Peculiarly System [Completed ]
Bởi SpicyRoastDuck
852K 90.2K 2.7K
Start date ... September 17 .2021 End date .....July 30.2023 System ဆိုတာ စိတ်ကူးယဉ်ကမ္ဘာတဲ့ သူကပြောတယ် ငါ့... Xem Thêm
Start With System
Arc(1.1) Parin
Arc(1.2)
Arc(1.3)
Arc(1.4)
Arc(1.5)
Arc(1.6)
Arc(1.7)
Arc(1.8)
Arc(1.9)End
Arc(2.1) Zhang Xu Guang
Arc(2.2)
Arc(2.3)
Arc(2.4)
Arc(2.5)
Arc(2.6)
Arc(2.7)
Arc(2.8)End
Arc(3.1)Jason
Arc(3.2)
Arc(3.3)
Arc(3.4)
Arc(3.5)
Arc(3.6)
Arc(3.7)
Arc(3.8)
Arc(3.9)
Arc(3.10)
Arc(3.11)
Arc(3.12)
Arc(3.13)End
Arc(4.1) Jon San
Arc(4.2)
Arc(4.3)
Arc(4.4)
Arc(4.5)
Arc(4.6)
Arc(4.7)
Arc(4.8)
Arc(4.9)
Arc(4.10)End
Arc(5.1) Zhou Wei Feng
Arc(5.3)
Arc(5.4)
Arc(5.5)
Arc(5.6)
Arc(5.7)
Arc(5.8)
Arc(5.9)
Arc(5.10)
Arc(5.11)
Arc(5.12)End
Arc(6.1) LuYuYuan
Arc(6.2)
Arc(6.3)
Arc(6.4)
Arc(6.5)
Arc(6.6)
Arc(6.7)
Arc(6.8)
Arc(6.9)
Arc(6.10)
Arc(6.11)
Arc(6.12)End
Arc(7.1)KiKo
Arc(7.2)
Arc(7.3)
Arc(7.4)
Arc(7.5)
Arc(7.6)
Arc(7.7)
Arc(7.8)
Arc(7.9)
Arc(7.10)
Arc(7.11)End
Arc(8.1)Adam
Arc(8.2)
Arc(8.3)
Arc(8.4)
Arc(8.5)
Arc(8.6)
Arc(8.7)
Arc(8.8)
Arc(8.9)
Arc(8.10)
Arc(8.11)End
Arc(9.1)Aqua
Arc(9.2)
Arc(9.3)
Arc(9.4)
Arc(9.5)
Arc(9.6)
Arc(9.7)
Arc(9.8)
Arc(9.9)
Arc(9.10)
Arc(9.11)
Arc(9.12)
Arc(9.13)End
Arc(10.1)XiaoZhan
Arc(10.2)
Arc(10.3)
Arc(10.4)
Arc(10.5)
Arc(10.6)
Arc(10.7)
Arc(10.8)
Arc(10.9)
Arc(10.10)
Arc(10.11)
Arc(10.12)End
Arc(11.1) Saw Minn Latt
Arc(11.2)
Arc(11.3)
Arc(11.4)
Arc(11.5)
Arc(11.6)
Arc(11.7)
Arc(11.8)
Arc(11.9)End
Arc(12.1) Ben
Arc(12.2)
Arc(12.3)
Arc(12.4)
Arc(12.5)
Arc(12.6)
Arc(12.7)
Arc(12.8)
Arc(12.9)
Arc(12.10)
Arc(12.11)End
Arc(13.1) Cristan Gabriel
Arc(13.2)
Arc (13.3)
Arc(13.4)
Arc(13.5)
Arc(13.6)
Arc(13.7)
Arc(13.8)
Arc(13.9)
Arc(13.10)
Arc(13.11)
Arc(13.12)End
Real Life (1)
Real Life (1)End
Real Life (2)
Real Life Ending Up (Truly End)
Arc(5.2)
6.6K 794 12
Bởi SpicyRoastDuck
"Kitty မင်း ငါ့ဆီလာစမ်းပါအုန်း ငါ့မှာ ဘာမှမမြင်ရလို့ ဘာလုပ်ရမလဲမသိတော့ဘူး ပျင်းလိုက်တာ သေတော့မယ် ''
"သခင် ဘာလုပ်ချင်လဲ ပြောလေ ဗိုက်ရောဆာနေပြီလား ''
"အံမယ် kitty လေး လိမ္မာနေပါလား အတော်ပဲ ငါ့ကို တစ်ခုခုလုပ်ပေးပါအုန်း ဗိုက်ဆာနေပြီ ''
"ခဏစောင့်နော် သခင် ''
Kitty ထွက်သွားပြီး မကြာခင်မှာ မွှေးကြိုင်နေသည့် ဟင်းထမင်းနံ့တွေရလိုက်သည်။
"အင်း မွှေးနေတာပဲ ငါ့ Kitty လေးက တော်လိုက်တာ ''
Kitty ကတော့ ချီးကျူးခံလိုက်ရတဲ့အတွက် ပီတိဖြာဂုဏ်ဆာနေတော့သည်။
"ကဲ ပြောပါအုံး မင်းဘာလိုချင်တာလဲ''
စားသောက်ပြီး လက်သုတ်ပုဝါအဖြူလေးကို နူတ်ခမ်းနားမှာပေနေသည့် ဆီတွေကိုတို့ထိပြီး သုတ်လိုက်ရင်း Kitty အား မေးမြန်းလိုက်သည်။
"တကယ်တော့ ကျွန်တော် ဒီကမ္ဘာပြီးရင် Update မြင့်ရမှာ သခင်ရဲ့ ''
"ဟင် ဟုတ်လား အဲ့တော့ ငါဘာတွေ ကူညီရမလဲ ''
"မဟုတ်ပါဘူး မလိုဘူး ရတယ် ကျွန်တော်က ပျော်နေလို့ပါ ''
"အေးပါ မင်းရဲ့ ပျော်နေတဲ့ပုံစံလေးကို ငါမမြင်ရတာတော့ စိတ်မကောင်းဖြစ်မိတယ် ''
သက်ပြင်းလေးအသာချလို့ ညည်းညူစွာပြောလာသော သခင့်ကို Kitty ငေးကြည့်မိသည် ။
ဒီလူသားက သူ့ရဲ့ ပြိုင်ဘက်ဖြစ်ဖူးခဲ့တယ်တဲ့လား မယုံနိုင်စရာပဲ ။
"Kitty Kitty ဘာလို့ တိတ်နေတာလဲ စကားလေးပြန်ပြောပါအုန်း ''
"အာ သခင်က အရမ်းချောနေလို့ ငေးကြည့်နေတာ ''
" ဟင် ကျိုးဝေ့ဖုန်းက အရမ်းချောတာလား ငါ့ကို ပြောကြည့် သူကဘယ်လိုပုံစံလဲဆိုတာ ''
"အင်း ဟုတ်တယ် သူ့မှာ လက်ချောင်းဖြူဖြူသွယ်သွယ်လေးတွေရှိတယ် နူးညံ့ပျော့ပျောင်းပြီးကျန်းမာသန်စွမ်းတဲ့ တင်းပါးထိရှည်တဲ့ ဆံနွယ်တွေရှိတယ် နူတ်ခမ်းလေးကလည်း ပန်းရောင်ပြေပြေလေး မျက်ခုံးတန်းတန်းလေး နှာတံလုံးလုံးလေးခန္ဓာကိုယ်ကလည်း အရမ်းမိုက်တယ် အရပ်ကလည်း အရှည်ကြီးပဲ ''
"ဟုတ်လား ငါစဉ်းစားလို့မရတာရှိတယ် ဘာ့ကြောင့် ပိုင်ဝူရိက ကျိုးဝေ့ဖုန်းကို မသတ်ဘဲ ကိုယ်လုပ်တော်အဖြစ် ချန်ထားတာလဲ ''
"အင်း အဲ့တာ လျှို့ဝှက်တယ်နော် ထူးဆန်းတယ် ''
"အဲ့တာတွေထားပါတော့ ငါနဲ့လိုက်ခဲ့ပါ ငါကမြို့ထဲသွားဖို့မင်းကိုလိုအပ်တယ်''
"အင်း လိုက်ခဲ့မယ် ''
Kitty ကစကားအဆုံးမှာ ရှောင်းကျန့်၏လက်ထဲကိုဝင်လိုက်သည်။
လက်ထဲက ကြောင်ကလေးကို အမွှေးလေးတွေပွတ်သပ်ပေးပြီး စမ်းတဝါးဝါးနဲ့ လျှောက်လှမ်းလာခဲ့သည်။
[ Kitty အခုလမ်းမှာ ဘယ်သူမှ မရှိကြဘူးလား ]
[ရှိတာပေါ့ သခင့်ကိုကြည့်နေကြတယ်]
[ဟုတ်လား ဘယ်သူတွေလဲ ]
[ဧကရာဇ် ပိုင်ဝူရိ ]
[ဟုတ်လား Kitty ဒီနားမှာ သစ်ပင်တွေဘာတွေ ငါ့လို မျက်မမြင်တစ်ယောက်အတွက် အန္တရာယ် ဖြစ်စေမယ့် တစ်ခုခုပေါ့  ]
[ရှိတာပေါ့ သစ်ပင်တစ်ပင် သခင့်ရဲ့ ခြေလှမ်းကိုဆယ်လှမ်းလောက်လျှောက်ပြီး ဘယ်ဘက်ချိုးလိုက် ငါးလှမ်းလောက်လျှောက်ပြီးရင် ရပြီ ]
[အင်း တကယ်လား ကျေးဇူး Kitty]
[ရပါတယ် သခင် ]
[Kitty ပိုင်ဝူရိက ဘယ်နားမှာလဲ]
[သခင့်ရဲ့ ညာဘက်မှာပါ သခင့်ကို ကြည့်နေတယ် အာ သခင် ဇာတ်လိုက်မရော ရောက်နေတယ်]
[ဟမ် ဘယ်နား ]
"အာ့...''
ရှောင်းကျန့်သည် Kitty ပြောတဲ့သစ်ပင်နား ရောက်ခါနီးတွင် လူတစ်ယောက်၏
ဆွဲပွေ့ခြင်းကိုခံလိုက်ရသည်။
"ဘယ် ဘယ်သူလဲ ''
[သခင် အဲ့တာ ဇာတ်လိုက်]
[ငါ သိပါတယ် လျှာမရှည်ပါနဲ့... ]
ဂုဏ်ဆာနေတဲ့ သခင့်အသံကြောင့် Kitty မှာ စေတနာနဲ့သွားပြောမိတဲ့ ကိုယ့်ပါးစပ်ကို အကြိမ်ကြိမ်ပါးချနေမိသည်။
'စိတ်ထဲမှာပဲ အပြင်မှာတော့မလုပ်ပါဘူး လုပ်ရင် နာမှာပေါ့ '
" ကိုယ်လုပ်တော်ကျိုး ''
"ဟမ် ပိုင်...အရှင်မင်းကြီးလား ''
ပိုင်ဝူရိ လို့ခေါ်မိတော့မည့် ပါးစပ်ကို အမြန်ပိတ်လိုက်ရသည်။
'ဧကရာဇ်ရဲ့ ရင်ခွင်က  မနွေးဘူး လို့ မဆိုလိုဘူး '
"အင်း ကိုယ်တော်ပဲ ''
ဝူရိသည် သူ့ရင်ခွင်ကနေအတင်းရုန်းထွက်သွားသည့် ကိုယ်လုပ်တော်အား ကြည့်နေမိပြီး တစ်မျိုးခံစားရသည်။
'ငါ ကိုယ်လုပ်တော်ကျိုး ကို ပိုင်ဆိုင်ချင်တယ်'
"တောင်းပန်ပါတယ် အရှင်မင်းကြီးကို ရိုင်းပျမိပြီ ခွင့်ပြုပါအုန်း ''
" ဒါက ဘယ်သွားမလို့လဲ ''
ရှောင်းကျန့်ထွက်သွားဖို့ခြေလှမ်းစဉ်မှာပဲ ပိုင်ဝူရိက တစ်ဖန်ခါးကနေဆွဲကာ သိမ်းဖက်ပြီး ရင်ခွင်ထဲ ထည့်တာခံလိုက်ရသည် ။
" အာ့ အ အရှင် ဘာ ဘာလုပ်တာလဲ ''
လခွမ်းတဲ့မှပဲ စကားလာထစ်နေတယ် ချီး..
ထင်မှတ်မထားတဲ့အခြေအနေကြောင့် လန့်ပြီး စကားတွေပင် ထစ်ငေါ့သွားရသည့် ကိုယ့်ကိုယ်ကို ပြန်ဆဲလိုက်သည်။
တကယ်တော့ သူ့ရဲ့မျက်နှာမှာ ရှက်နေတယ်ဆိုတဲ့ တံဆိပ်တုံးကြီးခတ်နိုပ်ပြီးသားပင်ဖြစ်သည်။
" ဟို လွှတ်ပါအုန်း ''
မလွှတ်ပေးဘဲ ပို၍တင်းကြပ်စွာဖက်ခံလိုက်ရသည်မို့ အနိုင်ကျင့်ခံရသည့် မိန်းကလေးလို ငိုချပစ်လိုက်သည်။
ဇာတ်လိုက်မက အဲ့လိုမျိုးမတရားတာတွေကို မုန်းတီးတဲ့သူလို့ ရှောင်းကျန့် သိထားသည်။
ဇာတ်လိုက်မကလည်း တစ်နေရာမှ ကြည့်နေရင်း ထိုမြင်ကွင်းကိုမြင်ကာ လက်သီးဆုပ်ထားလိုက်သည်။
'သူမအထင်ကြီးလေးစားရတဲ့ ဧကရာဇ်က
အခုလိုမျိုး ကောင်လေးတစ်ယောက်ကို မျက်ရည်ကျအောင် အနိုင်ကျင့်နေတယ်
ကောင်လေးက မျက်စိတောင် မမြင်ရရှာဘူး ဧကရာဇ်က တဏှာကြီးတဲ့သူလား
ငါတစ်ခါမှ မကြားဖူးပါဘူး ဧကရာဇ်က ဘယ်သူနဲ့မှ အိပ်ဆောင်ဝင်တယ်လို့လည်းမရှိဘူး အခုငါမြင်နေရတာကြီးက သရဲခြောက်တာလား '
သူမမျက်လုံးတွေကို ပွတ်သပ်ပြီး သေချာကြည့်မိသည် ။
'အစစ်ကြီးပါ ဧကရာဇ်က... မဟုတ်မှ အမျိုးသားတွေကို နှစ်သက်တာလား ''
Kitty မှာတော့ ကြာကြာနေရင် သူသေရတော့မယ်ဟုတွေးနေမိသည်။
"ညောင် ညောင် ''
"ဟမ် ဒီကြောင်က ''
ဖက်ထားတဲ့ကြားမှ ကြားလိုက်ရတဲ့ကြောင်သံကြောင့် ပိုင်ဝူရိက လွှတ်ပေးရင်း မေးလာသည် ။
သူ့၏ မျက်လုံးတွေက ကြောင်ကိုစူးစိုက်ကြည့်နေသည်မို့ Kitty မှာ နည်းနည်းလေး လန့်သွားရသည်။
"အာ သူက ကျွန်တော်မွေးထားတဲ့ ကြောင်လေးပါ နာမည်က ဝမ်ရှန့် တဲ့''
"အော် ဝမ်ရှန့်လေးကချစ်စရာလေးနော်''
ပါးစပ်က ချိုသာစွာပြောနေသော်လည်း
လက်တွေက Kitty ၏ ပါးစောင်ကိုကုပ်ထားသည်။
Kitty မှာ အပြောနဲ့ အလုပ် တလွဲလုပ်နေသည့် ဇာတ်လိုက်ကြောင့် ထမအော်ရဲဘဲငြိမ်နေရသည်။ အော်လို့လည်းမရပေ။
ပါးစပ်ကို ကုပ်ထားတာမို့။
"ဟို ကျွန်တော် သွားပါရစေ ''
"ကျိုးဝေ့ဖုန်း မင်း အများကြီး ပြောင်းလဲသွားတယ် ပိုပြီး ....''
နားနားကပ်ကာ 'ချစ်ဖို့ကောင်းလာတယ်' ဆိုတဲ့စကားကိုဆိုလာသူ ဇာတ်လိုက်ကြီးက သူတောင်ဘာမှမလုပ်ရသေးဘူး အရည်ပျော်နေပြီ ဖြစ်သည်။
နေရာကနေ ခပ်သွက်သွက် ထွက်ပြေးသွားသသည့် ဝေ့ဖုန်းက ရှက်နေမှန်းသိသာနေတာမို့ ဝူရိ ပြုံးမိသေးသည်။
" ငါကိုယ်တော်ရဲ့စိတ်တွေကို မထိန်းနိုင်လောက်အောင် မင်းကပြုစားလွန်းတယ်
ဒီထက်ပိုဆိုးလာရင် ကိုယ်မင်းကို အလှမကြည့်နိုင်လောက်တော့ဘူး ''
^-^-^-^-^-^-^-^
"Kitty မင်းဘယ်လိုမြင်လဲ အဲ့ဒီ ဇာတ်လိုက်က ငါ့ကို သဘောကျနေပြီလို့ထင်သလား''
"ထင်တာပဲ ''
"အာ မေးအုန်းမယ် ခုနက သူမင်းကို မြင်ရတယ် ''
"ဟုတ်တယ် ကျွန်တော်က Skin အသစ်လက်ဆောင်ရထားတာလေ အဲ့တော့ ကိုယ်ယောင်ဖျောက်မှ ဘယ်သူမှ မမြင်ရမှာ ''
"အော် ကောင်းလိုက်တာ ဒါနဲ့ ဟိုလူကြီးရော ရောက်နှင့်နေပြီ မလား ''
"အင်း ရောက်နေပြီ ''
"သူက ပိုင်ဝူရိမလား မလိမ်နဲ့ ''
"မလိမ်ပါဘူး ဟုတ်တယ် ပိုင်ဝူရိပဲ ''
တုံးအ လွန်းတဲ့သခင်ကို အလိုက်အထိုက်ဘူးသီးကြွက်ကိုက် ပြောပြပေးလိုက်သည်။
"အဲ့တော့ ငါက သူ့ကို ကလဲ့စားချေရမှာ နည်းနည်းလေးမှ အဆင်မပြေဘူး ဒီကမ္ဘာကနေထွက်ရအောင် ''
"ရောက်တာမှ တစ်ရက်မပြည့်သေးဘူး ''
"Over မပြောနဲ့ တစ်ရက်ခွဲရှိပြီ ''
"ဘာပဲဖြစ်ဖြစ် မရပါဘူး ပြစ်ဒဏ်ထိမှာ မကြောက်ဘူးလား
"ပြစ်ဒဏ်ကို ခံလိုက်မယ် အဲ့လိုတော့ မလုပ်နိုင်ဘူး ''
"ကျိုးဝေ့ဖုန်းအတွက် တရားမျှတဖို့လိုတယ်လေ သခင် စိတ်ပျော့နေလို့မရဘူး''
"ဒါပေမယ့် ငါ ''
"အဆင်ပြေသွားမှာပါ စိတ်မညစ်နဲ့ ခေါင်းအေးအေးထားပြီး စဉ်းစား ဘာလုပ်သင့်လဲဆိုတာ ''
"အင်းပါ ''
ရှောင်းကျန့် ခေါင်းသာကုတ်နေမိတော့သည်။
'ဘယ်လိုလုပ်ရမလဲမသိတော့ဘူး အား ဗိုက်တောင်ဆာလာပြီ '
သခင့်ရဲ့ စိတ်ကိုဖတ်လိုက်နိုင်တဲ့ Kitty က စိတ်တွေညစ်သွားသည်။
'အတော်လည်း ငတ်ကြီးကျတဲ့ သခင် '
"Kitty ငါ့အတွက် စားစရာ... ''
"ခဏပဲစောင့် ဆက်မပြောနဲ့ သွားယူလိုက်မယ် ''
"ဟဲဟဲ အေးပါ ''
သွားတွေအသားကုန်ဖြဲကာရယ်ပြလာသည့် သခင့်ကို အမြင်ကတ်သလိုကြည့်ကာ Kitty ထွက်လာခဲ့လိုက်သည် ။
ရှောင်းကျန့်ကတော့ အိပ်ယာထဲပစ်လှဲကာ ထပ်စဉ်းစားနေလိုက်သည်။
"မဟုတ်ဘူး သူက ပိုင်ဝူရိ မဟုတ်ဘူး ဘယ်သူ့ရင်ခွင်နေနေနွေးတာပဲလေ ကျီစယ်လို့ရှက်တာက ကျိုးဝေ့ဖုန်းက အဲ့လိုမျိုးမကြုံဘူးလို့ ဒါဆို ငါ သေချာစုံစမ်းရမယ် ''
"ငါ့ချစ်သူက ပိုင်ဝူရိဆိုတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး Kitty စုတ် ငါ့ကို လှည့်စားသွားပြန်ပြီ ''
Vote တဲ့အတွက်ရော ဖတ်ပေးတဲ့အတွက်ရော ကျေးဇူးပါကွာ
Zawgyi
"ခဏစောင့်နော် သခင် ''
"အင်း လိုက်ခဲ့မယ် ''
[ဟုတ်လား ဘယ်သူတွေလဲ ]
[ဧကရာဇ် ပိုင်ဝူရိ ]
[ရပါတယ် သခင် ]
[ဟမ် ဘယ်နား ]
"အာ့...''
"ဘယ် ဘယ်သူလဲ ''
[သခင် အဲ့တာ ဇာတ်လိုက်]
" ကိုယ်လုပ်တော်ကျိုး ''
"အင်း ကိုယ်တော်ပဲ ''
" ဒါက ဘယ်သွားမလို့လဲ ''
" ဟို လွှတ်ပါအုန်း ''
"ညောင် ညောင် ''
"ဟမ် ဒီကြောင်က ''
^-^-^-^-^-^-^-^
"ထင်တာပဲ ''
"အင်း ရောက်နေပြီ ''
"ဒါပေမယ့် ငါ ''
"အင်းပါ ''
"Kitty ငါ့အတွက် စားစရာ... ''
"ဟဲဟဲ အေးပါ ''
Đọc tiếp
Bạn Cũng Sẽ Thích
358K 14.2K 42
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
165K 22.7K 119
ဘာသာပြန်သူ - စွဲညို့အသင်း။ တစ်ဦးတည်း ပြန်ဆိုခြင်း မဟုတ်ပါ။ ရုတ်တရက်ကြီး ABO လောကကို ကူးပြောင်းလာတဲ့ ပရိုကစားသမားလေး အကြောင်း ဖြစ်ပြီးတော့ ဖယ်ရိုမုန်...
2.3M 374K 159
English Title- After a Flash Marriage With the Disabled Tyrant Author- 惗肆 English Translator- [Hua]rricane Status in COO- 94 chapters &17 extras All...
1.6M 68.3K 79
ငါလား.... စိတ်ချ...... နိဗ္ဗာန်ရောက်ရင်လည်း မင်းကိုပဲ ချစ်နေအုံးမှာ.......... သုနေတင်ထွဋ် ကမ္ဘာပျက်သလို လေပြင်းမိုးသံတွေထ...