My Ugly Omega Mate (Completed)

Od PaungPus

400K 34.5K 1.2K

Start Date - 21.10.2021 End Date - 19.12.2021 #yizhan Více

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
21
Final
New Fic
Hello ❤️
Book 📒

20

13.7K 1.3K 30
Od PaungPus

Unicode

"ကားနောက်ဖုံးကိုဖွင့်လိုက် "

"နောက်ဆုတ် !!! ပြန်ဆုတ်ကြစမ်း !!! "

ကျယ်လောင်တဲ့ပေါက်ကွဲသံက မြေကြီးတွေပါတုန်တက်သွားပြီး လူတိုင်းနားကိုပိတ်လိုက်ကြရတယ်။ ခဏအတွင်းမှာပဲ အော်ဟစ်သံတွေ ဆူညံသွားတယ်။

"ဒီဗုံးအမျိုးအစားက ..."

ရဲအရာရှိက မျက်မှောင်ကျုံ့သွားတယ်။ ဒီအချိန်မှာပဲ ကျန်းချန်က သူ့စီ အလောတကြီးပြေးလာတယ်။

"inspector !! ကျွန်တော့်သူငယ်ချင်းမရှိတော့ဘူး "

"ဘာ ! "

Leo Wang ရဲ့မြေးကြီး ဝမ်ရိပေါ် ၊ ပျောက်ဆုံးချိန် Dec 13 မနက် 9နာရီဝန်းကျင် ....

************************************

Ringing ~~~~

ဖုန်းက ‌ကားခြေနင်းခုံနားတဂီးဂီးမြည်ကာ တုန်ခါနေတယ်။ အရူးတပိုင်းဖြစ်နေတဲ့ ဝမ်ရိပေါ်က ဖုန်းကိုငုံ့ကောက်တယ်။

"..."

" Alpha တယောက်က လွယ်လွယ်မျက်ရည်မကျရဘူး ၊ဘာကြောင့်များ ဒီလောက်တောင် ဝမ်းနည်းနေရတာပါလိမ့် "

ဝမ်ရိပေါ်က ကားကို အကဲခတ်ကြည့်တယ်။ စောင့်ကြည့်ကင်မရာတပ်ထားတာသေချာတယ်။ သူစိတ်ကိုတည်ငြိမ်‌ဖို့ အတတ်နိုင်ဆုံးကြိုးစားတယ်။

"မင်းဘယ်သူလဲ ၊ ဘာလို့ ငါ့ကို ဒီလိုတွေ
လုပ်နေရတာလဲ "

" ဘယ်လိုထင်လို့လဲ.. ရှင်ပူဆွေးသောကရောက်နေရတာကို သိပ်မြင်ချင်တဲ့သူပေါ့  ခစ်ခစ် "

"မင်းကိုငါသိတောင်မသိတာကို ...ကျစ်!!!
ထားလိုက်တော့ မင်းဘယ်သူဖြစ်ဖြစ်ငါစိတ်မဝင်စားဘူး။ ရှောင်းကျန့်ဘယ်မှာလဲ "

"အင်း....အဲ့ဒါကတော့ ရှင့်အပေါ်မူတည်နေတာပဲ ၊ရှင့်အချစ်ကလေး အသက်ကိုကယ်ချင်တယ်မလား ။ဒါဆို ကျွန်မတို့ပျော်စရာလေးတစ်ခုလောက် လုပ်ကြရအောင် "

"ငါ့ကို ...မချိန်းခြောက်နဲ့ ...မင်းကိုငါက ကြောက်မယ်များထင်နေလား "

ဒီအချိန်မှာပဲ အပြင်ဘက်က ပေါက်ကွဲသံတစ်ခုကိုကြားလိုက်ရတယ်။

"ကြားရလား ...ဘယ်သူတွေများ သေသွားလောက်လဲ။ ဘယ်နှစ်ယောက်လောက်များ ဘဝတပါးကူးပြောင်းသွားရှာပြီလဲနော် ကျွတ်ကျွတ် သနားဖို့ကောင်းလိုက်တာ။ နောက်တစ်ယောက်ကရော ဘယ်သူ့အလှည့်ဖြစ်မလဲ။ချစ်စရာအိုမီဂါလေးတယောက်ဆိုရင်ကော ? "

"တောက် ! မင်းသူ့ကိုထိရဲထိကြည့်စမ်း
မင်းဘဝစုတ်ပြတ်သတ်စေရမယ် "

တစ်ဖက်က အမျိုးသမီးက ရွံစရာကောင်းစွာ တခစ်ခစ်လှောင်ရယ်နေတယ်။

"လာခဲ့ ဝမ်ရိပေါ် ...ငရဲတွင်းထဲကိုယ့်ခြေထောက်နဲ့ကိုယ် ရဲရဲကြီးဝင်လာလိုက်စမ်းပါ။ တကယ့်ငရဲဆိုတာ ဘာလဲ ရှင့်ကိုပြပေးမယ် "

ဖုန်းလိုင်းကပြတ်တောက်သွားခဲ့ပြီး ဝမ်ရိပေါ်က ဆဲဆိုကျိန်းမောင်းမှု့တချို့ ဒေါသတကြီး ပြုလုပ်လိုက်တယ်။ ကားက အရှိန်ပြင်းပြင်းမောင်းထွက်သွားတယ်။

***************************

အစိုးရပိုင် စိတ်ရောဂါကုဆေးရုံ....

အဖြူရောင်အပြင်အဆင်များနှင့် ပိုးသတ်ဆေးနံ့များထုံမွှမ်းနေသော ဆေးရုံအခန်းတစ်ခု ...။ ငြိမ်သက်စွာထိုင်နေတဲ့ အသက်၅၀ ဝန်းကျင် လူကြီးတစ်ယောက်။ သူ့ရဲ့ခြေကျင်းဝတ်မှာ သံခြေကျင်းတစ်ခုရှိတယ်။ ဒါက ချုပ်နှောင်ထားတာမဟုတ်ပဲ ကွင်းတစ်ခုသာဖြစ်ပြီး လူနာထွက်ပြေးသွားရင် ပြန်လည်ဖမ်းဆီးရလွယ်ကူစေရန် GPS တပ်ဆင်ထားပေးခြင်းသာဖြစ်တယ်။

"မေးတာကိုဖြေပါဦး ၊ လုပ်ကြံဖို့ ဗုံးကို ဘယ်သူက ပေးတာလဲ ၊ တပ်ဆင်နည်းတွေကိုရော ဘယ်သူသင်ပေးခဲ့တာလဲ "

လူနာက ရဲစုံထောက်ရဲ့စကားကို မကြားသလိုပင် လက်ထဲက ရောင်စုံ Pizzle လေးထောင့်တုံးအား ကြိုးစားပမ်းစား အရောင်ညီအောင် လှည့်နေတယ်။ သူက စိတ်မရှည်တော့တာကြောင့် cube ကိုဆွဲလုလိုက်ပြီး ခပ်သွက်သွက်လှည့်လိုက်တယ် ။

"ရော့ ..."

"အိုးး.. ရသွားပြီပဲ တော်လိုက်တာ "

"ကျွန်တော်မေးတာဖြေပါဦး "

လူကြီးက သူ့ကိုကြောင်စီစီကြည့်လာတယ်။ ပြီးတော့ မှ့ အသံကျယ်ကျယ်နဲ့စကားစပြောတယ်။

" သူမကပြောတယ်"

"အွန်း ..ဘာပြောလဲ "

"သူမကပြောတယ်... သူမက သိပ်လှပြီးထက်မြက်တဲ့ မိန်းကလေး ..."

"အင်း ပြီးတော့ရော "

" ဂလဲ့စားချေရမယ်တဲ့။ ပြီးတော့ပြောသေးတယ်။ ဝမ်ရိပေါ်ကို မုန်းတယ်တဲ့ "

ရဲအရာရှိက ပိုပြီးစိတ်ဝင်တစားအမူအရာဖြစ်လာတယ်။ သူကလေသံကိုအတတ်နိုင်ဆုံးချော့မော့ပြောတယ်။

"အင်း ဘာလို့မုန်းတာတဲ့လဲ "

"သားလေး ..ကျွန်တော့်သားလေးကို ဝမ်ရိပေါ်ကထောင်ချတယ်။ ပြီးတော့ သူ့မရဲ့ချစ်သူကောင်လေးကိုလဲ သတ်ခဲ့တယ်တဲ့။  ဒါကြောင့် ဝမ်ရိပေါ်ဆိုတဲ့ ကောင်လေးကို သတ်ပစ်ရမယ်လို့ သူမကပြောတယ် ..လုပ်ကြံဖို့နည်းလမ်းတွေလဲကူညီပေးတယ်"

"ချစ်သူ ကောင်လေး ? "

ရဲအရာရှိရဲ့ ခေါင်းက ဉာဏ်အလင်းပွင့်သွားတယ်။ သဲလွန်စကြီးကြီးတစ်ခု ကောက်နိုင်ခဲ့လေပြီ။ သူက ဆေးရုံထဲက အလောတကြီးပြေးထွက်ကာ ဖုန်းခေါ်လိုက်တယ်။

"Leo Wang နှစ်100ပြည့်ပွဲတုန်းက လူသေသွားတဲ့ အမှု့ငါ့ကိုပြန်ရှာပေးစမ်း။ သေဆုံးသူရဲ့နာမည်နဲ့ နောက်ကြောင်း အားလုံးသိချင်တယ်။ ရည်းစားသနာကိစ္စရောပဲ အားလုံးအသေးစိတ် အမြန်ဆုံးစုံစမ်းပါ "

မကြာမီအချိန်အတွင်းမှာပဲ သိလိုတာတွေကို အကြမ်းဖျင်း စုံစမ်းနိုင်ခဲ့ကြတယ်။

"ဆရာ .. သေဆုံးသူအမျိုးသားနာမည်က ကျန်စစ်ရန်ပါ။ သူ့မှာ ချစ်သူရည်းစားမရှိပါဘူး။ ဒါပေမဲ့ မိဘတွေသဘောတူထားတဲ့ အိမ်ထောင်ဖက်တော့ရှိတယ်လို့သိရတယ်။ နာမည်က Ling Fei  တဲ့။  ငယ်ငယ်လေးကတည်းက နှစ်ဖက်မိဘတွေသဘောတူထားခဲ့တာ ။  ‌အဲ့ဒီ မိန်းကလေးက သေဆုံးသူ့ရဲ့ဈာပနမှာတုန်းကလဲ အော်ဟစ်သောင်းကျန်းပြီး ငိုယိုခဲ့သေးတယ်လို့သိရတယ်။ အဲ့ဒီနေ့မှာပဲ စိတ်ရောဂါကုဆေးရုံကို လအတော်ကြာ တင်လိုက်ရ‌သေးတယ်တဲ့။ မိဘတွေက မရှိကြတော့ဘူး။ Ling Yi ဆိုတဲ့ မောင်လေး‌တစ်ယောက်ရှိတယ် "

"သူတက်ခဲ့တဲ့ဆေးရုံ နာမည်နဲ့လိပ်စာကို ရှာစမ်း"

ဆေးရုံလိပ်စာက မင်ရီအဖေရဲ့ အရင်ကတက်ခဲ့တဲ့ ပုဂ္ဂလိကဆေးရုံနဲ့ တစ်ခုထဲဖြစ်နေတယ်။ Ling အိမ်တော်ကို သွားရောက်ရှာဖွေကြပေမဲ့ မောင်နှမနှစ်ယောက်စလုံး ပျောက်ချက်သားကောင်းနေတယ်။မီးခိုးကြွက်လျောက်လိုက်ကြည့်လိုက်တော့ သူမက မကြာသေးခင်ကပဲ  ဗုံးတွေကိုတရားမဝင်ရောင်းဝယ်သူတွေကတဆင့် နာမည်အတုနဲ့ဝယ်ယူခဲ့ကြောင်း သိရတယ်။

Ling Fei ကို ပြန်ပေးဆွဲမှု့နဲ့ ဖမ်းဝရမ်းထုတ်လိုက်ကြတယ်။ သူသွားတတ်တဲ့ နေရာ ၊ ပိုင်ဆိုင်မှု့ အိမ်ရာ အားလုံးကို ဆက်ပြီးလိုက်ကြတယ်။ နောက်ထပ်တရက်တာအချိန်က မြန်မြန်ပဲကုန်သွားခဲ့ပြန်လေပြီ။ လူနှစ်ယောက်ကတော့ပျောက်ဆုံးနေဆဲ .....

************************************

အိမ်အိုဟောင်းကြီးတစ်ခုရှေ့မှာ ကားကအလောတကြီးရပ်သွားတယ်။ ဝမ်ရိပေါ်က ကားပေါ်က ဆင်းလိုက်ပြီး ပတ်ဝန်းကျင်ကို အကဲခပ်ကြည့်တယ်။ ခြုံနွယ်တွေထူထပ်နေပြီး လူမနေတာကြာပြီမှန်းသိသာနေတဲ့ မြို့စွန်နေရာက အိမ်ပျက်ကြီးတစ်လုံး။

ရှောင်းကျန့် ...ဘယ်မှာလဲ ....

ကျွီ ~~~~

ကျွန်းသားတံခါးကြီးက တကျီကျီမြည်လို့ပွင့်သွားတယ်။ အလျင်စလိုဝင်မိတဲ့သူက အနောက်က လူရိပ်ကို သတိမမူမိခဲ့ဘူး။

ဒုတ်~~~

တစုံတခုနဲ့ ရိုက်ခတ်မှု့ကြောင့် ခေါင်းအထက်မှာ စူးအောင့်သွားပြီး သူလဲကျသွားခဲ့တယ်။ သူပြန်သတိရလာတော့ခုံတစ်လုံးမှာ ထိုင်လျက် ခြေရော လက်ပါ သံကြိုးခတ်ထားခံရတယ်။ ထိုင်ခုံက သာမန်ခုံမဟုတ်ဘူး။

လျှပ်စစ်ထိုင်ခုံ  ~~~

ထောင်ထဲမှာ အပြစ်သားတွေကိုသုံးတဲ့ ခုံမျိုးပဲ။ သံကြိုးတွေကတဆင့် လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်ခံရပြီး မသေမရှင်ခံစားချက်မျိုး ပေးစွမ်းနိုင်တဲ့ နှိပ်စက်ရေးပစ္စည်းတမျိုး။ သူ့ခေါင်းကလဲ တဆစ်ဆစ်နာကျင်နေကာ မူးဝေနေတယ်။ ဘေးဘီကိုအကဲခတ်ကြည့်တော့ တခန်းလုံး အလွတ်ဖြစ်ကာ သူတစ်ယောက်ထဲသာရှိလေတယ်။

သူသတိလစ်နေခဲ့တာ ဘယ်လောက်ကြာသွားခဲ့ပြီလဲ။

အခန်းအပေါ်ထောင့်မှာ မီးနီ အစက်ကလေးကိုတွေ့တာကြောင့် ကင်မရာရှိမှန်းသိလိုက်တယ်။

"ဘယ်သူရှိလဲ !!! ထွက်ခဲ့စမ်း
ထွက်ခဲ့ ထွက်လာစမ်းးပါ !!! "

ချုပ်နှောင်မှု့က လွှတ်မြောက်အောင် အားနဲ့ ကြိုးစားရုန်းကန်ပေမဲ့ သံကြိုးအပြားကထူထဲခိုင်ခံ့လွန်းတယ်။ သိပ်မကြာခင်မှာပဲ တံခါးတချပ်ပွင့်သွားပြီး ခြေသံတရှပ်ရှပ်နဲ့ အမျိုးသမီးတစ်ယောက်ဝင်လာတယ်။ တကိုယ်လုံးအနက်ရောင်ဇာဝတ်စုံကို ဝတ်ထားပြီး မျက်လုံးများက စူးရှနေတယ်။ သူမက Female Alpha ဆိုတာ သေချာတယ်။

"ငရဲက ကြိုဆိုပါတယ် ဝမ်ရိပေါ် "

ဒီအတိုင်းကြည့်ရင် လှသယောင်ထင်ရတဲ့ မိန်းကလေးဟာ နှုတ်ခမ်းတွေတွန့်လိန်လို့ ပြုံးရယ်လိုက်တဲ့အခါ အလွန်ပင်ကြည့်ရဆိုးသွားတယ် ။

"ရှောင်းကျန့် ဘယ်မှာလဲ ..."

"တွေ့ရမှာပေါ့ ဘယ်လိုလုပ်ပြီး လောနေရတာလဲ၊‌ဖြည်းဖြည်းပေါ့ရှင်ရယ် ၊ ကျွန်မက ဘယ်သူဘယ်ဝါဆိုတာ မသိချင်တော့ဘူးလား "

"မင်းနဲ့ငါကြားမှာ ဘာရန်စတွေများရှိခဲ့လို့လဲ"

"သိပ်ရှိတာပေါ့ !! ရှင်ရှောင်းကျန့်ကို ဘယ်လောက်ချစ်လဲ။ အဲ့ဒါထက်မလျော့တဲ့ အချစ်နဲ့ ကျွန်မသူ့ကိုချစ်တယ်။ နှစ်ပေါင်း ၂၀ ကျော် ချစ်မြတ်နိုးခဲ့ရတာ ၊ကျွန်မရဲ့ နှလုံးသားကို ရှင်ဆိုတဲ့ လူယုတ်မာက နင်းခြေခဲ့တာ "

"မင်း ...ဘာတွေပြောနေတာလဲ "

" နှစ်100 ပွဲညက အဖြစ်အပျက်တွေကို မေ့နေပြီလို့တော့မပြောနဲ့နော်။ ရှင်တို့က မေ့နိုင်ပေမဲ့ ကျွန်မကတော့မမေ့နိုင်ဘူး "

ဝမ်ရိပေါ်က ဒီစကားကြားမှ့ နားလည်သွားတော့တယ်။ ဒီမိန်းမက သူလက်လွန်ပြီး သတ်ခဲ့မိတဲ့ လူရဲ့ သက်ဆိုင်သူဖြစ်နိုင်တယ် ။

"မင်းက .."

"ဟုတ်တယ်။ ကျွန်မက သူနဲ့စေ့စပ်ထားတဲ့သူပဲ ၊အစကတော့ ရှင့်ကိုကျွန်မ အသေသတ်ပစ်ချင်ခဲ့တာ။သတ်ဖို့လဲကြိုးစားခဲ့တယ်။ ဒါပေမဲ့ ရှင်က လွတ်သွားလိုက်သေးတယ်"

"ဒါဆို ကားကို ဖောက်ခွဲခဲ့တာ မင်းလက်ချက်ပေါ့ "

"ဘယ်လိုထင်လို့လဲ ။ အဲ့ဒီအချိန်တုန်းက မလှမ်းမကမ်းမှာ ကျွန်မရှိနေခဲ့တယ် ။ ရှင့်ရဲ့ မရှူ့မလှသေဆုံးမှု့ကို လက်ခုပ်လက်ဝါးတီးပြီး အားပေးဖို့အတွက်ပေါ့၊ ရှင်က ကံကောင်းသွားပြီး မသေခဲ့ဘူး။ ဒါပေမဲ့ ရှင်တို့ရဲ့ ပြောင်မြောက်တဲ့  အချစ်ပြဇာတ်လေးကို ကျွန်မလဲ တခြားသူတွေနဲ့အတူ မျက်ရည်ပေါက်ပေါက်ကျပြီး ရပ်ကြည့်နေခဲ့ရတာပေါ့ "

"အဲ့ဒီမှာ ကျွန်မ စိတ်ကူးပြောင်းသွားတယ်
ရှင့်ကိုဒီတိုင်းသတ်လိုက်တာထက် ရှင့်ရဲ့ အချစ်ကလေးကို သတ်လိုက်မယ်ဆိုရင် ပိုပြီးတော့ ပျော်စရာကောင်းမယ်ထင်တယ်လေ "

"မင်း ! မင်းဘယ်လိုမိန်းမလဲ ရူးနေလား
ရှောင်းကျန့်ကို လွှတ်ပေးလိုက်
သူနဲ့ဘာဆိုင်လို့လဲ ငါသတ်ခဲ့တာ မင်းမကျေနပ်ရင်ငါ့ကိုပြန်သတ်လိုက် "

"အရမ်းမအော်စမ်းပါနဲ့ ခဏနေကျ အော်ရဦးမှာကို ။အခုကတည်းက အားအင်တွေကုန်နေလို့ဘယ်ဖြစ်မလဲ၊ Ling Yi ! သူ့ကိုခေါ်လာခဲ့တော့ "

မျက်နှာတစ်ခုလုံးသွေးမရှိသလို ဖြူဆုတ်ပြီးကြောက်ရွံ့နေပုံပေါ်တဲ့ ကောင်လေးတယောက်က တံခါးကိုဖွင့်လို့ဝင်လာတယ်။ ဘီးတပ်ထားတဲ့ ရွှေရောင်လှောင်အိမ်လေးတစ်ခုကို တွန်းယူလာတယ်။

"ရှောင်း ...ရှောင်းရယ် "

ရှောင်းကျန့်က မတ်တပ်တောင်မရပ်နိုင်ပဲ ကွေးကွေးလေးလဲနေတယ်။ လက်တွေက ထထိုင်ဖို့တလှုပ်လှုပ်နဲ့ကြိုးစားနေတယ်။

"မင်း သူ့ကိုဘာလုပ်ထားတာလဲ "

"ရှင်လုပ်ခဲ့တာထက်စာရင် ဘာမှ့ မပြောပလောက်သေးပါဘူး။ အနည်းဆုံးတော့ သူ့မှာ အသက်ရှိနေသေးတယ် "

"မင်းရဲ့ချစ်သူက ငါ့လူကိုစော်ကားဖို့ကြိုးစားခဲ့တာလေ ။ ငါက ဘာကိစ္စခွင့်ပြုပေးရမှာလဲ။ ငါ့ဒေါသကိုမထိန်းနိုင်ခဲ့ဘူး ။ ဒါပေမဲ့ သူကရော အပြစ်မရှိခဲ့လို့လား "

"စော်ကားတယ် ? သူကအဲ့ဒီအချိန်တုန်းက ပိုင်ရှင်မရှိတဲ့အိုမီဂါလေးပဲ ။ ဘယ်သူမဆို တပ်မက်ခွင့်ရှိတာပဲ "

သူမက တလှမ်းချင်းလျှောက်သွားပြီး လှောင်အိမ်ထဲကရှောင်းကျန့်ကို ရွံ့မုန်းစွာကြည့်တယ်။

"ဒီလှောင်အိမ်ထဲက သတ္တဝါလေးက သိပ်ကိုလှနေတယ်လေ။ သူ့ရဲ့ဆွဲဆောင်မှု့ကို ဘယ်သူက တောင့်ခံနိုင်မှာလဲ ဝမ်ရိပေါ် ...ရှင်က အပြစ်မရှိတဲ့ လူတစ်ယောက်ကိုသတ်ခဲ့တာပဲ။ ရှင်အခုနာကျင်ရတယ်မလား ရှင့်ရဲ့ အိုမီဂါ သေလုမျောပါးဖြစ်နေတာကို ထိုင်ကြည့်နေရတာ သိပ်ကိုရင်နာရတယ်မလား။ အေး အဲ့ဒီညက ကျွန်မလဲ ဒီထက်အဆပေါင်းများစွာ ခံစားခဲ့ရတာပဲ ။ ငိုကြွေးခဲ့ရတာပဲ "

သူမကပြောရင်း တရှုံ့ရှုံ့ငိုကြွေးနေတယ်။

"တပ်မက်ခွင့်ရှိတယ် ။ ကိုယ်ထိလက်ရောက်စော်ကားခွင့်မရှိဘူး။ မင်းချစ်သူကိုသတ်မိတဲ့အတွက် ငါလုံးဝနောင်တမရဖူးဘူး ။ မင်းအတွက်ကော သူက သစ္စာရှိတဲ့ ချစ်သူတစ်ယောက်ဖြစ်ခဲ့ရဲ့လား သေချာပြန်စဉ်းစား"

"သူက ဘယ်တုန်းကမှ့ ကျွန်မကို မချစ်ခဲ့ဘူး "

"ဟက် ! မင်းက တကယ့်ကိုရူးတာပဲ "

သူတို့နှစ်ယောက် စကားအချေအတင်ဖြစ်နေစဉ်မှာပဲ ရှောင်းကျန့်ရဲ့ အသံတိုးတိုးကြောင့် နှစ်ယောက်သား အာရုံပြောင်းသွားတယ်။

"ရေ ~~ရေ ဆာတယ် ။ ရေ ပေးပါနော်
ရေ သောက် ချင် တယ် "

"ဟိုကောင်လေး.. သူရေဆာတယ်ပြောနေတယ်။တိုက်လိုက်လေ ။ မင်းတို့ ဘာရပ်ကြည့်နေကြတာလဲ။သူက ရေဆာတယ်လို့ပြောနေတယ်။မင်းတို့နားတွေ ကန်းနေကြလား !!!"

ဝမ်ရိပေါ်က အော်ဟစ်လျက် ခုံမှာရုန်းကန်နေတယ်။ ကောင်လေးက ကြောက်ပြီးတုန်နေတယ်။ Ling Fei ကတော့ ဝမ်ရိပေါ်ကို အလွန်ကျေနပ်စွာကြည့်နေတယ်။

"ဘာလို့ပေးရမှာလဲ ။ သူဒီကိုရောက်ကတည်းက ဘာမှ့မစားမသောက်ရသေးဘူး။ ၃ရက်ရှိပြီ ။ မကြာခင်သေရမှာပဲလေ ဘာလို့ အလုပ်ရှုပ်ခံကျွေးထားနေရဦးမှာလဲ ဟုတ်တယ်မလား"

"ခွေးမ !!! မင်းကို ငါ့လက်နဲ့သတ်မယ်
မိန်းမယုတ် !! "

ဒေါသထွက်လွန်းတာကြောင့် ‌Alpha ဟော်မုန်းနံ့များထုတ်လွှတ်လို့တိုက်ခိုက်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ သူ့ခန္ဓာကိုယ်က သူ့အမိန့်ကိုမနာခံဘူး။

" ခစ်ခစ် သွေးသန့်Alpha တယောက်ကို ဒီအတိုင်းထားရင်ကိုယ့်သေတွင်းကိုယ်တူးသလိုဖြစ်သွားမှာပေါ့။ ရှင့်ကို ထိန်းချုပ်ဆေးတမျိုး ထိုးပေးထားတယ်။ အဲ့ဒါကြောင့် ရှင်ဘာမှမတတ်နိုင်ပါဘူး ဝမ်ရိပေါ်ရယ် "

"×××× !!! "

"ဒီလိုကျိန်ဆဲနေမဲ့အစား စမ်းသပ်မှု့လေးတစ်ခု လုပ်ကြရအောင်။ရှင်ကျော်ဖြတ်နိုင်ရင် သူ့အတွက် ရေရမယ် "

"ရှင်ထိုင်နေတာ လျှပ်စစ်ထိုင်ခုံဆိုတာတော့ သိတယ်မလား။ ၁၅မိနစ် ...လုံးဝသတိမလစ်ပဲ ၁၅မိနစ်တောင့်ခံနိုင်ရင် သူ့ကိုကျွန်မ ရေတိုက်မယ် ဘယ်လိုလဲ "

"တောက် ! ကောင်းပြီ မင်းကတိတည်ပါစေ "

"ရိပေါ် ....."

ရှောင်းကျန့်က သံတိုင်ကို လက်လေးတွေနဲ့ ကိုင်ကာ အားပြုရင်း ဝမ်ရိပေါ်ကို အသံတိုးတိုးဖြင့်တားမြစ်နေခဲ့တယ်။

"ကဲ !  စပြီနော် ၊ ဗို့အားက သိပ်မပြင်းဘူးဆိုတော့ ရှင်ခံနိုင်မှာပါ။ သတိမလစ်စေဖို့တော့ ကြိုးစားနော် ။မဟုတ်ရင် ရှင့်အိုမီဂါလေး နောက်တရက်အစာရေစာပြတ်လပ်နေရဦးမှာ "

သူမက သူတို့နှစ်ယောက်ကို ဖြည်းဖြည်းချင်းမျှင်းသတ်ဖို့ ကြံစည်ထားပုံရတယ်။ ရုတ်တရက်စီးဝင်လာတဲ့ နာကျင်မှု့က ဝမ်ရိပေါ်ရဲ့တကိုယ်လုံးကိုလွှမ်းခြုံသွားပြီး ထုံကျင်တဲ့ဝေဒနာက မခံမရပ်နိုင်လောက်အောင်ပါပဲ။

အားတင်းထား ဝမ်ရိပေါ် ။ မင်းလုပ်နိုင်ပါတယ်။ မင်းသူ့ကို တသက်လုံးကာကွယ်ပေးမယ်လို့ကတိပေးခဲ့တယ်။ မင်း သူ့အတွက် ဒါကို တောင့်ခံနိုင်ရမယ် ။

 မင်းချစ်တဲ့ သူအတွက် ....

ရှောင်းကျန်က လှောင်အိမ်ထဲကနေပြီး ဝမ်ရိပေါ်ကို ကြည့်လို့ အသံကုန်အော်ငိုတယ်။ သုံးရက်လုံးလုံး ရေတစက်တောင် မသောက်ခဲ့ရတာကြောင့် သူကမူးဝေနေပြီး လည်ချောင်းတွေပါ အက်ကွဲခြောက်ကပ်နေတယ်။ သူ့နှလုံးသားက အခုဆို ကွဲကြေမွမတက် ခံစားနေရတယ်။ဝမ်ရိပေါ်ရဲ့အဖြစ်ကိုကြည့်ပြီး သူအသက်ရှူရပ်တော့မယ်လို့တောင်ထင်မိတယ်။

"ရိပေါ် ...ရိပေါ် ... ဟင့်အင်း "

Ling Fei က သူတို့နှစ်ယောက်ကို လက်ပိုက်လို့ ပျော်ရွင်စွာ ကြည့်နေတယ်။ သူမရဲ့ပုံစံက ပိုပြီး အရူးအမူးဆန်လာပြီး ကြောက်စရာကောင်းနေတယ်။ သူမဘေးက ကောင်လေးက ရက်စက်လွန်းတဲ့ မြင်ကွင်းကိုဆက်မကြည့်ရက်နိုင်တော့ပဲ အခန်းထဲက ထွက်ပြေးသွားတယ်။

၁၅မိနစ် ပြည့်သွားခဲ့လေပြီ။ ဝမ်ရိပေါ်က သတိလစ်မသွားခဲ့ဘူး။ သူ့တကိုယ်လုံးက နှုံးချိလို့ပင်ပန်းနေတယ်။ ဒါပေမဲ့ သူက နည်းနည်းတောင်တွန့်‌ဆုတ်မသွားဘူး။ လက်သီးကို ကျစ်နေအောင်ဆုပ်လို့ သူ့ကိုယ်သူ အသန်မာဆုံးဖြစ်အောင် အားတင်းထားတယ်။

"မင်း ...ကတိကိုတည် "

"wow ! ရှင်က တကယ့်ကို ခံနိုင်ရည်ရှိတာပဲ
ကောင်းပြီလေ ကျွန်မသူ့ကို ရေနည်းနည်းတိုက်မယ်။Ling yi သူ့ကိုရေတိုက်လိုက်၊  Ling yi ?  ။ တောက် ! ဒီကောင်လေး ဘယ်ရောက်သွားတာလဲ  "

သူမက ဒေါက်ဖိနပ်သံ တဂွက်ဂွက်ဖြင့် အခန်းပြင်ထွက်သွားတယ်။

"ရှောင်း...‌"

"ရိပေါ် ..."

တယောက်နဲ့တယောက် မျက်ဝန်းများဖြင့်သာ စကားပြောနေခဲ့ကြပြီး နှုတ်က ဘာစကားမှ့ပြောမထွက်လာခဲ့ကြ။

အဆင်ပြေရဲ့လားလို့မေးရမလား ...

သူအဆင်မပြေဘူးဆိုတာ သိနေတာပဲ။

မငိုပါနဲ့လို့ နှစ်သိမ့်ပေးရမလား ။

ကိုယ်တိုင်တောင် သူခံစားနေရတာ မကြည့်ရက်လွန်းလို့ ငိုချင်နေမိခဲ့တာလေ ။

"ကျွန်တော် ခဗျားကို သိပ်ချစ်တယ် "

ဒီနေရာက သူတို့နှစ်ယောက်ရဲ့ သချိုင်္င်းဖြစ်ခဲ့မယ်ဆိုရင်တောင် တတ်စွမ်းသလောက်ကာကွယ်ပေးချင်သေးတယ်။  သူ့လက်ကလေးကိုင်လို့ရင်ဆိုင်ချင်ပါရဲ့။ ထွေးပွေ့ထားချင်ပါရဲ့ ။ ဒါပေမဲ့ ......

**********************************
Paung~pus ♡.
(17.12.2021)

Zawgyi


"ကားေနာက္ဖုံးကိုဖြင့္လိုက္ "

"ေနာက္ဆုတ္ !!! ျပန္ဆုတ္ၾကစမ္း !!! "

က်ယ္ေလာင္တဲ့ေပါက္ကြဲသံက ေျမႀကီးေတြပါတုန္တက္သြားၿပီး လူတိုင္းနားကိုပိတ္လိုက္ၾကရတယ္။ ခဏအတြင္းမွာပဲ ေအာ္ဟစ္သံေတြ ဆူညံသြားတယ္။

"ဒီဗုံးအမ်ိဳးအစားက ..."

ရဲအရာ႐ွိက မ်က္ေမွာင္က်ံဳ႕သြားတယ္။ ဒီအခ်ိန္မွာပဲ က်န္းခ်န္က သူ႕စီ အေလာတႀကီးေျပးလာတယ္။

"inspector !! ကြၽန္ေတာ့္သူငယ္ခ်င္းမ႐ွိေတာ့ဘူး "

"ဘာ ! "

Leo Wang ရဲ႕ေျမးႀကီး ဝမ္ရိေပၚ ၊ ေပ်ာက္ဆုံးခ်ိန္ Dec 13 မနက္ 9နာရီဝန္းက်င္ ....

************************************

Ringing ~~~~

ဖုန္းက ‌ကားေျခနင္းခုံနားတဂီးဂီးျမည္ကာ တုန္ခါေနတယ္။ အ႐ူးတပိုင္းျဖစ္ေနတဲ့ ဝမ္ရိေပၚက ဖုန္းကိုငုံ႔ေကာက္တယ္။

"..."

" Alpha တေယာက္က လြယ္လြယ္မ်က္ရည္မက်ရဘူး ၊ဘာေၾကာင့္မ်ား ဒီေလာက္ေတာင္ ဝမ္းနည္းေနရတာပါလိမ့္ "

ဝမ္ရိေပၚက ကားကို အကဲခတ္ၾကည့္တယ္။ ေစာင့္ၾကည့္ကင္မရာတပ္ထားတာေသခ်ာတယ္။ သူစိတ္ကိုတည္ၿငိမ္‌ဖို႔ အတတ္ႏိုင္ဆုံးႀကိဳးစားတယ္။

"မင္းဘယ္သူလဲ ၊ ဘာလို႔ ငါ့ကို ဒီလိုေတြ

လုပ္ေနရတာလဲ "

" ဘယ္လိုထင္လို႔လဲ.. ႐ွင္ပူေဆြးေသာကေရာက္ေနရတာကို သိပ္ျမင္ခ်င္တဲ့သူေပါ့ ခစ္ခစ္ "

"မင္းကိုငါသိေတာင္မသိတာကို ...က်စ္!!!

ထားလိုက္ေတာ့ မင္းဘယ္သူျဖစ္ျဖစ္ငါစိတ္မဝင္စားဘူး။ ေ႐ွာင္းက်န္႔ဘယ္မွာလဲ "

"အင္း....အဲ့ဒါကေတာ့ ႐ွင့္အေပၚမူတည္ေနတာပဲ ၊႐ွင့္အခ်စ္ကေလး အသက္ကိုကယ္ခ်င္တယ္မလား ။ဒါဆို ကြၽန္မတို႔ေပ်ာ္စရာေလးတစ္ခုေလာက္ လုပ္ၾကရေအာင္ "

"ငါ့ကို ...မခ်ိန္းေျခာက္နဲ႔ ...မင္းကိုငါက ေၾကာက္မယ္မ်ားထင္ေနလား "

ဒီအခ်ိန္မွာပဲ အျပင္ဘက္က ေပါက္ကြဲသံတစ္ခုကိုၾကားလိုက္ရတယ္။

"ၾကားရလား ...ဘယ္သူေတြမ်ား ေသသြားေလာက္လဲ။ ဘယ္ႏွစ္ေယာက္ေလာက္မ်ား ဘဝတပါးကူးေျပာင္းသြား႐ွာၿပီလဲေနာ္ ကြၽတ္ကြၽတ္ သနားဖို႔ေကာင္းလိုက္တာ။ ေနာက္တစ္ေယာက္ကေရာ ဘယ္သူ႕အလွည့္ျဖစ္မလဲ။ခ်စ္စရာအိုမီဂါေလးတေယာက္ဆိုရင္ေကာ ? "

"ေတာက္ ! မင္းသူ႕ကိုထိရဲထိၾကည့္စမ္း

မင္းဘဝစုတ္ျပတ္သတ္ေစရမယ္ "

တစ္ဖက္က အမ်ိဳးသမီးက ႐ြံစရာေကာင္းစြာ တခစ္ခစ္ေလွာင္ရယ္ေနတယ္။

"လာခဲ့ ဝမ္ရိေပၚ ...ငရဲတြင္းထဲကိုယ့္ေျခေထာက္နဲ႔ကိုယ္ ရဲရဲႀကီးဝင္လာလိုက္စမ္းပါ။ တကယ့္ငရဲဆိုတာ ဘာလဲ ႐ွင့္ကိုျပေပးမယ္ "

ဖုန္းလိုင္းကျပတ္ေတာက္သြားခဲ့ၿပီး ဝမ္ရိေပၚက ဆဲဆိုက်ိန္းေမာင္းမႈ႕တခ်ိဳ႕ ေဒါသတႀကီး ျပဳလုပ္လိုက္တယ္။ ကားက အ႐ွိန္ျပင္းျပင္းေမာင္းထြက္သြားတယ္။

***************************

အစိုးရပိုင္ စိတ္ေရာဂါကုေဆး႐ုံ....

အျဖဴေရာင္အျပင္အဆင္မ်ားႏွင့္ ပိုးသတ္ေဆးနံ႔မ်ားထုံမႊမ္းေနေသာ ေဆး႐ုံအခန္းတစ္ခု ...။ ၿငိမ္သက္စြာထိုင္ေနတဲ့ အသက္၅၀ ဝန္းက်င္ လူႀကီးတစ္ေယာက္။ သူ႕ရဲ႕ေျခက်င္းဝတ္မွာ သံေျခက်င္းတစ္ခု႐ွိတယ္။ ဒါက ခ်ဳပ္ေႏွာင္ထားတာမဟုတ္ပဲ ကြင္းတစ္ခုသာျဖစ္ၿပီး လူနာထြက္ေျပးသြားရင္ ျပန္လည္ဖမ္းဆီးရလြယ္ကူေစရန္ GPS တပ္ဆင္ထားေပးျခင္းသာျဖစ္တယ္။

"ေမးတာကိုေျဖပါဦး ၊ လုပ္ၾကံဖို႔ ဗုံးကို ဘယ္သူက ေပးတာလဲ ၊ တပ္ဆင္နည္းေတြကိုေရာ ဘယ္သူသင္ေပးခဲ့တာလဲ "

လူနာက ရဲစုံေထာက္ရဲ႕စကားကို မၾကားသလိုပင္ လက္ထဲက ေရာင္စုံ Pizzle ေလးေထာင့္တုံးအား ႀကိဳးစားပမ္းစား အေရာင္ညီေအာင္ လွည့္ေနတယ္။ သူက စိတ္မ႐ွည္ေတာ့တာေၾကာင့္ cube ကိုဆြဲလုလိုက္ၿပီး ခပ္သြက္သြက္လွည့္လိုက္တယ္ ။

"ေရာ့ ..."

"အိုးး.. ရသြားၿပီပဲ ေတာ္လိုက္တာ "

"ကြၽန္ေတာ္ေမးတာေျဖပါဦး "

လူႀကီးက သူ႕ကိုေၾကာင္စီစီၾကည့္လာတယ္။ ၿပီးေတာ့ မွ႔ အသံက်ယ္က်ယ္နဲ႔စကားစေျပာတယ္။

" သူမကေျပာတယ္"

"အြန္း ..ဘာေျပာလဲ "

"သူမကေျပာတယ္... သူမက သိပ္လွၿပီးထက္ျမက္တဲ့ မိန္းကေလး ..."

"အင္း ၿပီးေတာ့ေရာ "

" ဂလဲ့စားေခ်ရမယ္တဲ့။ ၿပီးေတာ့ေျပာေသးတယ္။ ဝမ္ရိေပၚကို မုန္းတယ္တဲ့ "

ရဲအရာ႐ွိက ပိုၿပီးစိတ္ဝင္တစားအမူအရာျဖစ္လာတယ္။ သူကေလသံကိုအတတ္ႏိုင္ဆုံးေခ်ာ့ေမာ့ေျပာတယ္။

"အင္း ဘာလို႔မုန္းတာတဲ့လဲ "

"သားေလး ..ကြၽန္ေတာ့္သားေလးကို ဝမ္ရိေပၚကေထာင္ခ်တယ္။ ၿပီးေတာ့ သူ႕မရဲ႕ခ်စ္သူေကာင္ေလးကိုလဲ သတ္ခဲ့တယ္တဲ့။ ဒါေၾကာင့္ ဝမ္ရိေပၚဆိုတဲ့ ေကာင္ေလးကို သတ္ပစ္ရမယ္လို႔ သူမကေျပာတယ္ ..လုပ္ၾကံဖို႔နည္းလမ္းေတြလဲကူညီေပးတယ္"

"ခ်စ္သူ ေကာင္ေလး ? "

ရဲအရာ႐ွိရဲ႕ ေခါင္းက ဉာဏ္အလင္းပြင့္သြားတယ္။ သဲလြန္စႀကီးႀကီးတစ္ခု ေကာက္ႏိုင္ခဲ့ေလၿပီ။ သူက ေဆး႐ုံထဲက အေလာတႀကီးေျပးထြက္ကာ ဖုန္းေခၚလိုက္တယ္။

"Leo Wang ႏွစ္100ျပည့္ပြဲတုန္းက လူေသသြားတဲ့ အမႈ႕ငါ့ကိုျပန္႐ွာေပးစမ္း။ ေသဆုံးသူရဲ႕နာမည္နဲ႔ ေနာက္ေၾကာင္း အားလုံးသိခ်င္တယ္။ ရည္းစားသနာကိစၥေရာပဲ အားလုံးအေသးစိတ္ အျမန္ဆုံးစုံစမ္းပါ "

မၾကာမီအခ်ိန္အတြင္းမွာပဲ သိလိုတာေတြကို အၾကမ္းဖ်င္း စုံစမ္းႏိုင္ခဲ့ၾကတယ္။

"ဆရာ .. ေသဆုံးသူအမ်ိဳးသားနာမည္က က်န္စစ္ရန္ပါ။ သူ႕မွာ ခ်စ္သူရည္းစားမ႐ွိပါဘူး။ ဒါေပမဲ့ မိဘေတြသေဘာတူထားတဲ့ အိမ္ေထာင္ဖက္ေတာ့႐ွိတယ္လို႔သိရတယ္။ နာမည္က Ling Fei တဲ့။ ငယ္ငယ္ေလးကတည္းက ႏွစ္ဖက္မိဘေတြသေဘာတူထားခဲ့တာ ။ ‌အဲ့ဒီ မိန္းကေလးက ေသဆုံးသူ႕ရဲ႕ဈာပနမွာတုန္းကလဲ ေအာ္ဟစ္ေသာင္းက်န္းၿပီး ငိုယိုခဲ့ေသးတယ္လို႔သိရတယ္။ အဲ့ဒီေန႔မွာပဲ စိတ္ေရာဂါကုေဆး႐ုံကို လအေတာ္ၾကာ တင္လိုက္ရ‌ေသးတယ္တဲ့။ မိဘေတြက မ႐ွိၾကေတာ့ဘူး။ Ling Yi ဆိုတဲ့ ေမာင္ေလး‌တစ္ေယာက္႐ွိတယ္ "

"သူတက္ခဲ့တဲ့ေဆး႐ုံ နာမည္နဲ႔လိပ္စာကို ႐ွာစမ္း"

ေဆး႐ုံလိပ္စာက မင္ရီအေဖရဲ႕ အရင္ကတက္ခဲ့တဲ့ ပုဂၢလိကေဆး႐ုံနဲ႔ တစ္ခုထဲျဖစ္ေနတယ္။ Ling အိမ္ေတာ္ကို သြားေရာက္႐ွာေဖြၾကေပမဲ့ ေမာင္ႏွမႏွစ္ေယာက္စလုံး ေပ်ာက္ခ်က္သားေကာင္းေနတယ္။မီးခိုးႂကြက္ေလ်ာက္လိုက္ၾကည့္လိုက္ေတာ့ သူမက မၾကာေသးခင္ကပဲ ဗုံးေတြကိုတရားမဝင္ေရာင္းဝယ္သူေတြကတဆင့္ နာမည္အတုနဲ႔ဝယ္ယူခဲ့ေၾကာင္း သိရတယ္။

Ling Fei ကို ျပန္ေပးဆြဲမႈ႕နဲ႔ ဖမ္းဝရမ္းထုတ္လိုက္ၾကတယ္။ သူသြားတတ္တဲ့ ေနရာ ၊ ပိုင္ဆိုင္မႈ႕ အိမ္ရာ အားလုံးကို ဆက္ၿပီးလိုက္ၾကတယ္။ ေနာက္ထပ္တရက္တာအခ်ိန္က ျမန္ျမန္ပဲကုန္သြားခဲ့ျပန္ေလၿပီ။ လူႏွစ္ေယာက္ကေတာ့ေပ်ာက္ဆုံးေနဆဲ .....

************************************

အိမ္အိုေဟာင္းႀကီးတစ္ခုေ႐ွ႕မွာ ကားကအေလာတႀကီးရပ္သြားတယ္။ ဝမ္ရိေပၚက ကားေပၚက ဆင္းလိုက္ၿပီး ပတ္ဝန္းက်င္ကို အကဲခပ္ၾကည့္တယ္။ ျခဳံႏြယ္ေတြထူထပ္ေနၿပီး လူမေနတာၾကာၿပီမွန္းသိသာေနတဲ့ ၿမိဳ႕စြန္ေနရာက အိမ္ပ်က္ႀကီးတစ္လုံး။

ေ႐ွာင္းက်န္႔ ...ဘယ္မွာလဲ ....

ကြၽီ ~~~~

ကြၽန္းသားတံခါးႀကီးက တက်ီက်ီျမည္လို႔ပြင့္သြားတယ္။ အလ်င္စလိုဝင္မိတဲ့သူက အေနာက္က လူရိပ္ကို သတိမမူမိခဲ့ဘူး။

ဒုတ္~~~

တစုံတခုနဲ႔ ႐ိုက္ခတ္မႈ႕ေၾကာင့္ ေခါင္းအထက္မွာ စူးေအာင့္သြားၿပီး သူလဲက်သြားခဲ့တယ္။ သူျပန္သတိရလာေတာ့ခုံတစ္လုံးမွာ ထိုင္လ်က္ ေျခေရာ လက္ပါ သံႀကိဳးခတ္ထားခံရတယ္။ ထိုင္ခုံက သာမန္ခုံမဟုတ္ဘူး။

လွ်ပ္စစ္ထိုင္ခုံ ~~~

ေထာင္ထဲမွာ အျပစ္သားေတြကိုသုံးတဲ့ ခုံမ်ိဳးပဲ။ သံႀကိဳးေတြကတဆင့္ လွ်ပ္စစ္စီးဝင္ကာ ဓာတ္လိုက္ခံရၿပီး မေသမ႐ွင္ခံစားခ်က္မ်ိဳး ေပးစြမ္းႏိုင္တဲ့ ႏွိပ္စက္ေရးပစၥည္းတမ်ိဳး။ သူ႕ေခါင္းကလဲ တဆစ္ဆစ္နာက်င္ေနကာ မူးေဝေနတယ္။ ေဘးဘီကိုအကဲခတ္ၾကည့္ေတာ့ တခန္းလုံး အလြတ္ျဖစ္ကာ သူတစ္ေယာက္ထဲသာ႐ွိေလတယ္။

သူသတိလစ္ေနခဲ့တာ ဘယ္ေလာက္ၾကာသြားခဲ့ၿပီလဲ။

အခန္းအေပၚေထာင့္မွာ မီးနီ အစက္ကေလးကိုေတြ႕တာေၾကာင့္ ကင္မရာ႐ွိမွန္းသိလိုက္တယ္။

"ဘယ္သူ႐ွိလဲ !!! ထြက္ခဲ့စမ္း

ထြက္ခဲ့ ထြက္လာစမ္းးပါ !!! "

ခ်ဳပ္ေႏွာင္မႈ႕က လႊတ္ေျမာက္ေအာင္ အားနဲ႔ ႀကိဳးစား႐ုန္းကန္ေပမဲ့ သံႀကိဳးအျပားကထူထဲခိုင္ခံ့လြန္းတယ္။ သိပ္မၾကာခင္မွာပဲ တံခါးတခ်ပ္ပြင့္သြားၿပီး ေျခသံတ႐ွပ္႐ွပ္နဲ႔ အမ်ိဳးသမီးတစ္ေယာက္ဝင္လာတယ္။ တကိုယ္လုံးအနက္ေရာင္ဇာဝတ္စုံကို ဝတ္ထားၿပီး မ်က္လုံးမ်ားက စူး႐ွေနတယ္။ သူမက Female Alpha ဆိုတာ ေသခ်ာတယ္။

"ငရဲက ႀကိဳဆိုပါတယ္ ဝမ္ရိေပၚ "

ဒီအတိုင္းၾကည့္ရင္ လွသေယာင္ထင္ရတဲ့ မိန္းကေလးဟာ ႏႈတ္ခမ္းေတြတြန္႔လိန္လို႔ ျပဳံးရယ္လိုက္တဲ့အခါ အလြန္ပင္ၾကည့္ရဆိုးသြားတယ္ ။

"ေ႐ွာင္းက်န္႔ ဘယ္မွာလဲ ..."

"ေတြ႕ရမွာေပါ့ ဘယ္လိုလုပ္ၿပီး ေလာေနရတာလဲ၊‌ျဖည္းျဖည္းေပါ့႐ွင္ရယ္ ၊ ကြၽန္မက ဘယ္သူဘယ္ဝါဆိုတာ မသိခ်င္ေတာ့ဘူးလား "

"မင္းနဲ႔ငါၾကားမွာ ဘာရန္စေတြမ်ား႐ွိခဲ့လို႔လဲ"

"သိပ္႐ွိတာေပါ့ !! ႐ွင္ေ႐ွာင္းက်န္႔ကို ဘယ္ေလာက္ခ်စ္လဲ။ အဲ့ဒါထက္မေလ်ာ့တဲ့ အခ်စ္နဲ႔ ကြၽန္မသူ႕ကိုခ်စ္တယ္။ ႏွစ္ေပါင္း ၂၀ ေက်ာ္ ခ်စ္ျမတ္ႏိုးခဲ့ရတာ ၊ကြၽန္မရဲ႕ ႏွလုံးသားကို ႐ွင္ဆိုတဲ့ လူယုတ္မာက နင္းေျခခဲ့တာ "

"မင္း ...ဘာေတြေျပာေနတာလဲ "

" ႏွစ္100 ပြဲညက အျဖစ္အပ်က္ေတြကို ေမ့ေနၿပီလို႔ေတာ့မေျပာနဲ႔ေနာ္။ ႐ွင္တို႔က ေမ့ႏိုင္ေပမဲ့ ကြၽန္မကေတာ့မေမ့ႏိုင္ဘူး "

ဝမ္ရိေပၚက ဒီစကားၾကားမွ႔ နားလည္သြားေတာ့တယ္။ ဒီမိန္းမက သူလက္လြန္ၿပီး သတ္ခဲ့မိတဲ့ လူရဲ႕ သက္ဆိုင္သူျဖစ္ႏိုင္တယ္ ။

"မင္းက .."

"ဟုတ္တယ္။ ကြၽန္မက သူနဲ႔ေစ့စပ္ထားတဲ့သူပဲ ၊အစကေတာ့ ႐ွင့္ကိုကြၽန္မ အေသသတ္ပစ္ခ်င္ခဲ့တာ။သတ္ဖို႔လဲႀကိဳးစားခဲ့တယ္။ ဒါေပမဲ့ ႐ွင္က လြတ္သြားလိုက္ေသးတယ္"

"ဒါဆို ကားကို ေဖာက္ခြဲခဲ့တာ မင္းလက္ခ်က္ေပါ့ "

"ဘယ္လိုထင္လို႔လဲ ။ အဲ့ဒီအခ်ိန္တုန္းက မလွမ္းမကမ္းမွာ ကြၽန္မ႐ွိေနခဲ့တယ္ ။ ႐ွင့္ရဲ႕ မ႐ွဴ႕မလွေသဆုံးမႈ႕ကို လက္ခုပ္လက္ဝါးတီးၿပီး အားေပးဖို႔အတြက္ေပါ့၊ ႐ွင္က ကံေကာင္းသြားၿပီး မေသခဲ့ဘူး။ ဒါေပမဲ့ ႐ွင္တို႔ရဲ႕ ေျပာင္ေျမာက္တဲ့ အခ်စ္ျပဇာတ္ေလးကို ကြၽန္မလဲ တျခားသူေတြနဲ႔အတူ မ်က္ရည္ေပါက္ေပါက္က်ၿပီး ရပ္ၾကည့္ေနခဲ့ရတာေပါ့ "

"အဲ့ဒီမွာ ကြၽန္မ စိတ္ကူးေျပာင္းသြားတယ္

႐ွင့္ကိုဒီတိုင္းသတ္လိုက္တာထက္ ႐ွင့္ရဲ႕ အခ်စ္ကေလးကို သတ္လိုက္မယ္ဆိုရင္ ပိုၿပီးေတာ့ ေပ်ာ္စရာေကာင္းမယ္ထင္တယ္ေလ "

"မင္း ! မင္းဘယ္လိုမိန္းမလဲ ႐ူးေနလား

ေ႐ွာင္းက်န္႔ကို လႊတ္ေပးလိုက္

သူနဲ႔ဘာဆိုင္လို႔လဲ ငါသတ္ခဲ့တာ မင္းမေက်နပ္ရင္ငါ့ကိုျပန္သတ္လိုက္ "

"အရမ္းမေအာ္စမ္းပါနဲ႔ ခဏေနက် ေအာ္ရဦးမွာကို ။အခုကတည္းက အားအင္ေတြကုန္ေနလို႔ဘယ္ျဖစ္မလဲ၊ Ling Yi ! သူ႕ကိုေခၚလာခဲ့ေတာ့ "

မ်က္ႏွာတစ္ခုလုံးေသြးမ႐ွိသလို ျဖဴဆုတ္ၿပီးေၾကာက္႐ြံ႕ေနပုံေပၚတဲ့ ေကာင္ေလးတေယာက္က တံခါးကိုဖြင့္လို႔ဝင္လာတယ္။ ဘီးတပ္ထားတဲ့ ေ႐ႊေရာင္ေလွာင္အိမ္ေလးတစ္ခုကို တြန္းယူလာတယ္။

"ေ႐ွာင္း ...ေ႐ွာင္းရယ္ "

ေ႐ွာင္းက်န္႔က မတ္တပ္ေတာင္မရပ္ႏိုင္ပဲ ေကြးေကြးေလးလဲေနတယ္။ လက္ေတြက ထထိုင္ဖို႔တလႈပ္လႈပ္နဲ႔ႀကိဳးစားေနတယ္။

"မင္း သူ႕ကိုဘာလုပ္ထားတာလဲ "

"႐ွင္လုပ္ခဲ့တာထက္စာရင္ ဘာမွ႔ မေျပာပေလာက္ေသးပါဘူး။ အနည္းဆုံးေတာ့ သူ႕မွာ အသက္႐ွိေနေသးတယ္ "

"မင္းရဲ႕ခ်စ္သူက ငါ့လူကိုေစာ္ကားဖို႔ႀကိဳးစားခဲ့တာေလ ။ ငါက ဘာကိစၥခြင့္ျပဳေပးရမွာလဲ။ ငါ့ေဒါသကိုမထိန္းႏိုင္ခဲ့ဘူး ။ ဒါေပမဲ့ သူကေရာ အျပစ္မ႐ွိခဲ့လို႔လား "

"ေစာ္ကားတယ္ ? သူကအဲ့ဒီအခ်ိန္တုန္းက ပိုင္႐ွင္မ႐ွိတဲ့အိုမီဂါေလးပဲ ။ ဘယ္သူမဆို တပ္မက္ခြင့္႐ွိတာပဲ "

သူမက တလွမ္းခ်င္းေလွ်ာက္သြားၿပီး ေလွာင္အိမ္ထဲကေ႐ွာင္းက်န္႔ကို ႐ြံ႕မုန္းစြာၾကည့္တယ္။

"ဒီေလွာင္အိမ္ထဲက သတၱဝါေလးက သိပ္ကိုလွေနတယ္ေလ။ သူ႕ရဲ႕ဆြဲေဆာင္မႈ႕ကို ဘယ္သူက ေတာင့္ခံႏိုင္မွာလဲ ဝမ္ရိေပၚ ...႐ွင္က အျပစ္မ႐ွိတဲ့ လူတစ္ေယာက္ကိုသတ္ခဲ့တာပဲ။ ႐ွင္အခုနာက်င္ရတယ္မလား ႐ွင့္ရဲ႕ အိုမီဂါ ေသလုေမ်ာပါးျဖစ္ေနတာကို ထိုင္ၾကည့္ေနရတာ သိပ္ကိုရင္နာရတယ္မလား။ ေအး အဲ့ဒီညက ကြၽန္မလဲ ဒီထက္အဆေပါင္းမ်ားစြာ ခံစားခဲ့ရတာပဲ ။ ငိုေႂကြးခဲ့ရတာပဲ "

သူမကေျပာရင္း တ႐ႈံ႕႐ႈံ႕ငိုေႂကြးေနတယ္။

"တပ္မက္ခြင့္႐ွိတယ္ ။ ကိုယ္ထိလက္ေရာက္ေစာ္ကားခြင့္မ႐ွိဘူး။ မင္းခ်စ္သူကိုသတ္မိတဲ့အတြက္ ငါလုံးဝေနာင္တမရဖူးဘူး ။ မင္းအတြက္ေကာ သူက သစၥာ႐ွိတဲ့ ခ်စ္သူတစ္ေယာက္ျဖစ္ခဲ့ရဲ႕လား ေသခ်ာျပန္စဥ္းစား"

"သူက ဘယ္တုန္းကမွ႔ ကြၽန္မကို မခ်စ္ခဲ့ဘူး "

"ဟက္ ! မင္းက တကယ့္ကို႐ူးတာပဲ "

သူတို႔ႏွစ္ေယာက္ စကားအေခ်အတင္ျဖစ္ေနစဥ္မွာပဲ ေ႐ွာင္းက်န္႔ရဲ႕ အသံတိုးတိုးေၾကာင့္ ႏွစ္ေယာက္သား အာ႐ုံေျပာင္းသြားတယ္။

"ေရ ~~ေရ ဆာတယ္ ။ ေရ ေပးပါေနာ္

ေရ ေသာက္ ခ်င္ တယ္ "

"ဟိုေကာင္ေလး.. သူေရဆာတယ္ေျပာေနတယ္။တိုက္လိုက္ေလ ။ မင္းတို႔ ဘာရပ္ၾကည့္ေနၾကတာလဲ။သူက ေရဆာတယ္လို႔ေျပာေနတယ္။မင္းတို႔နားေတြ ကန္းေနၾကလား !!!"

ဝမ္ရိေပၚက ေအာ္ဟစ္လ်က္ ခုံမွာ႐ုန္းကန္ေနတယ္။ ေကာင္ေလးက ေၾကာက္ၿပီးတုန္ေနတယ္။ Ling Fei ကေတာ့ ဝမ္ရိေပၚကို အလြန္ေက်နပ္စြာၾကည့္ေနတယ္။

"ဘာလို႔ေပးရမွာလဲ ။ သူဒီကိုေရာက္ကတည္းက ဘာမွ႔မစားမေသာက္ရေသးဘူး။ ၃ရက္႐ွိၿပီ ။ မၾကာခင္ေသရမွာပဲေလ ဘာလို႔ အလုပ္႐ႈပ္ခံေကြၽးထားေနရဦးမွာလဲ ဟုတ္တယ္မလား"

"ေခြးမ !!! မင္းကို ငါ့လက္နဲ႔သတ္မယ္

မိန္းမယုတ္ !! "

ေဒါသထြက္လြန္းတာေၾကာင့္ ‌Alpha ေဟာ္မုန္းနံ႔မ်ားထုတ္လႊတ္လို႔တိုက္ခိုက္ဖို႔ ႀကိဳးစားလိုက္တယ္။ ဒါေပမဲ့ သူ႕ခႏၶာကိုယ္က သူ႕အမိန္႔ကိုမနာခံဘူး။

" ခစ္ခစ္ ေသြးသန္႔Alpha တေယာက္ကို ဒီအတိုင္းထားရင္ကိုယ့္ေသတြင္းကိုယ္တူးသလိုျဖစ္သြားမွာေပါ့။ ႐ွင့္ကို ထိန္းခ်ဳပ္ေဆးတမ်ိဳး ထိုးေပးထားတယ္။ အဲ့ဒါေၾကာင့္ ႐ွင္ဘာမွမတတ္ႏိုင္ပါဘူး ဝမ္ရိေပၚရယ္ "

"×××× !!! "

"ဒီလိုက်ိန္ဆဲေနမဲ့အစား စမ္းသပ္မႈ႕ေလးတစ္ခု လုပ္ၾကရေအာင္။႐ွင္ေက်ာ္ျဖတ္ႏိုင္ရင္ သူ႕အတြက္ ေရရမယ္ "

"႐ွင္ထိုင္ေနတာ လွ်ပ္စစ္ထိုင္ခုံဆိုတာေတာ့ သိတယ္မလား။ ၁၅မိနစ္ ...လုံးဝသတိမလစ္ပဲ ၁၅မိနစ္ေတာင့္ခံႏိုင္ရင္ သူ႕ကိုကြၽန္မ ေရတိုက္မယ္ ဘယ္လိုလဲ "

"ေတာက္ ! ေကာင္းၿပီ မင္းကတိတည္ပါေစ "

"ရိေပၚ ....."

ေ႐ွာင္းက်န္႔က သံတိုင္ကို လက္ေလးေတြနဲ႔ ကိုင္ကာ အားျပဳရင္း ဝမ္ရိေပၚကို အသံတိုးတိုးျဖင့္တားျမစ္ေနခဲ့တယ္။

"ကဲ ! စၿပီေနာ္ ၊ ဗို႔အားက သိပ္မျပင္းဘူးဆိုေတာ့ ႐ွင္ခံႏိုင္မွာပါ။ သတိမလစ္ေစဖို႔ေတာ့ ႀကိဳးစားေနာ္ ။မဟုတ္ရင္ ႐ွင့္အိုမီဂါေလး ေနာက္တရက္အစာေရစာျပတ္လပ္ေနရဦးမွာ "

သူမက သူတို႔ႏွစ္ေယာက္ကို ျဖည္းျဖည္းခ်င္းမွ်င္းသတ္ဖို႔ ၾကံစည္ထားပုံရတယ္။ ႐ုတ္တရက္စီးဝင္လာတဲ့ နာက်င္မႈ႕က ဝမ္ရိေပၚရဲ႕တကိုယ္လုံးကိုလႊမ္းျခဳံသြားၿပီး ထုံက်င္တဲ့ေဝဒနာက မခံမရပ္ႏိုင္ေလာက္ေအာင္ပါပဲ။

အားတင္းထား ဝမ္ရိေပၚ ။ မင္းလုပ္ႏိုင္ပါတယ္။ မင္းသူ႕ကို တသက္လုံးကာကြယ္ေပးမယ္လို႔ကတိေပးခဲ့တယ္။ မင္း သူ႕အတြက္ ဒါကို ေတာင့္ခံႏိုင္ရမယ္ ။

မင္းခ်စ္တဲ့ သူအတြက္ ....

ေ႐ွာင္းက်န္က ေလွာင္အိမ္ထဲကေနၿပီး ဝမ္ရိေပၚကို ၾကည့္လို႔ အသံကုန္ေအာ္ငိုတယ္။ သုံးရက္လုံးလုံး ေရတစက္ေတာင္ မေသာက္ခဲ့ရတာေၾကာင့္ သူကမူးေဝေနၿပီး လည္ေခ်ာင္းေတြပါ အက္ကြဲေျခာက္ကပ္ေနတယ္။ သူ႕ႏွလုံးသားက အခုဆို ကြဲေၾကမြမတက္ ခံစားေနရတယ္။ဝမ္ရိေပၚရဲ႕အျဖစ္ကိုၾကည့္ၿပီး သူအသက္႐ွဴရပ္ေတာ့မယ္လို႔ေတာင္ထင္မိတယ္။

"ရိေပၚ ...ရိေပၚ ... ဟင့္အင္း "

Ling Fei က သူတို႔ႏွစ္ေယာက္ကို လက္ပိုက္လို႔ ေပ်ာ္႐ြင္စြာ ၾကည့္ေနတယ္။ သူမရဲ႕ပုံစံက ပိုၿပီး အ႐ူးအမူးဆန္လာၿပီး ေၾကာက္စရာေကာင္းေနတယ္။ သူမေဘးက ေကာင္ေလးက ရက္စက္လြန္းတဲ့ ျမင္ကြင္းကိုဆက္မၾကည့္ရက္ႏိုင္ေတာ့ပဲ အခန္းထဲက ထြက္ေျပးသြားတယ္။

၁၅မိနစ္ ျပည့္သြားခဲ့ေလၿပီ။ ဝမ္ရိေပၚက သတိလစ္မသြားခဲ့ဘူး။ သူ႕တကိုယ္လုံးက ႏႈံးခ်ိလို႔ပင္ပန္းေနတယ္။ ဒါေပမဲ့ သူက နည္းနည္းေတာင္တြန္႔‌ဆုတ္မသြားဘူး။ လက္သီးကို က်စ္ေနေအာင္ဆုပ္လို႔ သူ႕ကိုယ္သူ အသန္မာဆုံးျဖစ္ေအာင္ အားတင္းထားတယ္။

"မင္း ...ကတိကိုတည္ "

"wow ! ႐ွင္က တကယ့္ကို ခံႏိုင္ရည္႐ွိတာပဲ

ေကာင္းၿပီေလ ကြၽန္မသူ႕ကို ေရနည္းနည္းတိုက္မယ္။Ling yi သူ႕ကိုေရတိုက္လိုက္၊ Ling yi ? ။ ေတာက္ ! ဒီေကာင္ေလး ဘယ္ေရာက္သြားတာလဲ "

သူမက ေဒါက္ဖိနပ္သံ တဂြက္ဂြက္ျဖင့္ အခန္းျပင္ထြက္သြားတယ္။

"ေ႐ွာင္း...‌"

"ရိေပၚ ..."

တေယာက္နဲ႔တေယာက္ မ်က္ဝန္းမ်ားျဖင့္သာ စကားေျပာေနခဲ့ၾကၿပီး ႏႈတ္က ဘာစကားမွ႔ေျပာမထြက္လာခဲ့ၾက။

အဆင္ေျပရဲ႕လားလို႔ေမးရမလား ...

သူအဆင္မေျပဘူးဆိုတာ သိေနတာပဲ။

မငိုပါနဲ႔လို႔ ႏွစ္သိမ့္ေပးရမလား ။

ကိုယ္တိုင္ေတာင္ သူခံစားေနရတာ မၾကည့္ရက္လြန္းလို႔ ငိုခ်င္ေနမိခဲ့တာေလ ။

"ကြၽန္ေတာ္ ခဗ်ားကို သိပ္ခ်စ္တယ္ "

ဒီေနရာက သူတို႔ႏွစ္ေယာက္ရဲ႕ သခ်ိဳငၤ္းျဖစ္ခဲ့မယ္ဆိုရင္ေတာင္ တတ္စြမ္းသေလာက္ကာကြယ္ေပးခ်င္ေသးတယ္။ သူ႕လက္ကေလးကိုင္လို႔ရင္ဆိုင္ခ်င္ပါရဲ႕။ ေထြးေပြ႕ထားခ်င္ပါရဲ႕ ။ ဒါေပမဲ့ ......

**********************************

Paung~pus ♡.
(17.12.2021)

Pokračovat ve čtení

Mohlo by se ti líbit

154K 9.2K 19
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
434K 35.6K 55
𝐓𝐞𝐚𝐫 𝐜𝐨𝐦𝐞 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐡𝐞𝐚𝐫𝐭 𝐚𝐧𝐝 𝐧𝐨𝐭 𝐟𝐫𝐨𝐦 𝐭𝐡𝐞 𝐛𝐫𝐚𝐢𝐧... 𝐖𝐚𝐧𝐠,𝐲𝐨𝐮 𝐤𝐧𝐨𝐰? 𝐬𝐞𝐦𝐞_𝐖𝐚𝐧𝐠𝐲𝐢𝐛𝐨 𝐮𝐤𝐞_�...
44.3K 5.4K 36
*Fake-blood angel* ေသြးေႏွာ နတ္ဘုရား၏ႏွလံုးသား *********** *Fake-blood angel* သွေးနှော နတ်ဘုရား၏နှလုံးသား
501K 59.1K 31
When Yibo become a persona gym trainer for Xiao Zhan... Will Yibo change Chubby XZ to Handsome XZ??? Will Xiaozhan fall for his handsome trainer??? W...