Selenophile || NoMin

נכתב על ידי Dayeon_Park

32.2K 3.3K 156

(n.) a person who loves the moon || Completed || עוד

Volery
Trouvaille
Laconic
Redamancy
Sundreesoro
Herzschmerz
Ephialtes
Lacuna
Busticate
Feuillemorte
selcouth
dystychiphobia
Lastimando
Serendipity
Gunnen
Acrasia
La Douler Exquise
Tacenda
Absquatulate
Selenophile ( 𝓯𝓲𝓷𝓪𝓵 )
ကျေးဇူးတင်လွှာ
Eternal

Raison d'être

5.2K 221 11
נכתב על ידי Dayeon_Park

Raison d'être
(n.) the most important reason for someone's existence.
- တစ်စုံတစ်ယောက်ရဲ့ ဖြစ်တည်မှုအတွက် အရေးအပါဆုံး အကြောင်းပြချက် ။

.......................

" Uncle J ! "

" Violet .. ရောက်ပြီလား "

ဆယ့်ငါးနှစ်အရွယ် ကလေးမလေးက ခြံထဲမှာ စာထိုင်ဖတ်နေတဲ့ သူ့ဆီကို ‌လာပြီး ဘေးနားမှာ လာ၀င်ထိုင်သည် ။

" ပြောပါဦး .. သင်္ချာအမှတ်က ဘယ်လိုနေလဲ "

" 100ရခဲ့တယ် ။ မာမီ့ကို ပြောပြီး ဒီကိုအပြေးလာခဲ့တာ ။ Uncle J သင်ပေးတာ တော်လို့ပါ "

" စာလုပ်တဲ့သူလည်း တော်လို့ပါဗျာ "

သူက အဲ့လိုပြောတော့ Violetက ရယ်တယ် ။
ဒီနေရာကို စပြောင်းလာတုန်းက Violetက ခြောက်နှစ် ။
အချိန်တွေက ဆယ်နှစ်တောင် ကြာခဲ့ပြီ ။

" Uncle J "

" ဟင် "

တစ်ခုခု တွေးတော့မလို့ ပြင်နေတုန်း ခေါ်လာသံကြောင့် သူလှည့်ကြည့်မိသည် ။ တစ်ခုခုကို စူးစမ်း သိချင်ဟန်တွေက ဆယ့်ငါးနှစ် သမီးရဲ့ မျက်လုံးထဲမှာ အပြည့် ။
သူ ပြုံးမိသွားတယ် ထင်သည် ။

" မနေ့က Uncle J ပြောတဲ့ raison d'être ရဲ့ အဓိပ္ပာယ်ကို ရှင်းပြဦး .. ပြီးတော့ Uncle Jက အဲ့တာနဲ့ ပတ်သက်ပြီး ပြောပြစရာလည်း ရှိတယ်ဆို "

" မှတ်မိနေတာပဲ "

" မနေ့တည်းက သိချင်နေတာ Uncle Jကမှ မအားတာ "

" raison d'être , the most important reason for someone's existence. 'တစ်စုံတစ်ယောက်ရဲ့ ဖြစ်တည်မှုအတွက် အရေးအပါဆုံး အကြောင်းပြချက်' ပေါ့ ။ အကြောင်းပြချက် မရှိနေနိုင်ဘူးလို့ ထင်နိုင်ပေမယ့် ကြီးလာတဲ့အခါ သိလိမ့်မယ် ။ အသက်ရှင်နေနိုင်ဖို့ လူတွေက အကြောင်းပြချက် တစ်ခုခုကို မြဲမြဲဆုပ်ကိုင်ထားနေကြရတဲ့အကြောင်း .. "

Violetက အကြာကြီး ငြိမ်နေပြီးမှ အဓိပ္ပာယ်လေးကို ပြန်ပြီး ရေရွတ်ကြည့်သည် ။ ကလေးမရဲ့ မျက်၀န်းတွေက သိချင်တာ တစ်ခုကို သိလိုက်ရတော့ ကျေနပ်သွားဟန် ရှိပေမယ့် ပိုပြီး သိချင်လာတာကို သူမြင်နေရသည်လေ ..။

" တစ်စုံတစ်ယောက် ဆက်ပြီး အသက်ရှင်နေဖို့ အရေးကြီးတဲ့ အကြောင်းပြချက်ဆိုတာမျိုးလား .. "

" အင်း .. အဲ့လိုမျိုး "

" အဲ့တာနဲ့ ပတ်သက်ပြီး ပြောပြမယ် ဆိုတာကရော ? "

" ဇာတ်လမ်းလေး တစ်ပုဒ်ပေါ့ .. အဲ့ဒီတုန်းက .. "

...............................

အဲ့ဒီတုန်းက ချစ်ခြင်းမေတ္တာဟာ အရောင်ညစ်ညစ်တွေနဲ့ နွမ်းနယ်ခဲ့တဲ့ အကြောင်း ..။

" Jaemin "

Hoodieအမည်းရောင်ကို ခေါင်းစွပ်ပါ စွပ်ထားပြီး အပေါ်ကနေ Jean Coatတစ်ထည်ကို ထပ်စွပ်ထားတဲ့ အဲ့ဒီကောင်လေးက သူ့ကို ခေါ်လိုက်တဲ့ ကောင်လေးကို တစ်ချက်ပဲ လှည့်ကြည့်ပြီး မကြားလိုက်သလို ရှေ့တည့်တည့်ကို ပြန်လှည့်သွားသည် ။

တစ်ချက်လေးတောင် မျက်နှာ မပျက်သွားတဲ့ ကောင်လေးက ဒီအတိုင်း သူ့နောက်ကနေ ပြေးလိုက်လို့ ..။

" မကြားချင်ယောင် ဆောင်ပြန်ပြီ မင်း "

" အကြောင်း မရှိဘဲ လာတာဆို ပြန်လိုက်တော့ စိတ်အခြေအနေ မကောင်းနေဘူး "

လက်ရှည်နှစ်ထပ်နဲ့ ဖုံးကွယ်ထားတဲ့ အောက်မှာက လူမမြင်နိုင်တဲ့ ဒဏ်ရာတွေ ..။

" Jaemin .. "

" Lee Jeno ကျေးဇူးပြုပြီး တစ်ရက်လောက် ငါ့ကို လိုက်မကပ်ဘဲနေလို့ မရဘူးလား ? "

" ငါက ဒီအတိုင်း မင်းပျော်အောင် .. "

" မင်းနဲ့ အတူရှိလို့ ငါပျော်နေမယ်ဆို ငါမင်းကို ငါ့နားကနေ နှင်ထုတ်မနေဘူး "

" ဒါပေမယ့် .. "

စကားပြောနေရင်း တန်းလန်းကို နားမထောင်ဘဲ နားကြပ်ကို ကောက်တပ်လိုက်သည်က ပုံမှန်‌ဖြစ်နေကျ အရာလို ..။

// ဟန်နီက သူ့အ‌ပေါ် သိပ်ဆိုးတာပဲ .. အဲ့ဒီလို //

ဟန်နီ ...
သူတစ်ဦးတစ်ယောက်က လွဲရင် ဘယ်သူမှ မသိတဲ့
အဲ့ဒီကောင်လေးကို သူပေးထားတဲ့ နာမည်လေး ။

အဲ့ဒီကောင်လေးကသာ သိရင် ထပ်ပြီး စိတ်ပျက်ပြဦးမှာ ..။

Jenoက ခေါင်းကို ငိုက်စိုက်ချလိုက်ရင်း သူ့မျက်နှာကို ပြင်သည် .. ပြန်မော့လာတဲ့အချိန်မှာ ပုံမှန်အတိုင်း အပြုံးတစ်ခုက ချိတ်ထားပြန်ပြီ ။

" ညနေကျရင် Mark Hyungက ‌ဘတ်စကတ်ဘော ဆော့ကြမလို့တဲ့ မင်းရော လိုက်မယ်မလား .. "

" ... "

" Jaemin .. "

" ... "

သူ့နားကြပ်ကို ဆွဲဖြုတ်တော့ တောက် တစ်‌ချက် ခေါက်လိုက်တဲ့ Jaeminက ဒေါသထွက်စပြုနေသည့် မျက်လုံးသေတွေနှင့် Jenoကို ကြည့်သည် ။

" ငါ ပြောထားတယ်နော် .. မင်းကို .. အဲ့လို "

" Mark Hyungက ညနေ ‌ဘတ်စကတ်ဆော့မလို့ဆိုပြီး ခေါ်ထားတဲ့ အကြောင်း ပြောမလို့ "

ထပ်ပြီး နာကျင်စရာ စကားတွေ ထွက်မလာခင် Jenoက မြန်မြန်ပဲ စကားဖြတ်ပြောလိုက်သည် ။

ဒေါသထွက်နေတဲ့ Jaeminဟာ ဘာကြောင့် အဲ့လောက် ကြည့်ကောင်းမှန်း သူမသိ ။

" မလိုက်ဘူး "

" ဒါပေမယ့် Mark Hyungက .. "

" အဟက် .. Mark Hyungမဟုတ်ဘူး .. မင်းက "

ဆင်ခြေတစ်ခု ပေးလိုက်မလို့ ပြင်ပေမယ့် လှောင်ရယ်သံနဲ့အတူ ကြိုပြီး သိနေတဲ့ Jaeminကြောင့် သူထပ်ပြီးပဲ ပြုံးပြမိလိုက်သည် ။

" လိုက်လာခဲ့ပါ Jaeminရာ "

" မလာချင်ဘူး .. အိမ်ပြန်ပြီး အိပ်မှာ "

" Jaemin Na "

" Jeno Lee .. ငါ့ဘ၀ကို ငါ့ဆုံးဖြတ်ချက်နဲ့ ငါ့ဘာသာ နေခွင့်ပေး ။ အရာအားလုံး မင်း သဘောအတိုင်း ဖြစ်မလာနိုင်ဘူး ။ ၀င်ပြီး စွက်ဖက်မနေနဲ့ ။ မင်းနဲ့ ငါက ဘာမှမဆိုင်ဘူး "

Jaemin ပြန်ပြောလိုက်တဲ့ စကားကြောင့် Jenoက ရပ်ပြီး ကျန်နေခဲ့သည် ။

// မင်းနဲ့ ငါက ဘာမှမဆိုင်ဘူး ..
မင်းနဲ့ ငါက ဘာမှမဆိုင်ဘူး ..
မင်းနဲ့ ငါက ဘာမှမဆိုင်ဘူး .. //

ထပ်ခါတလဲလဲ သူ့စိတ်ထဲမှာ ရွတ်နေမိတဲ့ စကားက ဂါထာတစ်ခုလို ..။

သူ ရယ်ချမိလိုက်သည် ။
တင်းလာတဲ့ စိတ်ကို လျှော့ချရင်း အရူးတစ်ယောက်လို ရယ်ချလိုက်မိသည် ။

ငိုချင်စရာ ကောင်းမနေတဲ့ ငိုချင်စရာ ဇာတ်လမ်း ။
သူက ထင်သလောက်တော့ ပျော့ညံ့မနေခဲ့ ။

သူသဘောကျတဲ့သူအတွက် သူက ကပ်ပါးတစ်ကောင်လို သဘောထားစရာ ဖြစ်နေရင်တောင် နောက်ဆုတ်ဖို့ စိတ်ကူးမရှိတဲ့ အတွေးတွေက သူ့ကို နက်အောင် သတ်နေခဲ့ပြီးပြီ ။

သူကပဲ သဘောကျနေရင် ပြီးပြီ .. ဘာတွေများ ထပ်လိုဦးမလဲ ဆိုပေမယ့် ခက်ခက်ထန်ထန် စကားတွေအောက်မှာ သေခဲ့ရပေါင်းလည်း များပါပြီ ။

ခဏခဏ ဖြစ်လာလွန်းလို့ ထင်သည် .. စိတ်ထဲမှာ ဒဏ်ရာလေးတောင် ဖြစ်မလာတော့သလို ။
ဟန်ဆောင်ပြီး ပြုံးရယ်နေတတ်ခဲ့တာလည်း ကြာပြီ ။

မျက်နှာ မပျက်အောင် ထိန်းရတာက ခက်တဲ့အကြောင်း မပြောပြမိဖို့ ထိန်းရဦးမည် ။
အဆိုးအဆာလေးက နာကျင်အောင် လုပ်ရတာကို သိပ်သဘောကျတတ်တဲ့သူ မဟုတ်လားလေ ။

တကယ်တော့ Jenoနဲ့ Jaeminက သူငယ်ချင်းလို့ မခေါ်နိုင်လောက်တဲ့ သူငယ်ချင်းတွေ ဖြစ်သည် ။
အဖေနှစ်ယောက်ကိုက သူငယ်ချင်းတွေ ဖြစ်နေခဲ့သည်မို့ ငယ်ငယ်လေးတည်းက သူတို့က သူငယ်ချင်း ဖြစ်ခဲ့ရသည် ။

ညီအစ်ကိုလို နေလာရင်း Jenoက Jaeminကို စသဘောကျလာခဲ့သည်ကနေ အရာအားလုံး စတင်ခဲ့သည် ထင်သည် ။

စပြီး ဖွင့်ပြောတဲ့နေ့က အကြာကြီး လှောင်ရယ်ခဲ့တာကို Jenoက အပြစ်မမြင် ။
သဘောတကျတောင် ကြည့်နေခဲ့သေးသည် ။

အဲ့ဒီနောက်ပိုင်း Jaeminက Jenoသိခဲ့တဲ့ Jaeminမဟုတ်တော့ ..။
သူနဲ့ဆို မပြုံးမရယ်တော့ဘဲ အမြဲလိုလို ဒေါသထွက် မုန်းတီးနေတဲ့ Jaeminကို မြင်လာရသည် ။

ဒါတောင် သူကတော့ဖြင့် အပြစ်မမြင်နိုင် ..။
ရူးသည်ပဲ ဆိုဆို Jaeminကို ပျော်နေစေချင်သည် ။

သူ့ကို နင်းချေနေရရင်ပဲ ဖြစ်ဖြစ် .. သူ့ကို ဒေါသထွက်နေရရင်ပဲဖြစ်ဖြစ် .. အဲ့ဒီကောင်လေး အဆင်ပြေမယ်ဆို သူ့အတွက် ဘာမှ မလိုတော့ ။

သူကတော့ နာကျင်ရရင်ပဲ ဖြစ်ဖြစ် .. ပျော်နေရရင်ပဲဖြစ်ဖြစ် .. ဟန်ဆောင်ပြီးလည်း ပြုံးတတ်နေခဲ့ပြီ ။
မနာကျင်သည့်ပုံလည်း ဖမ်းတတ်ခဲ့ပြီးပြီ ။

ဖြစ်နိုင်ရင်တော့ အချိန်တွေကို နောက်ပြန်လှည့်ချင်သေးသည် ။
Jaeminကို သူသဘောကျကြောင်း မပြောရသေးခင် ၊ သူတို့အတူတူ ပျော်ရွှင်ခဲ့တဲ့အချိန်တွေဆီ ပြန်လှည့်ကြည့်ချင်သေးသည် ။

ဒါပေမယ့် သိသွားပြီးတာကလည်း တစ်မျိုးကောင်းသည်လို့ တွေးရင်း ‌ဘုနဲ့ဘောက်စကားတွေကို သဘောကျနှစ်ခြိုက်ခဲ့လာရသည် ။

လူတစ်ယောက်ကို ချစ်မြတ်နိုးဖို့က ခဲယဥ်းသည် ။
ကိုယ်မြတ်နိုးသည့်သူက အမုန်းတရားတွေ ပြန်ပေးတဲ့အခါ ပိုတောင် ခဲယဉ်းသေးသည် ။
မနာကျင်နိုင်တာ‌မဟုတ်ဘဲ နာကျင်နိုင်တဲ့အကြောင်းတွေကို ဖုံးကွယ်ထားရတာ ပင်ပန်းလာသည့် ရက်တွေလည်း ရှိသည် ။

အမှတ်တရတွေက တကယ်ပဲ အမှတ်တရ ဆိုတဲ့နေရာမှာ နေခဲ့တော့မှာများလားလို့ တွေးရင်း ပူလောင်လာခဲ့ရတာလည်းများပြီ ။

ဒါပေမယ့် ဒီအတိုင်း Na Jaeminကို ချစ်နေဖို့ တစ်ခုတည်းနဲ့ သူရှင်သန်လာမိခဲ့ဟန် တူသည် ။
ခက်ခဲ‌ပင်ပန်းလည်း .. ဒီတစ်ယောက်အတွက် သူတည်ရှိနေခဲ့တာမျိုး ဖြစ်မည် ။

" Jaemin Na .. မင်းက ဆိုးလိုက်တာ တကယ်ပဲ .. "

.............................

ရူးရပါတယ် ဟန်နီ ..
ချစ်ခြင်းမေတ္တာဟာ မင်းပါလို့ ပြောတဲ့အခါ
မင်းပေးလိုက်တဲ့ လှောင်ပြုံးတွေကြောင့်ပဲဖြစ်ဖြစ်
ငါ့မှာ မင်းကို ရူးရပါတယ် ။ ။

.............................

အဟေးဟေး Introပါ !
တစ်ခါမှ မရေးဖူးတဲ့ပုံ ဖြစ်မယ့်အတွက် ထောက်စရာတွေ အများကြီး ရှိလာမှာမို့ ဘာမှမစဉ်းစားဘဲ အမှားပြင် ထောက်ပြပေးကြပါဦး ❤️

( ZawGyi )

Raison d'tre
(n.) the most important reason for someone's existence.
- တစ္စုံတစ္ေယာက္ရဲ႕ ျဖစ္တည္မႈအတြက္ အေရးအပါဆုံး အေၾကာင္းျပခ်က္ ။

.......................

" Uncle J ! "

" Violet .. ေရာက္ၿပီလား "

ဆယ့္ငါးႏွစ္အ႐ြယ္ ကေလးမေလးက ၿခံထဲမွာ စာထိုင္ဖတ္ေနတဲ့ သူ႕ဆီကို လာၿပီး ေဘးနားမွာ လာ၀င္ထိုင္သည္ ။

" ေျပာပါဦး .. သခၤ်ာအမွတ္က ဘယ္လိုေနလဲ "

" 100ရခဲ့တယ္ ။ မာမီ့ကို ေျပာၿပီး ဒီကိုအေျပးလာခဲ့တာ ။ Uncle J သင္ေပးတာ ေတာ္လို႔ပါ "

" စာလုပ္တဲ့သူလည္း ေတာ္လို႔ပါဗ်ာ "

သူက အဲ့လိုေျပာေတာ့ Violetက ရယ္တယ္ ။
ဒီေနရာကို စေျပာင္းလာတုန္းက Violetက ေျခာက္ႏွစ္ ။
အခ်ိန္ေတြက ဆယ္ႏွစ္ေတာင္ ၾကာခဲ့ၿပီ ။

" Uncle J "

" ဟင္ "

တစ္ခုခု ေတြးေတာ့မလို႔ ျပင္ေနတုန္း ေခၚလာသံေၾကာင့္ သူလွည့္ၾကည့္မိသည္ ။ တစ္ခုခုကို စူးစမ္း သိခ်င္ဟန္ေတြက ဆယ့္ငါးႏွစ္ သမီးရဲ႕ မ်က္လုံးထဲမွာ အျပည့္ ။
သူ ၿပဳံးမိသြားတယ္ ထင္သည္ ။

" မေန႕က Uncle J ေျပာတဲ့ raison d'tre ရဲ႕ အဓိပၸာယ္ကို ရွင္းျပဦး .. ၿပီးေတာ့ Uncle Jက အဲ့တာနဲ႕ ပတ္သက္ၿပီး ေျပာျပစရာလည္း ရွိတယ္ဆို "

" မွတ္မိေနတာပဲ "

" မေန႕တည္းက သိခ်င္ေနတာ Uncle Jကမွ မအားတာ "

" raison d'tre , the most important reason for someone's existence. 'တစ္စုံတစ္ေယာက္ရဲ႕ ျဖစ္တည္မႈအတြက္ အေရးအပါဆုံး အေၾကာင္းျပခ်က္' ေပါ့ ။ အေၾကာင္းျပခ်က္ မရွိေနနိုင္ဘူးလို႔ ထင္နိုင္ေပမယ့္ ႀကီးလာတဲ့အခါ သိလိမ့္မယ္ ။ အသက္ရွင္ေနနိုင္ဖို႔ လူေတြက အေၾကာင္းျပခ်က္ တစ္ခုခုကို ၿမဲၿမဲဆုပ္ကိုင္ထားေနၾကရတဲ့အေၾကာင္း .. "

Violetက အၾကာႀကီး ၿငိမ္ေနၿပီးမွ အဓိပၸာယ္ေလးကို ျပန္ၿပီး ေရ႐ြတ္ၾကည့္သည္ ။ ကေလးမရဲ႕ မ်က္၀န္းေတြက သိခ်င္တာ တစ္ခုကို သိလိုက္ရေတာ့ ေက်နပ္သြားဟန္ ရွိေပမယ့္ ပိုၿပီး သိခ်င္လာတာကို သူျမင္ေနရသည္ေလ ..။

" တစ္စုံတစ္ေယာက္ ဆက္ၿပီး အသက္ရွင္ေနဖို႔ အေရးႀကီးတဲ့ အေၾကာင္းျပခ်က္ဆိုတာမ်ိဳးလား .. "

" အင္း .. အဲ့လိုမ်ိဳး "

" အဲ့တာနဲ႕ ပတ္သက္ၿပီး ေျပာျပမယ္ ဆိုတာကေရာ ? "

" ဇာတ္လမ္းေလး တစ္ပုဒ္ေပါ့ .. အဲ့ဒီတုန္းက .. "

...............................

အဲ့ဒီတုန္းက ခ်စ္ျခင္းေမတၱာဟာ အေရာင္ညစ္ညစ္ေတြနဲ႕ ႏြမ္းနယ္ခဲ့တဲ့ အေၾကာင္း ..။

" Jaemin "

Hoodieအမည္းေရာင္ကို ေခါင္းစြပ္ပါ စြပ္ထားၿပီး အေပၚကေန Jean Coatတစ္ထည္ကို ထပ္စြပ္ထားတဲ့ အဲ့ဒီေကာင္ေလးက သူ႕ကို ေခၚလိုက္တဲ့ ေကာင္ေလးကို တစ္ခ်က္ပဲ လွည့္ၾကည့္ၿပီး မၾကားလိုက္သလို ေရွ႕တည့္တည့္ကို ျပန္လွည့္သြားသည္ ။

တစ္ခ်က္ေလးေတာင္ မ်က္ႏွာ မပ်က္သြားတဲ့ ေကာင္ေလးက ဒီအတိုင္း သူ႕ေနာက္ကေန ေျပးလိုက္လို႔ ..။

" မၾကားခ်င္ေယာင္ ေဆာင္ျပန္ၿပီ မင္း "

" အေၾကာင္း မရွိဘဲ လာတာဆို ျပန္လိုက္ေတာ့ စိတ္အေျခအေန မေကာင္းေနဘူး "

လက္ရွည္ႏွစ္ထပ္နဲ႕ ဖုံးကြယ္ထားတဲ့ ေအာက္မွာက လူမျမင္နိုင္တဲ့ ဒဏ္ရာေတြ ..။

" Jaemin .. "

" Lee Jeno ေက်းဇူးျပဳၿပီး တစ္ရက္ေလာက္ ငါ့ကို လိုက္မကပ္ဘဲေနလို႔ မရဘူးလား ? "

" ငါက ဒီအတိုင္း မင္းေပ်ာ္ေအာင္ .. "

" မင္းနဲ႕ အတူရွိလို႔ ငါေပ်ာ္ေနမယ္ဆို ငါမင္းကို ငါ့နားကေန ႏွင္ထုတ္မေနဘူး "

" ဒါေပမယ့္ .. "

စကားေျပာေနရင္း တန္းလန္းကို နားမေထာင္ဘဲ နားၾကပ္ကို ေကာက္တပ္လိုက္သည္က ပုံမွန္ျဖစ္ေနက် အရာလို ..။

// ဟန္နီက သူ႕အေပၚ သိပ္ဆိုးတာပဲ .. အဲ့ဒီလို //

ဟန္နီ ...
သူတစ္ဦးတစ္ေယာက္က လြဲရင္ ဘယ္သူမွ မသိတဲ့
အဲ့ဒီေကာင္ေလးကို သူေပးထားတဲ့ နာမည္ေလး ။

အဲ့ဒီေကာင္ေလးကသာ သိရင္ ထပ္ၿပီး စိတ္ပ်က္ျပဦးမွာ ..။

Jenoက ေခါင္းကို ငိုက္စိုက္ခ်လိဳက္ရင္း သူ႕မ်က္ႏွာကို ျပင္သည္ .. ျပန္ေမာ့လာတဲ့အခ်ိန္မွာ ပုံမွန္အတိုင္း အၿပဳံးတစ္ခုက ခ်ိတ္ထားျပန္ၿပီ ။

" ညေနက်ရင္ Mark Hyungက ဘတ္စကတ္ေဘာ ေဆာ့ၾကမလို႔တဲ့ မင္းေရာ လိုက္မယ္မလား .. "

" ... "

" Jaemin .. "

" ... "

သူ႕နားၾကပ္ကို ဆြဲျဖဳတ္ေတာ့ ေတာက္ တစ္ခ်က္ ေခါက္လိုက္တဲ့ Jaeminက ေဒါသထြက္စျပဳေနသည့္ မ်က္လုံးေသေတြႏွင့္ Jenoကို ၾကည့္သည္ ။

" ငါ ေျပာထားတယ္ေနာ္ .. မင္းကို .. အဲ့လို "

" Mark Hyungက ညေန ဘတ္စကတ္ေဆာ့မလို႔ဆိုၿပီး ေခၚထားတဲ့ အေၾကာင္း ေျပာမလို႔ "

ထပ္ၿပီး နာက်င္စရာ စကားေတြ ထြက္မလာခင္ Jenoက ျမန္ျမန္ပဲ စကားျဖတ္ေျပာလိုက္သည္ ။

ေဒါသထြက္ေနတဲ့ Jaeminဟာ ဘာေၾကာင့္ အဲ့ေလာက္ ၾကည့္ေကာင္းမွန္း သူမသိ ။

" မလိုက္ဘူး "

" ဒါေပမယ့္ Mark Hyungက .. "

" အဟက္ .. Mark Hyungမဟုတ္ဘူး .. မင္းက "

ဆင္ေျခတစ္ခု ေပးလိုက္မလို႔ ျပင္ေပမယ့္ ေလွာင္ရယ္သံနဲ႕အတူ ႀကိဳၿပီး သိေနတဲ့ Jaeminေၾကာင့္ သူထပ္ၿပီးပဲ ၿပဳံးျပမိလိုက္သည္ ။

" လိုက္လာခဲ့ပါ Jaeminရာ "

" မလာခ်င္ဘူး .. အိမ္ျပန္ၿပီး အိပ္မွာ "

" Jaemin Na "

" Jeno Lee .. ငါ့ဘ၀ကို ငါ့ဆုံးျဖတ္ခ်က္နဲ႕ ငါ့ဘာသာ ေနခြင့္ေပး ။ အရာအားလုံး မင္း သေဘာအတိုင္း ျဖစ္မလာနိုင္ဘူး ။ ၀င်ပြီး စြက္ဖက္မေနနဲ႕ ။ မင္းနဲ႕ ငါက ဘာမွမဆိုင္ဘူး "

Jaemin ျပန္ေျပာလိုက္တဲ့ စကားေၾကာင့္ Jenoက ရပ္ၿပီး က်န္ေနခဲ့သည္ ။

// မင္းနဲ႕ ငါက ဘာမွမဆိုင္ဘူး ..
မင္းနဲ႕ ငါက ဘာမွမဆိုင္ဘူး ..
မင္းနဲ႕ ငါက ဘာမွမဆိုင္ဘူး .. //

ထပ္ခါတလဲလဲ သူ႕စိတ္ထဲမွာ ႐ြတ္ေနမိတဲ့ စကားက ဂါထာတစ္ခုလို ..။

သူ ရယ္ခ်မိလိုက္သည္ ။
တင္းလာတဲ့ စိတ္ကို ေလွ်ာ့ခ်ရင္း အ႐ူးတစ္ေယာက္လို ရယ္ခ်လိဳက္မိသည္ ။

ငိုခ်င္စရာ ေကာင္းမေနတဲ့ ငိုခ်င္စရာ ဇာတ္လမ္း ။
သူက ထင္သေလာက္ေတာ့ ေပ်ာ့ညံ့မေနခဲ့ ။

သူသေဘာက်တဲ့သူအတြက္ သူက ကပ္ပါးတစ္ေကာင္လို သေဘာထားစရာ ျဖစ္ေနရင္ေတာင္ ေနာက္ဆုတ္ဖို႔ စိတ္ကူးမရွိတဲ့ အေတြးေတြက သူ႕ကို နက္ေအာင္ သတ္ေနခဲ့ၿပီးၿပီ ။

သူကပဲ သေဘာက်ေနရင္ ၿပီးၿပီ .. ဘာေတြမ်ား ထပ္လိုဦးမလဲ ဆိုေပမယ့္ ခက္ခက္ထန္ထန္ စကားေတြေအာက္မွာ ေသခဲ့ရေပါင္းလည္း မ်ားပါၿပီ ။

ခဏခဏ ျဖစ္လာလြန္းလို႔ ထင္သည္ .. စိတ္ထဲမွာ ဒဏ္ရာေလးေတာင္ ျဖစ္မလာေတာ့သလို ။
ဟန္ေဆာင္ၿပီး ၿပဳံးရယ္ေနတတ္ခဲ့တာလည္း ၾကာၿပီ ။

မ်က္ႏွာ မပ်က္ေအာင္ ထိန္းရတာက ခက္တဲ့အေၾကာင္း မေျပာျပမိဖို႔ ထိန္းရဦးမည္ ။
အဆိုးအဆာေလးက နာက်င္ေအာင္ လုပ္ရတာကို သိပ္သေဘာက်တတ္တဲ့သူ မဟုတ္လားေလ ။

တကယ္ေတာ့ Jenoနဲ႕ Jaeminက သူငယ္ခ်င္းလို႔ မေခၚနိုင္ေလာက္တဲ့ သူငယ္ခ်င္းေတြ ျဖစ္သည္ ။
အေဖႏွစ္ေယာက္ကိုက သူငယ္ခ်င္းေတြ ျဖစ္ေနခဲ့သည္မို႔ ငယ္ငယ္ေလးတည္းက သူတို႔က သူငယ္ခ်င္း ျဖစ္ခဲ့ရသည္ ။

ညီအစ္ကိုလို ေနလာရင္း Jenoက Jaeminကို စသေဘာက်လာခဲ့သည္ကေန အရာအားလုံး စတင္ခဲ့သည္ ထင္သည္ ။

စၿပီး ဖြင့္ေျပာတဲ့ေန႕က အၾကာႀကီး ေလွာင္ရယ္ခဲ့တာကို Jenoက အျပစ္မျမင္ ။
သေဘာတက်ေတာင္ ၾကည့္ေနခဲ့ေသးသည္ ။

အဲ့ဒီေနာက္ပိုင္း Jaeminက Jenoသိခဲ့တဲ့ Jaeminမဟုတ္ေတာ့ ..။
သူနဲ႕ဆို မၿပဳံးမရယ္ေတာ့ဘဲ အၿမဲလိုလို ေဒါသထြက္ မုန္းတီးေနတဲ့ Jaeminကို ျမင္လာရသည္ ။

ဒါေတာင္ သူကေတာ့ျဖင့္ အျပစ္မျမင္နိုင္ ..။
႐ူးသည္ပဲ ဆိုဆို Jaeminကို ေပ်ာ္ေနေစခ်င္သည္ ။

သူ႕ကို နင္းေခ်ေနရရင္ပဲ ျဖစ္ျဖစ္ .. သူ႕ကို ေဒါသထြက္ေနရရင္ပဲျဖစ္ျဖစ္ .. အဲ့ဒီေကာင္ေလး အဆင္ေျပမယ္ဆို သူ႕အတြက္ ဘာမွ မလိုေတာ့ ။

သူကေတာ့ နာက်င္ရရင္ပဲ ျဖစ္ျဖစ္ .. ေပ်ာ္ေနရရင္ပဲျဖစ္ျဖစ္ .. ဟန္ေဆာင္ၿပီးလည္း ၿပဳံးတတ္ေနခဲ့ၿပီ ။
မနာက်င္သည့္ပုံလည္း ဖမ္းတတ္ခဲ့ၿပီးၿပီ ။

ျဖစ္နိုင္ရင္ေတာ့ အခ်ိန္ေတြကို ေနာက္ျပန္လွည့္ခ်င္ေသးသည္ ။
Jaeminကို သူသေဘာက်ေၾကာင္း မေျပာရေသးခင္ ၊ သူတို႔အတူတူ ေပ်ာ္႐ႊင္ခဲ့တဲ့အခ်ိန္ေတြဆီ ျပန္လွည့္ၾကည့္ခ်င္ေသးသည္ ။

ဒါေပမယ့္ သိသြားၿပီးတာကလည္း တစ္မ်ိဳးေကာင္းသည္လို႔ ေတြးရင္း ဘုနဲ႕ေဘာက္စကားေတြကို သေဘာက်ႏွစ္ၿခိဳက္ခဲ့လာရသည္ ။

လူတစ္ေယာက္ကို ခ်စ္ျမတ္နိုးဖို႔က ခဲယဥ္းသည္ ။
ကိုယ္ျမတ္နိုးသည့္သူက အမုန္းတရားေတြ ျပန္ေပးတဲ့အခါ ပိုေတာင္ ခဲယဥ္းေသးသည္ ။
မနာက်င္နိုင္တာမဟုတ္ဘဲ နာက်င္နိုင္တဲ့အေၾကာင္းေတြကို ဖုံးကြယ္ထားရတာ ပင္ပန္းလာသည့္ ရက္ေတြလည္း ရွိသည္ ။

အမွတ္တရေတြက တကယ္ပဲ အမွတ္တရ ဆိုတဲ့ေနရာမွာ ေနခဲ့ေတာ့မွာမ်ားလားလို႔ ေတြးရင္း ပူေလာင္လာခဲ့ရတာလည္းမ်ားၿပီ ။

ဒါေပမယ့္ ဒီအတိုင္း Na Jaeminကို ခ်စ္ေနဖို႔ တစ္ခုတည္းနဲ႕ သူရွင္သန္လာမိခဲ့ဟန္ တူသည္ ။
ခက္ခဲပင္ပန္းလည္း .. ဒီတစ္ေယာက္အတြက္ သူတည္ရွိေနခဲ့တာမ်ိဳး ျဖစ္မည္ ။

" Jaemin Na .. မင္းက ဆိုးလိုက္တာ တကယ္ပဲ .. "

.............................

႐ူးရပါတယ္ ဟန္နီ ..
ခ်စ္ျခင္းေမတၱာဟာ မင္းပါလို႔ ေျပာတဲ့အခါ
မင္းေပးလိုက္တဲ့ ေလွာင္ၿပဳံးေတြေၾကာင့္ပဲျဖစ္ျဖစ္
ငါ့မွာ မင္းကို ႐ူးရပါတယ္ ။ ။

.............................

အေဟးေဟး Introပါ !
တစ္ခါမွ မေရးဖူးတဲ့ပုံ ျဖစ္မယ့္အတြက္ ေထာက္စရာေတြ အမ်ားႀကီး ရွိလာမွာမို႔ ဘာမွမစဥ္းစားဘဲ အမွားျပင္ ေထာက္ျပေပးၾကပါဦး

המשך קריאה

You'll Also Like

8.9K 938 21
Jaemin | Renjun JaemRen | RenMin | JaemJun | RenJaem *Zawgyi & Unicode version available*
5.4K 94 8
Queen Bridget Tudor is the youngest daughter of Henry VII and Elizabeth Of York, born in 1502. Named for her mother's sister. She becomes Queen of F...
2.2M 115K 64
↳ ❝ [ INSANITY ] ❞ ━ yandere alastor x fem! reader ┕ 𝐈𝐧 𝐰𝐡𝐢𝐜𝐡, (y/n) dies and for some strange reason, reincarnates as a ...
573K 12.8K 40
In wich a one night stand turns out to be a lot more than that.