Zawgyi
အခန်းတံခါးရှေ့မှာမတ်တပ်ရပ်နေတဲ့အသက်၅၀နီးပါးအမျိုးသမီးတစ်ယောက်ဟာ
ပုံစံအနေအထားနဲ့ဝတ်ဆင်ထားသောအဝတ်အစားများကိုကြည့်ရုံနှင့်အထက်အတန်းကျကျ ၊အိန္ဒြသေိက္ခာကြီးမားသော အမျိုးသမီးတစ်ဉီးဖြစ်ကြောင်းသိနိုင်သည်။
နှင်းဆီပွင့်အကြီးကြီးတွေနှင့် ပုံဖော်ထားသော ခရမ်းနုရောင် ပိုးထည်ဝမ်းဆက်နဲ့ထိုအမျိုးသမီးဟာ သူမရဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ကိုက်ညီစွာ ချပ်ချပ်ရပ်ရပ်ဆင်ယင်ဝတ်ဆင်ထားသည်။
ညီ နဲ့မျက်နှာဆင်တူသယောင်ဖြစ်ပေမယ့် ထိုအမျိုးသမီးက ကျက်သရေ ရှိသောအလှပါပေါင်းစပ်ထားတော့ ပိုမိုချောမောလှပနေသည်။
ညီ့ဘက်တစ်ချက်လှည့်ကြည့်လိုက်တော့ အမေးရှိနေတဲ့နှုတ်ခမ်းလေးတွေက ပွင့်ဟလျှက်သားမလှုပ်မရှက် မတ်တပ်ရပ်နေသည်။
"သား ညီစေ "
"မာ မာမီ ဟုတ် ဟုတ်တယ်မလား သားမာမီဟုတ်တယ်မလား"
"သားရဲ့မာမီဟုတ်မဟုတ် အနားလာကြည့်လေ "
ထိုအမျိုးသမီး အင်းးညီ့နှုတ်က မာမီလို့ခေါ်လိုက်တာဆိုတော့ ညီ့ရဲ့မာမီဖြစ်သည့် အမျိုးသမီးဆီက အနားလာကြည့်လို့ခေါ်ပြီး လက်နှစ်ဖက်ကိုဆန့်တန်းပေးလိုက်တော့ အမေ့တွေ့သွားတဲ့ကလေးလေး ညီက သူ့မာမီရဲ့ရင်ခွင်ဆီကို ခြေလှမ်းကျဲကြီးများနဲ့ အမြန်လျှောက်သွားပြီး သူ့မာမီရဲ့တစ်ကိုယ်လုံးကို အပြန်ပြန်အလှန်လှန်ကြည့်နေပြီး ရင်ခွင်ထဲခိုလှုံကာ ငိုကျွေးတော့သည်။
"သားက ပိုထွားပြီး ပိုချောလာတယ်နော် "
"မာမီ ...အင့်....သားဆီအပြီးပြန်လာတာလား .......သားကအရမ်းလွမ်းနေတာ"
၆ပေရှိတဲ့ အရပ်ကြီးမှအားမနာ ခါးကြီးကိုင်းပြီးသူ့မာမီရဲ့ရင်ခွင်ထဲအတင်းဝင်ပြီး ကလေးတစ်ယောက်လို ရှိုက်ငိုနေသေးသည်။ ခါးမှာဖက်တွယ်ထားတဲ့လက်တွေဟာလဲ လက်နှစ်ဖက်ကိုမတင်းကျပ်ထားမိလျှင် လွတ်ထွက်သွားမှာစိုးသည့်အလား အတင်းအကျပ်ဖက်တွယ်ထားသည်။
ညီစေအနေနဲ့ အခုချိန်သူ့ရှေ့မှာရှိနေတဲ့ မာမီရင်ခွင်ငွေ့ကိုခိုလှုံလိုက်ရတာနဲ့ အရာရာအေးချမ်းသွားသည့်ခံစားချက်က ဟိုးအရင်ငယ်ရွယ်စဉ်ကတည်းကအတိုင်း အခုချိန်မှာလဲ မာမီရင်ခွင်ကသူ့အတွက် နွေးထွေးလုံခြုံနေဆဲဖြစ်သည်။
သူဟာ ဘယ်လောက်ပဲတော်ပြီးထက်မြက်တဲ့အရာရာကို ထက်ထက်မြက်မြက်ဖြေရှင်းနိုင်ပြီး လူတိုင်းပါးစပ်ဖျားမှာနာမည်တစ်လုံးနဲ့ Commando Dragonဖြစ်နေလဲ သူ့မာမီရှေ့ရောက်တာနှင့် သူဟာ သည်မာမီရဲ့အမိန့်ကိုပဲအမြဲလိုလိုနာခံတတ်တဲ့သားလိမ်မာတစ်ယောက်အဖြစ် ပြန်ရောက်သွားရသည်။
အခုချိန်မှာသူ့အနေနဲ့ ဘာမှမသိချင်တော့ပါ ၊
မာမီဟာ သူ့အသက်၁၈မှာ နောက်အိမ်ထောင်တစ်ခုထူထောင်ဖို့အတွက် သူ့ကိုထားခဲ့တာတွေ၊ မာမီအနားမှာကြာကြာမနေစေဖို့ စာသာလျှင်လုပ်ခိုင်းပြီး အရာရာသူ့အလိုအတိုင်း နေခဲ့ရတာတွေ၊
ညီစေအနေနဲ့ အခုချိန်သူ့ရှေ့မှာရှိနေတဲ့ မာမီရင်ခွင်ငွေ့ကိုခိုလှုံလိုက်ရတာနဲ့တင် အရာရာမေ့ပျောက်သွားသည်အထိ ပျော်ရွှင်ကြည်နူးနေရသည်။
ဒီရင်ခွင်နဲ့ ဒီနွေးထွေးကြင်နာမှုကို သူ့အနေနဲ့ တောင်းတနေခဲ့ရတာ ဘယ်လောက်တောင်ကြာနေပြီလဲလေ...
ခဏလေးလောက် ခိုလှုံရလဲကျေနပ်တာမို့
သူ့မာမီကိုဖက်တွယ်ထားရင်းသာ ပျော်ရွှင်မှုကြောင့်ဖြစ်တည်လာတဲ့မျက်ရည်တွေကို လိုက်လိုက်လျောလျောကျဆင်းခွင့်ပေးထားလိုက်သည်။
"သား မာမီ့ကို အထဲမဝင်ခိုင်းတော့ဘူးလား? နောက်ကရပ်နေတဲ့ကောင်လေးလဲအားနာစရာ ကောင်းနေပြီလေ"
"အာ...ဟုတ်.. ဟုတ်လာလေမာမီ "
အခန်းတံခါးဖွင့်ပြီး ညီစေကအရင်ဝင်သွားတော့နောက်မှာကျန်ခဲ့တဲ့ ဘုန်းဆက်ကို ညီစေ့မာမီကလှည့်ကြည့်လာပြီး နူးညံ့လှပတဲ့အပြုံးလေးတစ်ပွင့်ကိုပြုံးကာခေါင်းညိမ့်ပြပြီး အရှေ့ကအရင်ဝင်
နှင့်သွားသည်။
သူ့အနေနဲ့ ညီနဲ့သူ့မာမီအခုမြှပန်တွေ့ရတဲ့အတွက် ပြောစရာစကားတွေများနေမလားတွေးမိတော့ အထဲလိုက်ဝင်မယ့်ခြေလှမ်းတွေကရပ်တန့်သွားမိပြန်သည်။
"ကိုကိုလာလေ "
အထဲဝင်သွားပြီး ညီကသူပါမလာလို့ထင်သည် နောက်ပြန်လှည့်လာပြီးလက်ကိုဆွဲခေါ်သွားသည်။ညီ့မာမီကတော့ အခန်းကိုလှည့်ပတ်ကြည့်ရှုနေရင်း ဧည့်ခန်းကခုံမှာဝင်ထိုင်တော့ သူတို့နှစ်ယောက်လဲ မျက်နှာချင်းဆိုင်ကခုံမှာဝင်ထိုင်လိုက်သည်။အခန်းထဲမဝင်ခင်က ဖက်ပြီးငိုနေခဲ့ကြတဲ့သားအမိက ဆိုဖာမှာဝင်ထိုင်ပြီးကတည်းက ဘာစကားမှလဲမပြောဖြစ်ကြသေးပေ၊
ညီစေကလဲ သူ့လက်နှစ်ဖက်ကိုပွတ်သတ်နေပြီး ဘာကစပြောလို့ပြောရမှန်းမသိဖြစ်နေသည်ထင်၏။ညီစေ့ မာမီကတော့ အခုထိ အခန်းတွင်းကိုခေါင်းလေးလှည့်ပြီးကြည့်ရှုနေဆဲဖြစ်သည်။
တစ်ကယ်ဆိုရင် ဒီဧည့်ခန်းမှာထိုင်ကြည့်လျှင် မြင်ရမှာ မီးဖိုချောင်နဲ့တွဲလျှက်ဖြစ်နေလို့ မီးဖိုချောင်ကောင်တာလေးမြင်ရမည်။ ညီစေ့အိပ်ခန်းတံခါးကနေဝင်မှ ရေချိုးခန်းနဲ့အိမ်သာကလဲ ဝင်လို့ရသည်။
ညီစေ့မာမီရဲ့မျက်နှာချင်းဆိုင်မှာဆိုရင်တော့ မှန်အကြည်ကာထားတဲ့ ဝရံတာတစ်ခုရှိသည်။
အဲ့ကနေ အပြင်ဘက်ရှုခင်းကိုကြည့်လျှင်လဲမြင်ရသည်ဆိုတော့ ရှုခင်းကြည့်ရင်း သူမလဲဘာစကားကို ဘယ်ကစပြောရမလဲတွေးနေသယောင်၊
သားအမိနှစ်ယောက်စလုံးက ငြိမ်သက်နေတော့ ဘုန်းဆက်ခမျာလဲ သူ့လက်နှစ်ဖက်ကို
ဟိုပွတ်သည်ပွတ်လုပ်ရင်း အခန်းကအတော်လေးကိုတိတ်ဆိတ်နေသည်။
"မာမီ ..."
တိတ်ဆိတ်မှုကို ညီစေက စတင်ဖြိုခွဲလိုက်သည်။
"သား.. မာမီ့အနားလာပါအုံး သားကလူပျိုကြီးဖြစ်သွားတော့ အရင်ကလောက်သိပ်မကပ်တော့သလိုပဲ"
"မဟုတ်ပါဘူး ကျွန်တော်နည်းနည်းစိမ်းနေသေးလို့ပါ"
ညီစေက သူ့မာမီအနားသွားထိုင်တော့ လက်ကလေးနှစ်ဖက်ကိုဆုပ်ကိုင်လာတဲ့ မာမီ့ကိုညီစေကမော့ကြည့်လာသည်။
"သားကို မာမီပြောစရာတွေအများကြီးရှိတယ် ဒါတွေမပြောခင် ဒီကြားထဲနှစ်တွေအတွက်မာမီကသားဒယ်ဒီအစားရော တောင်းပန်ပါရစေသားရယ်"
"ဘာကြောင့်ကျွန်တော့်ကိုတောင်းပန်နေတာလဲ မာမီတို့ဒယ်ဒီတိုက ကျွန်တော့်ကိုမွေးထားကြတာပဲ ၊ မာမီတို့စိတ်ကြိုက်ကျွန်တော့်ကိုလုပ်ခွင့်ရှိပါတယ် ၊ အနားမှာရှိပြီး ဂရုမစိုက်ပဲနေလို့လဲရတယ် ၊ပြစ်ထားခဲ့ပြီးအဝေးကိုထွက်သွားလဲရတယ်၊
ကျွန်တော့်အတွက်ပြောင်းလဲသွားတာဆိုလို့ ခေါ်စရာနာမ်စားလေးတွေ ရြှိခင်းမရြှိခင်းပဲ ခြားနားသွားတာ၊
ညီ့ကိုလုံးဝနားမလည်နိုင်တော့ဘူး၊ အခန်းအပြင်မှာတွေ့တွေ့ခြင်းတုန်းကတော့ ခွေးပေါက်လေးတစ်ကောင်သူ့သခင်နဲ့ပြန်တွေ့လို့ ပျော်ရွှင်သွားသလို ဖက်တွယ်ငိုကြွေးနေပြီး အခုကျတော့စကားပြောတာက နည်းနည်းရင့်တဲ့ဘက်ကိုကူးသွားသည်။ ထားရစ်ခဲ့တဲ့အတွက်နာကျည်းမှုဒဏ်ရာတွေကို ပြန်သတိရသွားသည်ထင်ပါတယ်၊
ကိုယ်က မင်းအဆင်မပြေဘူးလို့ထင်ရတာနဲ့တင် ကိုယ်ရင်ဘတ်မှာမီးလောင်နေသလိုပါပဲကွာ၊
"သားအနေနဲ့ မာမီ့ကိုစိတ်နာလို့ရပါတယ်၊ဒေါသထွက်လို့လဲရတယ် ၊အပြစ်တင်လဲမာမီကလက်ခံနိုင်တယ်၊ ဒါပေမယ့်သားဒယ်ဒီကိုတော့မပြစ်မှားမိစေနဲ့ကွယ် ၊သူ့အနေနဲ့ မာမီ့ရဲ့လုပ်ရပ်တွေနဲ့တင်အသေအလဲခံစားခဲ့ရတာ၊ သူ့ရဲ့သွေးသားဖြစ်တဲ့သားကပါ သူ့ကိုအပြစ်တင်စိတ်နာနေရင် သူ့ခမျာအရမ်းဝမ်းနည်းနေရှာမှာ "
"ဘာတဲ့.. သားဒယ်ဒီကိုအပြစ်မမြင်ပါနဲ့ မာမီမို့ဒီစကားပြောထွက်ရက်တယ်၊ ဟိုး..လူမှန်းသိတတ်စအရွယ်ကတည်းက ကျွန်တော်သိတဲ့ဒယ်ဒီက ကျွန်တော့်ကိုချီပိုးပြီး တီတီတာတာချော့မြူနေမယ့်အစား မိန်းမလှလှလေးတွေနဲ့သာ ပျော်မူးနေတတ်တဲ့သူ၊ "သား"လို့ကြင်ကြင်နာနာခေါ်သံကိုလဲ မကြားရသလို အဆင့်တစ်ရလာလို့ တော်တယ်တစ်ခွန်းမပြောတဲ့သူ၊ အဲ့လိုလူမျိုးကို အဖေတော်ထားရတဲ့ကျွန်တော့်ကို အမေတစ်ယောက်အနေနဲ့ ပြောတဲ့စကားက သူ့ကိုအပြစ်မမြင်ပါနဲ့တဲ့ မာမီဘယ်လိုတောင်ပြောရက်နိုင်ရတာလဲ"
ညီစေပြောသမျှကိုမျက်ရည်တွေ တွေတွေကျရင်း သားဖြစ်သူခံစားခဲ့ရတာတွေအတွက်သူမအပြစ်တွေလို့ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မိသည်။ဒီနှစ်တွေမှာလဲ သားနဲ့ယောကျာ်းအတွက် သူမ မတရားခဲ့မိဘူးဟုအကြိမ်ကြိမ်တွေးမိတိုင်းငိုကြွေးခဲ့ရသည်။ ဒါဟာ စေနိုင်သူဆိုတဲ့ သူမရဲ့အပြစ်တွေအတွက်ပေးဆပ်ရခြင်းသာ...
ရင်ထဲမှာခံစားခဲ့ရသမျှ ၊နာကျည်းချက်မှန်သမျှကို အံတင်းတင်းကျိတ်ပြီး ပြောနေတဲ့ ညီစေဟာလဲ ကျဆင်းချင်နေတဲ့ မျက်ရည်တွေကို မေးရိုးတွေကားထွက်နေသည်အထိ ကျိတ်မှိတ်ထားကာ ကျဆင်းခွင့်မပေးပါ ၊ ဒီမြင်ကွင်းကို မြင်နေရတဲ့ဘုန်းဆက်အဖို့ သူ့ရင်ထဲမချိအောင်ခံစားရသည်။
မိဘနှစ်ပါးက ငယ်ငယ်ရွယ်ရွယ်နဲ့သူတစ်ပါးရဲ့သတ်ဖြတ်မှုကိုခံခဲ့ရတဲ့ သူ့အတွက် မေမေ ၊ဖေဖေဆိုတာကို ဝအောင်တောင်မခေါ်ခဲ့ရပါ ၊ အခုလို မျက်စိအရှေ့မှာ မွေးမိခင်ရှိနေသေးတဲ့ ညီ့အဖို့ နောင်တစိချိန်မှာ နောင်တတွေနဲ့မကျန်ခဲ့စေဖို့ အခုချိန်မှာ အတ္တတွေကိုလျှော့ဖို့ သူကနားချပေးရမည်။
"ညီ မာမီပြောတာကိုအရင်နားထောင်ပေးအုံးလေနော် မာမီတို့မှာလဲသူတို့အကြောင်းနဲ့သူတို့ရှိမှာပဲလေ ညီကအကြောင်းအရင်းကို အရင်သေသေချာချာနားထောင်ပေးလိုက်ပါအုံး "
တစ်ဖက်ဆိုဖာမှာထိုင်နေတဲ့ညီ့ကို မျက်ဝန်းချင်းသေချာစုံပြီး မျက်လုံးတွေကိုကြည့်ပြီး ပြောပြလိုက်တော့ညီကနာခံစွာ ခေါင်းကိုငုံ့ချလိုက်ပြီး မျက်ဝန်းက ကျလုဆဲဆဲမျက်ရည်တွေကိုလက်နဲ့တောက်ထုပ်ပြစ်လိုက်သည်၊
"မာမီ ပြောစရာရှိတယ်ဆို ပြောပါ သားနားထောင်ပေးပါ့မယ်"
ညီက သူ့ကိုယ်သူသတိထားမိသလား မထားမိသလားတော့ သူမသိပါ၊ဒါပေမယ့် ညီ့ရဲ့မျက်နှာကိုပဲကြည့်နေပြီး စကားတစ်ခွန်းချင်းစီကိုသေချာအာရုံစိုက်နားထောင်နေတဲ့ သူ့အဖို့ ညီသုံးနေတဲ့နာမ်စားတွေကို သတိထားမိသည်။
ညီက သူ့စိတ်ထဲတည်ငြိမ်သွားတဲ့အခါ သူ့ကိုယ်သူ သားလို့ပြောပြီး ဒေါသတွေ၊နာကျည်းမှုတြွေပင်းထန်နေတဲ့ အချိန်မှာတော့ ကျွနိတော်လို့သာ ပြောသည်။
ဟုတ်တာပေါ့ ညီက နာမ်စားသုံးတာခွဲပြီးသုံးတတ်သည်။ သူနဲ့တုန်းကလဲ ရန်တြွေဖစ် တစ်ယောက်နဲ့တစ်ယောက် ရန်စွယ်နဲ့ငေါငေါ ဖြစ်နေတုန်းက ခင်ဗျားချင်းထပ်နေအောင် ခေါ်သည်။
ချစ်သူဖြစ်မှ ကိုကိုဆိုတဲ့ သူ့အတွက်သီးသန့် ပထမဆုံးနာမ်စားကို ခေါ်သည်။ ဒီနေ့စိတ်ဆိုးပြီး သူ့ကိုဒေါသထွက်နေတုန်းကလဲ ခင်ဗျားလို့သာ ပြောပြန်သည်။
သားဖြစ်သူရဲ့ ပြန်လည်တည်ငြိမ်သွားတဲ့အခြေအနေနဲ့သူ့ကိုယ်သူပါ သားလို့သုံးပြီးပြန်ပြောလာမှ ဒေါ်စေနိုင်သူ မျက်ရည်တွေကြားက ပြုံးမိရသည်။
"ပထမဆုံး သားသိထားတဲ့အမှန်တရားက မှားနေတာကို မာမီအရင်ပြင်ပေးမယ်"
"ဗျာ....မှားနေတဲ့ အမှန်တရား? အဲ့ဒါဘာလဲ"
"တစ်ကယ်တော့ ဒယ်ဒီလို့သားသိထားတဲ့ ဉီးထက်အောင်က သားဒယ်ဒီအရင်းမဟုတ်ဘူး"
"ဗျာ!!...မာမီကဘာလဲဗျာ အရင်ကသိထားတဲ့ဒယ်ဒီ့ကိုတောင်အပြစ်တင်လို့ မဝသေးတာ ၊နောက်ထပ်ကျွန်တော့်ကို ပြစ်ထားခဲ့တဲ့ ဒယ်ဒီအသစ်ကိုပါ ထပ်ပြီးအပြစ်တင်၊နာကျည်းရင်းအချိန်တွေကုန်ဆုံးသွားစေချင်နေတာလား!!"
"ညီ!! အဲ့လိုမပြောရဘူးလေ ညီ...စိတ်ကိုလျှော့ပါအုံးကွာ...နော်"
အသံတြွေပန်မာလာတဲ့ ညီကို စိတ်လျှော့ထားဖို့ပြောရပြန်သည်။ညီက စိတ်ခံစားချက်ပြင်းထန်တဲ့ကောင်လေးပဲ...
လူမှန်းသိတတ်စအရွယ်ကတည်းက ကိုယ့်ဖခင်လို့သိထားခဲ့သူက ကိုယ့်အဖေအရင်းမဟုတ်ပြန်ဘူးတဲ့ ၊ဒီခံစားချက်က စိတ်ခံစားလွယ်တဲ့လူတစ်ယောက်အနေနဲ့ စိတ်ကယောက်ခြောက်ခြားဖြစ်သွားစေနိုင်ပေမယ့် သူ့လိုငယ်ငယ်ကတည်းက ဖခင်ဆီကအကြင်နာမေတ္တာတွေမရခဲ့တဲ့ လူတစ်ယောက်အနေနဲ့ကတော့ သြော် ငါ့ဒယ်ဒီအရင်းမဟုတ်လို့ငါ့ကို မချစ်ခဲ့တာ ၊သူ့သားအရင်းမဟုတ်လို့ ငါ့ကိုဂရုမစိုက်ခဲ့တာလို့ စိတ်ထဲကတွေးမိတော့လဲ နည်းနည်းခံသာပါသေးသည်။
သူ့အနေနဲ့ နောက်ထပ် ဒယ်ဒီတစ်ယောက်လဲ ထပ်မလိုချင်တော့ပါဘူးလေ...
"ကျွန်တော့်ကို ဘာဖြစ်စေချင်နေတာလဲ လူ့ဘဝသက်တမ်းရဲ့ တစ်ဝက်ကုန်ဆုံးနေတဲ့အချိန်ကျမှ တစ်ကယ့်အဖေရင်းကိုသိရမှာဆိုတာကြီးက... အင်း... ဖခင်အရင်းကကော ဘယ်ရောက်နေတာလဲ ?..ဒါတော့ကျွန်တော်စိတ်ဝင်စားသား ၊ မဟုတ်မှလွဲရော အဲ့အဖေအရင်းကကော ကျွန်တော်ဆိုတဲ့ဖြစ်တည်မှုကိုတောင် သိရဲ့လား...အဟက်!!"
မရယ်ချင်ပါပဲ ရယ်လိုက်တဲ့ညီ့ရုပ်က နှုတ်ခမ်းတစ်ဖက်ကွေးပြီး ပြုံးလိုက်တာဆိုပေမယ့် သေချာတာကတော့ငိုချင်တဲ့ရုပ်ကို မဲ့ပြုံးတစ်ခုနဲ့ဖန်တီးလိုက်တာပဲ....
"သား.... ချမ်းသာပြီး မိဘအလိုလိုက်ခံရတဲ့ သားသမီးတွေက လွယ်လွယ်ပျက်စီးတတ်တယ်ဆိုတာကို သားသိလား ၊ မာမီကအဲ့လိုသမီးမျိုးပဲ...သားဖိုးဖိုးနဲ့ဖွားဖွားက မာမီကိုအရမ်းအလိုလိုက်တယ် ၊ လုပ်ချင်တာလုပ် နေချင်သလိုနေ ၊သုံးချင်တာသုံး ဖြုန်းချင်တာဖြုန်း၊အကုန်လိုလေသေးမရှိအောင်ထားခဲ့တာ ၊ ချမ်းသာတဲ့မိသားစုကတစ်ဉီးတည်းသော သမီးစေနိုင်သူကလဲ ခပ်ဆိုးဆိုးမိန်းမတစ်ယောက်ပဲသား ၊
သားဒယ်ဒီ့နာမည်က ဉီးမင်းနိုင်တဲ့...မာမီ့မှာ စိတ်ဝင်စားစရာကောင်းတဲ့အချစ်ရေးလေးရှိခဲ့ဖူးတယ် သားတို့နားထောင်ကြည့်မလား? "
"ဉီးမင်းနိုင်?.....ကျွန်တော့်နာမည်က မင်းကအဲ့က ယူထားတာလား..."
"အင်း...အဲ့နာမည်ကစခဲ့တာပဲ ၊ မာမီက သူငယ်ချင်းတွေထဲမှာအရမ်းဆိုးတဲ့မိန်းကလေးပဲ၊ မာမီလိုချင်ရင်လိုချင်တာ ရအောင်ယူခဲ့တာ...
စေနိုင်သူဆိုတဲ့နာမည်နဲ့လိုက်အောင် အရာရာဖြစ်ချင်တဲ့ဆန္ဒသာရှိရင် ငါစေစားရင်ရရမယ်လို့သတ်မှတ်ထားတဲ့မာမီက အတ္တသိပ်ကြီးတဲ့မိန်းမတစ်ယောက်ပဲ ၊ ဝတ်နိုင်စားနိုင် ၊သုံးနိုင်ဖြုန်းနိုင်ရုံသာမက ထွက်လာတဲ့အဝတ်အစားအသစ်တိုင်း ကိုယ်ပေါ်တန်းတင်တတ်တဲ့မာမီက ယောကျာ်းလေးတွေရဲ့အသည်းအူတိုင်အလှဘုရင်မ ဖြစ်ခဲ့တာ "
ဒါကိုတော့ ဒေါ်စေနိုင်သူ ပြောပြစရာမလိုအောင် ဘုန်းဆက်မြင်ရုံနဲ့သိသည်။ အခုအသက်၅၀နီးသည်အထိ အဆီပိုကင်းတဲ့ခန္ဓာကိုယ်ကအချိုးအစား ပြေပြစ်လှစွာ ဝတ်ထားတဲ့ပိုးထည်ဝမ်းဆက်နဲ့ ကျက်သရေရှိရှိလှနေဆဲဖြစ်သည်။
ဆံပင်တွေကိုနောက်တွဲဆံထုံး ထုံးထားတာက လည်တိုင်ပြည့်ပြည့်ကိုပေါ်လွင်နေပြီး ယဉ်ဆဆနှင့် အတော်လှပသည့်အမျိုးသမီးဖြစ်သည်။
ယခုတောင်အဲ့လောက်လှတာ ငယ်ရွယ်စဉ်ခေတ်အဝတ်အစားတွေနဲ့သာဆိုလျှင် ဘယ်လောက်တောင်လှမလဲ တွေးကြည့်စရာမလိုအောင် စွဲမက်ဖွယ်ကောင်းနေမှာသေချာသည်။
"ဒါပေမယ့် ...အဲ့လိုသိပ်လှတဲ့စေနိုင်သူကို ကိုမင်းနိုင်က တစ်စက်ကလေးမှအရေးမလုပ်ခဲ့ဘူး ၊
တစ်ချက်ကလေးမှလဲလှည့်မကြည့်ခဲ့ဘူး ၊သူသာလျှင် ဒီကမ္ဘာမှာတစ်မိုးအောက်တစ်ယောက်လို့ ကိုယ့်ကိုယ်ကိုယ်အထင်ကြီးပြီး ဘယ်သူ့မှအထင်မကြီးစွာ ခပ်ချေချေနေတတ်တဲ့ ကိုမင်းနိုင်က မာမီရဲ့မာနကိုလာထိပါးသလိုခံစားလိုက်ရတယ်၊
အဲ့ဒီမှာ မာမီ့ကို ဉီးညွှတ်လာအောင် ကျောင်းက နှုတ်ဆက်ပွဲညမှာဆေးခပ်ပြစ်ခဲ့တယ်၊အစကတော့ သူ့ကိုပညာပြချင်လို့ဆိုပေမယ့် တစ်ကယ်တန်းပညာပြခံလိုက်ရတာက မာမီဖြစ်ပြီိး သူနဲ့မာမီတို့ လွန်ကြူးခဲ့ကြတယ် ၊
ကိုယ်ကစပြီးအမှားလုပ်ခဲ့တဲ့အတွက် မာမီလဲသူမသိအောင်ဉီးစွာထွက်လာခဲ့တယ် ၊
အဲ့ချိန်မှာထင်ခဲ့တာက တစ်ခါလောက်အိပ်မိယုံနဲ့ဘာမှမဖြစ်လောက်ပါဘူးလို့တွေးပြီး ပေါ့ပေါ့လေးနေခဲ့တဲ့ မာမီက မဖုံးနိုင်မဖိနိုင်နဲ့ ကိုယ်ဝန်ရခဲ့တာပဲ ၊
"အဲ့ဒီအချိန်မှာ ဉီးမင်းနိုင်ကဘယ်ရောက်နေတာလဲ!!...."
"တစ်ကယ်တော့ ကိုမင်းနိုင်က အနေအေးပြီး လူတွေနဲ့ရောယှက်ပြီး မနေတတ်တာ၊သူကမပြည့်စုံတဲ့ဘဝကလာခဲ့ရလို့ လူတွေနဲ့အပေါင်းအသင်းမလုပ်ခဲ့တာ ၊ သူအဲ့ညကဘာဖြစ်မှန်းတောင်သူမသိခဲ့ဘူး.... ကျောင်းပြန်ဖွင့်ရင် တွေ့မှာပါလေ..အဲ့ကျမှပြောပြမယ်လို့ အိမ်ကလူတွေကိုပါပြောထားခဲ့တာ.... ဒါပေမယ့် ကိုမင်းနိုင်က နိုင်ငံခြားကိုအလုပ်သွားလုပ်ဖို့ထွက်သွားခဲ့ပြီတဲ့...."
"တောက်!!...ကိုယ်ဘာဖြစ်ခဲ့မှန်းတောင်မသိတဲ့တုံးအလွန်းတဲ့ယောကျာ်းပဲ!!...ဘယ်လိုပဲပြောပြော ဒါသူ့တာဝန်လေ မာမီကသူ့ကိုမဆက်သွယ်ခဲ့ဘူးလား!!.."
စိတ်တိုဒေါသထွက်ပြီး လေသံကကျယ်သွားယုံမကပဲ စကားလုံးကပါအရိုင်းဘက်ဆန်သွားတော့ ဘုန်းဆက်က ခေါင်းရမ်းပြသည်။
ထိုအခါမှ အသက်ကိုပြင်းပြင်းရှူထုပ်ပြီး မာမီ့ဘက်ကိုလှည့်ကြည့်လိုက်တော့ မျက်ရည်တွေရစ်သိုင်းနေပြီး အငိုမျက်လုံးအပြုံးမျက်နှာဖြစ်နေသည်။
သူ့တို့နှစ်ယောက်ရဲ့ရုပ်ရှင်ဆန်တဲ့ မှားယွင်းမှုအကြောင်းကိုပြောပြနေရလို့ ပျော်ရွှင်ကြည်နူးရသလို ၊ စတွေ့ကတည်းက အနေအေးပြီးတည်ငြိမ်တဲ့ ကိုမင်းနိုင်ကိုသူသိပ်ချစ်မိလို့ ဒီလိုအမှားမျိုးကိုကျူးလွန်မိလိုက်တဲ့အတွက် သူမနောင်တမရပါ ၊
"သားဒယ်ဒီအကြောင်းကို ချမ်းသာပြည့်စုံတဲ့မာမီ့ဖေဖေနဲ့မေမေက လူအင်အားငွေအင်အားသုံးပြီးရှာခဲ့ပေမယ့် ဘယ်လိုမှသတင်းအစအနတောင်မရခဲ့ဘူး ၊ ကိုယ်ဝန်ရင့်လာတော့ မိသားစုသိက္ခာကလဲရှိနေသေးလို့ စီးပွားဖက် ကိုထက်အောင်နဲ့လက်ထပ်ခဲ့တာ... သူကသိပ်ပြီးမိန်းမပွေတဲ့လူဖြစ်လို့ မာမီကိစ္စကိုလဲထွေထူးပြီး စိတ်ထဲမထားပဲ သူ့နေချင်သလိုနေရဖို့ပဲ စိတ်ဝင်စားခဲ့တာ...ဒါ့ကြောင့်မာမီတို့က စာချုပ်စာတန်းထဲမှာသာလင်မယားဖြစ်ခဲ့ကြတာ ...နောက်ပိုင်းအကြောင်းတွေကိုသားသိမှာပါ..."
"သိတာပေါ့ သိပ်သိတာလေ ကျွန်တော့်အသက်၁၈နှစ်ပြည့်တာနဲ့ ပိုင်ဆိုင်မှုတွေကိုခွဲဝေယူကြပြီး ကိုယ့်ပျော်ရွှင်ရာလမ်းကို ကိုယ်ရွေးလျှောက်သွားကြတာလေ..."
ညီ နဲ့မာမီက မျက်ရည်တွင်တွင်ကျပြီးငိုနေကြတော့ သူ့အနေနဲ့ ဘာပြောရမလဲမသိသလို ဘယ်လိုစကားမျိုးနဲ့နှစ်သိမ့်ရမလဲတောင်မသိတော့ပါ....
"ဟုတ်တယ် ကိုထက်အောင်နဲ့မကွာရှင်းခင်ကတည်းက မာမီက ကိုမင်းနိုင် ကိုနိုင်ငံအနှံ့အပြားမှာ လိုက်ရှာနေခဲ့တာ...သူမြန်မာနိုင်ငံပြန်ရောက်ပြီး အရင်ကနေခဲ့တဲ့နေရာမှာပဲလို့သိလိုက်ရလို့
အဲ့နေ့က မာမီ ..သားဒယ်ဒီ ဉီးမင်းနိုင်ဆီသွားတွေ့ခဲ့ပြီး အကြောင်းစုံကိုရှင်းပြခဲ့တာ...
သူ့ဘဝက ပင်ပန်းခက်ခဲလွန်းယုံသာမက ဘဝရှင်သန်ဖို့တောင် နိုင်ငံရပ်ခြားမှာအတော်ရုန်းကန်ခဲ့ရတယ်တဲ့လေ...မာမီနဲ့တွေ့တော့ သူ့မှာအစာအိမ်ကင်ဆာဖြစ်နေတာ၊ သူ့မွေးရပ်ဇာတိမှာပဲခေါင်းချချင်လို့ပြန်လာခဲ့တာတဲ့ ၊ မာမီသူ့ကိုအဲ့တုန်းက ခေါင်းတစ်ချက်ခေါက်ပြီးပြောမိတယ်..."အစကတည်းက မြန်မာနိုင်ငံပြန်လာရင် နင်ပျော်ရွှင်စရာမိသားစုလေးနဲ့ဖြစ်နေလောက်ပြီလို့ ..."
မာမီက ပါးပြင်ပေါ်ကျဆင်းနေတဲ့မျက်ရည်တွေကိုသုတ်လိုက်ရင်း ချစ်ရတဲ့လူသားအကြောင်းပြောနေရလို့ ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ မျက်ရည်တွေကြားကအပြုံးဟာသိပ်ကိုတောက်ပပြီး အလှဆုံးပြုံးနေသေးသည်။
"သူ့ကိုသားအကြောင်းပြောပြတော့ သူကလေ ငိုလွန်းလို့ သတိပါလစ်သွားခဲ့တာ ၊ ဆေးရုံပေါ်မှာဆေးပိုက်တွေကြားကနေ သားဓာတ်ပုံတွေကြည့်ပြီး 'ငါ့သားက ငါ့လိုပဲ သိပ်ခန့်သိပ်ချောပြီးအနေတည်တာပဲလို့ 'ခဏခဏပြောခဲ့တာ ၊ သားပုံတွေကြည့်ပြီး သားကိုအားရပါးရဖက်ထားချင်လိုက်တာတဲ့လေ ဒါကိုပဲ (၇)နှစ် ဆက်တိုက်ပြောနေလို့ မာမီကသားရဲ့လိပ်စာကို Logoမှာသွားတောင်းလိုက်တာ..."
မာမီရဲ့မျက်နှာကတစ်ဖန်ပြုံးပျော်လာပြီး ကြည်ကြည်လင်လင်လေးဖြစ်သွားပေမယ့် ညီကတော့ တစ်အင့်အင့်နဲ့ရှိုက်သံတွေပါထွက်သည်အထိ မျက်ရည်တွေကျရင်း ငိုနေဆဲဖြစ်သည်။
သူ့ပုံစံအတိုင်း ငိုချင်တာကိုမငိုမိအောင်ထိန်းနေရလို့ အင့်..အင့်..နဲ့မြည်နေတဲ့အသံလေးအရ ညီတော့ညကျရင်မျက်ရိုးကိုက်တော့မှာပဲလို့ သူတွေးမိပြီး ဆေးကြို တိုက်ထားဖို့ပါမှတ်ထားရသေးသည်။
"ကျွန်တော် logoမှာ ဆိုတာဘယ်လိုသိလဲ ကျွန်တော့်အကြောင်းတွေကိုစုံစမ်းနေတာလား?"
နှာရည်တစ်ရှုံ့ရှုံ့နဲ့ သူ့အကြောင်းတွေလိုက်စုံစမ်းတာကိုမကြိုက်သည့်ပုံ ၊စူပုပ်ပုပ်နဲ့ ကြည့်ပြီးမေးတော့ မာမီကအပြုံးလှလှကြီးပြုံးပြီး ညီ့ခေါင်းလေးကိုပုပ်ပြီးညင်ညင်သာသာစကားဆိုလာသည်။
"မာမီက မာမီ့သားလူဆိုးလေးကိုဒီတိုင်းလွှတ်ထားမယ်ထင်နေတာလား?...မာမီက သားအကြောင်းတွေကိုအမြဲမပြတ်လိုက်ပြီးစုံစမ်းနေတာ သားကLogoက Commandoလေ...သားရဲ့လိပ်စာသာ အတွင်းသူတွေပဲသိတဲ့အတွက် မာမီက စုံစမ်းမရခဲ့တာ "
ဟုတ်တယ် Commandoတစ်ယောက်ရဲ့လိပ်စာကို ဘယ်သူမှပေါပေါလောလောမသိရဘူး...ဘယ်သူကမေးမေးလဲပြောခွင့်မရှိဘူး ၊ မင်းထက်ဆိုတဲ့ခွေးကောင်သာ ဘယ်လိုစိတ်ကူးနဲ့ပေးလိုက်တယ်မသိတာ...
"သူကော... အခုနေကောင်းပြီလား?..."
အသံတိုးတိုးလေးနဲ့မရဲမဝံ့အမေးရှိလာတဲ့ သူဆိုတာကဘယ်သူ့ကိုရည်ညွှန်းလဲမေးနေစရာမလိုပါ....
"ဆေးရုံတက်လိုက် ၊ဆေးတွေသောက်လိုက်နဲ့ပဲ သူ့ဘဝနောက်ဆုံးအချိန်ထိရှင်သန်နေရတော့မှာ...အခုတော့ နည်းနည်းပြန်ဝလာပြီး တော်တော်လေး ထူထူထောင်ဖြစ်လာပါပြီ ၊"
"အင်း...ဒီ ၇နှစ်အတွင်းမှာကျတော့ ပေါ်မလာပဲ အခုမှဘာလို့လဲ"
"အဲ့ဒါက...မာမီ အတွေးတွေများနေခဲ့လိုပါ၊ သား ပိုရင့်ကျက်တည်ငြိမ်ပြီး အမှားအမှန်ခွဲခြားနိုင်တဲ့အချိန်မှ ဖွင့်ပြောမယ်လို့ တွေးထားခဲ့လိုပါ..သူ့ကျမ်းမာရေးကလဲ နေ့နေ့ညညပြုစုခဲ့ရသေးတော့ သားကိုလွှတ်ထားမိလိုက်တာပါ...အဲ့အတွက်လဲ မာမီကတောင်းပန်ပါတယ် သားရယ်..."
ညီစေဒီလောက်ဆိုသိပါပြီ ၊ မာမီနဲ့သူက love in first sightတွေကြီးပဲ...မာမီကလဲ ဉီးမင်းနိုင်ကို သူ့အပေါ်ချေမိုးနေလို့ ၊ အရေးမစိုက်လို့ စိတ်တိုဒေါသထွက်နေပေမယ့် တစ်ကယ်တန်းကျတော့ မြင်ကတည်းကရင်ထဲနင့်နေအောင် ချစ်မိသွားပြီးပြီ၊
ညီစေကော ဘာထူးလဲ ၊ ကိုကိုနဲ့တွေ့စကတော့ တွေ့တာနဲ့ကိုက်ဆိုသလိုပဲ တစ်ယောက်နဲ့တစ်ယောက်ဒုက္ခရောက်အောင်လုပ်နေပေမယ့်
စတွေ့တဲ့နေ့ကတည်းက ရင်ထဲကိုတံခါးမခေါက်ရုံတင်မဟုတ်ပဲ နှလုံးသားတံခါးတောင်မဖွင့်ပဲနဲ့ကို တွန်းတိုက်ပြီးဝင်ချလာတာ...
နောက်ဆုံးတော့ သိလိုက်ပါပြီ..ဒီအမေကမွေး ဒီသားပဲပေါ့ ဆိုတာကို....
"သူက သားကိုအရမ်းတွေ့ချင်နေတာသားရဲ့..."
ဒီစကားက ဘာကိုပြောလဲညီစေသိသည်။မာမီက သူ့ကို ဒယ်ဒီဆီလိုက်တွေ့စေချင်နေတာ...
"မာမီ အခု ၉နာရီတောင်ထိုးတော့မယ်... မပြန်ပဲဒီမှာပဲ ညအိပ်လိုက်ပါလား....အခန်းပိုတွေရှိပါတယ်.."
"မအိပ်တော့ပါဘူးသားရယ် မာမီလူယုံတော်တွေပါလာပါတယ်သားရဲ့... ဒါနဲ့....ဒါက မာမီတို့ရဲ့လိပ်စာလေး..."
မာမီတို့ရဲ့လိပ်စာလေးဆိုပြီး ကဒ်လေးတစ်ကဒ်ထုပ်ပေးလာပြီး မာမီကခုံမှထကာ ပြန်ဖို့အိတ်ပါလွယ်ပြီးပြီ...မာမီက သူ့စကားနားထောင်တဲ့ညီစေ့ကို အရင်လို တွန်းအားမပေးဘူး...စဉ်းစားတွေးခေါ်နိုင်တဲ့အရွယ်ရောက်လာလို့လဲဖြစ်နိုင်သည်။
"သားမှာ သူငယ်ချင်းကောင်းရှိတာပဲ ..မာမီပြန်ပြီသားရေ...သားဒယ်ဒီက မာမီအနားမှာမရှိရင် ဝမ်းနည်းပြီး ငိုငိုနေတယ်လို့ ကောင်မလေးတွေကပြောလို့ ညတော့ အိပ်လို့မရဘူးသားရေ..."
"ဟုတ်ကဲ့မာမီ....သားအောက်ထိလိုက်ပို့မယ်လေ"
"နေပါသားရဲ့ ရတယ် ကောင်လေးတွေရောက်နေပြီရယ်"
"ဟုတ် ဒါဆို...ဂရုစိုက်ပြန်ပါဗျ"
အပြုံးလှလှလေးပြုံးပြပြီး လှည့်ထွက်သွားတဲ့မာမီ့ကိုကြည့်ပြီး နောက်တစ်ခါတွေ့ရင် သူငယ်ချင်းကောင်းမဟုတ်ကြောင်း ၊ချစ်သူကောင်းတစ်ယောက်ဖြစ်ကြောင်းပြောပြပြီး မာမီရယ်ဒယ်ဒီရယ်....အင်းးးးဒယ်ဒီပဲပေါ့...သူတို့ကို ကိုကိုနဲ့တရားဝင်မိတ်ဆက်ပေးရအုံးမည်ဟုတွေးထားလိုက်သည်.......
🍁🍁🍁🍁🍁🍁🍁
"သခင်ကြီး!!...သခင်ကြီး...."
"ဟာ... ကိုရာပြည့်ရာ...ဘာလို့အော်ကြီးဟစ်ကျယ်လုပ်နေတာလဲဗျာ...ဒီမှာအိပ်နေတာကို..."
သခင်ကြီးလို့တစ်ကျော်ကျော်အော်ခေါ်ပြီး အိမ်ထဲကိုကမူးရှူးထိုးပြေးဝင်လာခဲ့တာက ဒီအိမ်ကြီးရဲ့ သခင်ကြီး ဉီးကောင်းမြတ်ရဲ့ ညာလက်ရုံး ကိုရာပြည့်၊
မွေးထားတဲ့သားထက်ပိုယုံကြည်ရပြီးအားကိုးရလို့ ညာလက်ရုံးမှာထားထားတဲ့ Daddy ကသားကိုတော့ ဘယ်လက်ရုံးတဲ့...
အဲ့ကိုရာပြည့်ဆိုတာကလဲ လုပ်နေတာကသာလူဆိုး ၊ ရုပ်ရည်နဲ့အရပ်အမောင်းခန္ဓာကိုယ်တောင့်ဖြောင့်မှုတွေက ပျိုမဒီတွေရဲ့ Boyfriend Material typeကြီး ၊ ပျိုမဒီတင်မဟုတ်... ကောင်ငယ်လေးတွေပါ သဘောကျရတဲ့Daddy typeကြီး ၊အမြဲတည်တင်းနေတဲ့ရုပ်က စူးရှတဲ့မျက်ဝန်းနဲ့ ချွန်မြမြနှာတံရဲ့အောက်က ပိရိသေသပ်တဲ့နှုတ်ခမ်းသားလေးတွေနဲ့ပေါင်းစပ်လိုက်တော့.....ဝိုးးးဝိုးးးဝိုးးးပေါ့....
ဒါပေမယ့် အဲ့တည်တင်းတဲ့ဘဲကြီးက ထက်မြတ်ရှေ့ရောက်ရင် ဘာတွေဘယ်လိုမှားလဲမတွေးမိအောင်ကို မျက်နှာတည်ကြီးနဲ့
စတတ်နောက်တတ်သေးသည်။
"ကိုယ့်ရဲ့Candyလေး ဧည့်ခန်းကြီးမှာအိပ်နေတာလား.....သခင်ကြီးကော...ကိုယ်အရေးတကြီးပြောစရာရှိတယ် "
"ဘောကို Candy... ကိုယ်တော့်ဘော ငုံဖူးလို့Candyလို့ခေါ်တာလား... "
"အရိုင်းတုံးလေးကလဲ ငုံဖူးမှ ချိုမှန်းသိတာမဟုတ်ပါဘူး... အဟင်းဟင်းးးမင်းနှုတ်ခမ်းလေးက ချိုတယ်ဆိုတော့ မင်းတစ်ကိုယ်လုံးကချိုမှာသေချာတယ် အဲ့တော့Candyပဲပေါ့..."
အဲ့Candy ဘယ်က စ...နှုတ်ခမ်းချင်းနမ်းမိရာက စ....
ဘိန်းမှောင်ခိုတွေအတူသွားပြီးစစ်ဆေးရင်း ခလုတ်တိုက်မိပြီး ဘယ်ကဘယ်လို ဘောဆန်သွားလဲတော့မသိ ၊ သတိထားမိတော့ သူတို့နှစ်ယောက်ရဲ့နှုတ်ခမ်းတွေက ဂဟေဆက်ထားသလားမှတ်ရတယ် ဟိုလူကြီးက ဇွတ်တွေဆွဲစုပ်ပြီးနမ်းနေတော့သည်။
ဘယ်ကတည်းကငတ်ပြတ်လာသလဲလို့မေးမိတော့ ခုမှစားဖူးတာတဲ့လေ.. ချိုတယ်ဆိုပြီး လစ်ရင်လစ်သလို နမ်းတတ်လာသည်။ အဲ့အချိန်တိုင်း သူ့ရင်ဘတ်ထဲက နှလုံးသားကလဲ ဘောလိုပဲ ခုန်ခုန်လာတာ...
"ခင်ဗျား -ီးလိုလို မှိုလိုလိုစကားတွေပြောမနေနဲ့...Daddyဟိုမှာ ဆင်းလာပြီ သွား!!အရေးကြီးတယ်ဆိုပြီး ဒီမှာ လာဗူးနေတယ် "
ထက်မြတ်ဘက်ကနေ အနောက်ဘက်က ဉီးကောင်းမြတ်ဘက်ကိုလှည့်လိုက်တာနဲ့ ခုဏက ပျားရည်စမ်းထားသလို ရုပ်ကြီးနဲ့လူကိုလာပြီး ကလူကျီစယ်နေတဲ့ ရာပြည့်က တစ်ဘက်လှည့်လိုက်တာနဲ့တည်တင်းသွားပြီးအလုပ်ကိုသာ အာရုံစိုက်သည့်လူပြန်ဖြစ်သွားပြန်သည်။
"ရာပြည့်!...အရေးကြီးကိစ္စက ဘာလဲ"
"သခင်ကြီးရဲ့ပစ္စည်းတွေကို Logo Commando ကုမ္ပဏီ ကိုလွှဲပြောင်းထားပြီး ပိုင်ရှင်ကိုလဲ သိသွားပြီတဲ့... နောက်ပြီး အောက်ပိုင်းမှာဖြန့်ကျက်ထားတဲ့ ပစ္စည်းတွေကိုလဲသိမ်းသွားပြီတဲ့..."
"ဘာ!!!....အောက်ပိုင်းက ပစ္စည်းတွေကိုသိမ်းသွားပြီ!!..အဲ့နေရာက အခုမှနယ်မြေချဲ့ထွင်တာလေ... အဲ့ကောင်တွေကဘယ်လိုသိသွားတာလဲ!!.."
"ကျွန်တော်စုံစမ်းရသလောက်ကတော့ ပစ္စည်းတွေရဲ့ပိုင်ရှင်က "မြတ်"ရဲ့ပိုင်ရှင်လို့လဲသိထားကြပါသေးတယ် "
"အခုဘယ်လိုလုပ်မလဲ!!ထက်မြတ်... မင်းစောက်သုံးမကျလို့ အခုငါ့ပိုင်တဲ့စည်းစိမ်ရဲ့ ၄၀%
ကိုမင်းအမေလင်တွေက သိမ်းသွားပြီကွ!!..
အမ်..မင်းဘာစောက်သုံးကျလဲ ပြောစမ်း!!
ညီစေမင်းသော်ကိုတောင် လက်စမဖျောက်နိုင်ပဲ မင်းက "မြတ်"ကိုဘယ်လိုလက်လွှဲယူပြီး ဉီးစီးလုပ်ကိုင်မှာလဲ... မင်းးသွား!!အဲ့ညီစေမင်းသော်ကို မရ,ရတဲ့နည်းနဲ့ငါ့ဆီခေါ်လာခဲ့ အဲ့ဂြိုလ်ကောင်ကို ငါ့လက်နဲ့ စမုံတုံးပေးမယ်!!.."
"ဟုတ် Daddy.. အလွယ်တကူ ဖမ်းမရရင်ရော ပြစ်သတ်ခဲ့လိုက်ရမလား?"
"အရှင်ဖမ်းခေါ်ခဲ့ !!အဲ့လောက်ကလေးတောင်မဖမ်းတတ်ရင် ညီစေမင်းသော်လက်ထဲကိုမင်းသေနတ်ထိုးပေးပြီး ငါ့Daddyငါ့ကိုမသတ်ခင် မင်းပြစ်သတ်လိုက်ပါလို့ပြောလိုက်!!"
ရာပြည့်ကိုမျက်စောင်းတစ်ချက်ထိုးပြီး အိမ်ထဲကနေဝုန်းဒိုင်းကျဲထွက်သွားသည့် ထက်မြတ်ကိုကြည့်ပြီး ရာပြည့်ပြုံးမိသွားပြန်သည်။
"မင်းကို ငါခိုင်းထားတဲ့နောက်အလုပ်ကကော"
"ဟုတ် လင်မယားနှစ်ယောက်လုံးကို လက်စဖျောက်ခဲ့ပါပြီ ထောင်ထဲမှာဆိုတော့ တော်တော်လေးခွံ့လိုက်ရတာပေါ့"
"အဓိက,ကသေသွားဖို့ပဲ...ငါလျှောက်မဲ့လမ်းမှာ လာကန့်လန့်ခံနေရင်တော့ ရတဲ့နည်းနဲ့ရှင်းထုပ်ရမှာပဲ..."
🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁🍁
#11.10.2021
#Nandar Myint Moh
I really want your Feedback and Voting💙
ရေးခဲ့သမျှ ဒီတစ်ခါစာလုံးရေအများဆုံးပဲ ၊
Phone Noteက စာလုံးရေထပ်ဖြည့်လို့မရတော့မှကိုရပ်မိတော့တယ် ၊
7755 words