Before I Fall You[Completed]

phyoewintwah द्वारा

24.9K 1.3K 152

အပြုံးတစ်စုံအောက် နစ်မွန်းသွားခဲ့ရတဲ့ဘဝတစ်ခုအတွက် "ချစ်တယ်"ဆို တဲ့စကားလေးတစ်ခွန်းက တရားမျှတမှုရှိတဲ့ အလျော်အစ... अधिक

အပိုင်း(၁)ရပ်တန့်သွားသောတစ်စက္ကန့်
အပိုင်း(၂)မင်းဂုဏ်ယူသင့်တယ်
အပိုင်း(၃)ခြင်္သေ့ဂူထဲရောက်သွားတဲ့မြေခွေး🚨
အပိုင်း(၄)ငါတော့ချစ်မိသွားပြီထင်တယ်
အပိုင်း(၅)ငါကအထက်ကလူ(ငါကအထက္ကလူ)
အပိုင်း(၆)ကိုကို🚨
အပိုင်း(၇) ကိုယ်မင်းကိုချစ်တယ်(ကိုယ္မင္းကိုခ်စ္တယ္)
အပိုင်း(၈)အကယ်ဒမီရှော့(အကယ္ဒမီေရွာ့)
အပိုင်း(၉)သရုပ်မှန်(သ႐ုပ္မွန္)-၁
အပိုင်း(၁၀)အတိတ်၏အပိုင်းအစများ/အတိတ္၏အပိုင္းအစမ်ား
အပိုင်း(၁၁)လူသတ်သမား(လူသတ္သမား)
အပိုင်း(၁၂)နောက်ဆုံးသောအသက်ကယ်ဆေး
အပိုင်း(၁၃)တန်ပြန်ဝဋ်/တန္ျပန္ဝဋ္
အပိုင်း(၁၄)ကြား သုံး ကြား/ၾကား သုံး ၾကား
အပိုင်း(၁၅)ပထမဆုံးနေ့အထိမ်းအမှတ်/ ပထမဆုံးေန႕အထိမ္းအမွတ္
အပိုင်း(၁၆)phone call
အပိုင်း(၁၇)ရှာလကာရည်မှောက်ခြင်းနှင့် လွတ်သွားသောမြေခွေး
အပိုင်း(၁၈)စပရိုက်
အပိုင်း(၁၉)အတွေးနက်နက်ထဲက ခပ်ဖျော့ဖျော့ သံစဥ်လေးတစ်ခု-၁
အပိုင်း(၂၀)အတွေးနက်နက်ထဲက ခပ်ဖျော့ဖျော့သံစဥ်လေးတစ်ခု-၂
အပိုင်း(၂၁)နောက်ကျောဘက်မှဓါး
အပိုင်း(၂၂)တစ်စက္ကန့်စာ လေပြေလေး
အပိုင်း(၂၃)နေအဂ္ဂါကို လွှတ်ပေးပါ
ဝန်ခံချက်/ဝန္ခံခ်က္
အပိုင်း(၂၄)နေအဂ္ဂါက မိဘမဲ့
အပိုင်း(၂၆)ဇာတိမြေသို့ပြန်ခြင်း
အပိုင်း(၂၇)သရုပ်မှန်-၂
အပိုင်း(၂၈)လမိုက်ညတွေမကုန်သေးဘူး
အပိုင်း(၂၉)ယုံကြည်မှုတွေက သေဆုံးသွားခဲ့ပြီးပြီ
အပိုင်း(၃၀)ကိုယ့်ကိုယ်ကို ရှက်ရွံ့မိခြင်း
အပိုင်း(၃၁)အလှလေးအားရှာဖွေခြင်း
အပိုင်း(၃၂)အလှလေးအား ကယ်တင်ခြင်း
အပိုင်း(၃၃)နောင်တ
အပိုင်း(၃၄)သမက်ကိုသူခိုးထင်
အပိုင်း(၃၅)မင်းက ငါ့အတွက်တန်ဖိုးအရှိဆုံး လူသားလေးပါ
အပိုင်း(၃၆)အစ်ကို...မင်းကဟိုဟာဖြစ်နေတယ်
အပိုင်း(၃၇)အလှလေးအား စားသုံးခြင်း
အပိုင်း (၃၈)Trauma
အပိုင်း(၃၉)
အပိုင်း(၄၀)🚍
အပိုင်း(၄၁)ကြိုတင်ကြံစည်ခြင်း
Extra-နေရောင်ခြည်ကောင်လေး

အပိုင်း(၂၅)အသဲကွဲနေတဲ့ ဂေးတစ်ယောက်

512 34 0
phyoewintwah द्वारा

ထွဋ်ခေါင်က ဖျာကြမ်းလေးပေါ်ကနေထလိုက်ပြီး သူနဲ့လက်တစ်ကမ်းအလိုမှာရှိတဲ့ သစ်သားပြတင်းပေါက်လေးကို ဆွဲဖွင့်လိုက်တယ် အချိန်အတော်ကြာမဖွင့်တာကြောင့် ပြတင်းပေါက်ကတော်တော်နဲ့ဖွင့်လို့မရ ထွဋ်ခေါင်က လက်မောင်းအားကိုသုံးပြီးအတင်းကာရော တွန်းဖွင့်တာကြောင့် ဘန်းခနဲမြည်သံနဲ့အတူ ပြတင်းပေါက်က ရုတ်တရက်ပွင့်လာသည် နေရောင်ခပ်စူးစူးက ညဏ်းဧကရာဇ် မျက်နှာပေါ်ကျရောက်လာတာကြောင့် ညဏ်းဧကရာဇ် သူ့မျက်လုံးတွေကို ပြင်းရိစွာမှေးကျဥ်းလိုက်တယ်

"ကျွန်တော်နားမလည်ဘူး ကိုထွဋ်ခေါင်ကဘာလို့မာမီ ဒီကိစ္စကိုလုပ်တယ်လို့ တထစ်ချတွေးနေရတာလဲ တခြားသူလဲဖြစ်နိုင်တာပဲလေ"

"ဒီမှာကောင်လေး ဒီကိစ္စမဖြစ်ခင်တစ်ပတ်အလိုက မင်းအမေနေအဂ္ဂါအိမ်ကိုလာခဲ့တယ် ပြီးတော့မင်းနဲ့လမ်းခွဲပေးဖို့ခြိမ်းခြောက်တယ် နေအဂ္ဂါကမလုပ်နိုင်ဘူးလို့ငြင်းတယ် ဒီလောက်ဆို မင်းသဘောပေါက်မှာပါ မင်းအမေကနေအဂ္ဂါကိုအသေသတ်တာတောင် ရိုးရိုးနည်းနဲ့မသတ်နိုင်ဘူးလေ တတိတိနဲ့စိတ်နှလုံးကြေကွဲပြီးသေအောင်လို့ သူညီမအရင်းလေးလိုတန်ဖိုးထားတဲ့ကလေးမကိုပါ အသုံးချပြီးသတ်ခဲ့တာ မင်းဒီထက်ပိုရှေ့တိုးလာရင် မင်းအမေသူဌေးမကြီးကနေအဂ္ဂါရဲ့ဘဝတစ်ခုလုံးကိုသေစေရုံတင်အားမရပဲနဲ့​နေအဂ္ဂါကိုမှီခိုနေရတဲ့ အရွယ်မရောက်သေးတဲ့မိဘမဲ့ကလေးအယောက်နှစ်ဆယ်ကျော်ရဲ့ အနာဂတ်ကိုပါဖျက်ဆီးပစ်လိမ့်မယ်အဲ့တော့ ငါတောင်းဆိုတယ် နေအဂ္ဂါကိုမေ့လိုက်တော့ နေအဂ္ဂါကိုရှာဖို့လည်းမကြိုးစားနဲ့ သူ့ကိုမင်းကြောင့်နဲ့နောက်ထပ်နာကျင်ရအောင်မလုပ်နဲ့"

"..........."

ညဏ်းဧကရာဇ်က အချိန်အတော်ကြာတဲ့အထိ တိတ်ဆိတ်နေပြီးမှ ခက်ခက်ခဲခဲ စကားတစ်ခွန်းကိုပြန်ပြောလာတယ်

"ကျွန်တော်.... နားလည်ပြီ"

ပြီးတဲ့နောက် ညဏ်းဧကရာဇ်က တိုက်ခန်းငယ်လေးထဲကနေအသက်မဲ့​နေသလိုအမူအရာမျိူးနဲ့ ထွက်ခွာသွားတော့တယ် သူ့ရဲ့အနက်ရောင်ရှပ်အင်္ကျီ
မှာပေနေတဲ့ ပင့်ကူမျှင်တွေကိုတောင် ဖယ်ထုတ်ဖို့သတိမရတော့တဲ့အထိပေါ့ ထွဋ်ခေါင်ကတော့ တိုက်ခန်းမှာကျန်နေခဲ့ပြီးပင့်ကူမျှင်တွေ ဖုန်မှုန့်တွေနဲ့ရှုပ်ပွနေတဲ့အခန်းငယ်လေး
ကို သန့်ရှင်းရေးလုပ်နေလိုက်တယ်

ညဏ်းဧကရာဇ် သူ့အစ်ကိုပိုင်တဲ့ ကလပ်ဆီကိုကားမောင်းသွားလိုက်ပြီး သီးသန့်အခန်းတစ်ခုမှာ အရက်သောက်နေလိုက်တယ် ဘာခေါင်းစဥ်မှန်းအမည်မတပ်တက်တဲ့စိတ်အတွင်းပိုင်းရဲ့နာကျင်မှုတစ်ခုက သူ့နှလုံးသားကိုသိမ်းပိုက်သွားပြီး နေအဂ္ဂါဆိုတဲ့အမည်တစ်ခုသာ သူ့အတွေးထဲမှာပတ်ချာလည်နေတယ် အသိစိတ်လွတ်သွားတဲ့အထိ မူးပစ်ချင်ပေမဲ့ ဒီနေ့မှသူ့အရက်ခံနိုင်ရည်အားက တော်တော်လေးကိုကောင်းနေတယ် မတက်နိုင်တော့တဲ့အဆုံး ညဏ်းဧကရာဇ် ကားသော့ကိုဆွဲပြီး ယိုင်တိယိုင်ထိုးခြေလှမ်းတွေနဲ့ပဲ ကားဆီကိုသွားလိုက်ရတော့တယ် သူအရက်သောက်ထားတာကြောင့် သူ့အစ်ကိုကကားမောင်းဖို့စိတ်မချပဲ လူတစ်ယောက်ထည့်ပေးလိုက်တာကြောင့် ကားမတော်တဆဖြစ်ပြီး သူတစ်ခုခုမဖြစ်တာကိုပဲ ကျေးဇူးတင်ရမလိုလို
အိမ်ရှေ့မှာကားထိုးရပ်တာနဲ့ သူပထမဦးဆုံးလုပ်တဲ့အရာက သူ့အမေအခန်းတံခါးကို သွားခေါက်တာပဲ။
ညတော်တော်နက်​နေပြီဖြစ်လို့ဒေါ်နန်းနေခြည်နဲ့သူ့ခင်ပွန်း အိပ်မောကျနေကြတဲ့အချိန်ဖြစ်တာကြောင့် အချိန်အတော်ကြာမှ အခန်းတံခါးက ပွင့်ဟလာတယ်။

"ဘယ်သူလဲ"

"သားပါ"

ဒေါ်နန်းနေခြည်ကသူ့သားအသံကိုကြားမှ ကမန်းကတန်း တံခါးပြေးဖွင့်လိုက်​ပေမဲ့
သူတွေ့လိုက်ရတာက သူ့သားရဲ့နီရဲရီဝေနေတဲ့ မျက်လုံးတွေကိုပဲ

"ရှာရှာ.....သားအရက်တွေသောက်လာတာလား"

ညဏ်းဧကရာဇ် ပြန်မဖြေပဲ ခေါင်းကိုသာကြိမ်ဖန်များစွာငြိမ့်ရင်း ခေါင်းငိုက်ဆိုက်ကျသွားတာကြောင့် သူ့အဖေက အလျှင်အမြန်ပုခုံးကိုထိန်းပေးလိုက်ရတယ် ညဏ်းဧကရာဇ်သူ့အဖေလက်တွေကြားထဲကအတင်းရုန်းထွက်ရင်း သူ့အမေရင်ခွင်ထဲတိုးဝင်တယ်

"မာမီဘာလို့ သားအပေါ်အရမ်းရက်စက်တာလဲ သားလူမှန်းသိတက်စကထဲက မာမီစိတ်ချမ်းသာအောင် မာမီ့အလိုကိုလိုက်ပြီးအမြဲတမ်းနေခဲ့ရတယ် မာမီစိတ်ချမ်းသာအောင်လို့ အတန်းထဲမှာအမြဲတမ်း ပထမရအောင်လုပ်ခဲ့ရတယ် တက္ကသိုလ် တက်တော့လဲမာမီသဘောကျတဲ့မေဂျာကိုပဲယူခဲ့တယ် အမြဲတမ်းမာမီချမှတ်ထားတဲ့စည်းမျဥ်းတွေအောက်မှာရှင်သန်ခဲ့ရတာ မာမီ"ဘာလို့သားကိုဒီလောက်ရက်စက်တာလဲ

ဒေါ်နန်းနေခြည်ကဘာမှမပြောပဲ သားဖြစ်သူကိုသာ ဂရုဏာသပ်စွာ စိုက်ကြည့်ရင်း သက်ပြင်းချမိတယ်

"သားမူးနေပြီ..... လာဒယ်ဒီအခန်းထဲလိုက်ပို့မယ်"

"သားမမူးဘူး....မာမီနဲ့စကားပြောမယ် မာမီ့ဆီကအဖြေကိုအခုချက်ချင်းလိုချင်တယ်"

"လာပါကွာ...ဒီအကြောင်းကို နောက်နေ့မှဒယ်ဒီနဲ့ပြောရအောင် ညဥ့်နက်နေပြီ သားမာမီအိပ်ရေးပျက်အောင်မလုပ်နဲ့ "

နောက်ဆုံးမှာတော့ ညဏ်းဧကရာဇ်က သူ့အဖေရဲ့ဆွဲခေါ်မှုကြောင့် သူ့ကိုယ်ပိုင်အခန်းထဲကိုရောက်မှန်းမသိရောက်သွားရပြီး အိပ်ယာပေါ်မှာ အရုပ်ကြိုးပျက်လဲကျသွားတယ်

ညဏ်းဧကရာဇ် အဖေကအမူးလွန်နေတဲ့သူ့သားပုံစံကိုကြည့်ပြီးသက်ပြင်းချရင်းသာအခန်းထဲက
ဖြေးဖြေးချင်း ထွက်ခွာသွားတယ် သူ့ဇနီးဆီက​ဖြေရှင်းချက်တစ်ချိူ့ကို သူလည်းမေးကြည့်ဖို့လိုနေပြီ​စြ်တာကြောင့်အခန်းကိုပြန်သွားလိုက်ပြီး ကုတင်အစွန်းမှာ စိတ်ဓာတ်ကျစွာထိုင်နေတဲ့ သူ့ဇနီးကိုမေးလိုက်တယ်

"ဟန်နီ....သားနဲ့ပတ်သတ်ပြီးမင်းကိုယ့်ကိုတစ်ခုခုပြောစရာမရှိဘူးလား"

"သားရော.."

"အိပ်သွားပြီ"

ဒေါ်နန်းနေခြည်က ကုတင်ဘေးကစားပွဲခုံပေါ်မှာတင်ထားတဲ့ ဖန်ကရားထဲကရေတွေကို ဖန်ခွက်ထဲကိုသွန်ထည့်ရင်း လေးပင်စွာသောက်လိုက်တယ်

"သားကသူ့ဦးလေးခြေယာအတိုင်းလိုက်နေပြီ ရှင်သိလား သားက...သားကယောက်ျားတွေကိုသဘောကျတာ အဲ့ဒါကလည်းနေအဂ္ဂါနဲ့မှ"

"ကိုယ်သိတယ် သားငယ်ငယ်ထဲကကိုယ်သတိထားမိတာ... ဟန်နီကိုယ်တို့လည်းအသက်တွေကြီးလာပါပြီ သားကိုမင်းအစ်ကိုလိုအဖြစ်ဆိုးမျိူးဖြစ်စေချင်လို့လား သားကမင်းဆန္ဒကိုငြင်းဆန်တာမျိူးတစ်ခါလေးတောင်ရှိဖူးလို့လားဒီတစ်ခါတော့သားကိုလွတ်လပ်ခွင့်ပေးလိုက်ရအောင်ပါ ကိုယ်တို့တွေကသားရဲ့မိဘတွေဖြစ်နေအုန်းတော့ သူ့လိင်စိတ်တိန်းညွှတ်မှုကိုတော့ ထိန်းချူပ်လို့မရနိုင်ဘူးလေ ပြီးတော့ နေအဂ္ဂါဆိုတော့ရောဘာဖြစ်လဲ အဲဲဒီ့ကလေးလည်းအတော်လေးကံဆိုးခဲ့ရှာတာ မင်းသူ့အပေါ်ဘာလို့အဲ့လောက်ထိရန်ငြိုးတွေထားနေလဲ ဟန်နီ..တကယ်ဆိုရင်သူလဲနစ်နာသူတစ်ယောက်ဖြစ်ခဲ့တာပဲ မင်းကိုအခုချက်ချင်းကြီးလက်ခံဖို့တော့ ကိုယ်မပြောလိုပါဘူး ဒါပေမဲ့ မင်းလည်းသားစိတ်ချမ်းသာတာကိုမြင်ချင်တာပဲမဟုတ်လား"

ဒေါ်နန်းနေခြည်ကသက်ပြင်းအခါခါချရင်းနဲ့ အိပ်ယာပေါ်မှာလဲလျောင်းလိုက်တယ် သားအခုရက်ပိုင်း တစ်မှိုင်မှိုင်တစ်ထွေထွေဖြစ်နေတာတွေက နေအဂ္ဂါကြောင့်​ဆိုတာ သူလက်မခံနိုင်သေး။ မဟုတ်မှလွဲရောသူ့ သားကနေအဂ္ဂါကိုအမှန်တကယ်ချစ်မိသွားခဲ့ပြီလား။

ညဏ်းဧကရာဇ် နိုးနေပေမဲ့လည်း သူ့ကိုယ်ကိုစောင်ပုံထဲကမထုတ်ချင်ဘူး လက်တွေကိုလှုပ်ရှားဖို့လည်းပျင်းရိသလို မျက်စိဖွင့်ဖို့တောင် အားမသုံးချင်ဘူး အိပ်နေတဲ့အချိန်တောင်နေအဂ္ဂါကသူ့ကိုထပ်ပြီးထားသွားခဲ့တယ်လို့ အိမ်မက်မက်တယ် ဝမ်းနည်းမှုအနည်းငယ်က လှိုက်ခနဲဆန်တက်လာတဲ့အခါ သူ့မျက်ဝန်းမှာ မျက်ရည်တွေကပြည့်လျှံကုန်တယ် ညဏ်းဧကရာဇ် သူ့ပါးသူလက်နဲ့စမ်းပြီး လက်မှာပေနေတဲ့အရည်ကြည်တွေကို အံ့အားသင့်စွာကြည့်လိုက်တယ်ထိုစဥ် တံခါးခေါက်သံနှစ်ချက်ကြားလိုက်တာကြောင့် သူ့မျက်ရည်တွေကိုသုတ်လိုက်ပြီး စောင်အောက်ကိုတိုးဝင်လိုက်တယ်

"မင်းမာမီကမနက်စာစားဖို့​စောင့်နေတယ်ခဏနေရင်ဆင်းလာခဲ့နော်"

"သားဗိုက်မဆာဘူး"

ညဏ်းဧကရာဇ် စောင်ခြုံအောက်ကနေလေသံတိုးတိုးလေးနဲ့ပြောတော့သူ့အဖေက စောင်အောက်ကညဏ်းဧကရာဇ် ရဲ့ ပုခုံးတွေကိုဆုတ်ကိုင်လိုက်ပြီး သက်ပြင်းချတယ်

"ကောင်းပါပြီ သားဗိုက်ဆာတဲ့အချိန်ဆင်းစားပေါ့"

အဲ့ဒီ့နေ့ကညဏ်းဧကရာဇ်က ထမင်းစားဖို့လည်းငြင်းဆန်သလို အလုပ်သွားဖို့လည်းစိတ်မပါတော့တာကြောင့်တစ်နေကုန်အခန်းထဲအောင်းနေခဲ့တယ်  ညဘက်ရောက်တဲ့အခါမှသာ သူ့ကားသော့ကိုဆွဲပြီးအရက်ဘားတစ်ခုကိုသွားကာ ထုံးစံအတိုင်းမူးအောင်သောက်ပြီး အိမ်ပြန်လာခဲ့တယ် သို့ပေမဲ့ သူ့အမေအခန်းတံခါးကိုသွားမခေါက်တော့သလို သူ့အခန်းဆီက အိပ်ယာနွေးနွေးပေါ်ကိုလည်းတက်မအိပ်တော့။ သူ့အခန်းရှေ့ကကြမ်းပြင်ပေါ်မှာသာ ကူကယ်ရာမဲ့စွာနဲ့လဲလျောင်းနေမိခဲ့တယ်

Zawgyi

အသဲကြဲေနတဲ့ ေဂးတစ္ေယာက္

ထြဋ္ေခါင္က ဖ်ာၾကမ္းေလးေပၚကေနထလိုက္ၿပီး သူနဲ႕လက္တစ္ကမ္းအလိုမွာရွိတဲ့ သစ္သားျပတင္းေပါက္ေလးကို ဆြဲဖြင့္လိုက္တယ္ အခ်ိန္အေတာ္ၾကာမဖြင့္တာေၾကာင့္ ျပတင္းေပါက္ကေတာ္ေတာ္နဲ႕ဖြင့္လို႔မရ ထြဋ္ေခါင္က လက္ေမာင္းအားကိုသုံးၿပီးအတင္းကာေရာ တြန္းဖြင့္တာေၾကာင့္ ဘန္းခနဲျမည္သံနဲ႕အတူ ျပတင္းေပါက္က ႐ုတ္တရက္ပြင့္လာသည္ ေနေရာင္ခပ္စူးစူးက ညဏ္းဧကရာဇ္ မ်က္ႏွာေပၚက်ေရာက္လာတာေၾကာင့္ ညဏ္းဧကရာဇ္ သူ႕မ်က္လုံးေတြကို ျပင္းရိစြာေမွးက်ဥ္းလိုက္တယ္

"ကြၽန္ေတာ္နားမလည္ဘူး ကိုထြဋ္ေခါင္ကဘာလို႔မာမီ ဒီကိစၥကိုလုပ္တယ္လို႔ တထစ္ခ်ေတြးေနရတာလဲ တျခားသူလဲျဖစ္နိုင္တာပဲေလ"

"ဒီမွာေကာင္ေလး ဒီကိစၥမျဖစ္ခင္တစ္ပတ္အလိုက မင်းအမေနေအဂ္ဂါအိမ်ကိုလာခဲ့တယ် ၿပီးေတာ့မင္းနဲ႕လမ္းခြဲေပးဖို႔ၿခိမ္းေျခာက္တယ္ နေအဂ္ဂါကမလုပ်နိုင်ဘူးလို့ငြင်းတယ် ဒီေလာက္ဆို မင္းသေဘာေပါက္မွာပါ မင်းအမေကနေအဂ္ဂါကိုအသေသတ်တာတောင် ရိုးရိုးနည္းနဲ႕မသတ္နိုင္ဘူးေလ တတိတိနဲ႕စိတ္ႏွလုံးေၾကကြဲၿပီးေသေအာင္လို႔ သူညီမအရင္းေလးလိုတန္ဖိုးထားတဲ့ကေလးမကိုပါ အသုံးခ်ၿပီးသတ္ခဲ့တာ မင္းဒီထက္ပိုေရွ႕တိုးလာရင္ မင်းအမေသူဌေးမကြီးကနေအဂ္ဂါရဲ့ဘဝတစ်ခုလုံးကိုသေစေရုံတင်အားမရပဲနဲ့နေအဂ္ဂါကိုမှီခိုနေရတဲ့ အ႐ြယ္မေရာက္ေသးတဲ့မိဘမဲ့ကေလးအေယာက္ႏွစ္ဆယ္ေက်ာ္ရဲ႕ အနာဂတ္ကိုပါဖ်က္ဆီးပစ္လိမ့္မယ္အဲ့ေတာ့ ငါေတာင္းဆိုတယ္ နေအဂ္ဂါကိုမေ့လိုက်တော့ နေအဂ္ဂါကိုရှာဖို့လည်းမကြိုးစားနဲ့ သူ႕ကိုမင္းေၾကာင့္နဲ႕ေနာက္ထပ္နာက်င္ရေအာင္မလုပ္နဲ႕"

"..........."

ညဏ္းဧကရာဇ္က အခ်ိန္အေတာ္ၾကာတဲ့အထိ တိတ္ဆိတ္ေနၿပီးမွ ခက္ခက္ခဲခဲ စကားတစ္ခြန္းကိုျပန္ေျပာလာတယ္

"ကြၽန္ေတာ္.... နားလည္ၿပီ"

ၿပီးတဲ့ေနာက္ ညဏ္းဧကရာဇ္က တိုက္ခန္းငယ္ေလးထဲကေနအသက္မဲ့ေနသလိုအမူအရာမ်ိဴးနဲ႕ ထြက္ခြာသြားေတာ့တယ္ သူ႕ရဲ႕အနက္ေရာင္ရွပ္အကၤ်ီ
မွာေပေနတဲ့ ပင့္ကူမွ်င္ေတြကိုေတာင္ ဖယ္ထုတ္ဖို႔သတိမရေတာ့တဲ့အထိေပါ့ ထြဋ္ေခါင္ကေတာ့ တိုက္ခန္းမွာက်န္ေနခဲ့ၿပီးပင့္ကူမွ်င္ေတြ ဖုန္မႈန့္ေတြနဲ႕ရႈပ္ပြေနတဲ့အခန္းငယ္ေလး
ကို သန့္ရွင္းေရးလုပ္ေနလိုက္တယ္

ညဏ္းဧကရာဇ္ သူ႕အစ္ကိုပိုင္တဲ့ ကလပ္ဆီကိုကားေမာင္းသြားလိုက္ၿပီး သီးသန့္အခန္းတစ္ခုမွာ အရက္ေသာက္ေနလိုက္တယ္ ဘာေခါင္းစဥ္မွန္းအမည္မတပ္တက္တဲ့စိတ္အတြင္းပိုင္းရဲ႕နာက်င္မႈတစ္ခုက သူ႕ႏွလုံးသားကိုသိမ္းပိုက္သြားၿပီး နေအဂ္ဂါဆိုတဲ့အမည်တစ်ခုသာ သူ႕အေတြးထဲမွာပတ္ခ်ာလည္ေနတယ္ အသိစိတ္လြတ္သြားတဲ့အထိ မူးပစ္ခ်င္ေပမဲ့ ဒီေန႕မွသူ႕အရက္ခံနိုင္ရည္အားက ေတာ္ေတာ္ေလးကိုေကာင္းေနတယ္ မတက္နိုင္ေတာ့တဲ့အဆုံး ညဏ္းဧကရာဇ္ ကားေသာ့ကိုဆြဲၿပီး ယိုင္တိယိုင္ထိုးေျခလွမ္းေတြနဲ႕ပဲ ကားဆီကိုသြားလိုက္ရေတာ့တယ္ သူအရက္ေသာက္ထားတာေၾကာင့္ သူ႕အစ္ကိုကကားေမာင္းဖို႔စိတ္မခ်ပဲ လူတစ္ေယာက္ထည့္ေပးလိုက္တာေၾကာင့္ ကားမေတာ္တဆျဖစ္ၿပီး သူတစ္ခုခုမျဖစ္တာကိုပဲ ေက်းဇူးတင္ရမလိုလို
အိမ္ေရွ႕မွာကားထိုးရပ္တာနဲ႕ သူပထမဦးဆုံးလုပ္တဲ့အရာက သူ႕အေမအခန္းတံခါးကို သြားေခါက္တာပဲ။
ညေတာ္ေတာ္နက္ေနၿပီျဖစ္လို႔ေဒၚနန္းေနျခည္နဲ႕သူ႕ခင္ပြန္း အိပ္ေမာက်ေနၾကတဲ့အခ်ိန္ျဖစ္တာေၾကာင့္ အခ်ိန္အေတာ္ၾကာမွ အခန္းတံခါးက ပြင့္ဟလာတယ္။

"ဘယ္သူလဲ"

"သားပါ"

ေဒၚနန္းေနျခည္ကသူ႕သားအသံကိုၾကားမွ ကမန္းကတန္း တံခါးေျပးဖြင့္လိုက္ေပမဲ့
သူေတြ႕လိုက္ရတာက သူ႕သားရဲ႕နီရဲရီေဝေနတဲ့ မ်က္လုံးေတြကိုပဲ

"ရွာရွာ.....သားအရက္ေတြေသာက္လာတာလား"

ညဏ္းဧကရာဇ္ ျပန္မေျဖပဲ ေခါင္းကိုသာႀကိမ္ဖန္မ်ားစြာၿငိမ့္ရင္း ေခါင္းငိုက္ဆိုက္က်သြားတာေၾကာင့္ သူ႕အေဖက အလွ်င္အျမန္ပုခုံးကိုထိန္းေပးလိုက္ရတယ္ ညဏ္းဧကရာဇ္သူ႕အေဖလက္ေတြၾကားထဲကအတင္း႐ုန္းထြက္ရင္း သူ႕အေမရင္ခြင္ထဲတိုးဝင္တယ္

"မာမီဘာလို႔ သားအေပၚအရမ္းရက္စက္တာလဲ သားလူမွန္းသိတက္စကထဲက မာမီစိတ္ခ်မ္းသာေအာင္ မာမီ့အလိုကိုလိုက္ၿပီးအၿမဲတမ္းေနခဲ့ရတယ္ မာမီစိတ္ခ်မ္းသာေအာင္လို႔ အတန္းထဲမွာအၿမဲတမ္း ပထမရေအာင္လုပ္ခဲ့ရတယ္ တကၠသိုလ္ တက္ေတာ့လဲမာမီသေဘာက်တဲ့ေမဂ်ာကိုပဲယူခဲ့တယ္ အၿမဲတမ္းမာမီခ်မွတ္ထားတဲ့စည္းမ်ဥ္းေတြေအာက္မွာရွင္သန္ခဲ့ရတာ မာမီ"ဘာလို႔သားကိုဒီေလာက္ရက္စက္တာလဲ

ေဒၚနန္းေနျခည္ကဘာမွမေျပာပဲ သားျဖစ္သူကိုသာ ဂ႐ုဏာသပ္စြာ စိုက္ၾကည့္ရင္း သက္ျပင္းခ်မိတယ္

"သားမူးေနၿပီ..... လာဒယ္ဒီအခန္းထဲလိုက္ပို႔မယ္"

"သားမမူးဘူး....မာမီနဲ႕စကားေျပာမယ္ မာမီ့ဆီကအေျဖကိုအခုခ်က္ခ်င္းလိုခ်င္တယ္"

"လာပါကြာ...ဒီအေၾကာင္းကို ေနာက္ေန႕မွဒယ္ဒီနဲ႕ေျပာရေအာင္ ညဥ့္နက္ေနၿပီ သားမာမီအိပ္ေရးပ်က္ေအာင္မလုပ္နဲ႕ "

ေနာက္ဆုံးမွာေတာ့ ညဏ္းဧကရာဇ္က သူ႕အေဖရဲ႕ဆြဲေခၚမႈေၾကာင့္ သူ႕ကိုယ္ပိုင္အခန္းထဲကိုေရာက္မွန္းမသိေရာက္သြားရၿပီး အိပ္ယာေပၚမွာ အ႐ုပ္ႀကိဳးပ်က္လဲက်သြားတယ္

ညဏ္းဧကရာဇ္ အေဖကအမူးလြန္ေနတဲ့သူ႕သားပုံစံကိုၾကည့္ၿပီးသက္ျပင္းခ်ရင္းသာအခန္းထဲက
ေျဖးေျဖးခ်င္း ထြက္ခြာသြားတယ္ သူ႕ဇနီးဆီကေျဖရွင္းခ်က္တစ္ခ်ိဴ႕ကို သူလည္းေမးၾကည့္ဖို႔လိုေနၿပီျစ္တာေၾကာင့္အခန္းကိုျပန္သြားလိုက္ၿပီး ကုတင္အစြန္းမွာ စိတ္ဓာတ္က်စြာထိုင္ေနတဲ့ သူ႕ဇနီးကိုေမးလိုက္တယ္

"ဟန္နီ....သားနဲ႕ပတ္သတ္ၿပီးမင္းကိုယ့္ကိုတစ္ခုခုေျပာစရာမရွိဘူးလား"

"သားေရာ.."

"အိပ္သြားၿပီ"

ေဒၚနန္းေနျခည္က ကုတင္ေဘးကစားပြဲခုံေပၚမွာတင္ထားတဲ့ ဖန္ကရားထဲကေရေတြကို ဖန္ခြက္ထဲကိုသြန္ထည့္ရင္း ေလးပင္စြာေသာက္လိုက္တယ္

"သားကသူ႕ဦးေလးေျခယာအတိုင္းလိုက္ေနၿပီ ရွင္သိလား သားက...သားကေယာက္်ားေတြကိုသေဘာက်တာ အဲ့ဒါကလည်းနေအဂ္ဂါနဲ့မှ"

"ကိုယ္သိတယ္ သားငယ္ငယ္ထဲကကိုယ္သတိထားမိတာ... ဟန္နီကိုယ္တို႔လည္းအသက္ေတြႀကီးလာပါၿပီ သားကိုမင္းအစ္ကိုလိုအျဖစ္ဆိုးမ်ိဴးျဖစ္ေစခ်င္လို႔လား သားကမင္းဆႏၵကိုျငင္းဆန္တာမ်ိဴးတစ္ခါေလးေတာင္ရွိဖူးလို႔လားဒီတစ္ခါေတာ့သားကိုလြတ္လပ္ခြင့္ေပးလိုက္ရေအာင္ပါ ကိုယ္တို႔ေတြကသားရဲ႕မိဘေတြျဖစ္ေနအုန္းေတာ့ သူ႕လိင္စိတ္တိန္းၫႊတ္မႈကိုေတာ့ ထိန္းခ်ဴပ္လို႔မရနိုင္ဘူးေလ ၿပီးေတာ့ နေအဂ္ဂါဆိုတော့ရောဘာဖြစ်လဲ အဲဲဒီ့ကေလးလည္းအေတာ္ေလးကံဆိုးခဲ့ရွာတာ မင္းသူ႕အေပၚဘာလို႔အဲ့ေလာက္ထိရန္ၿငိဳးေတြထားေနလဲ ဟန္နီ..တကယ္ဆိုရင္သူလဲနစ္နာသူတစ္ေယာက္ျဖစ္ခဲ့တာပဲ မင္းကိုအခုခ်က္ခ်င္းႀကီးလက္ခံဖို႔ေတာ့ ကိုယ္မေျပာလိုပါဘူး ဒါေပမဲ့ မင္းလည္းသားစိတ္ခ်မ္းသာတာကိုျမင္ခ်င္တာပဲမဟုတ္လား"

ေဒၚနန္းေနျခည္ကသက္ျပင္းအခါခါခ်ရင္းနဲ႕ အိပ္ယာေပၚမွာလဲေလ်ာင္းလိုက္တယ္ သားအခုရက္ပိုင္း တစ္မွိုင္မွိုင္တစ္ေထြေထြျဖစ္ေနတာေတြက နေအဂ္ဂါကြောင့်ဆိုတာ သူလက္မခံနိုင္ေသး။ မဟုတ္မွလြဲေရာသူ႕ သားကနေအဂ္ဂါကိုအမှန်တကယ်ချစ်မိသွားခဲ့ပြီလား။

ညဏ္းဧကရာဇ္ နိုးေနေပမဲ့လည္း သူ႕ကိုယ္ကိုေစာင္ပုံထဲကမထုတ္ခ်င္ဘူး လက္ေတြကိုလႈပ္ရွားဖို႔လည္းပ်င္းရိသလို မ်က္စိဖြင့္ဖို႔ေတာင္ အားမသုံးခ်င္ဘူး အိပ်နေတဲ့အချိန်တောင်နေအဂ္ဂါကသူ့ကိုထပ်ပြီးထားသွားခဲ့တယ်လို့ အိမ္မက္မက္တယ္ ဝမ္းနည္းမႈအနည္းငယ္က လွိုက္ခနဲဆန္တက္လာတဲ့အခါ သူ႕မ်က္ဝန္းမွာ မ်က္ရည္ေတြကျပည့္လွ်ံကုန္တယ္ ညဏ္းဧကရာဇ္ သူ႕ပါးသူလက္နဲ႕စမ္းၿပီး လက္မွာေပေနတဲ့အရည္ၾကည္ေတြကို အံ့အားသင့္စြာၾကည့္လိုက္တယ္ထိုစဥ္ တံခါးေခါက္သံႏွစ္ခ်က္ၾကားလိုက္တာေၾကာင့္ သူ႕မ်က္ရည္ေတြကိုသုတ္လိုက္ၿပီး ေစာင္ေအာက္ကိုတိုးဝင္လိုက္တယ္

"မင္းမာမီကမနက္စာစားဖို႔ေစာင့္ေနတယ္ခဏေနရင္ဆင္းလာခဲ့ေနာ္"

"သားဗိုက္မဆာဘူး"

ညဏ္းဧကရာဇ္ ေစာင္ၿခဳံေအာက္ကေနေလသံတိုးတိုးေလးနဲ႕ေျပာေတာ့သူ႕အေဖက ေစာင္ေအာက္ကညဏ္းဧကရာဇ္ ရဲ႕ ပုခုံးေတြကိုဆုတ္ကိုင္လိုက္ၿပီး သက္ျပင္းခ်တယ္

"ေကာင္းပါၿပီ သားဗိုက္ဆာတဲ့အခ်ိန္ဆင္းစားေပါ့"

အဲ့ဒီ့ေန႕ကညဏ္းဧကရာဇ္က ထမင္းစားဖို႔လည္းျငင္းဆန္သလို အလုပ္သြားဖို႔လည္းစိတ္မပါေတာ့တာေၾကာင့္တစ္ေနကုန္အခန္းထဲေအာင္းေနခဲ့တယ္  ညဘက္ေရာက္တဲ့အခါမွသာ သူ႕ကားေသာ့ကိုဆြဲၿပီးအရက္ဘားတစ္ခုကိုသြားကာ ထုံးစံအတိုင္းမူးေအာင္ေသာက္ၿပီး အိမ္ျပန္လာခဲ့တယ္ သို႔ေပမဲ့ သူ႕အေမအခန္းတံခါးကိုသြားမေခါက္ေတာ့သလို သူ႕အခန္းဆီက အိပ္ယာႏြေးႏြေးေပၚကိုလည္းတက္မအိပ္ေတာ့။ သူ႕အခန္းေရွ႕ကၾကမ္းျပင္ေပၚမွာသာ ကူကယ္ရာမဲ့စြာနဲ႕လဲေလ်ာင္းေနမိခဲ့တယ္

पढ़ना जारी रखें

आपको ये भी पसंदे आएँगी

310K 28.3K 64
ကိုယ့်ရဲ့ ဖြစ်တည်မှုကို နောင်တမရ။အကြင်သူကို တစိမ့်စိမ့်မြတ်နိုးရခြင်းကိုသာ ခုံမင်သည်။ ကိုယ့္ရဲ့ ျဖစ္တည္မႈကို ေနာင္တမရ။အၾကင္သူကို တစိမ့္စိမ့္ျမတ္ႏိုးရ...
438K 83.8K 130
🍁 සුදුපාට පාසල් ඇඳුමේ තරුණ සුවඳ එක්ක කාකි ඇඳුමේ සුවඳ මුහු කරන් තේ දල්ලක කහට සුවඳ එක්ක එක යායට පෙනෙන රබර් යායවල්, ඇළ දොල වල සීතල දරාගෙන හිතුවක්කාර ය...
235K 32.9K 103
အပိုင်း ပေါင်း (83) ပိုင်း ပါပါတယ်။ စာလုံးရေကတော့ လေးထောင်နှင့်အထက် ရှိပါတယ်။ သားရဲ ကမ္ဘာကို ကူးပြောင်း သွားတဲ့ ဇာတ်လမ်း ပုံစံ မျိုးပါ။ [BL] ပါ။ က...
202K 17K 110
ရိုးသားပွင့်လင်းပြီး လွတ်လွတ်လပ်လပ်နေရတာကြိုက်တဲ့ ယဲ့ကျန်းကျန်းတစ်ယောက် သူမဆန္ဒမပါဘဲ ထိမ်းမြားဖို့ အရွေးချယ်ခံလိုက်ရပြီး တချီ ဧကရာဇ် ကျီဝူကျိုးရဲ့ ဧက...