Superstars Of Tomorrow ( Myan...

De C_Chilli69

15K 2K 74

Original author: Chen Ci Lan Tiao, Lazy Cliché, 陈词懒调 Source: https://allnovelfull.com/ Status in COO : 507 c... Mai multe

Description
Chap 1.1 ကပ်ဘေးအဆုံးသတ်ပြီးနောက် ကမ္ဘာသစ်
Chap 1.2
Chap 2 အနက်ရောင်လမ်း(သို့)မှောင်ခိုလမ်း
Chap 3 မင်းသူငယ်ချင်းက အောင်မြင်သွားပြီ
Chap 4 ပုံရိပ်ယောင်အနုပညာရှင်များ
Chap 5 စွမ်းရည်သစ်ပြိုင်ပွဲ
Chap 6 အပြင်းအထန်ကြိုးစားရခြင်း
Chap 7 အရည်အချင်း
Chap 7 အရည္အခ်င္း
Chap 8 အမိုက်စားနိုးထမှု
Chap 8 အမိုက္စားႏိုးထမႈ
Chap 9 ဒါဆို မင်းက ဒီလို အတွင်းရေးမှုးလေးပေါ့
Chap 10 ပြုတ်သွားပြီ
Chap 10- ျပဳတ္သြားၿပီ
Chap 11 ကျော်တက်သွားပြီ
Chap 11 ေက်ာ္တက္သြားၿပီ
Chap 12 ချောင်ထိုးခံထားရတဲ့ ပုံရိပ်ယောင်အနုပညာရှင် ပရောဂျက်
Chap 13 ဒီတာဝန်ကို မင်းဆီလွှဲထားလိုက်ပြီ
14.2
14. 2 Zawgyi
Chap 15 ကြယ်ပွင့်တွေနောက်လိုက်ဖူးလား
Chap 15 ၾကယ္ပြင့္ေတြေနာက္လိုက္ဖူးလား

Chap 14.1 အရမ်းကြီးမမျှော်လင့်ထားနဲ့ ကောင်လေး

326 66 0
De C_Chilli69

Du Ang ထွက်သွားပြီးနောက် Fang Zhao ရုံးခန်းကိုသေချာလိုက်ကြည့်လိုက်သည်။

သူ့အလုပ်စားပွဲနှင့် ကွန်ပြူတာအသေးလေးတစ်လုံးကလွဲရင် မျက်စိပသာဒဖြစ်စရာဆိုလို့ စာအုပ်စင်ကြီးများသာရှိသည်။

ဒီနေ့ခေတ်ကြီးမှာ စာအုပ်ကိုင်ဖတ်တဲ့သူမရှိသလောက်ရှားပေမယ့် ရှိတော့ရှိသေးသည်။ တစ်ချို့လူတွေက ခေတ်နောက်ပြန်ဆွဲရတာသဘောကျလို့ဖြစ်ပြီး တစ်ချို့ကကျ စာရွက်သားထိကိုင်ကြည့်ရတာသဘောကျလို့ဖြစ်သည်။

စာအုပ်စင်မှာ စာအုပ်ပေါင်း တစ်သောင်းကျော်လောက်ရှိသည်။တစ်ချို့မှာ အသစ်တိုင်းရှိသေးသော်လည်း တစ်ချို့မှာ အကြိမ်ကြိမ် ကိုင်တွယ်ထားမှုကြောင့် စာရွက်အနားများခေါက်နေပြီဖြစ်သည်။ဒါပေမဲ့ ပျက်စီးဟောင်းနွမ်းနေတာမျိုးတော့ မတွေ့ရပေ။ စာရွက်သား အရည်အသွေးတိုးတက်ကောင်းမွန်လာမှုကြောင့်ဖြစ်နိုင်သည်။ဒါမှမဟုတ် စာအုပ်အဟောင်းများကို အသစ်နှင့် အစားထိုးလဲလှယ်ထားတာမျိုးလည်းဖြစ်နိုင်သည်။

ဌာနမှူးရုံးခန်းထဲမှာစာအုပ်စင်တွေရှိနေမယ်လို့ ဘယ်သူကထင်မှာလဲ။

Fang Zhao စာအုပ်များကို ကြည့်ကြည့်လိုက်သည်။ အများစုမှာ ပုံရိပ်ယောင်အနုပညာရှင်များအကြောင်းဖြစ်ပြီး ၎င်းတို့၏ သမိုင်းကြောင်း၊ နည်းပညာနယ်ပယ်၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် ရသအနုပညာဆိုင်ရာပုံစံများလည်းပါဝင်သည်။

"ပုံရိပ်ယောင် အနုပညာရှင်နှင့် သူတို့သဘောသဘာလက္ခဏာများ "၊ "အနုပညာမြောက် ပုံရိပ်ယောင်အနုပညာရှင်အချိုးအစား "၊ "ပုံရိပ်ယောင် အနုပညာရှင်မှ စိတ်ခံစားချက် အမူအရာများ "၊ "Reg ရှုထောင့်မိတ်ဆက် " စသဖြင့်ရှိကြသည်။

Fang Zhao သည် " ပုံရိပ်ယောင်အနုပညာရှင်များယဉ်ကျေးမှုသမိုင်း " ဟူသောစာအုပ်ကို ယူလိုက်ပြီး ရုံးခန်းထဲထိုင်ဖတ်နေလိုက်သည်။

ရုံးခန်းသည် မှောင်ခိုလမ်းမှ သူ့အခန်းလေးထက် အများကြီးပိုကောင်းသည်။ အနှောင့်အယှက်လည်းမရှိ။ ပြတင်းမှနေရောင်လည်းကောင်းကောင်းရသဖြင့် မီးဖွင့်ဖို့မလိုပေ။

အကြမ်းဖျင်းလှန်လှောကြည့်ပြီးနောက် အနုပညာနယ်ပယ် ဘယ်လောက်တိုးတက်လာကြောင်း ခံစားမိလာသည်။ပုံရိပ်ယောင်တော်လှန်ရေးသည် ခေတ်သစ်၏ ၂၀၆ နှစ်မြောက်တွင်ဖြစ်ပွားခဲ့သည်။ထိုကာလကို ပုံရိပ်ယောင် အနုပညာရှင်များ၏ကနဦးအစ ဟုခေါ်ပြီး Reg Dimension qဖြင့်ဖန်တီးကာ စင်တင်နိုင်ခဲ့ကြခြင်းဖြစ်သည်။အနုပညာရှင်အစစ်များနှင့် ပုံရိပ်ယောင် အနုပညာရှင်များကြား စတင်ယှဉ်ပြိုင်လာမှုသည် ပုံရိပ်ယောင်ခေတ်၏ အထွတ်အထိပ်ကာလဟုပင်ခေါ်နိုင်သည်။

ကပ်ဘေးကြီးပြီးနောက် ကမ္ဘာ့စီးပွားရေးအခြေအနေမှာလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုများမှာလည်း တဟုန်ထိုးတိုးတက်လာခဲ့သည်။ ၎င်းဖွံ့ဖြိုးတိုးတက်မှုထဲမှ ဒစ်ဂျစ်တယ် နည်းပညာလည်း အပါအဝင်ဖြစ်သည်။၎င်းနည်းပညာသည် ရသမျှသတင်းအချက်အလက်အားလုံးကို ဒစ်ဂျစ်တယ်ပုံစံပြောင်းလဲပြီး အမြင်၊ အနံ့အပြင် တခြားအာရုံများကို ခံစားသိရှိနိုင်အောင် ဖန်တီးနိုင်စွမ်းရှိသည်။တစ်ချို့သောလုပ်ငန်းစဉ်နှင့် ပြဿနာများကို ရင်ဆိုင်ဖြတ်ကျော်ပြီးနောက် ဒစ်ဂျစ်တယ်နည်းပညာ၏ပေါ်ပေါက်လာမှုသည်လက်တွေ့ကမ္ဘာတွင် မရှိသော ရုပ်ပုံများ၊ စာသားများ၊ အသံများနှင့် ရုပ်ပိုင်းဆိုင်ရာပုံစံများအတွက် လမ်းသစ်ဖြစ်လာခဲ့သည်။"

ဒစ်ဂျစ်တယ်နည်းပညာဖြင့်ဖန်တီးထားသော ပုံရိပ်ယောင်များသည် ခေတ်လူသားတို့အမြင်အာရုံ၏ရလဒ်ဟုဆိုရမည်။၎င်းတို့သည် ပုံရိပ်ယောင်လောကကို ဖြတ်သန်းပြီး လူထုရှေ့မှောက်သို့ အသက်ဝင်ရောက်ရှိလာကြသည်။ ထို့နောက် ပရိသတ်များကိုဆွဲဆောင်ကာ ဖန်တီးထားသော လောကထဲသို့ သွတ်သွင်းလိုက်ကြသည်။Reg Dimension သည် အလွန်ထူးခြားသော တီထွင်မှုတစ်ခုဖြစ်သည်မှာ သေချာလှသည်။

Fang Zhao သည် ထိုစာအုပ်ကို ဖတ်ရင်းသဘောကျလာသည်။

Reg Dimension သည် ပုံရိပ်ယောင်လောကဖြစ်ပြီး ကွန်ပြူတာသိပ္ပံနှင့် ရူပဗေဒသဘောတရားများပေါင်းစပ်ပါဝင်သော App ဖြစ်သည်။၎င်းသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀ ခန့်လောက်က ပေါ်ပေါက်လာခြင်းဖြစ်ပြီး ခေတ်သစ်အခေါ် "ပုံရိပ်ယောင်လောက၏ဖခင်" ဖြစ်သူ Reg Smith ဆိုသူက ဖန်တီးခဲ့ခြင်းဖြစ်သည်။ပုံရိပ်ယောင် အနုပညာရှင်များကို ထိုပရိုဂရမ်ဖြင့်ဖန်တီးထားခြင်းဖြစ်သည်။

လွန်ခဲ့သော နှစ် ၃၀၀ ခန့်က Reg Smith သည် Reg Dimension ကို တီထွင်ခဲ့ပြီး  နည်းပညာလောကကို မြေလှန်ပြောင်းလဲပစ်ခဲ့သည်။၎င်းသည်အနာဂတ်ဒစ်ဂျစ်တယ် ပညာရှင်များကို ပိုမိုကောင်းမွန်စစ်မှန်သောပုံရိပ်ယောင်များဖန်တီးနိုင်အောင် ကူညီပေးနိုင်လာသည်။

Reg Dimension တွင် အရောင်သန်းပေါင်းများစွာပါဝင်ပြီး  ဒစ်ဂျစ်တယ်ပရိုဂျက်တာများ၏ ကန့်သတ်ချက်များကို ကျော်လွှားကာ  ပုံရိပ်ယောင်အနုပညာရှင်များ၏ လှုပ်ရှားမှုကို ပိုမိုချောမွေ့ပြီး သဘာဝကျလာစေသည်။ထိပ်ဆုံးအဆင့့်အနေအထားမဟုတ်သေးသော်ငြားလည်း ၎င်းပုံရိပ်ယောင်တို့မှာ လူသားများကဲ့သို့ဖြစ်လာပြီး သက်ဝင်တောက်ပလာကြသည်။

စာအုပ်ပါကိုးကားချက်အရ "ပုံရိပ်ယောင်အနုပညာရှင်ဖန်တီးခြင်းသည် ပုံရိပ်ယောင်လောကတွင် ပုံတစ်ပုံကိုဖန်တီးကာအသက်သွင်းပေးလုပ်ငန်းစဉ်ဖြစ်သည်။"  ဟုဆိုသည်။

ဒစ်ဂျစ်တယ် ပညာရှင်တို့က Reg Dimension ထဲမှ ပုံရိပ်ယောင်အနုပညာရှင်များကို စိတ်ကူးသစ် အတွေးသစ်များဖြင့် ဖန်တီးတင်ပြလာကြပြီး ဒစ်ဂျစ်တယ်နည်းပညာတိုးတက်မှု၏ပြယုဂ်ဖြစ်လာခဲ့သည်။

လွန်ခဲ့တဲ့ နှစ် ၃၀၀ အတွင်းမှာ ပြီးပြည့်စုံတဲ့ပုံရိပ်ယောင်အနုပညာရှင်တွေဖန်တီးနိုင်ဖို့အတွက် ပုံရိပ်ယောင်နည်းပညာကို ကြိမ်ဖန်များစွာမြှင့်တင်ခဲ့ကြသည်။ သို့သော်ထိုချိုးဖြတ်မှုအားလုံးသည် Reg Dimension ပေါ်တွင်သာ အခြေတည်ထားခြင်းဖြစ်လေရာ
၎င်းကို ပုံရိပ်ယောင်နည်းပညာ၏အခြေခံအုတ်မြစ်ဟုပင်ဆိုနိုင်သည်။

Reg Smithသည်ပုံရိပ်ယောင် အနုပညာရှင်များ၏​ရွှေခေတ်အတွက် Reg Dimension ဟူသောအုတ်မြစ်ကို ဖန်တီးပေးခဲ့သော်လည်း နှစ် ၃၀၀ ကျော်ကြာပြီးနောက် Reg Smith နှင့် ရွှေရောင်ခေတ်ကာလများမှာ ပျောက်ကွယ်သွားပြီဖြစ်သည်။၎င်းမှာ ပရိုဂရမ်၏အမှားမဟုတ်၊ လူသားတို့၏ပါရမီကြောင့်သာဖြစ်သည်။

ပုံရိပ်ယောင်အနုပညာရှင်များကို ထုဆစ်ပေးသော နတ်ဘုရားလက်ဟုခေါ်သည့် Reg Dimension နောက်တွင်လူသားတို့၏ကျွမ်းကျင်မှုများကတွန်းအားဖြစ်လာခဲ့သည်။

တတ်နိုင်လျှင် Fang Zhao သည် လွန်ခဲ့သော နှစ် ၃၀၀ ကိုပြန်သွားပြီးရွှေခေတ်ကို ကိုယ်တိုင်ကြုံတွေ့ခံစားချင်သည်။ ထိုကာလကို စာအုပ်နှင့် ရုပ်ရှင်များတွင်သေချာမှတ်တမ်းတင်ထားသော်လည်း လက်တွေအစစ်အမှန်လောက်ခြေရာနက်မည်မဟုတ်ပေ။
လက်တွေ့တွင် Fang Zhao ၌ ပြဿနာများရှိသည်။သူသည် နည်းပညာကျွမ်းကျင်သူများကို ရှာနိုင်သာ်လည်း အရင်င်ဆုံး ဆုံးဖြတ်ရမည့်ကိစ္စမှာ သူ့ပုံရိပ်ယောင်အနုပညာရှင်၏ပုံစံဖြစ်သည်။

စာအုပ်တွင် " Reg Dimension ထဲမှာဆိုရင်
မင်းက ခဲတံကိုင်တဲ့ပန်းချီပညာရှင်ဖြစ်ဖြစ် ဆောက်ကိုင်တဲ့ ပန်းပုပညာရှင်ဖြစ်ဖြစ် မင်းရဲ့ အိပ်မက်တွေကို လက်တွေ့ဘဝဆီ အဆင်င့့်ဆောင်ကျဉ်းနိုင်လိမ့်မယ် "

Fang Zhao ရဲ့ ပြဿနာ "သူမှာခဲတံဖြစ်ဖြစ် ဆောက်ဖြစ်ဖြစ်ရှိဦးတောင် ဘာကိုဆွဲရမလဲ ဘာကို ထွင်းထုရမလဲ

Fang Zhao အတွးထဲနစ်နေတုန်း ဧည့်သည်များရောက်လာကြသည်။ဧည့်သည်မှာ ၃ ယောက်တောင်ဖြစ်သည်။

စီမံရေးရာဌာန ခေါင်းဆောင် Ya Erlin ၊ ထုတ်လုပ်ရေးခေါင်းဆောင် Julian နှင့် အနောက်ဘက်ထုတ်လုပ်ရေးခေါင်းဆောင် Bu Lai တို့ ၃ ယောက်လုံးရောက်ချလာခြင်းဖြစ်သည်။

"Geez, ဒီအထပ်မှာတစ်ယောက်ယောက်ကိုတွေ့ရမြင်ရဖို့ကတကယ်ရှားပါးတဲ့မြင်ကွင်းပဲ။"
Ya Erlin ရဲ့အရိုးမရှိသလိုလက်ညှိုးနဲ့ ရုံးခန်းထောင့်ချိုးတွေကိုထိုးပြလိုက်တယ်။
"တိတ်ဆိတ်ခြောက်ကပ်နေတာပဲ"

"စိတ်ပူစရာမရှိပါဘူး အဲဒါ Fang Zhao မလား" အနောက်ဘက်ထုတ်လုပ်ရေးခေါင်းဆောင် Bu Lai ကအဖေတစ်ယောက်ရဲ့လေသံမျိုးနဲ့ဆိုသည်။
"ငါနက်ဖြန်ကျ ဆိုဖာတစ်လုံးပို့လိုက်မယ်။တစ်ခြားလိုတာရှိလည်းပြောလို့တယ်။ အရမ်းဒုက္ခမများသ၍ လုပ်ပေးနိုင်ပါတယ်။"

"Bu Lai နဲ့ သေချာပေါင်းထား။သူ့မှာရန်ပုံငွေတွေအများကြီးရှိတယ်။ နည်းနည်းလောက်ဘတ်ထားရုံနဲ့သုံးဖို့လုံလောက်တယ်"
Julian ကစနောက်လိုက်သည်။

သူတို့သုံးယောက်မှာ ပရောဂျက်နှင့်ပတ်သက်ပြီးသိချင်နေကြသည်။အလားအလာမရှိတဲ့ ဒီပရောဂျက်ကို တာဝန်ယူလိုက်ရသည့် လူသစ်မှာ အလွန်သနားစရာကောင်းသည်ဟု ခံစားမိလာကြသည်။ပြီးတော့ အဲဒီလူသစ်ကလည်းပြိုင်ပွဲမှာ အကောင်းဆုံးလုပ်ပြနိုင်ခဲ့တာကို ထည့့်မပြောနဲ့ဦး။ခုတော့ ဘယ်လိုတောင်ဆိုးဝါးသွားတာလဲ။

သူ့အတွက်သူတို့စိတ်ထဲမကောင်းပေမယ့့် ကိုယ်တိုင်တော့ လက်လွှဲမယူလိုပေ။ Bu Lai လုပ်ပေးနိုင်သမျှမှာ  သူ့အတွက်အရင်းအနှီးများပေးခြင်းသာဖြစ်သည်။ သူတို့ကိုယ်တိုင်တော့ ထိုပရောဂျက်နှင့်မပက်သက်ချင်ပေ။

Julian ကမေးလိုက်တည်။
"မင်းကသီချင်းရေးတဲ့နေရာမှာအရည်အချင်းရှိတယ်ဆိုတာတော့ ငါသိထားတယ်ပုံရိပ်ယောင်အနုပညာရှင်တွေအကြောင်းရော မင်းဘယ်လောက်သိထားလဲ"

သူတို့ခေတ်အရဆို Fang Zhao က သူတို့ထဲက အသက်ကြီးဆုံး Bu Lai ထက်တောင် ပိုကြီးပေမဲ့ လက်ရှိမှာ လူငယ်လေးရဲ့ ကိုယ်ထဲ ပိတ်မိနေဆဲဖြစ်သည်။ သူတို့ရဲ့အထက်လူကြီးဆန်တဲ့သဘောထားကိုခံစားမိတာကြောင့် ထိုကိစ္စနဲ့ပတ်သက်ပြီးအထွေအထူးလုပ်မနေတော့ပေ။ Julian မေးခွန်းကိုသာ ချင့်ချိန်တွေးဆ၍ပြန်ဖြေလိုက်သည်။

"ပုံရိပ်ယောင် အနုပညာရှင်ဆိုတာ Xun Huai နဲ့ Fei Lisi တို့လိုပဲလေ"

ဌာနမှူးသုံးယောက်မှာ အတော်ကြာတိတ်ဆိတ်သွားပြီး ​စကားဆက်မပြောနိုင်ကြတော့ပေ။

တအောင့်လောက်ကြာမှ Julian က စစနောက်နောက်နှင့်ဆိုသည်။
"အရမ်းကြီးမျှော်င့်ထားနဲ့ ကောင်လေး မျှော်င့်သလိုဖြစ်လာရင် စိတ်ပျက်သွားလိမ့်မယ်"







Continuă lectura

O să-ți placă și

703K 30.4K 85
ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ဈာန်မင်းတခေတ် × ခွန်းနှောင်ကြိုး ‼️Male pregnancy‼️ start Date - 1.8.2023 (Tuesday) End Date - 20.11.2023 (Monday) �...
2.1M 162K 36
No descriptions here
124K 14.5K 113
How to say I love you Description လူအချို့မှာ စတင်ကြုံတွေ့စဉ်က မျက်မုန်းကျိုးမိသော်ငြား ပိုပြီး ရင်းနှီးလာလေလေ သဘောကျမိလာလေဟူသည့် ခံစားချက်ကို ပေးစ...
1.2M 62.2K 35
( စိုင်းစစ်ဂုဏ်ရှိန် + တိမ်လွှာဘုန်းမြင့် ) ဘဝမှာကံအကောင်းဆုံးအရာကဘာလဲသိလား။ အဲ့တာကကိုယ်သဘောကျရတဲ့လူကကိုယ့်အပိုင်ဖြစ်လာတာဘဲ။ အဲ့အရာကတစ်လောကလုံးကကံကေ...