Zawgyi
ႏိုးထပြဲသို႔ေရာက္လာခ်ိန္မွာ ႐ိုစဲဆလပ္အိမ္ေတာ္ကလူေတြလည္း စိတ္လႈပ္႐ွားေနေတာ့သည္၊အင္ပါယာမင္းဟာလည္း ႐ိုစဲဆလက္အိမ္ေတာ္ကို ခ်ီးေျမႇာက္သည့္အေနနဲ႔ ဘယ္အင္ပါယာမွာမွ မလုပ္ဖူးေသးတဲ့ကိစၥကို လုပ္ေပးေတာ့သည္၊
အဲ့တာကေတာ့ အသက္ေျခာက္ႏွစ္ကေလးတိုင္းကို ႏိုးထပြဲမွာ ဝင္ေရာက္စမ္းသပ္ပါဝင္ခြင့္ေပ၊ကလီနာဟာ ပထမကသေဘာမတူခ်င္ေပမယ့္ ထိုကေလးေတြဟာ သူမသားအတြက္ တက္နင္းစရာေက်ာက္ေတြဆုိတာ သေဘာေပါက္လိုက္သည္၊အန္ဒီးယားဟာ စြမ္းအားအျပည့္နဲ႔ႏိုးထလာမည့္ခ်ိန္မွာေတာ့ ထိုကေလးေတြဟာ သာမန္စြမ္းရည္ေတြနဲ႔ ႏိုးထလာလိမ့္မည္၊ဒါဆုိရင္ အကုန္လံုးဟာ သူမရဲ႕သားကို ပိုမိုခ်ီးေျမႇာက္လာလိမ့္မည္၊
ဒါေၾကာင့္ ကလီနာဟာ ဧကရီကို သူမလည္း အင္ပါယာမင္းေျပာတဲ့ကိစၥကို သေဘာတူေၾကာင္း ျပန္အေၾကာင္းၾကားလိုက္သည္၊မက္စ္နိရာၿမိဳ႕(ေတာ္ဝင္ၿမိဳ႕)ကလူေတြဟာလည္း သူတို႔ရဲ႕ကေလးေတြကိုပါ ေခၚလာကာ ႏိုးထပြဲက်င္းပရာေနရာကို ေရာက္လာေတာ့သည္၊မ်ားစြာေသာလူေတြေၾကာင့္ ၿမိဳ႕ႀကီးဟာလည္း စည္ကားေနၿပီး တီတပညာ႐ွင္ေတြဟာ ေနရာျခားေဖ်ာ္ေျဖေနတာေၾကာင့္ ႏိုးထပြဲေတာ္ဟာ သာယာေပ်ာ္ရႊင္ေနက်ေတာ့သည္၊
႐ိုစဲဆလပ္အိမ္ေတာ္မွာေသာ ဆိုရက္စ္ရဲ႕မိန္းမေစမ်ားနဲ႔အန္နာဟာ ဒန္နာရီကို ျပင္ဆင္ေပးေနက်ၿပီး ဆိုရက္စ္နဲ႔ေဒ့ကိုးနက္စ္ဟာလည္း မင္းသား႐ွစ္ လက္ေဆာင္ေပးထားတဲ့ဝတ္စံုငါးမ်ိဳးကို မေက်မနပ္စိုက္ၾကည့္ေနေတာ့သည္၊ဒန္နာရီကို သူတို႔ေပးတဲ့လက္ေဆာင္ဟာလည္း အေကာင္းဆံုးဆိုေပမယ့္ ရက္စ္ထရစ္ၿမိဳ႕စားမင္းႀကီးရဲ႕ေျမး၏ႂကြယ္ဝမႈကိုေတာ့ သူတို႔ဟာ ဘယ္မီမလဲ၊ၿပီးေတာ့လည္း ဝတ္စံုငါးစံုလံုးဟာ ေကာင္းမြန္ေနတာေၾကာင့္ အေစခံမိန္းမပ်ိဳေတြမေျပာနဲ႔ သူတို႔ပင္ ေရြးရခက္ေနေတာ့သည္၊
"ေရခဲျပာေရာင္ ဝတ္စံုေလးလည္း မဆိုးဘူး"
"ဒီအနက္ေရာင္နဲ႔ေရႊေရာင္ေရာစပ္ထားတာေလးကမွ ပိုၾကည့္ေကာင္းတာ"
"ႏွင္းျဖဴေရာင္ေလးကမွ သခင္ေလးနဲ႔ပိုလိုက္ဖက္တယ္" တစ္ေယာက္နဲ႔တစ္ေယာက္ဟာ ျငင္းခံုကာ ဟိုဟာေရြးလိုက္၊ဒီဟာေရြးလိုက္ျဖစ္ေနတာေၾကာင့္ ဒန္နာရီမွာ သက္ျပင္းယဲ့ယဲ့ခ်လိုက္ေတာ့သည္၊ဒါေၾကာင့္ သူဟာ အနက္ေရာင္နဲ႔ေငြမ်ွင္မ်ားေရာစပ္ထားတဲ့ဝတ္စံုကို လက္ညိဳွးထိုးလိုက္ၿပီး
"အဲ့တစ္ထည္ ဝတ္မယ္ အန္နာ" လို႔ေျပာလိုက္ေတာ့ တစ္ျခားသူေတြဟာလည္း သေဘာတူလာေတာ့သည္၊ဘာပဲျဖစ္ျဖစ္ ေနာက္ဆံုးေတာ့ သူအဝတ္အစားဝတ္ရေသးလို႔ ေတာ္ေသးသည္၊
ပိုးသားနဲ႔ခ်ဳပ္ထားသည့္အျဖဴေရာင္ေနာက္ခံအက်ႌေပၚမွာ အနက္ေရာင္ကုတ္ကို ဒန္ဒီကို ေသသပ္စြာ ဝတ္ဆင္ေပးလိုက္သည္၊ထိုေနာက္မွာေတာ့ ဒန္နာရီဟာ သူ႔မိခင္ရဲ႕ရင္ထိုးကို အျဖဴေရာင္ပိတ္နက္ကတိုင္ထိပ္ဆံုးမွာ တပ္ဆင္လိုက္ၿပီး အန္နာတို႔ကလည္း ျမျပာေရာင္ရင္ထိုးနဲ႔လိုက္ဖက္သည့္ေက်ာက္မ်က္ရတနာအဆင္တန္ဆာမ်ားကို ယူလိုက္ၿပီး ျမျပာစိန္ျဖင့္လုပ္ထားသည့္လက္ၾကယ္သီးကိုယူကာ အက်ႌလက္ေကာက္ဝတ္မွာ တပ္ဆင္လိုက္သည္၊ထိုေနာင္မွာေတာ့ အျဖဴေရာင္ပိတ္နက္ကတိုင္ရဲ႕အစြန္းမွာလည္း ဖီးနစ္ပံုသ႑ာန္ညႇပ္ကလစ္ကို ညႇက္လိုက္သည္၊
ျပင္ဆင္လို္ၿပီးသြားသည့္အခါမွာေတာ့ ဒန္နာရီသက္ျပင္းခ်ႏိုင္ေတာ့သည္၊အရင္ဘဝကေတာင္ ဒီလိုအလုပ္မမ်ားခဲ့ေပ၊
"ဒန္နာရီက ႀကီးလာရင္ ပ်ားေတြ႔ေဝ့ဝဲတာကိုခံရမဲ့ပန္းလိုျဖစ္မွာေသခ်ာတယ္" ေဒ့ကိုးနက္စ္ဟာ ဒန္နာရီကိုျပင္ဆင္ထားသည္ကိုၾကည့္ရင္း စိတ္ေက်နပ္ေနသည့္အသံျဖင့္ေျပာလိုက္သည္၊
"ဒါေပါ့ အစ္ကိုတို႔ညီငယ္ေလးပဲေလ " ဆုိရက္စ္ကလည္း ဝင္ေရာက္ေထာက္ခံၿပီးေနာက္မွာ သူရဲ႕အေစခံမိန္းမပ်ိဳကို လွည္းအဆင္သင့္ျပင္ခိုင္းရန္ အမိန္႔ေပးခိုင္းေစလိုက္သည္၊
"အန္နာ..." ဒန္နာရီဟာ အန္နာရဲ႕လက္ကို လွမ္းတြဲရင္းေခၚလိုက္သည္၊အရင္ဘဝက အန္နာဟာ သူရဲ႕ေရြးေကာက္ပြဲကို လာခြင့္မ႐ွိခဲ့ေပ၊ဒီတစ္ခါေတာ့ ထိုလိုထပ္အျဖစ္မခံႏိုင္ေပ၊
ဆိုရက္စ္ဟာလည္း ဒန္နာရီနဲ႔အန္နာရဲ႕သံေယာဇဥ္ကို နားလည္သူျဖစ္တာေၾကာင့္ ဒန္နာရီရဲ႕ပါးကို ဖြဖြေလးတို႔လိုက္ၿပီး "ညီငယ္ေလးက ကိုယ္ပိုင္အထိန္းေတာ္ကို ေခၚခ်င္တယ္ဆုိ ေခၚလာလို႔ရတယ္" လို႔ ေျပာလိုက္ေတာ့ ဒန္နာရီမ်က္ႏွာဟာ ေပ်ာ္ရႊင္သြားေတာ့သည္၊
အန္နာဟာလည္း သခင္ေလးဆိုရက္စ္ကို ေက်းဇူးတင္စကားေျပာလိုက္သည္၊သူမရဲ႕သခင္ေလး ႏိုးထပြဲကို ၾကည့္ခ်င္တာဟာ အန္နာရဲ႕အိပ္မက္ေတြထဲက တစ္ခုပင္၊သူမသခင္ေလး ေပ်ာ္ရႊင္စြာႀကီးထြားလာဖို႔ကေတာ့ သူမရဲ႕အႀကီးမားဆံုးအိပ္မက္ပင္၊
ထိုေနာက္မွာေတာ့ ဆိုရက္စ္ဟာ ဒန္နာရီကိုေကာက္ခ်ီလိုက္ၿပီး အိမ္ေတာ္အျပင္ဘက္ကို ထြက္လာေတာ့သည္၊
"ပထမသခင္ေလး လွည္းအဆင္သင့္ျဖစ္ပါၿပီဗ်" မင္းသားေဂ်ာ့ဖေရးလိုပဲ ဆိုရက္စ္နဲ့ေဒ့ကိုးနက္စ္ရဲ႕မိခင္မ်ိဳး႐ိုးဟာ ႂကြယ္ဝခ်မ္းသာတဲ့လူကံုထံအသိုင္းအဝိုင္းကျဖစ္သည္၊ဒါေၾကာင့္ သူတို႔မိခင္ေသဆံုးသြားေပမယ့္ ႐ိုစဲဆလပ္အိမ္ေတာ္တြင္ ဆုိရက္စ္တို႔ကို လက္႐ွိသခင္မႀကီးျဖစ္တဲ့ကလီနာဟာ မဖိႏွိပ္ႏိုင္ေပ၊ဘာေၾကာင့္လဲဆုိေတာ့ ဆိုရက္စ္တို႔ရဲ႕မိခင္မ်ိဳး႐ိုးဟာ ႐ိုစဲဆလပ္အမတ္ႀကီးအိမ္ေတာ္ရဲ႕ေငြေၾကးစီးပြားေရးကို ထိန္းခ်ဳပ္ထားႏိုင္သူမ်ားျဖစ္သည္၊
ဒန္နာရီဟာ ေငြေရာင္သတၳဳနဲ႔တည္ေဆာက္ထားတဲ့လွည္းႀကီးကို ၾကည့္ကာ အံ့အားသင့္ေနၿပီး အံ့အားသင့္ဆံုးဟာ ေငြမ်ွင္ေရာင္အေမႊးအမ်ွင္မ်ားပိုင္ဆိုင္ထားသည့္ဦးဂ်ိဳပါ႐ွိသည့္ျမင္းႀကီးႏွစ္ေကာင္ကိုပင္၊သူသိရသေလာက္ သူ႔အစ္ကိုဆိုရက္စ္ဟာ ထိုျမင္းႀကီးႏွစ္ေကာင္ကို သေဘာက်ႏွစ္ၿခိဳက္ၿပီး အျမဲတမ္း သူ႔ျခံကြင္းထဲမွာပဲ ေမြးျမဴထားၿပီး အမ်ားေ႐ွ႕ထုတ္ျပသည္ဟာ ႐ွားပါးလွသည္၊ေနာက္တစ္ခုဟာ သူ႔အစ္ကိုဟာ ဒီလွည္းကို တစ္ခါမွထုတ္မစီးျဖစ္ေပ အရင္ဘဝက တစ္ေခါက္သာျမင္ဖူးသည္၊
"သေဘာက်လား" ဆိုရက္စ္ဟာ ေငးေမာကာၾကည့္ေနတဲ့ဒန္နာရီအမူအရာေလးကို သေဘာက်ကာရယ္ေမာလိုက္ၿပီး ေမးလိုက္သည္၊လေရာင္ျမင္းေတြကို ခဏခဏထုတ္မစီးရျခင္းမွာ ဒီျမင္းေတြဟာ ပတ္ဝန္းက်င္က ေမွာ္ေတြကိုေခ်ဖ်က္ႏိုင္ၿပီး မလိုလားသည့္ျပသာနာေတြျဖစ္တတ္တာေၾကာင့္ ထိုကိစၥကိုထိန္းခ်ဳပ္ႏိုင္ဖို႔ သူ႔ဆရာေပးထားတဲ့ထိန္းခ်ဳပ္ေရးေက်ာက္ဟာ ႏွစ္ႀကိမ္သာသံုးလို႔ရသည္၊
ဒန္နာရီဟာ ေခါင္းညိတ္လိုက္ၿပီး ထိုလွည္းကိုေတာက္ပစြာၾကည့္ေနေတာ့သည္၊အင္ပါယာမင္းပင္ ဆိုရက္စ္ရဲ႕လေရာင္ဆင္းသည့္လွည္းကို သေဘာက်ႏွစ္သက္ခဲ့သည္၊ထိုလွည္းကို ဆုိရက္စ္ဟာ ေတာ္ဝင္ေမွာ္ေက်ာင္းေတာ္ႀကီးတြင္ လူငယ္ပါရမီအျဖင့္သတ္မွတ္ခံရၿပီး ေက်ာင္းေတာ္ရဲ႕ေက်ာင္းအုပ္ႀကီးဟာ ခ်ီးျမႇင့္ထားျခင္းျဖစ္သည္၊ ဒန္နာရီသိရသေလာက္ေတာ့ ဒီလွည္းဟာ ေနာက္ထပ္တစ္စီးမ႐ွိေပ၊
"ကိုကိုဆိုရက္စ္!!"
ဒန္နာရီဟာလည္း အသံလာရာကိုၾကည့္လိုက္ေတာ့ အျဖဴေရာင္အဝတ္အစားကိုဆင္ယင္ထားၿပီး ေရႊေရာင္မ်ွင္မ်ားနဲ႔ေရာယက္ထားကာ အၾကည္ေရာင္စိန္မ်ားနဲ႔ထုလုပ္ထားသည့္အဆင္တန္ဆာမ်ားဝတ္ဆင္ထားသည့္အန္ဒီးယားကို ေတြ႔လိုက္သည္၊ၿပီးေတာ့ ေတာက္ေတာက္ပပနဲ႔လွပစြာဝတ္ဆင္ထားသည့္ကလီနာကိုပါ ျမင္လိုက္ရေတာ့သည္၊
ေဒ့ကိုးနက္စ္ကေတာ့ ဒန္နာရီကိုခ်ီထားသည့္ဆုိရက္စ္ေ႐ွ႕မွာ ရပ္လိုက္ၿပီး ကလီနာကို ရန္လိုစြာစိုက္ၾကည့္လိုက္သည္။ေဒ့ကိုးနက္စ္ဟာ ဆိုရက္စ္လို လူႀကီးလူေကာင္းဆန္သူမဟုတ္ေပ၊သူဟာ ဘုဂလန္႔သမားျဖစ္ၿပီး ဇြတ္သမားလည္းျဖစ္တာေၾကာင့္ သူရဲ႕အျပဳအမူေတြ ႐ိုင္းသြားရင္ေတာင္ ဂ႐ုမစိုက္ေပ၊ သူ႔စိတ္ထဲမွာ ကလီနာဟာ ရက္စက္တဲ့မိန္းမျဖစ္ၿပီး သူ႔ညီငယ္ကိုလည္း ဒုကၡထပ္ေပးႏိုင္သည္ဟုပဲ ေတြးထားသည္၊
ကလီနာဟာလည္း ေဒ့ကိုးနက္စ္ရဲ႕အျပဳအမူေၾကာင့္ ေဒါသထြက္သြားေတာ့သည္၊ဒါေပမယ့္ အရြယ္ေရာက္သူတစ္ေယာက္ပီပီ သူမရဲ႕အမူအရာေတြကို ထိန္းလိုက္ၿပီး ဆိုရက္စ္ကို ျပံဳးကာ ေျပာလိုက္သည္၊
"ႏိုးထပြဲကို သြားမလို႔လား မင္းတို႔ညီငယ္ေလးအန္ဒီးယားက သူ႔အစ္ကိုေတြနဲ႔တူတူသြားခ်င္ေနတာနဲ႔ အေတာ္ပဲ "
အန္ဒီးယားဟာလည္း သူရဲ႕မိခင္စကားကို ေထာက္ခံစြာေခါင္းညိတ္လိုက္ၿပီး အေနာက္ဘက္က ျမင္းလွည္းျဖဴႀကီးကို ၾကည့္လိုက္သည္၊သူတို႔အေမရဲ႕ျမင္းလွည္းထက္ပင္ ပိုမိုလွပေနတာေၾကာင့္ အန္ဒီးယားဟာ အရမ္းစီးခ်င္ေနေတာ့သည္၊
"ဟုတ္တယ္... ကိုကိုဆုိရက္စ္ နဲ႔ ကိုကိုေဒ့ကိုးနက္စ္" အန္ဒီးယားဟာ ေတာက္ပစြာျပံဳးရင္းေျပာလိုက္ေပမယ့္ သူ႔အစ္ကိုေတြဟာ အရင္လို ဂ႐ုမစိုက္လာတဲ့အျပင္ ဆုိရက္စ္ဟာ လွည္းတံခါးကို ဖြင့္လိုက္ၿပီး ေဒ့ကိုးနက္စ္နဲ႔ဒန္နာရီကို ဝင္ခိုင္းလိုက္သည္၊
"အန္ဒီးယား ဒီတစ္ေခါက္ေတာ့ မင္းအေမနဲ႔ပဲ တူတူစီးလိုက္ေတာ့၊သခင္မႀကီးလည္း ကြၽန္ေတာ္တို႔လိုလူငယ္ေလးေတြတူတူ စီးခ်င္မယ္မထင္ဘူးေလ...ၿပီးေတာ့ ကြၽန္ေတာ္တို႔လွည္းကလည္း လူမဆန္႔ဘူးဆုိေတာ့ ခြင့္ျပဳပါဦး" ဆိုရက္စ္ဟာ အ႐ိုအေသတစ္ခ်က္ေပးလိုက္ၿပီး လွည္းေပၚတက္သြားေတာ့သည္၊
သူဟာ ေအာ္ငိုကာ သူ႔ကိုေခၚေနတဲ့အန္ဒီးယားကိုပင္ တစ္ခ်က္ေတာင္လွည့္မၾကည့္ေပ၊ဆိုရက္စ္ဟာ အန္ဒီးယားကို မမုန္းေပမယ့္ ေ႐ွ႕ဆက္မပတ္သတ္ရန္ ဆံုးျဖတ္ၿပီးသားျဖစ္သည္၊သူအေဖဟာ ႐ွင္း႐ွင္းလင္းလင္းကို ကလီနာနဲ႔အန္ဒီးယားဘက္က ရပ္တည္ရင္ သူကလည္း ဒန္နာရီဘက္ကေန ရပ္တည္ေပးမည္၊
"အစ္ကိုဆိုရက္စ္... သူတို႔အတြက္ လွည္းမွာေနရာ႐ွိေသးတာပဲေလ" ဒန္နာရီဟာ သူ႔အစ္ကိုဆုိရက္စ္ရဲ႕အျပဳအမူကို နားမလည္ေခ်၊သူ႔အစ္ကိုဟာ ညီအစ္ကိုေတြအားလံုးကို ခ်စ္ခင္ၿပီးေတာ့ မ်ွတစြာဆက္ဆံသူျဖစ္ၿပီး ဒီေန႔လုပ္ရပ္ဟာ သူ႔အစ္ကိုပံုစံနဲ႔ကြဲျပားေနေတာ့သည္၊
" တစ္ကယ္လို႔ ကလီနာနဲ႔အတူ လွည္းထဲကေန တူတူဆင္းလာမယ္ဆုိရင္ ကလီနာဟာ သားသမီးေတြကို ထိန္းသိမ္းေစာင့္ေ႐ွာက္တဲ့ေနရာမွာ အရည္အခ်င္း႐ွိတယ္လို႔သတင္းထြက္ၿပီး နာမည္ေကာင္းရသြားလိမ့္မယ္..."
"ဟုတ္တယ္ အစ္ကိုဆုိရက္စ္ေျပာတာ မွန္တယ္၊အဲ့လိုမိန္းမမ်ိဳးဆီကေန နင္းခ်တာ မခံႏိုင္ဘူး" ေဒ့ကိုးနက္စ္ဟာလည္း ဒန္နာရီကို ၾကည့္ကာေျပာလိုက္သည္၊ သူတို႔ေျပာတာကို မ်က္လံုးအဝိုင္းသားေလးနဲ႔လိုက္နားေထာင္ေနသည္ကို ျမင္ေတာ့ ေဒ့ကိုးနက္စ္ဟာ အသည္းတယားျဖစ္သြားကာ ဒန္နာရီကိုယ္ကို ဖိညႇစ္လိုက္ခ်င္စိတ္ေပါက္သြားေပမယ့္ ပါးေဖာင္းေဖာင္းေလးကိုသာ ဆြဲဖိညႇစ္လိုက္ေတာ့သည္၊
-----------------------
Unicode
နိုးထပွဲသို့ရောက်လာချိန်မှာ ရိုစဲဆလပ်အိမ်တော်ကလူတွေလည်း စိတ်လှုပ်ရှားနေတော့သည်၊အင်ပါယာမင်းဟာလည်း ရိုစဲဆလက်အိမ်တော်ကို ချီးမြှောက်သည့်အနေနဲ့ ဘယ်အင်ပါယာမှာမှ မလုပ်ဖူးသေးတဲ့ကိစ္စကို လုပ်ပေးတော့သည်၊
အဲ့တာကတော့ အသက်ခြောက်နှစ်ကလေးတိုင်းကို နိုးထပွဲမှာ ဝင်ရောက်စမ်းသပ်ပါဝင်ခွင့်ပေ၊ကလီနာဟာ ပထမကသဘောမတူချင်ပေမယ့် ထိုကလေးတွေဟာ သူမသားအတွက် တက်နင်းစရာကျောက်တွေဆိုတာ သဘောပေါက်လိုက်သည်၊အန်ဒီးယားဟာ စွမ်းအားအပြည့်နဲ့နိုးထလာမည့်ချိန်မှာတော့ ထိုကလေးတွေဟာ သာမန်စွမ်းရည်တွေနဲ့ နိုးထလာလိမ့်မည်၊ဒါဆိုရင် အကုန်လုံးဟာ သူမရဲ့သားကို ပိုမိုချီးမြှောက်လာလိမ့်မည်၊
ဒါကြောင့် ကလီနာဟာ ဧကရီကို သူမလည်း အင်ပါယာမင်းပြောတဲ့ကိစ္စကို သဘောတူကြောင်း ပြန်အကြောင်းကြားလိုက်သည်၊မက်စ်နိရာမြို့(တော်ဝင်မြို့)ကလူတွေဟာလည်း သူတို့ရဲ့ကလေးတွေကိုပါ ခေါ်လာကာ နိုးထပွဲကျင်းပရာနေရာကို ရောက်လာတော့သည်၊များစွာသောလူတွေကြောင့် မြို့ကြီးဟာလည်း စည်ကားနေပြီး တီတပညာရှင်တွေဟာ နေရာခြားဖျော်ဖြေနေတာကြောင့် နိုးထပွဲတော်ဟာ သာယာပျော်ရွှင်နေကျတော့သည်၊
ရိုစဲဆလပ်အိမ်တော်မှာသော ဆိုရက်စ်ရဲ့မိန်းမစေများနဲ့အန်နာဟာ ဒန်နာရီကို ပြင်ဆင်ပေးနေကျပြီး ဆိုရက်စ်နဲ့ဒေ့ကိုးနက်စ်ဟာလည်း မင်းသားရှစ် လက်ဆောင်ပေးထားတဲ့ဝတ်စုံငါးမျိုးကို မကျေမနပ်စိုက်ကြည့်နေတော့သည်၊ဒန်နာရီကို သူတို့ပေးတဲ့လက်ဆောင်ဟာလည်း အကောင်းဆုံးဆိုပေမယ့် ရက်စ်ထရစ်မြို့စားမင်းကြီးရဲ့မြေး၏ကြွယ်ဝမှုကိုတော့ သူတို့ဟာ ဘယ်မီမလဲ၊ပြီးတော့လည်း ဝတ်စုံငါးစုံလုံးဟာ ကောင်းမွန်နေတာကြောင့် အစေခံမိန်းမပျိုတွေမပြောနဲ့ သူတို့ပင် ရွေးရခက်နေတော့သည်၊
"ရေခဲပြာရောင် ဝတ်စုံလေးလည်း မဆိုးဘူး"
"ဒီအနက်ရောင်နဲ့ရွှေရောင်ရောစပ်ထားတာလေးကမှ ပိုကြည့်ကောင်းတာ"
"နှင်းဖြူရောင်လေးကမှ သခင်လေးနဲ့ပိုလိုက်ဖက်တယ်" တစ်ယောက်နဲ့တစ်ယောက်ဟာ ငြင်းခုံကာ ဟိုဟာရွေးလိုက်၊ဒီဟာရွေးလိုက်ဖြစ်နေတာကြောင့် ဒန်နာရီမှာ သက်ပြင်းယဲ့ယဲ့ချလိုက်တော့သည်၊ဒါကြောင့် သူဟာ အနက်ရောင်နဲ့ငွေမျှင်များရောစပ်ထားတဲ့ဝတ်စုံကို လက်ညိုှးထိုးလိုက်ပြီး
"အဲ့တစ်ထည် ဝတ်မယ် အန်နာ" လို့ပြောလိုက်တော့ တစ်ခြားသူတွေဟာလည်း သဘောတူလာတော့သည်၊ဘာပဲဖြစ်ဖြစ် နောက်ဆုံးတော့ သူအဝတ်အစားဝတ်ရသေးလို့ တော်သေးသည်၊
ပိုးသားနဲ့ချုပ်ထားသည့်အဖြူရောင်နောက်ခံအကျႌပေါ်မှာ အနက်ရောင်ကုတ်ကို ဒန်ဒီကို သေသပ်စွာ ဝတ်ဆင်ပေးလိုက်သည်၊ထိုနောက်မှာတော့ ဒန်နာရီဟာ သူ့မိခင်ရဲ့ရင်ထိုးကို အဖြူရောင်ပိတ်နက်ကတိုင်ထိပ်ဆုံးမှာ တပ်ဆင်လိုက်ပြီး အန်နာတို့ကလည်း မြပြာရောင်ရင်ထိုးနဲ့လိုက်ဖက်သည့်ကျောက်မျက်ရတနာအဆင်တန်ဆာများကို ယူလိုက်ပြီး မြပြာစိန်ဖြင့်လုပ်ထားသည့်လက်ကြယ်သီးကိုယူကာ အကျႌလက်ကောက်ဝတ်မှာ တပ်ဆင်လိုက်သည်၊ထိုနောင်မှာတော့ အဖြူရောင်ပိတ်နက်ကတိုင်ရဲ့အစွန်းမှာလည်း ဖီးနစ်ပုံသဏ္႑ာန်ညှပ်ကလစ်ကို ညှက်လိုက်သည်၊
ပြင်ဆင်လို်ပြီးသွားသည့်အခါမှာတော့ ဒန်နာရီသက်ပြင်းချနိုင်တော့သည်၊အရင်ဘဝကတောင် ဒီလိုအလုပ်မများခဲ့ပေ၊
"ဒန်နာရီက ကြီးလာရင် ပျားတွေ့ဝေ့ဝဲတာကိုခံရမဲ့ပန်းလိုဖြစ်မှာသေချာတယ်" ဒေ့ကိုးနက်စ်ဟာ ဒန်နာရီကိုပြင်ဆင်ထားသည်ကိုကြည့်ရင်း စိတ်ကျေနပ်နေသည့်အသံဖြင့်ပြောလိုက်သည်၊
"ဒါပေါ့ အစ်ကိုတို့ညီငယ်လေးပဲလေ " ဆိုရက်စ်ကလည်း ဝင်ရောက်ထောက်ခံပြီးနောက်မှာ သူရဲ့အစေခံမိန်းမပျိုကို လှည်းအဆင်သင့်ပြင်ခိုင်းရန် အမိန့်ပေးခိုင်းစေလိုက်သည်၊
"အန်နာ..." ဒန်နာရီဟာ အန်နာရဲ့လက်ကို လှမ်းတွဲရင်းခေါ်လိုက်သည်၊အရင်ဘဝက အန်နာဟာ သူရဲ့ရွေးကောက်ပွဲကို လာခွင့်မရှိခဲ့ပေ၊ဒီတစ်ခါတော့ ထိုလိုထပ်အဖြစ်မခံနိုင်ပေ၊
ဆိုရက်စ်ဟာလည်း ဒန်နာရီနဲ့အန်နာရဲ့သံယောဇဉ်ကို နားလည်သူဖြစ်တာကြောင့် ဒန်နာရီရဲ့ပါးကို ဖွဖွလေးတို့လိုက်ပြီး "ညီငယ်လေးက ကိုယ်ပိုင်အထိန်းတော်ကို ခေါ်ချင်တယ်ဆို ခေါ်လာလို့ရတယ်" လို့ ပြောလိုက်တော့ ဒန်နာရီမျက်နှာဟာ ပျော်ရွှင်သွားတော့သည်၊
အန်နာဟာလည်း သခင်လေးဆိုရက်စ်ကို ကျေးဇူးတင်စကားပြောလိုက်သည်၊သူမရဲ့သခင်လေး နိုးထပွဲကို ကြည့်ချင်တာဟာ အန်နာရဲ့အိပ်မက်တွေထဲက တစ်ခုပင်၊သူမသခင်လေး ပျော်ရွှင်စွာကြီးထွားလာဖို့ကတော့ သူမရဲ့အကြီးမားဆုံးအိပ်မက်ပင်၊
ထိုနောက်မှာတော့ ဆိုရက်စ်ဟာ ဒန်နာရီကိုကောက်ချီလိုက်ပြီး အိမ်တော်အပြင်ဘက်ကို ထွက်လာတော့သည်၊
"ပထမသခင်လေး လှည်းအဆင်သင့်ဖြစ်ပါပြီဗျ" မင်းသားဂျော့ဖရေးလိုပဲ ဆိုရက်စ်နဲ့ဒေ့ကိုးနက်စ်ရဲ့မိခင်မျိုးရိုးဟာ ကြွယ်ဝချမ်းသာတဲ့လူကုံထံအသိုင်းအဝိုင်းကဖြစ်သည်၊ဒါကြောင့် သူတို့မိခင်သေဆုံးသွားပေမယ့် ရိုစဲဆလပ်အိမ်တော်တွင် ဆိုရက်စ်တို့ကို လက်ရှိသခင်မကြီးဖြစ်တဲ့ကလီနာဟာ မဖိနှိပ်နိုင်ပေ၊ဘာကြောင့်လဲဆိုတော့ ဆိုရက်စ်တို့ရဲ့မိခင်မျိုးရိုးဟာ ရိုစဲဆလပ်အမတ်ကြီးအိမ်တော်ရဲ့ငွေကြေးစီးပွားရေးကို ထိန်းချုပ်ထားနိုင်သူများဖြစ်သည်၊
ဒန်နာရီဟာ ငွေရောင်သတၳုနဲ့တည်ဆောက်ထားတဲ့လှည်းကြီးကို ကြည့်ကာ အံ့အားသင့်နေပြီး အံ့အားသင့်ဆုံးဟာ ငွေမျှင်ရောင်အမွှေးအမျှင်များပိုင်ဆိုင်ထားသည့်ဦးဂျိုပါရှိသည့်မြင်းကြီးနှစ်ကောင်ကိုပင်၊သူသိရသလောက် သူ့အစ်ကိုဆိုရက်စ်ဟာ ထိုမြင်းကြီးနှစ်ကောင်ကို သဘောကျနှစ်ခြိုက်ပြီး အမြဲတမ်း သူ့ခြံကွင်းထဲမှာပဲ မွေးမြူထားပြီး အများရှေ့ထုတ်ပြသည်ဟာ ရှားပါးလှသည်၊နောက်တစ်ခုဟာ သူ့အစ်ကိုဟာ ဒီလှည်းကို တစ်ခါမှထုတ်မစီးဖြစ်ပေ အရင်ဘဝက တစ်ခေါက်သာမြင်ဖူးသည်၊
"သဘောကျလား" ဆိုရက်စ်ဟာ ငေးမောကာကြည့်နေတဲ့ဒန်နာရီအမူအရာလေးကို သဘောကျကာရယ်မောလိုက်ပြီး မေးလိုက်သည်၊လရောင်မြင်းတွေကို ခဏခဏထုတ်မစီးရခြင်းမှာ ဒီမြင်းတွေဟာ ပတ်ဝန်းကျင်က မှော်တွေကိုချေဖျက်နိုင်ပြီး မလိုလားသည့်ပြသာနာတွေဖြစ်တတ်တာကြောင့် ထိုကိစ္စကိုထိန်းချုပ်နိုင်ဖို့ သူ့ဆရာပေးထားတဲ့ထိန်းချုပ်ရေးကျောက်ဟာ နှစ်ကြိမ်သာသုံးလို့ရသည်၊
ဒန်နာရီဟာ ခေါင်းညိတ်လိုက်ပြီး ထိုလှည်းကိုတောက်ပစွာကြည့်နေတော့သည်၊အင်ပါယာမင်းပင် ဆိုရက်စ်ရဲ့လရောင်ဆင်းသည့်လှည်းကို သဘောကျနှစ်သက်ခဲ့သည်၊ထိုလှည်းကို ဆိုရက်စ်ဟာ တော်ဝင်မှော်ကျောင်းတော်ကြီးတွင် လူငယ်ပါရမီအဖြင့်သတ်မှတ်ခံရပြီး ကျောင်းတော်ရဲ့ကျောင်းအုပ်ကြီးဟာ ချီးမြှင့်ထားခြင်းဖြစ်သည်၊ ဒန်နာရီသိရသလောက်တော့ ဒီလှည်းဟာ နောက်ထပ်တစ်စီးမရှိပေ၊
"ကိုကိုဆိုရက်စ်!!"
ဒန်နာရီဟာလည်း အသံလာရာကိုကြည့်လိုက်တော့ အဖြူရောင်အဝတ်အစားကိုဆင်ယင်ထားပြီး ရွှေရောင်မျှင်များနဲ့ရောယက်ထားကာ အကြည်ရောင်စိန်များနဲ့ထုလုပ်ထားသည့်အဆင်တန်ဆာများဝတ်ဆင်ထားသည့်အန်ဒီးယားကို တွေ့လိုက်သည်၊ပြီးတော့ တောက်တောက်ပပနဲ့လှပစွာဝတ်ဆင်ထားသည့်ကလီနာကိုပါ မြင်လိုက်ရတော့သည်၊
ဒေ့ကိုးနက်စ်ကတော့ ဒန်နာရီကိုချီထားသည့်ဆိုရက်စ်ရှေ့မှာ ရပ်လိုက်ပြီး ကလီနာကို ရန်လိုစွာစိုက်ကြည့်လိုက်သည်။ဒေ့ကိုးနက်စ်ဟာ ဆိုရက်စ်လို လူကြီးလူကောင်းဆန်သူမဟုတ်ပေ၊သူဟာ ဘုဂလန့်သမားဖြစ်ပြီး ဇွတ်သမားလည်းဖြစ်တာကြောင့် သူရဲ့အပြုအမူတွေ ရိုင်းသွားရင်တောင် ဂရုမစိုက်ပေ၊ သူ့စိတ်ထဲမှာ ကလီနာဟာ ရက်စက်တဲ့မိန်းမဖြစ်ပြီး သူ့ညီငယ်ကိုလည်း ဒုက္ခထပ်ပေးနိုင်သည်ဟုပဲ တွေးထားသည်၊
ကလီနာဟာလည်း ဒေ့ကိုးနက်စ်ရဲ့အပြုအမူကြောင့် ဒေါသထွက်သွားတော့သည်၊ဒါပေမယ့် အရွယ်ရောက်သူတစ်ယောက်ပီပီ သူမရဲ့အမူအရာတွေကို ထိန်းလိုက်ပြီး ဆိုရက်စ်ကို ပြုံးကာ ပြောလိုက်သည်၊
"နိုးထပွဲကို သွားမလို့လား မင်းတို့ညီငယ်လေးအန်ဒီးယားက သူ့အစ်ကိုတွေနဲ့တူတူသွားချင်နေတာနဲ့ အတော်ပဲ "
အန်ဒီးယားဟာလည်း သူရဲ့မိခင်စကားကို ထောက်ခံစွာခေါင်းညိတ်လိုက်ပြီး အနောက်ဘက်က မြင်းလှည်းဖြူကြီးကို ကြည့်လိုက်သည်၊သူတို့အမေရဲ့မြင်းလှည်းထက်ပင် ပိုမိုလှပနေတာကြောင့် အန်ဒီးယားဟာ အရမ်းစီးချင်နေတော့သည်၊
"ဟုတ်တယ်... ကိုကိုဆိုရက်စ် နဲ့ ကိုကိုဒေ့ကိုးနက်စ်" အန်ဒီးယားဟာ တောက်ပစွာပြုံးရင်းပြောလိုက်ပေမယ့် သူ့အစ်ကိုတွေဟာ အရင်လို ဂရုမစိုက်လာတဲ့အပြင် ဆိုရက်စ်ဟာ လှည်းတံခါးကို ဖွင့်လိုက်ပြီး ဒေ့ကိုးနက်စ်နဲ့ဒန်နာရီကို ဝင်ခိုင်းလိုက်သည်၊
"အန်ဒီးယား ဒီတစ်ခေါက်တော့ မင်းအမေနဲ့ပဲ တူတူစီးလိုက်တော့၊သခင်မကြီးလည်း ကျွန်တော်တို့လိုလူငယ်လေးတွေတူတူ စီးချင်မယ်မထင်ဘူးလေ...ပြီးတော့ ကျွန်တော်တို့လှည်းကလည်း လူမဆန့်ဘူးဆိုတော့ ခွင့်ပြုပါဦး" ဆိုရက်စ်ဟာ အရိုအသေတစ်ချက်ပေးလိုက်ပြီး လှည်းပေါ်တက်သွားတော့သည်၊
သူဟာ အော်ငိုကာ သူ့ကိုခေါ်နေတဲ့အန်ဒီးယားကိုပင် တစ်ချက်တောင်လှည့်မကြည့်ပေ၊ဆိုရက်စ်ဟာ အန်ဒီးယားကို မမုန်းပေမယ့် ရှေ့ဆက်မပတ်သတ်ရန် ဆုံးဖြတ်ပြီးသားဖြစ်သည်၊သူအဖေဟာ ရှင်းရှင်းလင်းလင်းကို ကလီနာနဲ့အန်ဒီးယားဘက်က ရပ်တည်ရင် သူကလည်း ဒန်နာရီဘက်ကနေ ရပ်တည်ပေးမည်၊
"အစ်ကိုဆိုရက်စ်... သူတို့အတွက် လှည်းမှာနေရာရှိသေးတာပဲလေ" ဒန်နာရီဟာ သူ့အစ်ကိုဆိုရက်စ်ရဲ့အပြုအမူကို နားမလည်ချေ၊သူ့အစ်ကိုဟာ ညီအစ်ကိုတွေအားလုံးကို ချစ်ခင်ပြီးတော့ မျှတစွာဆက်ဆံသူဖြစ်ပြီး ဒီနေ့လုပ်ရပ်ဟာ သူ့အစ်ကိုပုံစံနဲ့ကွဲပြားနေတော့သည်၊
" တစ်ကယ်လို့ ကလီနာနဲ့အတူ လှည်းထဲကနေ တူတူဆင်းလာမယ်ဆိုရင် ကလီနာဟာ သားသမီးတွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အရည်အချင်းရှိတယ်လို့သတင်းထွက်ပြီး နာမည်ကောင်းရသွားလိမ့်မယ်..."
"ဟုတ်တယ် အစ်ကိုဆိုရက်စ်ပြောတာ မှန်တယ်၊အဲ့လိုမိန်းမမျိုးဆီကနေ နင်းချတာ မခံနိုင်ဘူး" ဒေ့ကိုးနက်စ်ဟာလည်း ဒန်နာရီကို ကြည့်ကာပြောလိုက်သည်၊ သူတို့ပြောတာကို မျက်လုံးအဝိုင်းသားလေးနဲ့လိုက်နားထောင်နေသည်ကို မြင်တော့ ဒေ့ကိုးနက်စ်ဟာ အသည်းတယားဖြစ်သွားကာ ဒန်နာရီကိုယ်ကို ဖိညှစ်လိုက်ချင်စိတ်ပေါက်သွားပေမယ့် ပါးဖောင်းဖောင်းလေးကိုသာ ဆွဲဖိညှစ်လိုက်တော့သည်၊
-----------------------