[Unicode] (18.2)
" မင်းလေး က ဘာတွေကို တွေးနေတာလဲဟင် ?'
ရှုပေါ်စုက စားပွဲခုံ ပေါ်ပါးလေး အပ်ကာ မျက်လုံးလေးတွေ ကတော့ ကျန်းရှုကို စိတ်ဝင် တစားနဲ့ ကြည့်နေခဲ့တယ်။
" ဘာလဲ? ဘာလဲ? ခများပြောတာတွေ ကျွန်တော်တော့ နားမလည်ပေါင်''
ကျန်းရှုက စားတာကို ရပ်လိုက်ပြီးတော့ ဘေးကို လှည့် လိုက်တယ်။ သူ့ရဲ့ နီရဲနေတဲ့ နားထိပ်လေးကိုပဲ သူ့ကို စိုက်ကြည့် နေတဲ့ လူဆီကို ပြထားလိုက်တယ်။
ဒါက အရမ်း ချစ်ဖို့ကောင်း တာပဲ! !
မစ္စတာ ရှု တစ်ယောက် သူ့ရဲ့ နှလုံး ခုန်နှုန်းတွေ တအားမြန်နေလို့ နောက်နေ့ကျရင် သေသွားမှာ စိုးတာကြောင့် သူ့ရဲ့ မသက်မသာ ဖြစ်နေတဲ့ နှလုံးလေး ပေါ်ကို ပွတ်ပေးလိုက်တယ်။
သူ့ရဲ့ ဇနီးလေး ကျန်းရှု က သူ့အတွက် အရမ်းစဥ်းစား ပေးတက်တာပဲရော။
တကယ်တော့ သူလည်း သူ့ဇနီးလေးကို ပြဿနာတွေ မပေးချင်ပါဘူးလေ။
.....ဒါပေမယ့် သူ့ဇနီးလေး က သေလောက် အောင် ချစ်ဖို့ကောင်း နေတော့လဲ သူ့ခမျာတော့ ဟူး.... ။
" ဒါလေး စားပြီးရင် မင်း အချိုပွဲကော စားချင်သေးလား? "
ရှုပေါ်စု က မေးလိုက် တယ်။
" ခများက ဝက်တစ်ကောင်လို ပျိုးထောင်ချင် နေတာလား? "
ကျန်းရှုက ချက်ချင်း ပြန်ဖြေလိုက်တယ်။ ရှုပေါ်စု က နောက်တစ် ကြိမ်အော်ရယ် မိပြန်တယ်။
ဒါပေမယ့် ဘာကြောင့် သူရယ်နေ မိမှန်း မသိတော့ဘူး။ ဒီနေ့ တစ်နေကုန် သူရယ်ပဲ ရယ်ချင်နေတာ။
( မနေ့ညက အဝစားလိုက်ရလို့လေ)
" မင်းက တကယ့်ကို ပိန်သေးသေးလေးပါကွာ။ အနည်းငယ်ဝလာအောင်လို့ စားလိုက်ပါအုံး ''
" ခများကြီး ဝေးဝေးကို သွားစမ်းဗျာ။ ''
ဒါပေမယ့် ကျန်းရှုတစ်ယောက် အချိုပွဲတွေ စားခဲ့ပါသေးတယ်။ စားပြီးတဲ့နောက် မှာ သူက ချက်ချင်း အိပ်ငိုက်လာပြန်တယ်။
ဒါက သူ့ကို အပြစ်တင်လို့ မရဘူးနော်။
လူသားတွေ ရဲ့သဘာဝ အရ ညက မအိပ်ရလို့ပါနော်။
ရှုပေါ်စုက ပန်းကန် တွေ သိမ်းဆည်း နေပြီးတော့ သူ့ကို အာရုံ မစိုက်နိုင်သေးတဲ့ အချိန်မှာ ကျန်းရှုက အိပ်ယာထဲကို သွားပြီး ဖုန်းလေး ယူကာ လိမ့်ချ လိုက်တော့တယ်။
သူလည်း WeChat ကိုလည်း ဖွင့်လိုက် တဲ့အခါ မနေ့ညနေလောက်က သူ friend circle မှာ တင်ထားတဲ့ ပိုစ့်က Like တွေ အများကြီး ရပြီးတော့ အောက်မှာ ရေးထားတဲ့ စာကြောင်း လေးတွေ ကလည်း အများကြီး ရှိနေလေတယ်။
တစ်ခု က ကျန်းချူနမ် က ဝင်ရေးထားတာဖြစ်ပြီး သူ့ကိုမေးမြန်း ထားလေတယ်။
{ မင်းက ဘာလို့ အလုပ်လုပ် ဖို့လိုနေတာလဲ? }
သေစမ်း ဘဲကြီး ကတော့ ပြဿနာပဲကွာ။
ရိုးရိုးသားသား ဝန်ခံ ရရင် ကျန်းရှုတို့က ထုံနေပြီမို့ ဘာကိုမှ များများစားစား မရှင်းပြချင်နေပါဘူးနော်။ သူသာ ရှင်းပြနေရင်လည်း စာကြောင်း ၁၀၀လောက် ၁၀၀၀ လောက်သုံးနေ ပါစေ တစ်ဖက်လူရဲ့အမြင်မှာတော့ ဒါဟာ မိုက်ရူးရဲ တဲ့ကလေးက လျောက်ပြောနေတယ် လို့ပဲ မြင်မှာပဲကို။ သူတို့ သားဖ ကြားမှာ ဘယ်လောက် ပဲ ဒီပြဿနာကို ဆွေးနွေးနေပါစေ အဖြေတွေက တူကြမှာ မဟူတ်ဘူး။ ဘာလို့လဲ ဆိုတော့ ကြုံတွေ့ခံစား ဘူးတဲ့ လူတွေမှသာ နားလည်နိုင်မှာမလို့လေ။
သူက သူ့ကိုယ်သူ ထပ်ပြီး အထင်သေးမရွံရှာမိအောင်လို့ ကျန်းရှု က စကားပြောထားတဲ့ မှတ်တမ်းကို တိုက်ရိုက် ဖျက်ချလိုက်တယ်။ နောက်တစ်ယောက် ကတော့ လေးလုံးပဲ ဖြစ်လေတယ် ။
{ ကျန်းရှု မင်းက တကယ်ကြီး နွေရာသီ အားလပ် ရက်အတွက် အလုပ်သွား ရှာတယ်ပေါ့လေ? ! ဒါဆိုလည်း အတူသွား ကြစို့ အိုကေလား? }
ထိုစကား က ညကိုးနာရီ အချိန်လောက်တုံးက ပို့ထားတာ ဖြစ်တယ်။ သူအဲ့အချိန်တုံးက ကြက်သားစားရဖို့ အသေအကြေ ပစ်နေတဲ့ အချိန်ပဲ ရှိသေးတယ် ။ ကျန်းရှု က လေးလုံးရဲ့ စာကို ချက်ချင်း အကြောင်း ပြန်လိုက် တယ်။
{ ဒါက အမှန်ပဲကွ။ မင်းဘယ်လို ထင်သလဲ? }
{ KFC နဲ့ Haagen-Dazs က လူတွေ ငှားနေတယ်ကွ။ ငါတော့ အဲ့မှာအလုပ် ရဖို့ ကြိုးစားကြည့်ချင်တယ်။ }
ကျန်းရှု: { မရဘူး။ အလုပ်တစ်ခု ရှာတယ် ဆိုတာက ငါတို့ အသက်မွေး ဝမ်းကျောင်း နဲ့ဆိုင်တဲ့ အလုပ်ကို ရှာလို့မရဘူးလား? }
လေးလုံး: { ဒါတော့ ရှာတွေ့ဖို့ လွယ်မှာ မဟုတ်ဘူး ကွ။ ငါတို့က ကွင်းဆင်းလေ့ကျင့်ပေးတဲ့ အချိန်တောင် မရောက်သေးတာလေ... }
ကျန်းရှု: { ...... ငါ အင်တာနက် မှာ အလုပ်တစ်ချို့ ရှာကြည့် လိုက်မယ်ကွာ။ ပြီးတော့ ကိုယ်ရေး အကျဥ်း လည်း တင်ဖို့ စဥ်းစား ကြည့်လိုက် အုံးမယ် }
လေးလုံး :{ ဘာပဲ ဖြစ်ဖြစ်ပါ ။ ဒါက နွေရာသီအားလပ် ရက်အတွက် အလုပ်ပဲလေကွာ။ ငါက ပြဿနာ တစ်ချို့ တက်မှာစိုးလို့ကွ။ ဒါကြောင့်မို့ ငါတို့ကို ကွင်းဆင်းလေ့ကျင့်ပေးတဲ့ အချိန်ထိ ပဲ စောင့်ပြီး အဲ့ကျမှ လုပ်တော့မယ် }
ကျန်း ပြင်းထန်ဒေါသအိုး ရှု: { ငါမလုပ် ချင်တဲ့ အဓိက အကြောင်း အရာကတော့ကွာ ငါ့ရဲ့ ဒေါသစိတ်ကြောင့်ပဲ။ KFC နဲ့ Haagen-Dazs တို့မှာ လုပ်ပါပြီတဲ့ ငါ့စိတ်နဲ့ဆို မခံနိုင်လောက် ဘူး။ ပြီးတော့ တစ်ဝက် တစ်ပျက်နဲ့ထွက်သွားရင် သူဌေး ကလည်း လစာပေးတော့မှာ မဟုတ်ဘူး ကွ }
လေးလုံး :{ ငါလည်း အဲ့လိုပဲ ထင်ပါ တယ် ကွာ။ ဒါဆိုလည်း မင်း အွန်လိုင်း ပေါ်ကနေ အလုပ်တစ်ချို့ ရှာကြည့် လိုက်တော့လေ? }
ကျန်းရှု: { အေး ဟုတ်ပြီ }
နာမည် နည်းနည်း ကျော်ကြားနေတဲ့ သတင်းစာနဲ့ မဂ္ဂဇင်း တွေကတော့ ဒီလို မျိုး အတွေ့အကြုံ မရှိသေးတဲ့ နွေရာသီအားလပ်ရက်အတွက် အလုပ်ရှာနေတဲ့ ကလေးတွေကို အလုပ်မပေးဘူး ဆိုတာ လုံးဝ သေချာ တယ်။ ဒါပေမယ့် တစ်ချို့ သေးငယ်သေးတဲ့ ကုပ္မဏီလေးတွေ မှာဆိုရင်တော့ ခန့်မှန်း ရတာခက်ခဲသား။
ကျန်းရှုက အွန်လိုင်း ပေါ်မှာ သူ့ရဲ့ ကိုယ်ရေးအကျဥ်း တစ်ချို့ကို တင်လိုက် ပြီးတော့ တစ်ဖက် လူက သူ့ကို ဆက်သွယ်လာမှာကို စောင့်နေလိုက်တယ်။ ပြောရရင် ဒါက သူ့ရဲ့ ပထမဆုံး အလုပ်ရှာနေတဲ့ အကြိမ်ပဲ။ ဒါပေမယ့် သူ့နှလုံးသား ထဲမှာတော့ ဘာတင်းအားမှ ရှိမနေခဲ့ဘူး ။ ဒါကြောင့် တစ်ဖက် လူက ဆက်သွယ်လာမှာကို စောင့်နေရင်းနဲ့ပဲ အိပ်ပျော်သွားတော့တယ်။
" ဒါက ဝက်ကလေးပဲ မဟုတ်လို့လား.... ''
အလုပ်တွေ ပြီးသွား လို့အခန်းထဲ ဝင်လာတဲ့ ရှုပေါ်စုက ကျန်းရှု တစ်ယောက် ဟောက်ပြီး အိပ်နေတာကို တွေ့တော့ ရေရွတ် လိုက်မိတယ်။ နောက်တော့ ကောင်လေးနားကို လျောက်လာပြီး ဓာတ်ပုံ တစ်ပုံလောက် ရိုက်လိုက်တယ်။
ပြီးတော့ ၂ ပုံ ၊ ၃ ၊၄ ၊ ၅ ၊ ၆ ၊ ၇ ပြီးတော့ ၈ ပုံ မြောက်သွား ခဲ့တယ်။
ကိုယ်ပိုင်စည်းကမ်းအောက် မှာပဲ အမြဲတမ်း အသက်ရှင် နေခဲ့တဲ့ ရှုပေါ်စု တစ်ယောက် အတွက်တော့ ဒါက လုံလောက် သွားခဲ့ပါပြီ။ ဒါကြောင့် ကောင်လေးရဲ့ လက်မောင်းတွေ ထဲကို ဝင်ကာ ခါးလေးကို ဖက်လိုက် ပြီး ကောင်လေးခြေထောက်ကို သူ့ခြေထောက် နဲ့ထိရင်း အိပ်ပျော် သွားလေတယ်။
[Seme မှ ဟုတ်ရဲ့လား]
အိပ်ပျော်နေရာမှ နေ့လည် ခင်းရောက်တော့ ရှုပေါ်စု နိုးလာခဲ့တယ်။ အရမ်းပြင်းတဲ့ ကော်ဖီတစ်ခွက် ကိုသောက်ကာ တစ်နေ့ခင်းလုံး အလုပ်လုပ်တော့တယ်။ အာနိသင် ကတော့ သိပ်ပြီး စိတ်ကျေနပ် စရာမရှိပေမယ့် အဆင်ပြေတယ် လို့တော့ ပြောလို့ရပါတယ်။
ညနေခင်းမှာတော့ ရှုပေါ်စု က ကျန်းစတော်ဘယ်ရီ လေးနဲ့ အတူ ညစာစားပြီးတဲ့နောက် ပန်းကန် တစ်လုံး ထဲကို ခါတိုင်းလိုပဲ အသီးတွေ ခြွေထည့်ပေးနေခဲ့ပါတယ်။
" ကိုယ် မနက်ဖြန် အလုပ်ပြန်သွား ရတော့မယ် ''
" အော ''
ပန်းကန်ထဲက ခွာပေးထားတဲ့ အသီးအနှံတွေ ကိုစားရင်း ကျန်းရှုက တုံ့ပြန်လိုက်တယ်။
" မင်း အိမ်မှာ ကိုယ့်ဘာသာ ကိုယ် နေတက်တယ် မလား?''
ရှုပေါ်စုက မေးလိုက် တော့ ကျန်းရှုကလည်း ပြန်မေးခွန်းထုတ်လိုက်တယ်။
" ဘာလဲ ကျွန်တော် က ခများ အိမ်ကို ဖျိုချပြစ်မှာ ကြောက်လို့လား? "
ရှုပေါ်စုက ပြုံးပြတယ်။
"မစိုးပါဘူး ။ မင်းလေးမှာ ခြေသေးသေး လက်သေးသေးလေး တွေပဲ ရှိတာလေ။ ကိုယ်တော့ အိမ်ပြိုမှာ မကြောက်ပေါင်။ ကိုယ်ကြောက်တာက မင်းတစ်ယောက် ထဲ ဗိုက်ဆာနေမှာ ကိုပဲ။ ''
ထိုနေရာမှာ ခဏလောက် ရပ်တန့်သွား တယ်။
" မင်းလေးက ဘာလို့ ကိုယ်နဲ့ အတူတူ အလုပ်ကို မလိုက်ခဲ့တာလဲ ''
ရှုပေါ်စု ရဲ့လေသံ က အတည် ဖြစ်နေကာ နောက်ပြောင် နေဟန် လုံးဝ မပေါ်ပါဘူး။
" မလိုက်ဘူး ''
ကျန်းရှုက ရိုးရှင်း စွာနဲ့ တစ်ကြောင်း ထဲပဲ ငြင်းလိုက်တယ် ။
" ကျွန်တော် က အိမ်မှာပဲ အမြဲတမ်း နေမှာမှ မဟုတ်တာ။ အပြင်ထွက် ပြီးတော့ အလုပ်ရှာ အုံးမှာလေ ''
" ဟမ်? "
ရှုပေါ်စု တစ်ယောက် မျက်မှောင်ကြုတ် သွားတယ်။
" ကျွန်တော်က ကိုယ်ရေးအကျဥ်း တောင် ပို့ပြီး သွားပြီ လေ။ ''
ကျန်းရှုက ပါးစပ် ကို တစ်သျှူးနဲ့ သုတ်ကာ အမှိုက်ပုံးထဲကို ပစ်ထည့်လိုက်တယ်။
" အဲ့စာရင်း ပေးတဲ့ နေရာကကျွန်တော့်ကို မငှားရင် တစ်ခြားနေရာကို သွားရှာမယ် ''
" ဟင့်အင်း ။ နွေရာသီအားလပ်ရက်အတွက် အလုပ်တွေက ခက်ခဲပါဘူး။ ''
ရှုပေါ်စု တစ်ယောက် သူ့ရဲ့ အသံကို အတော်လေး သင့်တော်တဲ့ နှုန်းထား ဖြစ်အောင် ပြင်လိုက်ကာ စကားကို သေချာ ဂရုစိုက် စွာ ပြောလိုက် တယ်။
" ပြီးတော့ မင်းအနေနဲ့ ငွေတွေ အများကြီး ရှာနေစရာ မလိုပါဘူး။ မင်းတို့ကျောင်းက ကွင်းဆင်းလေ့ကျင့်ပေးတဲ့ အချိန်ပြီးတော့မှ အလုပ်အတွေ့အကြုံယူ ရင်လည်း နောက်မကျသေးပါဘူး။ ''
" ဒါပေမယ့် ကျွန်တော် ပျင်းတယ်လေ''
ကျန်းရှု ကပြောလိုက်တယ်။
" နေပါအုံး ။ ခများက ကျွန်တော်က အိမ်မှာ ခများ ပြန်လာတာကို အိမ်မှာစောင့်နေပြီးတော့ ညတိုင်း ခများနဲ့ အတူ အိပ်စေချင်တာမလား။ ဒီလိုလုပ်ချင်နေတာ ပေါ့လေ ။ လူလိမ် ဆန်ကုန်မြေလေး ကောင်ကြီးရဲ့ ''
ရှုပေါ်စု: ''......''
ဒါက သူရဲ့ အတွေးတွေထဲက ပုံစံပဲလေ။ ဒါပေမယ့်ပြောရရင် သူက အိပ်ချင်နေယုံတင် မဟုတ်ဘူး ။ သူက ကျန်းရှုကို အဟမ်း ချင်သေးတာပါ။ ပြီးတော့ တစ်ချို့ အန္တရာယ် တွေလည်း မခံစားရစေချင်လို့ပါ။
အချိန်ပိုင်း အလုပ် တွေက ဘယ်လိုအတွေ့အကြုံတွေ ရလာမလဲ ဆိုတာကို ဘယ်သူက သိမှာတဲ့လဲ။
" စိတ်မပူပါနဲ့ ကျွန်တော်ရှာမယ့် အလုပ်တွေက ခက်ခက်ခဲခဲ မဟုတ်ပါ ဘူး။ ဘောပင်လေး ကိုင်ရုံတင်ပါ ''
ကျန်းရှုက နှုတ်ခမ်း ထော်မိတယ်။ သူ့အပေါ် ရှုပေါ်စု က အမြဲတမ်း ကောင်းပေး နိုင်ပါ့မလား ဆိုတာကို သူမသိဘူး။
ပြီးတော့ အရင်ကလိုမျိုး မဟုတ်ပဲနဲ့ သူအမှီအခို ကင်းမဲ့ချင်တယ်။ ပြီးတော့ အသုံးဝင် တဲ့သူလည်း ဖြစ်ချင်တယ် ။
အနည်းဆုံးတော့ တစ်ခြားသူ ရဲ့အိမ်မှာ ကပ်နေစရာလည်း မလိုတော့တဲ့ အပြင် ပိုက်ဆံ အတွက် လည်း တစ်ခြားသူ ဆီကတောင်းစရာ မလိုတော့ဘူးလေ။
" မင်း အရမ်းခက်ခဲ တဲ့ အလုပ်တွေ မလုပ် ရဘူး။ ပြီးတော့ ကိုယ်ပြောမယ့် အချက်တွေကို ကတိပေးနိုင်မလား? "
ရှုပေါ်စုက ခြေတစ်လှမ်း နောက်ဆုတ်ပေးလိုက်ကာ အချက်၃ ချက်ကို ကတိပေးစေတယ်။
" ဝန်ဆောင်မှု ပေးတဲ့နေရာမှာ မလုပ်ရဘူး။ အချိန်ပို ဆင်းခိုင်းတဲ့ နေရာမှာ မလုပ်ရဘူး။ ပြီးတော့ လိုအပ်ရင် အမြန်ပြေးသွား ရမယ့် နေရာကို မလုပ်ရ ဘူး ။ အတိုချူပ်ပြော ရရင်ကွာ ကိုယ်က မင်းကို နည်းနည်း လေးတောင် မခံစားစေချင်ဘူး ''
" ဖွီး......''
ကျန်းရှုက စားပွဲပေါ် ခေါင်းလေးတင်ကာ စားပွဲစွန်းလေးတွေကို လက်နဲ့ကိုင်ရင်းအော်ရယ်နေခဲ့တယ်။
"ခများ က ကျွန်တော် ဗိုက်ထဲက သန်ကောင်လားဗျာ ''
ရှုပေါ်စု မူးမေ့သွားစေတယ်။ သူက ဒီလိုမျိုး စတော်ဘယ်ရီ လေးရဲ့ စိတ်လွှတ်ကိုယ်လွတ် ရယ်မောတာက သူ့ကို အမြဲတမ်း ဖမ်းစားနိုင်ဆဲပဲ။ နောက်တော့ သူပြောတာ ကို ရှုပေါ်စု နားလည် သွားတဲ့အခါ သူလည်း လိုက်ရယ်မိတော့တယ်။
" .... မင်းကတော့ တကယ့်ကို ဆိုးတဲ့ကလေးလေးပဲကွာ ''
အိုင်း သူလေး နဲ့တော့ အတော့်ကို ခက်ခဲပါတယ် ။
[Paid မှာပြီးသွားပြီနော်]
.............................
" မင္းေလး က ဘာေတြကို ေတြးေနတာလဲဟင္ ?'
ရႈေပၚစုက စားပြဲခုံ ေပၚပါးေလး အပ္ကာ မ်က္လုံးေလးေတြ ကေတာ့ က်န္းရႈကို စိတ္ဝင္ တစားနဲ႕ ၾကည့္ေနခဲ့တယ္။
" ဘာလဲ? ဘာလဲ? ခမ်ားေျပာတာေတြ ကြၽန္ေတာ္ေတာ့ နားမလည္ေပါင္''
က်န္းရႈက စားတာကို ရပ္လိုက္ၿပီးေတာ့ ေဘးကို လွည့္ လိုက္တယ္။ သူ႕ရဲ႕ နီရဲေနတဲ့ နားထိပ္ေလးကိုပဲ သူ႕ကို စိုက္ၾကည့္ ေနတဲ့ လူဆီကို ျပထားလိုက္တယ္။
ဒါက အရမ္း ခ်စ္ဖို႔ေကာင္း တာပဲ! !
မစၥတာ ရႈ တစ္ေယာက္ သူ႕ရဲ႕ ႏွလုံး ခုန္ႏႈန္းေတြ တအားျမန္ေနလို႔ ေနာက္ေန႕က်ရင္ ေသသြားမွာ စိုးတာေၾကာင့္ သူ႕ရဲ႕ မသက္မသာ ျဖစ္ေနတဲ့ ႏွလုံးေလး ေပၚကို ပြတ္ေပးလိုက္တယ္။
သူ႕ရဲ႕ ဇနီးေလး က်န္းရႈ က သူ႕အတြက္ အရမ္းစဥ္းစား ေပးတက္တာပဲေရာ။
တကယ္ေတာ့ သူလည္း သူ႕ဇနီးေလးကို ျပႆနာေတြ မေပးခ်င္ပါဘူးေလ။
.....ဒါေပမယ့္ သူ႕ဇနီးေလး က ေသေလာက္ ေအာင္ ခ်စ္ဖို႔ေကာင္း ေနေတာ့လဲ သူ႕ခမ်ာေတာ့ ဟူး.... ။
" ဒါေလး စားၿပီးရင္ မင္း အခ်ိဳပြဲေကာ စားခ်င္ေသးလား? "
ရႈေပၚစု က ေမးလိုက္ တယ္။
" ခမ်ားက ဝက္တစ္ေကာင္လို ပ်ိဳးေထာင္ခ်င္ ေနတာလား? "
က်န္းရႈက ခ်က္ခ်င္း ျပန္ေျဖလိုက္တယ္။ ရႈေပၚစု က ေနာက္တစ္ ႀကိမ္ေအာ္ရယ္ မိျပန္တယ္။
ဒါေပမယ့္ ဘာေၾကာင့္ သူရယ္ေန မိမွန္း မသိေတာ့ဘူး။ ဒီေန႕ တစ္ေနကုန္ သူရယ္ပဲ ရယ္ခ်င္ေနတာ။
( မေန႕ညက အဝစားလိုက္ရလို႔ေလ)
" မင္းက တကယ့္ကို ပိန္ေသးေသးေလးပါကြာ။ အနည္းငယ္ဝလာေအာင္လို႔ စားလိုက္ပါအုံး ''
" ခမ်ားႀကီး ေဝးေဝးကို သြားစမ္းဗ်ာ။ ''
ဒါေပမယ့္ က်န္းရႈတစ္ေယာက္ အခ်ိဳပြဲေတြ စားခဲ့ပါေသးတယ္။ စားၿပီးတဲ့ေနာက္ မွာ သူက ခ်က္ခ်င္း အိပ္ငိုက္လာျပန္တယ္။
ဒါက သူ႕ကို အျပစ္တင္လို႔ မရဘူးေနာ္။
လူသားေတြ ရဲ႕သဘာဝ အရ ညက မအိပ္ရလို႔ပါေနာ္။
ရႈေပၚစုက ပန္းကန္ ေတြ သိမ္းဆည္း ေနၿပီးေတာ့ သူ႕ကို အာ႐ုံ မစိုက္နိုင္ေသးတဲ့ အခ်ိန္မွာ က်န္းရႈက အိပ္ယာထဲကို သြားၿပီး ဖုန္းေလး ယူကာ လိမ့္ခ် လိုက္ေတာ့တယ္။
သူလည္း WeChat ကိုလည္း ဖြင့္လိုက္ တဲ့အခါ မေန႕ညေနေလာက္က သူ friend circle မွာ တင္ထားတဲ့ ပိုစ့္က Like ေတြ အမ်ားႀကီး ရၿပီးေတာ့ ေအာက္မွာ ေရးထားတဲ့ စာေၾကာင္း ေလးေတြ ကလည္း အမ်ားႀကီး ရွိေနေလတယ္။
တစ္ခု က က်န္းခ်ဴနမ္ က ဝင္ေရးထားတာျဖစ္ၿပီး သူ႕ကိုေမးျမန္း ထားေလတယ္။
{ မင္းက ဘာလို႔ အလုပ္လုပ္ ဖို႔လိုေနတာလဲ? }
ေသစမ္း ဘဲႀကီး ကေတာ့ ျပႆနာပဲကြာ။
ရိုးရိုးသားသား ဝန္ခံ ရရင္ က်န္းရႈတို႔က ထုံေနၿပီမို႔ ဘာကိုမွ မ်ားမ်ားစားစား မရွင္းျပခ်င္ေနပါဘူးေနာ္။ သူသာ ရွင္းျပေနရင္လည္း စာေၾကာင္း ၁၀၀ေလာက္ ၁၀၀၀ ေလာက္သုံးေန ပါေစ တစ္ဖက္လူရဲ႕အျမင္မွာေတာ့ ဒါဟာ မိုက္႐ူးရဲ တဲ့ကေလးက ေလ်ာက္ေျပာေနတယ္ လို႔ပဲ ျမင္မွာပဲကို။ သူတို႔ သားဖ ၾကားမွာ ဘယ္ေလာက္ ပဲ ဒီျပႆနာကို ေဆြးႏြေးေနပါေစ အေျဖေတြက တူၾကမွာ မဟူတ္ဘူး။ ဘာလို႔လဲ ဆိုေတာ့ ႀကဳံေတြ႕ခံစား ဘူးတဲ့ လူေတြမွသာ နားလည္နိုင္မွာမလို႔ေလ။
သူက သူ႕ကိုယ္သူ ထပ္ၿပီး အထင္ေသးမ႐ြံရွာမိေအာင္လို႔ က်န္းရႈ က စကားေျပာထားတဲ့ မွတ္တမ္းကို တိုက္ရိုက္ ဖ်က္ခ်လိဳက္တယ္။ ေနာက္တစ္ေယာက္ ကေတာ့ ေလးလုံးပဲ ျဖစ္ေလတယ္ ။
{ က်န္းရႈ မင္းက တကယ္ႀကီး ႏြေရာသီ အားလပ္ ရက္အတြက္ အလုပ္သြား ရွာတယ္ေပါ့ေလ? ! ဒါဆိုလည္း အတူသြား ၾကစို႔ အိုေကလား? }
ထိုစကား က ညကိုးနာရီ အခ်ိန္ေလာက္တုံးက ပို႔ထားတာ ျဖစ္တယ္။ သူအဲ့အခ်ိန္တုံးက ၾကက္သားစားရဖို႔ အေသအေၾက ပစ္ေနတဲ့ အခ်ိန္ပဲ ရွိေသးတယ္ ။ က်န္းရႈ က ေလးလုံးရဲ႕ စာကို ခ်က္ခ်င္း အေၾကာင္း ျပန္လိုက္ တယ္။
{ ဒါက အမွန္ပဲကြ။ မင္းဘယ္လို ထင္သလဲ? }
{ KFC နဲ႕ Haagen-Dazs က လူေတြ ငွားေနတယ္ကြ။ ငါေတာ့ အဲ့မွာအလုပ္ ရဖို႔ ႀကိဳးစားၾကည့္ခ်င္တယ္။ }
က်န္းရႈ: { မရဘူး။ အလုပ္တစ္ခု ရွာတယ္ ဆိုတာက ငါတို႔ အသက္ေမြး ဝမ္းေက်ာင္း နဲ႕ဆိုင္တဲ့ အလုပ္ကို ရွာလို႔မရဘူးလား? }
ေလးလုံး: { ဒါေတာ့ ရွာေတြ႕ဖို႔ လြယ္မွာ မဟုတ္ဘူး ကြ။ ငါတို႔က ကြင္းဆင္းေလ့က်င့္ေပးတဲ့ အခ်ိန္ေတာင္ မေရာက္ေသးတာေလ... }
က်န္းရႈ: { ...... ငါ အင္တာနက္ မွာ အလုပ္တစ္ခ်ိဳ႕ ရွာၾကည့္ လိုက္မယ္ကြာ။ ၿပီးေတာ့ ကိုယ္ေရး အက်ဥ္း လည္း တင္ဖို႔ စဥ္းစား ၾကည့္လိုက္ အုံးမယ္ }
ေလးလုံး :{ ဘာပဲ ျဖစ္ျဖစ္ပါ ။ ဒါက ႏြေရာသီအားလပ္ ရက္အတြက္ အလုပ္ပဲေလကြာ။ ငါက ျပႆနာ တစ္ခ်ိဳ႕ တက္မွာစိုးလို႔ကြ။ ဒါေၾကာင့္မို႔ ငါတို႔ကို ကြင္းဆင္းေလ့က်င့္ေပးတဲ့ အခ်ိန္ထိ ပဲ ေစာင့္ၿပီး အဲ့က်မွ လုပ္ေတာ့မယ္ }
က်န္း ျပင္းထန္ေဒါသအိုး ရႈ: { ငါမလုပ္ ခ်င္တဲ့ အဓိက အေၾကာင္း အရာကေတာ့ကြာ ငါ့ရဲ႕ ေဒါသစိတ္ေၾကာင့္ပဲ။ KFC နဲ႕ Haagen-Dazs တို႔မွာ လုပ္ပါၿပီတဲ့ ငါ့စိတ္နဲ႕ဆို မခံနိုင္ေလာက္ ဘူး။ ၿပီးေတာ့ တစ္ဝက္ တစ္ပ်က္နဲ႕ထြက္သြားရင္ သူေဌး ကလည္း လစာေပးေတာ့မွာ မဟုတ္ဘူး ကြ }
ေလးလုံး :{ ငါလည္း အဲ့လိုပဲ ထင္ပါ တယ္ ကြာ။ ဒါဆိုလည္း မင္း အြန္လိုင္း ေပၚကေန အလုပ္တစ္ခ်ိဳ႕ ရွာၾကည့္ လိုက္ေတာ့ေလ? }
က်န္းရႈ: { ေအး ဟုတ္ၿပီ }
နာမည္ နည္းနည္း ေက်ာ္ၾကားေနတဲ့ သတင္းစာနဲ႕ မဂၢဇင္း ေတြကေတာ့ ဒီလို မ်ိဳး အေတြ႕အႀကဳံ မရွိေသးတဲ့ ႏြေရာသီအားလပ္ရက္အတြက္ အလုပ္ရွာေနတဲ့ ကေလးေတြကို အလုပ္မေပးဘူး ဆိုတာ လုံးဝ ေသခ်ာ တယ္။ ဒါေပမယ့္ တစ္ခ်ိဳ႕ ေသးငယ္ေသးတဲ့ ကုပၼဏီေလးေတြ မွာဆိုရင္ေတာ့ ခန့္မွန္း ရတာခက္ခဲသား။
က်န္းရႈက အြန္လိုင္း ေပၚမွာ သူ႕ရဲ႕ ကိုယ္ေရးအက်ဥ္း တစ္ခ်ိဳ႕ကို တင္လိုက္ ၿပီးေတာ့ တစ္ဖက္ လူက သူ႕ကို ဆက္သြယ္လာမွာကို ေစာင့္ေနလိုက္တယ္။ ေျပာရရင္ ဒါက သူ႕ရဲ႕ ပထမဆုံး အလုပ္ရွာေနတဲ့ အႀကိမ္ပဲ။ ဒါေပမယ့္ သူ႕ႏွလုံးသား ထဲမွာေတာ့ ဘာတင္းအားမွ ရွိမေနခဲ့ဘူး ။ ဒါေၾကာင့္ တစ္ဖက္ လူက ဆက္သြယ္လာမွာကို ေစာင့္ေနရင္းနဲ႕ပဲ အိပ္ေပ်ာ္သြားေတာ့တယ္။
" ဒါက ဝက္ကေလးပဲ မဟုတ္လို႔လား.... ''
အလုပ္ေတြ ၿပီးသြား လို႔အခန္းထဲ ဝင္လာတဲ့ ရႈေပၚစုက က်န္းရႈ တစ္ေယာက္ ေဟာက္ၿပီး အိပ္ေနတာကို ေတြ႕ေတာ့ ေရ႐ြတ္ လိုက္မိတယ္။ ေနာက္ေတာ့ ေကာင္ေလးနားကို ေလ်ာက္လာၿပီး ဓာတ္ပုံ တစ္ပုံေလာက္ ရိုက္လိုက္တယ္။
ၿပီးေတာ့ ၂ ပုံ ၊ ၃ ၊၄ ၊ ၅ ၊ ၆ ၊ ၇ ၿပီးေတာ့ ၈ ပုံ ေျမာက္သြား ခဲ့တယ္။
ကိုယ္ပိုင္စည္းကမ္းေအာက္ မွာပဲ အၿမဲတမ္း အသက္ရွင္ ေနခဲ့တဲ့ ရႈေပၚစု တစ္ေယာက္ အတြက္ေတာ့ ဒါက လုံေလာက္ သြားခဲ့ပါၿပီ။ ဒါေၾကာင့္ ေကာင္ေလးရဲ႕ လက္ေမာင္းေတြ ထဲကို ဝင္ကာ ခါးေလးကို ဖက္လိုက္ ၿပီး ေကာင္ေလးေျခေထာက္ကို သူ႕ေျခေထာက္ နဲ႕ထိရင္း အိပ္ေပ်ာ္ သြားေလတယ္။
[Seme မွ ဟုတ္ရဲ႕လား]
အိပ္ေပ်ာ္ေနရာမွ ေန႕လည္ ခင္းေရာက္ေတာ့ ရႈေပၚစု နိုးလာခဲ့တယ္။ အရမ္းျပင္းတဲ့ ေကာ္ဖီတစ္ခြက္ ကိုေသာက္ကာ တစ္ေန႕ခင္းလုံး အလုပ္လုပ္ေတာ့တယ္။ အာနိသင္ ကေတာ့ သိပ္ၿပီး စိတ္ေက်နပ္ စရာမရွိေပမယ့္ အဆင္ေျပတယ္ လို႔ေတာ့ ေျပာလို႔ရပါတယ္။
ညေနခင္းမွာေတာ့ ရႈေပၚစု က က်န္းစေတာ္ဘယ္ရီ ေလးနဲ႕ အတူ ညစာစားၿပီးတဲ့ေနာက္ ပန္းကန္ တစ္လုံး ထဲကို ခါတိုင္းလိုပဲ အသီးေတြ ေႁခြထည့္ေပးေနခဲ့ပါတယ္။
" ကိုယ္ မနက္ျဖန္ အလုပ္ျပန္သြား ရေတာ့မယ္ ''
" ေအာ ''
ပန္းကန္ထဲက ခြာေပးထားတဲ့ အသီးအႏွံေတြ ကိုစားရင္း က်န္းရႈက တုံ႕ျပန္လိုက္တယ္။
" မင္း အိမ္မွာ ကိုယ့္ဘာသာ ကိုယ္ ေနတက္တယ္ မလား?''
ရႈေပၚစုက ေမးလိုက္ ေတာ့ က်န္းရႈကလည္း ျပန္ေမးခြန္းထုတ္လိုက္တယ္။
" ဘာလဲ ကြၽန္ေတာ္ က ခမ်ား အိမ္ကို ဖ်ိဳခ်ျပစ္မွာ ေၾကာက္လို႔လား? "
ရႈေပၚစုက ၿပဳံးျပတယ္။
"မစိုးပါဘူး ။ မင္းေလးမွာ ေျခေသးေသး လက္ေသးေသးေလး ေတြပဲ ရွိတာေလ။ ကိုယ္ေတာ့ အိမ္ၿပိဳမွာ မေၾကာက္ေပါင္။ ကိုယ္ေၾကာက္တာက မင္းတစ္ေယာက္ ထဲ ဗိုက္ဆာေနမွာ ကိုပဲ။ ''
ထိုေနရာမွာ ခဏေလာက္ ရပ္တန့္သြား တယ္။
" မင္းေလးက ဘာလို႔ ကိုယ္နဲ႕ အတူတူ အလုပ္ကို မလိုက္ခဲ့တာလဲ ''
ရႈေပၚစု ရဲ႕ေလသံ က အတည္ ျဖစ္ေနကာ ေနာက္ေျပာင္ ေနဟန္ လုံးဝ မေပၚပါဘူး။
" မလိုက္ဘူး ''
က်န္းရႈက ရိုးရွင္း စြာနဲ႕ တစ္ေၾကာင္း ထဲပဲ ျငင္းလိုက္တယ္ ။
" ကြၽန္ေတာ္ က အိမ္မွာပဲ အၿမဲတမ္း ေနမွာမွ မဟုတ္တာ။ အျပင္ထြက္ ၿပီးေတာ့ အလုပ္ရွာ အုံးမွာေလ ''
" ဟမ္? "
ရႈေပၚစု တစ္ေယာက္ မ်က္ေမွာင္ၾကဳတ္ သြားတယ္။
" ကြၽန္ေတာ္က ကိုယ္ေရးအက်ဥ္း ေတာင္ ပို႔ၿပီး သြားၿပီ ေလ။ ''
က်န္းရႈက ပါးစပ္ ကို တစ္သ်ႉးနဲ႕ သုတ္ကာ အမွိုက္ပုံးထဲကို ပစ္ထည့္လိုက္တယ္။
" အဲ့စာရင္း ေပးတဲ့ ေနရာကကြၽန္ေတာ့္ကို မငွားရင္ တစ္ျခားေနရာကို သြားရွာမယ္ ''
" ဟင့္အင္း ။ ႏြေရာသီအားလပ္ရက္အတြက္ အလုပ္ေတြက ခက္ခဲပါဘူး။ ''
ရႈေပၚစု တစ္ေယာက္ သူ႕ရဲ႕ အသံကို အေတာ္ေလး သင့္ေတာ္တဲ့ ႏႈန္းထား ျဖစ္ေအာင္ ျပင္လိုက္ကာ စကားကို ေသခ်ာ ဂ႐ုစိုက္ စြာ ေျပာလိုက္ တယ္။
" ၿပီးေတာ့ မင္းအေနနဲ႕ ေငြေတြ အမ်ားႀကီး ရွာေနစရာ မလိုပါဘူး။ မင္းတို႔ေက်ာင္းက ကြင္းဆင္းေလ့က်င့္ေပးတဲ့ အခ်ိန္ၿပီးေတာ့မွ အလုပ္အေတြ႕အႀကဳံယူ ရင္လည္း ေနာက္မက်ေသးပါဘူး။ ''
" ဒါေပမယ့္ ကြၽန္ေတာ္ ပ်င္းတယ္ေလ''
က်န္းရႈ ကေျပာလိုက္တယ္။
" ေနပါအုံး ။ ခမ်ားက ကြၽန္ေတာ္က အိမ္မွာ ခမ်ား ျပန္လာတာကို အိမ္မွာေစာင့္ေနၿပီးေတာ့ ညတိုင္း ခမ်ားနဲ႕ အတူ အိပ္ေစခ်င္တာမလား။ ဒီလိုလုပ္ခ်င္ေနတာ ေပါ့ေလ ။ လူလိမ္ ဆန္ကုန္ေျမေလး ေကာင္ႀကီးရဲ႕ ''
ရႈေပၚစု: ''......''
ဒါက သူရဲ႕ အေတြးေတြထဲက ပုံစံပဲေလ။ ဒါေပမယ့္ေျပာရရင္ သူက အိပ္ခ်င္ေနယုံတင္ မဟုတ္ဘူး ။ သူက က်န္းရႈကို အဟမ္း ခ်င္ေသးတာပါ။ ၿပီးေတာ့ တစ္ခ်ိဳ႕ အႏၱရာယ္ ေတြလည္း မခံစားရေစခ်င္လို႔ပါ။
အခ်ိန္ပိုင္း အလုပ္ ေတြက ဘယ္လိုအေတြ႕အႀကဳံေတြ ရလာမလဲ ဆိုတာကို ဘယ္သူက သိမွာတဲ့လဲ။
" စိတ္မပူပါနဲ႕ ကြၽန္ေတာ္ရွာမယ့္ အလုပ္ေတြက ခက္ခက္ခဲခဲ မဟုတ္ပါ ဘူး။ ေဘာပင္ေလး ကိုင္႐ုံတင္ပါ ''
က်န္းရႈက ႏႈတ္ခမ္း ေထာ္မိတယ္။ သူ႕အေပၚ ရႈေပၚစု က အၿမဲတမ္း ေကာင္းေပး နိုင္ပါ့မလား ဆိုတာကို သူမသိဘူး။
ၿပီးေတာ့ အရင္ကလိုမ်ိဳး မဟုတ္ပဲနဲ႕ သူအမွီအခို ကင္းမဲ့ခ်င္တယ္။ ၿပီးေတာ့ အသုံးဝင္ တဲ့သူလည္း ျဖစ္ခ်င္တယ္ ။
အနည္းဆုံးေတာ့ တစ္ျခားသူ ရဲ႕အိမ္မွာ ကပ္ေနစရာလည္း မလိုေတာ့တဲ့ အျပင္ ပိုက္ဆံ အတြက္ လည္း တစ္ျခားသူ ဆီကေတာင္းစရာ မလိုေတာ့ဘူးေလ။
" မင္း အရမ္းခက္ခဲ တဲ့ အလုပ္ေတြ မလုပ္ ရဘူး။ ၿပီးေတာ့ ကိုယ္ေျပာမယ့္ အခ်က္ေတြကို ကတိေပးနိုင္မလား? "
ရႈေပၚစုက ေျခတစ္လွမ္း ေနာက္ဆုတ္ေပးလိုက္ကာ အခ်က္၃ ခ်က္ကို ကတိေပးေစတယ္။
" ဝန္ေဆာင္မႈ ေပးတဲ့ေနရာမွာ မလုပ္ရဘူး။ အခ်ိန္ပို ဆင္းခိုင္းတဲ့ ေနရာမွာ မလုပ္ရဘူး။ ၿပီးေတာ့ လိုအပ္ရင္ အျမန္ေျပးသြား ရမယ့္ ေနရာကို မလုပ္ရ ဘူး ။ အတိုခ်ဴပ္ေျပာ ရရင္ကြာ ကိုယ္က မင္းကို နည္းနည္း ေလးေတာင္ မခံစားေစခ်င္ဘူး ''
" ဖြီး......''
က်န္းရႈက စားပြဲေပၚ ေခါင္းေလးတင္ကာ စားပြဲစြန္းေလးေတြကို လက္နဲ႕ကိုင္ရင္းေအာ္ရယ္ေနခဲ့တယ္။
"ခမ်ား က ကြၽန္ေတာ္ ဗိုက္ထဲက သန္ေကာင္လားဗ်ာ ''
ရႈေပၚစု မူးေမ့သြားေစတယ္။ သူက ဒီလိုမ်ိဳး စေတာ္ဘယ္ရီ ေလးရဲ႕ စိတ္လႊတ္ကိုယ္လြတ္ ရယ္ေမာတာက သူ႕ကို အၿမဲတမ္း ဖမ္းစားနိုင္ဆဲပဲ။ ေနာက္ေတာ့ သူေျပာတာ ကို ရႈေပၚစု နားလည္ သြားတဲ့အခါ သူလည္း လိုက္ရယ္မိေတာ့တယ္။
" .... မင္းကေတာ့ တကယ့္ကို ဆိုးတဲ့ကေလးေလးပဲကြာ ''
အိုင္း သူေလး နဲ႕ေတာ့ အေတာ့္ကို ခက္ခဲပါတယ္ ။
[Paid မွာၿပီးသြားၿပီေနာ္]
.............................