Part 47
Reborn in 1900.
"ခင်ရေ...သွားကြမယ်လေ..."
စိုင်းတည်တ့ံရဲ့ ခေါ်သံနောက်မှာ စိတ်မရှည်မှုတွေ ပါနေသည်ကို ခင်သီ အနည်းငယ်သတိထားမိပါသည် ... ဒါပေမဲ့လည်း ထွေးငယ်ရှေ့တွင် သူမရဲ့ မျက်နှာကို အပြုံးမပျက်စေပါ...။
" ဟေး... ခင် သွားတော့မယ် သိလား.. "
ထွေးငယ်ကို နှုတ်ဆက်လိုက်သော ခနဲ သံပါသော ခင်သီသည် အတော်လေး ကို မျက်နှာပြောင်တိုက်သူပီသပါသည်။
"ဟုတ်ကဲ့ပါ မိန်းကလေး.."
"ဪ..ဒါနဲ့လေ..ခင် တစ်ခုပြောစရာ ရှိသေးတယ်.. ကိုကိုကတို့အပိုင်သိလား.."
ထွေးငယ်ရဲ့မျက်နှာကလေးသည် သိသိသာသာ ပျက်ယွင်းသွားတာကို ခင်သီ တဝကြီးကြည့်ခါ ပျော်ရွှင်နေသလားဘဲ..
"ဒါဆို....သွားလိုက်ပါအုံးမယ် မမထွေးငယ်.."
ရင်ကိုကော့ခါ ခြေလှမ်းတွေကို အရှိန်တင်ရင်း အိမ်ရှေ့တွင်စောင့်နေသော စိုင်းတည်တ့ံရှိရာသို့သာ လှည့်ထွက်လာခဲ့လိုက်သည်။
ထို့နောက်တွင်တော့ ထွေးငယ် ကျောပေးလို့ ထွက်ခွာသွားသောသူမအား စိတ်ပျက်စွာ တစ်ချက်ကြည့်လိုက်မိသည်..။
..........
"မောင်ငယ်လေး..မေမေကြီး..မမကြီး..ဝေ့..."
အထုတ်ကလေးပိုက်ခါ စံအိမ်ကြီးရှေ့မှ လက်ကိုဝှေ့ရမ်းလို့ လှမ်းခေါ်နေသော မမငယ်မှာ ကျွန်တော်တို်အားလုံးကိုကြိုဆိုနေသည်။ ဘုန်ကြီးကျောင်းမှပြန်လာသော ကျွန်တော်တို့ကလည်း မမငယ်ရှိရာသို့ ခပ်မြန်မြန်သာ လျှောက်လှမ်းလာခဲ့လိုက်သည် ။
"မမငယ်..ဒီမှာဘာရပ်လုပ်နေတာလဲ.."
"အိမ်ပြန်မလို့လေ... အမေ ထွေးငယ် အိမ်ပြန်ချင်ပြီ.. ဒီမှာမနေချင်တော့ဘူး.. ဒီမှာနေရတာ တအားအသက်ရှူကျပ်မိပါရဲ့..."
"ဟဲ့ အထွေး ဘာစကားပြောတာလဲ.."
ထွေးငယ်ရဲ့စကားကြောင့် အမေဖြစ်သူမှာ မျက်လုံးပြူးမျက်စံပြူး...
"ထွေးငယ် သခင်မကြီးနဲ့ စကားပြောပြီးပါ့ပြီ.. သခင်မကြီးက နားချပေမဲ့ ထွေးငယ်လက်မခံချင်ဘူး အမေ.. ထွေးငယ် သခင်လေးကို မမြတ်နိုးလေရော့.."
"တယ် ဒီကလေးမ ဘာစကားပြောတာလဲ... အိမ်ထဲမှာ သခင်မကြီးရှိတယ်မှလား လာ.. သွားမယ်..."
မေကြီးက မမထွေးငယ်ကို လက်ဆွဲခေါ်လို့ စံအိမ်ရှိရာသို့ပြန်ဝင်သွားလေသည်။ သျှမ့်မှာလည်း မမထွေးငယ်ရဲ့ စကားကြောင့် အ့ံဩမှုတို့သာ ကြီးစိုးလျှက်...
အိမ်ထဲရောက်တော့ ဖြစ်ကြောင်းကုန်စင်ပြောပြလာသော သခင်မကြီးနဲ့ ထွေးငယ်တို့ရဲ့စကားကြောင့် မေကြီးမှာ မျက်နှာပျက်ယွင်းလျှက်...
"ကောင်ပါပြီ..ဒါဆိုလည်း အထွေးကို ပြန်ခေါ်သွားလိုက်ပါ့မယ်ရှင့်..."
ဒေါ်ဆန်းတင်မှာ ဒေါသမထွက်ပေမဲ့လည်း စိတ်ဆိုးမိတာတော့အမှန်ပင်.. သမီးဖြစ်သူရဲ့ ဆန္ဒကလည်း ပါနေသည်ကြောင့် ဘာမှသာ မပြောတော့ဘဲ အိမ်ပြန်ဖို့သာပြင်တော့သည်။
"ကဲ့အာ့ဆိုလည်း ပြန်ကြရောပေါ့ မကြာခင် နေမြင့်လာတော့မယ်..."
"မေကြီးရယ် အခုတောင် သားတော်တော်ပူနေပြီ.."ဟု အကျႌကို လည်ပင်ပေါက်ဝမှ ခါပြခါ သခင်မကြီးဆိုသူကို မျက်စောင်းထိုးပစ်လိုက်သည်။ ဒေါ်နန်းထိပ်ထားမှာတော့ တဆွေ့ဆွေ့ခုန်လို့ ကျန်ရစ်ခဲ့တော့သည်။
.......
"ဗိုက်ဆာတယ် မြန်မြန် မြန်မြန်..."
"မမကြီး အိမ်ရောက်ရင် မုန့်လက်ဆောင်းလေး လုပ်တိုက်ပါ့မယ်..နော်.."
"မြင့်ရီ နင့်မောင် ဘုန်းကြီးကျောင်းမှာကြွေးတဲ့ မုန့်လုံးရေပေါ်တွေ မုန့်ကြာစိတွေ စားလုံ့ ဗိုက်က ရှေ့တစ်ဒေါင်ထွက်နေပြီ.."
"မေမေကြီးကလည်း..."
"စားပါစေ မေမေကြီးရယ် မောင်ငယ်လေးက စားနိုင်တုန်း စားရတာလေ.."ဟု မမငယ်ကပါ ဝင်ပြောတော့ မေမေက မျက်စောင်းထိုးသည်။
သျှမ်ကတော့ ထိုစံအိမ်ကြီးအား မျက်လုံးလေးဝှေ့ခါ တစ်ချက်ကြည့်မိလေသည်... နှုတ်ခမ်းတို့၌လည်း အပြုံးလေးတစ်ခုအားဖန်တီးထားလျှက်....
"ဦးတည်ရေ...ကျွန်တော်ချစ်တာ သိထားပေးပါ..."
တိတ်တိတ်ကလေး ရေရွတ်လိုက်သော သျှမ့်အား မမငယ်က ပုခုံးပုတ်သည်..။
"ဘာတွေ ရေရွတ်နေသလဲ သျှမ်..."
တစ်ချက် တုန်တက်သွားသည်မို့ သျှမ် မမငယ်အား ကြည့်မိတော့ မမငယ်ရဲ့ နားလည်ရခက်သည့် မျက်ဝန်းတွေနှင့် ရင်ဆိုင်လိုက်ရသည်...။
"သွားကြမယ်.."
"ဟုတ်..."
.
.
.
.
.
၃ပတ် ကြာပြီးနောက်...
".........."
"မေကြီး..သားတို့ပြန်မယ်နော်.."
"ဂရုစိုက်ပြန်ကြသိလား..နောက်ကျောင်းပိတ်ရက်ရရင်လည်း အိမ်ပြန်လာခဲ့နော့.."
"ငါ့မောင်လေး..လိမ်လိမ်မာမာနေနော်..သခင်လေး စိုင်းကို ရိုရိုသေသေ ဆက်ဆံ.."
"ဟုတ်ကဲ့ပါ မမကြီးရဲ့..."
အားလုံးက ဝင်၍နှုတ်ဆက်နေကြသော်လည်း တံခါးအား ကိုယ်ကလေးမှီတင်းခါ သျှမ့်အားကြည့်ခါ တုပ်တုပ်မှမလှုပ်သော မမငယ်သည် သျှမ့်ကို အလိုလို ကြက်သီးထစေသည်အတိ...
ထွေးငယ်တယောက် သျှမ့်အကြောင်း ဘာများ သိနေသလဲ...
"ဟဲ့.. ထွေးငယ်...နင့်မောင်ကိုမနှုတ်ဆက်တော့ဘူးလား"
မေမေကြီးက လှမ်း၍ပြောသောအခါ မမငယ်က ခြေဖွလျှောက်ရင်း သျှမ့်အနား ရောက်လာသည်..။
"မောင်ငယ်လေး တခုခုပြဿနာရှိရင် မမငယ်ကို ဆက်သွယ်နော် တယောက်ထဲ ကြိတ်ခံစားတို့ ဘာတို့ မလုပ်ရဘူးနော်..."
မမငယ်က ဘာကိုဆိုလိုသလဲ သျှမ်မသိပေ..ထင်တာကတော့ တခုခုမှားနေပြီဆိုတာကိုဘဲ...
"ဟုတ် မမငယ်..နောက်ကျ ပြန်လာခဲ့မယ် အဲ့ကျရင် မမငယ်အတွက် လက်ဆောင်တွေ ဝယ်ခဲ့မယ်သိလား"
ပြန်၍မဖြေဘဲ အပြုံးတစ်ပွင့်သာ ပေးသော မမငယ်သည် ကျွန်တော် ပြန်တာကိုများ စိတ်မကောင်းဖြစ်နေသလားဟုပင် ထင်ခဲ့မိလေသည်...။
အဲ့နောက်ပိုင်းမှာ ကျွန်တော် ဘာကိုမှ မတွေးဖြစ်ခဲ့ချေ...
ရန်ကုန်ပြန်ခါ ဦးတည်မျက်နှာကလေးကိုဘဲ ပြန်၍ ကြည့်ချင်နေသည်မို့...
..............................
.
.
.
.
.
"ပြန်တော့...."
"ဗျာ...."
ဦးတည်ရဲ့အေးစက်မာကျောသော အသံက မူပိုင်ရှင် မျက်နှာနှင့် ရထပ်တူကြစွာ...
"ဘာကိုလဲ ဦးတည် ကျွန်တော် နားမလည်ဘူး..."
"မင်း ကို ငါ့အိမ်ပေါ်ကနေ ဆင်း ခိုင်း နေ တာ.."
ပျက်သားသော ဦးတည်အသံက နှစ်ခါ ထပ်မေးနေစရာ မလိုအောင် ရှင်းလင်းပါသည်...။သို့သော်ငြား သျှမ် သည်
ဦးတည်အား အလွမ်းပြေတွေ့ချင်သည်မို့ ဦးတည်အခန်းရှိရာအတိုင်းဝင်လာမိလေတော့ ဦးတည်က ထိုသို့နှင်သည်...မပြေသေးသော အမောတို့က ရင်ထဲ ပို၍ဆို့နှစ်စွာ....
"နေ..နေပါအုံးဦးတည်ရယ် နေပါအုံး..."
အကျႌလက်အနားစလေးအား လှမ်း၍ ဆွဲလာသည်မို့ ဦးတည်က ခြေလှမ်းတွေကို ရှေ့မဆက်ဘဲ ရပ်ပစ်လိုက်သည်။
"ဦးတည် ဘာကို စိတ်ဆိုးနေတာလဲဟင်... ကျွန်တော်တကယ်နားမလည်ဘူး.."
"မင်း ငါ့ကိုလွှတ်.."
"ဟင့်အင်း ဦးတည်.. ဟင့်အင်း.."
"ငါစကားကို နှစ်ခါမပြောတက်ဘူးနော်...."
"သိပါတယ် ဦးတည်ရယ် အကြောင်းအရင်းလေးတော့ ကျွန်တော့်ကို ရှင်းပြပါအုံး..."
"အေး မင်းသိပ်သိချင်နေတဲ့ အကြောင်းက မင်းရဲ့အခြေခံစိတ်ဓာက်ကပျက်ယွင်းနေတာဘဲ"
"ဟမ်..."
"မင်းထင်နေတဲ့ငါကလေ ယောက်ျားတစ်ယောက်.. မင်းမျက်လုံးထဲ ဘယ်လိုမြင်နေလဲမသိပေမဲ့ ငါက ယောက်ျားအချင်းချင်း ကြိုက်လောက်ရတဲ့အထိ ငါမနုံသေးဘူး"
"ဗျာ...."
သျှမ့်ရဲ့ မျက်လုံးကလေးတွေက ပြူးဝိုင်းသွားရလေသည်..။
ဒီကိစ္စက သူလျှို့ဝှက်ထားခဲ့တာဘဲလေ..မပြောဘဲနဲ့ ဦးတည်က ဘယ်လိုသိသွားတာလဲ...ပွင့်ဟနေသော ပါးစပ်ကလေးကို လက်နှင့် ဖိအုပ်ခါ မျက်လုံးတို့က ချာချာလည်နေသည်..။
"ဦးတည် ဘယ်လိုသိသွားတာလဲ..."
"သျှမ်ညီသွေး...ငါတို့က မျိုးရိုးမြင့်တဲ့ စော်ဘွားမျိုးဆိုတာ မေ့နေတာလား မင်းမစဉ်းစားဘဲ လုပ်လိုက်တဲ့ အရာတိုင်းက ငါ့တို့အပေါ် တန်ပြန်သက်ရောက်တယ်..ငါ အမှိုက်ကို မှိုမဆွဲခင် အစောကတည်းက ရှင်းပစ်သင့်တာ.."
"ဘာဖြစ်လဲ..ဘာဂရုစိုက်စရာလိုလို့လဲ.. အဲ့ပတ်ဝန်းကျင် သူတို့ကရော ဘယ်လောက်အထိ ကောင်းနေလို့လဲ..ကျွန်တော် နည်းနည်းမှတောင် ဂရုမစိုက်ဘူး.."
"အေး..ငါကတော့ ဂရုစိုက်တယ်.." ဟူသော ဦးတည်ရဲ့စကားမှာ သျှမ့်စကားအား ပြန်ပြင်ခါ အငြင်းဝါကျဆိုပေးသည်။
"အင့်ဟင်း..ကျွန်တော်မှားပါပြီနော် ဦးတည်ရယ်..ခွင့်လွှတ်ပေးပါ.."
ကြမ်းပြင်ပေါ်ထိုင်ချပစ်ခါ စိုင်းတည်တ့ံ ခြေသလုံးအား တင်းတင်းဖတ်လို့ တောင်းပန်နေသူသည် မျက်ရည်အရွှဲသားနှင့် သနားစရာလူသားပင်ဖြစ်လေသည်။
"မင်း သွားစမ်း..အဲ့လိုတွေ လုပ်မနေနဲ့.."
စိုင်းတည်တ့ံက ရုန်းသော်လည်း ခြေထောက်အား တင်းတင်းကျပ်ကျပ် ဖတ်တွယ်ထားသူကြောင့် မည်သို့မှ ဖယ်ခွာမရ...
"စိတ်ပျက်တယ် သျှမ် ညီ သွေး ငါမင်းကို စိတ်ပျက်တယ်.."
ထိုစကားအား ကြားလိုက်ရသူအဖို့ ဖတ်ထားသော လက်ကလေးတွေသည်လည်း ပြေလျော့သွားသည်ကြောင့် အခွင့်အရေးယူခါ စိုင်းတည်တ့ံ အတင်း ရုန်းပစ်လိုက်သည်.။
အရှိန်ကြောင့် စောင့်ကန်သလိုဖြစ်ခါ ခပ်လှမ်းလှမ်းသို့ လဲကျသွားသော ကလေးငယ်သည် ခေါင်းကလေး အောက်ဆိုဒ်လို့ အဝေးတနေရာတွင် ခွေခွေကလေး လဲကျနေသည်။
ရင်ထဲတနေရာက အောင့်မြက်သွားသော စိုင်းတည်တ့ံမှာ လှမ်းဆွဲလို့ ထူပေးချင်မိသော်လည်း သူကြောင့် ကျရောက်လာမည့် အန္တရာယ်အား ဒီကလေးအပေါ်မသက်ဆင်းစေလိုပါ..။ မျက်နှာကိုသာ တစ်ဖတ်သို့လှည့်ပသ်လိုက်မိသည်။
"အိမ်ပြန်ချင်ပြီ ဦးတည်...ကျွန်တော် အရမ်းတွေ ပင်ပန်းနေတယ်.. ဖတ်တွယ်ထားတဲ့ လူကဘဲ ပင်ပန်းတာမဟုတ်ဘူးလေ အဖတ်တွယ်ခံရတဲ့လူလည်းဘဲ တအား ပင်ပန်းနေပြီမဟုတ်လား..."
ညှင်သာ တိုးဖျော့သွားသော အသံပိုင်ရှင်သည် နည်းနည်းမှမလှုပ် ကျောက်ရုပ်အလား..ငိုနေသည်ကြောင့် တပေါက်ပေါက် ကြမ်းပြင်ပေါ်တိုက်ရိုက်ကျနေတဲ့ မျက်ရည်တွေရယ် ရှိုက်သံတွေကြောင့် တစ်ချက် တစ်ချက် တုန်တက်သွားတဲ့ ခန္ဓာကိုယ်ရယ်ကြောင့် စိုင်းတည်တ့ံရင်အစုံဟာ ပိုလို့ပင် နာကျင်လာမိသည်။
"တကယ်လို့ ဒီကမ်ဘာကြီးမှာ ကျွန်တော်သာ မရှိတော့ရင်လေ နည်းနည်းတော့ လွမ်းပေးမယ်မဟုတ်လား.."
"မလွမ်းဘူး..." ဆိုသည့် အသံမှာ အဖျားခက်တုန်ရီလို့ ဝမ်းနည်းနေလေသည်။
သျှမ်ကတော့ ခေါင်းလေး တညှိမ့်ညှိမ့်ဖြင့်.."ကောင်းပါတယ်.. အဲ့လိုဆိုတော့လည်း သံယောဇဉ်ပျက်သွားတာပေါ့.. ကျွန်တော်လည်း ဦးတည်လိုမျိုး လွယ်လွယ်ကူကူနဲ့ သံယောဇဉ်တွေ ဖြတ်ပစ်ချင်လိုက်တာ.. ဦးတည်ကိုကြည့်ရတာ မနာကျင်တဲ့အတိုင်းဘဲနော်... အားကျလိုက်တာ..."
ငိုနေရင်းမှ ရယ်သံသဲ့သဲ့ကလေးအား.အဖျားခက် ကြားလိုက်ရသည်... ယခုထိတော့ ထိုကောင်လေးက မျက်နှာမော့မလာဆဲ...
"ဦးတည်...ကျွန်တော် ဘယ်နေ့ ပြန်ရမလဲမသိပေမဲ့ ဒီကမ်ဘာမှာ အဆုံးသတ်သွားတာလဲဖြစ်နိုင်တယ်... ပြီးတော့ အခု ဦးတည်အနားကနေ ထွက်သွားတော့မဲ့ လူတယောက်အနေနဲ့လေ နောက်တစ်ချက် သိထားပေးရမှာကလေ ကျွန်တော်က ဒီကမ်ဘာကမဟုတ်ဘူး.. အဟဟ..ရူးနေတဲ့စကားများဖြစ်နေမလား မသိပေမဲ့... ကျွန်တော် အချိန်ခရီးသွားလာတာထင်တယ်... စိုင်းတည်တ့ံဆိုတဲ့ လူသားကို တွေ့ဖို့လေ... ကျွန်တော်တို့က ရှေးရေစက်ပါတယ် ထင်တယ်..ဒါပေမဲ့ အဲ့တာက အဆုံးသတ်မှာ ပေးမဆုံတဲ့ ရေစက်ဘဲဖြစ်လိမ့်မယ် ဦးတည်..."
တစ်ချက်ရှိုက်ရင်း ကြမ်းပြင်ပေါ် ပစ်လဲသွားသောကလေးငယ်ရဲ့ မျက်နှာတွေသည် ဖြူဖျော့လို့... နှုတ်ခမ်းတွေဆိုသည်မှာလည်း အပြာရောင်သမ်းနေပြီ...
စိုင်းတည်တံ ့ ဆောက်တည်ရာမရစွာ ကလေးငယ်ကို ရင်ခွင်ထဲ ပြစ်သွင်းခါ ဖတ်ထားလိုက်မိသည်...။ ပါးစပ်ကလည်း "ကိုယ်မှားပါပြီ" ဟူသည့် စကားသံကလည်း အထပ်ထပ်....
.......
အိပ်မက်လား မသိပေမဲ့ အိပ်မက်မဟုတ်ခဲ့ပြန်ဘူးတဲ့လေ...
"ငါ့သားလေး သိပ်ပင်ပန်းနေပြီ.."
ပန်းသီးပင်ကြီးအောက် မေမေက ဂါဝန် အဖြူလေးဝတ်လို့ လှပနေသည်..။ကျွန်တော်ကမူ မေမေ့အနား ကြုတ်ကြုတ်ကလေး ထိုင်လို့ ...
"အိမ်ပြန်ကြမလား.."
သျှမ် တစ်ချက် စဉ်းစားသည် ဟိုးက ရွာအဝင်လမ်းဟု ရေးထိုးထားသော တံမာပင်ကြီးရှိသည့် လမ်းကလေးအား တစ်ချက် မျှော်ကြည့်သည်...။
မည်သူမှ ရှိမနေခဲ့ပါ...။သူမျှော်လင့်ထားသည့် လူ အပါအဝင် ရောပေါ့...။
"စဉ်းစားအုံး.. "
မေမေက ခေါင်းက ဆံပင်တွေကို တစ်ချက်ဖွခါ မေးသည်။
မူပိုင်အပြုံးကလေးနဲ့ မေမေသည် သိပ်လှတာဘဲ ဟု သျှမ် တွေးမိပါသည်..။
"အင်း..သွားကြမယ်လေ... သား သူ့ကို မစောင့်တော့ပါဘူး.."ဟု ချိနဲ့စွာ ပြောလာလေသည်။
"ပင်ပန်းနေပြီမဟုတ်လား လာ...မေမေနဲ့ အတူပြန်ကြမယ်နော် ငါ့သားလေး.."
ထထွက်ရန်ပြင်နေသော သျှမ့်လက်အား တယောက်တယောက်ကလှမ်းဆွဲထားလိုက်သည်။
......"နေအုံး....."
လက်တစ်ဖတ်အား တင်းတင်းကျပ်ကျပ် ဆွဲလာသူသည် မည်သူပါနည်း...။
သျှမ် မျှော်လင့်ချက် ရောင်ခြည်ကလေးနဲ့ လှည့်ကြည့်မိတော့
"ဦးတည်...ဘယ်လိုလုပ်.."
"မသွားရဘူး...ကိုယ် ပေးမသွားဘူး..."
"ဟင့်အင်း ကျွန်တော် သွားချင်နေပြီ .. ကျွန်တော် အသိတရားရသွားပြီလေဗျာ ဦးတည်နဲ့ နေရတာ အရမ်းပင်ပန်းတယ်"
"ခွင့်မပြုဘူး... ခဏလေးပါဘဲ ....
ဒီမှာ ဒီမှာ သူ့ကိုပြန်မခေါ်သွားပါနဲ့အုံး ခဏလောက်ဖြစ်ဖြစ် ထပ်ရှိနေပေးပါ့အုံး.."
မေမေ့ကိုကြည့်နေသည့် ဦးတည်ရဲ့အကြည့်တွေသည် သိပ်ကို အသနားခံနေသယောင်.. အို..မျက်ရည်တွေကလည်း ဝဲလို့ပါလား...
............
အမ်.. ဇာတ်သိမ်းတော့မယ်နော်..
နောက်ထပ် ၅ပိုင်း ၆ပိုင်းလောက်ဘဲလိုတော့တယ်...
အဲ့ထက်ပိုလည်း ၂ပိုင်းလောက်ပေါ့
အားပေးကြပါအုံးနော်...
ဇာတ်သိမ်းခါနီးလေးကို ဗွီဗွီ ရေးရတာ အားမပျက်ချင်ဘူး..😔