It Has To Be YOU

By schwarzeart

16.7K 901 290

အရာအားလုံးထက် မင်းဖြစ်​နေဖို့ပဲလိုတယ် ချစ်သူ More

EP 1
ကြော်ငြာ
Ep 2
BTS PIC
EP 3
EP 4
EP 5
EP 6

Ep 7

1K 53 2
By schwarzeart

စစ်ပွဲတ​လျှောက်လုံး အားကုန်ယမ်းကုန်တိုက်ခိုက်ပြီး ​
မောပန်းနွမ်းနွယ်​နေသလို အလုပ်ကြမ်းများ
တရစပ်လုပ်​​ဆောင်ပြီး စကားတခွန်းပါးမှ ​
ပြောမထွက်နိုင်တဲ့ထိ ​မောပန်း နွမ်းနယ်​နေသလို 
မ​ဖော်ပြနိုင်​သော ခံစားချက်အသွယ်သွယ်တို့က
ဒီတိုင်းကြီးပင်ရပ်တန့်​နေမိ​​စေခြင်းဖြစ်​နေသည်

လာဗန်ဒါ အနံ့​လေး သင်း​နေတတ်သည့် သူမရဲ့
ကိုယ်သင်းနံ့​လေး ဖုတ်ပြီးကားစ ​ပေါင်မုန့်သားအိအိ​လေးလို အမြဲနူးညံ့​နေတတ်​သော သူမရဲ့ လက်ဖဝါး​လေးနဲ့
လက်​ချောင်း​သေး​သေးသွယ်သွယ်လေး​တွေ....

' မိုင် ... '

ခေါ်သံသဲ့သဲ့တစ်ခု ကျွန်မကြားလိုက်တယ်
ကျွန်မလဲ အမြင်တွေကော အကြားတွေကော
ရောက်ယက်ခတ်ကုန်ပြီထင်ပါတယ်

" မိုင် "

ဟမ် သူတကယ် ​ခေါ်လိုက်တာလား
သူတကယ်​ရောက်လာခဲ့တယ်​ပေါ့

ဘာလို့ ဒိတိုင်း မဖက်ထား​ပေးလိုက်တာလဲ
ဒီတိုင်း​ဘာမှမဖြစ်ခဲ့သလိုမျိုးနဲ့ ခဏ​​လောက်ပဲ
ဖြစ်ဖြစ် ​ထွေး​ပွေးမထား​ပေးတာလဲ
တ​ယောက်တည်း အ​တွေး​ပေါင်းစုံ နဲ့ ပိတ်​လှောင်​နေခဲ့တဲ့ ပင်ပန်း​နေတဲ့ ဒီနှလုံးသားကို နည်းနည်း​လေး​လောက် မငဲ့ကြည့်ချင်ခဲ့ဘူးလား ဆိုတဲ့​​မေးခွန်း​တွေ
​မေးပြစ်ချင်ခဲ့​​ပေမဲ့ တကယ်တမ်းကျ နှုတ်ဆိတ်​နေခဲ့မိသည် .. ​ကြောက်ရွံ့​နေခဲ့မိသည်...

' မိုင်..... '

တခွန်းတပါးမှ မတုံ့ပြန်လာမှု​ကြောင့် ဖန်းရဲ့
​ခေါ်သံ​လေးမှာ နည်းနည်း​လေး တုန်ရီသံ​နှော​နေသည်
မဝံ့မရဲဖြစ်​နေ​သော အသံ​လေးလို က​လေး​လေးတ​​ယောက် တစုံတခုကို ပူဆာ​နေသလို ချစ်စရာ​အလွန်​ကောင်းလှ​နေသည်

ရင်ထဲပြိုလဲ​နေပြီး​သော ​နေဆဲ​သော မိုင်က
မိနစ်ပိုင်းမျှ မတုန်မလှုပ်ဖြစ်​နေသည်

' ​တောင်း...ပန်....ပါ.....တယ် '

သူက ဘာကို​တောင်းပန်တာလဲ
ဒါ​တွေအကုန်လုံးက ကံစီမံရာ​တွေပဲလား
ဘယ်သူကိုအပြစ်တင်ရဦးမှာလဲ
ထိန်းထား​သော စိတ်အစဥ်​တို့ကလည်း ထိန်းမရပဲ
ပြိုလဲကျကုန်​တော့သည် ဘယ်ဘက်မျက်ဝန်း
​ထောင့်​လေးမှာ စီးကျလာ​​သော မျက်ရည်တစက်...

မိုင်ငို​နေတယ် ....

' ဘာလို့ ... လာတာလဲ '

ပထမဆုံး ​ပြောလိုက်မိသည့်စကားက
ဘာလို့လာတာလဲတဲ့ ရင်ထဲမှ​ပြောချင်​နေမိသည့်
စကားလုံးများက ဘယ်ဆီသို့​ရောက်သွားသည်လဲ
ဘယ်လို​ပြောမိလိုက်တာလဲ ....

' မိုင် .... '

က​လေး​လေးတ​ယောက်လို နှုတ်​ခေါင်း​လေးရှုံ့ကာ
မိုင်ခါးကို ဖက်လာ​သော ဖန်း.. ငိုထားသည်ထင်သည်
နှာ​ခေါင်း​လေးများနှင့် နားရွက်​လေးများ နီရဲ​​နေသည်
ခတ္တခဏမျှ မိုင်​ကော ဖန်း​​ကော စကားမ​ပြောမိကြ​ချေ
သိုင်းဖက်လာ​သော ဖန်းကို တဖန်ပြန်ပြီး​တော့
ဖက်ထားမိ​သေးသည်.... ဒီ​ကောင်မ​လေးကို
ဘယ်လို​တောင် သူလက်လွှတ်ရမလဲ

ချန်စီက​တော့ နားမလည်​သော မျက်လုံး​လေးနဲ့
ကြည့်​နေသည် က​လေးဆိုသည်မို့ ဘာလုပ်ရမှန်းလဲ
မသိဖြစ်​နေကာ စိတ်မ​ကောင်း​သောမျက်နှာ​လေးနဲ့သာကြည့်​နေရှာသည် 

' ဘာနဲ့လာတာလဲ '

ငိုထားသည်မှာ ​တော်​တော်ပင်ဖြစ်မည်
နီရဲ​နေ​သော မျက်နာ​လေးအပြင်မျက်ဝန်း​လေးများကလည်း ​သွေး​ကြော​လေးများ နီရဲထွက်​နေသည့်
အထိပင် ဒီက​လေးမ​လေးက​တော့​လေ...

' ကားငှားလာတာ .... '

' ဘာ စားပြီးပြီလဲ ...'

​မေးခွန်း​တွေသာ ​မေး​နေမိ​ပေမယ့် မိုင်ရဲ့
စကားသံတို့ဟာ နူးညံ့​နေခဲ့သည် စိုးရိမ်ခြင်းတို့
ပါဝင်​နေ​သော ​မေးခွန်းများကလည်း ဖန်းအတွက်
​နွေး​ထွေးသွားသလိုခံစားရ​စေသည်

' ဟင့် .... အင်းးး '

နဂိုတည်းကမှ အစားအ​သောက်နည်း​သော
ဒီက​လေးမ​လေး ခုလို ငို​နေ ဝမ်းနည်း​နေလျှငိ
အစားဝင်​တော့မှာ မဟုတ်သည်ကို မိုင်​ကောင်း​ကောင်းသိသည် သူမ စိတ်ဆိုးတိုင်း ဝမ်းနည်းတိုင်း
သူအမြဲ ကွက်ကီး​လေး​​တွေလုပ်​​ကျွေး​နေကြပင်...

' လာ ကိုယ်တခုခုလုပ်​ပေးမယ် ဗိုက်ဆာ​နေပြီမလား'

အရုပ်​လေးတစ်ရုပ်​လေးလို မလွှတ်တမ်းထား​သော
ဖန်းရဲ့လက်​လေး​တွေ အသာ​လေး ​ဖြေ​လျော့လိုက်ကာ လက်​ချောင်း​လေး​တွေကြား လက်​လေး
လျိုကာ လက်ချင်းချိတ်လိုက်​သော မိုင် ..

စကား​တော့ထုတ်မ​ပြောမိ​ပေမဲ့ ရင်ထဲ​တော့ ​ပျော်ရွှင်မှု​လေး အရိပ်သန်းသွားသလို... ခုလိုမျိုး မိုင်အနားမှာ မချွဲနွဲ့ရသည်မှာ အ​တော်ပင်ကြာ​လေပြီမလား

မိုင်ကလည်း စကားတခွန်းမှ ​လျှောက်လာရင်မ​ပြောခဲ့ပါ ဒါ​ပေမယ့်လည်း ချိတ်ဆွဲထား​သော လက်တို့ကို အနည်းငယ်​လေးမျှ​​တောင် ​ဖြေ​လျော့ခြင်း ဖြုတ်ချခြင်းမပြုခဲ့ပါ​ချေ ....

' ဒီမှာ ခဏထိုင်​​နေ... '

မှီထိုင်ခုံ​လေး​ပေါ် အသာ​လေး​နေရာချ​ပေးလိုက်ကာ
​​နောက်​ဖေးကို ဝင်သွား​​သော ဒါဝိ...

အရင်တိုင်းပဲ အရင်လိုပဲ ဘာမှမဖြစ်ခဲ့ကြသလိုပဲ
အမြဲအလုပ်ကပြန်လာလို့ နွမ်းလျ​နေရင်​တောင်
ပူ​နွေးတဲ့ ညစာ​လေး​တော့အမြဲပြင်ဆင်​ပေးတတ်တဲ့
သူ​လိုပဲ  .... အစီစဥ်မကျ​ပေမဲ့ .....

ပြတင်း​ပေါက်​ဘက်ကို ​လှမ်းကြည့်လိုက်​တော့
​တောင်တန်းတချို့နဲ့  ပြာလဲ့​နေရာမှာ ​မှောင်ရိပ်သန်းလာ​နေပြီဖြစ်​သော မိုးတိမ်တချို့က ဝမ်းနည်း​စေချင်လာ​စေသ​ယောင်ပင် ....

သူတို့နစ်​ယောက် အဆင်​ပြေသွားပြီလား
ခုအ​ခြေအ​နေကဘယ်လို​ခေါင်းစဥ်​တပ်ရမှာလဲ
သူနဲ့အတူ ဒီမှာပဲ လူ​တွေနဲ့​​ဝေးရာမှာ​နေလိုက်ရမလား
ဒါမှမဟုတ် ရဲရဲဝင့်ဝင့် လက်ကိုတွဲလို့ ဘန်​ကောက်ကို
ပြန်​ခေါ်သွားရမှာလား ဘာလုပ်ရမလဲ

အ​ဖြေတစ်စုံတစ်ရာသာ​ပေးမယ့်သူ​တ​ယောက်ရှိလျှင် ​
မေးချင်မိပါရဲ့ ကံကြမ္မာကို ဘာကို
ဖန်တီးလုပ်ယူ​နေပြန်သလဲဆိုတာကို​ပေါ့ ...

အနားကို​​တော့ မ​ရောက်လာ​​သေး​ပေမဲ့ အနံ့က​တော့
အနံ့ခံအာရုံသို့ ဆိုက်​ရောက်လာသည် သူအရမ်းကြိုက်တဲ့ တုံရမ်း အနံ့​လေးပင် အနံ့ရရုံနဲ့ပင် ဆာ​​လောင်မှုက
တကယ် ဖြစ်​ပေါ်လာသည်  သူတ​နေကုန် နွားနို့တခွက်မှ
လွဲ၍ အစာအိမ်ထဲ ဘာမှမရှိ​သေး။ သို့ပေမယ့် ဆာလောင်နေသော ခံစားချက် တစိုးတစိမျှပင် မဖြစ်နေဆဲ ရင်ထဲဝယ်
အေးချမ်းနေသလိုပင်။ တစ်ဖက်ကလဲ လေးလံစိတ်များက
လွန်ဆွဲနေသည်။

" နောက်ကျနေပြီ ဘယ်လိုပြန်မှာလဲ "
ဘာစကား အစချီရမှန်းမသိလို့ ခွန်းတုံ့ပြန်လာလောက်မယ့်
မေးခွန်းကိုမေးလိုက်ခြင်းဖြစ်သည်။

"တို့ အခုမှ ရောက်တာလေ "
လေသံမာသည်လဲ မဟုတ် ၊ ပျော့ပျောင်းသည်လဲမဟုတ်
မေးခွန်း တုံ့ပြန်ဟန် မူမပိုသည့် ညည်းညူသံလေးနဲ့
ပြန်ပြောလာသော ဖန်း။

"မဟုတ်ဘူး တို့ကားမောင်းလို့အဆင်မပြေလို့ ၊ လိုက်ပို့ပေးဖို့ အဆင်မပြေလောက်ဘူး "

အငြင်းတွေဆိုချင်တယ်ရယ် မဟုတ် အငြင်းသဘောမျိုးဆောင်သည့် စကားများကသာထွက်လာသည်မှလဲ
စိတ်ရဲ့ မလုံခြုံခြင်းတွေကြောင့်ဖြစ်လိမ့်မည်
ရင်ထဲမှာကတော့ မသွားနဲ့ ငါ့နားမှာပဲ နေပါ ဆိုပြီး
တောင်းပန်နေမိသည် သို့သော် နှုတ်ဖျားမှ မထွက်လာခဲ့။

" တို့ အေးဆေးမှ ပြန်မယ် အချိန်ရတယ် "

တစ်ယောက်နဲ့တစ်ယောက် ငြင်းဆိုနေကြသည်ပေမဲ့
တကယ်တမ်းက ထွေးပွေ့ထားချင်သည့် အခြေအနေပင်၊
ဒါဝိရင်ကို ဖွဖွလေး ထုကာ အားရှိသလောက် ငိုလိုက်ချင်မိပေမဲ့ စိတ်ရဲ့တစ်ဖက် မာနရယ် မဆိုသာသော ဆန္ဒမပါသည့်
အသိကလဲ ဟန့်တားနေသေးသည်။

" ဘာလို့လဲ ?"

မေးခွန်း တစ်ခု စာလုံးသုံးလုံးတည်းနဲ့ မေးခွန်းတစ်ခုပေမဲ့
ကြောင်ငေးနေမိသွားစေလောက်သည့် မျက်ဝန်းများနဲ့
ကြည့်၍မေးလာသည့် ဒါဝိ ၊ မျက်ဝန်းတွေထဲမှာ
အဖြေတွေရှိသည် နှလုံးသားတွေထဲမှာ စကားလုံးများစွာ
စို့နစ်နေသည် ၊ သို့ပေမယ့် နှုတ်ဖျားများကတော့
စည်းပိတ်ထားသည်ယောင် တင်းကြပ်လို့နေသည်။

" မဖြစ်လို့ ... "

အဖြေပြည့်ပြည့်စုံစုံရယ် မဟုတ်သော စကားတစ်ခွန်းကို
ပြောပြီး ထိုင်ရာကနေ ထကာ ဒါဝိကို ကျောခိုင်းရပ်လိုက်သော ဖန်း ၊ သူမ ဒါဝိရဲ့မျက်ဝန်းများကို စေ့စေ့မကြည့်ရဲပါ သူမကိုယ်သူမ တည်ဆောက်ကာ ဦးနှောက်နဲ့ နှလုံးသားကို ပြိုင်တူ တွေး၍ ကိုယ့်ကိုကိုယ် ပြန်မေးနေရသည် ။

" အွန်း .. မဖြစ်လို့ ... " ဖန်းက စကားဆက်သည်။
ထိုင်ရာကနေပဲ ကျောပေးထားသော ဖန်းကို ကြည့်နေသည်က ဒါဝိ ၊ သူမ ဘာမှမမျှော်လင့်သည် ပုံစံဖြင့်သာ
စိတ်ကို လွှတ်ချ၍ ဖန်းပြောနေသည်ကိုသာ ထိုင်နားထောင်နေသည်

ပင်ပန်းလှသည် ရှင်းနေတာကို ရှုပ်နေကြသည်မို့
ပို၍ ဖိစီးသည် လေးလံသည် ထွက်ပြေးသွားချင်မိသည်
သက်ပြင်းရယ် မဟုတ်သော လေရှုထုတ်မှုတွေသာ
ပြုလုပ်ရင်း အသိစိတ်ပြန်ကပ်နေရင်း

သူ့ဘက်ပြန်လှည့်လာသော ဖန်းမှာ မျက်ရည်စများနဲ့
သူမ မျက်နှာရှေ့သို့ စိုရွှဲနေသာ မျက်ဝန်းများမှအဆင့်
နှာဖျားလေးကိုလာထိလိုက်သည်

နှစ်ယောက်လုံး စိတ်ပင်ပန်းနေပြီဖြစ်သည်

" မဖြစ်လို့ ... တို့တကယ် မဖြစ်ဘူး ..."

To be continued....
02/10/23 မှတ်မှတ်ရရနေ့လေးမို့
Fic လေးကို ပြန်အသက်သွင်းလိုက်ပါတယ်
အားလုံးပဲကောင်းသောညပါ ✨🌈❤️

Continue Reading

You'll Also Like

65.1K 4.9K 64
ផែនដីក្រឡាប់ចាក់ មនុស្សស្អីតាំងពីកំលោះមកដល់ពោះម៉ាយកូនប្រាំហើយ រកប្រពន្ធជាប់លាប់និងគេ១ក៏គ្មាន មិនមែនលែងលះទៅឯណាទេ គឺពួកគេនិងស្លាប់ដោយគ្មានមូលហេតុនៅដែល...
5.6K 1K 23
Zero Sugar is not sweet......, but good for Health ! Binthew Fanfiction { Start - 14 May, 2024 - } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်...
154K 8.2K 17
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။
493K 67K 78
🌻 " අනුක් අයියේ " "...................." " අනුක් අයියේ " බස් එකේ ජනේලෙන් එපිට බලාගෙන උන්න මන් ගැස්සුනෙ එයාගෙ සුළැගිල්ල මගේ සුළැගිල්ල වටේ එතෙනකොට...