Dɪᴠᴏʀᴄᴇ Sᴄᴇɴᴀʀɪᴏ [KOOᗰOՏ]

Galing kay JeonKooKooD

71.9K 3.3K 139

🌳လမ်းခွဲပြတ်ဆဲခြင်းဇာတ်လမ်း🌳 🌳Divorce Scenario 🌳 ငါတို့ချစ်ခဲ့ကြတယ် ငါတို့တွေ့ဆုံခဲ့ကြတယ် မဖျေ... Higit pa

🧷Introduction 🧷
🌳Episode 1🌳
🌳Episode 2🌳
🌳Episode 3🌳
🌳Episode 4🌳
🌳Episode 5🌳
🌳Episode 7🌳
🌳Episode 8🌳
🌳Episode 9🌳
🌳Episode 10🌳
🌳Episode 11🌳
🌳Episode 12🌳
🌳Episode 13🌳
🌳Episode 14🌳
🌳Episode 15🌳
🌳Episode 16🌳
🌳Episode 17🌳
🌳Episode 18🌳
🌳Episode 19🌳
🌳Episode 20🌳
🌳 Ending 21🌳
🧷ကျေးဇူးတင်လွှာ🧷

🌳Episode 6🌳

3K 162 3
Galing kay JeonKooKooD

Jungkook တယောက် ကားပေါ်ကိုမည်သိုမည်ပုံပြန်ရောက်လာသည်မသိ။
စိတ်နှင့်ကိုယ်လည်းမကပ်တော့။

"နယ်သာလန်""ထွက်သွားပြီ"
"4/5နှစ်"အား...
ထယ်ယောင်းထွက်သွားတာငါနဲ့မှမဆိုင်ဘဲ ဘာတွေဖြစ်နေတာလဲကွာ...

Jeon Jungkook ကအာ့လိုပုံစံမျိုးမှမဟုတ်တာ။မဟုတ်တဲ့အတွေးတွေခေါင်းထဲထုတ်ပစ်စမ်းကွာ...

Jeon Jungkook ၏ကားလေးဟာ မီးရောင်စုံတွေဝင်းပနေသော Club သို့..

             🌳 Divorce Scenario 🌳

အိမ်ကြီးထဲဝင်လျှင်ဝင်ချင်း အနံ့တစ်ခုကသင်းကနဲ....

"သားရေ အိမ်ကအငယ်ကောင်က
စတော်ဘယ်ရီအနံ့ကိုကြိုက်တော့ တအိမ်လုံးအသုံးအဆောင်တွေကို စတော်ဘယ်ရီနံ့တွေပဲ သုံးတတ်လို့"

"ဟုတ်..ဟုတ်ကဲ့ Uncle"

"သားငယ်"ဆိုတော့သားကြီးကရှိသေးတာလား?

ဟုတ်တယ်...
ကျနော်နဲ့ထယ်ယောင်းနဲ့2နှစ်လောက်ကြိုက်ခဲ့ပေမယ့် လူသိရှင်ကြားမဟုတ်ခဲ့ဘူး။

ကျနော်ကလည်းPublic ထုတ်မပြောချင်သလို ထယ်ယောင်းဘက်ကတော့ဘယ်လိုသဘောထားလည်းမသိခဲ့။

နုနုရွရွဂရုစိုက်ပေးခဲ့တာတွေလည်းသိပ်မရှိ။

သူငယ်ချင်းသာသာပဲနေခဲ့သလို နမ်းရုံကလွဲပြီး ကျနော်အဆင့်တက်ချင်ရင်တောင် ထယ်ယောင်းကလက်မခံခဲ့။

ထယ်ယောင်းရဲ့မျက်ဝန်းတွေထဲမှာချစ်တဲ့အရိပ်အရောင်တွေမမြင်ရပေမယ့် ကျနော့နဲ့တွဲ့သည့်တလျှောက်လုံး ချစ်ပေးဂရုစိုက်ပေးခဲ့သည်။

ကျနော်ကတော့ ဟိုတယောက်၊ဒီတယောက်နဲ့အလုပ်တွေရှုပ်နေတာမို့ ထယ်ယောင်းနားသိပ်မကပ်ဖြစ်ခဲ့။

ထယ်ယောင်း Squad ထဲကကောင်တွေကလည်း ကျနော့ဆို မျက်မှုန်းကျိုးသည်မို့ Squad နဲ့တတွဲတွဲရှိသည့် ထယ်ယောင်းနဲ့ တွဲရသည်မှာသိပ်မလွယ်ခဲ့။

ရှင်းရှင်းပြောရရင် ထယ်ယောင်းဘာတွေကြိုက်လည်းဆိုတာတောင်သေချာမသိခဲ့။

ကျနော်လက်ဆောင်ပေးသမျှတော့ တခါမှမကြိုက်ဘူးဟူ၍ ငြင်းလေ့မရှိတတ်။

ဟုတ်တာပေါ့..
သူများတွေပြောသလို Straight နှစ်ယောက်တွဲရသည်မှာလွယ်မှမလွယ်ပဲလေ။

ကျနော်ကယောကျာ်းဆန်လှတယ်ဆိုရင် ထယ်ယောင်းကကျနော့ထက်ပိုဆွဲဆောင်မှုရှိတယ်။

ကိုယ်လုံးကိုယ်ထည်က ကျနော်ထက်သေးသွယ်တာကလွဲလို့ ကျနော့ထက်တောင်အရပ်ကပိုရှည်ချင်သေးတာ။

အာ့လိုလူမျိုးနှစ်ယောက်က ဘယ်ကဘယ်လို ချစ်ကြောင်းဝန်ခံခဲ့သည်ကို ကျနော်ခုထိစဉ်းစားမရတုန်း။

မာမီပြောသလို အချစ်ကများစန်းကြယ်လေသလား?

"အေးကွယ်...
လာထိုင် စကားလေးဘာလေးပြောကြတာပေါ့ Uncle လည်းပျင်းနေတာ"

Jungkook လည်း Mr.Kim ၏ရှေ့တည့်တည့်ဆိုဖာပေါ်တွင်ဝင်ထိုင်လိုက်သည်။
ထိုအချိန်ထိ jungkook ၏မျက်ဝန်းတွေက ဂနာငြိမ်မနေ...

အဒေါ်ကြီးတယောက်က Jungkook ရှေ့တွင် စတော်ဘယ်ရီဖျော်ရည်ကို လာချပေးသည်။

"သား ဘယ်ကျောင်းရွေးထားလဲ"

"မရွေးရသေးဘူး Uncle..
စီးပွားရေးပဲဆက်တက်မယ်စဉ်းစားထားတယ်။
Car Showroom ဖွင့်ဖို့ပြင်ဆင်နေတယ်ဗျ"

"အယ် သားကစီးပွားရေးအမြင်ရှိသားပဲ။
ဒီခေတ်လူငယ်တွေက တကယ်အမျှော်အမြှင်ရှိကြတယ်။
တက္ကသိုလ်ကျောင်းသားတယောက်ကစီးပွားရေးကိုပိုင်နိုင်စွာ လုပ်ကိုင်နိုင်တာ ပါရမီပဲကွ"

"ဟုတ်ကဲ့
ချီးကျူးပေးလို့ကျေးဇူးပါ Uncle"
"အော်..
ဒါနဲ့...
ကင်မ်ထယ်ယောင်းကိုမတွေ့မိဘူးရယ်"

"ဟုတ်တယ်သား..
မထိန်းနိုင်တော့လို့ နယ်သာလန် ကိုလွှတ်လိုက်တာ"

"ဗျာ..."

ဒီတခါတကယ်အံ့ဩရသူက Mr.Kimရယ်ပါ။

သားငယ် နယ်သာလန်သွားတာလို့ ပြောမိပါတယ် တချိန်လုံးတည်တည်ငြိမ်ငြိမ်နဲ့စကားအကောင်းထိုင်ပြောနေသည့် လူငယ်လေးက အခုမှရှူးရှူးရှားရှား။

"Sorry ပါ Uncle ကျနော်နည်းနည်းအံ့ဩသွားလို့"

"အို ရပါတယ်.."

"ဟိုလေ ...
ဘယ်တော့လောက်ပြန်လာမှာလဲဗျ"

"ကျောင်းပြီးမှဆိုတော့ 4/5နှစ်လောက်တော့ကြာမယ်ထင်တယ်။
ပြောရတာမဟုတ်ဘူး သူထင်တာသူလျှောက်လုပ်ရင်လုပ်နေမှာ သားရေ"

"ဒါ ဒါဆို
4/5နှစ်ထက်ကြာရင်ကြာမယ်ဆိုတဲ့သဘောလားမသိဘူး"

"ဟုတ်တယ်သား
အဆင်မပြေတာရှိလို့လား"

"အာ..
မဟုတ်ပါဘူး..
ကျ..ကျနော်ကဒီတိုင်စမေးကြည့်ရုံပါ"

ဒီခေတ်လူငယ်တွေများခက်ပါတယ်။
စိတ်လှုပ်ရှားရင် စကားထစ်တတ်ကြတာပဲ။

နေပါဦး။
အာ့လိုစကားထစ်ပြီး စိတ်လှုပ်ရှားနေတာက သမီးရည်းစားတွေကြားမှာပဲဖြစ်တတ်တာမဟုတ်လား။

မဖြစ်နိုင်တာ။
ငါ့သားလို တဇွတ်ထိုးကို ဘယ်ကောင် လေးမပြောနဲ့ ကောင်မလေးတွေတောင်လာကြိုက်ရဲမှာမဟုတ်ဘူး။

ငါလေ ထယ်ယောင်းပြောသလို အဖိုးကြီးဖြစ်နေပြီလားမသိဘူး!!
တခုခုဆိုအဆုံးထိတွေးလိုက်ရမှ ဟ ဟ။

"ဒါဆို ကျနော့ကိုပြန်ခွင့်ပြုပါဦးခင်ဗျ"

"အေးကွယ်
ကားကိုဂရုစိုက်မောင်းဦး"

Jungkook တယောက် ကားပေါ်ကိုမည်သိုမည်ပုံပြန်ရောက်လာသည်မသိ။
စိတ်နှင့်ကိုယ်လည်းမကပ်တော့။

"နယ်သာလန်""ထွက်သွားပြီ"
"4/5နှစ်"အား...
ထယ်ယောင်းထွက်သွားတာငါနဲ့မှမဆိုင်ဘဲ ဘာတွေဖြစ်နေတာလဲကွာ...

Jeon Jungkook ကအာ့လိုပုံစံမျိုးမှမဟုတ်တာ။မဟုတ်တဲ့အတွေးတွေခေါင်းထဲထုတ်ပစ်စမ်းကွာ...

Jeon Jungkook ၏ကားလေးဟာ မီးရောင်စုံတွေဝင်းပနေသော Club သို့..

"ကိုကို
နေ့ခင်းကြီးဘယ်လိုရောက်လာတာလဲ"

အနားကနေပွတ်သီးပွတ်သတ်လာလုပ်နေသော ကောင်မတကောင်...

"ဟာ..
စိတ်ရှုပ်နေပါတယ်ဆို သွားကွာ"

ဝုန်း!!

ဆောင့်တွန်းလိုက်တော့ ထိုမိန်းမကစားပွဲစောင်းနှင့်တိုက်မိလေရဲ့..

"ရော့ ကဒ်..
လိုသလောက်ယူသွား နောက်ထပ်လာမရှုပ်နဲ့ အိုကေ"

ထိုမိန်းမက Jungkook လက်ထဲက Black Card ကိုယူကာမဲ့ပြုံးပြုံးသည်။

Jungkook လည်း အရက်ကိုတခွက်ပြီးတခွက်မူးအောင်သောက်နေလေသည်။

အနောက်မှ ‌ဒယ်ဒီ၏လူများကလည်းကျောက်ရုပ်သဖွယ် ရပ်၍ဆောင့်နေကျတုန်းပင်။

Club ထဲလာတာတောင် အခြွေအရံနဲ့။
သိပ်စိတ်ညစ်ဖို့ကောင်းတာဗျာ။

"ကျစ်...
လာတွဲကွာ
ဘာလုပ်နေတာလဲ"

တချက်လောက်ဟောက်ပေးလိုက်တော့ အတွင်းရေးမှူး 4/5ယောက်က ကျနော့ကိုမချီယုံ တမယ်ပြေးထူကြသည်။

"သခင်လေး..
ကျနော်တို့ကားနဲ့ပဲပြန်မလား"

"ကားတော့မောင်းနိုင်သေးတယ်။
နောက်ကသာလိုက်ခဲ့ အေးဆေးပဲပူမနေနဲ့"

ဟုတ်သည်။
ဒီကားကို ထယ်ယောင်းနဲ့စတွဲတုန်းကဝယ်ထားတာ။
သည်ကားပေါ်ကိုတက်သူဟာ ကျနော်ရယ် ၊ထယ်ယောင်းရယ်ကလွဲပြီး ခုချိန်ထိတခြားသူမရှိသေး။

တပါတ်ကိုတစီးလောက်ပြောင်းစီးတတ်သည့်ကျနော်က အခုမှဒီကားကိုစွဲလမ်းနေမှန်းမသိ။

ကိုယ့်ကိုကိုယ်မလုံသည်မို့...
သည်ကားကိုလဲပစ်လိုက်ဦးမည်။

🌳 Divorce Scenario 🌳
Episode_7
Coming Soon 🔜

Ipagpatuloy ang Pagbabasa

Magugustuhan mo rin

8.3M 107K 63
"Bad guys can be good too... when they're in bed." #1 in FANFICTION✓ © sujinniie 2018-2019 ✓ © sujinniie revised 2022
31.1M 1.1M 49
"Screw the rules. I want you, Kim Y/N." THIS FIC WAS MADE INTO CLICKBAIT FOR A YOUTUBE VIDEO COMPLAINING ABOUT KOREABOOS LOLLL ITS NOT THAT BAD GIVE...
6M 310K 116
Starring Kim Taehyung And Jeon Jungkook This is original by @ARTSEOULVK in twitter i just write it for the people dont have twitter and want to re...