ်တဲ့တော်ဝင်မျိုးရိုးနွယ်တို့၏ ရှေ့မှောက် ဘယ်သူမှ မရောက်တက်ရဲ... ခွင့်မပြုပဲ စကားဆိုဖို့ မပြောနှင့် ၊ မျက်နှာကိုတောင် မော်ကြည့်ခွင့်မရ ။ Xavia မှာကတော့ တော်ဝင်မျိုးနွယ်အရှေ့ ကြမ်းပြင်ပေါ် ဝပ်တွားခစားဖို့ မပြောနှင့် အရိုအသေတန်တဲ့အထိ ရဲတင်းကြသည် ။ ဒါဟာ ကြမ်းတမ်းတဲ့ မြောက်ပိုင်းမြေ Xavia ပင် ။

သူမကို ရိုသေရကောင်းလား မကြာခင် ဒီလူတွေ သိမှာပဲလေ ... ။ ဧကရာဇ်ကိုယ်တိုင်က သူမအား လူနာဆောင်ကို ခဏသွားကြည့်ပေးဖို့ ပြောခဲ့တာပဲ မဟုတ်လား ?

ဒီအချိန်လောက်ဆို လူတိုင်း သတိထားမိလောက်ပါပြီ ။ Xavia Ash နဲ့ သူမ , ရှားဟန်ဇန်ဟာ ‌အစတည်းကရင်းနှီးခဲ့ သူတွေလို့ ... ။ သူမသာ ဒီအင်ပါယာကြီးရဲ့ ဧကရီဖြစ်မှာမို့ ... ။

" သူရဲကောင်းငယ်ရဲ့ အနစ်နာခံတတ်မှု‌ကို အလေးထားသောအားဖြင့် ရိုင်းစိုင်းမှုကို ငါ ခွင့်လွှတ်ပေးတော်မူတယ် ။ သမားတော်ငယ်လည်း နောက်ဆို သတိထားပါ ။ ဒီလို ယဉ်ကျေးမှုမသိပုံနဲ့ ဧကရာဇ်မင်းရဲ့ အမှုတော်ကို ဘယ်လိုထမ်းမလဲ "

စကားတွေက မတရားပါသော်လည်း Afa ဘာမှ မလုပ်နိုင်ပါ ။ ဧကရာဇ်ငယ်အား မဆီမဆိုင်တောင်းပန်ရစဉ်က ဤမျှ ခံရမခက်ခဲ့ ... ။ Afa သူ့အပေါ်တော့ အပြစ်ရှိစိတ်တစ်စုံတစ်ရာ ခံစားမိလို့ပဲနေမည် ။

တောင်းပန်ရခြင်း တူသော်လည်း ဒီတခါ မလိုလားပေ ။

ရာထူးနိမ့်သူတို့အား တမင် အာဏာပြကာ ရှိခိုးမှုလိုအပ်နေသည့် အနှီအိမ်ရှေ့မင်းသမီး ဟူသော မိန်းမပျိုလေးကို ငေးကြည့်နေရင်း Afa တစ်ခုသဘောပေါက်လိုက်သည် ။

အစစ်အမှန် ဩဇာအာဏာနှင့် ဘုန်းတန်ခိုး ရှိသူတို့သည် အခြားသူများထံမှ အရိုအသေပေးဖို့ ဘယ်တော့မှတောင်းဆိုရရိုး မရှိခဲ့ ... ။ အဘယ်ကြောင့်ဆိုသော် ရိုသေလေးစားမှု ဟူသည် လေးစားထိုက်သူတို့ထံသာ သဘာဝအလျောက်လာ အရာဖြစ်လို့ပင် ။

အနှီမင်းသမီးသာ တကယ် မြင့်မြတ်လျှင် သူတပါးဆီက အရိုအသေကို ဤမျှငတ်နေမည်မထင် ... ။

" ... ဟုတ်ကဲ့ , အိမ်ရှေ့မင်းသမီး ကျေးဇူးကြီးမားလှကြောင်းပါ ။ ကျွန်တော်မျိုး မှတ်သားထားပါ့မယ် "

ဆက်ပြီး Sir Lynx အတွက် အလုပ်မရှုပ်စေလိုသဖြင့် Afa လိုက်လျောညီထွေ ‌ပြောဆိုလိုက်ရသည် ။

ဤမင်းသမီးဟာ ဆေးပညာထွန်းကားတဲ့ ဟန်ဇန်ပြည်က လာတာမို့ သူမနဲ့ ပြဿနာနည်းမှ ဒဏ်ရာရနေတဲ့ Sir Lynx အတွက် အကျိုးရှိမှာ ဖြစ်သည် ။ သူမ ပြောခဲ့တဲ့ စကားအရ ၊ Xavia ပြည်သူတွေကို ကုသပေးဖို့ သူမ ကြွလာတာဟု ဆိုတာကြောင့် Xavia အတွက်လည်း အဖိုးတန်တဲ့ မဟာမိတ်ပင် ။

သမားတော်အတုကလေးမှ ‌အားလုံးခေါင်းခံကာ တောင်းပန်ပေးပြီးသွားပြီမို့ ဟန်ဇန်မင်းသမီးဖက်မှ ဆက်လက် ပြဿနာမရှာ‌တော့ပေ ။ Sir Lynx ၏ ဒဏ်ရာများကို ကြည့်ပေးရန် စတင်ပြင်ဆင်‌နေကြပါတော့သည် ။

Afa လည်း အချိန်အခါကြည့်ပြီး ခေါင်းကလေး တငုံ့ငုံ့ဖြင့် အခန်းအဝကို ကုပ်ကုပ်လေး လျှောက်သွားလိုက်သည် ။ ထို့နောက် ဘယ်သူမှ သတိမထားမိခင် တံခါးလက်ကိုင်ဘုကို လှည့်သည် ။ သို့ပေသိ ကံက ဆက်တိုက်ဆိုး၏ ။

အခန်းတံခါးမှာ ရုတ်တရက် ပွင့်သွားပြီး မြင့်မားသော အရပ်ကြီးဖြင့် ယောင်္ကျားတစ်ယောက် ထပ်ဝင်လာပြန်သည် ။ ထိုအခိုက်တန့် အခန်းဝမှာ ရပ်နေတဲ့ Afa ဟာ မာကျောသော နံရံကြီးဖြင့် တိုက်မိသွားပြီဟုတောင် ထင်လိုက်သည် ။ သေးငယ်တဲ့ Afa. ကိုယ်လေး အနောက်ကိုပါ ယိုင်သွားရတယ် ... ။

" ဟင် ? Afa ... ? "

အာမေဍိတ်သံနှောနေတဲ့ ခေါ်ပုံက ဘယ်သူ့ဆီကလဲ သိလိုက်ပါပြီ ။ နံရံကြီး၏သရုပ်မှန်ဟာ ဧကရာဇ်လေး ဖြစ်နေသကိုး ... ။

Afa သူ့အား ‌မော့တောင်မကြည့် ။ သူ ဘာမှမပြောခင် ၊ ပွင့်သွားတဲ့ တံခါးကြားထဲ လှစ်ခနဲတိုးကာ အခန်းထဲက ပြေးထွက်ခဲ့တော့သည် ။

သူမဖာသာ နင်ဂျာအကွက်နင်းပြီး လွတ်ပြီထင်‌သွားမှာ ... ။ ဒါပေမယ့် Ash အသေအချာ မြင်လိုက်သည် ။ နှေးကွေးပြီး သေးငယ်တဲ့ ခြေထောက်တိုတိုလေးတွေနဲ့ သူမ ဘယ်လောက်လျင်နိုင်မလဲ ။ သူ အလျော့ပေးပြီး တမင်လွှတ်ပေးလိုက်တာပေါ့ ။

အစဉ် တည်ငြိမ်အေးစက်နေတဲ့ မျက်နှာချောချော၌ မထိန်းနိုင်ပဲ ပြုံးရိပ်သမ်းသမ်းကလေး ‌ပြေးသွား၏ ။

ထိုအမူအရာကို ဖမ်းမိလိုက်တဲ့ ရှားဟန်ဇန်၏ လက်တွေ တဆတ်ဆတ်တုန်ယင်လာသည် ။ သူမ၏ အသိစိတ်က အလေးအနက်မဟုတ်လောက်ပါဘူးလို့ ပြောနေသော်လည်း ၊ တစ်စုံတစ်ရာက သူမကို အန္တရာယ်ဖြစ်ကြောင်း သတိပေးနေခဲ့သည် ။

အဲ့ဒါ သာမန်သမားတော်လေးတစ်ယောက်ပါပဲ ။ အဲ့ဒါ မယဉ်ကျေးတဲ့ နိမ့်ပါးသူတစ်ယောက်ပါပဲ ။ အဲ့ဒါ ယောင်္ကျားလေးတစ်ယောက်ပဲ ။

ယောင်္ကျားလေး ... ? ဟုတ်ရဲ့လား ?

ဝါဝင်းတဲ့ဖြူစင် အသားအရည် ။ သွယ်လျသော ကိုယ်လုံး ။ နုဖတ်သန့်ရှင်းနေတဲ့ မျက်နှာသေးသေး ... အသေအချာသတိထားလိုက်လျှင် ကြည့်ကောင်းသည်ထက် ပိုမည် ။

အဲ့ဒီကောင်လေး ... မဟုတ်ဘူး အဲ့ဒါ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ယောက်ပဲ ။

Xavia ဧကရာဇ်ဟာ သမားတော်လေးတစ်ယောက်ကို မေတ္တာသက်ဝင်နေသည်လော ?

ရှားဟန်ဇန် ဧကရာဇ်ရဲ့ ပြန်လည်ခေါက်သိမ်းသွားသော ချိုမြိန်တဲ့အကြည့်တွေကို အထပ်ထပ် အခါခါ မြင်ယောင်ရင်း တုန်လှုပ်ရသည် ။

ထိုသူ သူမကို လှည့်ကြည့်လာတဲ့အခါ နွေးထွေးမှုတွေ မရှိတော့ ... ။ ခဏက လူကလွဲလျှင် ကျန်တဲ့သူတွေက သူ့ကြင်နာမှုနဲ့ မထိုက်တန်သကဲ့သို့ပင် ။

နတ်ဘုရားသဖွယ် လှပ‌ပေမယ့် နတ်ဆိုးသဖွယ် သွေးအေးသော ထိုယောင်္ကျားဟာ ဘယ်သူ့အတွက်မှ မယိမ်းယိုင်ခဲ့တာမို့ ခွန်အားကြီးခဲ့သည် ။ သူမ ရှားဟန်ဇန်ဟာ ထိုအင်အားကို အထောက်အပံ့ဖြစ်စေမယ့် တည်ရှိမှုဖြစ်ချင်ခဲ့သည် ။

ဒါပေမယ့် ... ထိုသူ နူးညံ့ကြင်နာမှုကိုပြတဲ့အခါ ဤမျှ တက်မက်ဖွယ်ကောင်းတာ သိခဲ့ရင် ... ၊ ထိုသူထံမှ နွေးထွေးတဲ့အကြည့်ကို မြင်ရတဲ့အခါ ဤမျှသာယာရကောင်း သိခဲ့ရင် ... သူမ အားအင်ထက် အားနည်းချက်ပဲ ဖြစ်ချင်ပါတော့သည် ။

နတ်ဘုရားကို ပြိုလဲစေတဲ့ ခဏက ကောင်မလေးလို ... ။

______________________________
Ash : " pftt, ခြေတိုလေးတွေနဲ့ ပြေးနေတယ် "

Afa : 😣

_____________________________
_____________________________

#Zawgyi

ႏွစ္ေပါင္းမ်ားစြာ ပိုးအိမ္ေတြျဖင့္ ပိတ္ေနခဲ့သည့္ ႏွင္းရည္ေသာက္နန္းရဲ႕ မီးဖိုေခ်ာင္ထဲမွ မီးခိုးေခါင္းတိုင္ေလးသည္ ယေန႔မွာမူ အေငြ႕တလူလူႏွင့္... ။ တစ္မနက္လုံး အိုးခြက္အသံဗလံမ်ားျဖင့္ အသက္ဝင္လို႔ေနသည္ ။

" လိုင္လာ ၊ မီယာ ၊ နီယာ ၊ ... အဆင္သင့္ျဖစ္ၿပီလား ? "

Afa ေခၚလိုက္သည္ႏွင့္ နန္းတြင္းသူေလးသုံးဦးတို႔မွာ သူမတို႔အား တာဝန္ယူခိုင္းထားေသာ ခြက္အသီးသီးကိုမကာ ေခါင္းညိတ္ျပ၏ ။ Afa က အျဖဴမႈန႔္မ်ား ထည့္ထားေသာ ဇလုံႀကီးတစ္လုံးကို လက္ညႇိဳးထိုးျပလိုက္သည္ ။

" ဒီထဲထည့္ေပး "

မီယာက ေခါက္ထားေသာ ၾကက္ဥအႏွစ္ ၊ နီယာက ေခါက္ထားေသာ ၾကက္ဥအကာ ၊ လိုင္လာက အရည္ေဖ်ာ္ထားေသာ ေထာပတ္ စသည္တို႔ကို ဇလုံထဲ တစ္လွည့္ဆီ ေလာင္းထည့္ၾကသည္ ။ ၿပီးတာနဲ႔ Afa ဂ်ဳံ၊ သၾကားႏွင့္ ထည့္လိုက္တဲ့ပါဝင္ပစၥည္းမ်ား ေရာသမသြားေစရန္ လက္ျဖင့္ စနယ္ပါေတာ့သည္ ။ ဂ်ဳံက တအိုးႀကီးျဖစ္၍ လူပါ လက္အံေသေလာက္၏ ။ ဒါေပမယ့္ Afa. မ်က္ႏွာတြင္ အၿပဳံးမပ်က္ ... ။

နန္းတြင္းသူေလးသုံးေယာက္တို႔ကမူ Afa အားႀကိဳးမာန္တက္ အလုပ္လုပ္ေနသည္ကို ေဘးနားမွ ေစာင့္ၾကည့္ေနၾကသည္ ။ တခ်ိန္လုံး အသက္မဲ့စြာ ေနေနခဲ့တဲ့ ေကာင္မေလးကို အခုလိုတက္တက္ႂကြႂကြ ျမင္ရေတာ့ သူမတို႔လည္း ဝမ္းသာရ၏ ။

" ပင္ပန္းရင္ ကြၽန္မ နယ္ေပးမယ္ ။ သခင္မေလးက ေနမေကာင္းေသးတာမို႔ အိပ္ယာထဲ သြားျပန္လွဲေနလိုက္ပါ "

ဂ်ဳံနယ္ေနရင္း ေဟာဟဲလိုက္ကာ ၊ ႏွဖူးစပ္မွာ ေခြၽးစို႔လာ‌ၿပီျဖစ္တဲ့ Afaရဲ႕ ပုံစံကို ၾကည့္ေနရင္း ၊ နန္းတြင္းသူေလး မီယာမွ မေနႏိုင္ေတာ့ပဲ စိုးရိမ္တႀကီး ဆို၏ ။ Afa တစ္ေယာက္ မေန႔ကပဲ အႀကီးအက်ယ္ဖ်ားေနခဲ့တယ္ မဟုတ္လား ။

" ရပါတယ္ , Afa လုပ္ႏိုင္တယ္ "

Afa အေလ်ာ့မေပးခ်င္ ... ။ မ်က္ႏွာေပၚ ဝဲက်ေနတဲ့ ဆံခ်ည္မွ်င္ေလးေတြကို ေလျဖင့္မႈတ္ထုတ္ရင္း အားတင္းလိုက္သည္ ။

သို႔ေသာ္ အတန္ၾကာတဲ့အထိ ဂ်ဳံက မႏွံ႔ေပ ။

ထိုအခါ မီယာနဲ႔နီယာတို႔ညီအစ္မမွာ ေဘးနားက လိုင္လာ (Lila) ကို ဝင္ေျပာဦးဆိုတဲ့ အၾကည့္ျဖင့္ ၿပိဳင္တူလွည့္ၾကည့္လိုက္ၾက၏ ။ သူမတို႔ ခစားေနရတဲ့ သခင္မေလး ဘယ္ေလာက္ခ်ဴခ်ာေၾကာင္း သူမတို႔ အသိပဲ ။

" မျဖစ္ဘူး ၊ ေနက အခုမွ ေကာင္းခါစျပဳတာ ။ ငါလုပ္မယ္ ဖယ္ "

Afa. ကိုယ္လုံးေလးကို လိုင္လာ တြန္းဖယ္လိုက္ကာ ၊ သူမ အစားဝင္နယ္‌ေလ၏ ။

" အယ္ Afa က ရပါတယ္ဆို ... "

Afa ႏႈတ္ခမ္းေလးေထာ္ကာ ကလန္မိသည္ ။

ဒါေပမယ့္ လိုင္လာမွာ မီယာတို႔ ညီအစ္မႏွစ္ေယာက္ႏွင့္မတူပဲ၊ Afa အား သူမ၏ ညီမေလးတစ္ေယာက္လို သေဘာထားသျဖင့္ Afa ကို လုံးဝမေၾကာက္ပါ ။ သူမနဲ႔ဆို Afa ေခါင္းမာေနလို႔ မရ ... ။

" Afa က ကိုယ့္လက္နဲ႔ ကိုယ္ လုပ္ခ်င္တာကို ... "

" လုပ္ေပးခ်င္သပဆိုလဲ သၾကားေတြကို စကာနဲ႔စစ္ထားေပး "

Afa မွာ အီလည္လည္နဲ႔ ခိုင္းတာ လုပ္ရသည္ ။ မီယာနဲ႔ နီယာတို႔ ညီအစ္မလည္း Afa ကို ကူရန္ စကာအသီးသီးကိုင္ကာ အမႈိက္စေလးေတြျဖင့္ ေရာေနေသာ သၾကားေတြကို လာဝိုင္းစစ္ေပးၾကေလ၏ ။ မီးဖိုတစ္ခန္းလုံး သၾကားမႈန္ေလးမ်ား တေထာင္းေထာင္းထလ်က္ ... ။

လိုင္လာက စကားနားေထာင္ေနတဲ့ ‌ကေလးမေလးေတြကို လွမ္းၾကည့္ရင္း သေဘာက်စြာ ၿပဳံးမိ၏ ။

ေတာထဲ Afa အား Sir Lynx ေကြၽးခဲ့ေသာ မုန႔္ေျခာက္ေလးမ်ားကို သတိရမိတိုင္း Afa စိတ္မေကာင္းျဖစ္ေနရသည္မို႔ ။ မိမိကိုယ္တိုင္ဖုတ္ထားေသာ ေပါင္မုန႔္ႏွင့္ ကြပ္ကီးတို႔ကို Sir Lynx အား ‌ေက်းဇူးတင္တဲ့အေနနဲ႔ ေပးခ်င္လို႔ပါ ။

Afa လက္သီးေလး ႏွစ္ဖက္ကို တင္းတင္းဆုပ္ကာ အနည္းဆုံးေတာ့ Sir Lynx တစ္ေယာက္ အစာဝဝလင္လင္စားႏိုင္ေရး သူမ တာဝန္ယူမည္ဟု စိတ္ပိုင္းျဖတ္မိ၏ ။

" ဒါနဲ႔ သခင္မေလး , မုန႔္ေတြကို ဘယ္လိုေပးမွာလဲ ? အရွင္က ခြင့္ျပဳပါ့မလား "

နီယာက သူမပါးစပ္ထဲ သၾကားတစ္ဆုပ္ ပက္ခနဲထည့္ရင္း ေမးလာသည္ ။ Afa ထိုအခါမွ ေတြခနဲျဖစ္သြား၏ ။

ဟုတ္ပါတယ္ ။ ေဒါသႀကီးၿပီး Afa အား အၿမဲေအာ္ေငါက္ေနတတ္တဲ့ ရွင္ဘုရင္ေလးကို ဘယ္လိုနားခ်ရမည္နည္း ? ဒါမွမဟုတ္ သူ မသိေအာင္ ေပးလို႔ရမယ့္ နည္းလမ္းမ်ား မရွိဘူးလား ?

" အရွင့္ကို ေရွာင္ဖို႔က ၊ လူနာေဆာင္ကို ဘယ္သူမွ သံသယျဖစ္စရာမလိုတဲ့ နည္းနဲ႔ ေရာက္ေအာင္ သြားႏိုင္ရင္ရၿပီ ။ အရွင္က လိုက္ၾကည့္ေနတာမွ မဟုတ္တာ "

မီယာက လူတိုင္းသိတဲ့ အခ်က္ကို သာမန္ကာလွ်ံကာ ေျပာလိုက္ျခင္းပင္ ။ သို႔ေသာ္ Afa ရဲ႕ ေခါင္းထဲ၌ အလင္းရသြားေလ၏ ။

" ဟုတ္သားပဲ ! လက္ေထာက္သမားေတာ္ေလး ဒီေရဂို ( Diego) ရွိတယ္ေလ ! မီယာ ေက်းဇူးပဲ "

လက္သီးဆုပ္ကို လက္ဖဝါးေပၚ ထုကာ မ်က္ႏွာေလးဝင္းသြားေသာ သူမတို႔ သခင္မေလးရဲ႕ စကားကို မီယာႏွင့္ နီယာ ၾကားလိုက္ရသည္ႏွင့္ စိုးရိမ္စိတ္မ်ား တိုးလာေလေတာ့သည္ ။

____________________________

အငယ္တန္းသမားေတာ္ ဝတ္႐ုံျဖဴက Afaရဲ႕ ကိုယ္ေပၚ အနည္းငယ္ ေခ်ာင္ေန၏ ။ ပုံမွန္အားျဖင့္ အငယ္တန္းအလုပ္သင္ နန္းတြင္းသမားေတာ္ ေပါက္စေလးေတြဟာ ဆယ့္သုံးဆယ့္ေလးအ႐ြယ္ ေကာင္ေလးမ်ားသာ ျဖစ္ၾကတာမို႔ ဝတ္စုံအရွည္ကေတာ့ Afa နဲ႔ ကြက္တိပင္ ။

ဝတ္စုံခပ္ပြပြႀကီးႏွင့္ အျပာႏုေရာင္ ေခါင္းေပါင္းကို စြတ္ထားကာ ကိုးယိုးကားယားနဲ႔ပဲ လူနာေဆာင္အထိ Afa ေရာက္လာၿပီ ။ သမားေတာ္ေလး ဒီေရဂိုကေတာ့ အတူလိုက္ေပးရေလာက္တဲ့အထိ မစြန႔္စားရဲသျဖင့္ လမ္းပဲၫႊန္ေပးပါသည္ ။

နန္းတြင္းလူနာေဆာင္မွာ သုံးထပ္ေဆာင္ႀကီးတစ္ေဆာင္ျဖစ္ကာ ၊ ရာထူးအလိုက္ အလႊာခြဲထားသည္ ။ အေပၚဆုံးအလႊာတြင္ ေတာ္ဝင္သူရဲေကာင္း(Royal Knights)မ်ားကို ကုသေပးတာမို႔ ၊ Sir Lynx အား ထိုအလႊာတြင္ အလြယ္ရွာလိုက္လို႔ရတယ္လို႔ ေျပာခဲ့၏ ။

Afa တစ္ေယာက္ ျခင္းေတာင္းကို က်စ္က်စ္ဆုပ္လ်က္ ၊ လူနာေဆာင္ထဲ ခပ္တည္တည္ဝင္သြားလိုက္သည္ ။

ကံေကာင္းခ်င္ေတာ့ ဘယ္သူမွ တကူးတက သတိမထားမိၾက ... ။ လူတိုင္း ဟိုေျပးဒီေျပးႏွင့္ အလုပ္ရႈပ္ေနၾကသည္ ။ လူနာေဆာင္က သည္လိုပဲ အၿမဲ႐ုတ္႐ုတ္သဲသဲ ျဖစ္ေနတတ္တာလား မေျပာတတ္ေပမယ့္ ၊ အျဖဴေရာင္ဝတ္စုံျဖင့္ လူမ်ားၾကားထဲ သမားေတာ္အေယာင္ေဆာင္ေလးဟာ ဝင္ဆန႔္ေနၿပီထင္၏ ။

Afa တုံ႔ဆိုင္းမေနပဲ ဒီေရဂို ၫႊန္းတဲ့အတိုင္း အေပၚဆုံးအထပ္ကို အျမန္တက္သြားလိုက္သည္ ။

ဟိုေရာက္ေတာ့ Sir Lynx ကုသမႈ ခံယူေနေသာ လူနာခန္းမွာ အေရးေပၚ သီးသန္႔ကုအပိုင္းတြင္ တည္ရွိေၾကာင္း ေတြ႕လိုက္ရသျဖင့္ Afa စိတ္ပူသြား၏ ။ ဝံပုေလြတစ္အုပ္နဲ႔ တစ္ေယာက္တည္း ယွဥ္တိုက္ခဲ့တာမို႔ အျပင္းအထန္ဒဏ္ရာရသြားမယ္ဆိုတာ ခန႔္မွန္းမိေသာ္လည္း အေရးေပၚခန္း၌ သီးသန႔္ထားရတဲ့အထိ ျပင္းမည္ဟု မထင္ခဲ့ေပ ။

အေရးေပၚခန္းမ်ားကို ဟိုအခန္းဖြင့္ ဒီအခန္းဖြင့္ႏွင့္ ရွာလိုက္တာ ေနာက္ဆုံး အိပ္ယာေပၚ ေနာက္ေက်ာေပး ထိုင္ေနတဲ့ ေယာက်ၤားေလးတစ္ေယာက္ကို ေတြ႕လိုက္ရသည္ ။ က်န္အခန္းေတြ လူလြတ္ေနၿပီး အခုမွ အေရးေပၚလူနာတစ္ဦးကို ‌ေတြ႕ရတာျဖစ္၏ ။

ထိုသူ၏ ေငြေရာင္ဆံႏြယ္ေတြမွာ ေက်ာလယ္အထိ ရွည္ၿပီး ဆံပင္ကို စုစည္းထားတာျဖစ္သည္ ။ Afa တံခါးဖြင့္လိုက္တဲ့ အသံၾကားတယ္ထင္၏ ။ ထိုသူ လွည့္ၾကည့္လာသည္ ။ သူ၏ မ်က္လုံးေတြကို အေရွ႕ဆံမိတ္ထူထူေတြ ျဖင့္ ဖုံးကာေနကာ ၊ မ်က္ႏွာတစ္ခုလုံးေပၚမွာ ျဖဴေဖ်ာ့ေသာႏႈတ္ခမ္းပါးတစ္စုံကိုသာ ထင္းထင္းျမင္ႏိုင္သည္ ။

ေသခ်ာပါၿပီ ။ ဒါဟာ Afa ရဲ႕ အသက္သခင္ပင္ ။

Afa ဝမ္းသာအားရ ေခၚလိုက္၏ ။

" Sir Lynx ! "

ဒါေပမယ့္ sir Lynx မွာ Afa ကို ျမင္သည္ႏွင့္ အိပ္ယာေပၚမွ ေငါက္ခနဲထကာ ေတာင့္ေတာင့္ႀကီးရပ္ ၾကည့္ေနေလ၏ ။ အေတာ္လန႔္ သြားတဲ့ပုံပင္ ။

သူ၏ ကိုယ္ေပၚ၌ ေသြးစို႔ေနေသာ ပတ္တီးျဖဴမ်ား အျပည့္ ... ။ ဒဏ္ရာအေတာ္ ျပင္းထန္ပုံေပၚသည္ ။

Afaရဲ႕ အျပစ္ရွိစိတ္က တိုးသထက္တိုးလာ၏ ။

" ဟို ... Afa ကို ကာကြယ္ေပးခဲ့တာ ေက်းဇူးတင္တဲ့ အေနနဲ႔ လာေတြ႕တာပါ ။ ဒါေလးလည္း ေပးခ်င္လို႔ ... "

စပ်စ္သီးေျခာက္ ေပါင္မုန႔္ေတြ ၊ သၾကားညိဳေတြ ျဖဴးထားတဲ့ ကြပ္ကီးေတြ ၊ ေထာပတ္ကိတ္ေတြ စသျဖင့္ မုန႔္အျပည့္ထည့္ေပးထားသည့္ ျခင္းေတာင္းကို ေရွ႕တိုးၿပီး ကမ္းေပးလိုက္ေတာ့ ထိုသူ အေနာက္ကို ဆုတ္သြားသည္ ။ မသိရင္ Afa က ‌သူ႔ကို ကိုက္စားေတာ့မယ့္အတိုင္း ... သူ႔အနားကပ္လာတာ မလိုလားပုံပင္ ။

" ဘာ ... ဘာလာလုပ္တာလဲ ? ဒီကိုလာတာ အရွင္ သိရင္ ... "

ေထ့ေထ့ေငါ့ေငါ့ ေမး၏ ။ Afa လည္း အဲဒီေတာ့မွ ထိုလူ၏ ေၾကာက္လန႔္ေနတဲ့ အျပဳအမူကို နားလည္ေတာ့သည္ ။

" စိတ္မပူပါနဲ႔ အရွင္ မသိပါဘူး "

" အရွင္က အကုန္သိတယ္ ! "

ဝံပုေလြနက္ တစ္အုပ္ႀကီးကိုေတာင္ ရဲရဲေတာက္ ရင္ဆိုင္ခဲ့တဲ့ သူရဲေကာင္းတစ္ေယာက္က ဒီေလာက္အထိ ေၾကာက္အားလန႔္အား ျဖစ္ျပေတာ့ Afa ပါ လန႔္ရပါၿပီ ။

ဧကရာဇ္ဟာ ရက္စက္‌ၾကမ္းတမ္းေပမယ့္ သူ၏ လက္ေအာက္ငယ္သားမ်ားအား ရင္ဝယ္သားကဲ့သို႔ ၾကင္နာစြာအုပ္ခ်ဳပ္သည္ဟုပဲ ၾကားဖူးပါသည္ ။ ဒီေလာက္ လန႔္စရာမလိုပါဘူး ။ လန႔္မယ့္လန႔္ သူ႔ရဲ႕ လက္ေအာက္ငယ္သားလည္းမဟုတ္ ၊ အေစခံလည္းမဟုတ္ ၊ ဟိုမေရာက္ဒီမေရာက္ျဖစ္‌ေနတဲ့ Afa က ‌လန႔္ရမွာ ။

သို႔ေပမယ့္ sir Lynx ကို Afa စိတ္ေအးေစလိုတာမို႔ ၊ ျခင္းေတာင္းေလးကို ၾကမ္းျပင္မွာပဲ ခ်ေပးလိုက္သည္ ။ ၿပီးေနာက္ ‌ေက်းဇူးတင္တဲ့အေနျဖင့္ ေခါင္းေလးငုံ႔ကာ စိတ္ထဲမွ ေက်းဇူးတင္စကားဆိုၿပီး ထြက္သြားရန္ လွည့္ထြက္လိုက္၏ ။

ထိုစဥ္ အခန္းတံခါး ႐ုတ္ခ်ည္း ပြင့္သြားကာ မိန္းမပ်ိဳေလးတစ္ေယာက္ ဝင္ခ်လာေတာ့သည္ ။ သူမအေနာက္မွ သမားေတာ္မ်ားအျပင္ ၊ ရံေ႐ြေတာ္မ်ား ၊ သက္ေတာ္ေစာင့္မ်ားပါ လိုက္ပါလာခဲ့သည္ ။

အႏွီမိန္းမပ်ိဳေလးမွာ ႏို႔ႏွစ္ပမာျဖဴစင္လွသည့္ သူမ၏ အသားအရည္ေပၚတြင္ ခရမ္းရင့္ေရာင္ ဝတ္႐ုံရွည္ကို ဆင္ျမန္းထားၿပီး ၊ ထိုဝတ္႐ုံရွည္ေပၚ၌ ပတၱျမား ေက်ာက္စိမ္း စတဲ့ေက်ာက္ျမတ္မ်ားကို ေ႐ႊႀကိဳးျဖင့္သိုင္းကြပ္ထား၏ ။ သူမရဲ႕ လည္တိုင္ ၊ လက္ေကာက္ဝတ္ႏွင့္ နားႏွစ္ဖက္မွာလည္း ေတာက္ပေသာ ေ႐ႊေရာင္လက္ဝတ္တန္ဆာတို႔ကို ဆင္ယင္ထားေလ၏ ။ ဦးေခါင္းေပၚ၌ ဆံတုံးခပ္ႀကီးႀကီးတစ္ခု ထုံးတင္ထားကာ ၊ သစ္ခက္ကဲ့သို႔ ျဖာထြက္ေနတဲ့ ေ႐ႊေရာင္ကိုင္းျဖင့္ဆံထိုးကို ပန္ထားေလသည္ ။

သူမရဲ႕ လက္ဝဲတြင္ ပန္းေရာင္ေတာက္ေတာက္တစ္စုံကို ဝတ္ဆင္ထားတဲ့ အမ်ိဳးသမီးရံေ႐ြေတာ္ ႏွစ္ဦးပါၿပီး ၊ လက္ယာဖက္တြင္ မိန္းမဆန္ဆန္ မိက္ကပ္အျဖဴစြတ္စြတ္ႀကီးကို မ်က္ႏွာတစ္ခုတည္းကြက္၍ လိမ္းခ်ယ္ထားသည့္ အစိမ္းေရာင္ဝတ္႐ုံနဲ႔ ဝဖိန႔္ဖိန႔္ ေယာက်ၤားႀကီး တစ္ဦးရပ္‌ေန၏ ။ ထိုသူတို႔ရဲ႕ အဝတ္အစားဆင္ယင္ပုံမွာ ဆန္းျပားလြန္းသျဖင့္ ႏိုင္ငံရပ္ျခားမွ လာေသာ သူမ်ားျဖစ္ေၾကာင္း တန္းသိႏိုင္သည္ ။

" မဟာ ဟန္ဇန္ျပည္ႀကီးရဲ႕ အိမ္ေရွ႕မင္းသမီး ရွားဟန္ဇန္ ( Sha Han Zen ) ႂကြျမန္းလာတယ္ ! အားလုံး ဒူးေထာက္ဝပ္တြား အ႐ိုအေသေပးၾကစမ္း ! "

‌ခပ္ဝဝမိန္းမစိုးႀကီးက ၎၏စူးရွလြန္းသည့္ အသံဆာဆာျဖင့္ ထိုသို႔ ေၾကညာေလ၏ ။

Afa မွာ ပါးနပ္စြာ အျမန္ဒူးေထာက္ခ်လိုက္သည္ ။ သို႔ေသာ္ Sir Lynx မွာမူ တုံ႔တုံ႔မွ်မလႈပ္ပဲ ရပ္ၾကည့္ေနစဲ ... ။

အဲဒါကို ျမင္ေတာ့ မိက္ကပ္ေတြလိမ္းထားေသာ မ်က္ႏွာျဖဴ မိန္းမစိုးမွာ sir Lynx ဆီ ‌ေဒါႀကီးေမာႀကီးျဖင့္ ေလွ်ာက္သြားကာ ပါးတစ္ဖက္ကို ျဖန္းခနဲ ႐ိုက္ခ်လိုက္ေတာ့သည္ ။ ထိုမိန္းမစိုးႀကီးမွာ sir Lynx နဲ႔ယွဥ္လွ်င္ အရပ္တစ္ဝက္စာမွ် ပုေသးေသာ္လည္း လက္သံေျပာင္လွသည္ ။ မသိလွ်င္ သူတပါးကို ပါး႐ိုက္ျခင္းက ထိုသူ အၿမဲတမ္းျပဳလုပ္ေနၾကအတိုင္း ... ။

" Sir ... Sir Lynx ! "

Afa မွာ ျမန္ဆန္လွေသာ အျဖစ္အပ်က္ေၾကာင့္ လြန္စြာ တုန္လႈပ္သြားရ၏ ။ Sir Lynx ဟာ လူနာတစ္ေယာက္ျဖစ္တာမို႔ မလဲက်သြားေစရန္ စိုးရိမ္တႀကီး သြားေျပးထူေပးလိုက္သည္ ။

" ႐ိုင္းစိုင္းလိုက္ေလ ! အိမ္ေရွ႕မင္းသမီးအေရွ႕ ‌ေခါင္းေတာင္မေဖာ္ရဘူးဆိုတာ မသိဘူးလား ? "

ထသြားတဲ့ Afa ကိုပါ ထိုမိန္းမစိုးႀကီးက ေအာ္ေငါက္ဆူပူေလ၏ ။

" ဟင္း , မင္ကုန္းကုန္း ေတာ္ေတာ့ ။ ငါ ဒီကို ႂကြလာတာ ဟန္ဇန္ရဲ႕ ျမင့္မားတဲ့ ေဆးပညာနဲ႔ Xavia ရဲ႕ ျပည္သူေတြကို ကယ္တင္ေပးဖို႔ပဲ ။ ပူေဇာ္ခယမႈေတြ ခံယူဖို႔ မဟုတ္ဘူး "

ရွားဟန္ဇန္က သူမ၏ လက္သြယ္သြယ္ကို ေဝွ႔ယမ္းလ်က္ ကုန္းကုန္းအား တားျမစ္လိုက္သည္ ။ ဒီေလာက္ဆို သူမရဲ႕ အာဏာကို စမ္းသပ္ဖို႔ လုံေလာက္ၿပီေလ ။ ဒီႏိုင္ငံရဲ႕ အနာဂတ္ ဧကရီအေလာင္းလ်ာ တစ္ေယာက္အေနနဲ႔ ဒီတိုင္းျပည္ရဲ႕ ျပည္သူေတြ သူမအား ႐ိုက်ိဳးေနဖို႔ ယခုတည္းက အစျပဳထားရမယ္ မဟုတ္လား ။

" ကဲ အမႈထမ္းငယ္လည္း အေျခအေနကို သေဘာေပါက္ၿပီဆိုရင္ ျမန္ျမန္အ႐ိုအေသေပးၿပီး ေတာင္းပန္ေတာ့ ... ။ ဒါမွ ကုသမႈ စလို႔ရမွာ "

သူမတို႔၏ တိုင္းျပည္မွာ ထိုသို႔ေျပာပုံဆိုပုံက ပုံမွန္ပဲလား မေျပာတတ္ေသာ္လည္း Afa ရဲ႕ နားထဲမွာေတာ့ အေတာ္ သဘာဝမက်လွ ။ မာနႀကီး ၊ စည္းကမ္းႀကီးလြန္းပါသည့္ Xavia ဧကရာဇ္ကိုယ္တိုင္ကေတာင္ သူရဲေကာင္းေတြကို ေလးစားသမႈေပးကာ ဆက္ဆံသည္ ။ ဒါ့အျပင္ Xavia မွာ ဘယ္သူမွ မမွားပဲ ေတာင္းပန္ရ႐ိုးမရွိ ။ တိုင္းတပါးက မင္းသမီးတစ္ပါးက Xavia အင္ပါယာ၏ သူရဲေကာင္းတစ္ဦးကို သည္လို ႐ိုက္ႏွက္လို႔ရမယ္ မထင္ ... ။

ဒါေပမယ့္ Afa ဘယ္လို ခံစားရသလဲက ဘယ္အေရးပါမလဲေလ ... ။

Afa ကေတာ့ ဒီႏိုင္ငံမွာ အေရးပါအရာေရာက္တဲ့ သူရဲေကာင္းေရာ ၊ အမႈထမ္းပါ မဟုတ္သျဖင့္ ဒူးျပန္ေထာက္ရန္ ျပင္လိုက္သည္ ။ သို႔ေသာ္ ဒူးေတာင္ ၾကမ္းျပင္ကို မထိရေသး ... sir Lynx က Afa ရဲ႕ လက္ေမာင္းကို လွမ္းဆြဲထားလိုက္သည္ ။ ထို႔ေနာက္ ေခါင္းျပသည္ ။

" ဟန္ဇန္ရဲ႕ အိမ္ေရွ႕မင္းသမီးကို အ႐ိုအေသေပးပါတယ္ "

Sir Lynx က လက္ဖဝါးကို ဘယ္ဖက္ရင္ဘက္ေပၚဖိလ်က္ ခါးအနည္းငယ္ကိုင္းကာ ၊ Xavia ၏ ေတာ္ဝင္သူရဲေကာင္းမ်ား သင္ယူထားခဲ့တဲ့အတိုင္း ႏႈတ္ဆက္လိုက္ေလသည္ ။ ေတာ္ဝင္သူရဲေကာင္းဘြဲ႕ရထားသူတို႔သည္ သူတို႔၏ ဧကရာဇ္တစ္ပါး ေရွ႕ကလြဲလွ်င္ ဘယ္သူေရွ႕မွာမွ ဒူးေထာက္ရွိခိုးၾက႐ိုး မရွိ ။

" ကြၽတ္ မင္း မင္း ... "

မိန္းမစိုး မင္ကုန္းကုန္းမွာ လက္ညႇိဳးတထိုးထိုးႏွင့္ ၊ Xavia သားတို႔၏ ယဥ္ေက်းမႈမဲ့ပုံကို အံ့ဩလြန္းသျဖင့္ ေျပာစရာစကားမရွိ ျဖစ္လ်က္ ... ။ ႀကံရာမရေတာ့ သူ၏ သခင္မဖက္ကိုလွည့္ၿပီး အရိပ္အကဲၾကည့္သည္ ။ ရွားဟန္ဇန္၏ မ်က္ႏွာမွာ တင္းမာလို႔ေနၿပီ ။

Sir Lynx ကေတာ့ သူ လုပ္သင့္သည္ကို လုပ္ၿပီးၿပီမို႔ က်န္တာ သူ႔ကိစၥမဟုတ္ဟန္ ... ဘာကိုမွ ေျဖရွင္းဖို႔ စိတ္ကူးမရွိ ။

ဘာမွမဟုတ္တဲ့ ကိစၥေလးက‌ေန ျပႆနာေတြ ပိုႀကီးလာမွာ စိုးသျဖင့္ Afa ဝင္ရွင္းျပရန္ ႀကိဳးစားပမ္းမိသည္ ။

" အိမ္...အိမ္ေရွ႕ မင္းသမီး ခမ်ား , Xavia အင္ပါယာမွာ သူရဲေကာင္းဘြဲ႕ခံတို႔ဟာ ဧကရာဇ္ျမင္းျမတ္ကိုကလြဲၿပီး ဘယ္သူ႔ကိုမွ အျမင့္ဆုံး‌အ႐ိုအေသေပးမႈကို ျပသလို႔မရတာမို႔ ခြင့္လႊတ္ေပးေစလိုပါတယ္ "

ခါးေလးကိုင္းကာ အေသအခ်ာ ရွင္းျပေနရွာတဲ့ သမားေတာ္ေလးကို ရွားဟန္ဇန္ မ်က္လုံးေမွးကာ ၾကည့္သည္ ။
သူမလို အိမ္ေရွ႕မင္းသမီးတစ္ပါးက ဒါကို မသိပဲေနပါ့မလား ? သူမက အမိန႔္ေပးလွ်င္ အသက္ေသဆို ေသေပးရမွာ နိမ့္က်တဲ့ ေစကြၽန္ေတြရဲ႕ အလုပ္မဟုတ္လား ?

သမတီစရာက သူမအား ဘာမဟုတ္တဲ့ သမားေတာ္တစ္ေယာက္က တိုက္႐ိုက္စကားဆိုရဲသတဲ့ ... ။

တစ္ဖက္က ဘာမွမေျပာလာသျဖင့္ Afa မွာ ဘာလုပ္လို႔ ဘာကိုင္ရမလဲမသိ ျဖစ္ေနမိသည္။

ရွားဟန္ဇန္ ထိုသမားေတာ္ငယ္အား စူးစိုက္ၾကည့္ေနရင္း ဟန္ပါပါ မ်က္ႏွာလႊဲလိုက္ေလသည္ ။ ထိုအမူအရာ၌ ဘာသေဘာပါသည္မသိ ၊ ခ်က္ခ်င္း Afa ရဲ႕ ပါးျပင္ေလးေပၚသို႔ လက္ဖဝါးတစ္ဖက္ ဦးတည္၍ လာေတာ့သည္ ။

Afa မွာ ရင္ထိတ္သြားကာ မ်က္လုံးကို တင္းတင္းမွိတ္လိုက္၏ ။

" ဘာလုပ္တာလဲ ... "

အသံကိုၾကားၿပီး မ်က္လုံးျပန္ဖြင့္ၾကည့္လိုက္ေသာအခါ မင္ကုန္းကုန္းဆိုသူ၏ လက္ေကာက္ဝတ္ကို Sir Lynx တစ္ေယာက္ ဖမ္းခ်ဳပ္ထားၿပီးေနၿပီ ။

" အား ! လႊတ္စမ္း ! အ႐ိုင္းအစိုင္းေတြ ! "

ေအာ္ဟစ္သံတို႔ျဖင့္ အခန္းတစ္ခုလုံး ညံေနၿပီ ။

Sir Lynx ကေတာ့ တစ္ဖက္လူရဲ႕ အမူအရာကို ဂ႐ုေတာင္မထား ... ။ မိန္းမစိုးကို ျပန္တြန္းထုတ္လိုက္သည္ ။

" ဒီသမားေတာ္က ကြၽန္ေတာ္မ်ိဳး ဒဏ္ရာရေနနဲ႔တစ္ေလ်ာက္ ျပဳစုေပးခဲ့တဲ့ သူျဖစ္တာေၾကာင့္ သူက မင္းသမီးအေပၚ တစ္စုံတစ္ရာ အမွားျပဳမိခဲ့ရင္ ၊ ကြၽန္ေတာ္မ်ိဳးက အရွင့္ဆီကေန ခြင့္ျပဳခ်က္ေတာင္းၿပီး မင္းသမီးေပးတဲ့ အျပစ္ဒဏ္ကို အစားခံယူေပးပါမယ္ "

Sir Lynx ရဲ႕ တစ္ကိုယ္လုံးက ပတ္တီးေဖြးေဖြးကို လူတိုင္း ျမင္ႏိုင္သည္ ။ ဒီေလာက္ အျပင္းအထန္ အနာတရျဖစ္ထားတဲ့ လူနာအား အျပစ္ေပးမိရင္ လူတိုင္း လက္ညႇိဳးဝိုင္းထိုးၾကမွာ ေသခ်ာသည္ ။

ထိုအခိုက္တန႔္တြင္ ရွားဟန္ဇန္သည္ သူမရဲ႕ အေနအထားကို ျပန္လည္သုံးသပ္ၿပီးၿပီ ။ ထပ္ၿပီးေရွ႕ဆက္လွ်င္ သူမသာ နာမည္ပ်က္ေတာ့မည္ ။

သူမတို႔ ဟန္ဇန္ျပည္မွာ ျမင့္ျမတ္တဲ့ေတာ္ဝင္မ်ိဳး႐ိုးႏြယ္တို႔၏ ေရွ႕ေမွာက္ ဘယ္သူမွ မေရာက္တက္ရဲ... ခြင့္မျပဳပဲ စကားဆိုဖို႔ မေျပာႏွင့္ ၊ မ်က္ႏွာကိုေတာင္ ေမာ္ၾကည့္ခြင့္မရ ။ Xavia မွာကေတာ့ ေတာ္ဝင္မ်ိဳးႏြယ္အေရွ႕ ၾကမ္းျပင္ေပၚ ဝပ္တြားခစားဖို႔ မေျပာႏွင့္ အ႐ိုအေသတန္တဲ့အထိ ရဲတင္းၾကသည္ ။ ဒါဟာ ၾကမ္းတမ္းတဲ့ ေျမာက္ပိုင္းေျမ Xavia ပင္ ။

သူမကို ႐ိုေသရေကာင္းလား မၾကာခင္ ဒီလူေတြ သိမွာပဲေလ ... ။ ဧကရာဇ္ကိုယ္တိုင္က သူမအား လူနာေဆာင္ကို ခဏသြားၾကည့္ေပးဖို႔ ေျပာခဲ့တာပဲ မဟုတ္လား ?

ဒီအခ်ိန္ေလာက္ဆို လူတိုင္း သတိထားမိေလာက္ပါၿပီ ။ Xavia Ash နဲ႔ သူမ , ရွားဟန္ဇန္ဟာ ‌အစတည္းကရင္းႏွီးခဲ့ သူေတြလို႔ ... ။ သူမသာ ဒီအင္ပါယာႀကီးရဲ႕ ဧကရီျဖစ္မွာမို႔ ... ။

" သူရဲေကာင္းငယ္ရဲ႕ အနစ္နာခံတတ္မႈ‌ကို အေလးထားေသာအားျဖင့္ ႐ိုင္းစိုင္းမႈကို ငါ ခြင့္လႊတ္ေပးေတာ္မူတယ္ ။ သမားေတာ္ငယ္လည္း ေနာက္ဆို သတိထားပါ ။ ဒီလို ယဥ္ေက်းမႈမသိပုံနဲ႔ ဧကရာဇ္မင္းရဲ႕ အမႈေတာ္ကို ဘယ္လိုထမ္းမလဲ "

စကားေတြက မတရားပါေသာ္လည္း Afa ဘာမွ မလုပ္ႏိုင္ပါ ။ ဧကရာဇ္ငယ္အား မဆီမဆိုင္ေတာင္းပန္ရစဥ္က ဤမွ် ခံရမခက္ခဲ့ ... ။ Afa သူ႔အေပၚေတာ့ အျပစ္ရွိစိတ္တစ္စုံတစ္ရာ ခံစားမိလို႔ပဲေနမည္ ။

ေတာင္းပန္ရျခင္း တူေသာ္လည္း ဒီတခါ မလိုလားေပ ။

ရာထူးနိမ့္သူတို႔အား တမင္ အာဏာျပကာ ရွိခိုးမႈလိုအပ္ေနသည့္ အႏွီအိမ္ေရွ႕မင္းသမီး ဟူေသာ မိန္းမပ်ိဳေလးကို ေငးၾကည့္ေနရင္း Afa တစ္ခုသေဘာေပါက္လိုက္သည္ ။

အစစ္အမွန္ ဩဇာအာဏာႏွင့္ ဘုန္းတန္ခိုး ရွိသူတို႔သည္ အျခားသူမ်ားထံမွ အ႐ိုအေသေပးဖို႔ ဘယ္ေတာ့မွေတာင္းဆိုရ႐ိုး မရွိခဲ့ ... ။ အဘယ္ေၾကာင့္ဆိုေသာ္ ႐ိုေသေလးစားမႈ ဟူသည္ ေလးစားထိုက္သူတို႔ထံသာ သဘာဝအေလ်ာက္လာ အရာျဖစ္လို႔ပင္ ။

အႏွီမင္းသမီးသာ တကယ္ ျမင့္ျမတ္လွ်င္ သူတပါးဆီက အ႐ိုအေသကို ဤမွ်ငတ္ေနမည္မထင္ ... ။

" ... ဟုတ္ကဲ့ , အိမ္ေရွ႕မင္းသမီး ေက်းဇူးႀကီးမားလွေၾကာင္းပါ ။ ကြၽန္ေတာ္မ်ိဳး မွတ္သားထားပါ့မယ္ "

ဆက္ၿပီး Sir Lynx အတြက္ အလုပ္မရႈပ္ေစလိုသျဖင့္ Afa လိုက္ေလ်ာညီေထြ ‌ေျပာဆိုလိုက္ရသည္ ။

ဤမင္းသမီးဟာ ေဆးပညာထြန္းကားတဲ့ ဟန္ဇန္ျပည္က လာတာမို႔ သူမနဲ႔ ျပႆနာနည္းမွ ဒဏ္ရာရေနတဲ့ Sir Lynx အတြက္ အက်ိဳးရွိမွာ ျဖစ္သည္ ။ သူမ ေျပာခဲ့တဲ့ စကားအရ ၊ Xavia ျပည္သူေတြကို ကုသေပးဖို႔ သူမ ႂကြလာတာဟု ဆိုတာေၾကာင့္ Xavia အတြက္လည္း အဖိုးတန္တဲ့ မဟာမိတ္ပင္ ။

သမားေတာ္အတုကေလးမွ ‌အားလုံးေခါင္းခံကာ ေတာင္းပန္ေပးၿပီးသြားၿပီမို႔ ဟန္ဇန္မင္းသမီးဖက္မွ ဆက္လက္ ျပႆနာမရွာ‌ေတာ့ေပ ။ Sir Lynx ၏ ဒဏ္ရာမ်ားကို ၾကည့္ေပးရန္ စတင္ျပင္ဆင္‌ေနၾကပါေတာ့သည္ ။

Afa လည္း အခ်ိန္အခါၾကည့္ၿပီး ေခါင္းကေလး တငုံ႔ငုံ႔ျဖင့္ အခန္းအဝကို ကုပ္ကုပ္ေလး ေလွ်ာက္သြားလိုက္သည္ ။ ထို႔ေနာက္ ဘယ္သူမွ သတိမထားမိခင္ တံခါးလက္ကိုင္ဘုကို လွည့္သည္ ။ သို႔ေပသိ ကံက ဆက္တိုက္ဆိုး၏ ။

အခန္းတံခါးမွာ ႐ုတ္တရက္ ပြင့္သြားၿပီး ျမင့္မားေသာ အရပ္ႀကီးျဖင့္ ေယာက်ၤားတစ္ေယာက္ ထပ္ဝင္လာျပန္သည္ ။ ထိုအခိုက္တန႔္ အခန္းဝမွာ ရပ္ေနတဲ့ Afa ဟာ မာေက်ာေသာ နံရံႀကီးျဖင့္ တိုက္မိသြားၿပီဟုေတာင္ ထင္လိုက္သည္ ။ ေသးငယ္တဲ့ Afa. ကိုယ္ေလး အေနာက္ကိုပါ ယိုင္သြားရတယ္ ... ။

" ဟင္ ? Afa ... ? "

အာေမဍိတ္သံေႏွာေနတဲ့ ေခၚပုံက ဘယ္သူ႔ဆီကလဲ သိလိုက္ပါၿပီ ။ နံရံႀကီး၏သ႐ုပ္မွန္ဟာ ဧကရာဇ္ေလး ျဖစ္ေနသကိုး ... ။

Afa သူ႔အား ‌ေမာ့ေတာင္မၾကည့္ ။ သူ ဘာမွမေျပာခင္ ၊ ပြင့္သြားတဲ့ တံခါးၾကားထဲ လွစ္ခနဲတိုးကာ အခန္းထဲက ေျပးထြက္ခဲ့ေတာ့သည္ ။

သူမဖာသာ နင္ဂ်ာအကြက္နင္းၿပီး လြတ္ၿပီထင္‌သြားမွာ ... ။ ဒါေပမယ့္ Ash အေသအခ်ာ ျမင္လိုက္သည္ ။ ေႏွးေကြးၿပီး ေသးငယ္တဲ့ ေျခေထာက္တိုတိုေလးေတြနဲ႔ သူမ ဘယ္ေလာက္လ်င္ႏိုင္မလဲ ။ သူ အေလ်ာ့ေပးၿပီး တမင္လႊတ္ေပးလိုက္တာေပါ့ ။

အစဥ္ တည္ၿငိမ္ေအးစက္ေနတဲ့ မ်က္ႏွာေခ်ာေခ်ာ၌ မထိန္းႏိုင္ပဲ ၿပဳံးရိပ္သမ္းသမ္းကေလး ‌ေျပးသြား၏ ။

ထိုအမူအရာကို ဖမ္းမိလိုက္တဲ့ ရွားဟန္ဇန္၏ လက္ေတြ တဆတ္ဆတ္တုန္ယင္လာသည္ ။ သူမ၏ အသိစိတ္က အေလးအနက္မဟုတ္ေလာက္ပါဘူးလို႔ ေျပာေနေသာ္လည္း ၊ တစ္စုံတစ္ရာက သူမကို အႏၲရာယ္ျဖစ္ေၾကာင္း သတိေပးေနခဲ့သည္ ။

အဲ့ဒါ သာမန္သမားေတာ္ေလးတစ္ေယာက္ပါပဲ ။ အဲ့ဒါ မယဥ္ေက်းတဲ့ နိမ့္ပါးသူတစ္ေယာက္ပါပဲ ။ အဲ့ဒါ ေယာက်ၤားေလးတစ္ေယာက္ပဲ ။

ေယာက်ၤားေလး ... ? ဟုတ္ရဲ႕လား ?

ဝါဝင္းတဲ့ျဖဴစင္ အသားအရည္ ။ သြယ္လ်ေသာ ကိုယ္လုံး ။ ႏုဖတ္သန္႔ရွင္းေနတဲ့ မ်က္ႏွာေသးေသး ... အေသအခ်ာသတိထားလိုက္လွ်င္ ၾကည့္ေကာင္းသည္ထက္ ပိုမည္ ။

အဲ့ဒီေကာင္ေလး ... မဟုတ္ဘူး အဲ့ဒါ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးတစ္ေယာက္ပဲ ။

Xavia ဧကရာဇ္ဟာ သမားေတာ္ေလးတစ္ေယာက္ကို ေမတၱာသက္ဝင္ေနသည္ေလာ ?

ရွားဟန္ဇန္ ဧကရာဇ္ရဲ႕ ျပန္လည္ေခါက္သိမ္းသြားေသာ ခ်ိဳၿမိန္တဲ့အၾကည့္ေတြကို အထပ္ထပ္ အခါခါ ျမင္ေယာင္ရင္း တုန္လႈပ္ရသည္ ။

ထိုသူ သူမကို လွည့္ၾကည့္လာတဲ့အခါ ေႏြးေထြးမႈေတြ မရွိေတာ့ ... ။ ခဏက လူကလြဲလွ်င္ က်န္တဲ့သူေတြက သူ႔ၾကင္နာမႈနဲ႔ မထိုက္တန္သကဲ့သို႔ပင္ ။

နတ္ဘုရားသဖြယ္ လွပ‌ေပမယ့္ နတ္ဆိုးသဖြယ္ ေသြးေအးေသာ ထိုေယာက်ၤားဟာ ဘယ္သူ႔အတြက္မွ မယိမ္းယိုင္ခဲ့တာမို႔ ခြန္အားႀကီးခဲ့သည္ ။ သူမ ရွားဟန္ဇန္ဟာ ထိုအင္အားကို အေထာက္အပံ့ျဖစ္ေစမယ့္ တည္ရွိမႈျဖစ္ခ်င္ခဲ့သည္ ။

ဒါေပမယ့္ ... ထိုသူ ႏူးညံ့ၾကင္နာမႈကိုျပတဲ့အခါ ဤမွ် တက္မက္ဖြယ္ေကာင္းတာ သိခဲ့ရင္ ... ၊ ထိုသူထံမွ ေႏြးေထြးတဲ့အၾကည့္ကို ျမင္ရတဲ့အခါ ဤမွ်သာယာရေကာင္း သိခဲ့ရင္ ... သူမ အားအင္ထက္ အားနည္းခ်က္ပဲ ျဖစ္ခ်င္ပါေတာ့သည္ ။

နတ္ဘုရားကို ၿပိဳလဲေစတဲ့ ခဏက ေကာင္မေလးလို ... ။

______________________________
Ash : " pftt, ေျခတိုေလးေတြနဲ႔ ေျပးေနတယ္ "

Afa : 😣

_____________________________
_____________________________

Συνέχεια Ανάγνωσης

Θα σας αρέσει επίσης

524K 34.5K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
375K 37K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
1.2M 90.2K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd