𝐩𝐫𝐨𝐦𝐢𝐬𝐞 𝐭𝐨 𝐝𝐚𝐢𝐬�...

youbemyfamily

52K 7.1K 1.7K

ကိုကိုရယ် ကျွန်တော်ရယ် ကျွန်တော့် ဒေစီလေးရယ် .... ။ Еще

Park Sunghoon's POV ♡
[FINAL 1] ♡

[FINAL 2] ♡

5K 508 104
youbemyfamily





"ဆန်းဘေး"


ဒီနေ့လည်း ရောက်လာပြန်ပြီ ။
ဟီဆွန်းက သက်ပြင်းတစ်ချက်ချပြီး ခေါင်းမော့ကြည့်လိုက်တော့ နေရောင်ခြည်လိုမျိုး တောက်ပနေတဲ့အပြုံးနဲ့ သူ့ကိုကြည့်နေတဲ့ ကောင်လေး ။

" ဒီနေ့ရော ဘာလဲ ဆောနူ"

ပါးစပ်နဲ့ပြန်မဖြေပဲ ပန်းနုရောင် စာအိတ်လေးကို ဟီဆွန်းလက်ထဲ အတင်းထိုးပေးသည် ။ ရေမွှေးနံ့သင်းသင်းနဲ့ ထိုစာအိတ်တွေကို ဆောနူဆီက ရတာ ဒါနဲ့ဆို ၇ ကြိမ်မြောက်။ ရည်းစားစာ ပေးတာတောင် ရှက်ကိုးရှက်ကန်းမဟုတ်တဲ့ ဆောနူရဲ့ပုံက ရဲရဲတင်းတင်း။


ဘဝမှာချစ်ခဲ့ရတဲ့ ပထမဆုံးအချစ်ဦးကြောင့် အသည်းတောင် ကောင်းကောင်း မကွဲရသေး ။ ထို နေရောင်ခြည်လို ကောင်လေးက အတင်းတိုးဝင်လာသည် ။ ရုပ်ရှင်တွေထဲကလို ညဘက်တွေ အရက်မူးအောင် သောက် ၊ တစ်ယောက်တည်း အခန်းပိတ်၊ ဖြစ်သလို နေမယ်လို့ တွေးထားတာကို " ဆောင်ဟွန်း သူငယ်ချင်း" ပါလို့ ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး သူ့အိမ်ကို အတင်းခေါ်သွားတဲ့ ဆောနူက တကယ်အထူးအဆန်းလေး ။

တစ်ယောက်တည်း အထီးကျန်ပြီး နေနေရမယ့် နေ့ရက်တွေအစား ဆောနူရဲ့ အိမ်မှာ သူ့မိသားစုနဲ့ နွေးနွေးထွေးထွေး နေခွင့်ရတာကိုတော့ ကျေးဇူးတင်ရမည် ။ သူ့နှလုံးသားက နက်လွန်းတဲ့ ဒဏ်ရာကို ဖြည်းဖြည်းချင်း ဆေးထည့်ပေးပြီး နှလုံးသားတစ်ခုလုံးကို ဆွဲယူသွားဖို့ ဂင်ဆောနူလေးက စီစဉ်ထားပုံပေါ်သည် ။

ငါးလ ဆိုတဲ့ အချိန်က သူ့အတွက် ဂျယ်ယွန်းကို မေ့ပစ်ဖို့ လုံလောက်တဲ့ အချိန်တော့မဟုတ်သေး ။ ဒါပေမယ့် ဂျယ်ယွန်းအကြောင်း မတွေးဖြစ်အောင် သူ့ရှေ့ခဏခဏရောက်လာတဲ့ ကောင်လေးက သူ့အလွမ်းဓာတ်တွေကို ဆွဲယူ သွားသလိုပင် ။


" ညနေကျရင် တော့ပိုကီသွားစားချင်လို့ ၊ လိုက်ခဲ့ပေးပါလား ဆန်းဘေး "

" မင်းဘာသာမင်း သွားပါလား "

" လိုက်ပေးမယ့် ရည်းစားမရှိဘူးလေဗျာ"

" ငါက မင်းရည်းစားမို့လို့လား "

" အခုမဟုတ်တောင် နောက်ဖြစ်လာတော့မှာပဲ ဟဲဟဲ"


ရဲတင်းစွာပြောချလာတဲ့စကားတွေက ဟီဆွန်းရဲ့ ပါးတွေကိုရဲသွားစေဖို့ လုံလောက်သည် ။ ဆောနူမို့လို့ သူ့အနားရှိနေရင် အီဟီဆွန်းမှာ ဆယ်ကျော်နှစ် ကျောင်းသားလေးလို ရင်တွေခုန်ရမြဲ ။


" ငါဂျယ်ယွန်းကို ချစ်နေတုန်းပဲဆို မင်းဘာလုပ်မလဲ ဆောနူ"


" သိပါတယ် ၊ ဆန်းဘေး သူ့ကိုအရမ်းချစ်မှန်း .. ကျွန်တော်က ဂျိတ်ခ်ဟျောင်းရဲ့ နေရာကိုဝင်လုချင်တာမျိုးမဟုတ်ပါဘူး .. ဆန်းဘေးရင်ထဲမှာ ဘယ်သူမှမရှိတော့တဲ့အထိ အားလုံးကို စိတ်ကုန်သွားရင် ကျွန်တော်က အဲ့နေရာကို ဝင်လာမှာလေ .. ဟီးဟီး "


ထိုစကားတွေပြောနေတုန်းက ဆောနူရဲ့ မျက်နှာက ဖြူစင်မှု ပကတိနှင့် ။ လွယ်အိတ်ကြိုးကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး လမ်းဘေးက ကျောက်တုံးလေးတွေကို ခြေထောက်နဲ့ ကန်ရင်း ပြန်ဖြေသည် ။



အချိန်တစ်ခု ၊
အချိန်တစ်ခု ရောက်ပြီးရင်တော့ ဂျယ်ယွန်း မဟုတ်ပဲ ဆောနူ ဆိုတဲ့ ကောင်လေးဆီမှာ သူ့အချစ် တွေကို ပြန်လည်ဆောက်တည်ချင်သည် ။










" တကယ်ပြောတာ အဲ့ဆိုင် အရမ်းကောင်း ၊ ဆန်းဘေး ဘေးနားရှိနေရင် ပိုတောင် စားကောင်းဦးမယ်လေ ၊ အဲ့တာကြောင့် ကျွန်တော်က ရအောင်ခေါ်- ဟင် ဂျိတ်ခ်ဟျောင်း"

ဘေးနားကနေ စကားကို တစ်တွတ်တွတ်ပြောနေတဲ့ ကောင်လေးက ဟီဆွန်းရဲ့လက်မောင်းကိုလည်း မှီသလိုလို နဲ့ချိတ်ဆွဲထားသေးသည် ။ ပြောတဲ့စကားက များလွန်းလို့ နားထဲဝင်တာဝင် ၊ လျှံထွက်သွားတာတွေလည်းရှိပေမယ့် "ဂျိတ်ခ်ဟျောင်း" ဆိုတဲ့စကားလုံးကတော့ ရင်ထဲထိ ထိုးစိုက်ဝင်သွားသလို ။

​အရှေ့ခပ်လှမ်းလှမ်းမှာ ဓာတ်တိုင်ကိုမှီပြီး ဖုန်းသုံးနေတဲ့ ဂျယ်ယွန်း ။ ဂျင်းအပြာနုရောင် အပေါ်ထပ်ကို တံတောင်ဆစ်ထိ ခေါက်တင်ထားပြီး အရင်လိုပဲ နူးညံ့နေဆဲ ပုံရိပ်လေးကို မတွေ့ရတာတောင် တော်တော်ကြာပြီ ။ တစ်စုံတစ်ယောက်ကို ရပ်စောင့်နေပုံရတဲ့ ဂျယ်ယွန်းက နားကြပ်ကိုလည်း တပ်ထားသေးတာမို့ ဘေးလူတွေကိုမြင်ပုံမပေါ်။

" ဂျိတ်ခ်ဟျောင်း ၊ ဘာရပ်လုပ်နေတာလဲ"

သူ ငေးကြည့်နေတုန်းမှာတင် ဘေးနားက ဆောနူကတော့ ဂျယ်ယွန်းရှေ့ကို လှစ်ခနဲရောက်သွားသည် ။ သွက်လည်းသွက်တဲ့ကောင်လေး ။

" ဪ .. ဆောနူ ၊ ဟီဆွန်းဟျောင်း ကောပါတာလား"

နားထဲက Airpod ကို Case ထဲပြန်ထည့်ပြီး လှမ်းပြုံးပြတဲ့ ဂျယ်ယွန်းက နဂိုအတိုင်း ရိုးရိုးလေးပဲ ။ သူတို့ကြားမှာ ဘာမှမဖြစ်ခဲ့သလိုမျိုး ဘာ အရောင် မှ မပါတဲ့ အပြုံးလေး ။

" အင်း ၊ တော့ပိုကီ သွားစားမလို့ ဂျိတ်ခ်ဟျောင်း ၊ ဟိုနားက ဆိုင်လေ"


​ဂျယ်ယွန်းနားကို လျှောက်သွားတော့ ဆောနူက ခုနကလိုပဲ သူ့လက်မောင်းတွေကို လှမ်းဖက်သည် ။ ရုတ်တရက်အပြုအမူမှာ ဆောနူက ဘယ်လိုမှ မနေပေမယ့် ဂျယ်ယွန်းကတော့ အံ့ဩသွားပုံရသည် ။ ဆောနူမမြင်အောင် သူ့ဘက်လှည့်ပြီး " ဟျောင်း ဘာတွေလဲနော်" ဆိုတဲ့ သဘောနှင့် မျက်လုံး မှိတ်ပြသည် ။

" အာ.. အဲ့ဆိုင်လား ၊ အဲ့ဆိုင်ကောင်းတယ်လို့ ဟွန်း လည်း ခဏခဏပြောတယ် .. စားတော့မစားကြည့်ဖူးသေးဘူး"

" တစ်ခါတည်း လိုက်ခဲ့ပါလား ၊ အတူသွားမယ်လေ ဂျယ်ယွန်း "

မပြတ်သေးတဲ့ ခံစားချက်ကြောင့်လို့ ပြောရမလား ၊ ဒီအတိုင်း ဖြူစင်တဲ့ သံယောဇဉ်ကြောင့်ပဲလားမသိ ။ ပါးစပ်ကနေ လွှတ်ခနဲ လော်ကွတ်ချော်မိသွားသည် ။

" အားနာပေမယ့် အခုတော့ လိုက်လို့မရသေးဘူး ဟျောင်း ၊ ဆောင်ဟွန်းကို စောင့်နေရတာမို့လို့ ... နောက်တစ်ခေါက်ကျရင် အတူသွားရအောင်လေ ၊ နော် ဆောနူ "



ဒီတစ်ခေါက်လည်း ဆောင်ဟွန်းပါပဲ ။
အမြဲတမ်း ဂျယ်ယွန်းအတွက် ဆောင်ဟွန်းက ပထမဦးစားပေးနဲ့ တူပါတယ် ။ သူကသာ ကြားထဲက ဝင်ရှုပ်သလို ဖြစ်သွားတဲ့ လူလား ၊ ဝင် ကူညီပေးသွားတဲ့ အကိုကြီးလို လူလား မသဲကွဲ ။








____________


" ဆောရီး ဘေဘီ ၊ အကြာကြီးစောင့်လိုက်ရလား"

မတ်တပ်ရပ်ရတာ ညောင်းချိနေပြီဆိုပြီး အပြီးအပြင် ဖြဲဖို့လုပ်ထားပေမယ့် တကယ်တကယ့်ဆောင်ဟွန်းကို မြင်တော့ တိုနေတဲ့ စိတ်တွေက အလိုလိုပြန်ဝင်သွားသည်။

" မင်းကွာ ၊ ချွေးတွေကြီးပဲ ပြေးလာတာလား ဟွန်း "

လွယ်အိတ်ထဲက တစ်ရှူးကို ထုတ်ပြီး သုတ်ပေးရတာနဲ့တင် စိတ်ကောက်မယ် ဆိုတဲ့ အတွေးက ပျောက်သွားသည်။ မောလွန်းလို့ နိမ့်ချည်မြင့်ချည် ဖြစ်နေတဲ့ ဆောင်ဟွန်းရဲ့ ရင်ဘတ်က သေချာပေါက် ပြေးလာတယ် ဆိုတာ သက်သေပြနေသည် ။

" ဒါပေါ့ ၊ ကိုယ့် အသည်းလေးတစ်ယောက်လုံး အပြင်မှာ စောင့်နေတာကို "

တစ်ဖြည်းဖြည်း အရပ်ကွာခြားချက်က သိသာလာတာနဲ့ အမျှ အခုဆောင်ဟွန်းကို ချွေးသုတ်ပေးရင်တောင် ခြေဖျားကို မသိမသာ ထောက်ထားရသည် ။
" အခွင့်အရေးသမားလို့ " ဂျယ်ယွန်း စ ပြီးခေါ်နေကြအတိုင်းပဲ ဆောင်ဟွန်းကလည်း အခွင့်အရေးကို ဘယ်တော့မှလက်လွှတ်မခံတတ် ။ အခုလည်း မမှီတမှီဖြစ်နေတဲ့ ဂျယ်ယွန်းကို ခါးကဖက်ပြီး လူမြင်ကွင်းမှာ ပါးကိုနမ်းဖို့လုပ်နေသေးသည် ။ ဒါပေမယ့်လည်း ပိုလျင်တဲ့ ဂျယ်ယွန်းကြောင့် အလုပ်က အထမမြောက်လိုက် ။

" ဟျောင့် ! မင်း အရှက်မရှိပေမယ့် ငါတော့ရှက်တတ်တယ်နော် "

ဂျယ်ယွန်းက ဒူးကိုကွေးပြီး ဗိုက်ကိုလှမ်းကန်ဖို့ လုပ်မှ ပတ်ဆောင်ဟွန်းတို့က လက်လျှော့ပြီး နောက်တစ်လှမ်းဆုတ်သွားကာ တဟားဟား အော်ရယ်နေသည် ။

အမြင်ကပ်ဖို့ကောင်းလောက်အောင် လမ်းမပေါ်မှာ အော်ရယ်နေတဲ့ ကောင်က တကယ် အရှက်ကင်းမဲ့နေပုံပဲ ။ ဂျယ်ယွန်းက ဘာမှမပြောချင်တဲ့ပုံနဲ့ မျက်စောင်းပဲထိုးကာ ထွက်လာခဲ့လိုက်သည် ။ အဲ့တော့မှ သူ့နောက်လိုက်လာပြီး ခေါင်းလေးကို ပုတ်ကာ လာချော့သလိုလိုနှင့် ။

" သေးသေးလေး ပေမယ့် တအားစွာတယ်နော် "

ဒါကလည်း သူတို့နှစ်ယောက်ရဲ့ မထိတထိရန်ပွဲတွေပြီးတိုင်း ဆောင်ဟွန်း ရယ်ပြီးပြောနေကြစကားပဲ ။ အဲ့လိုပြောတိုင်းလည်း ဂျယ်ယွန်းက နည်းနည်းလေးမှ ပြန်မချေပ ရရင် မနေတတ် ။

" ဘာသေးတာလဲ ၊ ဘယ်နားသေးတာလဲ၊ အရပ်ကိုပဲလာပြောနေတာလား ဒီမှာနော် ပတ်ဆောင်ဟွန်း ငါ မပုဘူး ၊ မင်းကိုက အမြင်ကပ်ဖို့ကောင်းလောက်အောင် အရပ်က မိုးထိုးနေတာ "

" အင်းပါကွာ .. ညကျရင်သာ ကိုယ့်ရင်ခွင်ထဲ ခွေးပေါက်လေးလို အတင်းတိုးပြီး လာချွဲမနေနဲ့ "



ကျောင်းကနေ ပြန်တိုင်း ဆောင်ဟွန်း ကားနဲ့မဟုတ်ပဲ လမ်းလျှောက်ပြန်ချင်တယ် ဟု ဂျယ်ယွန်းက ပူဆာထားတာမို့ နှစ်ယောက်သား လမ်းလျှောက်ပြန်ဖြစ်တာပဲ  အတော်ကြာပြီ ။ အဲ့တော့လည်း ကျောင်းနဲ့ ပိုနီးတဲ့ ဂျယ်ယွန်းရဲ့ တိုက်ခန်းမှာပဲ အနေများသည် ။ တစ်ခါတစ်လေလည်း ဆောင်ဟွန်း အိမ် ဆီသွားပေမယ့် မလွတ်လပ်ဘူး လို့ ခံစားရတာမို့ ဒီတိုက်ခန်းကိုပဲ ပြန်လာကြမြဲ ။

ဆောင်ဟွန်းရဲ့ လက်ကိုတင်းနေအောင် ဆွဲကိုင်ထားပြီး လမ်းလျှောက်ရတာက ထင်ထားတာထက်တောင် ပိုပြီး ရိုမန့်တစ် ဆန်သည် ။ ကားနဲ့သာ ပြန်ကြရင် ဘယ်သူပဲ မောင်းမောင်း ၊ တစ်ဖက်က လူက စီးနေရင်းနဲ့ အိပ်ပျော်သွားတာမို့ ဘာမှမသိလိုက် ။

" ခုနက ဟီဆွန်းဟျောင်းကို တွေ့ခဲ့တယ် "

" ဟင် .. ဟုတ်လား "

အရှေ့ကိုကြည့်လျှောက်နေရင်းကနေ ဆောင်ဟွန်းက ငဲ့စောင်းပြီး လှမ်းကြည့်လိုက်တာကို မျက်စိထောင့်ကနေ မြင်နေရသည် ။

" အင်း ၊ ဆောနူလည်းပါတယ် .. လက်လည်းတွဲထားသေးတယ် ၊ ဟွန်း သူတို့ကဘာတွေလဲ "

ဆောင်ဟွန်းက သူ့မေးခွန်းကို အရင်မဖြေသေးပဲ ခပ်ဖွဖွရယ်နေသေးသည် ။ ပြီးတော့မှ " ဂင်ဆောနူတို့က ခြေလှမ်းသွက်လိုက်တာ" ဟု ရယ်သံလွှမ်းနေတဲ့ အသံနဲ့ပြောသေးသည် ။

" ဆောနူ ကိုကို့ ကို သဘောကျနေမှန်း နဂိုတည်းက ရိပ်မိသားပဲ ၊ အခုတော့ အကောင်အထည်ဖော်နေတယ် ထင်တယ်"

" အာ .. ကောင်းလိုက်တာ ၊ ဟျောင်း ဘေးနားမှာ ဆောနူလို တစ်ယောက်ယောက်ရှိနေပေးတာ တော်ပါသေးရဲ့ "

" မင်း အခုထိ ကိုကို့ ကို အားနာနေသေးတာလား ဘေဘီ "

" အင်း .... ငါ ဟျောင်း အပေါ် တအားဆိုးခဲ့တာ "

စိတ်ညစ်စရာတွေကို မတွေးမိဖို့ ကြိုးစားနေတဲ့ကြားက ထိန်းမရပဲ မမှတ်မိချင်တဲ့အရာတွေက ပေါ်လာသည် ။ ဟျောင်း အပေါ်မှာ သူအရမ်းရက်စက်ခဲ့တာပါလားဟုတွေးမိတိုင်း မျက်နှာချင်းဆိုင်ဖို့ပင် ခက်ခဲခဲ့သည် ။ မထင်မှတ်ပဲတွေ့လိုက်ရတဲ့ ခုနကတွေ့ဆုံမှူမှာတော့ သူ နည်းနည်းပျော်သွားရသည် ။ ဟီဆွန်း ဘေးနားမှာ ရှိနေတဲ့ ဆောနူရယ် ၊ ဆောနူက အတင်းဖက်ထားတာတောင် နေရခက်ပုံမပေါ်တဲ့ ဟျောင်းရယ် ။



သူနဲ့ ဆောင်ဟွန်းလိုပဲ ဟီဆွန်းဟျောင်းကိုလည်း ချစ်ရတဲ့သူနဲ့ ပျော်စေချင်သည် ။ အခု ဆောနူရှိနေပြီဆိုတော့ သူအများကြီး ပူစရာမလိုတော့ဘူးထင်တယ် ။






" မရဘူး 7 ကောင် "

" များလွန်းတယ် ၊ အလွန်ဆုံး 5 ကောင်ပဲ "

" ဟာ ခြံအကျယ်ကြီး မှာ မွေးမှာပါဆိုမှ 5 ကောင်က နည်းတယ်"

" ဪ ဟုတ်တယ် ! မင်းက အဲ့ ခွေး 5 ကောင်ကိုပဲ အချိန် ပတ် ပေးနေရင် မင်း ရည်းစား ငါ့အတွက်ကကော ! 5 ကောင် က များလွန်းနေပြီ တော်ပြီ "

" အာ .. ဟွန်း ကလည်း ၊ ခွေးတွေနဲ့တောင် သဝန်တိုစရာလား "


အသက်ကြီးလာရင် နယ်ဘက်မှာ ခြံအကျယ်ကြီးနဲ့ ခွေးတွေမွေးပြီး နေချင်တာ ဂျယ်ယွန်းရဲ့ ဆန္ဒမှန်းသူလည်းသိပါသည် ။ သူ့ချစ်သူ ဖြစ်ချင်တဲ့အတိုင်း အလိုလိုက်ဖို့လည်း ဆောင်ဟွန်းက တွေးထားပြီးသား ။ ဒါပေမယ့် 7 ကောင် အထိပါ မွေးချင်တာ နည်းနည်းမလွန်ဘူးလား။ 5 ကောင်တောင် တော်တော်များနေပြီကို ။

ခွေးတွေနဲ့အပြိုင် သဝန်တိုတာတော့ မဟုတ်ပေမယ့် ရှင်းဂျယ်ယွန်းက ပတ်ဆောင်ဟွန်း အပိုင်ဆိုတာ လူတွေ ၊ ခွေးတွေသာမက ဒီကမ္ဘာပေါ်မှာ ရှိသမျှ သတ္တဝါတိုင်းကို သိစေချင်တာ ။ ဒီ အတွေးကို ဂျယ်ယွန်းသာ ကြားရင် " ကလေးဆန်လိုက်တာ" ဆိုပြီး စ လည်း မတတ်နိုင် ။


" ရှင်းဂျိတ်ခ် " ဆိုပြီး မျက်မှန်ဝိုင်းလေးနဲ့ သူ့ရင်ထဲ တိုးဝင်လာတဲ့ ကောင်လေးကို နှလုံးသားထဲကကို နင့်နေအောင် ချစ်ရသည် ။ အရိပ်တကြည့်ကြည့်နဲ့ ချစ်နေရတာကိုက သူ့အတွက် ပုံမှန်လိုဖြစ်နေပြီ ။ ညှိစရာမလိုတဲ့ အထိ အတွဲညီတဲ့ သူတို့ဆက်ဆံရေးထဲမှာ မတိုက်ဆိုင်မှုတွေ ရှိလာရင်တောင် ဂျယ်ယွန်းဘက်က အမြဲ အလျှော့ပေးလို့ သူ့မှာပိုချစ်ရသည် ။


" နိုးလာပြီလား ဟွန်း ၊ မနက်စာတော့ အဆင်သင့်မဖြစ်သေးဘူးနော် "


အောက်က ဘောင်းဘီတိုလေးနှင့် အပေါ်ကလည်း ကြုံရာ ဆောင်ဟွန်းရဲ့ အင်္ကျီကို ကောက်စွတ်ထားပုံရသည် ။ အင်္ကျီကတောင် ဘောင်းဘီ ထဲ ပိုရှည်ချင်နေသေး။ ဆောင်ဟွန်းက ပြန်မဖြေပဲ အဲ့ကောင်လေး အနားသွားကာ အနောက်ကနေ တစ်ကိုယ်လုံးကို သိုင်းဖက်လိုက်သည် ။ ဂျယ်ယွန်းကသာ သေးသေးလေးလို့ အခေါ်ခံရတာကို မကြိုက်ပေမယ့် ဆောင်ဟွန်းကတော့ ထိုခန္ဓာကိုယ် သေးသေးလေးကို ရင်ခွင်ထဲမြုပ်နေအောင် ဖက်ထားရတာ တအားကြိုက်သည် ။

နေ့ရက်တိုင်းကိုသာ ဒီမြင်ကွင်းနဲ့ စတင်ရရင် ဘယ်လောက်ကောင်းမလဲ ။


မနေ့ကလည်း နှစ်ယောက်သားအတူရှိခဲ့ကြပြီး ဒီနေ့လည်းပဲ နှစ်ယောက်အတူတူ မနက်ဖြန်အတွက် ရင်ဆိုင်ဖို့အသင့်ဖြစ်နေချင်သည် ။

ပန်းခင်းလမ်းနဲ့ စတင်ခဲ့တာမျိုးမဟုတ်တဲ့ သူတို့ ချစ်ခြင်းက အဆုံးသတ်မှာတော့ လှလှပပလေး ဇာတ်သိမ်းသွားခဲ့သည် ။ စစ်မှန်တဲ့ အချစ်တွေနဲ့ ဂျယ်ယွန်းဘက်က စ ခဲ့တာဆိုရင် အဆုံးထိ ဂျယ်ယွန်းလက်ကို ဆွဲကိုင်ထားမည့်သူက ဆောင်ဟွန်းပင် ။

ဘာပဲဖြစ်ဖြစ် နည်းပညာတက္ကသိုလ် ရဲ့ သမိုင်းတစ်လျှောက်မှာ အိုင်တီကလူဆိုးလေးနဲ့ အာခီက စာဂျပိုးလေးကတော့ ရာဇဝင်ပုံပြင်လေး အဖြစ်နဲ့ ကျန်ရစ်ခဲ့တော့မည် ။လူတိုင်းအားကျရတဲ့ အချစ်ငှက်နှစ်ယောက်ရဲ့ ဇာတ်နောက်ကွယ်မှာ အနစ်နာခံပေးခဲ့တဲ့ လူတစ်ယောက်ကတော့ ကောလာဟလ အဖြစ်နဲ့ ဝေ​ဝါးစွာ ပျောက်ကွယ်မသွားဖို့ ဆုတောင်းပါရဲ့ ။



— THE END —

HAPPY JAKEHOON DAY 🥳 my fellow jakehooinsts

Promise To Daisy တကယ်ပြီးသွားပါပြီ ㅠㅠ
ရေးဖူးသမျှထဲမှာ အကြိုက်ဆုံး ဆိုတာ တအားသိသာနေမယ်ထင်ပါတယ် ။ နေ့တိုင်း နီးပါးကို ရေးနိုင်တဲ့ အထိ သဘောကျတယ် promise to daisy ရေးနေရရင်ကို လွတ်လွတ်လပ်လပ် နဲ့ ပျော်တယ်လို့ ခံစားရလို့🥺
လိုအပ်ချက်တွေ အများကြီးရှိသေးတာကို တကူးတကဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအရမ်းတင်ပါတယ်ညော်🥺❣️ Silent Reader တွေကော comment အမြဲဝင်ရေးပေးတဲ့ သူတွေကော တအားတအားချစ်ပါတယ် <3 (ပြီးတော့ သဘောကျရတဲ့ အာသာမမတွေပါ လာဖတ်တယ်ဆိုလို့ အရမ်းပျော်ပါတယ် heee)
ပြီးသွားပြီ ဆိုပေမယ့် PTD ကိုအလွမ်းဆုံးဖြစ်နေတော့မှာ ㅠㅠㅠㅠ

ထပ်ပြီးတော့ အချိန်ပေးပြီး ဖတ်ပေးတဲ့ တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်နော် 🙏❤️







Zawgyi




"ဆန္းေဘး"


ဒီေန႔လည္း ေရာက္လာျပန္ၿပီ ။
ဟီဆြန္းက သက္ျပင္းတစ္ခ်က္ခ်ၿပီး ေခါင္းေမာ့ၾကည့္လိုက္ေတာ့ ေနေရာင္ျခည္လိုမ်ိဳး ေတာက္ပေနတဲ့အၿပဳံးနဲ႔ သူ႔ကိုၾကည့္ေနတဲ့ ေကာင္ေလး ။

" ဒီေန႔ေရာ ဘာလဲ ေဆာႏူ"

ပါးစပ္နဲ႔ျပန္မေျဖပဲ ပန္းႏုေရာင္ စာအိတ္ေလးကို ဟီဆြန္းလက္ထဲ အတင္းထိုးေပးသည္ ။ ေရေမႊးနံ႔သင္းသင္းနဲ႔ ထိုစာအိတ္ေတြကို ေဆာႏူဆီက ရတာ ဒါနဲ႔ဆို ၇ ႀကိမ္ေျမာက္။ ရည္းစားစာ ေပးတာေတာင္ ရွက္ကိုးရွက္ကန္းမဟုတ္တဲ့ ေဆာႏူရဲ႕ပုံက ရဲရဲတင္းတင္း။


ဘဝမွာခ်စ္ခဲ့ရတဲ့ ပထမဆုံးအခ်စ္ဦးေၾကာင့္ အသည္းေတာင္ ေကာင္းေကာင္း မကြဲရေသး ။ ထို ေနေရာင္ျခည္လို ေကာင္ေလးက အတင္းတိုးဝင္လာသည္ ။ ႐ုပ္ရွင္ေတြထဲကလို ညဘက္ေတြ အရက္မူးေအာင္ ေသာက္ ၊ တစ္ေယာက္တည္း အခန္းပိတ္၊ ျဖစ္သလို ေနမယ္လို႔ ေတြးထားတာကို " ေဆာင္ဟြန္း သူငယ္ခ်င္း" ပါလို႔ ကိုယ့္ကိုကိုယ္ မိတ္ဆက္ၿပီး သူ႔အိမ္ကို အတင္းေခၚသြားတဲ့ ေဆာႏူက တကယ္အထူးအဆန္းေလး ။

တစ္ေယာက္တည္း အထီးက်န္ၿပီး ေနေနရမယ့္ ေန႔ရက္ေတြအစား ေဆာႏူရဲ႕ အိမ္မွာ သူ႔မိသားစုနဲ႔ ေႏြးေႏြးေထြးေထြး ေနခြင့္ရတာကိုေတာ့ ေက်းဇူးတင္ရမည္ ။ သူ႔ႏွလုံးသားက နက္လြန္းတဲ့ ဒဏ္ရာကို ျဖည္းျဖည္းခ်င္း ေဆးထည့္ေပးၿပီး ႏွလုံးသားတစ္ခုလုံးကို ဆြဲယူသြားဖို႔ ဂင္ေဆာႏူေလးက စီစဥ္ထားပုံေပၚသည္ ။

ငါးလ ဆိုတဲ့ အခ်ိန္က သူ႔အတြက္ ဂ်ယ္ယြန္းကို ေမ့ပစ္ဖို႔ လုံေလာက္တဲ့ အခ်ိန္ေတာ့မဟုတ္ေသး ။ ဒါေပမယ့္ ဂ်ယ္ယြန္းအေၾကာင္း မေတြးျဖစ္ေအာင္ သူ႔ေရွ႕ခဏခဏေရာက္လာတဲ့ ေကာင္ေလးက သူ႔အလြမ္းဓာတ္ေတြကို ဆြဲယူ သြားသလိုပင္ ။


" ညေနက်ရင္ ေတာ့ပိုကီသြားစားခ်င္လို႔ ၊ လိုက္ခဲ့ေပးပါလား ဆန္းေဘး "

" မင္းဘာသာမင္း သြားပါလား "

" လိုက္ေပးမယ့္ ရည္းစားမရွိဘူးေလဗ်ာ"

" ငါက မင္းရည္းစားမို႔လို႔လား "

" အခုမဟုတ္ေတာင္ ေနာက္ျဖစ္လာေတာ့မွာပဲ ဟဲဟဲ"


ရဲတင္းစြာေျပာခ်လာတဲ့စကားေတြက ဟီဆြန္းရဲ႕ ပါးေတြကိုရဲသြားေစဖို႔ လုံေလာက္သည္ ။ ေဆာႏူမို႔လို႔ သူ႔အနားရွိေနရင္ အီဟီဆြန္းမွာ ဆယ္ေက်ာ္ႏွစ္ ေက်ာင္းသားေလးလို ရင္ေတြခုန္ရၿမဲ ။


" ငါဂ်ယ္ယြန္းကို ခ်စ္ေနတုန္းပဲဆို မင္းဘာလုပ္မလဲ ေဆာႏူ"


" သိပါတယ္ ၊ ဆန္းေဘး သူ႔ကိုအရမ္းခ်စ္မွန္း .. ကြၽန္ေတာ္က ဂ်ိတ္ခ္ေဟ်ာင္းရဲ႕ ေနရာကိုဝင္လုခ်င္တာမ်ိဳးမဟုတ္ပါဘူး .. ဆန္းေဘးရင္ထဲမွာ ဘယ္သူမွမရွိေတာ့တဲ့အထိ အားလုံးကို စိတ္ကုန္သြားရင္ ကြၽန္ေတာ္က အဲ့ေနရာကို ဝင္လာမွာေလ .. ဟီးဟီး "


ထိုစကားေတြေျပာေနတုန္းက ေဆာႏူရဲ႕ မ်က္ႏွာက ျဖဴစင္မႈ ပကတိႏွင့္ ။ လြယ္အိတ္ႀကိဳးကို လက္ႏွစ္ဖက္နဲ႔ ဆုပ္ကိုင္ၿပီး လမ္းေဘးက ေက်ာက္တုံးေလးေတြကို ေျခေထာက္နဲ႔ ကန္ရင္း ျပန္ေျဖသည္ ။



အခ်ိန္တစ္ခု ၊
အခ်ိန္တစ္ခု ေရာက္ၿပီးရင္ေတာ့ ဂ်ယ္ယြန္း မဟုတ္ပဲ ေဆာႏူ ဆိုတဲ့ ေကာင္ေလးဆီမွာ သူ႔အခ်စ္ ေတြကို ျပန္လည္ေဆာက္တည္ခ်င္သည္ ။










" တကယ္ေျပာတာ အဲ့ဆိုင္ အရမ္းေကာင္း ၊ ဆန္းေဘး ေဘးနားရွိေနရင္ ပိုေတာင္ စားေကာင္းဦးမယ္ေလ ၊ အဲ့တာေၾကာင့္ ကြၽန္ေတာ္က ရေအာင္ေခၚ- ဟင္ ဂ်ိတ္ခ္ေဟ်ာင္း"

ေဘးနားကေန စကားကို တစ္တြတ္တြတ္ေျပာေနတဲ့ ေကာင္ေလးက ဟီဆြန္းရဲ႕လက္ေမာင္းကိုလည္း မွီသလိုလို နဲ႔ခ်ိတ္ဆြဲထားေသးသည္ ။ ေျပာတဲ့စကားက မ်ားလြန္းလို႔ နားထဲဝင္တာဝင္ ၊ လွ်ံထြက္သြားတာေတြလည္းရွိေပမယ့္ "ဂ်ိတ္ခ္ေဟ်ာင္း" ဆိုတဲ့စကားလုံးကေတာ့ ရင္ထဲထိ ထိုးစိုက္ဝင္သြားသလို ။

​အေရွ႕ခပ္လွမ္းလွမ္းမွာ ဓာတ္တိုင္ကိုမွီၿပီး ဖုန္းသုံးေနတဲ့ ဂ်ယ္ယြန္း ။ ဂ်င္းအျပာႏုေရာင္ အေပၚထပ္ကို တံေတာင္ဆစ္ထိ ေခါက္တင္ထားၿပီး အရင္လိုပဲ ႏူးညံ့ေနဆဲ ပုံရိပ္ေလးကို မေတြ႕ရတာေတာင္ ေတာ္ေတာ္ၾကာၿပီ ။ တစ္စုံတစ္ေယာက္ကို ရပ္ေစာင့္ေနပုံရတဲ့ ဂ်ယ္ယြန္းက နားၾကပ္ကိုလည္း တပ္ထားေသးတာမို႔ ေဘးလူေတြကိုျမင္ပုံမေပၚ။

" ဂ်ိတ္ခ္ေဟ်ာင္း ၊ ဘာရပ္လုပ္ေနတာလဲ"

သူ ေငးၾကည့္ေနတုန္းမွာတင္ ေဘးနားက ေဆာႏူကေတာ့ ဂ်ယ္ယြန္းေရွ႕ကို လွစ္ခနဲေရာက္သြားသည္ ။ သြက္လည္းသြက္တဲ့ေကာင္ေလး ။

" ဪ .. ေဆာႏူ ၊ ဟီဆြန္းေဟ်ာင္း ေကာပါတာလား"

နားထဲက Airpod ကို Case ထဲျပန္ထည့္ၿပီး လွမ္းၿပဳံးျပတဲ့ ဂ်ယ္ယြန္းက နဂိုအတိုင္း ႐ိုး႐ိုးေလးပဲ ။ သူတို႔ၾကားမွာ ဘာမွမျဖစ္ခဲ့သလိုမ်ိဳး ဘာ အေရာင္ မွ မပါတဲ့ အၿပဳံးေလး ။

" အင္း ၊ ေတာ့ပိုကီ သြားစားမလို႔ ဂ်ိတ္ခ္ေဟ်ာင္း ၊ ဟိုနားက ဆိုင္ေလ"


​ဂ်ယ္ယြန္းနားကို ေလွ်ာက္သြားေတာ့ ေဆာႏူက ခုနကလိုပဲ သူ႔လက္ေမာင္းေတြကို လွမ္းဖက္သည္ ။ ႐ုတ္တရက္အျပဳအမူမွာ ေဆာႏူက ဘယ္လိုမွ မေနေပမယ့္ ဂ်ယ္ယြန္းကေတာ့ အံ့ဩသြားပုံရသည္ ။ ေဆာႏူမျမင္ေအာင္ သူ႔ဘက္လွည့္ၿပီး " ေဟ်ာင္း ဘာေတြလဲေနာ္" ဆိုတဲ့ သေဘာႏွင့္ မ်က္လုံး မွိတ္ျပသည္ ။

" အာ.. အဲ့ဆိုင္လား ၊ အဲ့ဆိုင္ေကာင္းတယ္လို႔ ဟြန္း လည္း ခဏခဏေျပာတယ္ .. စားေတာ့မစားၾကည့္ဖူးေသးဘူး"

" တစ္ခါတည္း လိုက္ခဲ့ပါလား ၊ အတူသြားမယ္ေလ ဂ်ယ္ယြန္း "

မျပတ္ေသးတဲ့ ခံစားခ်က္ေၾကာင့္လို႔ ေျပာရမလား ၊ ဒီအတိုင္း ျဖဴစင္တဲ့ သံေယာဇဥ္ေၾကာင့္ပဲလားမသိ ။ ပါးစပ္ကေန လႊတ္ခနဲ ေလာ္ကြတ္ေခ်ာ္မိသြားသည္ ။

" အားနာေပမယ့္ အခုေတာ့ လိုက္လို႔မရေသးဘူး ေဟ်ာင္း ၊ ေဆာင္ဟြန္းကို ေစာင့္ေနရတာမို႔လို႔ ... ေနာက္တစ္ေခါက္က်ရင္ အတူသြားရေအာင္ေလ ၊ ေနာ္ ေဆာႏူ "



ဒီတစ္ေခါက္လည္း ေဆာင္ဟြန္းပါပဲ ။
အၿမဲတမ္း ဂ်ယ္ယြန္းအတြက္ ေဆာင္ဟြန္းက ပထမဦးစားေပးနဲ႔ တူပါတယ္ ။ သူကသာ ၾကားထဲက ဝင္ရႈပ္သလို ျဖစ္သြားတဲ့ လူလား ၊ ဝင္ ကူညီေပးသြားတဲ့ အကိုႀကီးလို လူလား မသဲကြဲ ။








____________


" ေဆာရီး ေဘဘီ ၊ အၾကာႀကီးေစာင့္လိုက္ရလား"

မတ္တပ္ရပ္ရတာ ေညာင္းခ်ိေနၿပီဆိုၿပီး အၿပီးအျပင္ ၿဖဲဖို႔လုပ္ထားေပမယ့္ တကယ္တကယ့္ေဆာင္ဟြန္းကို ျမင္ေတာ့ တိုေနတဲ့ စိတ္ေတြက အလိုလိုျပန္ဝင္သြားသည္။

" မင္းကြာ ၊ ေခြၽးေတြႀကီးပဲ ေျပးလာတာလား ဟြန္း "

လြယ္အိတ္ထဲက တစ္ရွဴးကို ထုတ္ၿပီး သုတ္ေပးရတာနဲ႔တင္ စိတ္ေကာက္မယ္ ဆိုတဲ့ အေတြးက ေပ်ာက္သြားသည္။ ေမာလြန္းလို႔ နိမ့္ခ်ည္ျမင့္ခ်ည္ ျဖစ္ေနတဲ့ ေဆာင္ဟြန္းရဲ႕ ရင္ဘတ္က ေသခ်ာေပါက္ ေျပးလာတယ္ ဆိုတာ သက္ေသျပေနသည္ ။

" ဒါေပါ့ ၊ ကိုယ့္ အသည္းေလးတစ္ေယာက္လုံး အျပင္မွာ ေစာင့္ေနတာကို "

တစ္ျဖည္းျဖည္း အရပ္ကြာျခားခ်က္က သိသာလာတာနဲ႔ အမွ် အခုေဆာင္ဟြန္းကို ေခြၽးသုတ္ေပးရင္ေတာင္ ေျခဖ်ားကို မသိမသာ ေထာက္ထားရသည္ ။
" အခြင့္အေရးသမားလို႔ " ဂ်ယ္ယြန္း စ ၿပီးေခၚေနၾကအတိုင္းပဲ ေဆာင္ဟြန္းကလည္း အခြင့္အေရးကို ဘယ္ေတာ့မွလက္လႊတ္မခံတတ္ ။ အခုလည္း မမွီတမွီျဖစ္ေနတဲ့ ဂ်ယ္ယြန္းကို ခါးကဖက္ၿပီး လူျမင္ကြင္းမွာ ပါးကိုနမ္းဖို႔လုပ္ေနေသးသည္ ။ ဒါေပမယ့္လည္း ပိုလ်င္တဲ့ ဂ်ယ္ယြန္းေၾကာင့္ အလုပ္က အထမေျမာက္လိုက္ ။

" ေဟ်ာင့္ ! မင္း အရွက္မရွိေပမယ့္ ငါေတာ့ရွက္တတ္တယ္ေနာ္ "

ဂ်ယ္ယြန္းက ဒူးကိုေကြးၿပီး ဗိုက္ကိုလွမ္းကန္ဖို႔ လုပ္မွ ပတ္ေဆာင္ဟြန္းတို႔က လက္ေလွ်ာ့ၿပီး ေနာက္တစ္လွမ္းဆုတ္သြားကာ တဟားဟား ေအာ္ရယ္ေနသည္ ။

အျမင္ကပ္ဖို႔ေကာင္းေလာက္ေအာင္ လမ္းမေပၚမွာ ေအာ္ရယ္ေနတဲ့ ေကာင္က တကယ္ အရွက္ကင္းမဲ့ေနပုံပဲ ။ ဂ်ယ္ယြန္းက ဘာမွမေျပာခ်င္တဲ့ပုံနဲ႔ မ်က္ေစာင္းပဲထိုးကာ ထြက္လာခဲ့လိုက္သည္ ။ အဲ့ေတာ့မွ သူ႔ေနာက္လိုက္လာၿပီး ေခါင္းေလးကို ပုတ္ကာ လာေခ်ာ့သလိုလိုႏွင့္ ။

" ေသးေသးေလး ေပမယ့္ တအားစြာတယ္ေနာ္ "

ဒါကလည္း သူတို႔ႏွစ္ေယာက္ရဲ႕ မထိတထိရန္ပြဲေတြၿပီးတိုင္း ေဆာင္ဟြန္း ရယ္ၿပီးေျပာေနၾကစကားပဲ ။ အဲ့လိုေျပာတိုင္းလည္း ဂ်ယ္ယြန္းက နည္းနည္းေလးမွ ျပန္မေခ်ပ ရရင္ မေနတတ္ ။

" ဘာေသးတာလဲ ၊ ဘယ္နားေသးတာလဲ၊ အရပ္ကိုပဲလာေျပာေနတာလား ဒီမွာေနာ္ ပတ္ေဆာင္ဟြန္း ငါ မပုဘူး ၊ မင္းကိုက အျမင္ကပ္ဖို႔ေကာင္းေလာက္ေအာင္ အရပ္က မိုးထိုးေနတာ "

" အင္းပါကြာ .. ညက်ရင္သာ ကိုယ့္ရင္ခြင္ထဲ ေခြးေပါက္ေလးလို အတင္းတိုးၿပီး လာခြၽဲမေနနဲ႔ "



ေက်ာင္းကေန ျပန္တိုင္း ေဆာင္ဟြန္း ကားနဲ႔မဟုတ္ပဲ လမ္းေလွ်ာက္ျပန္ခ်င္တယ္ ဟု ဂ်ယ္ယြန္းက ပူဆာထားတာမို႔ ႏွစ္ေယာက္သား လမ္းေလွ်ာက္ျပန္ျဖစ္တာပဲ  အေတာ္ၾကာၿပီ ။ အဲ့ေတာ့လည္း ေက်ာင္းနဲ႔ ပိုနီးတဲ့ ဂ်ယ္ယြန္းရဲ႕ တိုက္ခန္းမွာပဲ အေနမ်ားသည္ ။ တစ္ခါတစ္ေလလည္း ေဆာင္ဟြန္း အိမ္ ဆီသြားေပမယ့္ မလြတ္လပ္ဘူး လို႔ ခံစားရတာမို႔ ဒီတိုက္ခန္းကိုပဲ ျပန္လာၾကၿမဲ ။

ေဆာင္ဟြန္းရဲ႕ လက္ကိုတင္းေနေအာင္ ဆြဲကိုင္ထားၿပီး လမ္းေလွ်ာက္ရတာက ထင္ထားတာထက္ေတာင္ ပိုၿပီး ႐ိုမန႔္တစ္ ဆန္သည္ ။ ကားနဲ႔သာ ျပန္ၾကရင္ ဘယ္သူပဲ ေမာင္းေမာင္း ၊ တစ္ဖက္က လူက စီးေနရင္းနဲ႔ အိပ္ေပ်ာ္သြားတာမို႔ ဘာမွမသိလိုက္ ။

" ခုနက ဟီဆြန္းေဟ်ာင္းကို ေတြ႕ခဲ့တယ္ "

" ဟင္ .. ဟုတ္လား "

အေရွ႕ကိုၾကည့္ေလွ်ာက္ေနရင္းကေန ေဆာင္ဟြန္းက ငဲ့ေစာင္းၿပီး လွမ္းၾကည့္လိုက္တာကို မ်က္စိေထာင့္ကေန ျမင္ေနရသည္ ။

" အင္း ၊ ေဆာႏူလည္းပါတယ္ .. လက္လည္းတြဲထားေသးတယ္ ၊ ဟြန္း သူတို႔ကဘာေတြလဲ "

ေဆာင္ဟြန္းက သူ႔ေမးခြန္းကို အရင္မေျဖေသးပဲ ခပ္ဖြဖြရယ္ေနေသးသည္ ။ ၿပီးေတာ့မွ " ဂင္ေဆာႏူတို႔က ေျခလွမ္းသြက္လိုက္တာ" ဟု ရယ္သံလႊမ္းေနတဲ့ အသံနဲ႔ေျပာေသးသည္ ။

" ေဆာႏူ ကိုကို႔ ကို သေဘာက်ေနမွန္း နဂိုတည္းက ရိပ္မိသားပဲ ၊ အခုေတာ့ အေကာင္အထည္ေဖာ္ေနတယ္ ထင္တယ္"

" အာ .. ေကာင္းလိုက္တာ ၊ ေဟ်ာင္း ေဘးနားမွာ ေဆာႏူလို တစ္ေယာက္ေယာက္ရွိေနေပးတာ ေတာ္ပါေသးရဲ႕ "

" မင္း အခုထိ ကိုကို႔ ကို အားနာေနေသးတာလား ေဘဘီ "

" အင္း .... ငါ ေဟ်ာင္း အေပၚ တအားဆိုးခဲ့တာ "

စိတ္ညစ္စရာေတြကို မေတြးမိဖို႔ ႀကိဳးစားေနတဲ့ၾကားက ထိန္းမရပဲ မမွတ္မိခ်င္တဲ့အရာေတြက ေပၚလာသည္ ။ ေဟ်ာင္း အေပၚမွာ သူအရမ္းရက္စက္ခဲ့တာပါလားဟုေတြးမိတိုင္း မ်က္ႏွာခ်င္းဆိုင္ဖို႔ပင္ ခက္ခဲခဲ့သည္ ။ မထင္မွတ္ပဲေတြ႕လိုက္ရတဲ့ ခုနကေတြ႕ဆုံမႉမွာေတာ့ သူ နည္းနည္းေပ်ာ္သြားရသည္ ။ ဟီဆြန္း ေဘးနားမွာ ရွိေနတဲ့ ေဆာႏူရယ္ ၊ ေဆာႏူက အတင္းဖက္ထားတာေတာင္ ေနရခက္ပုံမေပၚတဲ့ ေဟ်ာင္းရယ္ ။



သူနဲ႔ ေဆာင္ဟြန္းလိုပဲ ဟီဆြန္းေဟ်ာင္းကိုလည္း ခ်စ္ရတဲ့သူနဲ႔ ေပ်ာ္ေစခ်င္သည္ ။ အခု ေဆာႏူရွိေနၿပီဆိုေတာ့ သူအမ်ားႀကီး ပူစရာမလိုေတာ့ဘူးထင္တယ္ ။






" မရဘူး 7 ေကာင္ "

" မ်ားလြန္းတယ္ ၊ အလြန္ဆုံး 5 ေကာင္ပဲ "

" ဟာ ၿခံအက်ယ္ႀကီး မွာ ေမြးမွာပါဆိုမွ 5 ေကာင္က နည္းတယ္"

" ဪ ဟုတ္တယ္ ! မင္းက အဲ့ ေခြး 5 ေကာင္ကိုပဲ အခ်ိန္ ပတ္ ေပးေနရင္ မင္း ရည္းစား ငါ့အတြက္ကေကာ ! 5 ေကာင္ က မ်ားလြန္းေနၿပီ ေတာ္ၿပီ "

" အာ .. ဟြန္း ကလည္း ၊ ေခြးေတြနဲ႔ေတာင္ သဝန္တိုစရာလား "


အသက္ႀကီးလာရင္ နယ္ဘက္မွာ ၿခံအက်ယ္ႀကီးနဲ႔ ေခြးေတြေမြးၿပီး ေနခ်င္တာ ဂ်ယ္ယြန္းရဲ႕ ဆႏၵမွန္းသူလည္းသိပါသည္ ။ သူ႔ခ်စ္သူ ျဖစ္ခ်င္တဲ့အတိုင္း အလိုလိုက္ဖို႔လည္း ေဆာင္ဟြန္းက ေတြးထားၿပီးသား ။ ဒါေပမယ့္ 7 ေကာင္ အထိပါ ေမြးခ်င္တာ နည္းနည္းမလြန္ဘူးလား။ 5 ေကာင္ေတာင္ ေတာ္ေတာ္မ်ားေနၿပီကို ။

ေခြးေတြနဲ႔အၿပိဳင္ သဝန္တိုတာေတာ့ မဟုတ္ေပမယ့္ ရွင္းဂ်ယ္ယြန္းက ပတ္ေဆာင္ဟြန္း အပိုင္ဆိုတာ လူေတြ ၊ ေခြးေတြသာမက ဒီကမာၻေပၚမွာ ရွိသမွ် သတၱဝါတိုင္းကို သိေစခ်င္တာ ။ ဒီ အေတြးကို ဂ်ယ္ယြန္းသာ ၾကားရင္ " ကေလးဆန္လိုက္တာ" ဆိုၿပီး စ လည္း မတတ္ႏိုင္ ။


" ရွင္းဂ်ိတ္ခ္ " ဆိုၿပီး မ်က္မွန္ဝိုင္းေလးနဲ႔ သူ႔ရင္ထဲ တိုးဝင္လာတဲ့ ေကာင္ေလးကို ႏွလုံးသားထဲကကို နင့္ေနေအာင္ ခ်စ္ရသည္ ။ အရိပ္တၾကည့္ၾကည့္နဲ႔ ခ်စ္ေနရတာကိုက သူ႔အတြက္ ပုံမွန္လိုျဖစ္ေနၿပီ ။ ညႇိစရာမလိုတဲ့ အထိ အတြဲညီတဲ့ သူတို႔ဆက္ဆံေရးထဲမွာ မတိုက္ဆိုင္မႈေတြ ရွိလာရင္ေတာင္ ဂ်ယ္ယြန္းဘက္က အၿမဲ အေလွ်ာ့ေပးလို႔ သူ႔မွာပိုခ်စ္ရသည္ ။


" ႏိုးလာၿပီလား ဟြန္း ၊ မနက္စာေတာ့ အဆင္သင့္မျဖစ္ေသးဘူးေနာ္ "


ေအာက္က ေဘာင္းဘီတိုေလးႏွင့္ အေပၚကလည္း ႀကဳံရာ ေဆာင္ဟြန္းရဲ႕ အက်ႌကို ေကာက္စြတ္ထားပုံရသည္ ။ အက်ႌကေတာင္ ေဘာင္းဘီ ထဲ ပိုရွည္ခ်င္ေနေသး။ ေဆာင္ဟြန္းက ျပန္မေျဖပဲ အဲ့ေကာင္ေလး အနားသြားကာ အေနာက္ကေန တစ္ကိုယ္လုံးကို သိုင္းဖက္လိုက္သည္ ။ ဂ်ယ္ယြန္းကသာ ေသးေသးေလးလို႔ အေခၚခံရတာကို မႀကိဳက္ေပမယ့္ ေဆာင္ဟြန္းကေတာ့ ထိုခႏၶာကိုယ္ ေသးေသးေလးကို ရင္ခြင္ထဲျမဳပ္ေနေအာင္ ဖက္ထားရတာ တအားႀကိဳက္သည္ ။

ေန႔ရက္တိုင္းကိုသာ ဒီျမင္ကြင္းနဲ႔ စတင္ရရင္ ဘယ္ေလာက္ေကာင္းမလဲ ။


မေန႔ကလည္း ႏွစ္ေယာက္သားအတူရွိခဲ့ၾကၿပီး ဒီေန႔လည္းပဲ ႏွစ္ေယာက္အတူတူ မနက္ျဖန္အတြက္ ရင္ဆိုင္ဖို႔အသင့္ျဖစ္ေနခ်င္သည္ ။

ပန္းခင္းလမ္းနဲ႔ စတင္ခဲ့တာမ်ိဳးမဟုတ္တဲ့ သူတို႔ ခ်စ္ျခင္းက အဆုံးသတ္မွာေတာ့ လွလွပပေလး ဇာတ္သိမ္းသြားခဲ့သည္ ။ စစ္မွန္တဲ့ အခ်စ္ေတြနဲ႔ ဂ်ယ္ယြန္းဘက္က စ ခဲ့တာဆိုရင္ အဆုံးထိ ဂ်ယ္ယြန္းလက္ကို ဆြဲကိုင္ထားမည့္သူက ေဆာင္ဟြန္းပင္ ။

ဘာပဲျဖစ္ျဖစ္ နည္းပညာတကၠသိုလ္ ရဲ႕ သမိုင္းတစ္ေလွ်ာက္မွာ အိုင္တီကလူဆိုးေလးနဲ႔ အာခီက စာဂ်ပိုးေလးကေတာ့ ရာဇဝင္ပုံျပင္ေလး အျဖစ္နဲ႔ က်န္ရစ္ခဲ့ေတာ့မည္ ။လူတိုင္းအားက်ရတဲ့ အခ်စ္ငွက္ႏွစ္ေယာက္ရဲ႕ ဇာတ္ေနာက္ကြယ္မွာ အနစ္နာခံေပးခဲ့တဲ့ လူတစ္ေယာက္ကေတာ့ ေကာလာဟလ အျဖစ္နဲ႔ ေဝ​ဝါးစြာ ေပ်ာက္ကြယ္မသြားဖို႔ ဆုေတာင္းပါရဲ႕ ။



— THE END —

HAPPY JAKEHOON DAY 🥳 my fellow jakehooinsts

Promise To Daisy တကယ္ၿပီးသြားပါၿပီ ㅠㅠ
ေရးဖူးသမွ်ထဲမွာ အႀကိဳက္ဆုံး ဆိုတာ တအားသိသာေနမယ္ထင္ပါတယ္ ။ ေန႔တိုင္း နီးပါးကို ေရးႏိုင္တဲ့ အထိ သေဘာက်တယ္ promise to daisy ေရးေနရရင္ကို လြတ္လြတ္လပ္လပ္ နဲ႔ ေပ်ာ္တယ္လို႔ ခံစားရလို႔🥺
လိုအပ္ခ်က္ေတြ အမ်ားႀကီးရွိေသးတာကို တကူးတကဖတ္ေပးတဲ့ တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးအရမ္းတင္ပါတယ္ေညာ္🥺❣️ Silent Reader ေတြေကာ comment အၿမဲဝင္ေရးေပးတဲ့ သူေတြေကာ တအားတအားခ်စ္ပါတယ္ <3 (ၿပီးေတာ့ သေဘာက်ရတဲ့ အာသာမမေတြပါ လာဖတ္တယ္ဆိုလို႔ အရမ္းေပ်ာ္ပါတယ္ heee)
ၿပီးသြားၿပီ ဆိုေပမယ့္ PTD ကိုအလြမ္းဆုံးျဖစ္ေနေတာ့မွာ ㅠㅠㅠㅠ

ထပ္ၿပီးေတာ့ အခ်ိန္ေပးၿပီး ဖတ္ေပးတဲ့ တစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္ေနာ္ 🙏❤️

Продолжить чтение

Вам также понравится

☀️🌻 Jd Ut

Любовные романы

3.1K 318 17
ငါအများကြီးချစ်ရတာမို့အများကြီးလဲနာကျင်ရတယ်gem
1.4K 139 13
𝗣𝗮𝗿𝗸 𝗝𝗲𝗼𝗻𝗴𝘄𝗼𝗼 𝗫 𝗬𝗼𝗼𝗻 𝗝𝗮𝗲𝗵𝘆𝘂𝗸 𝗫 𝗪𝗮𝘁𝗮𝗻𝗮𝗯𝗲 𝗛𝗮𝗿𝘂𝘁𝗼
1.1K 155 6
ကဲGeminifourth Ficအသစ်လေးနဲ့ပြန်လာပါပီနော် အားလုံးဘဲဖတ်ပေးကြပါအုံး စိတ်ကူးယဉ်သပ်သပ်နဲ့ရေးသားခြင်းဖြစ်ပါတယ် idolတွေကိုထိခိုက်လိုစိတ်မရှိပါဘူးနော်😚
1.1M 37.8K 63
𝐒𝐓𝐀𝐑𝐆𝐈𝐑𝐋 ──── ❝i just wanna see you shine, 'cause i know you are a stargirl!❞ 𝐈𝐍 𝐖𝐇𝐈𝐂𝐇 jude bellingham finally manages to shoot...