ထိမ်း​​မြားပဏ္ဏာအင်ပါယာ

zuriiiiii8 tarafından

11.8K 1.4K 99

လူတစ်ယောက်က သေခြင်းတရားကိုတောင် မျက်ကွယ်ပြုပြီး မင်းကို ချစ်နိုင်တယ်ဆိုရင် သူဟာ မင်းနဲ့ ဘယ်တော့မှ မခွဲခွာနိ... Daha Fazla

အခန်း ၁ /ဓားစာခံမင်းသား(ဓားစာခံမင္းသား)
အခန်း၂/ပထမဆုံးတွေ့ဆုံခြင်း(ပထမဆုံးေတြ႕ဆုံျခင္း)
You must read this ><
အခန်း ၄/ဆေးသောက်ချိန်(ေဆးေသာက္ခ်ိန္)
အခန်း၅/နိုင်လိုမင်းထက်ဧကရာဇ်(နိုင္လိုမင္းထက္ဧကရာဇ္)
အခန်း ၆/ကိုယ်တော့်ကိုဝတ်ရုံတော်ပြင်ဆင်ပေး
အခန်း၇/သက်မဲ့နှလုံးသား
အခန်း၈/အမြော်အမြင်ရှိသောအမေးအဖြေ
အခန်း ၉/အဆောင်တော်အပြောင်းအလဲ
အခန်း ၁၀/အဆိပ်ကိုမြည်းစမ်းခြင်း
အခန်း ၁၁/ ရေချိုးချိန်
အခန်း ၁၂/ ထုံရှစ်
အခန်း ၁၃/ဝတ်ရုံလက်ဖြတ်
အခန်း ၁၄/ပန်းချီဆွဲချိန်
အခန်း ၁၅ /တေးကဗျာ
အခန်း ၁၆ /ရင်ဖိုဖွယ်အိပ်မက်
အခန်း ၁၇/ သက်တော်စောင့်ခွေး
အခန်း ၁၈/အားမုံ့
好消息
အခန်း ၁၉ /တန်ပြန်တိုက်ခိုက်မှု
အခန်း ၂၀/ အရူး
启事

အခန်း ၃ /ဒူးထောက်အပြစ်ပေးခြင်း(ဒူးေထာက္အျပစ္ေပးျခင္း)

573 93 8
zuriiiiii8 tarafından

-ဒါဆိုရင် နှင်းကျတာ ရပ်တဲ့အချိန်ထိ ဒူးထောက်နေလိုက်-

ဝေ့လျန်သည် ခဏမျှ စဥ်းစားပြီးနောက် မျ
က်လွှာချ၍ ပြန်ဖြေလိုက်၏။

"နှင်းကျတဲ့အချိန်ဆိုတာ နှစ်တစ်နှစ်ရဲ့ သာ
ယာဝပြောမှုအတွက် နိမိတ်လက္ခဏာပါပဲ။အဲ့ဒါကြောင့် ဆီးနှင်းတွေမှာ ကောင်းမွန်တဲ့ နိမိ
တ်မျိုး ရှိပါတယ်။ဝေ့လျန်လဲ မြင်မြင်ချင်းမှာပဲ ပျော်ရွှင်ပြီး ဝမ်းသာမိလို့ နှင်းတွေကို ကြည့်ဖို့အတွက် ထွက်လာခဲ့ကြောင်းပါ။'

သူ့အနေနှင့် ချင်ဧကရာဇ်၏ စိတ်နေစိတ်ထားကို မှန်းဆ၍ မရနိုင်သေးရာ သူ့ဦးခေါင်းကို မြေပြင်ပေါ်တွင် လိမ့်မသွားစေရန်အတွက် အ
သုံးအနှုန်းတိုင်းကို အလွန် သတိကြီးကြီး ဆိုရလေသည်။

ကြားရသည်ကို မကြိုက်သူ မရှိသော ကော
င်းမွန်သည့် စကားကသာ အစဥ်အမြဲလုံခြုံသည့် ရွေးချယ်မှုမျိုး ဖြစ်ပေ၏။

သို့သော် ထိုပုဂ္ဂိုလ်ထံမှ ကြားလိုက်ရသော အမိန့်က"လျှာဖြတ်လိုက်"ဟူ၍ ဖြစ်နေမည်ဟု ဘယ်သူကများ ထင်ပါလိမ့်နည်း။

ဝေ့လျန်: "???"

ဝေ့လျန်က အလျင်အမြန် ဆုံးဖြတ်၍ ချက်ချ
င်းကို ဦးညွတ်ချလိုက်၏။

"ဝေ့လျန်ပြောလိုက်တာ အမှားပါသွားလို့များလား?"

ဤအပြုအမူက နောက်ဆုံးတွင် ကျီယွယ့်၏ စိတ်ဝင်စားမှုကို အရယူနိုင်ခဲ့သည်။

တစ်ဖက်လူက ထိတ်လန့်တကြား ပြုမူပြီး သ
နားညှာတာပေးရန် အော်ဟစ်ငိုကြွေးပြမည်ဆိုလျှင် ထိုလူသည် မျက်နှာလှလှလေးနှင့် သုံးစားမရသော ပျော့ညံ့သူဖြစ်ကြောင်း သ
က်သေပြပြီးသား ဖြစ်သွားလိမ့်မည်။ထိုပုံစံမျိုးက ကျီယွယ့်၏ စိတ်ဝင်စားမှုနှင့် မထိုက်
တန်ပေ။

သို့သော် ဝေ့လျန်ကတော့ အမူအယာပြောင်း
လဲသွားခြင်း မရှိသည့်အပြင် မေးခွန်းပြန်ထု
တ်ရန်ပင် သတ္တိရှိနေသေး၏။အနှီသတ္တိမျိုးက အထင်ကြီးစရာ အကောင်းဆုံးဖြစ်ပေသ
ည်။

စိတ်ဝင်စားမှုကြောင့် ကျီယွယ့်က ထိုလူငယ်လေးကို ရှင်းပြလိုစိတ် ပေါ်သွားခဲ့သည်။တစ်နည်းဆိုရသော် သူ့လက်ပေါ်တွင် မရေမတွက်နိုင်လောက်အောင် လူပေါင်းများစွာ သေခဲ့ကြဖူးသည်။လူတိုင်းကသာ သူ့ဆီမှ အကြောင်း
ပြချက်ကို တောင်းခံနေလျှင် ပြန်ဖြေ၍တော
င် သံသရာကုန်နိုင်ပါ့မည်လား?

"ရာသီကျနှင်းဆိုတာ ကိုယ်တော့်ရဲ့ ချင်အင်ပါယာအတွက်တော့ ချမ်းသာကြွယ်ဝမှုကို ဆောင်တာပေါ့။ဒါပေမယ့် ချူအင်ပါယာကနေ ဓားစာခံအဖြစ် အလွှတ်ခံရတဲ့ လူတစ်ယောက်အနေနဲ့တော့ မင်းက ချင်အင်ပါယာအပေါ် အရိုးထဲ မြေ့နေအောင် မုန်းတဲ့ မင်းရဲ့အမုန်းတရားတွေ ပေါ်ကုန်မှာကို ကြောက်နေယုံပဲ။ဘာကို ပျော်တာလဲ? မင်း ကိုယ်တော့်ကို လာလှည့်စားနေတာလား?ကိုယ်တော့်ကို လှည့်စားတဲ့အတွက် အပြစ်ကတော့ လျှာဖြတ်ခံရမှာပဲ"

ကျီယွယ့်က ပြုံးရင်းဖြင့် စကားဆက်၏။

"မင်း အခု ချင်အင်ပါယာကို ရောက်နေလို့ ချင်အင်ပါယာရဲ့ လက်အောက်ခံ တစ်ယော
က်ဖြစ်သွားပြီဆိုရင် မင်းရဲ့ မွေးရပ်မြေနဲ့ နန်း
တော်ကို စွန့်လွှတ်လိုက်ပြီ ဆိုတဲ့ သဘောပဲ။ရွှန်းစိုနေတဲ့ နှုတ်ခမ်းနဲ့ စကားချောချောလေးတွေ ပြောတတ်တဲ့ လူမျိုးကို ငါတို့မကြိုက်ဘူး"

"ကဲ ...လျှာမဖြတ်ဖို့ အကြောင်းပြချက်လေး ပေးပါအုံးလား သခင်လေးလျန်ရဲ့"

စကားအချို့ကပင် ဝေ့လျန်ကို လွတ်လမ်းရှာရန် အခွင့်မပေးသည့်အပြင် ခက်ခက်ခဲခဲ မေး
ခွန်းတစ်ခုနှင့်ပါ ချောင်ပိတ်ရိုက်လိုက်ပြန်သ
ည်။

ဝေ့လျန်က နူးညံ့နွေးထွေးသော အသံဖြင့် ပြ
န်ဖြေလိုက်သည်။

"ဝေ့လျန်မှာ အပြစ်ရှိပါတယ်။ဝေ့လျန် လိမ်
ညာခဲ့မိတယ်။ချူအင်ပါယာက တစ်နှစ်ပတ်
လုံး နှင်းတွေ ကျပြီး အမြဲတမ်းနီးပါး အေးခဲနေတတ်လို့ ဝေ့လျန် ငယ်ငယ်တုန်းက မယ်
တော်နဲ့အတူ နှင်းတောထဲမှာ ကစားခဲ့ဖူးတ
ယ်။အခုတော့ ချင်အင်ပါယာမှာ တစ်ယောက်ထဲ အထီးကျန်နေရပြီး နှင်းတွေကိုတော့ မြင်ရပါရဲ့။မယ်တော့်ကိုတော့ ပြန်မတွေ့ရတော့ဘူး။ဒါက နည်းနည်း ဝမ်းနည်းစရာကောင်းလို့ပါ"

ဧကရာဇ်အရှေ့တွင် ငြင်းခုန်နေခြင်းမျိုးက ဥာဏ်မရှိသူတို့၏ လုပ်ရပ်သာဖြစ်သည်။ဝေ့လျန်က အပြစ်ကို လျှင်မြန်စွာ ဝန်ခံခဲ့သော်
လည်း ဝန်ခံယုံလောက်နှင့် ရပ်သွားမည့် လူ
စားမျိုး မဟုတ်ပေ။သို့မှမဟုတ်လျှင် စီရင်ချ
က်ချခံသွားရလိမ့်မည်။သူ့အနေနှင့် ချင်ဧက
ရာဇ်၏ ဖုံးကွယ်ထားသော ကြင်နာစိတ်ဖျော့ဖျော့လေးကို အစဆွဲထုတ်ရန် လိုအပ်ပေသ
ည်။

ဧကရာဇ်သည် အသည်းမာသူတစ်ဦး ဖြစ်သော်လည်း မယ်တော်ကတော့ သူ၏ တစ်ခုတည်းသော အားနည်းချက်ဖြစ်ခဲ့သည်။

မဟုတ်ရင် ဘယ်လိုအရူးကများ ဒီလောက်
အေးတဲ့ ညကြီးမင်းကြီးတွေမှာ စွန့်ပစ်ခံနန်း
ဆောင်ကို ခဏခဏ သွားနေမှာလဲ?

ဖြစ်နိုင်သည်ကတော့ ချင်ဧကရာဇ်ဟာ ငယ်
ရွယ်စဥ် ကလေးဘဝထဲက ယခုအချိန်တွင် ကွယ်လွန်သွားပြီဖြစ်သော မယ်တော့်ထံမှ အချစ်ခံရခြင်းကို နှစ်ခြိုက်မြတ်နိုးခဲ့သူ ဖြစ်ပေလိမ့်မည်။ယခုတော့ ဧကရာဇ်မင်းသည် လွမ်းဆွတ်နေသူကို ဖွေရှာရန် နေရာဟောင်းလေးကို ငေးကြည့်ယုံသာ တတ်နိုင်တော့သ
ည်။

ယခုအချိန်တွင်မူ ဝေ့လျန်သည် ရန်သူ့အင်ပါယာတွင် ရှိနေခြင်းကြောင့် 'မွေးရပ်မြေကိုလွ
မ်းနေတာပါ'ဟု မပြောနိုင်ခဲ့ပေ။သူသာ ထိုသို့ ပြောလိုက်လျှင် ချင်ဧကရာဇ်၏ ဒေါသကို မီးစာမြှင့်ပေးသလို ဖြစ်သွားလိမ့်မည်။

ထို့အတွက် မယ်တော့်ကို လွမ်းနေသည်ဟုသာ ပြောလိုက်ရသည်။

ဝေ့လျန်သည် မိခင်အရင်းနှင့် တစ်ခါမှ မဆုံခဲ့ရသော်လည်း မွေးစားမိခင်နှင့်တော့ ခံစားချ
က်မပါသော အလိမ်အညာ ဟန်ဆောင်မှုများနှင့် အတူဆော့ကစားခဲ့ဖူးသည်။

ဧကရာဇ်ကို လှည့်စားနိုင်သရွေ့တော့ ဘယ်
သူက ဒီအချက်ကို ဂရုစိုက်နေအုံးမှာလဲ?

လက်တွေ့တွင် ဤထွေပြားရှုပ်ပွေနေသော အစီအစဥ်က အသက်ရှင်နိုင်မည့် လမ်းကြော
င်းပေါ်သို့ ဦးတည်နေခြင်းဖြစ်သည်။

ဝေ့လျန်က မြေပြင်ပေါ်တွင် ဦးညွှတ်ထားဆဲဖြစ်သည်။မသိလျှင် ဧကရာဇ် မိန့်ထားသော အမိန့်တော် တစ်ခုကြောင့်အလား။

ဝေ့လျန် စကားဆုံးသည်နှင့် ချင်ဧကရာဇ်ဟာ အချိန် အတော်ကြာအောင် ငြိမ်ကျသွားခဲ့သ
ည်။

"နှင်းတွေကိုတော့ မြင်ပါရဲ့။မယ်တော့်ကိုတော့ ရှာလေလို့ မတွေ့နိုင်...."

ကျီယွယ့်၏ စိတ်နှလုံးသားထဲသို့ တစ်စုံတစ်
ရာ ရိုက်ခတ်သွားသည့်ဟန်။

"ပြောကြတာတော့ လူတစ်ယောက်ရဲ့ နေရာကို တခြား ဘယ်လို တန်ဖိုးရှိတဲ့ ပစ္စည်းမျိုးကမှ အစားမထိုးနိုင်သတဲ့"

ဝေ့လျန်မှာ တိတ်တခိုးလေး စိတ်သက်သာသွားရသည်။ဤအဆင့်ကို သူ သေချာပေါက် ကျော်ဖြတ်နိုင်ရမည်။

ဒီလို ပြန်ပြောလာတယ်ဆိုမှဖြင့် သူ့လျှာလေး
တော့ အန္တရာယ်ကင်းလောက်ပါပြီ။

ကျီယွယ့်က ထပ်ပြုံးပြန်လေ၏။

"သခင်လေးလျန်က ဆီးနှင်းတွေကို ဒီလော
က်တောင် သဘောကျတယ်ဆိုမှတော့ နှင်းကျတာ ရပ်သွားတဲ့အချိန်ထိ ဒီမှာ ဒူးထောက်နေလိုက်ပေါ့"

အမိန့်ကို ကြားသည်နှင့် လီဖုချွမ်က ချက်ချ
င်းထအော်၏။

"ထကြဟေ့ သွားကြမယ်..."

ဧကရာဇ်စီးတော်ယာဥ်မှာ တစ်ဖန် ပြန်မြင့်သွားပြီး တော်ဝင်အမှုထမ်းများနှင့် ဂုဏ်သ
ရေရှိ အစောင့်အကြပ်များက ဝေ့လျန်ကို ချန်ရစ်လျက် အရှေ့မှ ဖြတ်လျှောက်သွားကြတော့သည်။

ဝေ့လျန်သည် လေးစားမှုကို ပြသော အသွင်မျိုးဖြင့် မျက်လွှာချထားဆဲ ဖြစ်သည်။

သို့သော် ဝေ့လျန်၏ နှလုံးသားထဲတွင်ကား

"စောက်ရူးကောင် ကျီယွယ့်ကတော့!!!"

*****

ဝေ့လျန်သည် ဂန္တဝင်ချင်ဧကရာဇ်နှင့် ပထမဆုံးစတွေ့စဥ်ကတည်းက ဒူးထောက်နေရပြီဖြစ်သည်။မြေပြင်ပေါ်တွင် ဒူးထောက်၍ နှိမ့်ချစွာ ခေါင်းငုံ့ထားခြင်းဖြစ်ပြီး ဧကရာဇ်၏
မျက်နှာကို တစ်စက်ကလေးမှ မော့မကြည့်ခဲ့ပေ။

အသံကတော့ အတော်လေး နားထောင်ကော
င်းသော်လည်း ထွက်လာသော စကားတိုင်းကတော့ လူသားဆန်ခြင်း အလျဥ်းမရှိဘဲ ထ
က်မြတ်ပြတ်ရှလွန်းနေခဲ့သည်။

ဝေ့လျန်သည် သူ့စိတ်ထဲတွင် ကျီယွယ့်ကို တစ်စစီ စုတ်ဖြဲနေရင်းဖြင့် နှင်းတောထဲ၌ ဒူးထောက်နေဆဲဖြစ်သည်။

ဧကရာဇ်နဲ့ ထိတွေ့ရတာ တကယ်ကို အန္တရာ
ယ်များတဲ့ အလုပ်ပဲ။

ချင်ဧကရာဇ်သည် ကောလဟလများထက် ပို၍ အေးစက်သည်။ပိုရက်စက်သည့်အပြင် စိတ်အပြောင်းအလဲမြန်သူလည်း ဖြစ်သည်။

မည်သူမဆို ဤမရဏတံခါးမှ လွတ်မြောက်သွားသည်နှင့် ကြောက်စိတ်ကြောင့် ချွေးစေးများဖြင့်ရွှဲရွှဲစိုနေကြမည်ဖြစ်သော်လည်း ဝေ့လျန်အတွက်တော့ မဟုတ်ခဲ့ပေ။သူသည် အ
လွန်မတန်ကို တည်ငြိမ်နေ၏။သူ့စိတ်ထဲတွင် 'ကျီ'ဟူသော မျိုးရိုးဖြင့် ယောကျာ်းတစ်ယော
က်ကို သတ်ပစ်ရန်သာ။

ချင်အင်ပါယာ၏ နန်းတော်မှ နေရာတိုင်းတွင် မျက်လုံးပေါင်းများစွာ ရှိနေ၏။သူ့ကို အမှော
င်ထဲမှ စိုက်ကြည့်နေသော မျက်ဝန်းအစုံ မည်မျှရှိနေမှန်း မသိလေတာကြောင့် ပေါ့ပေါ့ဆ
ဆ မနေရဲသည့်အပြင် ခန္ဓာကိုယ်ကို ကာကွ
ယ်ရန် အတွင်းအားကိုတောင် သံသယအဝင်ခံရမည်စိုး၍ အသုံးမပြုခဲ့ချေ။သိုင်းပညာကို ထုတ်မပြဘဲ နေသည်က အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ဒါကဝှက်ဖဲပဲလေ။

သူကစားရန် ရွေးချယ်ထားသော ဇာတ်ကော
င်မှာ အလုပ်ကြမ်းလုပ်လေ့မရှိသည့် ဥာဏ်ကောင်းပြီး တည်ငြိမ်သော သခင်လေးတစ်ဦးဖြစ်သည်။ဥာဏ်ကောင်းခြင်း တစ်မျိုးတည်းဆိုလျှင် ဧကရာဇ်က သူ့အပေါ် တစ်မျိုးတစ်ဖုံ ဆက်ဆံနိုင်သော်လည်း သိုင်းပညာအကြော
င်းကိုသာ သိသွားပါက သူ့အတွက် သေခြင်းတရားကသာ စောင့်ကြိုနေလိမ့်မည်။

ချင်ဧကရာဇ်သည်လည်း သူ့ရင်ခွင်ထဲတွင် မြေပွေး ထည့်ပိုက်ထားမည့် လူစားမျိုး မဟု
တ်ခဲ့။

*****

ဒူးထောက်ခြင်းသည် ဥာဥ့်နက်ယံအထိ ကြာမြင့်လာ၏။

အတွင်းအားကို အသုံးမပြုလျှင် ဝေ့လျန်သ
ည်လည်း သာမာန်လူတစ်ယောက်နှင့် သိပ်မကွာလှချေ။အလွန်ဆုံးအနေနှင့် သူက နည်းနည်းလောက် ပိုသန်မာယုံသာရှိသည်။လေးနာရီခန့် ကြာမြင့်လာသောအခါ သူ့အသားအရောင်လည်း ဖြူဖျော့လာတော့သည်။

ဒူးနှစ်ဖက်သည်လည်း အဆမတန် နာကျင်လာခဲ့သည်။

အအေးဓာတ်က သူ့ကိုယ်တွင်းသို့ စိမ့်ဝင်လာပြီး အရိုးထဲအထိ တစ်တိတိ လွှမ်းခြုံသွားခဲ့သည်။အကြိမ်အနည်းငယ် ချောင်းဆိုးပြီးနော
က် အအေးဓာတ်ကြောင့် မျက်ဝန်းများပါ နီမြ
န်းလာတော့သည်။

သည်းခံရမယ်။ရည်ရွယ်ချက်တစ်ခု အောင်
မြင်ဖို့အတွက် အခက်အခဲနဲ့ နာကျင်မှာတွေ
အားလုံးကို ခံနိုင်ရည်ရှိမှ ဖြစ်မယ်။

လိုင်ချီးသီးတွေလည်း မစားချင်တော့ပေ။လူတစ်ယောက်၏ အလောင်းကို လူသိရှင်ကြား ချိတ်ဆွဲထားလိုစိတ်သာ ရှိတော့သည်။

လရောင်ဖျော့ဖျော့က ဆီးနှင်းထုကို ငွေရောင်အလွှာအထပ်ထပ်ဖြင့် ခြယ်မှုန်းထားသည်။

သတိလစ်လုဆဲဆဲတွင် ရင်းနှီးနေသော တော်
ဝင်ဝေါယာဥ်က သူ့အမြင်အာရုံထဲသို့ ရောက်
လာခဲ့သည်။

ဝေ့လျန်သည် ကျောပြန်မတ်၍ မျက်လွှာချလိုက်လေ၏။

*****

ကျီယွယ့်သည် ထုံးစံအတိုင်း စွန့်ပစ်ခံနန်းဆောင်၌ ထိုင်နေခဲ့သည်။မူလက ဤနေရာတွ
င် တစ်ညလုံး အချိန်ဖြုန်းရန် ဆုံးဖြတ်ထားသော်လည်း ရုတ်တရက်ဆိုသလို တစ်စုံတစ်
ယောက်ကို သတိရသွားခဲ့သည်။

အမှန်တွင် ထိုလူငယ်၏ မျက်နှာကို သူမမြင်ခဲ့ရ။သွယ်လျကျော့ရှင်းသော လည်တိုင်နှင့် မေးဖျားလေးကိုသာ မြင်ခဲ့ရသည်။

ဝေ့လျန်ဆိုတာ အဲ့ဒီတစ်ယောက်လား?

သူသာ ဤနေရာတွင် တစ်ညလုံး အချိန်ဖြုန်းခဲ့မည်ဆိုလျှင် ထိုပုဂ္ဂိုလ်သည်လည်း နှင်းတောထဲတွင် တစ်ညလုံး ဒူးထောက်နေပေလိမ့်မည်။

ကျီယွယ့်အနေနှင့် ဂရုတောင်စိုက်မနေသင့်သော်လည်း အတွေးတစ်ခုက သူ့အာရုံထဲသို့ တစ်ဝဲလည်လည် ပြန်ရောက်လာခဲ့သည်။

နှင်းကျတဲ့ ညတွေဆိုတာ ဘယ်လောက်တော
င်မှ အေးလိုက်သလဲ?

မယ်တော် သေဆုံးခဲ့သည့် ညက ရေတွင်းနံ
ဘေးရှိ နှင်းတောထဲတွင် ရှုပ်ထွေးပွေလီနေသော ခြေရာများသာ ကျန်ရစ်ခဲ့သည်။

မယ်တော့်ကို တစ်စုံတစ်ယောက်က တွန်းချ
ခဲ့တာ။

ထို'တစ်စုံတစ်ယောက်'သည် ကျီယွယ့်ကိုယ်
တိုင် ငွေဖြူရောင် ပိုးထည်ပေးပြီးနောက် သေ
ဆုံးသွားခဲ့သော မယ်တော်ကြီး ဖြစ်သည်။

မယ်တော်ကြီးသည် ရုပ်သေးဧကရာဇ်အဖြစ် အသုံးချရန် ကလေးတစ်ယောက် လိုအပ်နေပြီး 'ထိုကလေးအတွက် မိခင်ရင်းဟူသည် မလိုအပ်'ဟု သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

မယ်တော်က အဲ့ဒီလို အကြောင်းပြချက်ကြောင့် သေဆုံးသွားခဲ့ရတာ။

ထိုအချိန်မှစ၍ နှင်းကျသော ညများသည် သူ့နှလုံးသားထဲတွင် အအေးစက်ဆုံး နေရာတစ်ခု ဖြစ်သွားခဲ့သည်။

နှင်းတောထဲတွင် တစ်ညလုံး ဒူးထောက်ရန်မှာ ခြေထောက်ပြတ်မသွားလျှင်တောင် အ
ချိန်အကြာကြီး ဖျားနာသွားတတ်သည်။

မယ်တော့်ကို လွမ်းမိတဲ့ ကလေးတစ်ယောက်
ကို သူဘာလို့များ ဒီလိုခက်ခဲအောင် ဒုက္ခပေး
ရပါ့မလဲ။

ဤသည်မှာ ဧကရာဇ်တစ်ပါး၏ နှလုံးသားထဲမှ အလွန်ကို ရှားရှားပါးပါး ထွက်လာသော သေးငယ်လှသည့် လူသားဆန်စိတ်လေးဖြစ်ပြီး ဝတ်ရုံကို ပုခုံးပေါ် ခြုံ၍ ဝေါယာဥ်ပေါ်တ
က်ကာ နန်းတော်သို့ ပြန်လာခဲ့လေသည်။

*****

ဝေ့လျန်က ထိုနေရာတွင် ဒူးထောက်နေမြဲပ
င်။ခန္ဓာကိုယ်သည် ပိန်ပါး၍ ဆံနွယ်ပေါ်တွင်
နှင်းပွင့်၊နှင်းစိုင်များ တင်ရစ်နေပြီး သားမွေးခြုံလွှာသည် မြေပြင်ပေါ်တွင် ပြန့်ကျဲလျက် ဆီးနှင်းထုနှင့် ရောယှက်နေလေသည်။

တစ်ကိုယ်လုံး တုန်ယင်နေသော်လည်း ကျောကတော့ ဖြောင့်မတ်နေဆဲ။

နှစ်လိုဖွယ်ကောင်းပြီး ခေါင်းမာတတ်သော ဇီးသီးပွင့်လေး ဆီးနှင်းအလယ်တွင် ကြံ့ကြံ့ခံနေသည့်ပမာ။

ကံမကောင်းစွာဖြင့် ဇီးသီးပွင့်အစစ်လေးသာ ဖြစ်နေခဲ့မည်ဆိုလျှင် ယခုလို ရာသီဥတု အေးခဲနေပုံနှင့်တော့ အညှာပါ ကြွေကျသွားပြီး ရွှံနွံပေါ် ပြုတ်ကျ၍ ဆီးနှင်းထုဖြင့် ဖုံးအုပ်ခံလို
က်ရပေမည်။

ကျီယွယ့်က ဝေါယာဥ်ကို ရပ်ရန် လက်ယမ်းပြပြီးမှ ဝေ့လျန်ကို အမိန့်ပေး၏။

"ခေါင်းမော့"

အမိန့်သံ ကြားသည်နှင့် ဝေလျန်လည်း နာခံစွာ ခေါင်းမော့လိုက်သည်။

လရောင်အောက်တွင် သူတို့နှစ်ဦးစလုံး တစ်ယောက်မျက်နှာ တစ်ယောက် တွေ့လိုက်လေရာ နှစ်ဦးစလုံး အံ့သြသွားရတော့သည်။

ဝေ့လျန်သည် ချင်ဧကရာဇ်၏ ပုံစံကို တွေးကြည့်ခဲ့ဖူးသည်။ဧကရာဇ်၏ ဂုဏ်သတင်းဟာ အရပ်သားများအကြား ဘယ်တော့မှ ကောင်းမွန်နိုင်မည်မဟုတ်။သူသည် စစ်ပွဲပေါ
င်းများစွာ ဆင်နွှဲခဲ့ပြီး အရပ်သားများကို နေ
ရာများ ပြောင်းရွှေ့စေခြင်းတို့ဖြင့် မိသားစုပေါင်းများစွာကို အိုးမဲ့၊အိမ်မဲ့ဖြစ်အောင် လုပ်ခဲ့သည်။

သို့ဖြစ်ရာ အရပ်သားများအကြားတွင် သူသ
ည် ကလေးများကို ခြောက်လှန့်ရာ၌ လူပြောများသည့်'မြေအောက်လောကမှ သက်ရှိဘုရ
င်'ဖြစ်ပေသည်။အစရှိသဖြင့် ရက်စက်ကြမ်း
ကြုတ်သော ပုံစံဖြင့် ဖော်ညွှန်းကြသည်မှာ နားမလည်နိုင်စရာ ကိစ္စတော့မဟုတ်ပေ။

သို့သော် အင်ပါယာခြောက်ခုမှ ဧကရာဇ်များကတော့ ချင်ဧကရာဇ်ကို 'မှိုင်းအုံ့နေသော စိ
တ်ထားနှင့် ခန့်ညားသော ဧကရာဇ်တစ်ပါး'
ဟု ညွှန်းဆိုလေ့ရှိကြသည်။အလွန်ကို ထက်မြတ်ပြတ်သားလွန်းသော အသွင်ကြောင့် လူ
အများက သူ့ကို ရဲရဲဝံ့ဝံ့ မကြည့်ရဲကြချေ။

လက်တွေ့တွင်မူ.....သူ့၌ ရက်စက်ကြမ်းကြု
တ်မှုနှင့် ကြောက်ရွံ့စရာကောင်းသော အသွင်မျိုး ရှိမနေခဲ့ပါလေ။

သူသည် ရုပ်ရည်ချောမောသော လူငယ်တစ်ဦးသာ ဖြစ်နေခဲ့သည်။

ဂုဏ်အသရေရှိလှသော အနက်ရောင်ဝတ်ရုံက သူ၏ ငယ်ရွယ်ပျိုမျစ်မှုကို ဖုံးကွယ်မထားနိုင်ပေ။တိမ်လွှာတိမ်လိပ်ကဲ့သို့ ထူထပ်ကာ နက်မှောင်နေသော မင်ရောင်ဆံနွယ်များနှင့် မျက်ဝန်းနက်နက်တို့က ကောင်းကင်ယံမှ ကြ
ယ်ပွင့်များပမာ။မျက်နှာသွင်ပြင်ငါးပါးလုံးက အကျအန ထွင်းထုထားပြီး အထက်ဘုံမှ အပ်
နှင်းသော လက်ဆောင်တစ်ခုနှယ်။

ဥာဥ့်အမှောင်ထုအလယ်တွင် ကောင်းကင်ယံမှ ကြယ်အလုံးစုံကို စုဝေးထားသကဲ့သို့ ထိုတောက်ပနေသော မျက်ဝန်းထဲ၌ အပြုံးဖျော့ဖျော့လေးလည်း ရှိနေခဲ့သည်။

ဒါက ချင်ဧကရာဇ် ဖြစ်နေလိမ့်မယ်လို့ ဘယ်
သူက ထင်မှာလဲ?

ဝေ့လျန်၏ အံ့အားသင့်မှုက ကျီယွယ့်၏ မျ
က်ဝန်းထဲ၌ ဖမ်းမိသွားခဲ့သည်။

ချူအင်ပါယာမှ စေလွှတ်လိုက်သော ဓားစားခံမင်းသားက ချောမောကြောင်းကို ကျီယွယ့်သိထားပြီးသားဖြစ်သော်လည်း ဤမျှလော
က် အံ့သြစရာကောင်းလိမ့်မည်ဟု မထင်မိခဲ့ပေ။

လူငယ်လေး၏ အသားအရောင်က လရောင်အောက်တွင် ဆီးနှင်းပမာ ဖြူဖျော့နေပြီး ပိန်ပါးသော အသွင်၊နက်မှောင်သော ဆံနွယ်နှင့် ကျောက်စိမ်းကဲ့သို့ ကြည့်လင်သော အသားအရည်မျိုး ရှိနေခဲ့သည်။ထိုအသွင်အပြင်မျိုးက မြင်သူတိုင်း မြတ်နိုးရလောက်ပေသည်။

သူ့မျက်ဝန်းထောင့်များသည် အတန်ငယ် နီ
မြန်းနေပြီး ဖြူဆုတ်နေသော နှုတ်ခမ်းများကို စေ့ပိတ်ထားလျက် ရဲတင်းသော အလှတ
ရားကို ဖော်ပြနေဟန်ရှိသည်။

တော်ဝင်အမှုထမ်းများမှာ ပြောစရာစကားပင်
ပျောက်သွားရသည်အထိ အံ့သြသွားကြပြီး သူတို့စိတ်ထဲတွင် စကားလုံးနှစ်လုံးသာ ပေါ်
လာတော့သည်။

တခြားကမ္ဘာက အလှလေး။

သေမျိုးလောကမှာ ရှင်သန်နေကြတာရော
ဟုတ်သေးရဲ့လား?ဒီလို မှင်သက်ရင်ဖိုစရာ
ကောင်းလောက်အောင် ချောမောဖို့ဆိုတာက
ဆီးနှင်းကနေ ပဥ္စလက်ဆန်ဆန် မွေးဖွားလာ
တဲ့ နည်းလမ်းတစ်ခုပဲ ရှိမှာပေါ့။

ဒီလိုအလှတရားမျိုးနဲ့ အညှို့မခံရတဲ့လူရော
ရှိနိုင်ပါ့အုံးမလား?

*****

"လာခဲ့"

ကျီယွယ့်က ဆို၏။ဝေ့လျန်သည် အနည်းင
ယ် တုန်ယင်နေသော ခြေထောက်များဖြင့် ဖြ
ည်းဖြည်းချင်း ထလိုက်သည်။လှေကားထစ်ကို နင်းလိုက်သည့်အခိုက်တွင် ဟန်ချက်ပျက်သွားပြီး တစ်ကိုယ်လုံး အရှေ့ဘက်သို့ ယိုင်ကျသွားခဲ့သည်။

နွေးထွေးသော ပွေ့ဖက်မှုတစ်ခုက သူ့ကို အချိ
န်ကိုက် ဖမ်းယူခဲ့သည်။

ကျီယွယ့်က လက်ကို ကိုင်ထားရင်း ဟက်ခနဲ ရယ်၏။

"ဘာလို့ ဒီလောက်တောင် အေးနေရတာလဲ?"

ဘာလို့ ဒီလောက်တောင် အေးနေမှန်း သိချင်
ရင် မင်းလဲ နှင်းတောထဲမှာ လေးနာရီလောက်
ကြာအောင် ဒူးထောက်နေကြည့်ပါလား။ကျေးဇူးပဲ!

အပြင်ပန်းတွင်မူ ဝေ့လျန်သည် အအေးဓာတ်
ကြောင့် တုန်ယင်နေသော လေသံဖြင့်

"ချင်ဧကရာဇ်...."

ကျီယွယ့်သည် အေးခဲနေသော ဆီးနှင်းများဖြင့် ဖုံးအုပ်နေသည့် သားမွေးခြုံလွှာကို ဖယ်ပြီး ဝေ့လျန်၏ ကျောပြင်ကို ထူထဲသော သား
မွေးခြုံလွှာ တစ်ထည်ဖြင့် လွှမ်းခြုံပေးပြီး ပျော့ပျောင်းသော လေသံဖြင့် စကားဆိုလေ
၏။

"ကိုယ်တော့်ကိုမှီလိုက်"

ဝေ့လျန်:ဒါ မင်းပြောတာနော်။ငါတကယ် မှီလိုက်မှ စိတ်လာမဆိုးပြနဲ့။

သူ့တစ်ကိုယ်လုံးဟာ အလွန်ကို အေးစက်နေခဲ့သည်။ကျီယွယ့် ရင်ခွင်ထဲသို့ တိုးဝင်လာစဥ်မူ ကျီယွယ့်မှာ ရေခဲတုံးကြီး တစ်တုံးကို ပွေ့ဖ
က်မိသည့်နှယ် ခံစားလိုက်ရသည်။

ကျီယွယ့်၏ အမူအယာက ပြောင်းလဲမသွားဘဲ တင်းတင်းကျပ်ကျပ် ဖက်ထားပေးခဲ့သ
ည်။

တော်ဝင်ဝေါယာဥ်မှာ လူနှစ်ဦးစာ တည်ဆော
က်ထားခြင်း မဟုတ်ပေ။ဝေ့လျန်သည် ကျီယွယ့်၏ ရင်ခွင်ထဲသို့ နွမ်းလျစွာ ပိုတိုးဝင်လိုက်ပြီး တစ်ဖက်လူ၏ ကိုယ်အပူချိန်ကို လောဘတကြီး သိမ်းယူလိုက်သည်။

အအေးဓာတ်က စည်းမျဥ်းများနှင့် ထုံးတမ်းအစဥ်အလာ အားလုံးကို ခဝါချ၍ ကျီယွယ့်
၏ ရင်ခွင်ထဲသို့ ကျင့်ဝတ်မရှိစွာ တိုးဝင်သွားမိသည်အထိ ဦးနှောက်ကိုပါ အေးခဲစေပြီး စိ
တ်ရှုပ်ထွေးအောင် လုပ်နိုင်စွမ်းရှိခဲ့ပုံပင်။

ချင်ဧကရာဇ်၏ ရင်ခွင်က အလွန်နွေးထွေးနေခဲ့သည်။

ဝေ့လျန်သည် အပူချိန်ရှိသည့် အရပ်ကို ရှာတွေ့သွားပြီဖြစ်ရာ အလွှတ်မပေးတော့ချေ။

သူ့ကြောင့် ဧကရာဇ်ပါ အေးသွားမည်ကိုတောင် မစဥ်းစားမိတော့ချေ။'ခွေးရူးလိုဧက
ရာဇ်'ကို ရေခဲရုပ်တုကြီးလို အေးခဲသွားအော
င် ဖန်ဆင်းပြီး သူ့နှလုံးသားထဲမှ အမုန်းတရားများကို ဖြေဖျောက်ရန်အတွက် ထိုရေခဲရုပ်တုကြီးကို တစ်စစီ ချေမွလိုစိတ်သာ ထက်သန်နေခဲ့သည်။

ကျီယွယ့် ငုံ့ကြည့်လိုက်ရာ ပျော့ပြောင်းသော မျက်တောင်ရှည်များနှင့် မျက်ဝန်းတစ်စုံ၊အ
အေးဒဏ်ကြောင့် ဖြူဖျော့နေသည့် ခပ်သွယ်သွယ် မျက်နှာကို မြင်လိုက်ရသည်။

သူသည် စိတ်ခံစားချက်အတိုင်း ပြုမူတတ်သူဖြစ်၏။ဤကောင်လေးကို ယခုအချိန်တွင် ရ
င်ခွင်ထဲထည့်၍ ပွေ့ပိုက်ထားလျှင်တောင် ခ
ဏအကြာ၌ မလိုလားတော့ပါက လမ်းတစ်
ဝက်၌ ပစ်ချထားခဲ့မည့် လူစားမျိုး ဖြစ်သည်။

အေးခဲနေသော ကောင်လေး၏ အားနည်းပြီး ချစ်စရာကောင်းသော အသွင်ကို ကြည့်မိရာ ကျီယွယ့်သည် သူ့စိတ်အခြေအနေမှာ အ
တော်လေးကို အဆင်ပြေသော အနေအထားမျိုး၌ ရှိနေကြောင်း သတိထားမိခဲ့သည်။

ထိုအဆင်ပြေနေသေးသော စိတ်အခြေအနေကကောင်လေးကို ယန်ရှင်းခန်းမအထိ ပြန်ခေါ်လာရန် လုံလောက်ပေသည်။

လီဖုချွမ်သည် ဧကရာဇ်၏ ရင်ခွင်ထဲတွင် ပွေ့
ဖက်ထားသော ကောင်လေးကို ကြည့်ပြီးမှ မှ
န်းဆ၍ မရနိုင်သော စိတ်အခြေအနေကို သ
က်ပြင်းချ၏။

ခုနတုန်းကတော့ သူပဲ နှင်းတောထဲမှာ လေး
နာရီကြာအောင် ဒူးထောက်ခိုင်းထားပြီး အခု
ကျ ကိုယ်ပိုင်ခန်းမဆောင်ကို ခေါ်သွားချင်
ပြန်ပြီ။

သို့ပေသိ သခင်လေးလျန်ကတော့ တကယ်ကို ရင်ဖိုလှိုက်မောဖွယ်ကောင်းအောင် လှ၏။သူသာ အခြေအမြစ်မရှိသူ မဟုတ်လျှင် ကို
ယ်တိုင်တောင် ရင်ခုန်ပြီးလောက်ပြီဖြစ်သ
ည်။

(T/N:လီဖုချွမ်က'မိန်းမစိုး'(ကုန်းကုန်း)ပါနော်)

ကြိုတင်ပြင်ဆင်မှုများ လုပ်ထားသင့်သလားဟု သူတွေးလိုက်မိသည်။ဧကရာဇ်သာ ယနေ့ညတွင် သခင်လေးလျန်နှင့် အတူဖြတ်သန်းမည်ဆိုပါက အို...မဟုတ်သေးပါဘူး။ဝေ့ရှစ်ကျွင့်အတွက် ရေချိုးရန် အမွေးနံ့သာများနှင့် အခြားကိစ္စများကိုပါ စီစဥ်ထားရန် လက်
အောက်ငယ်သားတို့ကို ခိုင်းရပေမည်။

သူတွေးနေရင်းဖြင့် ယန်ရှင်းခန်းမသို့ ရောက်
လာခဲ့သည်။ဝေ့လျန်သည် ဝေါယာဥ်ပေါ်မှ မူးနောက်နောက်ဖြင့် ဆင်းပြီး မတ်တပ်ရပ်လိုက်သည်နှင့် ဒူးခေါင်းမှ ပြင်းပျသော နာကျင်မှုက သူ့ကိုဖင်ထိုင်ရက် ပြန်လဲသွားစေရာ အသ
က်ရှုသွင်း၍ မျက်မှောင်ကြုံ့လိုက်၏။

ကျီယွယ့်သည် ထိုအချင်းအရာကို သတိပြုမိသည်နှင့် ဝေ့လျန်ကို ရုတ်တရက် ပွေ့ချီပြီး ဝေါယာဥ်ပေါ်မှ ဆင်းလိုက်သည်။

ဝေ့လျန်လည်း အံ့သြသွားပြီး ကျီယွယ့်၏ လည်တိုင်ကို ကမန်းကတန်း သိုင်းဖက်လိုက်ရသည်။'ကျွန်တော့်ကိုအောက်ပြန်ချပေး'ဟူသဖြင့် ကျွက်ကျွက်ညံအောင် နားပူခြင်းတော့ မလုပ်ရဲခဲ့ပေ။

အနှီလူ၏ စိတ်အခြေအနေအရဆိုလျှင် လက်နှစ်ဖက်လုံးကို ချက်ချင်းဖယ်၍ သူ့ကို တက
ယ်ပစ်ချသွားပေလိမ့်မည်။

သခင်လေးလျန်ကို ဧကရာဇ်ကိုယ်တိုင် ပွေ့ချီလာသည်ကို မြင်လိုက်ရသောအခါ လီဖုချွမ်လည်း ဝေ့လျန်၏ အရေးပါပုံကို စိတ်ထဲ၌ ပြန်ပြင်ဆင်၍ ရေရွတ်လိုက်လေသည်။

ကြည့်ရတာတော့ ဒီတစ်ညပြီးရင် ချင်ကျူး
အဆောင်တော် ကံကောင်းလာတော့မယ် ထင်ပါရဲ့။

*****

စာရေးသူ၏ အခန်းကဏ္ဍ။

ကျီယွယ့် : သခင်လေးလျန် ပြောပါအုံး။မင်း
ရဲ့လျှာကို မဖြတ်ပစ်သင့်တဲ့ အကြောင်းပြချ
က်လေးပေါ့။

ဝေ့လျန် : (တည်ငြိမ်စွာဖြင့်) ဒါဆိုရင် အရှင်
ဧကရာဇ်ကို ကျွန်တော်မျိုး နမ်းရပါလိမ့်မယ်။

ကျီယွယ့် : သွားသေလိုက်။

...............................................................

- ဒါဆိုရင္ ႏွင္းက်တာ ရပ္တဲ့အခ်ိန္ထိ ဒူးေထာက္ေနလိုက္ -

ေဝ့လ်န္သည္ ခဏမွ် စဥ္းစားၿပီးေနာက္ မ်က္လႊာခ်၍ ျပန္ေျဖလိုက္၏။

"ႏွင္းက်တဲ့အခ်ိန္ဆိုတာ ႏွစ္တစ္ႏွစ္ရဲ႕ သာယာဝေျပာမႈအတြက္ နိမိတ္လကၡဏာပါပဲ။အဲ့ဒါေၾကာင့္ဆီးႏွင္းေတြမွာ ေကာင္းမြန္တဲ့ နိမိတ္မ်ိဳး ရွိပါတယ္။ေဝ့လ်န္လဲ ျမင္ျမင္ခ်င္းမွာပဲ ေပ်ာ္႐ႊင္ၿပီး ဝမ္းသာမိလို႔ ႏွင္းေတြကို ၾကည့္ဖို႔အတြက္ ထြက္လာခဲ့
ေၾကာင္းပါ"

သူသည္ ခ်င္ဧကရာဇ္၏ စိတ္ေနစိတ္ထားကို မွန္းဆ၍ မရနိုင္ေသးရာ သူ႕ဦးေခါင္းကို ေျမျပင္ေပၚတြင္ လိမ့္မသြားေစရန္အတြက္ အသုံးအႏႈန္းတိုင္းကို အလြန္ သတိႀကီးႀကီး ဆိုရေလသည္။

ၾကားရသည္ကို မႀကိဳက္သူ မရွိေသာ ေကာင္းမြန္သည့္ စကားကသာ အစဥ္အၿမဲလုံၿခဳံသည့္ ေ႐ြးခ်ယ္မႈမ်ိဳး ျဖစ္ေပ၏။

သို႔ေသာ္ ထိုပုဂၢိုလ္ထံမွ ၾကားလိုက္ရေသာ အမိန့္က"လွ်ာျဖတ္လိုက္"ဟူ၍ ျဖစ္ေနမည္ဟု ဘယ္သူကမ်ား ထင္ပါလိမ့္နည္း။

ေဝ့လ်န္: "???"

ေဝ့လ်န္က အလ်င္အျမန္ ဆုံးျဖတ္၍ ခ်က္ခ်င္းကို ဦးၫြတ္ခ်လိဳက္၏။

"ေဝ့လ်န္ေျပာတာ အမွားပါသြားလို႔မ်ားလား?"

ဤအျပဳအမူက ေနာက္ဆုံးတြင္ က်ီယြယ့္၏ စိတ္ဝင္စားမႈကို အရယူနိုင္ခဲ့သည္။

တစ္ဖက္လူက ထိတ္လန့္တၾကား ျပဳမူၿပီး သနား
ညွာတာေပးရန္ ေအာ္ဟစ္ငိုေႂကြးျပမည္ဆိုလွ်င္ ထိုလူသည္ မ်က္ႏွာလွလွေလးႏွင့္ သုံးစားမရေသာ ေပ်ာ့ညံ့သူျဖစ္ေၾကာင္း သက္ေသျပၿပီးသား ျဖစ္သြားလိမ့္မည္။ထိုပုံစံမ်ိဳးက က်ီယြယ့္၏စိတ္ဝင္စားမႈႏွင့္ မထိုက္တန္ေပ။

သို႔ေသာ္ ေဝ့လ်န္ကေတာ့ အမူအယာေျပာင္းလဲသြားျခင္း မရွိသည့္အျပင္ ေမးခြန္းျပန္ထုတ္ရန္ပင္ သတၱိရွိေနေသး၏။အႏွီသတၱိမ်ိဳးက အထင္ႀကီးစရာ အေကာင္းဆုံးျဖစ္ေပသည္။

စိတ္ဝင္စားမႈေၾကာင့္ က်ီယြယ့္က ထိုလူငယ္ေလးကို ရွင္းျပလိုစိတ္ ေပၚသြားခဲ့သည္။တစ္နည္းဆိုရေသာ္ သူ႕လက္ေပၚတြင္ မေရမတြက္နိုင္ေလာက္ေအာင္ လူေပါင္းမ်ားစြာ ေသေက်ခဲ့ၾကဖူးသည္။လူတိုင္းကသာ သူ႕ဆီမွ အေၾကာင္းျပခ်က္ လိုခ်င္ေနလွ်င္ ျပန္ေျဖ၍ေတာင္ သံသရာကုန္နိုင္ပါ့မည္လား?

"ရာသီက်ႏွင္းဆိုတာ ကိုယ္ေတာ့္ရဲ႕ ခ်င္အင္ပါ
ယာအတြက္ေတာ့ ခ်မ္းသာႂကြယ္ဝမႈကို ေဆာင္တာေပါ့။ဒါေပမယ့္ ခ်ဴအင္ပါယာကေန ဓားစာခံအျဖစ္ အလႊတ္ခံရတဲ့ လူတစ္ေယာက္အေနနဲ႕ေတာ့ မင္းက ခ်င္အင္ပါယာအေပၚ အရိုးထဲေျမ့ေနေအာင္ မုန္းတဲ့ မင္းရဲ႕အမုန္းတရားေတြ ေပၚကုန္မွာကို ေၾကာက္ေနယုံပဲ။ဘာကို ေပ်ာ္တာလဲ? မင္း ကိုယ္ေတာ့္ကို လာလွည့္စားေနတာလား?ကိုယ္ေတာ့္ကို လွည့္စားတဲ့အတြက္ အျပစ္ကေတာ့ လွ်ာျဖတ္ခံရမွာပဲ။"

က်ီယြယ့္က ၿပဳံးရင္းျဖင့္ စကားဆက္၏။

"မင္း အခု ခ်င္အင္ပါယာကို ေရာက္ေနလို႔ ခ်င္
အင္ပါယာရဲ႕ လက္ေအာက္ခံ တစ္ေယာက္ျဖစ္သြားၿပီဆိုရင္ မင္းရဲ႕ ေမြးရပ္ေျမနဲ႕ နန္းေတာ္ကို
စြန့္လႊတ္လိုက္ၿပီ ဆိုတဲ့ သေဘာပဲ။႐ႊန္းစိုေနတဲ့
ႏႈတ္ခမ္းနဲ႕ စကားေခ်ာေခ်ာေလးေတြ ေျပာတတ္
တဲ့ လူမ်ိဳးကို ငါတို႔မႀကိဳက္ဘူး။"

"ကဲ ...လွ်ာမျဖတ္ဖို႔ အေၾကာင္းျပခ်က္ေလး ေပးပါအုံးလား သခင္ေလးလ်န္ရဲ႕"

စကားအခ်ိဳ႕ကပင္ ေဝ့လ်န္ကို လြတ္လမ္းရွာရန္
အခြင့္မေပးသည့္အျပင္ ခက္ခက္ခဲခဲ ေမးခြန္းတစ္ခုႏွင့္ပါ ေခ်ာင္ပိတ္ရိုက္လိုက္ျပန္သည္။

ေဝ့လ်န္က ႏူးညံ့ႏြေးေထြးေသာ အသံျဖင့္ ျပန္ေျဖလိုက္သည္။

"ေဝ့လ်န္မွာ အျပစ္ရွိပါတယ္။ေဝ့လ်န္ လိမ္ညာခဲ့
မိတယ္။ခ်ဴအင္ပါယာက တစ္ႏွစ္ပတ္လုံး ႏွင္းေတြ က်ၿပီး အၿမဲတမ္းနီးပါး ေအးခဲေနတတ္လို႔ ေဝ့လ်န္ ငယ္ငယ္တုန္းက မယ္ေတာ္နဲ႕အတူ ႏွ
င္းေတာထဲမွာ ကစားခဲ့ဖူးတယ္။အခုေတာ့ ခ်င္
အင္ပါယာမွာ တစ္ေယာက္ထဲ အထီးက်န္ေနရၿပီး
ႏွင္းေတြကိုေတာ့ ျမင္ရပါရဲ႕။မယ္ေတာ့္ကိုေတာ့
ျပန္မေတြ႕ရေတာ့ဘူး။ဒါက နည္းနည္း ဝမ္းနည္းစ
ရာေကာင္းလို႔ပါ။"

ဧကရာဇ္အေရွ႕တြင္ ျငင္းခုန္ေနျခင္းမ်ိဳးက ဥာဏ္
မရွိသူတို႔၏ လုပ္ရပ္သာျဖစ္သည္။ေဝ့လ်န္က အ
ျပစ္ကို လွ်င္ျမန္စြာ ဝန္ခံခဲ့ေသာ္လည္း ဝန္ခံၿပီးယုံ
ေလာက္ႏွင့္ ရပ္သြားမည့္ လူစားမ်ိဳး မဟုတ္ေပ။
သို႔မွမဟုတ္လွ်င္ စီရင္ခ်က္ခ်ခံသြားရလိမ့္မည္။
သူ႕အေနႏွင့္ ခ်င္ဧကရာဇ္၏ ဖုံးကြယ္ထားေသာ
ၾကင္နာစိတ္ေဖ်ာ့ေဖ်ာ့ေလးကို အစဆြဲထုတ္ရန္
လိုအပ္ေပသည္။

ဧကရာဇ္သည္ အသည္းမာသူတစ္ဦး ျဖစ္ေသာ္လ
ည္း မယ္ေတာ္ကေတာ့ သူ၏ တစ္ခုတည္းေသာ
အားနည္းခ်က္ျဖစ္ခဲ့သည္။

(မဟုတ္ရင္ ဘယ္လိုအ႐ူးကမ်ား ဒီေလာက္ေအးတဲ့ ညႀကီမင္းႀကီးေတြမွာ စြန့္ပစ္ခံနန္းေဆာင္ကို ခဏခဏ သြားမွာလဲ?)

ျဖစ္နိုင္သည္ကေတာ့ ခ်င္ဧကရာဇ္ဟာ ငယ္႐ြယ္စ
ဥ္ ကေလးဘဝထဲက ယခုအခ်ိန္တြင္ ကြယ္လြန္သြားၿပီျဖစ္ေသာ မယ္ေတာ့္ထံမွ အခ်စ္ခံရျခင္းကို ႏွစ္ၿခိဳက္ျမတ္နိုးခဲ့သူ ျဖစ္ေပလိမ့္မည္။ယခု
ေတာ့ ဧကရာဇ္မင္းသည္ လြမ္းဆြတ္ေနသူကို ေဖြ
ရွာရန္ ေနရာေဟာင္းေလးကို ေငးၾကည့္ယုံသာ တ
တ္နိုင္ေတာ့သည္။

ယခုအခ်ိန္တြင္မူ ေဝ့လ်န္သည္ ရန္သူ႕အင္ပါယာ
တြင္ ရွိေနျခင္းေၾကာင့္ 'ေမြးရပ္ေျမကိုလြမ္းေနတာပါ'ဟု မေျပာနိုင္ခဲ့ေပ။သူသာ ထိုသို႔ ေျပာလို
က္လွ်င္ ခ်င္ဧကရာဇ္၏ ေဒါသကို မီးစာျမႇင့္ေပး
သလို ျဖစ္သြားလိမ့္မည္။

ထို႔အတြက္ မယ္ေတာ့္ကို လြမ္းေနသည္ဟုသာ ေျပာလိုက္ရသည္။

ေဝ့လ်န္သည္ မိခင္အရင္းႏွင့္ တစ္ခါမွ မဆုံခဲ့ရေသာ္လည္း ေမြးစားမိခင္ႏွင့္ေတာ့ ခံစားခ်က္
မပါေသာ အလိမ္အညာ ဟန္ေဆာင္မႈမ်ားႏွင့္ အတူေဆာ့ကစားခဲ့ဖူးသည္။

(ဧကရာဇ္ကို လွည့္စားနိုင္သေ႐ြ႕ေတာ့ ဘယ္သူက
အဲ့ဒီအခ်က္ ဂ႐ုစိုက္ေနအုံးမွာလဲ?)

လက္ေတြ႕တြင္ ဤေထြျပားရႈပ္ေပြေနေသာ အစီအစဥ္က အသက္ရွင္နိုင္မည့္ လမ္းေၾကာင္းေပၚသို႔ ဦးတည္ေနျခင္းျဖစ္သည္။

ေဝ့လ်န္က ေျမျပင္ေပၚတြင္ ဦးၫႊတ္ထားဆဲျဖစ္
သည္။မသိလွ်င္ ဧကရာဇ္ မိန့္ထားေသာ အမိန့္
ေတာ္ တစ္ခုေၾကာင့္အလား။

ေဝ့လ်န္ စကားဆုံးသည္ႏွင့္ ခ်င္ဧကရာဇ္ဟာ အ
ခ်ိန္ အေတာ္ၾကာေအာင္ ၿငိမ္က်သြားခဲ့သည္။

"ႏွင္းေတြကိုေတာ့ ျမင္ပါရဲ႕။မယ္ေတာ့္ကိုေတာ့
ရွာေလလို႔ မေတြ႕နိုင္...."

က်ီယြယ့္၏ စိတ္ႏွလုံးသားထဲသို႔ တစ္စုံတစ္ရာ ရိုက္ခတ္သြားသည့္ဟန္။

"ေျပာၾကတာေတာ့ လူတစ္ေယာက္ရဲ႕ ေနရာကို
တျခား ဘယ္လို တန္ဖိုးရွိတဲ့ ပစၥည္းမ်ိဳးကမွ အ
စားမထိုးနိုင္သတဲ့"

ေဝ့လ်န္မွာ တိတ္တခိုးေလး စိတ္သက္သာသြားရသည္။ဒီအဆင့္ကို သူ ေသခ်ာေပါက္ ေက်ာ္ျဖတ္နိုင္ရမည္။

(ဒီလို ျပန္ေျပာလာတယ္ဆိုမွျဖင့္ သူ႕လွ်ာေလးေတာ့ အႏၱရာယ္ကင္းေလာက္ပါၿပီ။)

က်ီယြယ့္က ထပ္ၿပဳံးျပန္ေလ၏။

"သခင္ေလးလ်န္က ဆီးႏွင္းေတြကို ဒီေလာက္
ေတာင္ သေဘာက်တယ္ဆိုမွေတာ့ ႏွင္းက်တာ
ရပ္သြားတဲ့အခ်ိန္ထိ ဒီမွာ ဒူးေထာက္ေနလိုက္ေပါ့"

အမိန့္ကို ၾကားသည္ႏွင့္ လီဖုခြၽမ္က ခ်က္ခ်င္းထ
ေအာ္၏။

"ထၾကေဟ့ သြားၾကမယ္...."

ဧကရာဇ္စီးေတာ္ယာဥ္မွာ တစ္ဖန္ ျပန္ျမင့္သြား
ၿပီး ေတာ္ဝင္အမႈထမ္းမ်ားႏွင့္ ဂုဏ္သေရရွိ အ
ေစာင့္အၾကပ္မ်ားက ေဝ့လ်န္ကို ခ်န္ရစ္လ်က္ အ
ေရွ႕မွ ျဖတ္ေလွ်ာက္သြားၾကေတာ့သည္။

ေဝ့လ်န္သည္ ေလးစားမႈကို ျပေသာ အသြင္မ်ိဳးျဖင့္ မ်က္လႊာခ်ထားဆဲ ျဖစ္သည္။

သို႔ေသာ္ ေဝ့လ်န္၏ ႏွလုံးသားထဲတြင္ကား

"ေစာက္႐ူးေကာင္ က်ီယြယ့္ကေတာ့!!!"

*****

ေဝ့လ်န္သည္ ဂႏၱဝင္ခ်င္ဧကရာဇ္ႏွင့္ ပထမဆုံး
စေတြ႕စဥ္ကတည္းက ဒူးေထာက္ေနရၿပီျဖစ္သ
ည္။ေျမျပင္ေပၚတြင္ ဒူးေထာက္၍ ႏွိမ့္ခ်စြာ ေခါင္းငုံ႕ထားျခင္းျဖစ္ၿပီး ဧကရာဇ္၏မ်က္ႏွာကို တစ္စ
က္ကေလးမွ ေမာ့မၾကည့္ခဲ့ေပ။

အသံကေတာ့ အေတာ္ေလး နားေထာင္ေကာင္း
ေသာ္လည္း ထြက္လာေသာ စကားတိုင္းကေတာ့
လူသားဆန္ျခင္း အလ်ဥ္းမရွိဘဲ ထက္ျမတ္ျပတ္ရွလြန္းေနခဲ့သည္။

ေဝ့လ်န္သည္ သူ႕စိတ္ထဲတြင္ က်ီယြယ့္ကို တစ္စစီ
စုတ္ၿဖဲေနရင္းျဖင့္ ႏွင္းေတာထဲ၌ ဒူးေထာက္ေနဆဲ
ျဖစ္သည္။

(ဧကရာဇ္မင္းနဲ႕ ထိေတြ႕ရတာ တကယ္ကို အႏၱရာ
ယ္မ်ားလြန္းတာပဲ။)

ခ်င္ဧကရာဇ္သည္ ေကာလဟလမ်ားထက္ ပို၍
ေအးစက္သည္။ပိုရက္စက္သည့္အျပင္ စိတ္အ
ေျပာင္းအလဲျမန္သူလည္း ျဖစ္သည္။

မည္သူမဆို ဤမရဏတံခါးမွ လြတ္ေျမာက္သြား
သည္ႏွင့္ ေၾကာက္စိတ္ေၾကာင့္ ေခြၽးေစးမ်ားျဖင့္
႐ႊဲ႐ႊဲစိုေနၾကမည္ျဖစ္ေသာ္လည္း ေဝ့လ်န္အတြက္
ေတာ့ မဟုတ္ခဲ့ေပ။သူသည္ အလြန္မတန္ကို တ
ည္ၿငိမ္ေန၏။သူ႕စိတ္ထဲတြင္ 'က်ီ'ဟူေသာ မ်ိဳးရိုး
ျဖင့္ ေယာက်ာ္းတစ္ေယာက္ကို သတ္ရန္သာ။

ခ်င္အင္ပါယာ၏ နန္းေတာ္မွ ေနရာတိုင္းတြင္ မ်
က္လုံးေပါင္းမ်ားစြာ ရွိေန၏။သူ႕ကို အေမွာင္ထဲမွ
စိုက္ၾကည့္ေနေသာ မ်က္ဝန္းအစုံ မည္မွ်ရွိေနမွန္း
မသိေလတာေၾကာင့္ ေပါ့ေပါ့ဆဆ မေနရဲသည့္အျပင္ ခႏၶာကိုယ္ကို ကာကြယ္ရန္ အတြင္းအားကိုေတာင္ သံသယအဝင္ခံရမည္စိုး၍ အသုံးမျပဳခဲ့ေခ်။သိုင္းပညာကို ထုတ္မျပဘဲ ေနသည္က အ
ေကာင္းဆုံး ျဖစ္ေပလိမ့္မည္။

(ဒါက ဝွက္ဖဲပဲ။)

သူကစားရန္ ေ႐ြးခ်ယ္ထားေသာ ဇာတ္ေကာင္မွာ
အလုပ္ၾကမ္းလုပ္ေလ့မရွိသည့္ ဥာဏ္ေကာင္းၿပီး
တည္ၿငိမ္ေသာ သခင္ေလးတစ္ဦးျဖစ္သည္။ဥာဏ္ေကာင္းျခင္း တစ္မ်ိဳးတည္းဆိုလွ်င္ ဧကရာဇ္
က သူ႕အေပၚ တစ္မ်ိဳးတစ္ဖုံ ဆက္ဆံနိုင္ေသာ္လ
ည္း သိုင္းပညာအေၾကာင္းကိုသာ သိသြားပါက
သူ႕အတြက္ ေသျခင္းတရားကသာ ေစာင့္ႀကိဳေန
လိမ့္မည္။

ခ်င္ဧကရာဇ္သည္လည္း သူ႕ရင္ခြင္ထဲတြင္ ေျမေပြး ထည့္ပိုက္ထားမည့္ လူစားမ်ိဳးမဟုတ္ခဲ့။

*****

ဒူးေထာက္ျခင္းသည္ ဥာဥ့္နက္ယံအထိ ၾကာျမင့္
လာ၏။

အတြင္းအား အသုံးမျပဳလွ်င္ ေဝ့လ်န္သည္လည္း
သာမာန္လူတစ္ေယာက္ႏွင့္ သိပ္မကြာလွေခ်။အ
လြန္ဆုံးအေနႏွင့္ သူက နည္းနည္းေလာက္ ပိုသန္
မာယုံသာရွိသည္။ေလးနာရီခန့္ ၾကာျမင့္လာေသာ
အခါ သူ႕အသားအေရာင္လည္း ျဖဴေဖ်ာ့လာခဲ့သ
ည္။

ဒူးႏွစ္ဖက္သည္လည္း အဆမတန္ နာက်င္လာခဲ့
သည္။

အေအးဓာတ္က သူ႕ကိုယ္တြင္းသို႔ စိမ့္ဝင္လာၿပီး
အရိုးထဲအထိ တစ္တိတိ လႊမ္းၿခဳံသြားခဲ့သည္။အ
ႀကိမ္အနည္းငယ္ ေခ်ာင္းဆိုးၿပီးေနာက္ အေအး
ဓာတ္ေၾကာင့္ မ်က္ဝန္းမ်ားပါ နီျမန္းလာေတာ့သ
ည္။

(သည္းခံရမယ္။ရည္႐ြယ္ခ်က္တစ္ခု ေအာင္ျမင္ဖို႔အတြက္ အခက္အခဲနဲ႕ နာက်င္မႈေတြ အားလုံးကို
ခံနိုင္ရည္ရွိမွရမယ္။)

လိုင္ခ်ီးသီးေတြလည္း မစားခ်င္ေတာ့ေပ။လူတစ္
ေယာက္၏ အေလာင္းကို လူသိရွင္ၾကား ခ်ိတ္ဆြဲ
ထားလိုစိတ္သာ ရွိေတာ့သည္။

လေရာင္ေဖ်ာ့ေဖ်ာ့က ဆီးႏွင္းထုကို ေငြေရာင္အလႊာအထပ္ထပ္ျဖင့္ ျခယ္မႈန္းထားသည္။

သတိလစ္လုဆဲဆဲတြင္ ရင္းႏွီးေနေသာ ေတာ္ဝင္
ေဝါယာဥ္က သူ႕အျမင္အာ႐ုံထဲသို႔ ေရာက္လာခဲ့သ
ည္။

ေဝ့လ်န္သည္ ေက်ာျပန္မတ္၍ မ်က္လႊာခ်လိဳက္
ေလ၏။

*****

က်ီယြယ့္သည္ ထုံးစံအတိုင္း စြန့္ပစ္ခံနန္းေဆာင္
၌ ထိုင္ေနခဲ့သည္။မူလက ဤေနရာတြင္ တစ္ညလုံး အခ်ိန္ျဖဳန္းရန္ ဆုံးျဖတ္ထားေသာ္လည္း ႐ု
တ္တရက္ဆိုသလို တစ္စုံတစ္ေယာက္ကို သတိရ
သြားခဲ့သည္။

အမွန္တြင္ ထိုလူငယ္၏ မ်က္ႏွာကို သူမျမင္ခဲ့ရ။
သြယ္လ်ေက်ာ့ရွင္းေသာ လည္တိုင္ႏွင့္ ေမးဖ်ား
ေလးကိုသာ ျမင္ခဲ့ရသည္။

(ေဝ့လ်န္ဆိုတာ အဲ့ဒီတစ္ေယာက္လား?)

သူသာ ဤေနရာတြင္ တစ္ညလုံး အခ်ိန္ျဖဳန္းခဲ့မ
ည္ဆိုလွ်င္ ထိုပုဂၢိုလ္သည္လည္း ႏွင္းေတာထဲတြင္ တစ္ညလုံး ဒူးေထာက္ေနေပလိမ့္မည္။

က်ီယြယ့္အေနႏွင့္ ဂ႐ုေတာင္စိုက္မေနသင့္ေသာ္
လည္း အေတြးတစ္ခုက သူ႕အာ႐ုံထဲသို႔ တစ္ဝဲလ
ည္လည္ ျပန္ေရာက္လာခဲ့သည္။

(ႏွင္းက်တဲ့ ညေတြဆိုတာ ဘယ္ေလာက္ေတာင္မွ
ေအးလိုက္သလဲ?)

မယ္ေတာ္ ေသဆုံးခဲ့သည့္ ညက ေရတြင္းနံေဘး
ရွိ ႏွင္းေတာထဲတြင္ ရႈပ္ေထြးေပြလီေနေသာ ေျခ
ရာမ်ားသာ က်န္ရစ္ခဲ့သည္။

(မယ္ေတာ့္ကို တစ္စုံတစ္ေယာက္က တြန္းခ်ခဲ့
တာ။)

ထို'တစ္စုံတစ္ေယာက္'သည္ က်ီယြယ့္ကိုယ္တိုင္
ေငြျဖဴေရာင္ ပိုးထည္ေပးၿပီးေနာက္ ေသဆုံးသြား
ခဲ့ေသာ မယ္ေတာ္ႀကီး ျဖစ္သည္။

မယ္ေတာ္ႀကီးသည္ ႐ုပ္ေသးဧကရာဇ္အျဖစ္ အ
သုံးခ်ရန္ ကေလးတစ္ေယာက္ လိုအပ္ေနၿပီး 'ထို
ကေလးအတြက္ မိခင္ရင္းဟူသည္ မလိုအပ္'ဟု သတ္မွတ္ခဲ့ျခင္းျဖစ္သည္။

(မယ္ေတာ္က အဲ့ဒီလို အေၾကာင္းျပခ်က္ေၾကာင့္
ေသဆုံးသြားခဲ့ရတာ။)

ထိုအခ်ိန္မွစ၍ ႏွင္းက်ေသာ ညမ်ားသည္ သူ႕ႏွ
လုံးသားထဲတြင္ အေအးစက္ဆုံး ေနရာတစ္ခု ျဖ
စ္သြားခဲ့သည္။

ႏွင္းေတာထဲတြင္ တစ္ညလုံး ဒူးေထာက္ရန္မွာ
ေျခေထာက္ျပတ္မသြားလွ်င္ေတာင္ အခ်ိန္အၾကာႀကီး ဖ်ားနာသြားတတ္သည္။

(မယ္ေတာ့္ကို လြမ္းမိတဲ့ ကေလးတစ္ေယာက္ကို
သူဘာလို႔မ်ား ဒီလို ခက္ခဲေအာင္ ဒုကၡေပးရပါ့
မလဲ။)

ဤသည္မွာ ဧကရာဇ္တစ္ပါး၏ ႏွလုံးသားထဲမွ အလြန္ကို ရွားရွားပါးပါး ထြက္လာေသာ ေသးင
ယ္လွသည့္ လူသားဆန္စိတ္ေလးျဖစ္ၿပီး ဝတ္႐ုံကို ပုခုံးေပၚ ၿခဳံ၍ ေဝါယာဥ္ေပၚတက္ကာ နန္း
ေတာ္သို႔ ျပန္လာခဲ့ေလသည္။

*****

ေဝ့လ်န္က ထိုေနရာတြင္ ဒူးေထာက္ေနၿမဲပင္။
ခႏၶာကိုယ္သည္ ပိန္ပါး၍ သူ႕ဆံႏြယ္ေပၚတြင္ ႏွင္း
ပြင့္၊ႏွင္းစိုင္မ်ား တင္ရစ္ေနၿပီး သားေမြးၿခဳံလႊာသ
ည္ ေျမျပင္ေပၚတြင္ ျပန့္က်ဲလ်က္ ဆီးႏွင္းထုႏွင့္
ေရာယွက္ေနေလသည္။

တစ္ကိုယ္လုံး တုန္ယင္ေနေသာ္လည္း ေက်ာက
ေတာ့ ေျဖာင့္မတ္ေနဆဲ။

ႏွစ္လိုဖြယ္ေကာင္းၿပီး ေခါင္းမာတတ္ေသာ ဇီးသီး
ပြင့္ေလး ဆီးႏွင္းအလယ္တြင္ ႀကံ့ႀကံ့ခံေနသည့္
ပမာ။

ကံမေကာင္းစြာျဖင့္ ဇီးသီးပြင့္အစစ္ေလးသာ ျဖစ္
ေနခဲ့မည္ဆိုလွ်င္ ယခုလို ရာသီဥတု ေအးခဲေနပုံ
ႏွင့္ေတာ့ အညွာပါ ေႂကြက်သြားၿပီး ႐ႊံႏြံေပၚ ျပဳတ္
က်၍ ဆီးႏွင္းထုျဖင့္ ဖုံးအုပ္ခံလိုက္ရေပမည္။

က်ီယြယ့္က ေဝါယာဥ္ကို ရပ္ရန္ လက္ယမ္းျပၿပီး
မွ ေဝ့လ်န္ကို အမိန့္ေပး၏။

"ေခါင္းေမာ့"

အမိန့္သံ ၾကားသည္ႏွင့္ ေဝလ်န္လည္း နာခံစြာ
ေခါင္းေမာ့လိုက္သည္။

လေရာင္ေအာက္တြင္ သူတို႔ႏွစ္ဦးစလုံး တစ္ေယာ
က္မ်က္ႏွာ တစ္ေယာက္ ေတြ႕လိုက္ေလရာ ႏွစ္ဦး
စလုံး အံ့ၾသသြားရေတာ့သည္။

ေဝ့လ်န္သည္ ခ်င္ဧကရာဇ္၏ ပုံစံကို ေတြးၾကည့္
ခဲ့ဖူးသည္။ဧကရာဇ္၏ ဂုဏ္သတင္းဟာ အရပ္
သားမ်ားအၾကား ဘယ္ေတာ့မွ ေကာင္းမြန္နိုင္မ
ည္မဟုတ္။သူသည္ စစ္ပြဲေပါင္းမ်ားစြာ ဆင္ႏႊဲခဲ့ၿပီး အရပ္သားမ်ားကို ေနရာမ်ားေျပာင္းေ႐ႊ႕ေစျခင္းတို႔ျဖင့္ မိသားစုေပါင္းမ်ားစြာကို အိုးမဲ့၊အိမ္မဲ့ျဖစ္ေအာင္ လုပ္ခဲ့သည္။သို႔ျဖစ္ရာ အရပ္သားမ်ားအၾကားတြင္ သူသည္ ကေလးမ်ားကို ေျခာ
က္လွန့္ရာ၌ လူေျပာမ်ားသည့္'ေျမေအာက္ေလာ
ကမွ သက္ရွိဘုရင္'ျဖစ္ေပသည္။အစရွိသျဖင့္ ရ
က္စက္ၾကမ္းၾကဳတ္ေသာ ပုံစံျဖင့္ ေဖာ္ၫႊန္းၾကသ
ည္မွာ နားမလည္နိုင္စရာ ကိစၥေတာ့မဟုတ္ေပ။

သို႔ေသာ္ အင္ပါယာေျခာက္ခုမွ ဧကရာဇ္မ်ားက
ေတာ့ ခ်င္ဧကရာဇ္ကို 'မွိုင္းအုံ႕ေနေသာ စိတ္ထားႏွင့္ ခန့္ညားေသာ ဧကရာဇ္တစ္ပါး'ဟု ၫႊန္းဆိုေလ့ရွိၾကသည္။အလြန္ကို ထက္ျမတ္ျပတ္သား
လြန္းေသာ အသြင္အျပင္ေၾကာင့္ လူအမ်ားက သူ႕ကို ရဲရဲဝံ့ဝံ့ မၾကည့္ရဲၾကေခ်။

လက္ေတြ႕တြင္မူ.....သူ႕၌ ရက္စက္ၾကမ္းၾကဳတ္မႈ
ႏွင့္ ေၾကာက္႐ြံ႕စရာေကာင္းေသာ အသြင္မ်ိဳး ရွိမ
ေနခဲ့ပါေလ။

သူသည္ ႐ုပ္ရည္ေခ်ာေမာေသာ လူငယ္တစ္ဦးသာ ျဖစ္ေနခဲ့သည္။

ဂုဏ္အသေရရွိလွေသာ အနက္ေရာင္ဝတ္႐ုံက သူ
၏ ငယ္႐ြယ္ပ်ိဳမ်စ္မႈကို ဖုံးကြယ္မထားနိုင္ေပ။
တိမ္လႊာတိမ္လိပ္ကဲ့သို႔ ထူထပ္ကာ နက္ေမွာင္ေန
ေသာ မင္ေရာင္ဆံႏြယ္မ်ားႏွင့္ မ်က္ဝန္းနက္နက္
တို႔က ေကာင္းကင္ယံမွ ၾကယ္ပြင့္မ်ားပမာ။မ်က္
ႏွာသြင္ျပင္ငါးပါးလုံးက အက်အန ထြင္းထုထား
ၿပီး အထက္ဘုံမွ အပ္ႏွင္းေသာ လက္ေဆာင္တစ္
ခုႏွယ္။

ဥာဥ့္အေမွာင္ထုအလယ္တြင္ ေကာင္းကင္ယံမွ ၾကယ္အလုံးစုံကို စုေဝးထားသကဲ့သို႔ ထိုေတာက္
ပေနေသာ မ်က္ဝန္းထဲ၌ အၿပဳံးေဖ်ာ့ေဖ်ာ့ေလး
လည္း ရွိေနခဲ့သည္။

(ဒါက ခ်င္ဧကရာဇ္ ျဖစ္ေနလိမ့္မယ္လို႔ ဘယ္သူက ထင္မွာလဲ?)

ေဝ့လ်န္၏ အံ့အားသင့္မႈက က်ီယြယ့္၏ မ်က္ဝ
န္းထဲ၌ ဖမ္းမိသြားခဲ့သည္။

ခ်ဴအင္ပါယာမွ ေစလႊတ္လိုက္ေသာ ဓားစားခံ
မင္းသားက ေခ်ာေမာေၾကာင္းကို က်ီယြယ့္သိ
ထားၿပီးသားျဖစ္ေသာ္လည္း ဤမွ်ေလာက္ အံ့ၾသစရာေကာင္းလိမ့္မည္ဟု မထင္မိခဲ့ေပ။

လူငယ္ေလး၏ အသားအေရာင္က လေရာင္ေအာ
က္တြင္ ဆီးႏွင္းပမာ ျဖဴေဖ်ာ့ေနၿပီး ပိန္ပါးေသာ
အသြင္၊နက္ေမွာင္ေသာ ဆံႏြယ္ႏွင့္ ေက်ာက္စိမ္း
ကဲသို႔ ၾကည့္ေကာင္းေသာ အသားအရည္မ်ိဳး ရွိ
ေနခဲ့သည္။ထိုအသြင္အျပင္မ်ိဳးက ျမင္သူတိုင္း
ျမတ္နိုးရေလာက္ေပသည္။

သူ႕မ်က္ဝန္းေထာင့္မ်ားသည္ အတန္ငယ္ နီျမန္းေနၿပီး ျဖဴဆုတ္ေနေသာ ႏႈတ္ခမ္းမ်ားကို ေစ့ပိတ္
ထားလ်က္ ရဲတင္းေသာ အလွတရားကို ေဖာ္ျပ
ေနဟန္ရွိသည္။

ေတာ္ဝင္အမႈထမ္းမ်ားမွာ ေျပာစရာစကားပင္
ေပ်ာက္သြားရသည္အထိ အံ့ၾသသြားၾကၿပီး သူတို႔
စိတ္ထဲတြင္ စကားလုံးႏွစ္လုံးသာ ေပၚလာေတာ့
သည္။

(တျခားကမၻာကအလွတရား။)

(ေသမ်ိဳးေလာကမွာ ရွင္သန္ေနၾကတာေရာ ဟုတ္
ေသးရဲ႕လား?ဒီလို မွင္သက္ရင္ဖိုစရာေကာင္းေလာက္ေအာင္ ေခ်ာေမာဖို႔ဆိုတာက ဆီးႏွင္းက
ေတာ့ ပဥ္စလက်ဆန်ဆန် ေမြးဖြားလာတဲ့ နည္းလမ္း
တစ္မ်ိဳးပဲရွိမွာေပါ့။)

(ဒီလိုအလွတရားမ်ိဳးက ညွို႔ယူမခံရတဲ့လူေရာ
ရွိနိုင္ပါ့အုံးမလား?)

*****

"လာခဲ့"

က်ီယြယ့္က ဆို၏။ေဝ့လ်န္သည္ အနည္းငယ္ တု
န္ယင္ေနေသာ ေျခေထာက္မ်ားျဖင့္ ျဖည္းျဖည္းခ်င္း ထလိုက္သည္။ေလွကားထစ္ကို နင္းလိုက္သည့္အခိုက္တြင္ ဟန္ခ်က္ပ်က္သြားၿပီး တစ္ကို
ယ္လုံးက အေရွ႕ဘက္သို႔ ယိုင္က်သြားခဲ့သည္။

ႏြေးေထြးေသာ ေပြ႕ဖက္မႈတစ္ခုက သူ႕ကို အခ်ိန္
ကိုက္ ဖမ္းယူခဲ့သည္။

က်ီယြယ့္က လက္ကို ကိုင္ထားရင္း ဟက္ခနဲ ရယ္
၏။

"ဘာလို႔ ဒီေလာက္ေတာင္ ေအးေနရတာလဲ?"

(ဘာလို႔ ဒီေလာက္ေတာင္ ေအးေနလဲဆိုရင္ မင္းလဲ ႏွင္းေတာထဲမွာ ေလးနာရီေလာက္ ဒူးေထာက္ေနၾကည့္လိုက္ပါ့လား ေက်းဇူးပဲ!)

အျပင္ပန္းတြင္မူ ေဝ့လ်န္သည္ အေအးဓာတ္
ေၾကာင့္ တုန္ယင္ေနေသာ ေလသံျဖင့္

"ခ်င္ဧကရာဇ္...."

က်ီယြယ့္သည္ ေအးခဲေနေသာ ဆီးႏွင္းမ်ားျဖင့္
ဖုံးအုပ္ေနသည့္ သားေမြးၿခဳံလႊာကို ဖယ္ၿပီး ေဝ့
လ်န္၏ ေက်ာျပင္ကို ထူထဲေသာ သားေမြးၿခဳံလႊာ
တစ္ထည္ျဖင့္ လႊမ္းၿခဳံေပးၿပီး ေပ်ာ့ေပ်ာင္းေသာ
ေလသံျဖင့္ စကားဆိုေလ၏။

"ကိုယ္ေတာ့္ကိုမွီလိုက္"

ေဝ့လ်န္: ဒါ မင္းေျပာတာေနာ္။ငါတကယ္လုပ္မွ
စိတ္လာမဆိုးနဲ႕။

သူ႕တစ္ကိုယ္လုံးဟာ အလြန္ကို ေအးစက္ေနခဲ့
သည္။က်ီယြယ့္ ရင္ခြင္ထဲသို႔ တိုးဝင္လာစဥ္မူ
က်ီယြယ့္မွာ ေရခဲတုံးႀကီး တစ္တုံးကို ေပြ႕ဖက္မိသည့္ႏွယ္ ခံစားလိုက္ရသည္။

က်ီယြယ့္၏ အမူအယာက ေျပာင္းလဲမသြားဘဲ
တင္းတင္းက်ပ္က်ပ္ ဖက္ထားေပးခဲ့သည္။

ေတာ္ဝင္ေဝါယာဥ္မွာ လူႏွစ္ဦးစာ တည္ေဆာ
က္ထားျခင္း မဟုတ္ေပ။ေဝ့လ်န္သည္ က်ီယြယ့္
၏ ရင္ခြင္ထဲသို႔ ႏြမ္းလ်စြာ ပိုတိုးဝင္လိုက္ၿပီး
တစ္ဖက္လူ၏ ကိုယ္အပူခ်ိန္ကို ေလာဘတႀကီး
သိမ္းယူလိုက္သည္။

အေအးဓာတ္က စည္းမ်ဥ္းမ်ားႏွင့္ ထုံးတမ္းအစ
ဥ္အလာ အားလုံးကို ခဝါခ်၍ က်ီယြယ့္၏ ရင္ခြင္ထဲသို႔ က်င့္ဝတ္မရွိစြာ တိုးဝင္သြားမိသည္အထိ ဦးႏွောက္ကိုပါ ေအးခဲေစၿပီး စိတ္ရႈပ္ေထြးေအာင္ လုပ္နိုင္စြမ္းရွိခဲ့ပုံပင္။

ခ်င္ဧကရာဇ္၏ ရင္ခြင္က အလြန္ႏြေးေထြးေနခဲ့သည္။

ေဝ့လ်န္သည္ အပူခ်ိန္ရွိသည့္ အရပ္ကို ရွာေတြ႕
သြားၿပီျဖစ္ရာ အလႊတ္မေပးေတာ့ေခ်။

သူ႕ေၾကာင့္ ဧကရာဇ္ပါ ေအးသြားမည္ကိုေတာင္ မစဥ္းစားမိေတာ့ေခ်။'ေခြး႐ူးလိုဧကရာဇ္'ကို ေရခဲ
႐ုပ္တုႀကီးလို ေအးခဲသြားေအာင္ ဖန္ဆင္းၿပီး သူ႕
ႏွလုံးသားထဲမွ အမုန္းတရားမ်ားကို ေျဖေဖ်ာက္ရ
န္အတြက္ ထိုေရခဲ႐ုပ္တုႀကီးကို တစ္စစီ ေခ်မြလို
စိတ္သာ ထက္သန္ေနခဲ့သည္။

က်ီယြယ့္ ငုံ႕ၾကည့္လိုက္ရာ ေပ်ာ့ေျပာင္းေသာ မ်
က္ေတာင္ရွည္မ်ားႏွင့္ မ်က္ဝန္းတစ္စုံ၊အေအးဒ
ဏ္ေၾကာင့္ ျဖဴေဖ်ာ့ေနသည့္ ခပ္သြယ္သြယ္ မ်က္
ႏွာကို ျမင္လိုက္ရသည္။

သူသည္ စိတ္ခံစားခ်က္အတိုင္း ျပဳမူတတ္သူျဖစ္
၏။ဤေကာင္ေလးကို ယခုအခ်ိန္တြင္ ရင္ခြင္ထဲ
ထည့္၍ ေပြ႕ပိုက္ထားလွ်င္ေတာင္ ခဏအၾကာ၌ မလိုလားေတာ့ပါက လမ္းတစ္ဝက္၌ ပစ္ခ်ထားခဲ့
မည့္ လူစားမ်ိဳး ျဖစ္သည္။

ေအးခဲေနေသာ ေကာင္ေလး၏ အားနည္းၿပီး ခ်စ္
စရာေကာင္းေသာ အသြင္ကို ၾကည့္မိရာ က်ီယြယ့္
သည္ သူ႕စိတ္အေျခအေနမွာ အေတာ္ေလးကို အ
ဆင္ေျပေသာ အေနအထားမ်ိဳး၌ ရွိေနေၾကာင္း
သတိထားမိခဲ့သည္။

ထိုအဆင္ေျပေနေသးေသာ စိတ္အေျခအေနက
ေကာင္ေလးကို ယန္ရွင္းခန္းမအထိ ျပန္ေခၚလာရ
န္ လုံေလာက္ေပသည္။

လီဖုခြၽမ္သည္ ဧကရာဇ္၏ ရင္ခြင္ထဲတြင္ ေပြ႕ဖက္
ထားေသာ ေကာင္ေလးကို ၾကည့္ၿပီးမွ မွန္းဆ၍
မရနိုင္ေသာ စိတ္အေျခအေနကို သက္ျပင္းခ်၏။

(ခုနတုန္းကေတာ့ သူ႕ကို ႏွင္းေတာထဲမွာ ေလးနာရီ
ၾကာေအာင္ ဒူးေထာက္ခိုင္းထားၿပီး အခုက် ကိုယ္
ပိုင္ခန္းမေဆာင္ကို ေခၚသြားျပန္ၿပီ။)

သို႔ေပသိ သခင္ေလးလ်န္ကေတာ့ တကယ္ကို ရင္
ဖိုလွိုက္ေမာဖြယ္ေကာင္းေအာင္ လွ၏။သူသာ အ
ေျခအျမစ္မရွိသူ မဟုတ္လွ်င္ ကိုယ္တိုင္ေတာင္
ရင္ခုန္ၿပီးေလာက္ၿပီျဖစ္သည္။

(T/N:လီဖုခြၽမ္က'မိန္းမစိုး'(ကုန္းကုန္း)ပါေနာ္)

ႀကိဳတင္ျပင္ဆင္မႈမ်ား လုပ္ထားသင့္သလားဟု
သူေတြးလိုက္မိသည္။ဧကရာဇ္သာ ယေန႕ညတြင္
သခင္ေလးလ်န္ႏွင့္ အတူျဖတ္သန္းမည္ဆိုပါက
အို...မဟုတ္ေသးပါဘူး။ေဝ့ရွစ္ကြၽင့္အတြက္ ေရ
ခ်ိဳးရန္ အေမြးနံ႕သာမ်ားႏွင့္ အျခားကိစၥမ်ားကိုပါ
စီစဥ္ထားရန္ လက္ေအာက္ငယ္သားတို႔ကို ခိုင္း
ရေပမည္။

သူေတြးေနရင္းျဖင့္ ယန္ရွင္းခန္းမသို႔ ေရာက္လာခဲ့သည္။ေဝ့လ်န္သည္ ေဝါယာဥ္ေပၚမွ မူးေနာက္
ေနာက္ျဖင့္ ဆင္းလိုက္ၿပီး မတ္တပ္ရပ္လိုက္သ
ည္ႏွင့္ ဒူးေခါင္းမွ ျပင္းပ်ေသာ နာက်င္မႈက သူ႕ကို
ဖင္ထိုင္ရက္ ျပန္လဲသြားေစရာ အသက္ရႈသြင္း၍ မ်က္ေမွာင္ႀကဳံ႕လိုက္၏။

က်ီယြယ့္သည္ ထိုအခ်င္းအရာကို သတိျပဳမိသ
ည္ႏွင့္ ေဝ့လ်န္ကို ႐ုတ္တရက္ ေပြ႕ခ်ီၿပီး ေဝါယာဥ္
ေပၚမွ ဆင္းလိုက္သည္။

ေဝ့လ်န္လည္း အံ့ၾသသြားၿပီး က်ီယြယ့္၏ လည္
တိုင္ကို ကမန္းကတန္း သိုင္းဖက္လိုက္ရသည္။
'ကြၽတ္ေတာ့္ကိုေအာက္ျပန္ခ်ေပး'ဟူသျဖင့္ ကြၽ
က္ကြၽက္ညံေအာင္ နားပူျခင္းေတာ့ မလုပ္ရဲခဲ့ေပ။

အႏွီလူ၏ စိတ္အေျခအေနအရဆိုလွ်င္ လက္ႏွစ္
ဖက္လုံးကို ခ်က္ခ်င္းဖယ္၍ သူ႕ကို တကယ္ပစ္ခ်
သြားေပလိမ့္မည္။

သခင္ေလးလ်န္ကို ဧကရာဇ္ကိုယ္တိုင္ ေပြ႕ခ်ီလာ
သည္ကို ျမင္လိုက္ရေသာအခါ လီဖုခြၽမ္လည္း
ေဝ့လ်န္၏ အေရးပါပုံကို စိတ္ထဲ၌ ျပန္ျပင္ဆင္၍
ေရ႐ြတ္လိုက္ေလသည္။

(ၾကည့္ရတာေတာ့ ဒီတစ္ညၿပီးရင္ ခ်င္က်ဴးအ
ေဆာင္ေတာ္ ကံေကာင္းေတာ့မယ္ ထင္ပါရဲ႕။)

Okumaya devam et

Bunları da Beğeneceksin

5.2K 812 6
Type -Light Novel (CN) Name -你的后脑勺有朵花, A flower on the back of his head Author -西子绪 English translator -Wordrain Status in COO -3 chapters Genre Ro...
12.7K 1.6K 7
Title: It's Okay, I'll Take Care of You (没关系,我养你) Author: 半纸清骨 CP: Weed x Little Corn Translator: Polarbearadise Editor: Mosstree Disclaimer : I don'...
16.7K 2.7K 30
Title : PanGuan ( 判官 ) Author : MuSuLi ( 木苏里 ) Status : 117 chapters + 6 extras Genre : Action, Adventure, Horror, Mystery, Romance, Supernatural Thi...
67.8K 7.5K 143
မူရင်းရေးသားသူ : မန့်မန့်ဟယ့်ချီသော်။ စုစုပေါင်းအပိုင်း : ၁၃၂ပိုင်းနှင့်အချပ်ပို ၄ ပိုင်း။ ယွီဆွေ့ x ရှစ်လော့။