သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်...

By Hot_Tofu1

362K 53.5K 5.9K

Myanmar Translation [ BL ] This is my third translation. I hope you enjoy it. Both unicode and zawgyi are... More

Introduction {Z}
Introduction {U}
အတွဲ ၁ , ၁.၁ { Z }
အတှဲ ၁ , ၁.၁ { U }
၁.၂ {Z}
၁.၂ {U}
၂.၁ {Z}
၂.၁ {U}
၂.၂ {Z}
၂.၂ {U}
၃.၁ {Z}
၃.၁ {U}
၃.၂ {Z}
၃.၂ {U}
၎.၁ {Z}
၎.၁ {U}
၎.၂ {Z}
၎.၂ {U}
၅.၁ {Z}
၅.၁ {U}
၅.၂ {Z}
၅.၂ {U}
၆.၁ {Z}
၆.၁ {U}
၆.၂ {U}
၆.၂ {Z}
၇.၁ {Z}
၇.၁ {U}
၇.၂ {Z}
၇.၂ {U}
၈.၁ {Z}
၈.၁ {U}
၈.၂ {Z}
၈.၂ {U}
၉.၁ {Z}
၉.၁ {U}
၉.၂ {Z}
၉.၂ {U}
၁၀.၁ {Z}
၁၀.၁ {U}
၁၀.၂ {Z}
၁၀.၂ {U}
၁၁.၁ {Z}
၁၁.၁ {U}
၁၁.၂ {Z}
၁၁.၂ {U}
၁၂ {Z}
၁၂ {U}
၁၃.၁ {Z}
၁၃.၁ {U}
၁၃.၂ {Z}
၁၃.၂ {U}
၁၄.၁ {Z}
၁၄.၁ {U}
၁၄.၂ {Z}
၁၄.၂ {U}
၁၅.၁ {Z}
၁၅.၁ {U}
၁၅.၂ {Z}
၁၅.၂ {U}
၁၅.၃ {Z}
၁၅.၃ {U}
၁၆.၁ {Z}
၁၆.၁ {U}
၁၆.၂ {Z}
၁၆.၂ {U}
အတွဲ ၂ , ၁၇.၁ {Z}
အတှဲ၂ , ၁၇.၁ {U}
၁၇.၂ {Z}
၁၈.၁ {Z}
၁၈.၁ {U}
၁၈.၂ {Z}
၁၈.၂ {U}
၁၉ {Z}
၁၉ {U}
၂၀ {Z}
၂၀ {U}
၂၁.၁ {Z}
၂၁.၁ {U}
၂၁.၂ {Z}
၂၁.၂ {U}
၂၂.၁ {Z}
၂၂.၁ {U}
၂၂.၂ {Z}
၂၂.၂ {U}
၂၂.၃ {Z}
၂၂.၃ {U}
၂၃.၁ {Z}
၂၃.၁ {U}
၂၃.၂ {Z}
၂၃.၂ {U}
၂၄.၁ {Z}
၂၄.၁ {U}
၂၄.၂ {Z}
၂၄.၂ {U}
၂၅.၁ {Z}
၂၅.၁ {U}
၂၅.၂ {Z}
၂၅.၂ {U}
၂၆.၁ {Z}
၂၆.၁ {U}
၂၆.၂ {Z}
၂၆.၂ {U}
၂၇.၁ {Z}
၂၇.၁ {U}
၂၇.၂ {Z}
၂၇.၂ {U}
၂၈.၂ {Z}
၂၈.၁ {Z}
၂၉.၁ {Z}
၂၈.၁ {U}
၂၈.၂ {U}
၂၉.၁ {U}
၂၉.၂ {Z}
၂၉.၂ {U}
၃၀ {Z}
၃၀ {U}
၃၁ {Z}
၃၁ {U}
အတွဲ ၂, ၃၂ {Z} ဇာတ်သိမ်း
အတွဲ ၂, ၃၂ {U} ဇာတ်သိမ်း

၁၇.၂ {U}

3.1K 643 127
By Hot_Tofu1

ON SEP 8, 2021 BY Hot_Tofu

Chapter 17.2, Arc 2: ထပ်ခိုးထဲမှချစ်သူ

ကလစ်—

ယောင်းယီအသင့်ပြင်ကာရပ်စောင့်နေချိန်၊
အိမ်ရှေ့တံခါးမကြီးသည်ပွင့်လာခဲ့သည်။
ထိုတံခါးတစ်ဖက်ခြမ်းမှရှည်လျားကာ
ပင်လယ်ရေညှိများသဖွယ်ဆံပင်ရှည်
ကြီးအားပိုင်ဆိုင်ထားသည့်အလွန်လှပ
သောအမျိုးသမီးတစ်ဦးထွက်လာခဲ့သည်။
သို့သော်လည်းသူမ၏မျက်နှာပေါ်မှ
ရန်လိုစိတ်နှင့်မှုန်မှိုင်းနေသည့်ပုံသည်
ချောမောမှုအစားကြောက်ရွံမှုကိုသာ
ဖြစ်ပေါ်စေသည်။

"ဘာလို့ဒီလောက်ထိတောင်နောက်ကျနေရ-!?"

ပိုက်ပြင်သမားအားတစ်နေ့လုံးနီးပါး
စောင့်ဆိုင်းနေခဲ့ရသည့်အတွက်
ထိုချောမောလှပလှသောအမျိုးသမီးသည်
သူမ၏အကြည့်များကိုပင့်ကာ
ဆူငေါက်ရန်ကြံရုံရှိသေး၊သူမ၏
အရှေ့တွင်ရပ်နေသောလူသည်
အရင်တုန်းကလိုလာရောက်နေကြ
အိုမင်းကာပါးရေများတွန့်ကွေး
နေသည့်ပိုက်ပြင်သမား
အဖိုးကြီးမဟုတ်ဘဲ၊ထိုအစား
ရှက်ကြောက်ကာအချိုးအစား
အလွန်ပြေပြစ်တောင့်တင်းသည့်
လူငယ်လေးဖြစ်နေသည်ကို
တွေ့လိုက်ရသည်။

အလွန်အံ့ဩသင့်သွားသည့်
အလင်းတန်းများ၊သူမ၏
မျက်လုံးထဲ၌ဖြတ်ပြေးသွားခဲ့သည်။
သူမ၏နှလုံးသားလေးသည်လည်း
ဘဝတစ်လျှောက်လုံးတစ်ခါမှ
မခံစားခဲ့ရဖူးသောခံစားချက်များ
ကြောင့်မြန်ဆန်လာတော့သည်။
သူမ၏မှုန်မှိုင်းနေသောမျက်နှာသည်
နူးညံ့သိမ်မွေ့များနှင့်ပြည့်နှက်သွားကာ၊
မတတ်နိုင်စွာဖြင့်သူမ၏လေသံကိုပါ
လျော့ချ၍တိုးဖျော့စွာပြောလိုက်သည်။

"အို ဘုရားရေ၊အပြင်မှာဒီနေ့၊နေအရမ်းပူ
နေတာဘဲ။ဒီကမောင်လေးကတော့
အတော်ပင်ပန်းနေတော့မှာဘဲ အာ"

ယောင်းယီကသိကအောက်ဖြစ်စွာ
ပြုံးရင်းပြန်ဖြေလိုက်သည်။

"ရပါတယ်ဗျာ၊ရပါတယ်၊မဒမ်။
ကျွန်တော်ကသာလာတာ
နောက်ကျသွားလို့ပါ။ဒါနဲ့၊မီးဖိုချောင်က
ဘယ်နေရာမှာလဲဆိုတာ
ကျွန်တော့်ကိုကျေးဇူးပြုပြီး
ပြောပြပေးလို့ရမလားမသိဘူး။
ကျွန်တော်ရေပိုက်ကိုအခု
ချက်ချင်းပြင်ပေးမှာမို့လို့ပါ။"

ထိုလှပသောအမျိုးသမီးသည်
မီးဖိုချောင်သို့သွားရာလမ်းအား
ညွှန်းပြချိန်တွင်သူမကိုကြည့်ရသည်မှာ၊
အနည်းငယ်ရှက်သွေးဖြာနေပုံရပြီး၊
သူမ၏ပါးမို့လေးများသည်လည်း
ပန်းဆီရောင်သမ်းနေခဲ့သည်။

ယောင်းယီတစ်ကိုယ်လုံး
ကြက်သီးမွေးညင်းများထသွားသလို
ခံစားလိုက်ရသည်။သို့သော်လည်း
သူ၏အလုပ်ဖြစ်နေသည့်အလျောက်၊
ကိရိယာပုံးအားမကာ၊မီးဖိုချောင်ဆီသို့
သာဦးတည်လိုက်သည်။ထိုလှပသော
အမျိုးသမီးသည်ယောင်းယီ၏
နောက်ကျောအားစွဲစွဲမက်မက်
စိုက်ကြည့်နေကာ၊သူမ၏
မျက်လုံးများသည်ယောင်းယီ၏
ချွေးများစိုရွှဲနေသည့်ကျောရိုး၌
သာတရစ်ရစ်ဝဲနေခဲ့သည်။

သူမသည်အလွန်ချောမောပါပေ့ဆိုသည့်
အမျိုးသားများစွာကိုမြင်တွေ့ခဲ့ဖူးပြီးပြီ
ဖြစ်သော်လည်း၊ယခုမှာပထမဆုံးအကြိမ်
သူမ၏နှလုံးသားလေးသည်ခုန်လှုပ်လာခဲ့
ခြင်းဖြစ်သည်။တံခါးမကြီးကိုပြန်လည်
ပိတ်ဆို့လိုက်ပြီးနောက်၊စက္ကန့်အနည်းငယ်
ကြာတုံ့ဆိုင်းနေပါသော်လည်း၊အဆုံးတွင်
တော့တံခါးကိုလော့ချလိုက်တော့သည်။

ယောင်းယီကတော့ ဘေစင်အောက်မှ
ရေပိုက်များအားပြုပြင်ရန်မီးဖိုချောင်
ထဲသို့အစောကြီးကတည်းကရောက်နှင့်
နေပြီဖြစ်သည်။

သူ၏သင်ယူနေဆဲဖြစ်သည့်စကေးကြောင့်
ဝက်အူတစ်ခုကိုမတော်တဆမှားလှည့်လိုက်
မိသည့်အတွက်ရေပိုက်ထဲမှရေများရုတ်တရပ်
ပန်းထွက်လာခဲ့သည်။ထို့ကြောင့်ယောင်းယီ
ခမျာရေများဖြင့်ပက်ဖြန်းခံလိုက်ရသည့်
အတွက်ရေနစ်နေသောကြွက်တစ်ကောင်
အဖြစ်အဆုံးသတ်သွားခဲ့ရသည်။

ယောင်းယီ: “…”

သွားပြီ၊သူတော့တကယ်ကိုအဆုံးသတ်ပြီ။
ရေပိုက်ကိုမပြင်နိုင်ရုံတင်မကဘူး၊ပိုဆိုး
အောင်လို့တောင်ဖျက်ဆီးလိုက်မိပြီ။

ယောင်းယီ ဗားခလုတ်ကိုပိတ်ကာ၊
ရေစီးဆင်းမှုကိုရပ်တန့်လိုက်သည်။
ထို့နောက်၊ရေများအိုင်ထွန်းနေသည့်
ဘေစင်အောက်မှကုန်းထွက်လာရုံရှိသေး
ထိုလှပသောအမျိုးသမီးသည်အချိန်ကိုက်
ဝင်ရောက်လာသည့်အတွက်သူမ၏
မျက်လုံးများကိုရှက်ကိုးရှက်ကန်းဖြစ်စွာ
ကြည့်လိုက်မိသည်။ယောင်းယီမလွဲဧကန်
ကြုံတွေ့ရတော့မည့်"လေပြင်းမုန်တိုင်းများ"
[2]အားရင်ဆိုင်ရန်သူကိုယ်သူအစောကြီး
ကတည်းကပြင်ဆင်လိုက်သည်။

[2]ခက်ခဲကာအန္တာရာယ်များသည့်
အခြေအနေ

သူရဲ့ကံကတကယ်ဆိုးတာဘဲ၊အာ။
ကော်ဖီဆိုင်မှအလုပ်ဟောင်းကိုဆုံးရှုံး
လိုက်ရသည့်အချိန်ကတည်းက၊
သဘာဝကျစွာသူအနေဖြင့်ကျိန်စာ
အတိုက်ခံလိုက်ရသလိုဖြစ်သွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော်သူ့ဆီတွင်
ဘယ်အလုပ်မှရေရှည်မမြဲတော့ပေ။
ထိုကဲ့သို့သာဆက်ဖြစ်နေမည်ဆိုပါက၊
သူအနေဖြင့်စားသောက်ဖို့ရန်တောင်
တကယ်တတ်နိုင်တော့မည်မဟုတ်ပေ။

ယောင်းယီလိုရင့်မာသောယောက်ျားကြီး
ပင်၊ဘဝ၌ယခုလိုပြင်းထန်သည့်ထိပ်တန်း
ရိုက်ခတ်မှုကြီးများအားခံယူလိုက်ရသည့်
အခါစိတ်ဆင်းရဲဒုက္ခရောက်မှုကြောင့်
မျက်ရည်များတောင်မထွက်နိုင်တော့ပေ။

[ဒီနေရာမှာမျက်ရည်တောင်မထွက်နိုင်
တော့ဘူးဆိုတာကထေ့ငေါ့ပြီးပြော
ထားတဲ့စကားလို့ထင်ပါတယ်]

"ကျွန်တော်အရမ်းတောင်းပန်ပါတယ်၊မဒမ်။
ကျွန်-ကျွန်...."

ယောင်းယီသည်၊အဆုံးတွင်တော့၊
နှစ်ဆယ်ကျော်ရုံလေးသာရှိသေးသည့်
ကလေးကြီးဖြစ်သည်။ထို့ကြောင့်
စိတ်ထိခိုက်သွားသည့်အတွက်၊သူ၏
မျက်လုံးထောင့်လေးများသည်နီရဲလာခဲ့သည်။
စိုရွှဲနေသောအဝတ်အစားများသည်သူ၏
ကိုယ်ပေါ်၌သက်တောင့်သက်သာမဖြစ်စွာ
ကပ်ရပ်နေပြီး၊ရေများသည်လည်းကြမ်းပြင်
ပေါ်သို့တတောက်တောက်ကျဆင်းနေခဲ့သည်။

"မငိုပါနဲ့ကွယ်၊အဆင်ပြေပါတယ်။
အဆင်ပြေပါတယ်"

လှပသောအမျိုးသမီးသည်ယောင်းယီ၏
သောကရောက်နေသောမျက်နှာလေးအား
တုန်လှုပ်စွာကြည့်လိုက်ပါသော်လည်း၊
သူမ၏မျက်လုံးများကတော့ထိုကလေး၏
ထင်ရှားနေသောကြွက်သားအမြောင်းများနှင့်
ချောမွတ်နူးညံ့နေသောအသားအရေပေါ်
တွင်သာဖြည်းဖြည်းချင်းစုံဆင်းနေခဲ့သည်။

ပထမအစောကြီးကတည်းကမငိုချင်သော
ယောင်းယီသည်ခေါင်းရှုပ်စွာဖြင့်သူ့အနားသို့
တဖြည်းဖြည်းစီတိုးကပ်လာသည့်အမျိုးသမီး
ကိုဗလာကျင်းစွာကြည့်နေမိခဲ့သည်မှာ၊သူ၏
တောင့်တင်းခိုင်မာသောရင်ဘတ်ကြွက်သားများ
အပေါ်သို့သူမ၏လက်ကိုမတင်လိုက်ခင်အထိ
ဖြစ်သည်။

! ! !

ရုတ်တရပ်၊ယောင်းယီအနောက်သို့ချက်ချင်း
ဆုတ်လိုက်ပြီး၊နီရဲတွတ်နေသောမျက်နှာဖြင့်
အထစ်အထစ်အအ၊မေးလိုက်မိသည်။

"မဒမ်၊ဘ-ဘာတွေလုပ်...?""

သူမနှစ်သက်ရသောလူသည်အနောက်
သို့ဆုတ်သွားသည်ကိုမြင်လိုက်ရသည့်
အခါ၊ထိုလှပသောအမျိုးသမီးသည်
ရှက်ရွံစွာဖြင့်သူမ၏လက်အား
ပြန်ရုတ်သိမ်းကာ၊ပိုပြီးဖြားယောင်း
သွေးဆောင်သည့်အသံအဖြစ်
ပြောင်း၍ပြောလာခဲ့သည်။

"အပြင်မှာအလုပ်လုပ်ရတာ၊အရမ်း
ဆိုးရွားပြီးခက်ခဲတယ်မလား အာ။
မင်းလည်းပင်ပန်းနေပြီ။မမပြောတာ
မှန်တယ်ဟုတ်?"

ယောင်းယီကတော့ ယခုအစ်မကြီး
သူ့ဆီမှဘာလိုချင်နေသလဲဆိုတာ
ကိုနားမလည်နိုင်ပေ။

သူ့ကိုကိုယ်ထိလက်ရောက်စော်ကား
ဖို့စဉ်းစားနေတာလား?

"အခုလိုမျိုး မမကိုနေ့တိုင်းအဖော်ပြုပေး
ရုံနဲ့ မမ က မင်းကိုတစ်လယွမ်ငါးသောင်း
ပေးမယ်၊အိုခေလား?"

[မြန်မာငွေနဲ့တွက်မယ်ဆို
၁၂၇ သိန်းကျော်ပါတယ်]

တစ်လလုံးကိုမှယွမ်နှစ်ထောင်
သာရသောယောင်းယီတစ်ယောက်
သူ့ကိုယ်သူအလွန်ဆင်းရဲမှန်းသိသွား
တော့သည်။

"ဒါပေမဲ့၊မဒမ်။အဲ့ဒါကအလုပ်စည်းမျဉ်းနဲ့
ကိုက်ညီမှုမရှိ..."

"ယွမ်တစ်သိန်းပေးမယ်ဆိုရင်ရော?
မမ မင်းကိုတကယ်အရမ်းသဘောကျ
လို့ပါ။ဘာကိုမှအတင်းဖိအားပေးပြီး
မလုပ်ခိုင်းပါဘူး၊ဒီတိုင်းလေးမင်းကို
ကြည့်နေရရုံနဲ့တင်အဆင်ပြေပါတယ်၊
တကယ်ပါ..."

ဘဝတစ်လျှောက်လုံးထိုကဲ့သို့
များပြားလှသည့်ငွေအမောင့်
ပမာဏကိုလုံးဝမမြင်ဖူးခဲ့သော
ယောင်းယီသည်၊နောက်ဆုံးမှာတော့
ငြင်းဆန်ဖို့ကိုလက်လျှော့လိုက်တော့သည်။

"....ကောင်းပြီလေ၊ဒါဆိုရင်တော့
အဆင်ပြေပါတယ်။

ထိုစကားကိုကြားလိုက်ရသည့်အခါ၊
ချောမောလှပသောအမျိုးသမီးသည်
ယောင်းယီ၏တောက်ပကာ
ငယ်ရွယ်သောမျက်နှာလေးကို
အလွန်စွဲလမ်းနေသည့်အကြည့်များ
ပြည့်နှက်နေသည့်မျက်လုံးများဖြင့်
စိုက်ကြည့်ရင်းနူးညံ့ညင်သာစွာ
ခပ်ဖွဖွပုတ်လိုက်သည်။

"ဒီမှာနေရင်ရော ဘယ်လိုလဲ?
မင်းလည်းသိပါတယ်၊မမဆီမှာအမွေ
ပိုင်ဆိုင်မှုစာရင်းအရ၊အခြားစိတ်ပူစရာ
ကိစ္စလေးတွေရှိနေသေးတော့မင်းကို
ခဏခဏလာတွေ့နိုင်ဖို့အတွက်ဆိုရင်၊
မမအနေနဲ့အပြင်ကိုဘယ်လိုမှထွက်မရ
ဖြစ်နေတယ်။ဒါ့ကြောင့်မင်းသာဒီမှာ
နေမယ်ဆိုပိုကောင်းမှာဘဲ...."

"ဒါပေမဲ့ အစ်မရဲ့ယောက်ျားကျတော့ရော?"

"ခင်ပွန်းဟောင်းပါ! ဟားဟား၊မင်းအနေနဲ့
သူ့ကိုကြောက်နေစရာမလိုပါဘူး....
လာ မမနောက်လိုက်ခဲ့၊ဒါလင်၊မမ မင်းကို
အဆင်ပြေတဲ့နေရာလေးပြမယ်...."

လှပသောအမျိုးသမီးသည်သူမ၏
မျက်စိရှေ့မှအမျိုးသားငယ်လေး
တွင်ထူးခြားသည့်ညို့ဓာတ်တစ်မျိုး
ရှိနေသည်ဟုခံစားရသည်။
သူမအနေဖြင့်ကြည့်လေကြည့်လေ၊
ထိုကောင်လေးကိုပိုပိုပြီးသဘောကျလာ
မိလေဖြစ်ပြီး၊အရေးကြီးဆုံးအချက်မှာ
သူမကိုယ်သူမထိန်းချုပ်ထားဖို့ရန်
တောင်မဖြစ်နိုင်တော့ပေ။

ထိုကောင်လေးသည်သူမဟိုးအရင်ကတည်း
ကတစ်ချိန်လုံးအပျော်တမ်းအချိန်ဖြုန်းကာ၊
စိတ်ကူးပေါက်ရာလျှောက်တွဲနေခဲ့သည့်
ရည်းစားများနှင့်မတူညီဘဲခြားနားနေခဲ့သည်။
ဒီတစ်ကြိမ်တွင်တော့၊သူမ၏ခံစားချက်များသည်
ဟန်ဆောင်နေခြင်းမဟုတ်၊တကယ်အစစ်အမှန်
များသာဖြစ်သည်။

သူမ၏နှလုံးသားထဲမှအချစ်သည်
မီးပွားလေးတစ်ခုအဖြစ်မှစတင်
ပေါ်ပေါက်ကာ၊မီးတောက်ကြီးသဖွယ်
ထိန်းမနိုင်သိမ်းမရတဟုန်းဟုန်းတောက်
လောင်လာပြီး၊အတွေ့အကြုံမရှိသေးသည့်
ဆယ်ကျော်သက်မြီးကောက်ပေါက်မ
အရွယ်လေးပထမဆုံးအကြိမ်အချစ်ဦး
ကြောင့်မိန်းမောနေသလိုမျိုးဖြစ်ကာ
ယခုချောမောသည့်အမျိုးသားငယ်လေး
အားအကောင်းတကာ့အကောင်းဆုံးဆိုသည့်
အရာများအားလုံးကိုပေးဆပ်ဖို့ရန်
မစောင့်ဆိုင်းနိုင်တော့ပေ။
တစ်ခုဘဲပြန်လည်တောင်းဆိုချင်သည်မှာ
သူ့ဘက်မှသူမ၏အချစ်ကိုပြန်လည်
တုံ့ပြန်ဖို့ရန်သာဖြစ်သည်။

သူမ၏လုပ်ဆောင်မည့်အစီအစဉ်သည်
ယခုအချိန်အထိမပြီးပြတ်သေးလို့သာ
ဖြစ်သည်။မဟုတ်ပါကယခုလူငယ်လေးဖြင့်
အခုကတည်းကတကယ်အတူတူနေချင်နေပြီ
ဖြစ်သည်။

ယောင်းယီသည်လှပသည့်အမျိုးသမီး
ဦးဆောင်သည့်အနောက်မှလိုက်ကာ
သုံးလွှာဆီသို့ပါသွားတော့သည်။ထို့နောက်
ထိုအမျိုးသမီးသည်ခေါက်လှေကား
တစ်ခုအားဆွဲထုတ်ကာ၊သုံးလွှာမျက်နှာကျက်
ပေါ်ရှိလျှို့ဝှက်တံခါးတစ်ခုအား
ဖွင့်လိုက်သည်ကိုကြည့်နေခဲ့သည်။

ထိုအရာသည်ထပ်ခိုးဖြစ်သည်။

ယောင်းယီထပ်ခိုးထဲဝင်လိုက်သည့်အခါ၊
ထိုထပ်ခိုးသည်အံ့ဩစရာကောင်းအောင်
အတော်အသင့်ကျယ်ဝန်းသည်ကို
တွေ့လိုက်ရသည်။ပြတင်းပေါက်များ
မရှိသည့်အတွက်၊သဘာဝနေအလင်းရောင်
သိပ်မရှိသော်လည်း၊မီးခလုတ်များ
ဖွင့်လိုက်သည်နှင့်အခန်းတစ်ခုလုံး
ထိန်းလင်းသွားတော့သည်။

ထိုအရာသည်ထပ်ခိုးတစ်ခုသာဖြစ်သည်။
သို့သော်လည်းသူဌားနေသည့်
အိမ်ထက်တောင်ကြီးသေးသည်။

ယောင်းယီစိတ်ကူးကြည့်ရန်ပင်
မဖြစ်နိုင်လောက်အောင်အိစက်
ညက်ညောလှသောဆိုဖာပေါ်၌ထိုင်ရင်း
လူချမ်းသာများကိုထပ်မံမုန်းတီးလာတော့သည်။

"ဒါလင်၊မမ မင်းနဲ့အတူတူအခုချိန်
မရှိပေးနိုင်သေးလို့တကယ်
တောင်းပန်ပါတယ်။ဒါပေမဲ့မမကို
နည်းနည်းလေးဘဲထပ်စောင့်ပေးပါ။
မကြာခင်မှာတင်မမရဲ့အဲ့သောက်
လင်ဟောင်းထွက်သွားတာနဲ့၊
မမတို့နှစ်ယောက်စလုံးကိုဘယ်သူကမှ
တားဆီးနိုင်တော့မှာမဟုတ်ပါဘူး...."

လှပသောအမျိုးသမီးသည်
ယောင်းယီအားပွေ့ဖက်ကာ
အချိန်အတော်ကြာအလွန်အကျုး
တယုတယပွတ်သပ်နေခဲ့သည်မှာ၊
သူမအနေဖြင့်တုန်နေအောင်ချစ်သည့်
ကြောင်တစ်ကောင်အား
ပွတ်သပ်နေသလိုပင်။
ယောင်းယီကတော့သူမအသက်အရွယ်ဖြင့်
ချမ်းသာနေပြီးသားဖြစ်သည့်
ထိုအမျိုးသမီးကိုတကယ်
နားမလည်နိုင်တော့ပေ။

သူတို့တွေ့ဖူးသည်မှာယခုမှ
ပထမဆုံးအကြိမ်ဖြစ်သည်၊
အဘယ့်ကြောင့်သူမကိုကြည့်ရသည်
သူ့အားအလွန်တရင်းတနှီး
ဆက်ဆံနေရပါသနည်း?

လှပသောအမျိုးသမီးသည်ကိစ္စများကို
ဒီထက်ပိုပြီးရှေ့ဆက်တိုးလုပ်ဆောင်ရန်
စိတ်ကူးမရှိသေးပုံရပြီး၊ယောင်းယီကို
နမ်းတောင်မနမ်းခဲ့ပေ။ထိုအစား
တစ်ကိုယ်လုံးကိုသာအကြောင်းမဲ့မဲ့
သက်သက်သူမ၏လက်များဖြင့်
ထိတွေ့ပွတ်သပ်နေခဲ့သည်။
ထိုအေးစက်ကာသွယ်လျသည့်
လက်ချောင်းများသည်လောကကြီး၏
စည်းစိမ်ကိုတွေ့ကြုံမခံစားဖူးသေးသည့်[4]
အတွေ့အကြုံမရှိသောယောင်းယီ၏
ဆံပင်များကိုအဆုံးထိထောင်တက်
သွားစေသည်။

[4] လူပျိုဖြစ်ကြောင်းပြောဆိုသည့်
စကားယဉ်ဖြစ်သည်။

ဘာရယ်ကြောင့်မှန်းမသိ၊ယခုလှပသော
အမျိုးသမီးသည်လုံးဝရုပ်မဆိုးသည့်
အပြင်ရင့်ကျက်သည့်အလှပိုင်ရှင်
တစ်ဦးအဖြစ်သတ်မှတ်လို့ရပါသော်လည်း၊
ယောင်းယီသည်ယခုအမျိုးသမီးအပေါ်၌
နည်းနည်းလေးတောင်မှ
စိတ်ဝင်စားလို့မရပေ။

သူသည်းခံပြီးရင်းသည်းခံနေခဲ့သည်မှာ
နောက်ဆုံးမှာတော့သူဆက်လက်ပြီး
သည်းငြီးမခံနိုင်တော့သည်
အထိဖြစ်လာပြီး၊ထိုချမ်းသာသည့်
အမျိုးသမီးကိုအဝေးသို့
တွန်းဖယ်လိုက်တော့သည်။

"တကယ်တော့၊ဒီကမ်းလှမ်းမှုကို
ကျွန်တော်လက်ခံနိုင်မယ်မထင်ဘူး။
ဒီတိုင်းမေ့လိုက်ကြရအောင်ဗျာ"

အရမ်းကာရောလက်စပယ်ပွတ်သပ်
ခံခဲ့ရသည့်ယောင်းယီသည်
ပိုင်းခြားဝေဖန်တတ်သွားသည့်အခါ၊
တစ်စုံတစ်ယောက်၏အိမ်ထောင်ရေးကို
ဖောက်ပြန်မိသလိုဖြစ်သွား
မှန်းသဘောပေါက်သွားခဲ့သည်။
ထို့ကြောင့်မတတ်နိုင်စွာဘဲ
သူ၏ဝမ်းဗိုက်ထဲမှမအီမသာမှု
ကိုခံစားလာရသည်။များပြားသည့်
ငွေများပင်သူ၏နှလုံးသားထဲသို့
ထိုအတွေးများလွတ်လပ်စွာဝင်ရောက်
စီးဆင်းလာခြင်းကိုတားဆီးပိတ်ပင်
နိုင်ခြင်းမရှိခဲ့ပေ။

ဘေးသို့တွန်းထုတ်ခံလိုက်ရသော
အမျိုးသမီးသည်၊ယောင်းယီအား
မယုံကြည်နိုင်သလိုမျိုးကြည့်လာခဲ့သည်။
လူငယ်လေးထွက်သွားတော့မည်
ဆိုသည်ကိုကြားလိုက်ရသည့်အခါ၊
သူမသည်ချက်ချင်းကိုထူပူသွားပြီး၊
သူမ၏စိတ်ဝိဉာဉ်တစ်ခုလုံး
မချိတင့်ကဲဝေဒနာခံစားလိုက်ရသည်။

ဘဝတစ်လျှောက်လုံး
အမျိုးသားများစွာ၏နှလုံးသားကို
အမြဲလိုလိုအပျော်ကစားရသည်ကို
နှစ်ခြိုက်ခဲ့သည့်လှပသော
အမျိုးသမီးသည်၊ယခုမှာ
ပထမဆုံးအကြိမ်အမျိုးသားတစ်ဦး
အပေါ်တကယ်ချစ်မိခြင်းဖြစ်သည်။
သူမ၏ရင်ထဲမှပေါက်ဖွားလာသော
အချစ်များသည်တာတမံကျိုးသလိုမျိုး
စီးဆင်းကာလျှံကျလာသည့်အထိပင်။

သူမချစ်ရသူသည်သူမကို
ထားသွားတော့မည့်အရေးကို
ဘယ်လိုများလက်သင့်ခံကာ
သည်းခံရပါမည်နည်း။

နှစ်ယောက်စလုံးအံ့ဩရသည်အထိ၊
သူမသည်ယောင်းယီ၏ခြေထောက်
အားရူးသွပ်နေသည့်လူသဖွယ်
တွယ်ဖက်ကာ၊အရင်တုန်းကလို
လူတိုင်းကိုအထင်သေးကာ
အထက်စီးဆန်သည့်သူမ၏ပုံရိပ်ကိုပင်
အမှုမထားတော့ဘဲအဆုံးအစွန်
အထိလုပ်ဆောင်ခဲ့သည်။

"မဟုတ်ဘူး၊ထားမသွားပါနဲ့။
မမကအခုဆိုအိမ်ထောင်ကွဲပြီးသားလေ၊
ဒါကြောင့်မမတို့တရားဝင်ဆက်ဆံရေး
ဖြစ်လို့ရတယ်။ဟုတ်တယ်မလား?"

"ဒါမှမဟုတ် ပေးတဲ့ပိုက်ဆံကမလုံလောက်...
ယွမ်သိန်းတစ်သိန်းကမလောက်လို့လား?
ဒါဆိုနှစ်သိန်း-မဟုတ်သေးဘူး
သုံးသိန်းဆိုလည်းအဆင်ပြေတယ်၊
မင်း မမကိုထားမသွားသ၍
အကုန်အဆင်ပြေပါတယ်၊
ဒါကြောင့်ကျေးဇူးပြုပြီး...."

လှပသောအမျိုးသမီး၏
မျက်လုံးများသည်မျက်ရည်များစွာဖြင့်
ဝေသီနေခဲ့သည်။

ယောင်းယီကြက်သီးမွှေးညင်းများ
ထသွားတော့သည်။သူ့အနေနှင့်
တစ်နည်းနည်းကြောင့်ဖျော်ဖြေရေး
ပြဇာတ်ကြီးတွင်သရုပ်ဆောင်နေရ
သလိုမျိုးခံစားနေရသည်။

အဲ့ဒါကမမှန်သေးဘူးလေ။
သူတို့အခုလေးတင်မှ
တွေ့ဖူးကြတာလေ။
အခုချမ်းသာတဲ့အမျိုးသမီးကို
ကြည့်ရတာအရမ်းအလွန်အကျွံ
ဖြစ်လွန်းနေတယ်အာ။
အဲ့လိုကြီးကတကယ်ရောမြင်မြင်ချင်း
ချစ်ကျွမ်းဝင်မိတယ်ဆိုတာဖြစ်ရော
ဖြစ်နိုင်လို့လား?

"မဟုတ်ဘူး။ငွေကြောင့်မဟုတ်ဘူး၊မဒမ်။
ကျွန်တော့်ဘက်ကအခြားလူတွေနဲ့
အရမ်းနီးကပ်ရတာကိုသဘောမကျရုံဘဲ။
မဒမ်ကျွန်တော့်ကိုထိတွေ့လိုက်တိုင်း၊
ကျွန်တော်မအီမသာဖြစ်လာတာမှ
ကျွန်တော့်အနေနဲ့
ပျို့အန်မိတော့မလိုတောင်
ခံစားရတယ်..."

ယောင်းယီသူပြောလိုက်မိသည့်
စကားသည်အလွန်စော်ကားမိသလို
ဖြစ်သွားသည်ကိုသတိထားမိသည်။
ထို့ကြောင့်လျင်မြန်စွာဖြင့်သူ၏ခေါင်းကို
ငုံ့ကာထိုလှပသည့်အမျိုးသမီးကိုကြည့်
လိုက်ပြီး၊သူမဒေါသထွက်သွားပြီး
ရန်လိုလာမည့်အချိန်ကိုအခွင့်ကောင်းယူ၍
ထွက်ပြေးလွတ်မြောက်ရန်စီစဉ်ထားခဲ့သည်။

ယခုကိစ္စနှင့်ပတ်သတ်၍
သူလုပ်ဆောင်နိုင်သည့်
အရာမှာဘာမှမရှိပေ။သူ့ဘက်မှ
တိတ်တိတ်ပုန်းလင်ငယ်ဖြစ်ပေးဖို့ရန်
စိတ်ကူးမရှိသလို၊သူအနေဖြင့်
ထွက်ပြေးဖို့လည်းဖြစ်နိုင်သေးသည်။

အဆိုးဆုံးမှာ၊သူအနေဖြင့်
ယခုအလုပ်မှဖြုတ်ခံရရုံသာဖြစ်ပြီး၊
ယခုအလုပ်သည်လည်းလွန်ခဲ့သည့်
သုံးရက်ကမှစတာဖြစ်သည့်အတွက်၊
လခမရလည်းကိစ္စတော့မရှိပေ။

အတိမ်းအစောင်းမခံနိုင်ဆုံးသောအရာမှာ
သူ၏ဂုဏ်သိက္ခာကိုငွေဖြင့်မရောင်းလိုက်
ဖို့သာဖြစ်သည်!

လှပသောအမျိုးသမီးသည်ထိုစကားအပေါ်
ရန်လိုဖို့ရန်လုံးဝစိတ်ကူးမရှိပေ။သူမသည်
ယောင်းယီကိုမြင်မြင်ချင်းတကယ်ချစ်မိသွား
တာဖြစ်သည်။သူတို့နှစ်ဦးကြားတွင်၁၀နှစ်
ကျော်ကွာဟပါသော်လည်း၊ထိုအရာသည်
သူမ၏မျက်စိရှေ့မှလူငယ်လေးအပေါ်
သူမ၏ချစ်မြတ်နိုးမှုကိုမတားဆီးနိုင်ပေ။

"မမ မှားတာပါ။မှားတဲ့လူက မမပါ။
ဒါ့ကြောင့် မောင်သာအခုလိုထိတွေ့ရတာ
မကြိုက်သ၍မမ မောင့်ကိုမထိတော့ပါဘူး။

မမ နေ့တိုင်းမောင့်ကိုဒီတိုင်းလေး
ကြည့်ရုံလေးဘဲကြည့်မယ်လေနော်၊
အဲ့ဒါလေးတော့အဆင်ပြေတယ်မလား?

ပြီးတော့ တစ်လကိုလည်း ယွမ်နှစ်သိန်း
ထပ်တိုးလိုက်မယ်လေနော်?"

လှပသည့်အမျိုးသမီးသည်ယောင်းယီကို
မျှော်လင့်တကြီးစိုက်ကြည့်ကာထပ်ပေါင်း
ပြောလိုက်သေးသည်။

"တကယ်လို့ငွေပမာဏကနည်းနေသေးတယ်
လို့မောင်ထင်ရင်၊မမ မောင့်ကိုနောက်ကျရင်
ဒီထက်ငွေတွေအများကြီးပေးနိုင်ပါသေးတယ်။
ဒါ့ကြောင့် ဒါလင်ရယ်၊
မမကိုသာထားမသွားပါနဲ့!"

သူမ၏အစီအစဉ်သာအောင်မြင်သွားပြီ
ဆိုတာနှင့်၊သူမ၏အချစ်သည်းငယ်လေး
လိုချင်တာမှန်သမျှဘာမဆိုကြိုက်သလို
အရယူနိုင်သည်။

ယောင်းယီ : “…”

ငြင်းဆန်ဖို့လုံးဝကိုမ-မဖြစ်နိုင်တော့ပါလား အား!

အိမ်မက်မက်နေတာတော့မဟုတ်ပါဘူးနော်။
ဟုတ်တယ်မလား?အခုလိုမျိုးရူးနေတဲ့
ချမ်းသာတဲ့အမျိုးသမီးမျိုးတကယ်ရော
ရှိနေနိုင်လို့လား?

ထိုညမှာတင်၊မိသားစုစံအိမ်ကြီး၌
လူအပိုတစ်ယောက်ထပ်တိုးလာခဲ့သည်။

ထပ်ခိုးထဲရှိအိစက်နူးညံ့နေသော
ဆိုဖာကြီးပေါ်တွင်ထိုင်ရင်း၊ယောင်းယီ
တစိမ့်စိမ့်ချင့်ချိန်နေခဲ့သည်။

သူဘယ်လိုဖြစ်ပြီးသူကိုယ်သူ
ရောင်းစားလိုက်မိတာတုန်း?

အိုင်း၊သူတကယ်မလုပ်ချင်ပါဘူး၊ဒါပေမဲ့....

အမှန်တိုင်းပြောရရင်တော့၊ရမဲ့ပိုက်ဆံတွေ
ကအများကြီးဘဲ....

ယောင်းယီသူ၏ဘေးတွင်ရှိနေသည့်
ငွေသေတ္တာနှင့်ဘဏ်ကဒ်ကို
ပွတ်သပ်ရင်း၊မျက်ရည်များဆို့
လာတော့သည်။

အခုဆိုသူအနေဖြင့်ချမ်းသာရုံတင်မက၊
ယခုလိုစံအိမ်ကြီးထဲတွင်လည်း
အိမ်လခတစ်ပြားမှမပေးရဘဲ
အလကားနေလို့ရသေးသည်။
အခုပြောင်းလဲမှုကအရမ်း
အကျိုးအမြတ်ရတာဘဲ၊အာ။

ဘရွန်းးး—

ထိုအချိန်၊အပြင်ဘက်မှကားအင်ဂျင်
အော်ဟီးသည့်အသံထွက်ပေါ်လာပြီး၊
စံအိမ်ကြီးဘေးရှိကားရပ်နားရာနေရာဆီသို့
ကားတစ်စီးမောင်းဝင်လာတော့သည်။

သိပ်မကြာခင်မှာတင်၊လှေကားများမှ
တဆင့်လူတစ်ယောက်သုံးလွှာအထိ
တက်လာပြီး၊အိပ်ခန်းအတွင်းဝင်သွားခဲ့သည်။

သုံးလွှာအပေါ်ရှိထပ်ခိုးတွင်နေနေသော
ယောင်းယီသည်စိတ်လှုပ်ရှားလာတော့သည်။
ထို့ကြောင့်ခိုးကြောင်ခိုးဝှက်
ခြေဖျားထောက်၍အိပ်ခန်းမျက်နှာကျက်နှင့်
ဆက်စပ်နေသည့်ထပ်ခိုးနေရာအနားထိ
သွားကာအနည်းငယ်အက်နေသည့်
ထပ်ခိုးဘုတ်ပြားမှတဆင့်အောက်သို့
ငုံ့ကာချောင်းကြည့်လိုက်သည်။

ကျော့မော့စွာဝတ်စားဆင်ယင်ထားသည့်
အမျိုးသားတစ်ဦးသည်အိပ်ခန်းထဲသို့
လျှောက်လာခဲ့ပြီး၊သူ၏အပေါ်ထပ်ကုတ်အင်္ကျီ
အားချွတ်ကာ၊ရေချိုးခန်းထဲသို့ဝင်သွားသည်
ကိုမြင်လိုက်ရသည်။

ထိုလူသည်ယခုစံအိမ်ကြီး၏ပိုင်ရှင်
အစစ်အမှန်ဖြစ်ပြီး-ချမ်းသာသည့်
အမျိုးသမီး၏ခင်ပွန်းဟောင်းဖြစ်သည်။

သူအနေဖြင့်ထိုခင်ပွန်းသည်၏
အိပ်ခန်းအပေါ်တည့်တည့်ရှိထပ်ခိုးတွင်
နေနေရတာဖြစ်သည့်အတွက်၊ယောင်းယီ
၏နှလုံးသည်သူ၏ပါးစပ်ထဲမှထွက်ကျ
မတတ်ခုန်နေခဲ့သည်။
သူအနေဖြင့်မီးတောင်မဖွင့်ရဲပေ၊
ထိုအစားဘာဆိုဘာမှမသိသေးသည့်
ယခုစံအိမ်ပိုင်ရှင်ကြီးကိုသာ
အတတ်နိုင်ဆုံးကြိုးစား၍
အပေါက်ကြားလေးထဲမှ
ချောင်းကြည့်ကာလေ့လာနေခဲ့သည်။

ရေချိုးခန်းထဲမှထွက်လာသည့်အခါ၊
စံအိမ်ပိုင်ရှင်ကြီးသည်အနားယူရန်
အိပ်ယာထက်လှဲလျောင်းလိုက်သည်။
ယောင်းယီအဆုံးမှာတော့ထိုလူ၏
မျက်နှာကိုဖျတ်ကနည်းကြည့်လိုက်ရသည်။

ချောမောခန့်ငြားသော်လည်းအေးစက်စက်
မျက်နှာသည်၊ချဉ်းကပ်ဖို့ရန်မလွယ်ကူသည့်
ပုံစံဖြစ်နေသည်ကိုမျက်စိပိတ်ကာအိပ်စက်
နေတာတောင်မှမြင်နေရသည်။

ဟမ်?

သူကြည့်ရတာရင်းနှီးနေသလိုဘဲ။

ယောင်းယီခဏလောက်တွေးလိုက်ပြီး
နောက်၊ယခုအမျိုးသားကိုဘယ်နေရာ
တွင်မြင်ဖူးခဲ့သလဲဆိုတာကိုမှတ်မိသွား
တော့သည်။

အဲ့လူက သူကော်ဖီဆိုင်မှာစားပွဲထိုးအဖြစ်
ဝင်လုပ်တုန်းကမတော်တဆအအေးတွေ
မှောက်ကျမိသွားတဲ့ customer
မဟုတ်ဘူးလား?

ယောင်းယီမှတ်မိသေးသည်၊
အဲ့တုန်းထို customerသည်
သူ့အပေါ်လုံးဝစိတ်မဆိုးသည့်အပြင်၊
ဘာမှမပြောဆိုခဲ့ပေ။ဤသည်မှာ
အတော်လေးသနားကြင်နာသည့်
အပြုအမူဟုတောင်ပြောလို့ရနိုင်သည်။

"အမ်...." ယောင်းယီတိတ်ဆိတ်
သွားတော့သည်။

သူဘယ်လိုလုပ်ရမလဲ....

သို့သော်လည်း၊အခုကိစ္စမှာကျတော့
သူ့အနေနဲ့သူများအိမ်ထောင်ရေးကို
ဖျက်ဆီးသည်ဟုမသတ်မှတ်နိုင်ပေ။
အဘယ့်ကြောင့်ဆိုသော်၊
ထိုနှစ်ဦးသည်အစောကြီးကတည်း
ကွာရှင်းစာချုပ်တွင်လက်မှတ်ထိုး
ထားပြီးသားဖြစ်သည်။



thoughts of tofu: 

စာရေးနေရင်းတစ်ချိန်လုံးစဉ်းစားနေတာ၊
"ယောင်းယီနေရာမှာ
တို့ဖူးသာဆိုရင်ရောဆိုပြီး.."🤔

To be honest, all i can say is,
make their pockets hurt !

ကဲ၊ဘာဘဲပြောပြော ဒီအတွဲ၂က
နည်းနည်းတော့စားပါမယ်!
ဦးနှောက်တော့မဟုတ်ဘူး။
ကျွတ်ဆင်ကြီးအချို့ပါလို့
ဖတ်မဲ့လူတွေထဲမှာအရမ်း
ကြောက်တတ်တဲ့လူတွေပါရင်
ညဖက်တွေမဖတ်ကြပါနဲ့။
ဥပမာ တို့ဖူး (๑ↀᆺↀ๑)

ညဖက်ကိုစောစောအိပ်ကြပါ
ဘော်ဒါဘော်ကျွတ်တို့။
စောင်ကိုလည်းသေချာခြုံကြပါ။
ညဖက်စောစောမအိပ်တဲ့ကလေးတွေ
ဆိုဘာဖြစ်တတ်တယ်ဆိုတာသိတယ်
ဟုတ် (◕‿◕)

ဒါကြောင့်စောစောအိပ်ကြပါ(~ ̄³ ̄)~ ♡


Continue Reading

You'll Also Like

153K 10.4K 44
သင်ဟာအင်နိုးစန့်ဆိုရင်ဒီficကိုလုံးဝမဖတ်ပါနဲ့ ရိုင်းတဲ့အသုံးနှုန်းများစွာပါ ပါသည် မင်းကငါ့အပိုင် ငါ့တစ်ယောက်တည်းရဲ့အပိုင်ပဲ့ လိပ်ပြာလေး အချုပ်နှောင်တွ...
151K 11.6K 49
အမှောင် အောက်က ‌ကျားရဲ တစ်ကောင်ရဲ့မျက်ဝန်းလို သွေးဆာ နေတဲ့ မျက်လုံး စိမ်းစိမ်း တောက်တောက်တွေ သွေးညှီနံ့ ဟောင်ထွက်နေတဲ့ အခန်းတွေ ထဲ က အလောင်းတွေ သတင်း...
83.2K 12.8K 100
Traslation all credit to Original Author and E Translator horror type uodate -mon.wed and Friday
74.3K 9.1K 65
သရဲနှိမ်နင်းတဲ့ မိသားစုကဆင်းသက်လာတဲ့ ဝမ်ချန်းဆိုတဲ့ ကောင်လေးဟာ သရဲတစ်ကောင်ကြောင့် ကျိန်စာမိသွားပြီး မိသားစုအမွေကို မဆက်ခံနိုင်ခဲ့ပါဘူး... ဒါပေမဲ့ အမှ...