🔥P.S.Y.C.H.O🔥

由 BeiKe4

2.8K 259 89

Unicode အစထဲက ပုံမှန်မဟုတ်တဲ့ ကျွန်​​တော့်လို လူကို အကို့အပြုံး​တွေက ပိုမိုရူးသွပ်​သွားစေခဲ့တာ. . . 💙 Zawgy... 更多

1
2
4
5
6
7
8
9
10
11
12
13
14
15

3

206 20 14
由 BeiKe4

Unicode

၃ လိပ်​မြောက် ဆေးလိပ်ကုန်သွားတဲ့အချိန်မှာ ဖုန်းကနာရီကိုကြည့်မိ​​တော့ ၉ နာရီခွဲ​နေပြီ.. ပုံမှန်​နေ့​တွေထက် ဒီ​နေ့တော့သူတော်​တော် နောက်ကျ​နေတာပဲ..
အလုပ်မသွားတာလား? ဘာများဖြစ်လို့လဲ ??

ငါဆိုတဲ့ကောင်က ဘယ်အရာကိုမဆိုစောင့်ရတာကို စိတ်ရှည်တဲ့လူစားမျိုးမဟုတ်​ပေမယ့် ဒီ အ​သေး​​လေး​နောက်ကို လိုက်ဖို့ကို​​တော့ ငါ့အတွက်စိတ်မရှည်တာ​တွေ ၊ သူ့​နောက်ကို တချိန်လုံးနီးပါးလိုက်​နေရလို့ ပျင်းစရာ​ကောင်းတဲ့ ခံစားချက်​​တွေ ငါ့ဆီမှာမရှိခဲ့ဖူး..

ဘယ်လိုအ​ကြောင်း​ကြောင့်လဲ​တော့ ငါမသိ​ပေမယ့် သူ့ကို​ငေးကြည့်​နေရရင်ကို ငါ့အတွက်က စိတ်ကျေနပ်စရာ​ကောင်း​နေတာ..ဒီ​နေ့အပါအဝင်ဆိုရင် သူ့​နောက်ကို ငါလိုက်​နေမိတာ ၂ ပတ်​​လောက်ရှိပြီ.
မနက်ခင်း သူအလုပ်လုပ်တဲ့ ဆိုင်ကိုသွားတဲ့အချိန်ကစပြီး​တော့ ညဘက်သူအိမ်ပြန်တဲ့အချိန်ထိ ငါက သူ့အနီးအနားမှာရှိ​နေခဲ့​ပေမယ့် သူက​တော့ ငါ့ကို ရှိမှန်းတောင် သိမယ် မထင်ပါဖူး.. ပုံစံ​လေးကိုက အမြဲတမ်းအူ​ကြောင်ကြား​လေး..

' ဦး​လေး​ရေ သားရဲ့အိမ်​ကို တချက်​လောက်ကြည့်ထား​ပေးပါဦး​နော် '

သူ့အသံကြားလို့လှမ်းကြည့်လိုက်မိတဲ့ တစ်ခဏမှာ ငါ့​ခေါင်းထဲက လက်စအ​တွေး​တွေ အကုန်ရပ်တန့်သွားတယ်. ထပ်​​​သောက်ဖို့ထုတ်ထားတဲ့ ဆေးလိပ်​တောင်လက်က​နေလွတ်ချသွား​အောင် သူပုံစံ​လေးက
*$ရမ်းကိုချစ်စရာ​ကောင်း​နေတာ*

' သား ညကြရင်ပြန်လာခဲ့မှာလား '

' ပြန်မလာ​တော့ဖူး မ​ရောက်တာကြာပြီဆို​တော့ အဲ့သည်မှာပဲ အိပ်လိုက်​တော့မယ်😁 နောက်ပြီးတော့ ဆိုင်ကလည်း ၂  ရက်ခွင့်ပေးထား​တော့ ရောက်တုန်း​ရောက်ခိုက် နေလိုက်ဦးမယ်ရယ် '

' အေးပါ ဂရုစိုက်သွားဦး​နော် '
' ဟုတ်ကဲ့ပါ ခင်ဗျ '

စကား​ပြောရင် ဘာလို့ လူတကာကိုအပြုံးချိုချို​လေးနဲ့​ပြော​နေရတာလဲ..ဒီ​​လောက်ချစ်စရာ​​ကောင်းလွန်းတဲ့ အပြုံး​လေးကိုမြင်ရတဲသူတိုင်းက ငေး​​မော​နေတာက $ ရမ်း $မြင်ကတ်ဖို့​ကောင်းတယ်..
စက်ဘီးနဲ့သွားမယ်ထင်လို့ ငါလည်း အိမ်ကစက်ဘီးယူလာခဲ့​ပေမယ့် သူက လမ်းမ ဘက်ကိုတန်းပြီးထွက်သွားတယ်..ဘာလဲဟ ကားဌားသွားမှာလား??

' ဦး​လေး​ရေ Paradise က​လေးပစ္စည်း​​ရောင်းတဲ့ဆိုင်ကို​မောင်း​ပေးပါ​နော် '

သူသွားမယ့်​နေရာကိုကြားလိုက်ရတာမို့ လမ်းကြား​တွေ ၊ ဖြတ်လမ်း​တွေက​နေသွားပြီး ဆိုင်​ရှေ့နားမှာသူ့ကိုသွား​စောင့်​နေမိတယ်. ခဏကြာ​တော့မှ သူ့ taxi ကားက ရောက်လာခဲ့တယ်.. ဆိုင်ထဲကိုတန်းဝင်သွားပြီး က​လေးအရုပ်​လေး​တွေကို သေ​သေချာချာကို​ရွေး​နေပြန်​သေးတာ..

' လူကဖြင့် ဒီအသက်အရွယ်​ရောက်​နေပြီ က​လေးကစားစရာ​တွေကို ဘာလုပ်ဖို့ဝယ်​နေမှန်း မသိဖူး '

ပြန်ထွက်လာ​တော့လည်း အရုပ်ထုပ်​တွေကိုကိုင်ရင်းမျက်နှာ​လေးကပြုံး​နေပြန်ပြီ.. လောကမှာ သူ့လိုတချိန်လုံးရယ်​မော​နေတဲ့သူရှိမှာမဟုတ်တာ​တော့ အ​သေအချာပဲ!

ရှေ့နားက ရထားဘူတာရုံထဲကိုဝင်ပြီးလက်မှတ်ဝယ်​နေတာ​တွေ့​တော့ ငါလည်း သူစီးရမယ့် ရထားနဲ့အတူတူလတ်မှတ်လိုက်ဝယ်မိတယ်.. ဘယ်များသွားမလို့လဲ မသိဖူး.???
ရထားလာ​တော့လည်း သူ့ခန္ဓာကိုယ်ပိစိ​လေးနဲ့ လူ​တွေကြားထဲတိုး​ဝှေ့ပြီး တက်​နေရရှာတာ.. ငါကသူ့​အ​ရှေ့က​နေပြီး.သူ့လက်ကိုဆွဲလိုက်​တော့ ပြူး​ကြောင်ပြီး ငါ့ကိုလာကြည့်​နေ​သေးလို့..
' အခုလိုတက်​နေပုံနဲ့ ဘယ်ရထားမှမှီမှာမဟုတ်ဖူး! '

' အာ.😅 ကျေးဇူးပါပဲ​နော်😁 '

' အေး. '

နေရာလွတ်ကိုလိုက်ရှာပြီး သူ့ကိုထိုင်ခိုင်းလိုက်ရ​​တော့ ငါ့ရင်ထဲမှာနည်းနည်း​တော့ ကျေနပ်မိသွားတယ်.. သူက အခုငါ့​အ​ရှေ့မှာထိုင်​နေတာဆို​တော့ အမြဲတမ်းအ​ဝေးကပဲ ငေးကြည့်ရတဲ့သူ့မျက်နှာ​လေးကို အ​ပေါ်က​နေ အနီးကပ်
ကြည့်ဖို့အခွင့်အ​ရေးရသွားတာ​ပေါ့...

' ဟို ကျေးဇူးပါပဲ​နော် '

' မလိုပါဖူး '

' ဒါနဲ့​လေ ကျွန်​တော်တို့​တွေ့ဖူးလားဟင် မျက်နှာက တ​နေရာရာမှာ ရင်းနှီး​နေသလိုပဲရယ် '

သူ အဲ့လို​ပြောလာ​တော့ ငါ့စိတ်ထဲမှာနည်းနည်းတော့လန့်သွားမိတယ်..ငါသူ့​နောက်က​လိုက်​နေတာကို သူသတိထားမိသွားတာလား..

' စိတ်ထင်လို့​နေမှာပါ ကျွန်​တော်က​တော့ အခုမှမြင်ဖူးတာ '

* ကျွန်​တော် * တဲ့..အခု ငါက ငါ့ကိုယ်ငါ * ကျွန်​တော်* လို့​သုံးလိုက်တယ်တဲ့လား..

' ဟုတ်မှာပါ ကျွန်တော် စိတ်ထင်တာပဲ​နေမှာရယ်😁 '

' အင်း.. '

' ဒါနဲ့ ဘယ်ဘူတာမှာဆင်းမှာလဲ '

' ဗျာ ကျွန်​တော်က ရှေ့ ၅ ဘူတာ​လောက်ဆိုရင်​ရောက်ပြီ ဘာလို့လဲဟင်
ညောင်း​နေပြီလား ကျွန်​တော့်​နေရာမှာ ထိုင်မလားဟင် '

' မဟုတ်ပါဖူး ဒီအတိုင်းပါပဲ ကျွန်​တော် ဆင်းရ​တော့မှာမို့လို့ သွားပါ​တော့မယ်​နော် '

' အော်..ဟုတ်.ဟုတ် '

ဆင်းသွား​တော့မှ သတိရတယ် Planရယ်..ကိုယ့်ကို ကူညီ​ပေးတဲ့သူရဲ့ နာမည်လေး​တောင် မ​မေးမိလိုက်ဖူး😶

🍂🍂🍂🍂🍂

ဘူတာကဆင်းပြီး​တော့ သူသွားတဲ့​နောက်က​နေ​တောက်​လျှောက်ငါလိုက်လာမိ​တော့ သူခြံလေးတစ်ခုထဲကိုဝင်သွားတာကိုမြင်လိုက်ရ​တော့ အဲ့ခြံရဲ့ဆိုင်းဘုတ်​ကြောင့် ငါ့​ခြေလှမ်း​တွေရပ်တန့်သွားတယ်..  *သုခရိပ် * မိဘမဲ့​ကျောင်းတဲ့
သူက ဘာလို့ဒီ​ကျောင်းထဲဝင်သွားရတာလဲ ?

' အ​မေ! '

' သား မ​တွေ့တာ​တောင်ကြာလှပြီကွယ် '

' သား အလုပ်တွေများ​နေလို့ပါ ဒါ​ပေမယ့် အ​မေတို့ကို အများကြီးသတိ​တွေရ​နေတာ '

' သား အဆင်​​ပြေတယ်​နေတယ် ဆိုရင်ပဲရတာပြီ '

' အငယ်​လေး​တွေ​ရော .. '

' နေ့လည်ခင်း အိပ်ချိန်​ရောက်ပြီ​လေ သားရဲ့  အကုန်အိပ်​နေကြတယ် ည​နေမှ​တွေ့​တော့​နော် သားလည်း နားလိုက်ဦး အ​မေ အခန်းကိုပြန်ရှင်းထား​ပေးတယ် '

' ဟုတ် 😁 '

အ​မေ? အငယ်​လေး​တွေ? ဘာ​တွေလဲ ! သူနဲ့က​ရော ဘာ​တွေ​တော်စပ်​နေတာလဲ??

'  အကို ဘာကိစ္စရှိလို့လဲ ခင်ဗျ '

ခြံနားက​နေ အထဲကို​ငေးကြည့်​နေတုန်း​ဘေးနားက​နေ ထွက်လာတဲ့​ကောင်​လေး တစ်​ယောက်! လူ​တွေက ငါ့ကိုဆို​တွေ့တာနဲ့ မေးမြန်းစစ်​ဆေးဖို့ပဲ တွေး​နေကြတာ..စိတ်ကုန်စရာ​ကောင်းလိုက်တာ...

' မင်းက​ရော ဘယ်သူမို့လို့လဲ '

' ဗျာ ? ကျွန်တော်က ဒီ​ကျောင်းရဲ့ ခြံ​စောင့်ပါ ခင်ဗျ ဘာဖြစ်လို့လဲ မသိဖူး '

' အော်..ဘာမှမဖြစ်ပါဖူး မင်း Plan ကို သိလား '

' သိတာ​ပေါ့ဗျ ကျွန်​တော်တို့ရဲ့ အကိုကြီးပဲကို '

' အကိုကြီးတဲ့လား ဘာလို့ သူကိုအကိုလို့​​ခေါ်တာလဲ '

' ဒီ မိဘမဲ့​ကျောင်းက က​လေး​တွေအားလုံးထဲမှာ သူက အသက်အကြီးဆုံးမို့လို့​လေ '

' သူက..သူက မိဘမဲ့လား '

' အင်း ဟုတ်တယ် '

' ဟေ့ ဘာလုပ်​နေတာလဲ '

' ဗျာ ဒီမှာဧည့်သည်​ရောက်​နေလို့ '

' ဘယ်သူမှလည်း မရှိပဲနဲ့. '

' ခုနကပဲ ရှိ. . . '

' ကဲ ထား​တော့ လာ အကိုမုန့်​တွေအများကြီးဝယ်လာတယ် လာစားချည် '

' ဟုတ်.. လာပြီ လာပြီ '

ဒီလိုအချိန်တိုင်း အမြဲတမ်းပြုံး​ပျော်​နေတဲ့ သူက မိဘမဲ့တစ်​ယောက်တဲ့လား...
ဒီ​နေ့​တော့ ငါ့အ​တွေး​တွေထဲမှာ သူက ပုံမှန်​နေ့​တွေထပ်ပိုပြီး​တော့ နေရာယူစိုးမိုးလို့ နေခဲ့ပါတယ်

TBC..

စာမကျက်ချင်လို့ Ficရေးလိုက်ပါတယ်
ဖတ်ရတာ အဆင်မ​ပြေဖြစ်သွားရင်​တောင်းပန်ပါတယ်နော်🙇‍♂️🙇‍♂️🙇‍♂️
အခုအပိုင်းအထိက Mani Character 2 ယောက်ရဲ့အ​ကြောင်း မိတ်ဆက်တဲ့အ​နေနဲ့​ရေးထားတာပါ​နော်😄

ဒါ​လေးက ကျွန်​တော့် account ပါခင်ဗျ
Profile က ကျွန်​တော့်အမျိုးသား ( Levi ) ပုံနဲ့ပါ😗😗

Fic တွေဘာ​တွေ မ up ဖြစ်ရင် အတိတ်တချိန်က​ရေးခဲ့တဲ့ မ​ကောင်းမကန်း ficလေး​တွေကို ဖတ်ချင်လည်း ဖတ်လို့ရပါတယ် လို့စ်
မဖတ်ချင်လည်း က​လေးငယ်တို့ သ​ဘောပါပဲ ခင်ဗျ😁😁😁

Zawgyi








' ဟုတ်ကဲ့ပါ ခင်ဗျ '







' အာ.😅 ကျေးဇူးပါပဲ​နော်😁 '

' အေး. '


' ဟို ကျေးဇူးပါပဲ​နော် '

' မလိုပါဖူး '






' အင်း.. '




' အော်..ဟုတ်.ဟုတ် '


🍂🍂🍂🍂🍂


' အ​မေ! '




' အငယ်​လေး​တွေ​ရော .. '


' ဟုတ် 😁 '










' သူက..သူက မိဘမဲ့လား '

' အင်း ဟုတ်တယ် '

' ဟေ့ ဘာလုပ်​နေတာလဲ '



' ခုနကပဲ ရှိ. . . '


' ဟုတ်.. လာပြီ လာပြီ '


TBC..




继续阅读

You'll Also Like

873K 40.6K 61
Taehyung is appointed as a personal slave of Jungkook the true blood alpha prince of blue moon kingdom. Taehyung is an omega and the former prince...
1M 54.8K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...
1.2K 72 4
ငါမင်းကိုချစ်တာပေါ့ Palm ဒါပေမယ့် အစတည်းကမင်းရဲ့ရွေးချယ်မှုက ငါမဟုတ်ခဲ့ဘူးဆိုတဲ့အတွေးကိုမေ့ထားလို့မရနိုင်ဘူး....တကယ်ချစ်ရင်ပိုင်ဆိုင်ရမှဆိုတာမျိုးဘယ်...