အိမ်ရှေ့မှာဈေးဆိုင်တည်ထားတဲ့အမေ့ရဲ့ခနော်နီ၊ ခနော်နဲ့ထမင်းဆိုင်လေးမှာသူဝိုင်းကူလုပ်ပေးနေခိုက် အသီးသီးဆိုက်ရောက်လာတဲ့စက်ဘီးတွေ..။
"လေပြေ"
"ဟာ အောင်ကျော်တို့.. ခွန်ပြည့်ရောပါတာဘဲ"
"အင်း"
ခွန်ပြည့်က အိမ်နေရင်းအင်္ကျီနွမ်းနွမ်းလေးနဲ့လေပြေ့ကိုကြည့်ရင်း မေးဆတ်ပြ၏။ အောင်ကျော်နှင့်အတူ ခွန်ပြည့်အပါအ၀င် နောက်ထပ်ကောင်လေးသုံးလေးယောက်။ ဘုန်းခန့်တော့မပါချေ..။ လေပြေကစက်ဘီးတွေနားခပ်သွက်သွက်လေးလျှောက်လှမ်းသွားခိုက်
"လေပြေ.. အပြင်သွားဖို့မစဉ်းစားနဲ့နော်။ အလုပ်တွေရှိသေးတယ်"
"ဟုတ်ကဲ့ပါအမေရ"
ခွန်ပြည့်ကစက်ဘီးကိုခွလျက်၊ ခြေထောက်ရပ်နေရာမှ လေပြေတို့အိမ်ကိုအကဲခတ်နေမိ၏။ ၁၅ပေပတ်လည်မျှကျယ်၀န်းသောသစ်သားအိမ်လေးရဲ့ရှေ့တွင် တွဲလျက်ထမင်းဆိုင်လေးဖွင့်ထားခြင်း။
အိမ်ရှေ့ထောင့်မှသရက်ပင်အိုကြီးကိုတစ်ချက်မျှမော့ကြည့်ရင်း ဟိုတစ်နေ့ကကျောင်းအပြန်သရက်သီးသွားခိုးခူးတဲ့အကြောင်းကိုသတိရသွား၏။
နှမ်းခိုးစားတဲ့မင်းသားကို တက္ကသိုလ်ပါမောက္ခကြီးကရိုက်တယ်ဆို သူတို့သရက်သီးသွားခိုးခူးစားကြောင်း အတန်းပိုင်သိလျှင်ရော.. တွေးရင်းမှတင်ပါးပင် စပ်ဖျင်းဖျင်းဖြစ်သွားရသည်။
"ပုံစံကြည့်ရတာ လိုက်မရဘူးဘဲ လေပြေ"
"အေး ငါအိမ်အလုပ်တွေကူပေးရဦးမှာကွ.. မင်းတို့ဘယ်သွားမလို့လဲ"
"လူပျိုလှည့်လေ ဟဲ ဟဲ"
အောင်ကျော့်ရဲ့စပ်ဖြဲဖြဲအသံကြောင့် လေပြေကခွန်ပြည့်ကိုလှမ်းကြည့်မိသွား၏။ ခွန်ပြည့်လူပျိုလှည့်လိုတဲ့မိန်းကလေးဟာ ဘယ်သူများပါလိမ့်။ သေချာတာတော့ အိမေမဖြစ်နိုင်တော့။
"ဟဲ့.. လေပြေ မင်းစကားပြောလို့မပြီးနိုင်ဘူးလား.. ဒီကိုလာကူလှည့်ဦး"
သူငယ်ချင်းတွေရှေ့ပင်မရှောင်၊ မာန်မဲလွန်းနေသောလေပြေ့အမေကြောင့် ခွန်ပြည့်မျက်မှောင်လေးတစ်ချက်ကုပ်မိ၏။ လေပြေကတော့ခေါင်းလေးပုရင်း အမေစိတ်ဆိုးတော့မှာဘဲ လို့ ခပ်တိုးတိုးဆိုကာ နှုတ်ဆက်ပြီးတန်းနေအောင်လှည့်ထွက်သွားလေပြီ။
"သူ့မားသားကြီးက ဘာအထာလဲကွ"
"အနော်ရထာလေ"
"မင်းဘိုးအေအနော်ရထာလား ငါမေးတာ.. ငါတို့နဲ့ပေါင်းတာမကြိုက်လို့လား"
အောင်ကျော်နှင့်စက်ဘီးချင်းယှဉ်နင်းလာရင်း အလိုမကျစွာသူမေးမိသောစကားသံ..။ အမေဘဲဖြစ်ပါစေဦး.. ဒီလောက်လေပြေ့အပေါ်အထပ်စီးဆန်နေပုံကို သူသဘောမကျ ပြီးတော့ လေပြေ့ကိုကြည့်သော နူးညံ့မနေတဲ့မျက်၀န်းတွေ..။
"ဘယ်ကသာ.. သူ့မားသားကြီးကတယူသန်ကွ၊ ရှေးရိုးဆန်တယ်ဆိုပါတော့"
အအေးဆိုင်ခဏ၀င်ထိုင်ကြဦးမှာမို့ အအေးဆိုင်ရှေ့တွင် စက်ဘီးဒေါက်ကိုယ်စီထောက်ကာ၀င်ထိုင်လိုက်ကြ၏။ တနင်္ဂနွေညနေဟာ ဆည်းဆာရောင်ပက်ဖြန်းတာမို့ ၀င်းဝါလို့နေခဲ့သည်။
"ပြောစမ်းပါဦး"
"အအေးမှာပါရစေဦးဟ! လိမ္မော်ရည်တစ်ခွက်အန်တီ"
"...
"သူတို့မိသားစုမှာကွာ သူ့အဖေကအစိုးရ၀န်ထမ်းကွာ၊ ရာထူးခပ်မြင့်မြင့်ထဲကဆိုပါတော့။ အဲ့.. သူ့အကိုလက်ထပ်ထိ သောက်ရမ်းချမ်းသာတယ်ပေါ့ကွာ။ ကံဆိုးချင်တော့ လေပြေမွေးမှစီးပွားရေးကချွတ်ခြုံကျတာ ဒီအခြေအနေထိဖြစ်သွားတယ်ဆိုပါတော့"
"အဲ့တော့"
"အဲ့တော့ဘွားတော်က လေပြေ့ကို ဂြိုဟ်ကောင်လေးလို့ကင်ပွန်းတပ်ရင်း မုန်းတာပေါ့ကွာ.. ပြီးတော့ လေပြေမွေးပြီးသိပ်မကြာခင်မှာဘဲ သူ့အဖေမှာရောဂါဖြစ်လာလို့ အသက်မပြည့်ဘဲပင်စင်ယူလိုက်ရတယ် ဆိုလား"
"ကျစ်! ဒါကံကြမ္မာဘဲ"
"အေးလေ.. ဒါကိုငါတို့လူငယ်တွေကနားလည်တယ်လေ. လူကြီးတွေကနားမလည်တာ"
"ဒါတွေ မင်းဘယ်လိုသိတာလဲ"
"ဘုန်းခန့်ပြောတာလေ.. သူတို့ကငယ်သူငယ်ချင်းတွေတဲ့"
"အော်..
ခွန်ပြည့်ကခေါင်းညိတ်ရင်း ရေခဲရေတစ်ခွက်ကိုပင် ခပ်ငေးငေးသောက်နေ၏။ မျက်လုံးထဲမှာ လေပြေရဲ့သိမ်ငယ်ပုံလေးတွေကိုတခုချင်းပြန်မြင်ပြီး ရင်ထဲကမချိရသလို။ ဖိနပ်စုတ်.. လွယ်အိတ်ပေါက် သူ့အမေကလွန်လွန်းတယ်လို့တွေးရင်း သူစိတ်ပျက်နေမိသည်။
"လေပြေက သနားစရာဘဲ"
ငြိမ်ကုပ်နားထောင်နေရမှ၀င်ပြောလာတဲ့ဝေယံကြောင့် သူ့ရင်မှာပိုဆွေးလျလျ..။ လေပြေ့ကိုဒီဘ၀ထဲကကယ်ထုတ်ပေးချင်စိတ်တွေဟာ တဖွားဖွား။
"ဟေ့ရောင်တွေ.. လေပြေ့ရှေ့ဒီစကားတွေပြန်မပြောနဲ့နော်။ ရှက်သွားဦးမယ်"
"ငါတို့လဲ အဲ့လောက်တော့ဦးနှောက်ရှိပါတယ်ကွ.. ပြောမလား"
ငြိမ်သက်သွားတဲ့ကောင်တွေကိုကြည့်ရင်း ခွန်ပြည့်မချိပြုံးပြုံးမိ၏။ သူတို့အတန်းကအဆိုးဆုံးလို့ကျောင်းမှာဩဘာပေးခံရပေမဲ့ သူတို့ကျောင်းသူ၊ ကျောင်းသားအချင်းချင်းအတွက်တော့ မေတ္တာတရားပြည့်နှက်နေတဲ့အခန်းတစ်ခုပင်။
ရန်ဖြစ်စရာမရှ်ိရင် အချင်းချင်းရန်ဖြစ်ကြပေမဲ့.. ကိုယ့်အတန်းကဘယ်ကောင့်ကိုလာထိထိ၊ ချိန်းထိုးဖို့၀န်မလေးတဲ့အတန်းပင်။
"ဒါနဲ့ Gခန်းကကောင်မလေးအကြောင်းမင်းကြားလား"
"ကြားပြီးပြီ"
"အဲ့အတန်းပိုင်တကယ်မမိုက်ဘူးကွာ"
"အေးလေ.. မနက်ဖြန်သူ့မိဘမဖြစ်မနေခေါ်လာရမယ်ဆို၊ ဟိုဘဲရောဘဲ"
"ယောင်္ကျားလေးကအဲ့လိုကိစ္စနဲ့မိဘခေါ်ရလဲ ဘာမှမဖြစ်ပေမဲ့.. မိန်းကလေးကကျကိစ္စရှိတယ်လေကွာ"
ခွန်ပြည့်ကကြားပြီးဖြစ်ပေမဲ့ ၀င်မပြောဘဲငြိမ်သက်နေလိုက်မိ၏။ ကျောင်းသားဘ၀မှာ ဒီလိုအချစ်ရေးကိစ္စကအနည်းနဲ့အများ၀င်ရှုပ်တတ်မြဲ။ သူကိုယ်တိုင်လဲရှုပ်တယ်ဆိုပေမဲ့ အပျော်သဘောဆိုတဲ့ခေါင်းစဉ်အောက်ကမသွေဖယ်။
နှမချင်းမစာမနာပြောရရင်.. သူဘယ်မိန်းကလေးကိုမှအတည်မချစ်။ သို့သော်ဘယ်သူ့ကိုမှလဲ လွန်စွာမကျူးလွန်ဖြစ်ခဲ့။ နောင်ဘယ်လိုလာမလဲမသိပေမဲ့ ယခုချိန်ထိသူစည်းစောင့်၏။
ကျောင်းသားဘ၀က ဖြူစင်လွန်းတာမို့ သူကိုယ်တိုင်လဲအရောင်စွန်းထင်မခံချင်သလို သူ့ကြောင့်နဲ့ဘယ်သူ့ကိုမှအရောင်မစွန်းထင်စေချင်တာမို့..။
"သူကငါ့ညီမ၀မ်းကွဲရဲ့သူငယ်ချင်းအရင်းကြီးဘဲကွ.. သူသေချင်လောက်အောင်စိတ်ညစ်တယ်တဲ့။ ငါ့ညီမကတော့ သူ့သူငယ်ချင်းအစားစိတ်ညစ်ပြီးတဆူဆူပြောနေတာ မနေ့ကရော၊ဒီနေ့ရောဘဲဟေ့"
"အေးပေါ့ကွာ.. အဓိပ္ပာယ်မရှိတာဘဲ။ ဒီအရွယ်ချစ်တာအပြစ်လား.. ပြီးတော့ အချင်းချင်းပေးတဲ့စာကို ၁၀တန်းအခန်းရှေ့ထိသွားဖတ်ပြတာကြီးက တကယ်လွန်တာ"
"ငါလဲ အဲ့တာကိုတော်တော်သဘောမကျဘူး"
ခွန်ပြည့်ကငြိမ်နေရာမှမှတ်ချက်၀င်ပေးမိ၏။ ယောင်္ကျားလေးတစ်ယောက်ကို ကိုယ်ပြန်ပေးမဲ့ဆက်သွယ်စာကို အဲ့ယောင်္ကျားလေးရဲ့အတန်းရှေ့မှာဖွင့်ဖတ်ပြခံရခြင်း.. တွေးရုံနဲ့တင် ကောင်မလေးရဲ့အရှက်ခွဲခံရမှုအတိုင်းအတာကိုသူမှန်းဆမိ၏။
"ငါတို့အတန်းပိုင်ဆို အဲ့လိုလုပ်မှာမဟုတ်ဘူးနော်"
သူတို့အားလုံးတညီတညွှတ်တည်းထောက်ခံမိ၏။ ဆရာမရဲ့မျက်နှာချိုအေးအေးကိုပြန်တွေးရင်း မိခင်တစ်ဦးလိုခံစားရကာ ခေါင်းညိမ့်မိကြသည်။ ထို့နောက်တော့ ကျောင်းသားဘ၀ရဲ့ဖြူစင်လှသောအချစ်ဇာတ်လမ်းလေးရဲ့ဆိုးကျိုးအတွက် ပြိုင်တူသက်ပြင်းချမိကြပြန်၏။
... 💜 ...
"ကန်ထဲခုန်ချသေသွားတာ ဟုတ်လား"
ရွှေရည်က မျက်ရည်လေးပင် ဝေ့တက်လာရင်းပါးစပ်ကိုလက်ဝါးလေးနှင့်အုပ်လိုက်မိ၏။။ တနင်္လာနေ့ရဲ့မနက်ခင်းမှာတော့ ဆရာမများသည်သူတို့အခန်းထဲစာလာမသင်ကြချေ။ အရေးအပေါ်အစည်းအဝေးခေါ်ကြပြီထင်ရဲ့။
အရှက်ကြီးလှသောGခန်းမှကောင်မလေးဟာ အရှက်နဲ့အသက်ကိုလဲထပ်ပြရင်း အတန်းပိုင်ဆရာမကိုနောင်တတပွေ့ပေးသွားခဲ့လေပြီ။ အတန်းချင်းမတူတဲ့သူတို့ပင် ဤမျှစိတ်မကောင်းဖြစ်ကြလျှင် Gခန်းမှအတန်းသူ၊ အတန်းသားများ မည်မျှယူကျူံးမရဖြစ်ကြလေမည်နည်း။
အရင်ကဆူညံနေကျသူတို့အတန်းလေးပင် ဆရာမမရှိသော်လည်း အလိုအလျောက်ငြိမ်ကျသွားရ၏။ လေပြေကလဲ အရင်လိုမအိပ်နေဘဲငေးငေးလေးရှိသလို ကျောင်းလူဆိုးလေးတစ်သိုက်ကလဲ မျက်မှောင်လေးတွေကိုယ်စီကုတ်ရင်း အခန်းပြင်ကိုငေးနေကြသည်။
"အားလုံးမတ်တပ်ရပ်.. ဆရာမကိုနှုတ်ဆက်"
"နေ နေ ကဲ.. အားလုံးဘဲ ဆရာမမပြောလဲ သားတို့၊ သမီးတို့ကြားပြီးပြီထင်ပါတယ်"
"ကြားပြီးပါပြီ ဆရာမ"
"အဲ့တော့.. ဆရာမလဲ သမီးတို့ရဲ့သူငယ်ချင်းမလေးအတွက် စိတ်မကောင်းဘူးပေါ့ ဟုတ်လား ဒါပေမဲ့.."
ဆရာမက အတန်းပြင်ကိုကြည့်ရင်း ခေါင်းကိုတစ်ချက်မော့လိုက်၏။ ထို့နောက် တိမ်၀င်စအသံပျောက်စေရန် ချောင်းဟန့်သံတစ်ချက်ထပ်ပြုရင်း
"ဆရာမတစ်ခုတောင်းဆိုချင်တယ်.. ဆရာမတို့အတန်းမှာရော၊ ဒီကျောင်းကြီးမှာရော အဲ့လိုကလေးမျိုး နောက်ထပ်ဘယ်သူ့ကိုမှမပေါ်စေချင်တော့ဘူး ဟုတ်လား"
မိန်းကလေးတန်းကကောင်မလေးများဟာ မျက်ရည်ဝေ့တက်လာကြသလို.. ကောင်မလေးတစ်ယောက်က စာရေးခုံပေါ်ခေါင်းပင်မှောက်ထား၏။ သူမဟာလဲ Gခန်းကကောင်မလေးရဲ့ သူငယ်ချင်းအရင်းလေးတစ်ဦးဖြစ်လေသည်။
"အဲ့တော့ နောက်နောင် ဆရာမတို့ကျောင်းက ဘယ်ဆရာမကမှ ဒီလိုအမှားမျိုးကျူးလွန်မှာမဟုတ်သလို.. သားတို့၊ သမီးတို့ဘက်ကလဲ သူငယ်ချင်းတွေအချင်းချင်းနွေးထွေးကြင်နာပေးရမယ်။ ဘယ်အားနည်းချက်ကိုမှလှောင်ပြောင်တာမျိုးမလုပ်ကြရဘူး.. ဖေးမပေးရမယ် ပြီးတော့ နားလည်ပေးရမယ် ဟုတ်ပြီလား"
"...
"ဒါပေမဲ့ ဆရာမအတန်းက ကလေးတွေက လိမ္မာပြီးသားပါ ဟုတ်လား.. အချင်းချင်းလဲကူညီတတ်ကြတယ်လို့ ဆရာမမှတ်ယူချင်တယ်နော်။ ပြီးတော့ ဒီနေ့ဆရာမတွေအလုပ်ရှုပ်မှာမို့ မ၀င်ဖြစ်တာမျိုးရှိရင် ငြိမ်ငြိမ်လေးနေပေးကြမယ်မလား"
"ဟုတ်ကဲ့ပါ ဆရာမ"
ဆရာမက ကတိုက်ကရိုက်ပြောရင်း အခန်းပြင်ပြန်ထွက်သွား၏။ ရှိုက်ကြီးတငင်ငိုနေသူကောင်မလေးကို သူငယ်ချင်းမလေးတွေကဝိုင်းချော့ကြ၏။ သူတို့စိတ်ထဲ သူတို့အခန်းထဲမှဘယ်သူ့ကိုမှ အဲ့လိုမဖြစ်စေရဟုဆုံးဖြတ်မိကြသည်။
ကျောင်းတော်ကြီးအတွင်းရှိ အခန်းတိုင်းမှကျောင်းသူ၊ ကျောင်းသားများသည်လဲ ဤသို့ပင်ဆုံးဖြတ်မိကြလေမည်။ Gခန်းကကျောင်းသူ၊ ကျောင်းသားများသည်လည်း နောင်တရစွာနဲ့ဤသို့ပင် ဆုံးဖြတ်ချက်ချမိကြပေလိမ့်မည်။
ဒီအရွယ်ဟာကြိုးတန်းပေါ်လမ်းလျှောက်သူဆိုကြိုးရဲ့အစွန်းစလေးနှစ်ဖက်တွင် တစ်ဖက်ကိုမိဘကဆုပ်ကိုင်ထားပြီး တစ်ဖက်ကိုဆရာကဆုပ်ကိုင်ထားပေလိမ့်မည်။ ကြိုးကိုင်သူရဲ့လွဲမှားတဲ့ဆုပ်ကိုင်မှုတစ်ချက်အပေါ်မှာလဲ ထိုကလေးရဲ့အသက်နဲ့ဘ၀ဟာ လွင့်ပါးသွားတတ်သေး၏။
... 💜 ...
"ခွန်ပြည့်စာတွေရပြီလား"
နီးကပ်လာသောနှစ်၀က်စာမေးပွဲအကြောင်းကို ဝေနှင်းပြောမှသူသတိရ၏။ သံပုရာရည်ခွက်ခပ်အေးအေးကိုတငုံသောက်လိုက်ပြီးမှ
"မကြည့်ဖြစ်ပါဘူး.. ငါက ကျောင်းစာမှာဝါသနာမထုံဘူး"
"ခွန်ပြည့်ရယ် စာကြိုးစားပါဟယ်.. နင်ဒီလိုဘ၀ရည်မှန်းချက်မရှိရင်.."
"မရှိဘူးလို့ ငါပြောမိလား ဝေ"
"နင်ကျောင်းစာမကျက်မှတော့ ဘာလုပ်စားမှာလဲ။ ၉တန်းအောင်မှ ဆယ်တန်းတက်လို့ရမယ်။ ဆယ်တန်းအောင်မှ တက္ကသိုလ်တက်လို့ရမယ်လေ။ ဘွဲ့ရမှ အလုပ်ကောင်းကောင်းရမယ်"
"နင်တို့မိန်းကလေးတွေက ဒီလောက်ဘဲတွေးတတ်တာ။ ဘွဲ့မရတော့ရော ဘာအရေးလဲ။ ငါဖြစ်ချင်တာနဲ့ဘွဲ့က ဘာမှမဆိုင်ဘူး ပြီးတော့ ငါဘာဘွဲ့မှမမက်ဘူး"
"ဟယ်.. ငါ့ဦးလေး"
"ကျစ်!"
စိတ်ရှုပ်သွားတဲ့ကြားမှ အအေးဆိုင်ထဲပြေး၀င်သွားတဲ့ဝေ့အတွက် သူ့ဦးလေးအခြေအနေကို လှမ်းကြည့်ပေးရသေး၏။
"ရပြီလား"
"ရပြီ.. ရပြီ"
"ငါသွားတော့မယ်ဟာ.. ထွက်လာတာကြာပြီ။ လမ်းထိပ်ခဏဆိုပြီး ထွက်လာတာ"
"အေး"
ခွန်ပြည့်ကပိုက်ဆံရှင်းပြီး စက်ဘီးကိုတွန်းရင်း စကားပြောလို့ရအောင် ခပ်လှမ်းလှမ်းကလျှောက်လိုက်လာ၏။ လူကြီးတစ်ယောက်ယောက်မိရင်မလွယ်ဘူး မဟုတ်လား။
"ငါ့သူငယ်ချင်းတွေပြောတယ် နင်ကအရမ်းရှုပ်တာဘဲဆို"
"အဟက်! မဟုတ်ပါဘူး"
"ဟုတ်ပါတယ်.. ပြန်တော့ ပြန်တော့ ဒီနားမှာအမေ့အသိတွေရှိတယ်"
"အေး"
လွတ်လပ်ရေးရသွားသူလို ခွန်ပြည့်ကစက်ဘီးပေါ်လွှားခနဲတက်ရင်းထွက်လာမိ၏။ နင်းမိနင်းရာ၊ နင်းလာမိတာ လေပြေရှိရာရပ်ကွက်လေးထံသို့.. လေပြေတို့ဆိုင်လေးရှေ့တွင် ယောင်တိယောင်တောင်စက်ဘီးရပ်ရင်း ဆင်းလာမိတော့ ဆိုင်ရှေ့တွင်ထိုင်နေသောဦးလေးကြီးတစ်ယောက်။ လေပြေ့ကိုကမတွေ့..။
"ဟင်း၀ယ်မို့လား သား"
"မဟုတ်ပါဘူးဗျ.. ကျွန်တော် လေပြေ... လေပြေလျှမ်းခကိုလာရှာတာပါ။ သူ့သူငယ်ချင်းပါ"
"အော်.. သားကကျူရှင်သွားတယ် သားရဲ့"
"အော်.. ဟုတ်"
"ဒါပေမဲ့ ပြန်လာတော့မှာ ၅နာရီဆိုပြန်လာပြီ... ခုက"
"၄:၃၃ပါ ဦးလေး"
"အေး ပြန်လာတော့မှာကွ"
"ကျွန်တော်သူ့ကိုအပြင်ခဏခေါ်သွားချင်လို့.. ဟိုဟာ ဒီနေ့ကျွန်တော့်မွေးနေ့ဆိုတော့ သူငယ်ချင်းတွေစုမုန့်စားမလို့ဗျ"
အလိမ်အညာစကားကို အဆင်ချောစွာထွက်လာတဲ့အတွက် မိမိကိုယ်မိမိဂုဏ်ယူလိုက်မိ၏။ ညိုးနွမ်းသောသဏ္ဍန်ရှိပေမဲ့ ပြုံးရွှင်သောလူကြီးဟာ လေပြေ့ကိုချစ်ရှာမယ်လို့ သူခံစားရတာမို့ စိတ်ထဲရင်းနှီးချင်နေသလို...။
"အေး.. အေး ခေါ်သွားကွာ.. ကျူရှင်သာသွားကြိုပြီးခေါ်သွားချေ။ ငါ့သားလဲအပေါင်းအသင်းနဲ့အပြင်သွားချိန်ရှိဦးမှပေါ့။ သူ့အမေကို ဦးလေးကကျူရှင်အချိန်ပိုလို့ပြောထားတယ်လို့ ပြောပေးကွ ဟုတ်လားသား"
"ဟုတ်ကဲ့... ဦးလေးကျေးဇူးပါဗျ"
"ကျူရှင်ကတော့ ဒီလမ်းတည့်တည့်ထွက်ပြီး ညာဘက်ကိုချိုးပြီးအဆုံးထိစီးသွား အဲ့မှာပညာ့အလင်းဆိုတဲ့ဆိုင်းဘုတ်ကြီးရှိမယ် အဲ့တာဘဲ"
"ကျေးဇူးပါ ဦးလေး.. သွားလိုက်ပါဦးမယ်ဗျ"
ခွန်ပြည့်ကစက်ဘီးကိုလျင်မြန်စွာစီးလာလိုက်တော့ ၁၀မိနစ်မျှလောက်တွင်ပင် ကျူရှင်ရှေ့သို့ဆိုက်ရောက်လာ၏။ စက်ဘီးကိုရပ်ရင်း ဘောင်းဘီအိတ်ထဲမှ ဖုန်းလေးကိုထုတ်ရင်းဂိမ်းဆော့နေလိုက်သည်။ သူ့ဖုန်းကဆင်းကဒ်မထည့်ထားဘဲ အမေကအပျင်းပြေဆော့ဖို့ရာ၀ယ်ပေးထားခြင်းဖြစ်၏။
ငါးနာရီထိုးတာနဲ့ဖုန်းပိတ်ပြီးရပ်စောင့်နေမိတော့ တရွေ့ရွေ့ထွက်လာသောလူတွေကြားထဲတွင်လေပြေဟာ အနွေးထည်လေးကိုလျော့ရဲရဲ၀တ်ဆင်ထားခဲ့လျက်။ သူကမြင်သာအောင်လေပြေ့ထံလက်လှမ်းပြလိုက်ရင်း
"လေပြေ"
"ဟင်.. ခွန်ပြည့် ဘာလာလုပ်တာလဲကွ"
"မင်းကိုလာကြိုတာပေါ့"
လေပြေ့ရဲ့နားမလည်သလို မျက်လုံးဝိုင်းစက်စက်လေးများ..။ ခွန်ပြည့်ကတော့ နှုတ်ခမ်းစွန်းလေးတစ်ချက်ကွေးရင်း ပုခုံးတွန့်ပြလျက်။ မိုးအကုန်.. ဆောင်းအကူးမို့ဖြတ်တိုက်လာတဲ့လေထုကအေးစိမ့်စိမ့်ပေမယ့်.. သူတို့နှစ်ဦးရဲ့ရင်ခွင်ဟာကိုယ်စီနွေးနေခဲ့ကြလျက်။
#Unicode
အိမ္ေ႐ွ႕မွာေဈးဆိုင္တည္ထားတဲ့အေမ့ရဲ႕ခေနာ္နီ၊ ခေနာ္နဲ႔ထမင္းဆိုင္ေလးမွာသူဝိုင္းကူလုပ္ေပးေနခိုက္ အသီးသီးဆိုက္ေရာက္လာတဲ့စက္ဘီးေတြ..။
"ေလေျပ"
"ဟာ ေအာင္ေက်ာ္တို႔.. ခြန္ျပည့္ေရာပါတာဘဲ"
"အင္း"
ခြန္ျပည့္က အိမ္ေနရင္းအက်ႌႏြမ္းႏြမ္းေလးနဲ႔ေလေျပ့ကိုၾကည့္ရင္း ေမးဆတ္ျပ၏။ ေအာင္ေက်ာ္ႏွင့္အတူ ခြန္ျပည့္အပါအ၀င္ ေနာက္ထပ္ေကာင္ေလးသုံးေလးေယာက္။ ဘုန္းခန္႔ေတာ့မပါေခ်..။ ေလေျပကစက္ဘီးေတြနားခပ္သြက္သြက္ေလးေလွ်ာက္လွမ္းသြားခိုက္
"ေလေျပ.. အျပင္သြားဖို႔မစဥ္းစားနဲ႔ေနာ္။ အလုပ္ေတြ႐ွိေသးတယ္"
"ဟုတ္ကဲ့ပါအေမရ"
ခြန္ျပည့္ကစက္ဘီးကိုခြလ်က္၊ ေျခေထာက္ရပ္ေနရာမွ ေလေျပတို႔အိမ္ကိုအကဲခတ္ေနမိ၏။ ၁၅ေပပတ္လည္မွ်က်ယ္၀န္းေသာသစ္သားအိမ္ေလးရဲ႕ေ႐ွ႕တြင္ တြဲလ်က္ထမင္းဆိုင္ေလးဖြင့္ထားျခင္း။
အိမ္ေ႐ွ႕ေထာင့္မွသရက္ပင္အိုႀကီးကိုတစ္ခ်က္မွ်ေမာ့ၾကည့္ရင္း ဟိုတစ္ေန႔ကေက်ာင္းအျပန္သရက္သီးသြားခိုးခူးတဲ့အေၾကာင္းကိုသတိရသြား၏။
ႏွမ္းခိုးစားတဲ့မင္းသားကို တကၠသိုလ္ပါေမာကၡႀကီးက႐ိုက္တယ္ဆို သူတို႔သရက္သီးသြားခိုးခူးစားေၾကာင္း အတန္းပိုင္သိလွ်င္ေရာ.. ေတြးရင္းမွတင္ပါးပင္ စပ္ဖ်င္းဖ်င္းျဖစ္သြားရသည္။
"ပုံစံၾကည့္ရတာ လိုက္မရဘူးဘဲ ေလေျပ"
"ေအး ငါအိမ္အလုပ္ေတြကူေပးရဦးမွာကြ.. မင္းတို႔ဘယ္သြားမလို႔လဲ"
"လူပ်ိဳလွည့္ေလ ဟဲ ဟဲ"
ေအာင္ေက်ာ့္ရဲ႕စပ္ၿဖဲၿဖဲအသံေၾကာင့္ ေလေျပကခြန္ျပည့္ကိုလွမ္းၾကည့္မိသြား၏။ ခြန္ျပည့္လူပ်ိဳလွည့္လိုတဲ့မိန္းကေလးဟာ ဘယ္သူမ်ားပါလိမ့္။ ေသခ်ာတာေတာ့ အိေမမျဖစ္ႏိုင္ေတာ့။
"ဟဲ့.. ေလေျပ မင္းစကားေျပာလို႔မၿပီးႏိုင္ဘူးလား.. ဒီကိုလာကူလွည့္ဦး"
သူငယ္ခ်င္းေတြေ႐ွ႕ပင္မေ႐ွာင္၊ မာန္မဲလြန္းေနေသာေလေျပ့အေမေၾကာင့္ ခြန္ျပည့္မ်က္ေမွာင္ေလးတစ္ခ်က္ကုပ္မိ၏။ ေလေျပကေတာ့ေခါင္းေလးပုရင္း အေမစိတ္ဆိုးေတာ့မွာဘဲ လို႔ ခပ္တိုးတိုးဆိုကာ ႏႈတ္ဆက္ၿပီးတန္းေနေအာင္လွည့္ထြက္သြားေလၿပီ။
"သူ႕မားသားႀကီးက ဘာအထာလဲကြ"
"အေနာ္ရထာေလ"
"မင္းဘိုးေအအေနာ္ရထာလား ငါေမးတာ.. ငါတို႔နဲ႔ေပါင္းတာမႀကိဳက္လို႔လား"
ေအာင္ေက်ာ္ႏွင့္စက္ဘီးခ်င္းယွဥ္နင္းလာရင္း အလိုမက်စြာသူေမးမိေသာစကားသံ..။ အေမဘဲျဖစ္ပါေစဦး.. ဒီေလာက္ေလေျပ့အေပၚအထပ္စီးဆန္ေနပုံကို သူသေဘာမက် ၿပီးေတာ့ ေလေျပ့ကိုၾကည့္ေသာ ႏူးညံ့မေနတဲ့မ်က္၀န္းေတြ..။
"ဘယ္ကသာ.. သူ႕မားသားႀကီးကတယူသန္ကြ၊ ေ႐ွး႐ိုးဆန္တယ္ဆိုပါေတာ့"
အေအးဆိုင္ခဏ၀င္ထိုင္ၾကဦးမွာမို႔ အေအးဆိုင္ေ႐ွ႕တြင္ စက္ဘီးေဒါက္ကိုယ္စီေထာက္ကာ၀င္ထိုင္လိုက္ၾက၏။ တနဂၤေႏြညေနဟာ ဆည္းဆာေရာင္ပက္ျဖန္းတာမို႔ ဝင္းဝါလို႔ေနခဲ့သည္။
"ေျပာစမ္းပါဦး"
"အေအးမွာပါရေစဦးဟ! လိေမၼာ္ရည္တစ္ခြက္အန္တီ"
"...
"သူတို႔မိသားစုမွာကြာ သူ႕အေဖကအစိုးရ၀န္ထမ္းကြာ၊ ရာထူးခပ္ျမင့္ျမင့္ထဲကဆိုပါေတာ့။ အဲ့.. သူ႕အကိုလက္ထပ္ထိ ေသာက္ရမ္းခ်မ္းသာတယ္ေပါ့ကြာ။ ကံဆိုးခ်င္ေတာ့ ေလေျပေမြးမွစီးပြားေရးကခြၽတ္ျခဳံက်တာ ဒီအေျခအေနထိျဖစ္သြားတယ္ဆိုပါေတာ့"
"အဲ့ေတာ့"
"အဲ့ေတာ့ဘြားေတာ္က ေလေျပ့ကို ၿဂိဳဟ္ေကာင္ေလးလို႔ကင္ပြန္းတပ္ရင္း မုန္းတာေပါ့ကြာ.. ၿပီးေတာ့ ေလေျပေမြးၿပီးသိပ္မၾကာခင္မွာဘဲ သူ႕အေဖမွာေရာဂါျဖစ္လာလို႔ အသက္မျပည့္ဘဲပင္စင္ယူလိုက္ရတယ္ ဆိုလား"
"က်စ္! ဒါကံၾကမၼာဘဲ"
"ေအးေလ.. ဒါကိုငါတို႔လူငယ္ေတြကနားလည္တယ္ေလ. လူႀကီးေတြကနားမလည္တာ"
"ဒါေတြ မင္းဘယ္လိုသိတာလဲ"
"ဘုန္းခန္႔ေျပာတာေလ.. သူတို႔ကငယ္သူငယ္ခ်င္းေတြတဲ့"
"ေအာ္..
ခြန္ျပည့္ကေခါင္းညိတ္ရင္း ေရခဲေရတစ္ခြက္ကိုပင္ ခပ္ေငးေငးေသာက္ေန၏။ မ်က္လုံးထဲမွာ ေလေျပရဲ႕သိမ္ငယ္ပုံေလးေတြကိုတခုခ်င္းျပန္ျမင္ၿပီး ရင္ထဲကမခ်ိရသလို။ ဖိနပ္စုတ္.. လြယ္အိတ္ေပါက္ သူ႕အေမကလြန္လြန္းတယ္လို႔ေတြးရင္း သူစိတ္ပ်က္ေနမိသည္။
"ေလေျပက သနားစရာဘဲ"
ၿငိမ္ကုပ္နားေထာင္ေနရမွ၀င္ေျပာလာတဲ့ေဝယံေၾကာင့္ သူ႕ရင္မွာပိုေဆြးလ်လ်..။ ေလေျပ့ကိုဒီဘ၀ထဲကကယ္ထုတ္ေပးခ်င္စိတ္ေတြဟာ တဖြားဖြား။
"ေဟ့ေရာင္ေတြ.. ေလေျပ့ေ႐ွ႕ဒီစကားေတြျပန္မေျပာနဲ႔ေနာ္။ ႐ွက္သြားဦးမယ္"
"ငါတို႔လဲ အဲ့ေလာက္ေတာ့ဦးေႏွာက္႐ွိပါတယ္ကြ.. ေျပာမလား"
ၿငိမ္သက္သြားတဲ့ေကာင္ေတြကိုၾကည့္ရင္း ခြန္ျပည့္မခ်ိျပဳံးျပဳံးမိ၏။ သူတို႔အတန္းကအဆိုးဆုံးလို႔ေက်ာင္းမွာဩဘာေပးခံရေပမဲ့ သူတို႔ေက်ာင္းသူ၊ ေက်ာင္းသားအခ်င္းခ်င္းအတြက္ေတာ့ ေမတၱာတရားျပည့္ႏွက္ေနတဲ့အခန္းတစ္ခုပင္။
ရန္ျဖစ္စရာမ႐ွ္ိရင္ အခ်င္းခ်င္းရန္ျဖစ္ၾကေပမဲ့.. ကိုယ့္အတန္းကဘယ္ေကာင့္ကိုလာထိထိ၊ ခ်ိန္းထိုးဖို႔၀န္မေလးတဲ့အတန္းပင္။
"ဒါနဲ႔ Gခန္းကေကာင္မေလးအေၾကာင္းမင္းၾကားလား"
"ၾကားၿပီးၿပီ"
"အဲ့အတန္းပိုင္တကယ္မမိုက္ဘူးကြာ"
"ေအးေလ.. မနက္ျဖန္သူ႕မိဘမျဖစ္မေနေခၚလာရမယ္ဆို၊ ဟိုဘဲေရာဘဲ"
"ေယာက်ၤားေလးကအဲ့လိုကိစၥနဲ႔မိဘေခၚရလဲ ဘာမွမျဖစ္ေပမဲ့.. မိန္းကေလးကက်ကိစၥ႐ွိတယ္ေလကြာ"
ခြန္ျပည့္ကၾကားၿပီးျဖစ္ေပမဲ့ ၀င္မေျပာဘဲၿငိမ္သက္ေနလိုက္မိ၏။ ေက်ာင္းသားဘ၀မွာ ဒီလိုအခ်စ္ေရးကိစၥကအနည္းနဲ႔အမ်ား၀င္႐ႈပ္တတ္ၿမဲ။ သူကိုယ္တိုင္လဲ႐ႈပ္တယ္ဆိုေပမဲ့ အေပ်ာ္သေဘာဆိုတဲ့ေခါင္းစဥ္ေအာက္ကမေသြဖယ္။
ႏွမခ်င္းမစာမနာေျပာရရင္.. သူဘယ္မိန္းကေလးကိုမွအတည္မခ်စ္။ သို႔ေသာ္ဘယ္သူ႕ကိုမွလဲ လြန္စြာမက်ဴးလြန္ျဖစ္ခဲ့။ ေနာင္ဘယ္လိုလာမလဲမသိေပမဲ့ ယခုခ်ိန္ထိသူစည္းေစာင့္၏။
ေက်ာင္းသားဘ၀က ျဖဴစင္လြန္းတာမို႔ သူကိုယ္တိုင္လဲအေရာင္စြန္းထင္မခံခ်င္သလို သူ႕ေၾကာင့္နဲ႔ဘယ္သူ႕ကိုမွအေရာင္မစြန္းထင္ေစခ်င္တာမို႔..။
"သူကငါ့ညီမ၀မ္းကြဲရဲ႕သူငယ္ခ်င္းအရင္းႀကီးဘဲကြ.. သူေသခ်င္ေလာက္ေအာင္စိတ္ညစ္တယ္တဲ့။ ငါ့ညီမကေတာ့ သူ႕သူငယ္ခ်င္းအစားစိတ္ညစ္ၿပီးတဆူဆူေျပာေနတာ မေန႔ကေရာ၊ဒီေန႔ေရာဘဲေဟ့"
"ေအးေပါ့ကြာ.. အဓိပၸာယ္မ႐ွိတာဘဲ။ ဒီအ႐ြယ္ခ်စ္တာအျပစ္လား.. ၿပီးေတာ့ အခ်င္းခ်င္းေပးတဲ့စာကို ၁၀တန္းအခန္းေ႐ွ႕ထိသြားဖတ္ျပတာႀကီးက တကယ္လြန္တာ"
"ငါလဲ အဲ့တာကိုေတာ္ေတာ္သေဘာမက်ဘူး"
ခြန္ျပည့္ကၿငိမ္ေနရာမွမွတ္ခ်က္၀င္ေပးမိ၏။ ေယာက်ၤားေလးတစ္ေယာက္ကို ကိုယ္ျပန္ေပးမဲ့ဆက္သြယ္စာကို အဲ့ေယာက်ၤားေလးရဲ႕အတန္းေ႐ွ႕မွာဖြင့္ဖတ္ျပခံရျခင္း.. ေတြး႐ုံနဲ႔တင္ ေကာင္မေလးရဲ႕အ႐ွက္ခြဲခံရမႈအတိုင္းအတာကိုသူမွန္းဆမိ၏။
"ငါတို႔အတန္းပိုင္ဆို အဲ့လိုလုပ္မွာမဟုတ္ဘူးေနာ္"
သူတို႔အားလုံးတညီတၫႊတ္တည္းေထာက္ခံမိ၏။ ဆရာမရဲ႕မ်က္ႏွာခ်ိဳေအးေအးကိုျပန္ေတြးရင္း မိခင္တစ္ဦးလိုခံစားရကာ ေခါင္းညိမ့္မိၾကသည္။ ထို႔ေနာက္ေတာ့ ေက်ာင္းသားဘ၀ရဲ႕ျဖဴစင္လွေသာအခ်စ္ဇာတ္လမ္းေလးရဲ႕ဆိုးက်ိဳးအတြက္ ၿပိဳင္တူသက္ျပင္းခ်မိၾကျပန္၏။
... 💜 ...
"ကန္ထဲခုန္ခ်ေသသြားတာ ဟုတ္လား"
ေ႐ႊရည္က မ်က္ရည္ေလးပင္ ေဝ့တက္လာရင္းပါးစပ္ကိုလက္ဝါးေလးႏွင့္အုပ္လိုက္မိ၏။။ တနလၤာေန႔ရဲ႕မနက္ခင္းမွာေတာ့ ဆရာမမ်ားသည္သူတို႔အခန္းထဲစာလာမသင္ၾကေခ်။ အေရးအေပၚအစည္းအေဝးေခၚၾကၿပီထင္ရဲ႕။
အ႐ွက္ႀကီးလွေသာGခန္းမွေကာင္မေလးဟာ အ႐ွက္နဲ႔အသက္ကိုလဲထပ္ျပရင္း အတန္းပိုင္ဆရာမကိုေနာင္တတေပြ႕ေပးသြားခဲ့ေလၿပီ။ အတန္းခ်င္းမတူတဲ့သူတို႔ပင္ ဤမွ်စိတ္မေကာင္းျဖစ္ၾကလွ်င္ Gခန္းမွအတန္းသူ၊ အတန္းသားမ်ား မည္မွ်ယူက်ံဴးမရျဖစ္ၾကေလမည္နည္း။
အရင္ကဆူညံေနက်သူတို႔အတန္းေလးပင္ ဆရာမမ႐ွိေသာ္လည္း အလိုအေလ်ာက္ၿငိမ္က်သြားရ၏။ ေလေျပကလဲ အရင္လိုမအိပ္ေနဘဲေငးေငးေလး႐ွိသလို ေက်ာင္းလူဆိုးေလးတစ္သိုက္ကလဲ မ်က္ေမွာင္ေလးေတြကိုယ္စီကုတ္ရင္း အခန္းျပင္ကိုေငးေနၾကသည္။
"အားလုံးမတ္တပ္ရပ္.. ဆရာမကိုႏႈတ္ဆက္"
"ေန ေန ကဲ.. အားလုံးဘဲ ဆရာမမေျပာလဲ သားတို႔၊ သမီးတို႔ၾကားၿပီးၿပီထင္ပါတယ္"
"ၾကားၿပီးပါၿပီ ဆရာမ"
"အဲ့ေတာ့.. ဆရာမလဲ သမီးတို႔ရဲ႕သူငယ္ခ်င္းမေလးအတြက္ စိတ္မေကာင္းဘူးေပါ့ ဟုတ္လား ဒါေပမဲ့.."
ဆရာမက အတန္းျပင္ကိုၾကည့္ရင္း ေခါင္းကိုတစ္ခ်က္ေမာ့လိုက္၏။ ထို႔ေနာက္ တိမ္၀င္စအသံေပ်ာက္ေစရန္ ေခ်ာင္းဟန္႔သံတစ္ခ်က္ထပ္ျပဳရင္း
"ဆရာမတစ္ခုေတာင္းဆိုခ်င္တယ္.. ဆရာမတို႔အတန္းမွာေရာ၊ ဒီေက်ာင္းႀကီးမွာေရာ အဲ့လိုကေလးမ်ိဳး ေနာက္ထပ္ဘယ္သူ႕ကိုမွမေပၚေစခ်င္ေတာ့ဘူး ဟုတ္လား"
မိန္းကေလးတန္းကေကာင္မေလးမ်ားဟာ မ်က္ရည္ေဝ့တက္လာၾကသလို.. ေကာင္မေလးတစ္ေယာက္က စာေရးခုံေပၚေခါင္းပင္ေမွာက္ထား၏။ သူမဟာလဲ Gခန္းကေကာင္မေလးရဲ႕ သူငယ္ခ်င္းအရင္းေလးတစ္ဦးျဖစ္ေလသည္။
"အဲ့ေတာ့ ေနာက္ေနာင္ ဆရာမတို႔ေက်ာင္းက ဘယ္ဆရာမကမွ ဒီလိုအမွားမ်ိဳးက်ဴးလြန္မွာမဟုတ္သလို.. သားတို႔၊ သမီးတို႔ဘက္ကလဲ သူငယ္ခ်င္းေတြအခ်င္းခ်င္းေႏြးေထြးၾကင္နာေပးရမယ္။ ဘယ္အားနည္းခ်က္ကိုမွေလွာင္ေျပာင္တာမ်ိဳးမလုပ္ၾကရဘူး.. ေဖးမေပးရမယ္ ၿပီးေတာ့ နားလည္ေပးရမယ္ ဟုတ္ၿပီလား"
"...
"ဒါေပမဲ့ ဆရာမအတန္းက ကေလးေတြက လိမၼာၿပီးသားပါ ဟုတ္လား.. အခ်င္းခ်င္းလဲကူညီတတ္ၾကတယ္လို႔ ဆရာမမွတ္ယူခ်င္တယ္ေနာ္။ ၿပီးေတာ့ ဒီေန႔ဆရာမေတြအလုပ္႐ႈပ္မွာမို႔ မ၀င္ျဖစ္တာမ်ိဳး႐ွိရင္ ၿငိမ္ၿငိမ္ေလးေနေပးၾကမယ္မလား"
"ဟုတ္ကဲ့ပါ ဆရာမ"
ဆရာမက ကတိုက္က႐ိုက္ေျပာရင္း အခန္းျပင္ျပန္ထြက္သြား၏။ ႐ိႈက္ႀကီးတငင္ငိုေနသူေကာင္မေလးကို သူငယ္ခ်င္းမေလးေတြကဝိုင္းေခ်ာ့ၾက၏။ သူတို႔စိတ္ထဲ သူတို႔အခန္းထဲမွဘယ္သူ႕ကိုမွ အဲ့လိုမျဖစ္ေစရဟုဆုံးျဖတ္မိၾကသည္။
ေက်ာင္းေတာ္ႀကီးအတြင္း႐ွိ အခန္းတိုင္းမွေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္လဲ ဤသို႔ပင္ဆုံးျဖတ္မိၾကေလမည္။ Gခန္းကေက်ာင္းသူ၊ ေက်ာင္းသားမ်ားသည္လည္း ေနာင္တရစြာနဲ႔ဤသို႔ပင္ ဆုံးျဖတ္ခ်က္ခ်မိၾကေပလိမ့္မည္။
ဒီအ႐ြယ္ဟာႀကိဳးတန္းေပၚလမ္းေလွ်ာက္သူဆိုႀကိဳးရဲ႕အစြန္းစေလးႏွစ္ဖက္တြင္ တစ္ဖက္ကိုမိဘကဆုပ္ကိုင္ထားၿပီး တစ္ဖက္ကိုဆရာကဆုပ္ကိုင္ထားေပလိမ့္မည္။ ႀကိဳးကိုင္သူရဲ႕လြဲမွားတဲ့ဆုပ္ကိုင္မႈတစ္ခ်က္အေပၚမွာလဲ ထိုကေလးရဲ႕အသက္နဲ႔ဘ၀ဟာ လြင့္ပါးသြားတတ္ေသး၏။
... 💜 ...
"ခြန္ျပည့္စာေတြရၿပီလား"
နီးကပ္လာေသာႏွစ္၀က္စာေမးပြဲအေၾကာင္းကို ေဝႏွင္းေျပာမွသူသတိရ၏။ သံပုရာရည္ခြက္ခပ္ေအးေအးကိုတငုံေသာက္လိုက္ၿပီးမွ
"မၾကည့္ျဖစ္ပါဘူး.. ငါက ေက်ာင္းစာမွာဝါသနာမထုံဘူး"
"ခြန္ျပည့္ရယ္ စာႀကိဳးစားပါဟယ္.. နင္ဒီလိုဘ၀ရည္မွန္းခ်က္မ႐ွိရင္.."
"မ႐ွိဘူးလို႔ ငါေျပာမိလား ေဝ"
"နင္ေက်ာင္းစာမက်က္မွေတာ့ ဘာလုပ္စားမွာလဲ။ ၉တန္းေအာင္မွ ဆယ္တန္းတက္လို႔ရမယ္။ ဆယ္တန္းေအာင္မွ တကၠသိုလ္တက္လို႔ရမယ္ေလ။ ဘြဲ႕ရမွ အလုပ္ေကာင္းေကာင္းရမယ္"
"နင္တို႔မိန္းကေလးေတြက ဒီေလာက္ဘဲေတြးတတ္တာ။ ဘြဲ႕မရေတာ့ေရာ ဘာအေရးလဲ။ ငါျဖစ္ခ်င္တာနဲ႔ဘြဲ႕က ဘာမွမဆိုင္ဘူး ၿပီးေတာ့ ငါဘာဘြဲ႕မွမမက္ဘူး"
"ဟယ္.. ငါ့ဦးေလး"
"က်စ္!"
စိတ္႐ႈပ္သြားတဲ့ၾကားမွ အေအးဆိုင္ထဲေျပး၀င္သြားတဲ့ေဝ့အတြက္ သူ႕ဦးေလးအေျခအေနကို လွမ္းၾကည့္ေပးရေသး၏။
"ရၿပီလား"
"ရၿပီ.. ရၿပီ"
"ငါသြားေတာ့မယ္ဟာ.. ထြက္လာတာၾကာၿပီ။ လမ္းထိပ္ခဏဆိုၿပီး ထြက္လာတာ"
"ေအး"
ခြန္ျပည့္ကပိုက္ဆံ႐ွင္းၿပီး စက္ဘီးကိုတြန္းရင္း စကားေျပာလို႔ရေအာင္ ခပ္လွမ္းလွမ္းကေလွ်ာက္လိုက္လာ၏။ လူႀကီးတစ္ေယာက္ေယာက္မိရင္မလြယ္ဘူး မဟုတ္လား။
"ငါ့သူငယ္ခ်င္းေတြေျပာတယ္ နင္ကအရမ္း႐ႈပ္တာဘဲဆို"
"အဟက္! မဟုတ္ပါဘူး"
"ဟုတ္ပါတယ္.. ျပန္ေတာ့ ျပန္ေတာ့ ဒီနားမွာအေမ့အသိေတြ႐ွိတယ္"
"ေအး"
လြတ္လပ္ေရးရသြားသူလို ခြန္ျပည့္ကစက္ဘီးေပၚလႊားခနဲတက္ရင္းထြက္လာမိ၏။ နင္းမိနင္းရာ၊ နင္းလာမိတာ ေလေျပ႐ွိရာရပ္ကြက္ေလးထံသို႔.. ေလေျပတို႔ဆိုင္ေလးေ႐ွ႕တြင္ ေယာင္တိေယာင္ေတာင္စက္ဘီးရပ္ရင္း ဆင္းလာမိေတာ့ ဆိုင္ေ႐ွ႕တြင္ထိုင္ေနေသာဦးေလးႀကီးတစ္ေယာက္။ ေလေျပ့ကိုကမေတြ႕..။
"ဟင္း၀ယ္မို႔လား သား"
"မဟုတ္ပါဘူးဗ်.. ကြၽန္ေတာ္ ေလေျပ... ေလေျပလွ်မ္းခကိုလာ႐ွာတာပါ။ သူ႕သူငယ္ခ်င္းပါ"
"ေအာ္.. သားကက်ဴ႐ွင္သြားတယ္ သားရဲ႕"
"ေအာ္.. ဟုတ္"
"ဒါေပမဲ့ ျပန္လာေတာ့မွာ ၅နာရီဆိုျပန္လာၿပီ... ခုက"
"၄:၃၃ပါ ဦးေလး"
"ေအး ျပန္လာေတာ့မွာကြ"
"ကြၽန္ေတာ္သူ႕ကိုအျပင္ခဏေခၚသြားခ်င္လို႔.. ဟိုဟာ ဒီေန႔ကြၽန္ေတာ့္ေမြးေန႔ဆိုေတာ့ သူငယ္ခ်င္းေတြစုမုန္႔စားမလို႔ဗ်"
အလိမ္အညာစကားကို အဆင္ေခ်ာစြာထြက္လာတဲ့အတြက္ မိမိကိုယ္မိမိဂုဏ္ယူလိုက္မိ၏။ ညိဳးႏြမ္းေသာသ႑န္႐ွိေပမဲ့ ျပဳံး႐ႊင္ေသာလူႀကီးဟာ ေလေျပ့ကိုခ်စ္႐ွာမယ္လို႔ သူခံစားရတာမို႔ စိတ္ထဲရင္းႏွီးခ်င္ေနသလို...။
"ေအး.. ေအး ေခၚသြားကြာ.. က်ဴ႐ွင္သာသြားႀကိဳၿပီးေခၚသြားေခ်။ ငါ့သားလဲအေပါင္းအသင္းနဲ႔အျပင္သြားခ်ိန္႐ွိဦးမွေပါ့။ သူ႕အေမကို ဦးေလးကက်ဴ႐ွင္အခ်ိန္ပိုလို႔ေျပာထားတယ္လို႔ ေျပာေပးကြ ဟုတ္လားသား"
"ဟုတ္ကဲ့... ဦးေလးေက်းဇူးပါဗ်"
"က်ဴ႐ွင္ကေတာ့ ဒီလမ္းတည့္တည့္ထြက္ၿပီး ညာဘက္ကိုခ်ိဳးၿပီးအဆုံးထိစီးသြား အဲ့မွာပညာ့အလင္းဆိုတဲ့ဆိုင္းဘုတ္ႀကီး႐ွိမယ္ အဲ့တာဘဲ"
"ေက်းဇူးပါ ဦးေလး.. သြားလိုက္ပါဦးမယ္ဗ်"
ခြန္ျပည့္ကစက္ဘီးကိုလ်င္ျမန္စြာစီးလာလိုက္ေတာ့ ၁၀မိနစ္မွ်ေလာက္တြင္ပင္ က်ဴ႐ွင္ေ႐ွ႕သို႔ဆိုက္ေရာက္လာ၏။ စက္ဘီးကိုရပ္ရင္း ေဘာင္းဘီအိတ္ထဲမွ ဖုန္းေလးကိုထုတ္ရင္းဂိမ္းေဆာ့ေနလိုက္သည္။ သူ႕ဖုန္းကဆင္းကဒ္မထည့္ထားဘဲ အေမကအပ်င္းေျပေဆာ့ဖို႔ရာ၀ယ္ေပးထားျခင္းျဖစ္၏။
ငါးနာရီထိုးတာနဲ႔ဖုန္းပိတ္ၿပီးရပ္ေစာင့္ေနမိေတာ့ တေ႐ြ႕ေ႐ြ႕ထြက္လာေသာလူေတြၾကားထဲတြင္ေလေျပဟာ အေႏြးထည္ေလးကိုေလ်ာ့ရဲရဲ၀တ္ဆင္ထားခဲ့လ်က္။ သူကျမင္သာေအာင္ေလေျပ့ထံလက္လွမ္းျပလိုက္ရင္း
"ေလေျပ"
"ဟင္.. ခြန္ျပည့္ ဘာလာလုပ္တာလဲကြ"
"မင္းကိုလာႀကိဳတာေပါ့"
ေလေျပ့ရဲ႕နားမလည္သလို မ်က္လုံးဝိုင္းစက္စက္ေလးမ်ား..။ ခြန္ျပည့္ကေတာ့ ႏႈတ္ခမ္းစြန္းေလးတစ္ခ်က္ေကြးရင္း ပုခုံးတြန္႔ျပလ်က္။ မိုးအကုန္.. ေဆာင္းအကူးမို႔ျဖတ္တိုက္လာတဲ့ေလထုကေအးစိမ့္စိမ့္ေပမယ့္.. သူတို႔ႏွစ္ဦးရဲ႕ရင္ခြင္ဟာကိုယ္စီေႏြးေနခဲ့ၾကလ်က္။
#Zawgyi
#Blfic
-Hanna
2021 Sep 27 Mon
10:15PM