" တည်တံ့ , မြတ်နိုးက မင်းဖုန်းကို ဆက်နေတာ မရလို့ ငါ့ဖုန်းကို ဆက်လာတယ်။ ညနေကျရင် ငါးနာရီခွဲလောက် သူ့ကိုလာကြိုပေးပါတဲ့။ "
အခန်းထဲက စားပွဲပေါ်မှာ စာရွက်တွေ တင်ထားပြီး ဘေးမှာ ထိုင်ကာ အမှုအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ပြင်ဆင်နေတဲ့ တည်တံ့နောင်ကို နှင်းဆီမောင်က လာပြောပေးသည်။ တည်တံ့နောင်က လည်ပြန်ကြည့်လိုက်ပြီးမှ အိပ်ယာပေါ်က ဖုန်းကို သွားယူလိုက်ကာ ကြည့်လိုက်သည်။စက်ပွင့်မလာတဲ့ ဖုန်းကြောင့်သာ အားမရှိတော့တာ သတိရတော့သည်။
" ငါ , မနေ့ညထဲက ဖုန်းအားသွင်းဖို့ မေ့နေတာ။ စက်ပိတ်သွားတယ်။ "
" အင်း ... အားသွင်းပြီးရင် သူ့ကို တစ်ခေါက်ပြန်ခေါ်ပြီး အကျိုးအကြောင်း ပြောလိုက်ဦး။ အလုပ်ရှုပ်ပြီး မေ့မနေနဲ့ဦး။ "
" အင်းပါ။ ငါသိပါတယ်။ "
နှင်းဆီမောင်က ခေါင်းငြိမ့်သည်။ ပြီးမှ တည်တံ့နောင်၏ အခန်းထဲက အဝတ်အပေတွေကို ရှာပြီး ခြင်းထဲ စုပြုံထည့်ကာ လျှော်ဖို့အတွက် ယူသွားသည်။ ဒီရက်ပိုင်း တည်တံ့နောင် အလုပ်ရှုပ်နေတာ သိသိသာသာမို့ အဝတ်ကို သူမကိုယ်တိုင်သာ လျှော်ပေးသည်။
ဖုန်းအားသွင်းကြိုး ချိတ်ပြီးသည်နှင့် တည်တံ့နောင်က ရေချိုးဖို့ ချက်ချင်းပြင်ရသည်။ နေ့လည် တစ်နာရီသာ ရှိသေးပေမယ့် ဒေါ်မြတ်ထားနဲ့ အလုပ်ကိစ္စ တွေ့ဖို့လည်း ချိန်းထားသေးတာမို့ အလျင်လိုနေသည်။
အဝတ်အစားလဲပြီး လိုအပ်သည်များ သိမ်းဆည်းရင်း အချိန်အနည်းငယ် ကုန်သွားသည်။ အမှုအတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဖုန်းနဲ့အတူ စုကိုင်လိုက်ပြီးမှ အောက်ထပ် ဆင်းလာလိုက်သည်။
" မြတ်နိုးဆီ ဖုန်းဆက်လိုက်ဦးနော်။ "
" အင်းပါ။ "
တည်တံ့နောင် ကားထဲရောက်ပြီးမှ ခြံထဲမှာ ပန်းခူးနေတဲ့ နှင်းဆီမောင်က လှမ်းသတိပေးနေလို့ ပြန်ဖြေနေရသေးသည်။ ကားကို ဒေါ်မြတ်ထားတို့ အိမ်ဆီပဲ ဦးတည်ကာ မောင်းလိုက်သည်။ ကားမောင်းနေရင်းမှ မြတ်နိုးပွင့်ဆီ ဖုန်းခေါ်ကာ အကျိုးအကြောင်းပြောရသည်။
နာရီဝက်လောက်အချိန်ကုန်ပြီးနောက် ဒေါ်မြတ်ထားတို့အိမ်ဆီ ရောက်လာသည်။ အိမ်တံခါးလည်း ပွင့်နေတာမို့ ကားကို အထဲထိပဲ မောင်းဝင်လာလိုက်တယ်။
တည်တံ့နောင် အိမ်ထဲဝင်လာတော့ တစ်အိမ်လုံးက တိတ်ဆိတ်နေသည်။ မနက်ထဲက ဒီအချိန်လာခဲ့မည် ပြောထားသည်မို့ တည်တံ့နောင်တောင် ကြောင်သွားသည်။ အိမ်တံခါးကြီးဖွင့်ထားပြီး လူတွေလည်း ရှိပုံမပေါ်ပေ။ဖုန်းဆက် အကျိုးအကြောင်းမေးဖို့ ဖုန်းကို ဖွင့်လိုက်မှ ခုဏက သတိမထားမိလိုက်တဲ့ ဒေါ်မြတ်ထားခေါ်ထားတဲ့ အဝင်ဖုန်းCallတွေရယ် messageတွေရယ် တွေ့ရသည်။ဒေါ်မြတ်ထား အခုလို အချိန်တွေ ဟိုရွှေ့ဒီရွှေ့လုပ်တာ သဘောမကျပေမယ့် ဒီတစ်ခေါက်က ကိုယ်တိုင်ရဲ့ အပြစ်လည်း မကင်းတာမို့ တည်တံ့နောင်က သက်ပြင်းသာ ချမိသည်။
အိမ်ရှင်တွေ မရှိတာ သေချာမှတော့ ချက်ချင်း လှည့်ပြန်ဖို့ ခြေလှမ်းကို ဦးတည်လိုက်သည်ဆိုရုံမျှနှင့် ထမင်းစားခန်းဘက်ဆီက ပစ္စည်းပြုတ်ကျသံ ကြားလာရသည်။ပြုတ်ကျသံဆိုတာထပ် လက်နဲ့တိုက်မိပြီး ပြိုလဲသံဆို ပိုမှန်လိမ့်မည်။
" လေးမြတ်လွန်း "
တည်တံ့နောင်က ချက်ချင်းပင် အနားရောက်လာသည်။ လေးမြတ်လွန်းက တည်တံ့နောင် ရောက်နေသည်ကို အခုမှ သတိထားမိပုံနဲ့ အံ့သြနေဟန်ရှိသည်။
" လူမရှိဘူး ထင်နေတာ။"
" အန်တီမြတ်ထားက အရေးကြီး ကိစ္စရှိလို့ အပြင်သွားတယ်။ "
လေးမြတ်လွန်းအသံက နှာခေါင်းသံပါနေကာ စကားသံကလည်း ယိုင်နေသည်။ နှုတ်ခမ်းကလည်း အနည်းငယ် ဖြူနေကာ မျက်ခမ်းစပ်တွေက ရဲနေသည်။သေချာပေါက် ဖျားနေတာပဲ။
"အင်း ... သိတယ်။ ပစ္စည်းတွေ ပြုတ်ကျသံကြားလို့ ဝင်ကြည့်တာ တော်သေးလို့ပေါ့ကွာ။ "
စားပွဲပေါ်မှာရော ကြမ်းပေါ်မှာပါ ပန်းကန်တွေကျနေပြီး နွားနို့တွေလည်း မှောက်နေတာမို့ တည်တံ့နောင်က ပြောလိုက်သည်။
" ကြောင်ကို အခုထိ ... အခုထိ အစာမကျွေးရသေးလို့ ကျွေးမလို့ ပြင်နေတာ။ ခေါင်းမူးနေပြီး လူက ယိုင်သွားလို့ အကုန်တိုက်မိကုန်တာ။ "
လေးမြတ်လွန်းက စားပွဲပေါ်မှာ ဖိတ်ကျနေတဲ့ နွားနို့တွေကို တစ်သျူးနဲ့သုတ်ရင်း ပြောလာသည်။ တည်တံ့နောင်က စိတ်ဆန္ဒအတိုင်း လေးမြတ်လွန်း၏ နဖူးကို လက်ဖမိုးနဲ့ စမ်းကြည့်လိုက်တော့ ပူကျစ်နေတာကြောင့် ကိုယ်တိုင်တောင် လန့်သွားသည်။
" မင်း တော်တော်လေး ဖျားနေတာပဲ။ "
" နည်းနည်းပဲဖျားတာပါ ... အိပ်လိုက်ရင် သက်သာသွားမှာပါ။ "
လူကဖြင့်အခုကို ခွေယိုင်လဲတော့မည့် အခြေအနေကို ခေါင်းမာနေသော ဒီကောင်လေးကို ကြည့်ကာ တည်တံ့နောင် ဒေါသလည်းဖြစ်သလို ကိုယ်တိုင် အဓိပ္ပါယ်မဖွင့်ဆိုတက်သည့် အခြားခံစားချက် တစ်မျိုးကလည်း ခန္ဓာကိုယ်ထဲမှာ စီးဆင်းနေသည်။ဒီခံစားချက်က စာနာသနားခြင်းနှင့် မသက်ဆိုင်သည့် အခြား စီးကြောင်းတစ်ခုဆိုတာတော့ ကိုယ်တိုင်နားလည်ပါသည်။
လေးမြတ်လွန်းက ကြောင်စာခွက်ထဲ နွားနို့နောက်တစ်ခွက် ထည့်နေရင်းမှ တည်တံ့နောင် ထင်ထားသလိုပင် လူကမဟန်တော့ပဲ ယိုင်ကျလာသည်။ တည်တံ့နောင်က လေးမြတ်လွန်းကို ထိန်းဖက်ထားလိုက်ပြီးမှ မလွှဲသာသည့်အဆုံး ကိုယ်တိုင်သာ ပွေ့လိုက်ပြီး ဧည့်ခန်းက ဆိုဖာခုံရှည်ပေါ်မှာ လှဲစေသည်။ ဒီကောင်လေး ဘယ်လိုတွေ နေထိုင်စားသောက်နေလို့ ခန္ဓာကိုယ်ကလည်း ယောကျ်ားလေးဖြစ်ပြီး ဒီလောက်ထိ ပေါ့ပါးလွန်းနေတာ။
" ကိုယ်ပူကျအောင် ရေဝတ်အရင် တိုက်ပေးမယ်။၊"
" မလို ... ဒုက္ခပေးမိပါပြီ။ "
လေးမြတ်လွန်းက ငြင်းဖို့ပေမယ့် တည်တံ့နောင်၏ ငြင်းဆန်ခွင့် မပေးသည့် မျက်လုံးတွေကြောင့် စကားသံ ခပ်တိုးတိုးဖြင့်သာ လက်ခံကြောင်း ပြရသည်။ ကိုယ်မရင်းနှီးသည့် အိမ်မှာမို့ ပစ္စည်းတွေကို တော်တော်လေး ရှာယူလိုက်ရပြီးမှ တည်တံ့နောင်က လေးမြတ်လွန်း အနား ပြန်ရောက်လာသည်။
ရေဇလုံထဲက တဘက်အဖြူကို ရေညှစ်ချလိုက်ပြီးမှ လေးမြတ်လွန်း၏ နဖူးပေါ်ကို တင်ပေးသည်။ လက်တွေပါ ရေပတ်တိုက်ပေးလိုက်တော့ ကိုယ်အပူရှိန် အနည်းငယ် သက်သာသွားသည်။ အကျီကြယ်သီးကိုပါ သုံးလုံးလောက်ဖြုတ်ပြီး ပုခုံးပြင်တွေကိုပါ သေချာလေး ရေပတ်တိုက်ပေးရသည်။
" လေးမြတ်လွန်း "
ပြန်ထူးမလာတာမို့ တည်တံ့နောင်တောင် ထူပူသွားသည်။ခန္ဓာကိုယ်ကို ပွေ့ထူလိုက်ပြီး ရင်ဘတ်ပေါ် မှီစေကာ နဖူးက ဆံပင်တွေကို သပ်တင်ပေးရင်း စိုးရိမ်စွာ ထပ်ခေါ်မိသည်။
" လေး "
" ဟင် ... "
ခေါ်သံကြားလို့ ထူးသည်လား။ ညည်းညူနေသည်လားလည်း မသည်းကွဲပါ။
" သတိရနေလား။ ကိုယ်ဆရာဝန် ခေါ်လိုက်မယ်နော်။ "
" ဒုက္ခမပေးချင်ဘူး။"
ဒီလောက်ပဲ ပြောပြီး လေးမြတ်လွန်းက ငြိမ်ကျသွားသည်။ တစ်ယောက်ထဲ ထားခဲ့ပြီး ဆရာဝန်သွားပင့်ဖို့လည်း စိတ်မချတာကြောင့် တည်တံ့နောင်မှာ မိသားစု ဆရာဝန်ကိုသာ လှမ်းခေါ်လိုက်ရသည်။
.........................
" နိုးလာပြီလား။ "
လေးမြတ်လွန်း မျက်လုံးဖွင့်ဖွင့်ချင်း အိပ်ယာဘေးမှာ ထိုင်နေတဲ့ တည်တံ့နောင်ကြောင့် ချက်ချင်းပင် ငုတ်တုတ်ထထိုင်သည်။ တည်တံ့နောင်က အမြန်ထိန်းပေးလိုက်ပြီးမှ ဒေါသမကင်းစွာ ပြောလိုက်သည်။
" အဲ့လို ဆက်ခနဲ ထ လို့ရမလားကွ။ ဒီလောက်ထိ ဖြစ်ထားတာကို နည်းနည်းပါးပါး ဂရုစိုက်မယ်မရှိဘူး။ ဖျားနေတဲ့အရှိန်နဲ့ အစားလည်း စားမထားလို့ ဒီလောက်ထိ ဖြစ်သွားတာတဲ့။ ငါမေးပါဦးမယ် ... မင်း ကိုယ့်ကိုယ်ကိုယ် တမင်များ ညဥ်းဆဲနေတာလား။ "
" တောင်းပန်ပါတယ်။ အလုပ်ရှုပ်မိသွားပါပြီ။ "
တည်တံ့နောင်၏ လေသံ နည်းနည်းမာသွားသည်က ဂရုဏာဒေါသနှင့် ပြောမိတာပေမယ့် ဒီကောင်လေးက တလွဲအဓိပ္ပါယ် ကောက်နေပြန်သည်။
" အလုပ်ရှုပ်တယ်ဆိုရင် မင်းနိုးလာတဲ့ထိ ထိုင်စောင့်ပေးမနေဘူး။ ဖျားနေတာကို ဘာမှမစားမသောက်နဲ့ အိပ်ယာထဲ ခွေနေရုံနဲ့ မပျောက်ဘူးကွ။ မင်း ဒီလောက်ဖြစ်နေတာကို တစ်ယောက်ထဲ ထားခဲ့ကြတာပဲလား။ "
ငါသာမလာဖြစ်ခဲ့ရင်ဆိုတာမျိုး တွေးမိတော့ တည်တံ့နောင် စိတ်ထဲ ပူလောင်သွားတာက တော်ရုံမဟုတ်ပေ။ လေးမြတ်လွန်းက စောင်ကို လက်မှပိုက်ထားရင်းမှ တည်တံ့နောင် နားဝင်ကောင်းအောင် ပြောဖို့ စကားတွေ ရှာနေမိသည်။ ပေါင်းသင်းဆက်ဆံရေး အားနည်းတော့ ကိုယ့်စကားကြောင့် တည်တံ့နောင် ဒေါသထွက်မှာလည်း ဆိုးသည်။
" မနက်က ဒီလောက်ထိ မဟုတ်ပါဘူး။ အဖျားက တက်လာလို့။ အခုသက်သာပါတယ်။ ကျေးဇူးတင်ပါတယ် ဆရာကြီး။ "
" သောက်ဆေးတွေ ပေးသွားတယ်။ အစားအသောက်မှာထားတာလည်း အဆင်သင့်ပဲ။ ငါ သွားယူပေးမယ်။ "
" မလို ... ဟုတ်ကဲ့။ "
လေးမြတ်လွန်းက 'မလိုပါဘူး၊မလုပ်ပေးပါနဲ့၊ရပါတယ်၊အဆင်ပြေပါတယ်' ထိုစကားတွေကို အာဂုံဆောင်ထားသလားတောင် ထင်ရတယ်။ များသော အားဖြင့် အငြင်းစကားတွေသာ သုံးသည်။အခုလည်း ငြင်းမိမလို ဖြစ်ပြီးမှ ပြန်ပြင်ပြောတာဖြစ်သည်။တကယ် ဘယ်လိုပုံစံလေးမှန်းကို မသိတာ။
တည်တံ့နောင်က ထ, ထွက်သွားတော့လည်း မျက်လုံးပြူးလေးနဲ့လိုက်ကြည့်နေသည်။ ဘာမှတော့ မပြောဘူး။
" ဆန်ပြုတ် "
တည်တံ့နောင်က လေးမြတ်လွန်း လက်ထဲကို ဆန်ပြုတ်ပန်းကန် ထည့်ပေးလိုက်သည်။လေးမြတ်လွန်းက ရိုရိုသေသေယူပြီးမှ ဆန်ပြုတ်တွေကို ဇွန်းနဲ့ ထိုးမွှေနေသည်။
" စားလေ ... မကြိုက်ဘူးလား။ "
" မကြိုက်ဘူး ... အဲ ...မဟုတ်ဘူး ... ဆန်ပြုတ်ကိုပြောတာမဟုတ်ဘူး ဆရာကြီး။ ငရုတ်ကောင်းမှုန့် ... အဲ့ဒါ မကြိုက်ဘူး။ "
" တစ်ပွဲအသစ်ရှိသေးတယ်။ အဲ့ဒါကို ငရုတ်ကောင်းမှုန့်တွေ ဖယ်ခဲ့ပေးမယ်။ ဒီဟာက မွှေလိုက်တော့ မရတော့ဘူး။ "
" ဒုက္ခပေးမိပြန်ပါပြီ။ "
လေးမြတ်လွန်းက ခပ်တိုးတိုးလေး ပြောတော့ တည်တံ့နောင်က လေးမြတ်လွန်းကို တစ်ချက်ကြည့်လိုက်သည်။ စကားပြောရင် တစ်မျိုးလေးမို့ စိတ်ထဲ ဘယ်လိုလေးမှန်းလည်း မသိပါ။ လေးမြတ်လွန်းက လည်း တည်တံ့နောင်၏ မျက်နှာချောချောကို ငေးမိပြီးမှ ခေါင်းပြန်ငုံ့သွားသည်။
တည်တံ့နောင် ယူလာပေးတဲ့ ဆန်ပြုတ်ပန်းကန်ကို တစ်ဇွန်းချင်း ခပ်စားနေရင်း တည်တံ့နောင်ကို မကြာခဏ ငေးကြည့်သည်။ ပုဆိုးအနီကွက်နဲ့ အပေါ်က စတစ်ကော်လံလက်ရှည်အဖြူ ဝတ်ထားတဲ့ တည်တံ့နောင်က သန့်ပြန့် ချောမွေ့နေသည်။ တည်တံ့နောင်က အမှုက စာရွက်တွေကို သေချာပြန်စီနေရင်းမှ လေးမြတ်လွန်းဆီ တစ်ချက်မျက်လုံးဝေ့ကြည့်လိုက်ပြီး
" ဘာလဲ ... ငါဘာလို့ မပြန်သေးတာလဲဆိုပြီး ကြည့်နေတာလား။ဒီမှာ သောက်ဆေးတွေ ... ငါပြန်တော့မယ်။ "
တည်တံ့နောင်က သောက်ဆေးတွေကို လေးမြတ်လွန်း၏ အိပ်ယာခေါင်းရင်းကို တင်ပေးလိုက်ပြီးမှ ပြန်ဖို့အတွက် ထ,သည်။ တည်တံနောင် လှည့်ထွက်တော့ လေးမြတ်လွန်းက တည်တံ့နောင်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲထားသည်။
" အထင်လွဲစေမိပြီ ... ပြန်ခိုင်းတာ မဟုတ်ပါဘူး။ ကြောင် ... ကြောင်လေးကို အစာကျွေးပြီးပြီလားလို့ မေးချင်တာ။ မမေးရဲလို့ ... ကျေးဇူးတင်ပါတယ် ဆရာကြီး။ "
နှင်လွှတ်တာ မဟုတ်မှန်း သိတော့ တည်တံ့နောင်က လှစ်ခနဲ ပြုံးလိုက်မိသည်။
" ကြောင်လည်း အစာကျွေးပြီးပြီ။စားပွဲပေါ်လည်း သန့်ရှင်းပေးထားပြီးပြီ ဟုတ်ပြီလား။ "
" ဟုတ်ကဲ့ ... မပြန်သေးရင် ထိုင်လို့ရပါတယ်။ "
တည်တံ့နောင်က လေးမြတ်လွန်း၏ နဖူးကို အပူချိန်စမ်းလိုက်ပြီးမှ ပြောလိုက်တယ်။
" ပြန်တော့မယ် ... နောက်ကျနေပြီလေ ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ဦး။ အစားကို ပုံမှန်စား။ ဆေးလည်းသောက်ဦး။အသက်၁၉နှစ်တောင် ရှိနေပြီ။ ကလေးမဟုတ်တော့ဘူး ကြားလား။ "
" ဟုတ်ကဲ့။ "
တည်တံ့နောင်က ဒီတစ်ကြိမ်မှာတော့ တကယ်ပဲ ပြန်ထွက်သွားသည်။ လေးမြတ်လွန်းက တည်တံ့နောင် ထွက်သွားသည့်အတိုင်းသာ လိုက်ကြည့်မိနေသည်။အပေါ်ယံမဟုတ်ပဲ ဒီလို နွေးထွေးတဲ့ ဂရုစိုက်မှုမျိုး မရခဲ့တာ ဘယ်လောက်တောင် ကြာခဲ့ပြီလဲ။
တည်တံ့နောင် ကားပေါ်ရောက်မှ နာရီပြန်ကြည့်မိတော့ ခြောက်နာရီကျော်နေပြီ။ သက်ပြင်းတိုးတိုးသာ ချမိပါသည်။ လေးမြတ်လွန်း အဖျားကြီးနေတာကြောင့် အဲ့ဒီအချိန်က တည်တံ့နောင် စိတ်ထဲ ဒီကောင်လေးကို ဂရုစိုက်ပေးချင်ရုံကလွဲပြီး ဘာအကြောင်းမှ ခေါင်းထဲမှာ ရှိမနေပေ။ဒီကောင်လေးအပေါ် ကိုယ်တိုင် သတိမထားမိလိုက်တဲ့ ငြိတွယ်မှု တစ်ခုပင်။
စာနာတာမှန်ပေမယ့် ထိုတစ်ခုထဲကြောင့် မဟုတ်မှန်းလည်း ရိပ်မိသည်။ လေးမြတ်လွန်း အိပ်ပျော်နေစဥ် တစ်လျှောက်လုံးကလည်း ဂုတ်ထောက်နေတဲ့ ဆံပင်လေးတွေကို ခပ်ဖွဖွ ပွတ်သပ်ပေးရင်း မျက်နှာနုနုလေးကို အကြည့်မလွှဲနိုင်ခဲ့တာ ကိုယ့်ကိုယ်ကိုယ် အသိဆုံး။
တစ်သက်နဲ့တစ်ကိုယ် တစ်ကြိမ်မှ မဖြစ်ပေါ်ခဲ့ဖူးတဲ့ ခံစားချက် အသစ်အဆန်းမို့ အဓိပ္ပါယ်မဖွင့်နိုင်သေးပေမယ့် လေးမြတ်လွန်း အနားမှာသာ ရှိနေခွင့်ရလျှင် တသိမ့်သိမ့် တငြိမ့်ငြိမ့် စီးဆင်းနေတဲ့ နှလုံးသွေးကြောအတွင်းက နှစ်လိုဖွယ်ကောင်းလွန်းတဲ့ ခံစားချက်လေးဆိုတာသာ သိပါသည်။
ဆက်ရန်
Zawgyi
" တည္တံ့ , ျမတ္နိုးက မင္းဖုန္းကို ဆက္ေနတာ မရလို႔ ငါ့ဖုန္းကို ဆက္လာတယ္။ ညေနက်ရင္ ငါးနာရီခြဲေလာက္ သူ႕ကိုလာႀကိဳေပးပါတဲ့။ "
အခန္းထဲက စားပြဲေပၚမွာ စာ႐ြက္ေတြ တင္ထားၿပီး ေဘးမွာ ထိုင္ကာ အမႈအတြက္ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြ ျပင္ဆင္ေနတဲ့ တည္တံ့ေနာင္ကို ႏွင္းဆီေမာင္က လာေျပာေပးသည္။ တည္တံ့ေနာင္က လည္ျပန္ၾကည့္လိုက္ၿပီးမွ အိပ္ယာေပၚက ဖုန္းကို သြားယူလိုက္ကာ ၾကည့္လိုက္သည္။စက္ပြင့္မလာတဲ့ ဖုန္းေၾကာင့္သာ အားမရွိေတာ့တာ သတိရေတာ့သည္။
" ငါ , မေန႕ညထဲက ဖုန္းအားသြင္းဖို႔ ေမ့ေနတာ။ စက္ပိတ္သြားတယ္။ "
" အင္း ... အားသြင္းၿပီးရင္ သူ႕ကို တစ္ေခါက္ျပန္ေခၚၿပီး အက်ိဳးအေၾကာင္း ေျပာလိုက္ဦး။ အလုပ္ရႈပ္ၿပီး ေမ့မေနနဲ႕ဦး။ "
" အင္းပါ ။ ငါသိပါတယ္။ "
ႏွင္းဆီေမာင္က ေခါင္းၿငိမ့္သည္။ ၿပီးမွ တည္တံ့ေနာင္၏ အခန္းထဲက အဝတ္အေပေတြကို ရွာၿပီး ျခင္းထဲ စုၿပဳံထည့္ကာ ေလွ်ာ္ဖို႔အတြက္ ယူသြားသည္။ ဒီရက္ပိုင္း တည္တံ့ေနာင္ အလုပ္ရႈပ္ေနတာ သိသိသာသာမို႔ အဝတ္ကို သူမကိုယ္တိုင္သာ ေလွ်ာ္ေပးသည္။
ဖုန္းအားသြင္းႀကိဳး ခ်ိတ္ၿပီးသည္ႏွင့္ တည္တံ့ေနာင္က ေရခ်ိဳးဖို႔ ခ်က္ခ်င္းျပင္ရသည္။ ေန႕လည္ တစ္နာရီသာ ရွိေသးေပမယ့္ ေဒၚျမတ္ထားနဲ႕ အလုပ္ကိစၥ ေတြ႕ဖို႔လည္း ခ်ိန္းထားေသးတာမို႔ အလ်င္လိုေနသည္။
အဝတ္အစားလဲၿပီး လိုအပ္သည္မ်ား သိမ္းဆည္းရင္း အခ်ိန္အနည္းငယ္ ကုန္သြားသည္။ အမႈအတြက္ လိုအပ္တဲ့ စာ႐ြက္စာတမ္းေတြကို ဖုန္းနဲ႕အတူ စုကိုင္လိုက္ၿပီးမွ ေအာက္ထပ္ ဆင္းလာလိုက္သည္။
" ျမတ္နိုးဆီ ဖုန္းဆက္လိုက္ဦးေနာ္။ "
" အင္းပါ။ "
တည္တံ့ေနာင္ ကားထဲေရာက္ၿပီးမွ ၿခံထဲမွာ ပန္းခူးေနတဲ့ ႏွင္းဆီေမာင္က လွမ္းသတိေပးေနလို႔ ျပန္ေျဖေနရေသးသည္။ ကားကို ေဒၚျမတ္ထားတို႔ အိမ္ဆီပဲ ဦးတည္ကာ ေမာင္းလိုက္သည္။ ကားေမာင္းေနရင္းမွ ျမတ္နိုးပြင့္ဆီ ဖုန္းေခၚကာ အက်ိဳးအေၾကာင္းေျပာရသည္။
နာရီဝက္ေလာက္အခ်ိန္ကုန္ၿပီးေနာက္ ေဒၚျမတ္ထားတို႔အိမ္ဆီ ေရာက္လာသည္။ အိမ္တံခါးလည္း ပြင့္ေနတာမို႔ ကားကို အထဲထိပဲ ေမာင္းဝင္လာလိုက္တယ္။
တည္တံ့ေနာင္ အိမ္ထဲဝင္လာေတာ့ တစ္အိမ္လုံးက တိတ္ဆိတ္ေနသည္။ မနက္ထဲက ဒီအခ်ိန္လာခဲ့မည္ ေျပာထားသည္မို႔ တည္တံ့ေနာင္ေတာင္ ေၾကာင္သြားသည္။ အိမ္တံခါးႀကီးဖြင့္ထားၿပီး လူေတြလည္း ရွိပုံမေပၚေပ။ဖုန္းဆက္ အက်ိဳးအေၾကာင္းေမးဖို႔ ဖုန္းကို ဖြင့္လိုက္မွ ခုဏက သတိမထားမိလိုက္တဲ့ ေဒၚျမတ္ထားေခၚထားတဲ့ အဝင္ဖုန္းCallေတြရယ္ messageေတြရယ္ ေတြ႕ရသည္။ေဒၚျမတ္ထား အခုလို အခ်ိန္ေတြ ဟိုေ႐ႊ႕ဒီေ႐ႊ႕လုပ္တာ သေဘာမက်ေပမယ့္ ဒီတစ္ေခါက္က ကိုယ္တိုင္ရဲ႕ အျပစ္လည္း မကင္းတာမို႔ တည္တံ့ေနာင္က သက္ျပင္းသာ ခ်မိသည္။
အိမ္ရွင္ေတြ မရွိတာ ေသခ်ာမွေတာ့ ခ်က္ခ်င္း လွည့္ျပန္ဖို႔ ေျခလွမ္းကို ဦးတည္လိုက္သည္ဆို႐ုံမွ်ႏွင့္ ထမင္းစားခန္းဘက္ဆီက ပစၥည္းျပဳတ္က်သံ ၾကားလာရသည္။ျပဳတ္က်သံဆိုတာထပ္ လက္နဲ႕တိုက္မိၿပီး ၿပိဳလဲသံဆို ပိုမွန္လိမ့္မည္။
" ေလးျမတ္လြန္း "
တည္တံ့ေနာင္က ခ်က္ခ်င္းပင္ အနားေရာက္လာသည္။ ေလးျမတ္လြန္းက တည္တံ့ေနာင္ ေရာက္ေနသည္ကို အခုမွ သတိထားမိပုံနဲ႕ အံ့ၾသေနဟန္ရွိသည္။
" လူမရွိဘူး ထင္ေနတာ။"
" အန္တီျမတ္ထားက အေရးႀကီး ကိစၥရွိလို႔ အျပင္သြားတယ္။ "
ေလးျမတ္လြန္းအသံက ႏွာေခါင္းသံပါေနကာ စကားသံကလည္း ယိုင္ေနသည္။ ႏႈတ္ခမ္းကလည္း အနည္းငယ္ ျဖဴေနကာ မ်က္ခမ္းစပ္ေတြက ရဲေနသည္။ေသခ်ာေပါက္ ဖ်ားေနတာပဲ။
"အင္း ... သိတယ္။ ပစၥည္းေတြ ျပဳတ္က်သံၾကားလို႔ ဝင္ၾကည့္တာ ေတာ္ေသးလို႔ေပါ့ကြာ။ "
စားပြဲေပၚမွာေရာ ၾကမ္းေပၚမွာပါ ပန္းကန္ေတြက်ေနၿပီး ႏြားနို႔ေတြလည္း ေမွာက္ေနတာမို႔ တည္တံ့ေနာင္က ေျပာလိုက္သည္။
" ေၾကာင္ကို အခုထိ ... အခုထိ အစာမေကြၽးရေသးလို႔ ေကြၽးမလို႔ ျပင္ေနတာ။ ေခါင္းမူးေနၿပီး လူက ယိုင္သြားလို႔ အကုန္တိုက္မိကုန္တာ။ "
ေလးျမတ္လြန္းက စားပြဲေပၚမွာ ဖိတ္က်ေနတဲ့ ႏြားနို႔ေတြကို တစ္သ်ဴးနဲ႕သုတ္ရင္း ေျပာလာသည္။ တည္တံ့ေနာင္က စိတ္ဆႏၵအတိုင္း ေလးျမတ္လြန္း၏ နဖူးကို လက္ဖမိုးနဲ႕ စမ္းၾကည့္လိုက္ေတာ့ ပူက်စ္ေနတာေၾကာင့္ ကိုယ္တိုင္ေတာင္ လန့္သြားသည္။
" မင္း ေတာ္ေတာ္ေလး ဖ်ားေနတာပဲ။ "
" နည္းနည္းပဲဖ်ားတာပါ ... အိပ္လိုက္ရင္ သက္သာသြားမွာပါ။ "
လူကျဖင့္အခုကို ေခြယိုင္လဲေတာ့မည့္ အေျခအေနကို ေခါင္းမာေနေသာ ဒီေကာင္ေလးကို ၾကည့္ကာ တည္တံ့ေနာင္ ေဒါသလည္းျဖစ္သလို ကိုယ္တိုင္ အဓိပၸါယ္မဖြင့္ဆိုတက္သည့္ အျခားခံစားခ်က္ တစ္မ်ိဳးကလည္း ခႏၶာကိုယ္ထဲမွာ စီးဆင္းေနသည္။ဒီခံစားခ်က္က စာနာသနားျခင္းႏွင့္ မသက္ဆိုင္သည့္ အျခား စီးေၾကာင္းတစ္ခုဆိုတာေတာ့ ကိုယ္တိုင္နားလည္ပါသည္။
ေလးျမတ္လြန္းက ေၾကာင္စာခြက္ထဲ ႏြားနို႔ေနာက္တစ္ခြက္ ထည့္ေနရင္းမွ တည္တံ့ေနာင္ ထင္ထားသလိုပင္ လူကမဟန္ေတာ့ပဲ ယိုင္က်လာသည္။ တည္တံ့ေနာင္က ေလးျမတ္လြန္းကို ထိန္းဖက္ထားလိုက္ၿပီးမွ မလႊဲသာသည့္အဆုံး ကိုယ္တိုင္သာ ေပြ႕လိုက္ၿပီး ဧည့္ခန္းက ဆိုဖာခုံရွည္ေပၚမွာ လွဲေစသည္။ ဒီေကာင္ေလး ဘယ္လိုေတြ ေနထိုင္စားေသာက္ေနလို႔ ခႏၶာကိုယ္ကလည္း ေယာက်္ားေလးျဖစ္ၿပီး ဒီေလာက္ထိ ေပါ့ပါးလြန္းေနတာ။
" ကိုယ္ပူက်ေအာင္ ေရဝတ္အရင္ တိုက္ေပးမယ္။၊"
" မလို ... ဒုကၡေပးမိပါၿပီ။ "
ေလးျမတ္လြန္းက ျငင္းဖို႔ေပမယ့္ တည္တံ့ေနာင္၏ ျငင္းဆန္ခြင့္ မေပးသည့္ မ်က္လုံးေတြေၾကာင့္ စကားသံ ခပ္တိုးတိုးျဖင့္သာ လက္ခံေၾကာင္း ျပရသည္။ ကိုယ္မရင္းႏွီးသည့္ အိမ္မွာမို႔ ပစၥည္းေတြကို ေတာ္ေတာ္ေလး ရွာယူလိုက္ရၿပီးမွ တည္တံ့ေနာင္က ေလးျမတ္လြန္း အနား ျပန္ေရာက္လာသည္။
ေရဇလုံထဲက တဘက္အျဖဴကို ေရညွစ္ခ်လိဳက္ၿပီးမွ ေလးျမတ္လြန္း၏ နဖူးေပၚကို တင္ေပးသည္။ လက္ေတြပါ ေရပတ္တိုက္ေပးလိုက္ေတာ့ ကိုယ္အပူရွိန္ အနည္းငယ္ သက္သာသြားသည္။ အက်ီၾကယ္သီးကိုပါ သုံးလုံးေလာက္ျဖဳတ္ၿပီး ပုခုံးျပင္ေတြကိုပါ ေသခ်ာေလး ေရပတ္တိုက္ေပးရသည္။
" ေလးျမတ္လြန္း "
ျပန္ထူးမလာတာမို႔ တည္တံ့ေနာင္ေတာင္ ထူပူသြားသည္။ခႏၶာကိုယ္ကို ေပြ႕ထူလိုက္ၿပီး ရင္ဘတ္ေပၚ မွီေစကာ နဖူးက ဆံပင္ေတြကို သပ္တင္ေပးရင္း စိုးရိမ္စြာ ထပ္ေခၚမိသည္။
" ေလး "
" ဟင္ ... "
ေခၚသံၾကားလို႔ ထူးသည္လား။ ညည္းၫူေနသည္လားလည္း မသည္းကြဲပါ။
" သတိရေနလား။ ကိုယ္ဆရာဝန္ ေခၚလိုက္မယ္ေနာ္။ "
" ဒုကၡမေပးခ်င္ဘူး။"
ဒီေလာက္ပဲ ေျပာၿပီး ေလးျမတ္လြန္းက ၿငိမ္က်သြားသည္။ တစ္ေယာက္ထဲ ထားခဲ့ၿပီး ဆရာဝန္သြားပင့္ဖို႔လည္း စိတ္မခ်တာေၾကာင့္ တည္တံ့ေနာင္မွာ မိသားစု ဆရာဝန္ကိုသာ လွမ္းေခၚလိုက္ရသည္။
.........................
" နိုးလာၿပီလား။ "
ေလးျမတ္လြန္း မ်က္လုံးဖြင့္ဖြင့္ခ်င္း အိပ္ယာေဘးမွာ ထိုင္ေနတဲ့ တည္တံ့ေနာင္ေၾကာင့္ ခ်က္ခ်င္းပင္ ငုတ္တုတ္ထထိုင္သည္။ တည္တံ့ေနာင္က အျမန္ထိန္းေပးလိုက္ၿပီးမွ ေဒါသမကင္းစြာ ေျပာလိုက္သည္။
" အဲ့လို ဆက္ခနဲ ထ လို႔ရမလားကြ။ ဒီေလာက္ထိ ျဖစ္ထားတာကို နည္းနည္းပါးပါး ဂ႐ုစိုက္မယ္မရွိဘူး။ ဖ်ားေနတဲ့အရွိန္နဲ႕ အစားလည္း စားမထားလို႔ ဒီေလာက္ထိ ျဖစ္သြားတာတဲ့။ ငါေမးပါဦးမယ္ ... မင္း ကိုယ့္ကိုယ္ကိုယ္ တမင္မ်ား ညဥ္းဆဲေနတာလား။ "
" ေတာင္းပန္ပါတယ္။ အလုပ္ရႈပ္မိသြားပါၿပီ။ "
တည္တံ့ေနာင္၏ ေလသံ နည္းနည္းမာသြားသည္က ဂ႐ုဏာေဒါသႏွင့္ ေျပာမိတာေပမယ့္ ဒီေကာင္ေလးက တလြဲအဓိပၸါယ္ ေကာက္ေနျပန္သည္။
" အလုပ္ရႈပ္တယ္ဆိုရင္ မင္းနိုးလာတဲ့ထိ ထိုင္ေစာင့္ေပးမေနဘူး။ ဖ်ားေနတာကို ဘာမွမစားမေသာက္နဲ႕ အိပ္ယာထဲ ေခြေန႐ုံနဲ႕ မေပ်ာက္ဘူးကြ။ မင္း ဒီေလာက္ျဖစ္ေနတာကို တစ္ေယာက္ထဲ ထားခဲ့ၾကတာပဲလား။ "
ငါသာမလာျဖစ္ခဲ့ရင္ဆိုတာမ်ိဳး ေတြးမိေတာ့ တည္တံ့ေနာင္ စိတ္ထဲ ပူေလာင္သြားတာက ေတာ္႐ုံမဟုတ္ေပ။ ေလးျမတ္လြန္းက ေစာင္ကို လက္မွပိုက္ထားရင္းမွ တည္တံ့ေနာင္ နားဝင္ေကာင္းေအာင္ ေျပာဖို႔ စကားေတြ ရွာေနမိသည္။ ေပါင္းသင္းဆက္ဆံေရး အားနည္းေတာ့ ကိုယ့္စကားေၾကာင့္ တည္တံ့ေနာင္ ေဒါသထြက္မွာလည္း ဆိုးသည္။
" မနက္က ဒီေလာက္ထိ မဟုတ္ပါဘူး။ အဖ်ားက တက္လာလို႔။ အခုသက္သာပါတယ္။ ေက်းဇူးတင္ပါတယ္ ဆရာႀကီး "
" ေသာက္ေဆးေတြ ေပးသြားတယ္။ အစားအေသာက္မွာထားတာလည္း အဆင္သင့္ပဲ။ ငါ သြားယူေပးမယ္။ "
" မလို ... ဟုတ္ကဲ့။ "
ေလးျမတ္လြန္းက 'မလိုပါဘူး၊မလုပ္ေပးပါနဲ႕၊ရပါတယ္၊အဆင္ေျပပါတယ္' ထိုစကားေတြကို အာဂုံေဆာင္ထားသလားေတာင္ ထင္ရတယ္။ မ်ားေသာ အားျဖင့္ အျငင္းစကားေတြသာ သုံးသည္။အခုလည္း ျငင္းမိမလို ျဖစ္ၿပီးမွ ျပန္ျပင္ေျပာတာျဖစ္သည္။တကယ္ ဘယ္လိုပုံစံေလးမွန္းကို မသိတာ။
တည္တံ့ေနာင္က ထ, ထြက္သြားေတာ့လည္း မ်က္လုံးျပဴးေလးနဲ႕လိုက္ၾကည့္ေနသည္။ ဘာမွေတာ့ မေျပာဘူး။
" ဆန္ျပဳတ္ "
တည္တံ့ေနာင္က ေလးျမတ္လြန္း လက္ထဲကို ဆန္ျပဳတ္ပန္းကန္ ထည့္ေပးလိုက္သည္။ေလးျမတ္လြန္းက ရိုရိုေသေသယူၿပီးမွ ဆန္ျပဳတ္ေတြကို ဇြန္းနဲ႕ ထိုးေမႊေနသည္။
" စားေလ ... မႀကိဳက္ဘူးလား။ "
" မႀကိဳက္ဘူး ... အဲ ...မဟုတ္ဘူး ... ဆန္ျပဳတ္ကိုေျပာတာမဟုတ္ဘူး ဆရာႀကီး ။ င႐ုတ္ေကာင္းမႈန့္ ... အဲ့ဒါ မႀကိဳက္ဘူး။ "
" တစ္ပြဲအသစ္ရွိေသးတယ္။ အဲ့ဒါကို င႐ုတ္ေကာင္းမႈန့္ေတြ ဖယ္ခဲ့ေပးမယ္။ ဒီဟာက ေမႊလိုက္ေတာ့ မရေတာ့ဘူး။ "
" ဒုကၡေပးမိျပန္ပါၿပီ။ "
ေလးျမတ္လြန္းက ခပ္တိုးတိုးေလး ေျပာေတာ့ တည္တံ့ေနာင္က ေလးျမတ္လြန္းကို တစ္ခ်က္ၾကည့္လိုက္သည္။ စကားေျပာရင္ တစ္မ်ိဳးေလးမို႔ စိတ္ထဲ ဘယ္လိုေလးမွန္းလည္း မသိပါ။ ေလးျမတ္လြန္းက လည္း တည္တံ့ေနာင္၏ မ်က္ႏွာေခ်ာေခ်ာကို ေငးမိၿပီးမွ ေခါင္းျပန္ငုံ႕သြားသည္။
တည္တံ့ေနာင္ ယူလာေပးတဲ့ ဆန္ျပဳတ္ပန္းကန္ကို တစ္ဇြန္းခ်င္း ခပ္စားေနရင္း တည္တံ့ေနာင္ကို မၾကာခဏ ေငးၾကည့္သည္။ ပုဆိုးအနီကြက္နဲ႕ အေပၚက စတစ္ေကာ္လံလက္ရွည္အျဖဴ ဝတ္ထားတဲ့ တည္တံ့ေနာင္က သန့္ျပန့္ ေခ်ာေမြ႕ေနသည္။ တည္တံ့ေနာင္က အမႈက စာ႐ြက္ေတြကို ေသခ်ာျပန္စီေနရင္းမွ ေလးျမတ္လြန္းဆီ တစ္ခ်က္မ်က္လုံးေဝ့ၾကည့္လိုက္ၿပီး
" ဘာလဲ ... ငါဘာလို႔ မျပန္ေသးတာလဲဆိုၿပီး ၾကည့္ေနတာလား။ဒီမွာ ေသာက္ေဆးေတြ ... ငါျပန္ေတာ့မယ္။ "
တည္တံ့ေနာင္က ေသာက္ေဆးေတြကို ေလးျမတ္လြန္း၏ အိပ္ယာေခါင္းရင္းကို တင္ေပးလိုက္ၿပီးမွ ျပန္ဖို႔အတြက္ ထ,သည္။ တည္တံေနာင္ လွည့္ထြက္ေတာ့ ေလးျမတ္လြန္းက တည္တံ့ေနာင္၏ လက္ေကာက္ဝတ္ကို လွမ္းဆြဲထားသည္။
" အထင္လြဲေစမိၿပီ ... ျပန္ခိုင္းတာ မဟုတ္ပါဘူး။ ေၾကာင္ ... ေၾကာင္ေလးကို အစာေကြၽးၿပီးၿပီလားလို႔ ေမးခ်င္တာ။ မေမးရဲလို႔ ... ေက်းဇူးတင္ပါတယ္ ဆရာႀကီး ။ "
ႏွင္လႊတ္တာ မဟုတ္မွန္း သိေတာ့ တည္တံ့ေနာင္က လွစ္ခနဲ ၿပဳံးလိုက္မိသည္။
" ေၾကာင္လည္း အစာေကြၽးၿပီးၿပီ။စားပြဲေပၚလည္း သန့္ရွင္းေပးထားၿပီးၿပီ ဟုတ္ၿပီလား။ "
" ဟုတ္ကဲ့ ... မျပန္ေသးရင္ ထိုင္လို႔ရပါတယ္။ "
တည္တံ့ေနာင္က ေလးျမတ္လြန္း၏ နဖူးကို အပူခ်ိန္စမ္းလိုက္ၿပီးမွ ေျပာလိုက္တယ္။
" ျပန္ေတာ့မယ္ ... ေနာက္က်ေနၿပီေလ ။ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ဦး။ အစားကို ပုံမွန္စား။ ေဆးလည္းေသာက္ဦး။အသက္၁၉ႏွစ္ေတာင္ ရွိေနၿပီ။ ကေလးမဟုတ္ေတာ့ဘူး ၾကားလား။ "
" ဟုတ္ကဲ့။ "
တည္တံ့ေနာင္က ဒီတစ္ႀကိမ္မွာေတာ့ တကယ္ပဲ ျပန္ထြက္သြားသည္။ ေလးျမတ္လြန္းက တည္တံ့ေနာင္ ထြက္သြားသည့္အတိုင္းသာ လိုက္ၾကည့္မိေနသည္။အေပၚယံမဟုတ္ပဲ ဒီလို ေႏြးေထြးတဲ့ ဂ႐ုစိုက္မႈမ်ိဳး မရခဲ့တာ ဘယ္ေလာက္ေတာင္ ၾကာခဲ့ၿပီလဲ။
တည္တံ့ေနာင္ ကားေပၚေရာက္မွ နာရီျပန္ၾကည့္မိေတာ့ ေျခာက္နာရီေက်ာ္ေနၿပီ။ သက္ျပင္းတိုးတိုးသာ ခ်မိပါသည္။ ေလးျမတ္လြန္း အဖ်ားႀကီးေနတာေၾကာင့္ အဲ့ဒီအခ်ိန္က တည္တံ့ေနာင္ စိတ္ထဲ ဒီေကာင္ေလးကို ဂ႐ုစိုက္ေပးခ်င္႐ုံကလြဲၿပီး ဘာအေၾကာင္းမွ ေခါင္းထဲမွာ ရွိမေနေပ။ဒီေကာင္ေလးအေပၚ ကိုယ္တိုင္ သတိမထားမိလိုက္တဲ့ ၿငိတြယ္မႈ တစ္ခုပင္။
စာနာတာမွန္ေပမယ့္ ထိုတစ္ခုထဲေၾကာင့္ မဟုတ္မွန္းလည္း ရိပ္မိသည္။ ေလးျမတ္လြန္း အိပ္ေပ်ာ္ေနစဥ္ တစ္ေလွ်ာက္လုံးကလည္း ဂုတ္ေထာက္ေနတဲ့ ဆံပင္ေလးေတြကို ခပ္ဖြဖြ ပြတ္သပ္ေပးရင္း မ်က္ႏွာႏုႏုေလးကို အၾကည့္မလႊဲနိုင္ခဲ့တာ ကိုယ့္ကိုယ္ကိုယ္ အသိဆုံး။
တစ္သက္နဲ႕တစ္ကိုယ္ တစ္ႀကိမ္မွ မျဖစ္ေပၚခဲ့ဖူးတဲ့ ခံစားခ်က္ အသစ္အဆန္းမို႔ အဓိပၸါယ္မဖြင့္နိုင္ေသးေပမယ့္ ေလးျမတ္လြန္း အနားမွာသာ ရွိေနခြင့္ရလွ်င္ တသိမ့္သိမ့္ တၿငိမ့္ၿငိမ့္ စီးဆင္းေနတဲ့ ႏွလုံးေသြးေၾကာအတြင္းက ႏွစ္လိုဖြယ္ေကာင္းလြန္းတဲ့ ခံစားခ်က္ေလးဆိုတာသာ သိပါသည္။
ဆက္ရန္