ARAGI : Son Of Set
بواسطة Ginkgo_San
76.1K 10.6K 369
EGYPT BL 27.7.2021 »» 9.10.2021 المزيد
Son Of Seth
01
02
03
04
05
06
07
08
09
10
12
13
14
15
16
17
18
19
20 [END]
11
2.5K 441 7
بواسطة Ginkgo_San
[  Zawgyi  ]
"မင်းကတော့တကယ် "
"ငါမသိဘူး"
"အခုလက်ခံလိုက်ပြီလား"
"ဒါပေါ့ ၊ ငါက Howard Carter ရဲ့ မျိုးဆက်လို့ပြောလိုက်တယ်လေ ၊ အဲ့တော့ သူက အံ့သြသွားပြီး ချက်ချင်းပဲ လက်ခံတယ်"
"ဖြစ်တယ် "
"ငါကလုပ်ပေးချင်လို့"
"ဘာ"
"မင်းကွာ ဟားဟား"
"မရယ်လို့ရမလား ၊ မင်းတို့ဟာကလဲကွာ"
"မင်းကငါ့မိဖုရား"
"ဘာကိစ္စမတူရမှာလဲ"
" ငါ နည်းနည်းမူးနေလို့"
"အင်း"
"ဟေ့ကောင် လာ"
"အေးပါ"
"ဘာပြောမလို့လဲ"
"ဒါကဘာလဲ ဘယ်ကသော့"
"ဘာလဲ "
"အင် ကောင်းပြီလေ "
"အင်း "
♥️♥️♥️
8.9.2021
_________________________
[  Unicode ]
ကတ်နက်ဖေးတို့ ကွန်ဒိုနားကိုရောက်တော့ လော်ရီ၏ ကားက ဝင်လာသည်။ စားဖို့သောက်ဖို့ တတ်ကြွနေသောလော်ရီက ချက်ချင်းကိုထထွက်လာပုံရ၏။
ကားပေါ်မှ ဆင်းလာတဲ့ လော်ရီက ကတ်နက်ဖေးနှင့် အရာဂီကိုတွေ့တော့ ပြုံးရင်း ပြောလာသည်။
" နှစ်ယောက်သားအေးအေးဆေးဆေးဈေးဝယ်ထွက်နေတယ်ပေါ့ "
လော်ရီက ကတ်နက်ဖေး၏ လက်မောင်းကိုလက်သီးနှင့်ဖွဖွထိုးလာသည်။ မျက်နှာကလည်း ပြုံးစိစိနှင့် သူတို့နှစ်ယောက်အားကြည့်နေသောကြောင့် ပတ်နက်ဖေး မျက်နှာနည်းနည်းပူသွားသည်။
ထို့ကြောင့် လက်ထဲတွင်ကိုင်ထားသော အထုတ်တစ်ထုတ်ကိုမြှောက်ပြလိုက်၏။
" ဈေးသွားဝယ်တာ ၊ သူလဲ အိမ်ထဲမှာပဲနေနေရတော့ ခဏထွက်လာတာ ၊ မင်းမစားဘူးလား"
"မစားစရာလား ၊ မင်းတို့သောက်မယ်ဆိုလို့ ငါ့မှာ ဂိမ်းတောင်မဆော့ဘဲ  ထွက်လာတာ ၊"
လော်ရီက လက်ထဲမှ အိတ်ကိုပြပြီး
"ငါတောင် အမြည်းလေးတွေဝယ်လာသေးတယ်"
"မင်းကတော့တကယ် "
ထို့နောက် ၃ယောက်သား ကွန်ဒိုရှိရာသို့တတ်လာခဲ့၏။ လမ်းတွင်လည်း အငြိမ်မနေဘဲ စကားတွတ်တွတ်ပြောနေကြ၏။
အရာဂီကတော့ အထုတ်ဆွဲကာ ငြိမ်သက်နေရင်းလိုက်လာခဲ့သည်။
အိမ်ထဲရောက်တော့ ဧည့်ခန်းထဲမှ ကြမ်းခင်းပြင်တွင် ဘီယာဖာတွေကိုချပြီး စားစရာသောက်စရာမြည်းများကို ချကြသည်။
လော်ရီက ရေခဲသေတ္တာထဲမှ ရေခဲတုန်းတွေကို ဇလုံကြီးထဲထည့်ကာ ဘီယာဗူးတွေကိုအအေးခံ၏။
၃ယောက်သား ပြင်ဆင်ပြီး စကားတပြောပြောနှင့် စားကြသောက်ကြ၏။ အရာဂီကတော့ ဘီယာဗူးကိုကိုင်ရင်း ထုံးစံအတိုင်းငြိမ်သက်နေလေသည်။
ကတ်နက်ဖေးက နောက်မှာရှိသော ဆိုဖာကိုမှီရင်း လော်ရီက ကိုစတင်မေးလိုက်၏။
" မင်းပြောတဲ့ သတင်းကောင်းကဘာလဲ "
သူသတိပေးလိုက်မှ လော်ရီက ဘီယာသောက်ရင်း ခေါင်းညိတ်လာ၏။ လော်ရီက ဘီယာ တစ်ချိုက်ကိုမြိုချပြီး တတ်ကြွနေသော အသံနှင့်ဆိုလာသည်။
" မင်းတွေ့ထားတဲ့ ခေါင်းတလားကိုစစ်ဆေးကြည့်ဖို့အတွက် ငါလူတစ်ယောက်ကိုရှာထားတာ ၊ ငါပထမ ဘယ်သူ့ကိုစုံစမ်းရမှန်းမသိဖြစ်နေတာ။ နောက်တော့မှ အဆင်ပြေမဲ့ လူကိုတွေ့တယ်"
"ဘယ်သူလဲ ဘယ်လိုစစ်ဆေးမှာလဲ"
"လာမှာပေါ့ မလောပါနဲ့ ၊ သူက တော်တော်လေး တော်တဲ့လူတစ်ယောက်ကွ ၊ သုတေသနပညာရှင်တွေထဲက အတော်ဆုံးတစ်ယောက်ပဲ၊၊ Remus လေ "
ကတ်နက်ဖေးက ခေါင်းခါရင်း
"ငါမသိဘူး"
"မင်းဘယ်သိမလဲ ၊ သူက ပေါ်ပေါ်ထင်ထင်သိပ်မနေဘူးကွ ၊ ငါက သူ့ကိုအကူအညီတောင်းတာကို ပထမတော့ မပေးဘူး ၊ သူမအားဘူးပဲဖြနေတာ "
"အခုလက်ခံလိုက်ပြီလား"
ကက်နက်ဖေးမေးတော့ လော်ရီက မြှောက်ကြွဂုဏ်ယူနေသောရုပ်နှင့်ပြောလာ၏။
"ဒါပေါ့ ၊ ငါက Howard Carter ရဲ့ မျိုးဆက်လို့ပြောလိုက်တယ်လေ ၊ အဲ့တော့ သူက အံ့ဩသွားပြီး ချက်ချင်းပဲ လက်ခံတယ်"
လော်ရီ၏ စကားကြောင့် ကတ်နက်ဖေးလည်းပြုံးမိသွားသည်။ လော်ရီသည် ရှေးဟောင်းသုတေသနပညာရှင် Howard Carter ၏ မျိူးဆက်ဖြစ်သည်။
Howard  Carter ဆိုသည် တခြားလူမဟုတ်။ ကျော်ကြားသော တူတန်ခမန် ( Tutankhaman ) သင်္ချိုင်းကို ရှာဖွေတွေ့ရှိခဲ့သော ပညာရှင်တစ်ယောက်ဖြစ်ပင်။
ထို့ကြောင့် သူသည် ရှေးဟောင်းသုတေသနပညာရှင်များကြားတွင် အတော်နာမည်ကြီးတယ်။ လော်ရီသည် သူ၏ မျိုးဆက်ဖြစ်၍ Remus က လက်ခံပေးလာသည်။
ကတ်နက်ဖေးက ဘီယာဗူးကို လက်နှစ်ဖက်နှင့်ကိုင်ကာ
"ဒါဆို ငါတို့ဘယ်လိုလုပ်မလဲ "
"ငါသူနဲ့ ဆက်သွယ်ထားတယ် ၊ ငါတို့နှစ်ယောပ်က သူ့ဆီကို ခေါင်းတလားကိုသွားပေးမှဖြစ်မယ် ၊ အဲ့တာမှသူ စစ်ဆေးရမှာ ၊ ငါကားငှားထားဖို့ပြင်ထားတယ် ၊ မင်းသဘောရော"
"အင်း ဖြစ်တယ် ၊ ခေါင်းတလားက တော်တော်လေးတာ  ငါတို့ကားနဲ့တင်လို့မရဘူး ၊ ကာလဲ ကာမှမဟုတ်ဘူး ၊ မင်းအသိထဲက ကားကိုငှားလိုက် ၊ ခေါင်းတလားကသူများမြင်လို့မရဘူး ၊ တော်ကြာရှုပ်ထွေးကုန်မယ်"
ကတ်နက်ဖေး၏ စကားကိုလော်ရီကလက်ခံခေါင်းညိတ်သည်။ အမှန်ပင်။ တစ်စုံတစ်ယောက်သာအခေါင်းကိုမတော်တဆတွေ့သွားလျှင်တော်တော်ဇယားရှုပ်လာနိုင်၏။
အထက်ကို တစ်ဆင့်တစ်ဆင့်အကြောင်းကြားရင်း ခေါင်းတလားသည် အစိုးရအဖွဲ့လက်ထဲသို့ရောက်သွားနိုင်သည်။
ထိုအခါ သူတို့လည်းဘာမှတတ်နိုင်တော့မည်မဟုတ်။ အရာဂီ၏ အကြောင်းကိုလည်းဖော်ထုတ်နိုင်တော့မည်မဟုတ်။
သူတို့၃ယောက် လမ်းပျောက်သွားနိုင်၏။
ကတ်နက်ဖေးက  ဘီယာကိုမော့သောက်ပြီးသက်ပြင်းတစ်ချက်ချလိုက်သည်။
" Ok ဘယ်နေ့လောက်အဆင်ပြေမလဲ "
"ငါကအားတယ် ၊ မင်းသာပြော ၊ Remus ကလဲ အေးအေးဆေးဆေးပဲ"
"ဒါဆို သဘက်ခါသွားမယ် ၊ Okလား"
"ဖြစ်တယ် "
လော်ရီက ခေါင်းညိတ်ပြီး ရှေ့တွင်ချထားသောပန်းကန်ထဲမှ ကြက်ကြော်ကိုလှမ်းယူကာစားသည်။
ရာဂီကတော့ ဘာစကားမှဝင်မပြော။ ကတ်နက်ဖေးတို့ပြောသည်ကိုသာ အာရုံစိုက်နားထောင်နေသည်။
ထို့အပြင် ကတ်နက်ဖေး ဘီယာကုန်တိုင်း အသစ်တစ်ဗူးအာ အဆင်သင့်ဖောက်ပေးနေသေး၏။ ကတ်နက်ဖေးလက်လှမ်းမမှီသော ကြက်ကော်ကိုလည်း ယူပေးနေသေးသည်။
လော်ရီက စားသောက်ရင်း ကတ်နက်ဖေးတို့နှစ်ယောက်ကိုကြည့်ကာ ခပ်ဟဟရယ်သည်။
"မင်းတို့နှစ်ယောက်ကိုကြည့်ရတာ အတွဲတွေလိုပဲ "
"ဟေ့ကောင် မင်းမျက်နှာလေးတော့စုတ်ချင်နေပြီထင်တယ်"
"မင်းကြည့်ရတာစိတ်တိုနေတာနဲ့မတူဘဲ ရှက်နေတာနဲ့တူတယ် "
လော်ရီ၏ စကားကြောင့်ကတ်နက်ဖေးမျက်နှာ စူပုတ်ချင်သလိုဖြစ်သွားသည်။ ဆက်မပြောတော့ဘဲ ကြက်ကြော်ကိုသာစားပြီး ဘီယာကိုကုန်အောင်မော့သောက်လိုက်၏။
လက်ထဲက ဘီယာဗူးကိုတစ်ဖက်ပစ်ပြီးနောက် အရာဂီက နောက်ထပ်တစ်ဗူးကို ထပ်ဖောက်ပေးလာတော့။
"ကိုယ့်ဘာသာလုပ်ပါ့မယ် ၊ ခင်ဗျားကြောင့်အထင်လွဲကုန်တော့မှာပဲ ၊ စတိုးဆိုင်တုန်းကတစ်ခါဖြစ်ပြီးပြီ"
"ငါကလုပ်ပေးချင်လို့"
အရာဂီ၏ စကားကြောင့် ကတ်နက်ဖေးမျက်နှာကပိုညှို့မှိုင်းသွား၏။
စိတ်တိုတိုနဲ့ပဲ အရာဂီဖောက်ပေးထားသာ ဘီယာဗူးကို ယူကာ မော့သောက်လိုက်တော့ ဘေးနားက လော်ရီက ပြုံးစစနှင့်။
" စတိုးဆိုင်မှာ ဘာဖြစ်တာလဲ ငါ့ကိုပြောစမ်းဟေ့ကောင်"
"မင်းက တအားစပ်စုတာပဲ မိန်းမကြီးကျလို့"
ကတ်နက်ဖေးပြောတော့ လော်ရီက မျက်နှာမဲ့ကာ။
"ဟ ငါက မင်းသူငယ်ချင်းလေ၊ မွေးကတည်းကသူငယ်ချင်းတွေကို  တစ်ယောက်ယောက်အကြောင်းတစ်ယောက်သိထာရမှာပေါ့။ငါ့ကိစ္စတွေကိုတောင်မင်းကိုအားလုံးပြောပြတာကို"
သူတို့နှစ်ယောက်သည် အတော်ကိုရင်းနှီးကာ ညီအကိုများထက်ပင်ပိုရှင်းနှီးသေးသည်။
သာမာန် ညီအကိုတွင် ဖုံးကွယ်ထားသောကိစ္စများရှိတတ်ပေမဲ့ သူတို့သည်အဲ့လိုမဟုတ်။ တစ်ယောက်ကိစ္စတစ်ယောက်ပြောတတ်ပြီး အခက်အခဲကိုလဲ မျှဝေတတ်သည်။
အကူအညီ အကြံဉာဏ်ကိုလည်းတစ်ယောက်နှင့်တစ်ယောက်တောင်းတတ်သေး၏။
လော်ရီက မျက်နှာပြုံးစိစိနှင့်
" မင်းတို့ဘာဖြစ်ခဲ့လို့လဲ"
ကတ်နက်ဖေးကသက်ပြင်းချသလိုလုပ်လိုက်သည်။
"အေး ၊  ငါတို့နှစ်ယောက်ဘီယာသွားဝယ်တယ်၊ ဟိုရောက်ကတည်းက တစ်ဆိုင်လုံးက သူ့ကိုကြည့်နေတာ ငါ့ကိုတစ်ယောက်မှအရေးမစိုက်ဘူး။ နောက်တော့ကွာ ဆော်လေးတစ်ယောက်က လာပြီး သူ့ကိုဖုန်းနံပါတ်တောင်းပြီး ကြိုက်တယ်လာပြောတယ် ၊ တွဲဖို့ပေါ့ "
" အဲ့တော့သူဘာပြန်ပြောလို့လဲ"
လော်ရီကစိတ်ဝင်စားသလိုမေးတော့ ကတ်နက်ဖေး မျက်နှာမဲ့လိုက်၏။
"မကြိုက်လဲ မကြိုက်ဘူးဘာညာပြောလိုက်ပေါ့ ၊ အခုက ငါ့ပခုံးကိုဖက်ပြီး ငါ့ကိုပဲကြိုက်တယ်ဆိုပြောတယ်"
"ဘာ"
"အေး ငါ့ကိုအခုတော့ gay လို့ထင်သွားပြီ"
ကက်နက်ဖေးပြောပြီးတော့ ဘီယာကိုမော့သောက်လိုက်သည်။ သောက်တာက ၃ဗူးမြောက်ဆိုပေမဲ့ သူသိပ်ပြီးမမူး။
ဘယ်လောက်သောက်သောက်အရမ်ကြီးမူးတဲ့အထဲကိုသူမပါ။
လော်ရီက တဟားဟားရယ်ရင်း။
"မင်းကွာ ဟားဟား"
"ခွေးလိုကောင် ရယ်နေတယ်"
"မရယ်လို့ရမလား ၊ မင်းတု့ိဟာကလဲကွာ"
လော်ရီ၏ ရယ်သံကြောင့် ကတ်နက်ဖေးပိုပြီးရှက်လာ၏။ အရာဂီကို ဘုကလန့်ကြီးလိုက်တော့ ဘေးနားမှာတည်တည်ငြိမ်ငြိမ်ကြီး။ သူ့ကိုစိုက်ကြည့်နေတာကြောင့် ခပ်စူးစူးပြန်ကြည့်ပေးလိုက်သည်။
"ဘာကြည့်နေတာလဲ ၊ ခင်ဗျားစကားကြောင့် ကျွန်တော် ရည်းစားမရတော့ရင်ဒုက္ခ"
"မင်းကငါ့မိဖုရား"
"ဘာလဲ ဘာကိုလဲ ၊ လွန်ခဲ့တဲ့ နှစ်ပေါင်း၃၀၀၀ကျော်က ကိစ္စကို လာပြီးအစဖော်နေတယ် ၊ အရင်ဘဝနဲ့ နောက်ဘဝမတူဘဲ "
"ဘာကိစ္စမတူရမှာလဲ"
"ခင်ဗျားကယောကျာ်းကြီးလေ ၊ ကျွန်တော်ကလဲ ယောကျာ်းကြီး ၊ ဖြစ်မှမဖြစ်နိုင်ဘဲ ၊ ကျွန်တော်သာ မိန်းကလေးဆို ဖြစ်နိုင်သေး"
ကတ်နက်ဖေး၏ စကားကြောင့်အရာဂီကမျက်မှောင်ကြုတ်လိုက်၏။
"ငါချစ်တာမင်းကိုပဲလေ၊ ဘယ်ဘဝရောက်ရောက် မင်းကိုပဲချစ်တာ ၊ မင်းရဲ့ လိင်အမျိုးအစားငိုမဟုတ်ဘူး ၊ မင်းကယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် ၊ နောက်ဆုံ ဒွိလိင်ပဲဖြစ်ဖြစ် ငါက မင်းကိုပဲချစ်တာ"
တည်တည်တံ့တံ့နေတတ်သောအရာဂီက ရှက်စရာကောင်းလောက်အောင်ခြွေနေတော့ မဖြစ်စဖူး ကတ်နက်ဖေး ပါးတွေရဲတတ်လာသည်။
တော်ရုံဆိုအခုမဖြစ်တတ်။ အခုတော့ ရှေးဟောင်းလူသားတစ်ယောက်ရဲ့စကားကြောင့် ကတ်နက်ဖေးမှာရှက်သွေးများဖြာနေရတော့၏။
လော်ရီက ဘေးနားကနေကြည့်ပြီး တခစ်ခစ်ရယ်ရင်းပြောသည်။
" မင်းရှက်နေပြီဟေ့ကောင် ပါးတွေရဲလို့"
သူခိုးလူမိသွားသလို ကတ်နက်ဖေးရှက်ကိုးရှက်ကန်းဖြစ်ပြီး။
" ငါ နည်းနည်းမူးနေလို့"
"သောက်ချီး မင်း၅ဗူး၆ဗူးသောက်တောင် မမူးတဲ့ကောင်က အခုဘာကိစ္စမူး ၊ သူ့စကားတွေကြာင့် အချစ်တွေကြားမှာ ပျော်မွေ့နေပြီလား"
"ချီး တော်တော့ ငါပြောစရာရှိတယ် ၊အခန်းထဲလိုက်ခဲ့"
ကတ်နက်ဖေးကပြောပြီး မတ်တတ်ရပ်လိုက်သည်။ထို့နောက်အရာဂီအား ငုံ့ကြည့်ကာ။
"ခဏလောက်စောင့်ပြီးစားနှင့် ၊ သူ့ကိုပြောစရာရှိလို့"
"အင်း"
"ဟေ့ကောင် လာ"
"အေးပါ"
ကတ်နက်ဖေးက အရင်အခန်းထဲဝင်သွားတော့ လော်ရီလည်း ဘီယာဗူးကိုကုန်အောင်မော့ပြီး နောက်ကနေလိုက်လာလိုက်၏။
ကတ်နက်ဖေး အခန်းထဲရောက်တော့ မွေ့ရာနားမှာရပ်ကာ နေလိုက်၏။ လော်ရီက အခန်းထဲဝင်လိုက်လာပြီး အခန်းတံခါးကိုပိတ်လိုက်သည်။
"ဘာပြောမလို့လဲ"
လော်ရီမေးတော့ ကတ်နက်ဖေးက အံဆွဲထဲက သော့ကိုယူကာ ပြလိုက်၏။ လော်ရီက နားမလည်သလိုနှင့် မျက်မှောင်ကြုတ်ကာ
"ဒါကဘာလဲ ဘယ်ကသော့"
"ဒါက ငါ့အဖိုးအိမ်က တွေ့ခဲ့တဲ့ ရွှေပြား"
"ဟမ်! မင်းပုံထွင်းပစ်လိုက်တာလား"
လော်ရီ၏ စကားကြောင့် ကတ်နက်ဖေးမျက်မှောင်ကြုတ်လိုက်သည်။ လော်ရီက တစ်ခါတလေ တော်သလိုလိုနှင့် တစ်ခါတလေ တုံးလွန်းအားကြီး၏။
ကတ်နက်ဖေးကလက်ထဲက သော့ကိုကိုင်ပြပြီး
" သေချာပေါက် ငါတို့တွေ့ခဲ့တဲ့ရွှေပြားပဲ ၊ မနေ့က ထူးဆန်းတဲ့ကိစ္စဖြစ်ပျက်သွားတယ်။ မင်းတောင်ယုံနိုင်မယ်မထင်ဘူး"
"သေချာပြောစမ်းဟေ့ကောင် ၊ ရွှေပြားကြီးက ဘယ်လိုလုပ်သော့ဖြစ်သွားတာလဲ ၊ ပြီးတော့"
လော်ရီက သော့ကို သေချာကြည့်ပြီး
"ဒါက the key of life သင်္ကေတမဟုတ်လား ၊ ဘယ်လိုလုပ်"
"အေး အဲ့တာတစ်ခုထူးဆန်းနေတယ် ၊ ငါ့အထင် ဒီသော့က အရာဂီရဲ့ အတိတ်ကိုရှာတွေ့ဖို့အတွက် အဓိက သော့ချက်လို့ထင်တယ်"
လော်ရီက ခေါင်းညိတ်သည်။ ထို့နောက် လက်ပိုက်ပြီးကတ်နက်ဖေးအား ကြည့်လာ၏။
"ဒါနဲ့ ဘယ်လိုလုပ်ပြီး သော့ပြောင်းသွားတာလဲ "
"အရာဂီကို ငါအဲ့ရွှေပြားကိုကိုင်ခိုင်းလိုက်တယ်။သူတစ်ခုခုများသိမလားဆိုပြီးတော့ ၊ အဲ့မှာ ရွှေပြားက ဘေးသားတွေက ကွာကျသလိုဖြစ်ပြီး ဒီသော့ဖြစ်လာတယ် ၊ ငါလဲ အစတုန်းကတော်တော်လေးလန့်သွားတယ် ၊ ငါဒီလောက်ထူးဆန်းတာမမြင်ဖူးဘူး"
လော်ရီက အသက်ဝဝရှူရှိုက်ပြီးဆက်မေးသည်။
"ဒါနဲ့ မင်းကဘာလို့ တိတ်တိတ်ပြောနေတာလဲ အရာဂီသိတယ်မလား"
" သိတယ် ၊ ဒါပေမဲ့ မင်းကိုသီးသန့်ပြောစရာရှိလို့"
"ဘာလဲ "
ကတ်နက်ဖေးက ဆံပင်ကိုလက်နဲ့ဖွလိုက်ပြီး
" တကယ်တော့ ငါ့အဖိုရဲ့ စာအုပ်ထဲကနေအရာဂီရဲ့ အတိတ်ကိုသိရတယ်"
"ဘာ!  မင်းငါ့ကိုမပြောဘူး"
"အေး ငါသိပ်မသေချာသေးလို့ ၊ အဲ့ဒီထဲမှာရေးထားတာက အရာဂီက ယုတ်မာကောက်ကျစ်ပြီးသူ့အကို နော့ရာမန်ဂီရဲ့ နေရာကိုဝင်လုတယ် ၊ ပြီးတော့ သူက ဘုရင်အဖြစ်ဆက်ဆံတယ်။ နောက်တော့ သူ့အကိုက သူ့ကိုဖမ်းပြီးနန်းချတယ်၊ ပြီးတော့ အခုလို မံမီဖြစ်အောင် ဆေးစီရင်ပစ်တယ်လို့ရေးထားတယ်"
"တကယ်ကြီး? ဒါဆို သူ့မိဖုရား နအန်မာဖေးကရော "
"နအန်မာဖေးက သူ့အကိုရဲ့ ချစ်သူ ၊ သစ္စာဖောင်ပြီး အရာဂီကိုကူညီခဲ့တယ်ပြောတယ် ၊ မိဖုရားလဲ နောက်တော့ အပြစ်ပေးခံလိုက်ရတယ် ၊ ငါသေချာမသိဘူး ။ အဖိုးစာအုပ်ထဲမှာတော့ အဲ့လိုတွေရေးထားတယ်"
စကားအဆုံး လော်ရီက သက်ပြင်းချပြီး
"ဒီအတိုင်းဆို အရာဂီက လူကောင်းတစ်ယောက်ဖြစ်ပါ့မလား ၊ ငါတို့ကိုရောဒုက္ခပေးနိုင်လား"
"ငါမယုံသေးဘူးလော်ရီ ၊ အခုအကြောင်းတွေက အဖိုးရဲ့ စာအုပ်ထဲကအကြောင်းတွေ ၊ အဖိုးမှားနေတာလဲ ဖြစ်ချင်ဖြစ်မှာပေါ့ ၊  ငါကတော့ ဒီသော့နဲ့ အတိတ်ကိုရအောင်ဆက်ရှာချင်သေးတယ်"
"အင် ကောင်းပြီလေ "
ကတ်နက်ဖေးက  လော်ရီကို ကြည့်ကာ အလေးအနက်ဖြင့်ပြောလိုက်သည်။
" မင်းသတိထား ၊ ရှေးဟောင်းပစ္စည်းတော်တော်များများက မကောင်းတဲ့အရာကိုသယ်ဆောင်တတ်တယ်၊ ငါ့တို့အသက်အန္တရာယ်ကိုထိခိုက်မှာဆိုးတယ် "
"အေးပါ ငါဂရုစိုက်ပါ့မယ် ၊ သဘက်ခါ ခေါင်းတလားကိုသယ်ပြီးသွားကြအောင် ၊ ငါတို့မြန်မြန်လုပ်တာမမှားဘူး"
"အင်း "
ကတ်နက်ဖေးခေါင်းညိတ်ပြီးလက်ထဲကသော့ကိုကြည့်မိတယ်။ ဒီသော့က အတိတ်ကိုဖွင့်ပေးမှာလား။
♥️♥️♥️
8.9.2021
Note_ Howard Carter နဲ့ Tutankhaman
_________________________
واصل القراءة
ستعجبك أيضاً
2.1M 162K 36
No descriptions here
2.9M 189K 102
ဘုန်းပြည့်ချမ်းဟန်ဆိုတာ ချမ်း, တစ်ယောက် တည်းရဲ့အမည်နာမပဲဖြစ်စေရမယ်...။ 1.10.2021 >> 6.2.2022
627K 70.3K 90
ကူးပြောင်းပြီးတော့ ရှေးခေတ် ကိုယ်ထဲ ရောက်သွားတဲ့ ဟာလေးပါ။ သူ့ဘဲကြီး က လွတ်ချစ်တာပါ။ သဝန်လည်းတိုပါတယ်။ ကဲ အပိုင်း ၆၀ ကျော်ပေမယ့် စာလုံးရေ က တစ်ပိုင်း...