အသေခံဇာတ်ပို့တစ်ယောက်၏ပြန်လည်...

بواسطة Ambar1485

76.8K 11.1K 511

Author-Yin Er饮尔 Associated Names 豪门宠文炮灰重生后 126 Chapters+ 3 extras I don't own this story. All credits to own... المزيد

Chapter 1
Chapter 2
Chapter-3
Chapter-4
Chapter-5
Chapter-6
Chapter-7
Chapter-8
Chapter-9
Chapter-10
Chapter 11
Chapter-13
Chapter-14
Chapter-15
Chapter-16

Chapter 12

2.9K 618 20
بواسطة Ambar1485

[Unicode]လိုင်တယ်စစ်သည် မုထျန်းဟန်၏ တုန့်ပြန်ချက်က  "မရဘူး" ဖြစ်နေလိမ့်မည့်ဟုထင်မထားပေ။

မုထျန်းဟန်က ငြင်းလိုက်တယ်?!

ဒုက္ခရောက်နေတဲ့ကလေးကိုကူညီဖို့ဆိုတာကိုထားလိုက်ဦး သူက မုထျန်းဟန်ရဲ့ ကျေးဇူးရှင်လေ။ဘယ်လိုဖြစ်ဖြစ် မငြင်းသင့်ဘူး။

ပြီးတော့ ကလေးက ချစ်စရာလေး။အိမ်မှာ မျက်လုံးအစာကျွေးဖို့ချိုချဉ်လေးလိုဖြစ်နေမှာ။

လိုင်တယ်စစ်သည် မုထျန်း၏ငြင်ဆန်မှုကို ပြင်းပြင်းထန်ထန်ကန့်ကွက်၏။
"ဘာလို့မရတာလဲ? သူ့ကိုအပြင်မှာ အငှား‌နေခိုင်းလိုက်လို့ ရှာတွေ့ပြီးအရိုက်ခံရရင်ဘယ်လိုလုပ်မလဲ?! အသက်ကယ်ထားတဲ့အကြွေးကို ရေပန်းနဲ့ပြန်ဆပ်သင့်တယ်။ဒီဆိုရိုးက.... ငါသုံးတာမှန်လား?"
T/N: ရေစက်တစ်စက်လောက်ကျေးဇူးကြွေးတင်ရင်တောင် ရေပန်းတစ်ခုလိုပြန်ဆပ်ရမယ်ဆိုတဲ့ဆိုရိုးပါ။

မည်သူကမှ လိုင်တယ်စစ်၏ ဆိုရိုးအသုံးအနှုံးကို ဂရုမစိုက်သည်မှာ ဆိုးလွန်းလှ၏။

မိုတိသည်အောက်နှုတ်ခမ်းတွန့်လိုက်၏။မိုတိသည်လည်း သဘောတူမှာမဟုတ်သော်လည်း မုထျန်းဟန်က ငြင်းလိမ့်မည်ဟုထင်မထားပေ။

မုထျန်းဟန်အားအထင်သေးခဲ့မိပုံပေါ်သည်။သို့မဟုတ် သူ့အား အမှန်တကယ်နားမလည်ခဲ့ပုံပင်။

မုထျန်းဟန်အတွက်မူ ထိုသို့သောအသေးအမွှားကိစ္စလေးက ဘာမှမဟုတ်သေးသော်လည်း ကူညီထားတာရှိသေးသည်။ထို့ပြင် ဤ'ခင်တွယ်မှု‌'‌လေးဖြင့် မုထျန်းဟန်အား အနာဂတ်အတွက် 'ခိုလှုံရာ'အဖြစ်ယူဆရန်မဖြစ်နိုင်သေးပေ။

ကိုယ်ပိုင်အရည်အချင်းကို တိုးတက်အောင်လုပ်ပြီး အဆက်အသွယ်မိတ်‌ဆွေအသိုင်းအဝိုင်းကို တိုးချဲ့ရမည့်အပြင် သူနှင့် မုထျန်းဟန်ကြား 'ခင်တွယ်မှု'အမှတ်ကို ပိုမိုခိုင်မာလာစေရန်လည်းလိုအပ်သေးသည်။

အဲ့လိုဆိုတော့ ဘာလုပ်သင့်လဲ? မနေ့ကချရေးထားတဲ့အစီအစဉ်ကိုတကယ်သုံးရတော့မှာလား?

မုထျန်းဟန်သည် သူ၏ခိုင်မာသောငြင်းဆိုချက်က လိုင်တယ်စစ်နှင့်မိုတိအား အတွေးချော်သွားစေကြောင်း မသိပေ။

မိုတိအား သူနှင့်လိုင်တယ်စစ်တို့နှင့်အတူ မနေစေလိုသည့်အကြောင်းရင်းက တကယ်တမ်းတွင် အလွန်ရိုးရှင်းလှ၏ - အနှီမိတ်ဆွေလေးအပေါ်ခံစားချက်ကို ပို၍နက်ရှိုင်းမသွားစေလိုခြင်းဖြစ်သည်။

ဘာလို့လဲ? ဘာလို့လဲဆိုတော့ စိတ်ထဲမှာ တ‌စ္ဆေတစ်ကောင်ရောက်နေပြီမို့လို့ပဲ။

အစပိုင်းခံစားချက်များအားရှောင်လွှဲ၍မရခဲ့သော်လည်း အနည်းဆုံး ရှေ့ဆက်ဖြစ်ပေါ်လာမည့်ခံစားချက်ကိုတော့ ထိန်းချုပ်နိုင်သေးသည်။မဟုတ်ပါက လူ့ဘီလူးကြီးတစ်ကောင်အမှန်တကယ်ဖြစ်လာလိမ့်မည်။

အတွေးကိုယ်စီတွင်နစ်မြုပ်နေသောအချိန်တွင် လူနာတင်ကားရောက်လာ၏။

ဆယ်မိနစ်ကြာပြီးသည့်နောက် ဆေးရုံသို့ရောက်လာ၏။မုထျန်းဟန်နှင့်မိုတိအား တစ်ကိုယ်လုံးစစ်ဆေးလိုက်၏။

မိုတိ၏ဒဏ်ရာများတွင် ပြဿနာကြီးကြီးမားမားမရှိဘဲ အပြည့်မပျောက်ကင်းသေးသောပွန်းပဲ့ဒဏ်ရာအနည်းငယ်သာရှိသည်။လိမ်းဆေးလိမ်းပေးပြီးအနားယူရန်သာ လိုအပ်၏။မုထျန်းဟန်ကမူ ခြေချင်းဝတ်အဆစ်လွဲပြီး အတွင်းကြေသွား၏။ဤသည်လည်း ပြင်းထန်သောဒဏ်ရာမဟုတ်ပေ။ဆေးသောက်၍ အချိန်အတိုင်းအတာတစ်ခုထိ ကိုယ်လုပ်လှုပ်ရှားမှုကို ရှောင်ကြဉ်ရန်သာလိုအပ်၏။ 

စစ်ဆေးပြီးသည့်အခါ မုထျန်းဟန်သည်ဆေးမတက်ပေ။ဒရိုင်ဗာအား မိုတိကို အနောက်မှဆင်‌ခြေဖုံးမှလူနေရပ်ကွက်ဆီသို့ ပို့ပေးရန်ခိုင်းလိုက်၏။

"ဝန်ထမ်းတွေကိုနည်းနည်းပါးပါးရှာဖွေကြည့်ခိုင်းထားတယ်။အနောက်ဖက်ဆင်ခြေဖုံးလူနေရပ်ကွက်ကအတော်လေးကောင်းတယ်တဲ့။ငှားရမ်းစရာတွေများတဲ့အပြင် စံနှုန်းလည်းကောင်းတယ်။အနီးအနားက သယ်ယူပို့ဆောင်ရေးကလည်းအဆင်ပြေတယ်။အဲ့ကနေရာတစ်ခုကိုရွေးလိုက်"
မုထျန်းဟန်သည် မိုတိအားပြော၏။
"အကူအညီလိုရင် ကိုယ့်ကိုဖုန်းခေါ်လို့ရတယ်။ငြင်းမှာမဟုတ်ဘူး။နားလည်လား

"နားလည်ပြီ။ကျေးဇူးပါ ကော"
မိုတိ၏မျက်လုံးများကကွေးညွတ်သွားပြီး မုထျန်းဟန်အား လိမ်လိမ်မာမာပြုံးပြ၏။

"ကပ်စေးနည်းလိုက်တာ"
လိုင်တယ်စစ်သည် မုထျန်းဟန်အား မဖော်ပြနိုင်လောက်သောမျက်လုံးများဖြင့်ကြည့်၍
"အိမ်ဝယ်ပေးတော့မယ်ထင်လိုက်တာ"

"တကယ်မလုပ်ပါနဲ့ မလိုချင်ပါဘူး။"
မိုတိက ပြတ်ပြတ်သားသားငြင်း၏။

ခက်ခက်ခဲခဲရထားသော ကျေးဇူးတရားကို သူ့အတွက်အဓိပ္ပါယ်မရှိသော အိမ်တစ်လုံးနှင့်မလဲလို။အစီအစဉ်ထဲတွင်လုံးဝမပါပေ။

"အိမ်ဝယ်ပေးဖို့စဉ်းစားခဲ့သေးတယ် ဒါပေမယ့် ဒီအချိန်ကမသင့်တော်ဘူး။စာမေးပွဲပြီးတဲ့အထိစောင့်တာပိုကောင်းတယ်။ကျောင်းနဲ့နီးတဲ့အိမ်တစ်လုံးဝယ်ပေးမယ်"
မုထျန်းဟန်သည် မိုတိကတကယ်မလိုချင်ကြောင်းသိသော်လည်း ရှင်းပြနေရသေးသည်။
"ယွမ်သန်းအနည်းငယ်လောက်လေးကို ဘာလို့ကပ်စေနည်းရမှာလဲ"

"မဟုတ်ဘူး တကယ်‌ဝယ်ပေးဖို့မလိုပါဘူး။"
မိုတိသည် လက်ယမ်း၍ ရှက်ရွံ့ယောင်ဆောင်လိုက်၏။
"ကောရဲ့အကူအညီကိုတကယ်လိုအပ်လာရင် ပြောပါ့မယ်။အားနာမနေတော့ဘူး။ဒါပေမယ့် အိမ်တော့ဝယ်မပေးပါနဲ့"

"ကောင်းပြီလေ ကိုယ့်မပေါ်ယဉ်ယဉ်ကျေးကျေးမဆက်ဆံတော့ဘူးဆိုရင် အိမ်ဝယ်မပေးတော့ဘူး။တစ်ခုခုလိုအပ်တာရှိရင် ပြောလို့ရတယ်"

မုထျန်းဟန်သည် မိုတိ၏အနည်းငယ်ငုံ့ထားသောခေါင်းကိုကြည့်၍ ထိလို့ကောင်းပြီးနူးညံ့မည့်ပုံပေါ်သောဆံပင်အား ဖွဖွပုတ်ချင်လာ၏။ကံကောင်းစွာဖြင့် အချိန်မှီထိန်းချုပ်လိုက်နိုင်ပြီး ချောင်းအသာဟန့်၍ "ကျောင်းကိုဘယ်တော့ပြန်သွားမှာလဲ?"

"နက်ဖြန်"
မိုတိသည်စဉ်းစားလိုက်ပြီး
"တကယ်က ကောလိပ်ဝင်ခွင့်စာမေးပွဲဖြေဖို့ နှစ်ပတ်ကျော်ကျော်ပဲလိုတော့တာ"

မိုတိအား အနောက်ဖက်ဆင်ဖြေဖုံးသို့ပို့ပြီးသည့်အခါ အိပ်ခန်းနှစ်ခန်းပါသော တိုက်ခန်းကိုအမြန်ငှားလိုက်၏။မုထျန်းဟန်သည် သုံးလစာငှားရမ်းခနှင့် တစ်လစာစရံသတ်လိုက်၏။မိုတိသည် ဤသည်ကိုတော့ မငြင်းဆန်ပေ။

သူ့တွင် တကယ်လည်းပိုက်ဆံများများစားစားမရှိပေ။မိုမိသားစုသည် သူ့အားမုန့်ဖိုးမပေးဖူးပေ။စုထားသော နှစ်သစ်ကူးပိုက်ဆံအနည်းငယ်ထဲမှ အများစုကြိ ဆေးရုံစရိတ်ပေးလိုက်ရ၏။

...

နောက်ရက်တွင် မိုတိသည် ကျောင်းတက်၏။

ဤတစ်ကြိမ်သည် အလွန်ကွာခြား၏။ကျုံးသော့ကန်နှင့်တစ်ခြားလူများထံမှ ရိုက်နှက်ခံခဲ့ရသည့် ပန်းခင်းသို့သွားသည့်လမ်းတွင် သူ့အားတစ်ယောက်မှ လာမရှာပေ။သူ့အားစက်ဆုပ်ရွံရှာစွာကြည့်သောသူလည်း ထင်သလောက် သိပ်မများတော့ပေ။

မိုတိသည် အနည်းငယ်စိတ်ရှုပ်ထွေးနေသော်လည်း ပြောင်းလဲမှုတစ်စုံတစ်ရာမပြဘဲ ခါတိုင်းကဲ့သို့တိတ်ဆိတ်စွာနေ၏။ပန်းခင်းနားမှလှည့်၍ အနီးရှိသန့်စင်ခန်းဆီသို့သွားလိုက်၏။

မိုတိသည် အလေးသွားတော့မယောင်ဆောင်ကာ အိမ်သာခန်းထဲသို့သွား၍ တံခါးလော့ချလိုက်၏။ထို့နောက်တွင် ကျောင်းဖိုရမ်ကိုဖွင့်လိုက်၏။

အရင်ရက်များတွင် အတော်အလုပ်ရှုပ်နေခဲ့သောကြောင့် ကျောင်းမှအခြေအနေကိုစစ်ဆေးရန်မအားလပ်ခဲ့သော်လည်း ဤလူများ၏ တုံ့ပြန်ပုံကိုကြည့်ရသည်တွင် သူနှင့်ပက်သက်သည့်တစ်စုံတစ်ရာ သေချာပေါက်ဖြစ်ပွားထားသည်။

မိုတိက ဖိုရမ်အားဖွင့်လိုက်သည့်အခါ ‌'ရေပန်းစား‌နေသော'ဟူသည့် အနီရောင်စာလုံးပါ
ထိပ်ဆုံးရောက်ပိုစ့်ကြောင့် မျက်စိစူးသွား၏။

"စဉ်းစားချင့်ချိန်ဆွေးနွေးပွဲ : ဒီတစ်ခေါက် ဘယ်သူကမှားတာလဲ နတ်ဘုရားမလျှိုကွေ့လား မိုတိလား?"

မိုတိသည် အနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး အလွှာပေါင်းရှစ်ထောင်ကျော် စုစည်းနေသည့် အလွန်ရေပန်းစားနေသောပို့စ်ကို ဖွင့်လိုက်၏။

မျက်လုံးထဲသို့ချက်ချင်းဝင်လာသည်မှာ များမကြာမီက တိုက်ရိုက်ကြိမ်းမောင်းမှုများဖြစ်သည်။

"ပိုစ့်ပိုင်ရှင်ရေ စိတ်နာမကျန်းဖြစ်နေတာလား? ငါတို့နတ်ဘုရားမရဲ့နာမည်ကိုဖျက်ချင်တာလား?! အပြင်ထွက်တဲ့အခါ ကားတိုက်မခံရပါစေနဲ့"

"ပိုစ့်ပိုင်ရှင်ရေ ခင်ဗျားအတွေးကသိသာလွန်းတယ်။စိတ်ပျက်စရာပဲ! ဆွေးနွေးစရာဘာရှိလို့လဲ?"

"ပိုစ့်ပိုင်ရှင်က ချီးထုပ်ပဲ အထောက်အထားရှိ"

"ငါ့နတ်ဘုရားမကလှပတယ် အသားဖြူပြီး‌ခြေတံရှည်၊ချမ်းသာ၊အရည်အချင်းရှိ၊ကြင်နာတတ်ပြီးဉာဏ်ကောင်းတယ်။မနာလို‌နေလည်းအသုံးမဝင်ဘူး။စိတ်ပျက်စရာအတွေးတွေကို ယုတ်မာရက်စက်တဲ့အမှိုက် မိုတိနဲ့တူတူယူပြီးတော့ ထွက်သွားလိုက်တော့!"

"ပိုစ့်ပိုင်ရှင်ရေ ခင်ဗျားက ရှောင်ကွေ့ကိုအပုပ်ချချင်နေတဲ့ ဒရာမာကွင်းမိုတိမလား။အလက်ဂျစ်ကြောင့်စောစောသေပါစေဆုတောင်းတယ်! ငါ့ကိုကျေးဇူးတင်ဖို့မလိုဘူးနော်"

"..."

သို့သော် ဤတစ်ဖက်သတ်ကြိမ်ဆဲမှုများသည် သုံးသပ်ပြငည့်စကားလုံးရာကျော်ဖြင့် အလွန်ရှည်လျားလှသော အထပ်သုံးဆယ်ရောက်သည့်အခါ ချက်ချင်းပြောင်းလဲသွား၏။

"ခုချိန်မှာ ပိုစ့်ကိုလေးလေးနက်နက်ဖြေတဲ့သူတဲ့ငါတစ်ယောက်တည်းထင်တယ်။ငါအကျဉ်းချုပ်ပြီးသုံးသပ်ပြမယ်။ပထမဆုံးအနေနဲ့ ပိုစ့်ပိုင်ရှင်က ကျူဝမ်ဇယ်နဲ့တခြားသူတွေ အပြစ်ပေးခံလိုက်ရတာကိုကြည့်ပြီး စိတ်ဝင်စားတက်ကြွလာပြီး ပိုစ့်ကိုတင်လိုက်တာဖြစ်မယ်။တကယ်က ကျူဝမ်ဇယ်၊ကျောင်းသော့ကန်နဲ့တခြားသူတွေရဲ့လုပ်ရပ်က အဲ့အချိန်တုန်းက တခြားသူတွေရဲ့မျက်လုံးထဲမှာ နတ်ဘုရားမအတွက်တရားမျှတမှုကိုရှာဖို့ပဲ! အဲ့လိုဆို သူတို့က ဘယ်လိုလုပ်ပြင်းပြင်းထန်ထန်အပြစ်ပေးခံရတာလဲ?
ပြီးတော့ ဒီလိုအဖြစ်အပျက်မျိုး ကျောင်းမှာအရင်ကလည်းဖြစ်ဖူးတယ်။ကျောင်းသားတစ်ချို့က အကြမ်းဖက်တာကို လက်တုံ့ပြန်ဖို့ အကြမ်းဖက်ခဲ့ကြတယ်။ဒါ‌ပေမယ့် နောက်ဆုံးမှာအဆူခံလိုက်ရရုံပဲ။ပြီးတော့ တကယ်အပြစ်ပေးခံရတဲ့တစ်ယောက်က အရိုက်ခံရတဲ့ကျောင်းသားပဲ။အကြောင်းရင်းက သူက ကြီးမားတဲ့အမှားတစ်ခုကိုလုပ်ထားပြီး သူလုပ်ထားတဲ့အမှားက အရမ်းစက်ဆုပ်စရာကောင်းလို့ပဲ။

တစ်ချိန်တည်းမှာပဲ ဒီမတော်တဆမှုကလည်းတူတူပဲ။'အကြမ်းဖက်မှုကိုအကြမ်းဖက်'တာပဲ ကျူဝမ်ဇယ်နဲ့ကျန်တဲ့သူတွေက ပြင်းပြင်းထန်ထန်အပြစ်ပေးခံရပြီး 'လက်သည်တရားခံ' မိုတိကျတော့ အပြစ်ပေးမခံရဘူး။အဲ့တာက မိုတိကဘာအမှားမှလုပ်မထားဘူးလို့ဆိုလိုတာမဟုတ်ဘူးလား?

သေချာပေါက်အဲ့လိုပဲ!

ငါလည်း ငါတို့အစကထင်ထားတာကလွဲမှားနေတယ်လို့ သဘောပေါက်လိုက်တယ်။ဒီထူးဆန်းတဲ့အသိုင်းအဝိုင်းကထွက်လိုက်ရင် မိုတိက အပြစ်ကင်းတဲ့ခံရသူဆိုတာသိလာလိမ့်မယ်။! ပြီးတော့ ကျူဝမ်ဇယ်နဲ့တခြားလူတွေရဲ့အပြုအမူက ကျောင်းတွင်းအနိုင်ကျင့်တာဆိုတာ သိသာနေတာပဲ။မတရားမှုကိုလက်တုံ့ပြန်တဲ့တရားမျှတမှုဟုတ်မနေဘူး။ကျောင်းတွင်းအနိုင်ကျင့်တာပဲ! သူတို့ရဲ့ တရားမျှတမှုဆိုတာက လမ်းလွဲနေပြီ!

မိုတိကအရိုက်နှက်ခံ၊အရှောင်ဖယ်ခံ၊နှိပ်စက်ခံ၊အနိုင်ကျင့်ခံရသင့်တယ်လို့ တစ်လျှောက်လုံးတွေးခဲ့ကြတာအားလုံးက အဲ့ဒီအလက်ဂျစ်မတော်တဆကြောင့်မလား? အဲ့လိုဆို မင်းတို့သူ့ကို ရက်စက်တယ် အမှိုက်ကောင်ဆိုပြီးခေါ်နေတဲ့အပေါ် မေးခွန်းထုတ်လို့ရမလား? သဘောထားကွဲလွဲအောင် သွေးထိုးပြီး မိုလျှိုကွေ့ရဲ့ဖြူစင်မှုကိုအရောင်ဆိုးဖို့ သူက ရည်ရွယ်ချက်ရှိရှိ အဲ့လိုပြောခဲ့တာလို့ မင်းတို့ပြောတယ်နော် ဒါပေမယ့် အဲ့စကားကတကယ်သွေးဆောင်တဲ့စကားလား? အမှန်တိုင်းပြောရရင် ငါကသရက်သီးနဲ့မတည့်ဘူး။စားလိုက်ရင် ပူဖောင်းလိုဖောင်းကားလာလိမ့်မယ်။ငါ့မိဘနဲ့သူငယ်ချင်းတွေလည်း အဲ့တာကိုသိတယ်။သူတို့ကငါ့ကိုသရက်သီးတစ်စိတ်လာပေးရင် (သေချာတယ် ပေးမှာမဟုတ်ဘူး) ငါကိုယ်တိုင်တောင်မသိလိုက်ဘဲ 'ငါသရက်သီးနဲ့မတည့်တာမေ့သွားပြီလား?'လို့ မေးလိုက်မိမှာ။သာမန်အလိုအလျောက်မေးလိုက်တဲ့မေးခွန်းတစ်ခုပဲလေ။ဘယ်လိုလုပ်ပြီး ရက်စက်အကြံရှိတဲ့မေးခွန်းဖြစ်သွားရတာလဲ? ပြီးတော့ နတ်ဘုရားမက တအားစိတ်လှုပ်ရှားပြီး ဝမ်းနည်းလွန်းလို့ ငိုပြီးမေ့လဲသွားသေးတယ်။ဘယ်လိုတောင် ဆိုးရွားလိုက်လဲ?

နောက်ဆုံးတော့ သာယာဖွယ်မဟုတ်တဲ့တစ်ခုကိုပြောရတော့မယ်။မင်းတို့တွေက အမှန်တရားကိုဝန်မခံချင်ကြဘူး။ မင်းတို့ပြောကြတာ နတ်ဘုရားမက မိုတိနဲ့ပက်သက်ပြီးအရမ်းအလေးထားတယ်(သူလည်းတစ်ထပ်တည်း အလေးထားပြတယ်) ဒါပေမယ့်
တကယ်တမ်းက မိုတိအကြောင်းကို သူလုံးဝဂရုမစိုက်ဘူး။မဟုတ်ရင် သူ့မှာသေနိုင်တဲ့အလက်ဂျစ်ရှိကြောင်းမသိဘဲနေမလား? ငါ့ဂျူနီယာအတန်းဖော်ကပြောတယ် မိုတိက အလက်ဂျစ်ကြောင့် ဆေးရုံတစ်ခါတက်ရပြီး အတန်းပါတီကိုမတက်နိုင်ခဲ့ဘူးတဲ့။မင်းတို့ဆိုရင်ရော သူက ကိုကိုးဖျော်ရည်သောက်ပြီးသေသွားနိုင်တယ်ဆိုတာကိုတောင် မသိဘဲနဲ့ မင်းက သူ့အကြောင်းကို ဂရုစိုက်တယ်လို့ မင်းပြောဦးမှာလား? ပြီးတော့ မင်းကိုယ်တိုင်က ဖျော်ရည်ကိုပေးလိုက်တာလေ? အရိုးသားဆုံးပြောရရင် ငါတော့မယုံဘူး။မင်းက ဒီလူအကြောင်းဂရုစိုက်လို့ဖြစ်ရင်ဖြစ် မဟုတ်ရင်တော့.... ဟားဟား"

ဤပိုစ့်တစ်ခုက ဖိုရမ်တွင် မုန်တိုင်းတစ်ခုဖန်တီးသွား၏။

ဒေါသတကြီး ဆဲဆိုကြိမ်ဆဲမှုများကနောက်ကလိုက်လာ၏။ဤရက်စက်သော စကားလုံးများက ကျောင်းသားများဆီကဆိုသည်ကိုပင် တွေးကြည့်ရန်ခဲယဉ်းလှသည်။

သို့သော် အောက်ဖက်ပိုင်းတွင် လူတစ်ချို့က မှတ်ချက်ပိုင်ရှင်နှင့် သဘောတူလာကြ၏။ 

"ငါလည်း အဲ့တာကအဓိပ္ပါယ်ရှိတယ်လို့ထင်တယ်"

"ဟုတ်တယ်! ငါကငါနဲ့တူတူထိုင်တဲ့သူနဲ့ ရင်းနှီးတယ်လို့ မပြောနိုင်ပေမယ့် သူက ချိစ်နဲ့ဓာတ်မတည့်ကိုတော့ ငါသိတယ်။သူ့ကို ဘယ်တော့မှ ချိစ်ကျွေးမှာမဟုတ်ဘူး။အဲ့တော့ ဒါကတကယ်ကိုပဟေဠိဆန်တယ်"

"အပေါ်ကလူတွေရေ ဘာတွေဟန်ဆောင်နေတာလဲ? စိတ်ပျက်စရာပဲ။ငါတို့နတ်ဘုရားမကို အပုပ်ချဖို့ မိုတိက မင်းတို့ကိုငှားထားတာမလား!သိသာလွန်းတယ်! အမှားအမှန်မခွဲခြားနိုင်လဲပြောနေတယ်။မိုးကြိုးပစ်ခံရမှာမကြောက်ဘူးလား?"

"အပေါ်ကတစ်ယောက် အပေါင်း တစ်"

"???တချို့လူတွေကစက်ဆုပ်စရာပဲ။ငါကမိူတိနဲ့တစ်ခါမှတောင်စကားမပြောဖူးဘူး။ဘာလဲ ပြောလို့တောင်မရတော့ဘူးလား? ဒီကိစ္စမှာ မင်းတို့နတ်ဘုရားမက အကျိုးအကြောင်းမညီညွတ်တာ"

"ငါတော့အကျိုးမကြောင်းမညီရုံတင်ပဲလို့မထင်ဘူး။ဒီကိစ္စကအနီးကပ်ကြည့်လေလေ ကြောက်စရာကောင်းလေလေပဲ။မရည်ရွယ်ဘူးဆိုရင် သူက မိုတိကိုဂရုစိုက်သလို တချိန်လုံးဟန်ဆောင်နေတယ်ဆိုတာကိုပြတာပဲ။သရုပ်ဆောင်တကယ်ကောင်းတာပဲ။ဒါမှမဟုတ် ရည်ရွယ်ချက်ရှိရှိတိုရင်တော့ ...ပိုတောင်ဆိုးသွားပြီ!"

"အပေါ်ကတစ်ယောက် မင်းတို့တစ်မိသားစုလုံးသေမှာကိုသတိထား! မိုတိရဲ့ရည်ရွယ်ချက်ကအောင်မြင်သွားပြီထင်တယ်။အခု ငါတို့နတ်ဘုရားမကို အမှိုက်တွေလာတိုက်ခိုက်နေကြပြီ!"

"အပေါ်ထက်ကလူ မင်းပါးစပ်ကအရမ်းအဆိပ်ပြင်းပြီးပုပ်သိုးနေတာပဲ။မင်းရဲ့နတ်ဘုရားမရော ဒါကိုသိလား? မင်းကို လူတွေကိုလိုက်ကိုက်ဖို့ သူကခိုင်းထားတာလား?! မင်းတို့နတ်ဘုရားမကလုပ်ရဲပြီး ဝန်မခံရဲဘူး"

"..."

အစရှိသဖြင့် ပိုစ့်များက ကြိမ်ဆဲရင်း ဆက်လက်ငြင်းခုံလျက်ရှိ၏။တစ်ညအတွင်း အလွှာထောင်ချီရောက်လာပြီး ဆက်လက်မြင့်တက်နေဆဲပင်။

သို့သော် ပိုစ့်၏နောက်ဆုံးစာမျက်နှာတွင် မိုတိနှင့်ပိုစ့်ပိုင်ရှင်အား ထောက်ခံသူများ ပိုများပြားလာ၏။ထိုပိုစ့်များကိုပေါင်းလိုက်ပါက ပိုစ့်စုစုပေါင်း၏ ဆယ်ရာခိုင်နှုန်းရှိသည်။ မိုလျှိုကွေ့နှင့်သူမအားထောက်ခံသူများကို မေးခွန်းထုတ်သည့်ပိုစ့်များကိုထပ်ပေါင်းထည့်လိုက်သည့်အခါ တစ်ဆယ့်ကိုးရာခိုင်နှုန်းဖြစ်လာ၏။

မိုတိသည် အားရကျေနပ်နေ၏။
အဲ့တာက .... မိုလျှိုကွေ့ရဲ့ 'နတ်ဘုရားမျက်နှာဖုံး'မှာ အက်ကွဲကြောင်း ထင်လာတာပဲ။

ပိုစ့်ကိုစတင်လိုက်သူနှင့် ခွဲခြမ်းစိတ်ဖြာပြသူကို အမှန်တကယ်ကျေးဇူးတင်ချင်နေ၏။'လူတိုင်းက စဉ်းစားဉာဏ်မရှိ ရူးမိုက်စွာနဲ့ မိုလျှိုကွေ့ကို ချစ်ပြီး ကာကွယ်လိမ့်မယ်' ဟူသော မှော်ဆန်သည့်ဖြစ်ရပ်တွင် ချိုင့်ခွက်တစ်ခုဖြစ်ထွန်းရန် အမှုမဲ့အမှတ်မဲ့ကူညီလိုက်သလိုပင်။

ပထမဆုံးအနေနှင့် ဤပိုစ့်ကိုတင်လိုက်သူအား သိချင်၏။ပြီးလျှသ် ဆန်းစစ်ပြသည့်သူ...အဲ့တာဘယ်သူလဲ?

ကျောင်းသော့ကန်နှင့်တခြားကျောင်းသားများကို ကျောင်းအုပ်ဟွမ်းကအပြင်းအထန်အပြစ်ပေးခ့င်းက လူတစ်ချို့ကို တုန်လှုပ်သွားစေ၏။မိုလျှိုကွေ့၏ရောင်ခြည်တော်စက်ဝန်းကွဲအက်လာသည်ကိုပေါင်းလိုက်သည့်အခါ မိုတိအနေနှင့် ဤသို့သောငြိမ်သက်အေးချမ်းသည့်နေ့မျိုးကို ရတောင့်ရခဲ ရရှိနေ၏။

သို့သော် ညနေခင်းကျောင်းဆင်းသည့်အခါ တည်ငြိမ်မှုကပျက်စီးသွား၏။

အနီရောင်တောက်တောက်Maseratiကားကို ကျောင်းပေါက်ဝတွင် ရပ်ထားပြီး ဘေးတွင် သူ့၏၏အစ်ကိုကောင်း အစ်ကိုငါးကရပ်နေ၏။‌သူသည် ကျောင်းဝန်းကို ဒေါသဖြင့်စိတ်မရှည်စူးစမ်းကြည့်ရှု‌နေ၏။သိသာစွာပင် မိုလျှိုကွေ့အတွက်လာခြင်းမဟုတ်သည့်အတွက် အကြောင်းရင်းကတစ်ခုပဲဖြစ်နိုင်သည်။

မိုတိသည် တလိပ်လိပ်တက်လာသော ဆိုးရွားသည့်စိတ်အခြေအနေကို ဖိနှိပ်လိုက်၏။မိုဝုဟန်းကိုတစ်ချက်ကြည့်လိုက်ပြီး လှည့်ပြန်ကာ စီးဆင်းနေသောလူအုပ်နှင့်အဝေးသို့သွားလိုက်၏။ကျောင်းထဲသို့ပြန်သွား၍ လမ်းကြားများအတိုင်းလိုက်ကာ တခြားနံရံများထက်အတော်လေးနိမ့်သော လျှို့ဝှက်နံရံတစ်ခုဆီသို့ ရောက်သည်အထိ သွားလိုက်၏။ခြေတံရှည်များကိုအသုံးပြု၍ လျင်မြန်တိကျစွာ နံရံပေါ်တက်လိုက်ပြီးနောက် ခုန်ချ၏။

"အ!"
အောက်ဘက်မှ အော်သံတစ်ခုထွက်လာ၏။

မိုတိကစစ်ဆေးကြည့်လိုက်သည့်အခါ မျက်နှာချင်းဆိုင်ရှိ အလယ်တန်းကျောင်းဝတ်စုံဝတ်ထားသော မြေပေါ်တွင်လဲနေသည့် ကောင်လေးအားမြင်ရ၏။စိတ်ရှုပ်‌ထွေးတုန်လှုပ်ကာ ချက်ချင်းမလှုပ်ရှားနိုင်ဖြစ်သွား၏။ 

ဒါက ကုရန်ကျူလား?!!

"သောက်ကျိုးနည်း ကျွန်တော့်ကိုသတ်ချင်နေတာလား?!!"
ကုရန်ကျူသည် မျက်ခွံပင့်လိုက်ပြီး သူ့အားစိုက်ကြည့်နေသော အမူအရာကင်းမဲ့နေသည့် အထက်တန်းကျောင်းသားကိုကြည့်လိုက်၏။သူသည် လူမိုက်များနှင့် စောစောက တစ်ပွဲတစ်လမ်းနွှဲခဲ့ပြီး ယခု ခေါင်းဒဏ်ရာရနေ၏။သွေးထွက်နေပြီး မူးဝေကာ မအီမသာဖြစ်နေ၏။သတိမေ့တော့မည့်အချိန်တွင် ရုတ်တရက် တက်နင်းခံလိုက်ရပြီး သွေးအန်လုနီးပါးပင်ဖြစ်၏။

ပြီးလျှင် ဤအထက်တန်းကျောင်းသားက တောင်းပန်လိုစိတ်မရှိဘဲ အေးစက်စွာကြည့်ရုံကြည့်နေ၏။
ချီး! ရုပ်ချောပေမယ့် 
ကိုယ်ချင်းစာတရားမရှိ အကြင်နာခေါင်းပါးတဲ့လူဖြစ်နေတယ်!

"သေစမ်း! တစ်ခုခုပြောလေ!"

မိုတိသည် ကုရန်ကျွင်းအား ပေါ့ပေါ့ပါးပါးကြည့်၍ စကားမပြောနိုင်ဖြစ်နေဆဲပင်။

အမှန်တကယ်တွင် ကုရန်ကျူက ရန်ပွဲပြီးသည့်နောက် လမ်းကြားထဲတွင် မေ့လဲတော့မလိုဖြစ်နေပြီး မိုလျှိုကွေ့ကကယ်တင်ရမည်ဖြစ်၏။ထို့နောက်တွင် နတ်သမီးမိုလျှိုကွေ့အပေါ် ခံစားချက်များတားမနိုင်ဆီးမရဖြစ်လာ၏။ဤကုရန်ကျူသည် စာအုပ်ထဲတွင် အရေးပါသော အမျိုးသားဇာတ်ပို့တစ်ယောက်ဖြစ်ကာ တတိယအမျိုးသားဇာတ်လိုက်အဖြစ်သတ်မှတ်နိုင်သည်။

အဲ့လိုဆို ခုအခြေအနေကဘာကြီးလဲ? လိပ်ပြာသက်ရောက်မှုကြောင့် မိုလျှိုကွေ့ဖြစ်ရမည့်နေရာမှာ သူက မတော်တဆ အစားရောက်လာတာလား?

ဤဇာတ်ကောင်ကဏ္ဍအားမဖြည့်လိုပေ။

ထို့ပြင် သူသည် ကုရန်ကျူအား နင်းလိုက်မိပြီးဖြစ်သည်။နတ်သားယောင်ဆောင်ကာ ဒဏ်ရာနှင့်စိတ်ကိုနှစ်သိမ့်အားပေးမည်ဆိုလျှင်တောင်
အလုပ်ဖြစ်မည့်ပုံမပေါ်ပေ။ထို့ထက်ပိုသည်မှာ မိုလျှိုကွေ့၏ 'လမ်းမှားရောက်‌နေတဲ့လူငယ်‌လေးကိုတယ်တင်'သည့် အမူအရာကို အတုမခိုးလိုပေ။

ကုရန်ကျူအား ခဲနဲ့မပေါက်သည်ကပင် အသိတရားရှိနေသေးခြင်းဖြစ်သည်။

ကုရန်ကျူ၏ခေါင်းသည် အက်ကွံနာကျင်နေသော်လည်း ယခုအချိန်တွင် မေ့လဲတော့မည်မဟုတ်ပေ။အံကြိတ်၍ အလင်းရောင်နှင့်ဆန့်ကျင်လျက်ရပ်နေသော အထက်တန်းကျောင်းသားကိုကြည့်လိုက်သည်။ဒေါသကြောင့်သွားကြိမ်းလာ၏။
ဒီလူကဘာဖြစ်နေတာလဲ။သူဒီမှာ ခေါင်းသွေးထွက်ပြီးလဲနေတာမမြင်ဘူးလား? ဘာလို့ဒီတိုင်းရပ်နေတာလဲ?!! ဆေးရုံပို့ပေးဖို့မပြောနဲ့ လူနာတင်ကားတောင် ကူပြီးခေါ်မပေးဘူး!

ကုရန်ကျူသည် လက်သီးဆုပ်လိုက်သော်လည်း ယခုချိန်သည် စိတ်လိုက်မာန်ပါလုပ်ရမည့်အချိန်မဟုတ်ကြောင်း သိနေ၏။ဒေါသကိုချုပ်ထိန်း၍ ခံစားချက်ကိုရှင်းလင်းကာ အကူအညီတောင်းသည့်စကားကို စုစည်းရန်ကြိုးပမ်းလိုက်၏။

ပါးစပ်ဟလိုက်ရုံပင်ရှိသေး အရှေ့မှလူငယ်က ထူးမခြားနားသည့် နောက်ဆုံးအကြည့်တစ်ချက်ပေးကာ အကြင်နာတရားတစ်စက်မှမရှိဘဲ ထွက်ခွာသွား၏....

ထွက်သွားတယ်!

ထွက်သွားလိုက်တယ်?!!

"-ီး!"

ကုရန်ကျူသည် အလွန်အမင်းဒေါသထွက်နေပြီဖြစ်၏။လမ်းကြားထောင့်မှ အမှိုက်ပုံးဆီသို့ ရှိသမျှအားဖြင့် တွယ်တက်လိုက်၏။စိတ်ပျက်ရွံ့ရှာမှုကိုထိန်းသိမ်းထားရင်း လွှင့်ပစ်ခံထားရသော အိတ်ကိုယူကာ ဖုန်းထုတ်၍ 120သို့ဖုန်းခေါ်လိုက်၏။

စောင့်ကြည့်နေလိုက်!

အဲ့ဒီကောင်လေးရဲ့မျက်နှာကို စိတ်ထဲမှာထွင်းထုထားလိုက်ပြီ!

[Zawgyi]လိုင္တယ္စစ္သည္ မုထ်န္းဟန္၏ တုန႔္ျပန္ခ်က္က  "မရဘူး" ျဖစ္ေနလိမ့္မၫ့္ဟုထင္မထားေပ။

မုထ်န္းဟန္က ျငင္းလိုက္တယ္?!

ဒုကၡေရာက္ေနတဲ့ကေလးကိုကူညီဖို႔ဆိုတာကိုထားလိုက္ဦး သူက မုထ်န္းဟန္ရဲ့ ေက်းဇူးရွင္ေလ။ဘယ္လိုျဖစ္ျဖစ္ မျငင္းသင့္ဘူး။

ၿပီးေတာ့ ကေလးက ခ်စ္စရာေလး။အိမ္မွာ မ်က္လံုးအစာေကြၽးဖို႔ခ်ိဳခ်ဉ္ေလးလိုျဖစ္ေနမွာ။

လိုင္တယ္စစ္သည္ မုထ်န္း၏ျငင္ဆန္မႈကို ျပင္းျပင္းထန္ထန္ကန႔္ကြက္၏။
"ဘာလို႔မရတာလဲ? သူ႔ကိုအျပင္မွာ အငွား‌ေနခိုင္းလိုက္လို႔ ရွာေတြ့ၿပီးအရိုက္ခံရရင္ဘယ္လိုလုပ္မလဲ?! အသက္ကယ္ထားတဲ့အေႂကြးကို ေရပန္းနဲ႔ျပန္ဆပ္သင့္တယ္။ဒီဆိုရိုးက.... ငါသံုးတာမွန္လား?"
T/N: ေရစက္တစ္စက္ေလာက္ေက်းဇူးေႂကြးတင္ရင္ေတာင္ ေရပန္းတစ္ခုလိုျပန္ဆပ္ရမယ္ဆိုတဲ့ဆိုရိုးပါ။

မည္သူကမွ လိုင္တယ္စစ္၏ ဆိုရိုးအသံုးအႏႈံးကို ဂရုမစိုက္သည္မွာ ဆိုးလြန္းလွ၏။

မိုတိသည္ေအာက္ႏႈတ္ခမ္းတြန႔္လိုက္၏။မိုတိသည္လည္း သေဘာတူမွာမဟုတ္ေသာ္လည္း မုထ်န္းဟန္က ျငင္းလိမ့္မည္ဟုထင္မထားေပ။

မုထ်န္းဟန္အားအထင္ေသးခဲ့မိပံုေပၚသည္။သို႔မဟုတ္ သူ႔အား အမွန္တကယ္နားမလည္ခဲ့ပံုပင္။

မုထ်န္းဟန္အတြက္မူ ထိုသို႔ေသာအေသးအမႊားကိစၥေလးက ဘာမွမဟုတ္ေသးေသာ္လည္း ကူညီထားတာရိွေသးသည္။ထို႔ျပင္ ဤ'ခင္တြယ္မႈ‌'‌ေလးျဖင့္ မုထ်န္းဟန္အား အနာဂတ္အတြက္ 'ခိုလႈံရာ'အျဖစ္ယူဆရန္မျဖစ္ႏိုင္ေသးေပ။

ကိုယ္ပိုင္အရည္အခ်င္းကို တိုးတက္ေအာင္လုပ္ၿပီး အဆက္အသြယ္မိတ္‌ေဆြအသိုင္းအဝိုင္းကို တိုးခ်ဲ့ရမည့္အျပင္ သူႏွင့္ မုထ်န္းဟန္ၾကား 'ခင္တြယ္မႈ'အမွတ္ကို ပိုမိုခိုင္မာလာေစရန္လည္းလိုအပ္ေသးသည္။

အဲ့လိုဆိုေတာ့ ဘာလုပ္သင့္လဲ? မေန့ကခ်ေရးထားတဲ့အစီအစဉ္ကိုတကယ္သံုးရေတာ့မွာလား?

မုထ်န္းဟန္သည္ သူ၏ခိုင္မာေသာျငင္းဆိုခ်က္က လိုင္တယ္စစ္ႏွင့္မိုတိအား အေတြးေခ်ာ္သြားေစေၾကာင္း မသိေပ။

မိုတိအား သူႏွင့္လိုင္တယ္စစ္တို႔ႏွင့္အတူ မေနေစလိုသၫ့္အေၾကာင္းရင္းက တကယ္တမ္းတြင္ အလြန္ရိုးရွင္းလွ၏ - အႏွီမိတ္ေဆြေလးအေပၚခံစားခ်က္ကို ပို၍နက္ရိႈင္းမသြားေစလိုျခင္းျဖစ္သည္။

ဘာလို႔လဲ? ဘာလို႔လဲဆိုေတာ့ စိတ္ထဲမွာ တ‌စၧေတစ္ေကာင္ေရာက္ေနၿပီမို႔လို႔ပဲ။

အစပိုင္းခံစားခ်က္မ်ားအားေရွာင္လႊဲ၍မရခဲ့ေသာ္လည္း အနည္းဆံုး ေရ႔ွဆက္ျဖစ္ေပၚလာမၫ့္ခံစားခ်က္ကိုေတာ့ ထိန္းခ်ဳပ္ႏိုင္ေသးသည္။မဟုတ္ပါက လူ႔ဘီလူးႀကီးတစ္ေကာင္အမွန္တကယ္ျဖစ္လာလိမ့္မည္။

အေတြးကိုယ္စီတြင္နစ္ျမဳပ္ေနေသာအခ်ိန္တြင္ လူနာတင္ကားေရာက္လာ၏။

ဆယ္မိနစ္ၾကာၿပီးသၫ့္ေနာက္ ေဆးရံုသို႔ေရာက္လာ၏။မုထ်န္းဟန္ႏွင့္မိုတိအား တစ္ကိုယ္လံုးစစ္ေဆးလိုက္၏။

မိုတိ၏ဒဏ္ရာမ်ားတြင္ ျပႆနာႀကီးႀကီးမားမားမရိွဘဲ အျပၫ့္မေပ်ာက္ကင္းေသးေသာပြန္းပဲ့ဒဏ္ရာအနည္းငယ္သာရိွသည္။လိမ္းေဆးလိမ္းေပးၿပီးအနားယူရန္သာ လိုအပ္၏။မုထ်န္းဟန္ကမူ ေျခခ်င္းဝတ္အဆစ္လြဲၿပီး အတြင္းေၾကသြား၏။ဤသည္လည္း ျပင္းထန္ေသာဒဏ္ရာမဟုတ္ေပ။ေဆးေသာက္၍ အခ်ိန္အတိုင္းအတာတစ္ခုထိ ကိုယ္လုပ္လႈပ္ရွားမႈကို ေရွာင္ၾကဉ္ရန္သာလိုအပ္၏။ 

စစ္ေဆးၿပီးသၫ့္အခါ မုထ်န္းဟန္သည္ေဆးမတက္ေပ။ဒရိုင္ဗာအား မိုတိကို အေနာက္မွဆင္‌ေျခဖံုးမွလူေနရပ္ကြက္ဆီသို႔ ပို႔ေပးရန္ခိုင္းလိုက္၏။

"ဝန္ထမ္းေတြကိုနည္းနည္းပါးပါးရွာေဖြၾကၫ့္ခိုင္းထားတယ္။အေနာက္ဖက္ဆင္ေျခဖံုးလူေနရပ္ကြက္ကအေတာ္ေလးေကာင္းတယ္တဲ့။ငွားရမ္းစရာေတြမ်ားတဲ့အျပင္ စံႏႈန္းလည္းေကာင္းတယ္။အနီးအနားက သယ္ယူပို႔ေဆာင္ေရးကလည္းအဆင္ေျပတယ္။အဲ့ကေနရာတစ္ခုကိုေရြးလိုက္"
မုထ်န္းဟန္သည္ မိုတိအားေျပာ၏။
"အကူအညီလိုရင္ ကိုယ့္ကိုဖုန္းေခၚလို႔ရတယ္။ျငင္းမွာမဟုတ္ဘူး။နားလည္လား

"နားလည္ၿပီ။ေက်းဇူးပါ ေကာ"
မိုတိ၏မ်က္လံုးမ်ားကေကြးၫြတ္သြားၿပီး မုထ်န္းဟန္အား လိမ္လိမ္မာမာၿပံဳးျပ၏။

"ကပ္ေစနည္းလိုက္တာ"
လိုင္တယ္စစ္သည္ မုထ်န္းဟန္အား မေဖာ္ျပႏိုင္ေလာက္ေသာမ်က္လံုးမ်ားျဖင့္ၾကၫ့္၍
"အိမ္ဝယ္ေပးေတာ့မယ္ထင္လိုက္တာ"

"တကယ္မလုပ္ပါနဲ႔ မလိုခ်င္ပါဘူး။"
မိုတိက ျပတ္ျပတ္သားသားျငင္း၏။

ခက္ခက္ခဲခဲရထားေသာ ေက်းဇူးတရားကို သူ႔အတြက္အဓိပၸါယ္မရိွေသာ အိမ္တစ္လံုးႏွင့္မလဲလို။အစီအစဉ္ထဲတြင္လံုးဝမပါေပ။

"အိမ္ဝယ္ေပးဖို႔စဉ္းစားခဲ့ေသးတယ္ ဒါေပမယ့္ ဒီအခ်ိန္ကမသင့္ေတာ္ဘူး။စာေမးပြဲၿပီးတဲ့အထိေစာင့္တာပိုေကာင္းတယ္။ေက်ာင္းနဲ႔နီးတဲ့အိမ္တစ္လံုးဝယ္ေပးမယ္"
မုထ်န္းဟန္သည္ မိုတိကတကယ္မလိုခ်င္ေၾကာင္းသိေသာ္လည္း ရွင္းျပေနရေသးသည္။
"ယြမ္သန္းအနည္းငယ္ေလာက္ေလးကို ဘာလို႔ကပ္ေစနည္းရမွာလဲ"

"မဟုတ္ဘူး တကယ္‌ဝယ္ေပးဖို႔မလိုပါဘူး။"
မိုတိသည္ လက္ယမ္း၍ ရွက္ရြံ႔ေယာင္ေဆာင္လိုက္၏။
"ေကာရဲ့အကူအညီကိုတကယ္လိုအပ္လာရင္ ေျပာပါ့မယ္။အားနာမေနေတာ့ဘူး။ဒါေပမယ့္ အိမ္ေတာ့ဝယ္မေပးပါနဲ႔"

"ေကာင္းၿပီေလ ကိုယ့္မေပၚယဉ္ယဉ္ေက်းေက်းမဆက္ဆံေတာ့ဘူးဆိုရင္ အိမ္ဝယ္မေပးေတာ့ဘူး။တစ္ခုခုလိုအပ္တာရိွရင္ ေျပာလို႔ရတယ္"

မုထ်န္းဟန္သည္ မိုတိ၏အနည္းငယ္ငံု႔ထားေသာေခါင္းကိုၾကၫ့္၍ ထိလို႔ေကာင္းၿပီးႏူးညံ့မၫ့္ပံုေပၚေသာဆံပင္အား ဖြဖြပုတ္ခ်င္လာ၏။ကံေကာင္းစြာျဖင့္ အခ်ိန္မွီထိန္းခ်ဳပ္လိုက္ႏိုင္ၿပီး ေခ်ာင္းအသာဟန႔္၍ "ေက်ာင္းကိုဘယ္ေတာ့ျပန္သြားမွာလဲ?"

"နက္ျဖန္"
မိုတိသည္စဉ္းစားလိုက္ၿပီး
"တကယ္က ေကာလိပ္ဝင္ခြင့္စာေမးပြဲေျဖဖို႔ ႏွစ္ပတ္ေက်ာ္ေက်ာ္ပဲလိုေတာ့တာ"

မိုတိအား အေနာက္ဖက္ဆင္ေျဖဖံုးသို႔ပို႔ၿပီးသၫ့္အခါ အိပ္ခန္းႏွစ္ခန္းပါေသာ တိုက္ခန္းကိုအျမန္ငွားလိုက္၏။မုထ်န္းဟန္သည္ သံုးလစာငွားရမ္းခႏွင့္ တစ္လစာစရံသတ္လိုက္၏။မိုတိသည္ ဤသည္ကိုေတာ့ မျငင္းဆန္ေပ။

သူ႔တြင္ တကယ္လည္းပိုက္ဆံမ်ားမ်ားစားစားမရိွေပ။မိုမိသားစုသည္ သူ႔အားမုန႔္ဖိုးမေပးဖူးေပ။စုထားေသာ ႏွစ္သစ္ကူးပိုက္ဆံအနည္းငယ္ထဲမွ အမ်ားစုႀကိ ေဆးရံုစရိတ္ေပးလိုက္ရ၏။

...

ေနာက္ရက္တြင္ မိုတိသည္ ေက်ာင္းတက္၏။

ဤတစ္ႀကိမ္သည္ အလြန္ကြာျခား၏။က်ံဳးေသာ့ကန္ႏွင့္တစ္ျခားလူမ်ားထံမွ ရိုက္ႏွက္ခံခဲ့ရသၫ့္ ပန္းခင္းသို႔သြားသည့္လမ္းတြင္ သူ႔အားတစ္ေယာက္မွ လာမရွာေပ။သူ႔အားစက္ဆုပ္ရြံရွာစြာၾကၫ့္ေသာသူလည္း ထင္သေလာက္ သိပ္မမ်ားေတာ့ေပ။

မိုတိသည္ အနည္းငယ္စိတ္ရႈပ္ေထြးေနေသာ္လည္း ေျပာင္းလဲမႈတစ္စံုတစ္ရာမျပဘဲ ခါတိုင္းကဲ့သို႔တိတ္ဆိတ္စြာေန၏။ပန္းခင္းနားမွလွၫ့္၍ အနီးရိွသန႔္စင္ခန္းဆီသို႔သြားလိုက္၏။

မိုတိသည္ အေလးသြားေတာ့မေယာင္ေဆာင္ကာ အိမ္သာခန္းထဲသို႔သြား၍ တံခါးေလာ့ခ်လိုက္၏။ထို႔ေနာက္တြင္ ေက်ာင္းဖိုရမ္ကိုဖြင့္လိုက္၏။

အရင္ရက္မ်ားတြင္ အေတာ္အလုပ္ရႈပ္ေနခဲ့ေသာေၾကာင့္ ေက်ာင္းမွအေျခအေနကိုစစ္ေဆးရန္မအားလပ္ခဲ့ေသာ္လည္း ဤလူမ်ား၏ တံု႔ျပန္ပံုကိုၾကၫ့္ရသည္တြင္ သူႏွင့္ပက္သက္သၫ့္တစ္စံုတစ္ရာ ေသခ်ာေပါက္ျဖစ္ပြားထားသည္။

မိုတိက ဖိုရမ္အားဖြင့္လိုက္သၫ့္အခါ ‌'ေရပန္းစား‌ေနေသာ'ဟူသၫ့္ အနီေရာင္စာလံုးပါ
ထိပ္ဆံုးေရာက္ပိုစ့္ေၾကာင့္ မ်က္စိစူးသြား၏။

"စဉ္းစားခ်င့္ခ်ိန္ေဆြးေနြးပြဲ : ဒီတစ္ေခါက္ ဘယ္သူကမွားတာလဲ နတ္ဘုရားမလ်ိႈေကြ့လား မိုတိလား?"

မိုတိသည္ အနည္းငယ္မ်က္ေမွာင္ၾကဳတ္လိုက္ၿပီး အလႊာေပါင္းရွစ္ေထာင္ေက်ာ္ စုစည္းေနသည့္ အလြန္ေရပန္းစားေနေသာပို႔စ္ကို ဖြင့္လိုက္၏။

မ်က္လံုးထဲသို႔ခ်က္ခ်င္းဝင္လာသည္မွာ မ်ားမၾကာမီက တိုက္ရိုက္ႀကိမ္းေမာင္းမႈမ်ားျဖစ္သည္။

"ပိုစ့္ပိုင္ရွင္ေရ စိတ္နာမက်န္းျဖစ္ေနတာလား? ငါတို႔နတ္ဘုရားမရဲ့နာမည္ကိုဖ်က္ခ်င္တာလား?! အျပင္ထြက္တဲ့အခါ ကားတိုက္မခံရပါေစနဲ႔"

"ပိုစ့္ပိုင္ရွင္ေရ ခင္ဗ်ားအေတြးကသိသာလြန္းတယ္။စိတ္ပ်က္စရာပဲ! ေဆြးေနြးစရာဘာရိွလို႔လဲ?"

"ပိုစ့္ပိုင္ရွင္က ခ်ီးထုပ္ပဲ အေထာက္အထားရိွ"

"ငါ့နတ္ဘုရားမကလွပတယ္ အသားျဖဴျပီး‌ေျခတံရွည္၊ခ်မ္းသာ၊အရည္အခ်င္းရိွ၊ၾကင္နာတတ္ၿပီးဉာဏ္ေကာင္းတယ္။မနာလို‌ေနလည္းအသံုးမဝင္ဘူး။စိတ္ပ်က္စရာအေတြးေတြကို ယုတ္မာရက္စက္တဲ့အမိႈက္ မိုတိနဲ႔တူတူယူၿပီးေတာ့ ထြက္သြားလိုက္ေတာ့!"

"ပိုစ့္ပိုင္ရွင္ေရ ခင္ဗ်ားက ေရွာင္ေကြ့ကိုအပုပ္ခ်ခ်င္ေနတဲ့ ဒရာမာကြင္းမိုတိမလား။အလက္ဂ်စ္ေၾကာင့္ေစာေစာေသပါေစဆုေတာင္းတယ္! ငါ့ကိုေက်းဇူးတင္ဖို႔မလိုဘူးေနာ္"

"..."

သို႔ေသာ္ ဤတစ္ဖက္သတ္ႀကိမ္ဆဲမႈမ်ားသည္ သံုးသပ္ျပငၫ့္စကားလံုးရာေက်ာ္ျဖင့္ အလြန္ရွည္လ်ားလွေသာ အထပ္သံုးဆယ္ေရာက္သၫ့္အခါ ခ်က္ခ်င္းေျပာင္းလဲသြား၏။

"ခုခ်ိန္မွာ ပိုစ့္ကိုေလးေလးနက္နက္ေျဖတဲ့သူတဲ့ငါတစ္ေယာက္တည္းထင္တယ္။ငါအက်ဉ္းခ်ဳပ္ၿပီးသံုးသပ္ျပမယ္။ပထမဆံုးအေနနဲ႔ ပိုစ့္ပိုင္ရွင္က က်ူဝမ္ဇယ္နဲ႔တျခားသူေတြ အျပစ္ေပးခံလိုက္ရတာကိုၾကၫ့္ၿပီး စိတ္ဝင္စားတက္ႂကြလာၿပီး ပိုစ့္ကိုတင္လိုက္တာျဖစ္မယ္။တကယ္က က်ူဝမ္ဇယ္၊ေက်ာင္းေသာ့ကန္နဲ႔တျခားသူေတြရဲ့လုပ္ရပ္က အဲ့အခ်ိန္တုန္းက တျခားသူေတြရဲ့မ်က္လံုးထဲမွာ နတ္ဘုရားမအတြက္တရားမ်ွတမႈကိုရွာဖို႔ပဲ! အဲ့လိုဆို သူတို႔က ဘယ္လိုလုပ္ျပင္းျပင္းထန္ထန္အျပစ္ေပးခံရတာလဲ?
ၿပီးေတာ့ ဒီလိုအျဖစ္အပ်က္မ်ိဳး ေက်ာင္းမွာအရင္ကလည္းျဖစ္ဖူးတယ္။ေက်ာင္းသားတစ္ခ်ိဳ႕က အၾကမ္းဖက္တာကို လက္တံု႔ျပန္ဖို႔ အၾကမ္းဖက္ခဲ့ၾကတယ္။ဒါ‌ေပမယ့္ ေနာက္ဆံုးမွာအဆူခံလိုက္ရရံုပဲ။ၿပီးေတာ့ တကယ္အျပစ္ေပးခံရတဲ့တစ္ေယာက္က အရိုက္ခံရတဲ့ေက်ာင္းသားပဲ။အေၾကာင္းရင္းက သူက ႀကီးမားတဲ့အမွားတစ္ခုကိုလုပ္ထားၿပီး သူလုပ္ထားတဲ့အမွားက အရမ္းစက္ဆုပ္စရာေကာင္းလို႔ပဲ။

တစ္ခ်ိန္တည္းမွာပဲ ဒီမေတာ္တဆမႈကလည္းတူတူပဲ။'အၾကမ္းဖက္မႈကိုအၾကမ္းဖက္'တာပဲ က်ူဝမ္ဇယ္နဲ႔က်န္တဲ့သူေတြက ျပင္းျပင္းထန္ထန္အျပစ္ေပးခံရၿပီး 'လက္သည္တရားခံ' မိုတိက်ေတာ့ အျပစ္ေပးမခံရဘူး။အဲ့တာက မိုတိကဘာအမွားမွလုပ္မထားဘူးလို႔ဆိုလိုတာမဟုတ္ဘူးလား?

ေသခ်ာေပါက္အဲ့လိုပဲ!

ငါလည္း ငါတို႔အစကထင္ထားတာကလြဲမွားေနတယ္လို႔ သေဘာေပါက္လိုက္တယ္။ဒီထူးဆန္းတဲ့အသိုင္းအဝိုင္းကထြက္လိုက္ရင္ မိုတိက အျပစ္ကင္းတဲ့ခံရသူဆိုတာသိလာလိမ့္မယ္။! ၿပီးေတာ့ က်ူဝမ္ဇယ္နဲ႔တျခားလူေတြရဲ့အျပဳအမူက ေက်ာင္းတြင္းအႏိုင္က်င့္တာဆိုတာ သိသာေနတာပဲ။မတရားမႈကိုလက္တံု႔ျပန္တဲ့တရားမ်ွတမႈဟုတ္မေနဘူး။ေက်ာင္းတြင္းအႏိုင္က်င့္တာပဲ! သူတို႔ရဲ့ တရားမ်ွတမႈဆိုတာက လမ္းလြဲေနၿပီ!

မိုတိကအရိုက္ႏွက္ခံ၊အေရွာင္ဖယ္ခံ၊ႏိွပ္စက္ခံ၊အႏိုင္က်င့္ခံရသင့္တယ္လို႔ တစ္ေလ်ွာက္လံုးေတြးခဲ့ၾကတာအားလံုးက အဲ့ဒီအလက္ဂ်စ္မေတာ္တဆေၾကာင့္မလား? အဲ့လိုဆို မင္းတို႔သူ႔ကို ရက္စက္တယ္ အမိႈက္ေကာင္ဆိုၿပီးေခၚေနတဲ့အေပၚ ေမးခြန္းထုတ္လို႔ရမလား? သေဘာထားကြဲလြဲေအာင္ ေသြးထိုးၿပီး မိုလ်ိႈေကြ့ရဲ့ျဖဴစင္မႈကိုအေရာင္ဆိုးဖို႔ သူက ရည္ရြယ္ခ်က္ရိွရိွ အဲ့လိုေျပာခဲ့တာလို႔ မင္းတို႔ေျပာတယ္ေနာ္ ဒါေပမယ့္ အဲ့စကားကတကယ္ေသြးေဆာင္တဲ့စကားလား? အမွန္တိုင္းေျပာရရင္ ငါကသရက္သီးနဲ႔မတၫ့္ဘူး။စားလိုက္ရင္ ပူေဖာင္းလိုေဖာင္းကားလာလိမ့္မယ္။ငါ့မိဘနဲ႔သူငယ္ခ်င္းေတြလည္း အဲ့တာကိုသိတယ္။သူတို႔ကငါ့ကိုသရက္သီးတစ္စိတ္လာေပးရင္ (ေသခ်ာတယ္ ေပးမွာမဟုတ္ဘူး) ငါကိုယ္တိုင္ေတာင္မသိလိုက္ဘဲ 'ငါသရက္သီးနဲ႔မတၫ့္တာေမ့သြားၿပီလား?'လို႔ ေမးလိုက္မိမွာ။သာမန္အလိုအေလ်ာက္ေမးလိုက္တဲ့ေမးခြန္းတစ္ခုပဲေလ။ဘယ္လိုလုပ္ၿပီး ရက္စက္အႀကံရိွတဲ့ေမးခြန္းျဖစ္သြားရတာလဲ? ၿပီးေတာ့ နတ္ဘုရားမက တအားစိတ္လႈပ္ရွားၿပီး ဝမ္းနည္းလြန္းလို႔ ငိုၿပီးေမ့လဲသြားေသးတယ္။ဘယ္လိုေတာင္ ဆိုးရြားလိုက္လဲ?

ေနာက္ဆံုးေတာ့ သာယာဖြယ္မဟုတ္တဲ့တစ္ခုကိုေျပာရေတာ့မယ္။မင္းတို႔ေတြက အမွန္တရားကိုဝန္မခံခ်င္ၾကဘူး။ မင္းတို႔ေျပာၾကတာ နတ္ဘုရားမက မိုတိနဲ႔ပက္သက္ၿပီးအရမ္းအေလးထားတယ္(သူလည္းတစ္ထပ္တည္း အေလးထားျပတယ္) ဒါေပမယ့္
တကယ္တမ္းက မိုတိအေၾကာင္းကို သူလံုးဝဂရုမစိုက္ဘူး။မဟုတ္ရင္ သူ႔မွာေသႏိုင္တဲ့အလက္ဂ်စ္ရိွေၾကာင္းမသိဘဲေနမလား? ငါ့ဂ်ူနီယာအတန္းေဖာ္ကေျပာတယ္ မိုတိက အလက္ဂ်စ္ေၾကာင့္ ေဆးရံုတစ္ခါတက္ရၿပီး အတန္းပါတီကိုမတက္ႏိုင္ခဲ့ဘူးတဲ့။မင္းတို႔ဆိုရင္ေရာ သူက ကိုကိုးေဖ်ာ္ရည္ေသာက္ၿပီးေသသြားႏိုင္တယ္ဆိုတာကိုေတာင္ မသိဘဲနဲ႔ မင္းက သူ႔အေၾကာင္းကို ဂရုစိုက္တယ္လို႔ မင္းေျပာဦးမွာလား? ၿပီးေတာ့ မင္းကိုယ္တိုင္က ေဖ်ာ္ရည္ကိုေပးလိုက္တာေလ? အရိုးသားဆံုးေျပာရရင္ ငါေတာ့မယံုဘူး။မင္းက ဒီလူအေၾကာင္းဂရုစိုက္လို႔ျဖစ္ရင္ျဖစ္ မဟုတ္ရင္ေတာ့.... ဟားဟား"

ဤပိုစ့္တစ္ခုက ဖိုရမ္တြင္ မုန္တိုင္းတစ္ခုဖန္တီးသြား၏။

ေဒါသတႀကီး ဆဲဆိုႀကိမ္ဆဲမႈမ်ားကေနာက္ကလိုက္လာ၏။ဤရက္စက္ေသာ စကားလံုးမ်ားက ေက်ာင္းသားမ်ားဆီကဆိုသည္ကိုပင္ ေတြးၾကည့္ရန္ခဲယဉ္းလွသည္။

သို႔ေသာ္ ေအာက္ဖက္ပိုင္းတြင္ လူတစ္ခ်ိဳ႕က မွတ္ခ်က္ပိုင္ရွင္ႏွင့္ သေဘာတူလာၾက၏။ 

"ငါလည္း အဲ့တာကအဓိပၸါယ္ရိွတယ္လို႔ထင္တယ္"

"ဟုတ္တယ္! ငါကငါနဲ႔တူတူထိုင္တဲ့သူနဲ႔ ရင္းႏွီးတယ္လို႔ မေျပာႏိုင္ေပမယ့္ သူက ခ်ိစ္နဲ႔ဓာတ္မတၫ့္ကိုေတာ့ ငါသိတယ္။သူ႔ကို ဘယ္ေတာ့မွ ခ်ိစ္ေကြၽးမွာမဟုတ္ဘူး။အဲ့ေတာ့ ဒါကတကယ္ကိုပေဟဠိဆန္တယ္"

"အေပၚကလူေတြေရ ဘာေတြဟန္ေဆာင္ေနတာလဲ? စိတ္ပ်က္စရာပဲ။ငါတို႔နတ္ဘုရားမကို အပုပ္ခ်ဖို႔ မိုတိက မင္းတို႔ကိုငွားထားတာမလား!သိသာလြန္းတယ္! အမွားအမွန္မခြဲျခားႏိုင္လဲေျပာေနတယ္။မိုးႀကိဳးပစ္ခံရမွာမေၾကာက္ဘူးလား?"

"အေပၚကတစ္ေယာက္ အေပါင္း တစ္"

"???တခ်ိဳ႕လူေတြကစက္ဆုပ္စရာပဲ။ငါကမိူတိနဲ႔တစ္ခါမွေတာင္စကားမေျပာဖူးဘူး။ဘာလဲ ေျပာလို႔ေတာင္မရေတာ့ဘူးလား? ဒီကိစၥမွာ မင္းတို႔နတ္ဘုရားမက အက်ိဳးအေၾကာင္းမညီၫြတ္တာ"

"ငါေတာ့အက်ိဳးမေၾကာင္းမညီရံုတင္ပဲလို႔မထင္ဘူး။ဒီကိစၥကအနီးကပ္ၾကၫ့္ေလေလ ေၾကာက္စရာေကာင္းေလေလပဲ။မရည္ရြယ္ဘူးဆိုရင္ သူက မိုတိကိုဂရုစိုက္သလို တခ်ိန္လံုးဟန္ေဆာင္ေနတယ္ဆိုတာကိုျပတာပဲ။သရုပ္ေဆာင္တကယ္ေကာင္းတာပဲ။ဒါမွမဟုတ္ ရည္ရြယ္ခ်က္ရိွရိွတိုရင္ေတာ့ ...ပိုေတာင္ဆိုးသြားၿပီ!"

"အေပၚကတစ္ေယာက္ မင္းတို႔တစ္မိသားစုလံုးေသမွာကိုသတိထား! မိုတိရဲ့ရည္ရြယ္ခ်က္ကေအာင္ျမင္သြားၿပီထင္တယ္။အခု ငါတို႔နတ္ဘုရားမကို အမိႈက္ေတြလာတိုက္ခိုက္ေနၾကၿပီ!"

"အေပၚထက္ကလူ မင္းပါးစပ္ကအရမ္းအဆိပ္ျပင္းၿပီးပုပ္သိုးေနတာပဲ။မင္းရဲ့နတ္ဘုရားမေရာ ဒါကိုသိလား? မင္းကို လူေတြကိုလိုက္ကိုက္ဖို႔ သူကခိုင္းထားတာလား?! မင္းတို႔နတ္ဘုရားမကလုပ္ရဲၿပီး ဝန္မခံရဲဘူး"

"..."

အစရိွသျဖင့္ ပိုစ့္မ်ားက ႀကိမ္ဆဲရင္း ဆက္လက္ျငင္းခံုလ်က္ရိွ၏။တစ္ညအတြင္း အလႊာေထာင္ခ်ီေရာက္လာၿပီး ဆက္လက္ျမင့္တက္ေနဆဲပင္။

သို႔ေသာ္ ပိုစ့္၏ေနာက္ဆံုးစာမ်က္ႏွာတြင္ မိုတိႏွင့္ပိုစ့္ပိုင္ရွင္အား ေထာက္ခံသူမ်ား ပိုမ်ားျပားလာ၏။ထိုပိုစ့္မ်ားကိုေပါင္းလိုက္ပါက ပိုစ့္စုစုေပါင္း၏ ဆယ္ရာခိုင္ႏႈန္းရိွသည္။ မိုလ်ိႈေကြ့ႏွင့္သူမအားေထာက္ခံသူမ်ားကို ေမးခြန္းထုတ္သၫ့္ပိုစ့္မ်ားကိုထပ္ေပါင္းထၫ့္လိုက္သၫ့္အခါ တစ္ဆယ့္ကိုးရာခိုင္ႏႈန္းျဖစ္လာ၏။

မိုတိသည္ အားရေက်နပ္ေန၏။
အဲ့တာက .... မိုလ်ိႈေကြ့ရဲ့ 'နတ္ဘုရားမ်က္ႏွာဖံုး'မွာ အက္ကြဲေၾကာင္း ထင္လာတာပဲ။

ပိုစ့္ကိုစတင္လိုက္သူႏွင့္ ခြဲျခမ္းစိတ္ျဖာျပသူကို အမွန္တကယ္ေက်းဇူးတင္ခ်င္ေန၏။'လူတိုင္းက စဉ္းစားဉာဏ္မရိွ ရူးမိုက္စြာနဲ႔ မိုလ်ိႈေကြ့ကို ခ်စ္ၿပီး ကာကြယ္လိမ့္မယ္' ဟူေသာ ေမွာ္ဆန္သၫ့္ျဖစ္ရပ္တြင္ ခ်ိဳင့္ခြက္တစ္ခုျဖစ္ထြန္းရန္ အမႈမဲ့အမွတ္မဲ့ကူညီလိုက္သလိုပင္။

ပထမဆံုးအေနႏွင့္ ဤပိုစ့္ကိုတင္လိုက္သူအား သိခ်င္၏။ၿပီးလ်ွသ္ ဆန္းစစ္ျပသၫ့္သူ...အဲ့တာဘယ္သူလဲ?

ေက်ာင္းေသာ့ကန္ႏွင့္တျခားေက်ာင္းသားမ်ားကို ေက်ာင္းအုပ္ဟြမ္းကအျပင္းအထန္အျပစ္ေပးခ့င္းက လူတစ္ခ်ိဳ႕ကို တုန္လႈပ္သြားေစ၏။မိုလ်ိႈေကြ့၏ေရာင္ျခည္ေတာ္စက္ဝန္းကြဲအက္လာသည္ကိုေပါင္းလိုက္သၫ့္အခါ မိုတိအေနႏွင့္ ဤသို႔ေသာၿငိမ္သက္ေအးခ်မ္းသၫ့္ေန့မ်ိဳးကို ရေတာင့္ရခဲ ရရိွေန၏။

သို႔ေသာ္ ညေနခင္းေက်ာင္းဆင္းသၫ့္အခါ တည္ၿငိမ္မႈကပ်က္စီးသြား၏။

အနီေရာင္ေတာက္ေတာက္Maseratiကားကို ေက်ာင္းေပါက္ဝတြင္ ရပ္ထားၿပီး ေဘးတြင္ သူ႔၏၏အစ္ကိုေကာင္း အစ္ကိုငါးကရပ္ေန၏။‌သူသည္ ေက်ာင္းဝန္းကို ေဒါသျဖင့္စိတ္မရွည္စူးစမ္းၾကည့္ရႈ‌ေန၏။သိသာစြာပင္ မိုလ်ိႈေကြ့အတြက္လာျခင္းမဟုတ္သၫ့္အတြက္ အေၾကာင္းရင္းကတစ္ခုပဲျဖစ္ႏိုင္သည္။

မိုတိသည္ တလိပ္လိပ္တက္လာေသာ ဆိုးရြားသၫ့္စိတ္အေျခအေနကို ဖိႏိွပ္လိုက္၏။မိုဝုဟန္းကိုတစ္ခ်က္ၾကၫ့္လိုက္ၿပီး လွၫ့္ျပန္ကာ စီးဆင္းေနေသာလူအုပ္ႏွင့္အေဝးသို႔သြားလိုက္၏။ေက်ာင္းထဲသို႔ျပန္သြား၍ လမ္းၾကားမ်ားအတိုင္းလိုက္ကာ တျခားနံရံမ်ားထက္အေတာ္ေလးနိမ့္ေသာ လ်ိႈ႔ဝွက္နံရံတစ္ခုဆီသို႔ ေရာက္သည္အထိ သြားလိုက္၏။ေျခတံရွည္မ်ားကိုအသံုးျပဳ၍ လ်င္ျမန္တိက်စြာ နံရံေပၚတက္လိုက္ၿပီးေနာက္ ခုန္ခ်၏။

"အ!"
ေအာက္ဘက္မွ ေအာ္သံတစ္ခုထြက္လာ၏။

မိုတိကစစ္ေဆးၾကၫ့္လိုက္သၫ့္အခါ မ်က္ႏွာခ်င္းဆိုင္ရိွ အလယ္တန္းေက်ာင္းဝတ္စံုဝတ္ထားေသာ ေျမေပၚတြင္လဲေနသည့္ ေကာင္ေလးအားျမင္ရ၏။စိတ္ရႈပ္‌ေထြးတုန္လႈပ္ကာ ခ်က္ခ်င္းမလႈပ္ရွားႏိုင္ျဖစ္သြား၏။ 

ဒါက ကုရန္က်ူလား?!!

"ေသာက္က်ိဳးနည္း ကြၽန္ေတာ့္ကိုသတ္ခ်င္ေနတာလား?!!"
ကုရန္က်ူသည္ မ်က္ခြံပင့္လိုက္ၿပီး သူ႔အားစိုက္ၾကၫ့္ေနေသာ အမူအရာကင္းမဲ့ေနသၫ့္ အထက္တန္းေက်ာင္းသားကိုၾကၫ့္လိုက္၏။သူသည္ လူမိုက္မ်ားႏွင့္ ေစာေစာက တစ္ပြဲတစ္လမ္းႏႊဲခဲ့ၿပီး ယခု ေခါင္းဒဏ္ရာရေန၏။ေသြးထြက္ေနၿပီး မူးေဝကာ မအီမသာျဖစ္ေန၏။သတိေမ့ေတာ့မၫ့္အခ်ိန္တြင္ ရုတ္တရက္ တက္နင္းခံလိုက္ရၿပီး ေသြးအန္လုနီးပါးပင္ျဖစ္၏။

ၿပီးလ်ွင္ ဤအထက္တန္းေက်ာင္းသားက ေတာင္းပန္လိုစိတ္မရိွဘဲ ေအးစက္စြာၾကၫ့္ရံုၾကၫ့္ေန၏။
ခ်ီး! ရုပ္ေခ်ာေပမယ့္ 
ကိုယ္ခ်င္းစာတရားမရိွ အၾကင္နာေခါင္းပါးတဲ့လူျဖစ္ေနတယ္!

"ေသစမ္း! တစ္ခုခုေျပာေလ!"

မိုတိသည္ ကုရန္ကြၽင္းအား ေပါ့ေပါ့ပါးပါးၾကၫ့္၍ စကားမေျပာႏိုင္ျဖစ္ေနဆဲပင္။

အမွန္တကယ္တြင္ ကုရန္က်ူက ရန္ပြဲၿပီးသၫ့္ေနာက္ လမ္းၾကားထဲတြင္ ေမ့လဲေတာ့မလိုျဖစ္ေနၿပီး မိုလ်ိႈေကြ့ကကယ္တင္ရမည္ျဖစ္၏။ထို႔ေနာက္တြင္ နတ္သမီးမိုလ်ိႈေကြ့အေပၚ ခံစားခ်က္မ်ားတားမႏိုင္ဆီးမရျဖစ္လာ၏။ဤကုရန္က်ူသည္ စာအုပ္ထဲတြင္ အေရးပါေသာ အမ်ိဳးသားဇာတ္ပို႔တစ္ေယာက္ျဖစ္ကာ တတိယအမ်ိဳးသားဇာတ္လိုက္အျဖစ္သတ္မွတ္ႏိုင္သည္။

အဲ့လိုဆို ခုအေျခအေနကဘာႀကီးလဲ? လိပ္ျပာသက္ေရာက္မႈေၾကာင့္ မိုလ်ိႈေကြ့ျဖစ္ရမၫ့္ေနရာမွာ သူက မေတာ္တဆ အစားေရာက္လာတာလား?

ဤဇာတ္ေကာင္က႑အားမျဖၫ့္လိုေပ။

ထို႔ျပင္ သူသည္ ကုရန္က်ူအား နင္းလိုက္မိၿပီးျဖစ္သည္။နတ္သားေယာင္ေဆာင္ကာ ဒဏ္ရာႏွင့္စိတ္ကိုႏွစ္သိမ့္အားေပးမည္ဆိုလ်ွင္ေတာင္
အလုပ္ျဖစ္မၫ့္ပံုမေပၚေပ။ထို႔ထက္ပိုသည္မွာ မိုလ်ိႈေကြ့၏ 'လမ္းမွားေရာက္‌ေနတဲ့လူငယ္‌ေလးကိုတယ္တင္'သၫ့္ အမူအရာကို အတုမခိုးလိုေပ။

ကုရန္က်ူအား ခဲနဲ႔မေပါက္သည္ကပင္ အသိတရားရိွေနေသးျခင္းျဖစ္သည္။

ကုရန္က်ူ၏ေခါင္းသည္ အက္ကြံနာက်င္ေနေသာ္လည္း ယခုအခ်ိန္တြင္ ေမ့လဲေတာ့မည္မဟုတ္ေပ။အံႀကိတ္၍ အလင္းေရာင္ႏွင့္ဆန္႔က်င္လ်က္ရပ္ေနေသာ အထက္တန္းေက်ာင္းသားကိုၾကၫ့္လိုက္သည္။ေဒါသေၾကာင့္သြားႀကိမ္းလာ၏။
ဒီလူကဘာျဖစ္ေနတာလဲ။သူဒီမွာ ေခါင္းေသြးထြက္ၿပီးလဲေနတာမျမင္ဘူးလား? ဘာလို႔ဒီတိုင္းရပ္ေနတာလဲ?!! ေဆးရံုပို႔ေပးဖို႔မေျပာနဲ႔ လူနာတင္ကားေတာင္ ကူၿပီးေခၚမေပးဘူး!

ကုရန္က်ူသည္ လက္သီးဆုပ္လိုက္ေသာ္လည္း ယခုခ်ိန္သည္ စိတ္လိုက္မာန္ပါလုပ္ရမၫ့္အခ်ိန္မဟုတ္ေၾကာင္း သိေန၏။ေဒါသကိုခ်ဳပ္ထိန္း၍ ခံစားခ်က္ကိုရွင္းလင္းကာ အကူအညီေတာင္းသၫ့္စကားကို စုစည္းရန္ႀကိဳးပမ္းလိုက္၏။

ပါးစပ္ဟလိုက္ရံုပင္ရိွေသး အေရ႔ွမွလူငယ္က ထူးမျခားနားသၫ့္ ေနာက္ဆံုးအၾကၫ့္တစ္ခ်က္ေပးကာ အၾကင္နာတရားတစ္စက္မွမရိွဘဲ ထြက္ခြာသြား၏....

ထြက္သြားတယ္!

ထြက္သြားလိုက္တယ္?!!

"-ီး!"

ကုရန္က်ူသည္ အလြန္အမင္းေဒါသထြက္ေနၿပီျဖစ္၏။လမ္းၾကားေထာင့္မွ အမိႈက္ပံုးဆီသို႔ ရိွသမ်ွအားျဖင့္ တြယ္တက္လိုက္၏။စိတ္ပ်က္ရြံ႔ရွာမႈကိုထိန္းသိမ္းထားရင္း လႊင့္ပစ္ခံထားရေသာ အိတ္ကိုယူကာ ဖုန္းထုတ္၍ 120သို႔ဖုန္းေခၚလိုက္၏။

ေစာင့္ၾကၫ့္ေနလိုက္!

အဲ့ဒီေကာင္ေလးရဲ့မ်က္ႏွာကို စိတ္ထဲမွာထြင္းထုထားလိုက္ၿပီ!

واصل القراءة

ستعجبك أيضاً

2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
407K 58.1K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
376K 37.2K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်