လမ်းခွဲကြပြီးနောက်
Part 1
Anniversary
"ဒါက...."
ထူးဆန်းသလို၊အံ့သြသလို...တစ်ခုခုကိုနားမလည်ဟန်နှင့် သူမရှေ့တွင်ထိုင်နေသော ထိုလူသားသည် သူမဆီမှ တစ်စုံတစ်ရာဖြေရှင်းချက်ကို စောင့်စားနေဟန်။
"ကွာရှင်းစာချုပ်ပါ ဦး"
အတတ်နိုင်ဆုံး သူမလေသံကို တည်ငြိမ်အောင် ထိန်းလျက်...
"ဘာလို့လဲ "
ဒီမေးခွန်းကို ခင်ဗျားမေးစရာလိုသေးသလား သူမ မေးလိုက်ချင်သည်။
"ကျွန်မတို့လက်ထပ်ခဲ့တာ ဒီနေ့၁နှစ်ပြည့်ပြီလေ...ဖွားဖွားပေးထားတဲအချိန် ပြည့်ပြီ..."
သူမ ရှေ့ဆက်ဖို့ စကားတွေ ထစ်အချင်နေသည်။ သို့သော် မပြောမပြီး ပြောမှဖြစ်မည့် အခြေနေမှာ...
"ပြီးတော့ ဖွားဖွားမျှော်လင့်သလိုအခြေနေမျိုး ကျွန်မတို့ဖြစ်မလာခဲ့ဘူးလေ...ဒီတော့..."
"အဲ့တော့ မင်းကလမ်းခွဲချင်တယ်ပေါ့ သီရိမေ"
ထိုလူသားရှေ့တွင် ခေါင်းငုံ့လျက်...
မဖြစ်ဘူး သီရိမေ...နင်ကဒီပွဲမှာ အရင်ဆုံးနှုတ်ထွက်ပေမယ့် နင်သာ အောင်နိုင်သူမို့ ခေါင်းကိုမော့ထား...
"ဟုတ်ပါတယ် "
"နစ်နာကြေးအနေနဲ့ကရော..."
သြရှသည့် ထိုလူသား၏အသံ။
"ဖွားဖွားသိမ်းခဲ့တဲ့ ကျွန်မရဲ့ဆိုင်ကိုပြန်လိုချင်တယ် ။ပြီးတော့ Sunshine Company က share10%"
များသွားလား...ကျွန်မများစွာနစ်နာခဲ့ရတယ်။ တစ်ချို့ပြောပြမရတဲ့အကြောင်းပြချက်တွေအတွက်...
ကျွန်မ တောင်းမှဖြစ်မယ်။
"လိုသေးလား။ကား...ကလောက မင်းကြိုက်တယ်ဆိုတဲ့ စံအိမ်။ဒါမှမဟုတ် ငါ့လုပ်ငန်းစုက လုပ်ငန်းတစ်ခုခု။ဘာကျန်သေးလဲ ပြောပါ အားမနာနဲ့...ငါနဲ့နေခဲ့ရတဲ့ မင်းရဲ့တစ်နှစ်တာအချိန်အတွက်..."
ရက်ရောခြင်းတွေလား...ထွက်သွားရမယ့်သူတစ်ယောက်အတွက် ဝမ်းသာခြင်းလက်ဆောင်လား။ တော်ပါ ဒီအကြင်နာတရားခေါင်းပါးလိုက်တဲ့လူသား။
"နောက်ထပ်ဘာမှမလိုပါဘူး"
"Okayလေ ဖွားဖွား လာရင်ငါအကုန်ရှင်းပြလိုက်မယ်...
ဒါနဲ့...မင်းက ဘယ်နေ့ပြောင်းမှာလဲ"
"အခု"
အိမ်ပေါက်ဝက အထုပ်အပိုးတွေဆီ ငေးကြည့်ရင်း သူမ အဖြေက ပြတ်သားစွာ။ နံရံပေါ်က တချက်ချက်မြည်နေတဲ့ နာရီလက်တံက ၈နာရီ...။ ထိုအမျိုးသားသည် မျက်ခုံးကိုပင့်လျက် အနည်းငယ် စဉ်းစားဟန်ပြုပြီးမှ...
"မနက်ဖြန်မှသွားပါ ညကြီးမင်းကြီး ဒီအချိန်မှ မိန်းကလေးတစ်ယောက်ထဲမပြန်ပါနဲ့။ အထုပ်တွေအပိုးတွေရော..."
အချိန်မရှိတော့ဘူးဆိုကာမှ ကောင်းပြနေပုံက...မလိုအပ်ဘူး နေပါစေ။
"ရပါတယ် ကျွန်မ...."
"ငါက ခဏနေအပြင်သွားမှာ မင်းအတွက်အနှောက်ယှက်မဖြစ်ဘူး။တစ်ဆိတ် မင်းခင်ပွန်းရဲ့ နောက်ဆုံးတောင်းဆိုချက်ဆိုပြီး လက်ခံမပေးနိုင်ဘူးလား သီရိမေ"
ပြောရင်းဆိုရင်း ကားသော့ကိုယူထွက်သွားပြီဖြစ်တဲ့ ထိုလူသား၏ နောက်ကျောကိုသာ ငေးလျက်...
"အခုတော့ ခင်ဗျားစောင့်နေတဲ့နေကိုရောက်လာပြီပေါ့ ...ဦစိုင်းနေရောင်"
တဖြေးဖြေးဝေးသွားပြီဖြစ်တဲ့ ကားသံဟာ နောက်ဆုံး လုံးဝပျောက်ကွယ်သွားပြီးတတ်ဆိတ်ခြင်းများသာ ကြီးစိုးလာလျက်...
"ဖွားဖွား...ဖွားဖွား က သမီးမလိုချင်တဲ့လက်ဆောင်ကို ပေးခဲ့တယ်နော်။ အခု ဖွားဖွား ရဲ့လက်ဆောင်ကို ပြန်ပေးခဲ့ပြီအဖွားရေ ...လက်ဆောင်ဆိုတာ ထိုက်မှရတာမျိုးပါ သမီးဆီမပျော်တဲ့ လက်ဆောင်ကို သိမ်းမထားချင်ဘူးလေ...ခံစားချက်ရှိတဲ့လက်ဆောင်မျိုး နောက်ထပ်လက်မခံချင်တော့ဘူး...အဖွား"
မနှစ်က ဒီလိုနေ့မျိုးပေါ့ May25...
သူမတို့ လက်ထပ်စာချုပ်မှာ လက်မှတ်ရေးထိုးခဲ့တာ...
ဒီနေ့ May25...
မင်္ဂလာနှစ်ပတ်လည်နေ့ ကွာရှင်းစာချုပ်မှာ ကျွန်မလက်မှတ်ရေးထိုးခဲ့ရပြန်ပြီ...ဘာလို့ ဒီနေ့မှ ဖြစ်နေရတာလဲ...ဘဝကြီးက ဆန်းကြယ်လိုက်တာ...။
"လမ်းခွဲကြပြီဆိုမှတော့ ပြန်မတွေ့ကြစတမ်းပဲနှုတ်ဆက်ကြတာပေါ့..."
#PoMoNyeinAye (Lily)
ZawGyi
လမ္းခြဲၾကၿပီးေနာက္
Part 1
Anniversary
"ဒါက...."
ထူးဆန္းသလို၊အံ့ၾသသလို...တစ္ခုခုကိုနားမလည္ဟန္ႏွင့္ သူမေရွ႕တြင္ထိုင္ေနေသာ ထိုလူသားသည္ သူမဆီမွ တစ္စုံတစ္ရာေျဖရွင္းခ်က္ကို ေစာင့္စားေနဟန္။
"ကြာရွင္းစာခ်ဳပ္ပါ ဦး"
အတတ္နိုင္ဆုံး သူမေလသံကို တည္ၿငိမ္ေအာင္ ထိန္းလ်က္...
"ဘာလို႔လဲ "
ဒီေမးခြန္းကို ခင္ဗ်ားေမးစရာလိုေသးသလား သူမ ေမးလိုက္ခ်င္သည္။
"ကြၽန္မတို႔လက္ထပ္ခဲ့တာ ဒီေန႕၁ႏွစ္ျပည့္ၿပီေလ...ဖြားဖြားေပးထားတဲအခ်ိန္ ျပည့္ၿပီ..."
သူမ ေရွ႕ဆက္ဖို႔ စကားေတြ ထစ္အခ်င္ေနသည္။ သို႔ေသာ္ မေျပာမၿပီး ေျပာမွျဖစ္မည့္ အေျခေနမွာ...
"ၿပီးေတာ့ ဖြားဖြားေမွ်ာ္လင့္သလိုအေျခေနမ်ိဳး ကြၽန္မတို႔ျဖစ္မလာခဲ့ဘူးေလ...ဒီေတာ့..."
"အဲ့ေတာ့ မင္းကလမ္းခြဲခ်င္တယ္ေပါ့ သီရိေမ"
ထိုလူသားေရွ႕တြင္ ေခါင္းငုံ႕လ်က္...
မျဖစ္ဘူး သီရိေမ...နင္ကဒီပြဲမွာ အရင္ဆုံးႏႈတ္ထြက္ေပမယ့္ နင္သာ ေအာင္နိုင္သူမို႔ ေခါင္းကိုေမာ့ထား...
"ဟုတ္ပါတယ္ "
"နစ္နာေၾကးအေနနဲ႕ကေရာ..."
ၾသရွသည့္ ထိုလူသား၏အသံ။
"ဖြားဖြားသိမ္းခဲ့တဲ့ ကြၽန္မရဲ႕ဆိုင္ကိုျပန္လိုခ်င္တယ္ ။ၿပီးေတာ့ Sunshine Company က share10%"
မ်ားသြားလား...ကြၽန္မမ်ားစြာနစ္နာခဲ့ရတယ္။ တစ္ခ်ိဳ႕ေျပာျပမရတဲ့အေၾကာင္းျပခ်က္ေတြအတြက္...
ကြၽန္မ ေတာင္းမွျဖစ္မယ္။
"လိုေသးလား။ကား...ကေလာက မင္းႀကိဳက္တယ္ဆိုတဲ့ စံအိမ္။ဒါမွမဟုတ္ ငါ့လုပ္ငန္းစုက လုပ္ငန္းတစ္ခုခု။ဘာက်န္ေသးလဲ ေျပာပါ အားမနာနဲ႕...ငါနဲ႕ေနခဲ့ရတဲ့ မင္းရဲ႕တစ္ႏွစ္တာအခ်ိန္အတြက္..."
ရက္ေရာျခင္းေတြလား...ထြက္သြားရမယ့္သူတစ္ေယာက္အတြက္ ဝမ္းသာျခင္းလက္ေဆာင္လား။ ေတာ္ပါ ဒီအၾကင္နာတရားေခါင္းပါးလိုက္တဲ့လူသား။
"ေနာက္ထပ္ဘာမွမလိုပါဘူး"
"Okayေလ ဖြားဖြား လာရင္ငါအကုန္ရွင္းျပလိုက္မယ္...
ဒါနဲ႕...မင္းက ဘယ္ေန႕ေျပာင္းမွာလဲ"
"အခု"
အိမ္ေပါက္ဝက အထုပ္အပိုးေတြဆီ ေငးၾကည့္ရင္း သူမ အေျဖက ျပတ္သားစြာ။ နံရံေပၚက တခ်က္ခ်က္ျမည္ေနတဲ့ နာရီလက္တံက ၈နာရီ...။ ထိုအမ်ိဳးသားသည္ မ်က္ခုံးကိုပင့္လ်က္ အနည္းငယ္ စဥ္းစားဟန္ျပဳၿပီးမွ...
"မနက္ျဖန္မွသြားပါ ညႀကီးမင္းႀကီး ဒီအခ်ိန္မွ မိန္းကေလးတစ္ေယာက္ထဲမျပန္ပါနဲ႕။ အထုပ္ေတြအပိုးေတြေရာ..."
အခ်ိန္မရွိေတာ့ဘူးဆိုကာမွ ေကာင္းျပေနပုံက...မလိုအပ္ဘူး ေနပါေစ။
"ရပါတယ္ ကြၽန္မ...."
"ငါက ခဏေနအျပင္သြားမွာ မင္းအတြက္အႏွောက္ယွက္မျဖစ္ဘူး။တစ္ဆိတ္ မင္းခင္ပြန္းရဲ႕ ေနာက္ဆုံးေတာင္းဆိုခ်က္ဆိုၿပီး လက္ခံမေပးနိုင္ဘူးလား သီရိေမ"
ေျပာရင္းဆိုရင္း ကားေသာ့ကိုယူထြက္သြားၿပီျဖစ္တဲ့ ထိုလူသား၏ ေနာက္ေက်ာကိုသာ ေငးလ်က္...
"အခုေတာ့ ခင္ဗ်ားေစာင့္ေနတဲ့ေနကိုေရာက္လာၿပီေပါ့ ...ဦစိုင္းေနေရာင္"
တေျဖးေျဖးေဝးသြားၿပီျဖစ္တဲ့ ကားသံဟာ ေနာက္ဆုံး လုံးဝေပ်ာက္ကြယ္သြားၿပီးတတ္ဆိတ္ျခင္းမ်ားသာ ႀကီးစိုးလာလ်က္...
"ဖြားဖြား...ဖြားဖြား က သမီးမလိုခ်င္တဲ့လက္ေဆာင္ကို ေပးခဲ့တယ္ေနာ္။ အခု ဖြားဖြား ရဲ႕လက္ေဆာင္ကို ျပန္ေပးခဲ့ၿပီအဖြားေရ ...လက္ေဆာင္ဆိုတာ ထိုက္မွရတာမ်ိဳးပါ သမီးဆီမေပ်ာ္တဲ့ လက္ေဆာင္ကို သိမ္းမထားခ်င္ဘူးေလ...ခံစားခ်က္ရွိတဲ့လက္ေဆာင္မ်ိဳး ေနာက္ထပ္လက္မခံခ်င္ေတာ့ဘူး...အဖြား"
မႏွစ္က ဒီလိုေန႕မ်ိဳးေပါ့ May25...
သူမတို႔ လက္ထပ္စာခ်ဳပ္မွာ လက္မွတ္ေရးထိုးခဲ့တာ...
ဒီေန႕ May25...
မဂၤလာႏွစ္ပတ္လည္ေန႕ ကြာရွင္းစာခ်ဳပ္မွာ ကြၽန္မလက္မွတ္ေရးထိုးခဲ့ရျပန္ၿပီ...ဘာလို႔ ဒီေန႕မွ ျဖစ္ေနရတာလဲ...ဘဝႀကီးက ဆန္းၾကယ္လိုက္တာ...။
"လမ္းခြဲၾကၿပီဆိုမွေတာ့ ျပန္မေတြ႕ၾကစတမ္းပဲႏႈတ္ဆက္ၾကတာေပါ့..."
#PoMoNyeinAye (Lily)