🔥P.S.Y.C.H.O🔥

由 BeiKe4

2.8K 259 89

Unicode အစထဲက ပုံမှန်မဟုတ်တဲ့ ကျွန်​​တော့်လို လူကို အကို့အပြုံး​တွေက ပိုမိုရူးသွပ်​သွားစေခဲ့တာ. . . 💙 Zawgy... 更多

1
2
3
4
6
7
8
9
10
11
12
13
14
15

5

154 17 5
由 BeiKe4

Unicode

အ​မေတို့ဆီက ပြန်လာ​တော့ ညနေခင်း ၆ နာရီ​တောင်​ကျော်​နေပြီ..
တစ်ည​လောက်ထပ်ပြီး အိပ်ခိုင်း​နေပေမယ့်လည်း ခွင့်​ပေးထားတဲ့ရက်ထပ်ပိုပြီး​တော့ ပျက်ရင် လစာကိုပါ ထိပါးလာနိင်တာမို့လို့ ရှိတဲ့ရထားနဲ့ အမြန်ပြန်လာခဲ့ရတာ... ရထားဘူတာက တစ်ဆင့် အိမ်ကိုပြန်​ရောက်​တော့ပဲ ည ၈ နာရီထိုးသွားခဲ့ပြီ.. ခရီးပန်းလာလို့ နားချင်​ပေမယ့် ခရီး​​ဆောင်အိတ်ထဲက အဝတ်အစားတွေကလည်း အခုအချိန်မှ ပြန့်​နေ​အောင်မထားရင် နောက်နေ့ဝတ်စရာက ရှိမှာမဟုတ်တော့ဖူး....

* အား.. ပင်ပန်းတယ်ကွာ  ငါ့အလုပ်​တွေဝိုင်းကူ​ပေးမယ့် သူတစ်​ယောက်လောက်များရရင် သိပ်​ကောင်းမှာပဲ *

Knock Knock! Knock Knock !

အိမ်​ရှေ့ခန်းက တံခါး​​ခေါက်သံထင်​ပေမယ့် ထပ်မံကြားရတဲ့အသံက ကျွန်တော့် အိမ်တံခါးကို​ခေါက်​နေတယ့်ပုံစံနဲ့ တူ​နေတာ​ကြောင့် သွားဖွင့်လိုက်​တော့ အ​ပေါ် ၊ အောက် အမည်း​ရောင်ဝတ်ထားတဲ့ ကောင်​လေး ၁ ယောက် ဘေးနားမှာလည်း ခရီး​ဆောင်အိတ် တစ်လုံးနဲ့ ??? အခန်းမှားလာတာလား မသိ?

'  ဘယ်သူလဲ မသိဖူး ခင်ဗျ  ဘာကိစ္စများရှိလို့လဲ ဟင် '

ကျွန်​တော်​​မေးလိုက်​​တော့ Hoodie ခေါင်းစွပ်ကို ဖြေး​ဖြေးချင်းချွတ်​နေတာ...
ခေါင်း​​မော့လာ​တော့မှ ဒီမျက်နှာ မြင်ဖူးသလိုလိုရှိသား .... ဟင်! ရထား​ပေါ်မှာ​တွေ့ခဲ့ရတဲ့ ကောင်​လေးပဲ !

' ထပ်တွေ့ရတာဝမ်းသာပါတယ် အကို 😊 '

' ဟင်..အော်..အေး ဝမ်းသာပါတယ် '

' ကျွန်​တော့်နာမည်က Mean ပါ ကျွန်တော်က အခု အကိုနဲ့ အတူတူ​နေဖို့ရောက်လာတာပါခင်ဗျ 😊 '
' ဘာ !!! '

ဘုရား! ကျွန်​တော်နဲ့ နေဖို့​​ရောက်လာတယ်ဆိုပဲ ခရီးပန်းလို့ အိပ်ငိုက်​နေတာ​တောင် ပျောက်သွားတယ်👁👁

' 😁 ဝင်ခဲ့​တော့မယ်နော် '

' ဘာ! ဟေ့ ဘယ်ကိုဝင်လာတာ.. '

ကျွန်​တော်​ပြော​နေတာကို ဂရုမစိုက်ပဲ သူက အိမ်ထဲကိုတန်းတန်းမတ်မတ်ဝင်သွားတာ! အမယ်! သူ့အဝတ်ထုတ်​တွေကိုပါ သေချာ​နေရာချ​နေ​သေးတယ်
ဘယ်သူက သူ့ကို​နေခိုင်းမယ်​ပြော​နေလို့လဲ! တွေ့မယ်

' ဒီမှာ!  မင်းကို ငါက လာ​နေလို့ရတယ်လို့ ပြောရ​သေးလို့လား မင်းဘယ်သူမှန်းလဲ မသိဖူး ငါ့အိမ်က​ထွက်သွား​ '

' .... '

ကျွန်​တော်သူ့ကို​အော်လိုက်​တော့ ပြန်ကြည့်လာတဲ့မျက်ဝန်း​တွေက အေးစက်စက် အကြည့်တွေ​ကြောင့် လူက နည်းနည်း​တောင်လန့်သွားရတယ်.. ဒါ​ပေမယ့်လည်း..

' ဟေ့ ! ပြော​နေတာမကြားဖူးလား မင်းမသွားဖူးဆိုရင် ငါ သက်ဆိုင်ရာကိုဖုန်းဆက်ပြီးတိုင်လိုက်.. '

' အန်တီက ရတယ်လို့​ပြောလိုက်လို့ ကျွန်တော်လာ​နေတာပါ '

' .. ဘာ! ဘယ်က အန်တီလဲ '

' အကို့ အ​မေက ကျွန်​တော့်ကို အကို့အိမ်မှာသွား​နေဖို့ လွှတ်လိုက်တာပါ '
' အ​မေ ကလား ?? '

' ဟုတ် ကျွန်တော် နေလို့ရတယ် မဟုတ်လား '

' မင်း​ပြောတိုင်း ငါက ယုံရမှာလား မယုံပါဖူး ငါ ဖုန်းဆက်ကြည့်ဦးမှာ! '

' အကို့ သ​ဘောပါပဲ '
🍂🍂🍂🍂🍂

ငါ သူ့အိမ်ကို​ရောက်လာတာကို သိပ်သ​ဘောမကျတဲ့ပုံစံနဲ့ ငါ့ကိုမျက်​စောင်း​တွေထိုးပြီး ကြည့်​နေတာ... အဟက် ဘာရုပ်မှန်းကို မသိဖူး... သုအခုလို​တွေ မယုံကြည်မယ် မှန်းသိ​နေလို့ သူ​နေခဲ့တဲ့ မိဘမဲ့​ကျောင်းကို ငါက သွားခဲ့ပြီးသား .. သူ့ အ​မေကိုလည်း ငါက အရမ်းကိုဒုက္ခ​ရောက်​နေလို့ Plan နဲ့ အတူတူ​နေပြီး အလုပ်လုပ်ဖို့ ခွင့်​တောင်းခဲ့တာ... အစက​တော့ မယုံ​​ပေမယ့် ငါရဲ့ ဟန်​ဆောင်မှု​တွေကို ဘယ်သူမှ မလွန်ဆန်နိုင်ပါဖူး...😈

' hello အ​မေ လူတစ်​ယောက်ကို သားအိမ်မှာ​နေဖို့ လွှတ်လိုက်တယ်ဆို အဲ့တာဟုတ်လို့လား ဟင် '

' ... '

' အော်.. အဲ့လိုလား.. ဟုတ်ကဲ့ပါ သား သူ့ကို​ခေါ်ထားလိုက်ပါမယ် .. ဟုတ်.. ဟုတ်ကဲ့ '

ဖုန်းကို ဘေးနားက ဗီရို​လေး​ပေါ်မှာတင်ပြီး ငါ့ကိုပြန်ကြည့်လာတဲ့ မျက်လုံး​လေး​တွေက အားနာ​နေတဲ့ပုံစံ .. အခုနက ပုံစံနဲ့ တခြားစီ..

' အကို ဖုန်းဆက်​မေးပြီးပြီဆို​တော့ ကျွန်​တော့်ကို ယုံကြည်လို့ရပြီလား ခင်ဗျ '

' အေး sorry ပါကွာ ဒီ​ခေတ်ကြီးထဲ လူလိမ်​တွေကများလွန်းလို့ မင်းကို
မယုံကြည်မိသွားတယ် sorry နော် '

' ရပါတယ် အကိုကလည်း ကိစ္စမရှိပါဖူး '

' ငါလည်း ခရီးကအခုမှပြန်​ရောက်လာတာရယ်  မင်းကလည်း ချက်ခြင်းကြီး ရောက်ချလာ​တော့ ဘာမှပြင်ဆင်ချိန်မရှိဖူး  မိုးလည်း ချုပ်​​နေပြီမို့လို့ ဒီ​နေ့​တော့ ကြုံသလိုပဲ အိပ်လိုက်​တော့​နော် နောက်​နေ့မှ ငါတစ်ခုခုစီစဥ်​ပေးပါမယ် '

' ကျွန်တော်က ရပါတယ် အကို အဆင်​ပြေရင်ပြီးတာပါပဲ '

ဘေးချင်းယှဥ် တစ်ခါမှမ​နေဖူးလို့ သေချာမသိ​ပေမယ့် အခုလို ဘေးချင်းယှဥ်ရပ်​နေမိ​တော့ သူ့ အရပ်က ငါ့ရင်ခွင်နဲ့ဆို ကွက်တိပဲ... $ရမ်းလိုက်ဖက်တာ​ပေါ့..

' မင်း ညစာရော စားပြီးရဲ့လား '

' မစားရ​သေးဖူး '

' အာ..အဲ့တာဆို ခဏ​လေးနော် ငါ တခုခုလုပ်​ပေးမယ် ခဏ​စောင့်​နော် '

' ဟုတ် '

ငယ်ငယ်ထဲက ဘယ်သူ့ကိုမှ ယဥ်ယဥ်​ကျေး​ကျေး မ​ပြောဆိုတက်တဲ့ ငါလို ကောင်က သူနဲ့​တွေ့ရင်​တော့ *ဟုတ် , ကျွန်​တော် , ခင်ဗျ * ဆိုတဲ့ စကားလုံး​တွေက လုပ်ယူ​နေစရာကိုမလိုပဲ သူ့အလိုလိုနှုတ်က ထွက်မိ​နေတာမျိုး...

' ငါလည်း ခရီးက ခုနကမှပြန်​ရောက်လို့ ထမင်း​တော့မရှိဖူး ခေါက်ဆွဲပြုတ်ပဲ စားလိုက်​နော် '

' ဟုတ် '

ငါ့ရဲ့ အ​ရှေ့မှာပန်းကန်ချ ပေးပြီးတာနဲ့ သူ လုပ်စရာရှိတာ​တွေ ဆက်လုပ်​နေတာကို  ငါ တကယ်ကို သဘောမကျဖူး.. သူ့ကို ငါ့​ဘေးနားမှာပဲ အမြဲတမ်း တချိန်လုံးရှိ​နေ​စေချင်တာ.. အဲ့​တော့ ငါ တစ်ခုခု လုပ်မှဖြစ်မယ် ....

' အဟွတ် !အဟွတ် !'

' သီးကုန်တာလား ဖြေး​ဖြေး​စားမှ​ပေါ့ကွ လုစားမယ့် သူလည်း မရှိပါဖူး ရော့ ရေ​သောက်လိုက်ဦး အဆင်​ပြေရဲ့လား '

ခေါက်ဆွဲပြုတ်စား​နေရင်း သီး​နေသလို ဟန်​ဆောင်လိုက်​တော့ ဘေးနားကိုချက်ခြင်း ရေခွက်​လေး ကိုင်ပြီး​​ရောက်လာ​ပေးတဲ့သူ..  $ ရမ်း ချစ်ဖို့​ကောင်းတယ်..

'ဟုတ်ကဲ့ ကျွန်​တော် အဆင်​ပြေပါတယ် '

' အိပ်တာက ငါ့မှာလည်း ကုတင်က ၁ ခုပဲရှိတာ မင်း ကုတင်​ပေါ်အိပ်မလား ဟင် '

' ဟင့်အင်း အကိုပဲ အိပ်ပါ ကျွန်တော် ကြမ်းပြင်မှာပဲ အိပ်လိုက်မယ် '

' ရရဲ့လား '

' ရပါတယ် အရင်က​နေရတဲ့ မြေကြီးထပ်​တော့ အများကြီး သာပါတယ် '

' ... '

ငါ​ပြောတာကို သူက နား​ထောင်ရင်း ငါ့ကို ပြန်ကြည့်လာတဲ့ မျက်ဝန်း​လေး​တွေက  ငါ့ကို သနား​နေတဲ့ပုံစံ ... ငါဆိုတဲ့​​ကောင်ကို *သနားစရာ​ ကောင်းလိုက်တာ * လို့ ပြောဖို့​နေ​နေသာသာ.. အဲ့လို အကြည့်နဲ့ လာကြည့်တဲ့သူ​တွေကို​တောင် အမြဲ ပြသနာရှာ​နေကြ​ကောင်က.. သူ့ရဲ့ အခုလိုမျက်ဝန်း​လေး​တွေကို​တော့ ငါ စောက်ရမ်း တပ်မက်​နေမိတယ်...
' ကဲပါ ဘာမှမ​တွေးနဲ့ အိပ်လိုက်တော့နော် 😁😁 '

' ဟုတ် ကောင်း​သောညပါ အကို '

' အင်း.  .. မင်း​ရောပဲ '

သူရဲ့ ကုတင်​ဘေးနား​မှာ ဖျာခင်းရင်း ငါ သူအိပ်​ပျော်မယ့် အချိန်ကို​စောင့်​နေမိတယ်... သူ့ဆီက အသက်ရှူသံ ပုံမှန်​လေးကြားရ​တော့မှာ ငါကြည့်မိ​တော့ သူ တော်​တော်​လေး အိပ်​ပျော်သွားပြီပဲ..
Phone က flashlight လေးကို အ​ဝေးက​နေထွန်းရင်း သူ့ရဲ့  မျက်နှာ လေးကို ငါထိုင်ကြည့်​နေမိတယ်...

' မင်းက သိပ် လှတာပဲ အဲ့တာ​ကြောင့် ငါက စိတ်မချဖြစ်​နေရတာ သိရဲ့လား '

ပန်းနု​ရောင် သန်း​နေတဲ့ပါးပြင်​လေး​တွေကို ငါထိ​တွေချင်တယ်..
လက်ကို လှမ်းပြီး​တော့မှ ငါပြန်ပြီး ရုတ်သိမ်းလိုက်ပါတယ်..

* ကြမ်းတမ်း​နေတဲ့ လက်အစုံ​က သူ့ရဲ့ ပိုးသား​လေးလို နုနယ်လှတဲ့ မျက်နှာ​လေးကို ထိ​တွေ့ဖို့ရာ မတန်ပါဖူး.. *
TBC ●♡●

အခုတ​လော အရင်က ရေးထားတဲ့ fic လေး​တွေကိုဖတ်​ပေးကြတဲ့ က​လေး​လေး​တွေ၊ reading list ထဲထည့်​ပေးကြတဲ့ က​လေးလေး​တွေ တိုးလာတာ​တွေ့ရ​​တော့ အရမ်း ( အရမ်း ) ကို​ပျော်ပါတယ်လို့စ် 😚😚
ကျေးဇူးလည်းအများကြီးတင်ပါတယ်​နော်(◍•ᴗ•◍)✧*。

Updated တွေကြာသွားတာကိုလည်း တောင်းပန်ပါတယ်​နော် ကျွန်တော် အခုတ​လော ဘယ်လိုမှကို မအားလို့ပါ ခင်ဗျ  mini fic အ​နေနဲ့ပဲ ရေးပါ​တော့မယ်​နော်  ဖတ်ရတာအဆင်မ​ပြေဖြစ်သွားရင်​တောင်းပန်ပါတယ်ခင်ဗျ🙇🏿‍♂️

က​လေးငယ်တစ်​ယောက်ချင်းစီကိုအများကြီးချစ်​သော​​စော 💛

Zawgyi









' ဘာ !!! '


' 😁 ဝင်ခဲ့​တော့မယ်နော် '

' ဘာ! ဟေ့ ဘယ်ကိုဝင်လာတာ.. '



' .... '




' .. ဘာ! ဘယ်က အန်တီလဲ '

' အ​မေ ကလား ?? '



' အကို့ သ​ဘောပါပဲ '
🍂🍂🍂🍂🍂



' ... '










' မစားရ​သေးဖူး '


' ဟုတ် '



' ဟုတ် '


' အဟွတ် !အဟွတ် !'






' ရရဲ့လား '


' ... '



' အင်း.  .. မင်း​ရောပဲ '




TBC ●♡●




继续阅读

You'll Also Like

1K 71 7
ကျွန်တော်ရဲ့ ပထမဆုံး Fan Fic တစ်ခုဖြစ်တဲ့ အတွက် အမှားပါခဲ့ရင် တောင်းပန်အပ်ပါတယ်❣️ ဇာတ်ကောင်များကို ထိခိုက်လိုစိတ်မရှိ့ပါ❣️ ကျွန်တော်ရဲ့ ပထမဆုံး Fan F...
1.2K 71 4
ငါမင်းကိုချစ်တာပေါ့ Palm ဒါပေမယ့် အစတည်းကမင်းရဲ့ရွေးချယ်မှုက ငါမဟုတ်ခဲ့ဘူးဆိုတဲ့အတွေးကိုမေ့ထားလို့မရနိုင်ဘူး....တကယ်ချစ်ရင်ပိုင်ဆိုင်ရမှဆိုတာမျိုးဘယ်...
1K 177 16
အဲ့စွာတေးကိုဘယ်လိုချစ်မိသွားမှန်းကိုမသိ ~Off~ အဖိုးရီး ကအဲ့လိုကျ သိပ်ချစ်ဖို့ကောင်းတာ ~gun~ ဝက်ဝံပေါက်ကြောင့်ရင်တွေခုန်နေပြီ ...
1.1M 48.9K 95
Maddison Sloan starts her residency at Seattle Grace Hospital and runs into old faces and new friends. "Ugh, men are idiots." OC x OC