[Zawgyi]
ဆိုဖာေနာက္မွီေပၚ ေျခေထာက္တင္ထားရင္း ရိေပၚေက်ာက ဆိုဖာေပၚ ပက္လက္လွဲရက္သား။ အေနအထားေၾကာင့္ ျမင္ေနရတဲ့ တစ္ေလာကလံုးက ေဇာက္ထိုးေတြၾကည့္ပဲ။
ေဇာက္ထိုးျဖစ္မေနတာဆိုလို႔ ရိေပၚအေတြးထဲက မွဲ႔နက္ကေလးနဲ႔ ယုန္သြားေလးပဲရွိတယ္။ အမွန္ပဲ။ ရိေပၚရဲ႕ နွလံုးသားက တတိတိနဲ႔ ယုန္အကိုက္ခံေနရတယ္။
" ေဟ့ေကာင္ ရိေပၚ ... မင္းအဲ့လိုလုပ္ေနတာၾကာၿပီေနာ္ ... ဘာျဖစ္ေနတာလဲ "
က်န္းယန္ရဲ႕အေမးကို ျပန္မေျဖမိေသးပဲ ရိေပၚ ပါးေတြေဖာင္းတက္ေနေအာင္ ေလပူေတြ မႈတ္ထုတ္လိုက္တယ္။ ေဇာက္ထိုးအေနအထားကို အျပင္မိပဲ ဒီအတိုင္းထိုင္ေနမိတုန္းပဲ။
" ရိေပၚ သားႀကီး "
" ဘာတုန္းကြာ "
စုန္႔ယြီကပါ ေခၚလာတာေၾကာင့္ ရိေပၚလဲ ဆိုဖာေနာက္မွီေပၚ တင္ထားတဲ့ ေျခေထာက္ကို ေအာက္ျပန္ခ်ၿပီး တည့္တည့္ထိုင္ရေတာ့တယ္။ ဒါေတာင္ ေက်ာရိုးမရွိတဲ့ သတၱဝါလို ခါးကိုေအာက္ေလ်ာၿပီး ပ်င္းတိပ်င္း႐ြဲနဲ႔။
" မင္းဘယ္လိုေတြျဖစ္ "
" ဒါက မင္းပံုစံမဟုတ္ဘူး "
စုန္႔ယြီနဲ႔ က်န္းယန္ရဲ႕အေျပာကို ေရွာင္ပင္းက ဝင္မေျပာေပမယ့္ ေထာက္ခံတယ္ဆိုတဲ့ သေဘာနဲ႔ ေခါင္းတဆတ္ဆတ္ညိတ္တယ္။
" မေန႔ညကေတြ႕တဲ့ ယုန္ေလးကြာ "
" ဟမ္ ဘယ္နားကယုန္လဲ ... မင္းတိရစၧာန္ေတြ မခ်စ္တတ္ပဲနဲ႔ ရိေပၚ "
" က်စ္ ! မင္းတို႔ကြာ "
မ်က္လံုးေတြကို ခပ္တင္းတင္းမွိတ္ၿပီး မီးခဲဖင္ခုထိုင္ထားရသလို ေအာ္လိုက္တဲ့ ရိေပၚေၾကာင့္ ထိုင္ေနတဲ့ သံုးေယာက္မွာ အေၾကာင္သား။
" စကိတ္စီးေနတုန္း ရပ္ၾကည့္ေနတဲ့ ယုန္ရွည္ေလးကြာ "
" ေအာ္ ... မင္းသြားစတဲ့ တစ္ေယာက္ "
" ေအး ... အစကေတာ့ စဖို႔ပဲကြာ ... ဒီတိုင္း ေၾကာက္သြားေအာင္ ေနာက္လိုက္ဖို႔ သတ္သတ္ပဲ ... ဒါေပမယ့္ "
ရိေပၚ ဆက္မေျပာေတာ့ေပမယ့္ အရိပ္ျပရင္ အေကာင္ျမင္တဲ့ သံုးေယာက္ကေတာ့ ပါးစပ္အေဟာင္းသားနဲ႔ တစ္ေယာက္မ်က္နွာ တစ္ေယာက္ၾကည့္မိတယ္။ ဆိုင္ကယ္နဲ႔ စကိတ္ကလြဲရင္ ဘာမွစိတ္ထဲမရွိတဲ့ ဝမ္ရိေပၚက ဒီတစ္ခါေတာ့ တကယ္ပဲ ...
" အဲ့ေတာ့ မင္းကဘာဆက္လုပ္မွာလဲ "
" သူ႔ကိုျပန္သြားရွာေလ "
" ဟမ္ "
ေရေသာက္ေနရင္း ေျပာလိုက္တဲ့ စုန္႔ယြီရဲ႕ စကားေၾကာင့္ ရိေပၚျပန္ေမးလိုက္တယ္။ မၾကားလိုက္တာ မဟုတ္ေပမယ့္ ကိုယ့္ဘာသာ တစ္ေယာက္တည္း ဘာလုပ္ရမွန္းမသိျဖစ္ေနတာ ယုန္ကေလးကိုေတာ့ ျပန္ရွာဖို႔ မေတြးမိေသးတာျဖစ္တယ္။
" မင္းခ်စ္သြားတယ္မလား "
" ..... "
ျပန္ေျဖဖို႔အတြက္ ရိေပၚမွာ အေျဖမဲ့ရတယ္။ မိဘအသိုင္းအဝိုင္းဆီကေန အခ်စ္ခံၿပီး ႀကီးျပင္းလာရတဲ့ ရိေပၚက ခ်စ္ျခင္းေမတၱာဆိုတာနဲ႔ ရင္းနွီးေပမယ့္ တပါးသူကို ေပးဖို႔အတြက္က မရင္းနွီးျပန္ဘူး။
တုန္တုန္ရီရီနဲ႔ ေရွာင္းက်န္႔လို႔ ျပန္ေျဖသြားတဲ့ ယုန္ေလးရဲ႕ မ်က္နွာက ရိေပၚမ်က္လံုးထဲ တဝဲဝဲတလည္လည္ပဲ။ ေၾကာက္ေနတဲ့ မ်က္နွာေလးနဲ႔ ေရွာင္ပင္းေမးတဲ့ ခ်စ္သြားတယ္မလားဆိုတဲ့ စကားကို တြဲစပ္မိလုိက္တဲ့အခါ ရိေပၚရဲ႕ နႈတ္ခမ္းေတြက တြန္႔ေကြးသြားရတယ္။
ေသခ်ာတာေပါ့။ ယုန္ကေလးကို ရိေပၚ မိေအာင္ဖမ္းဖို႔က အခ်ိန္တန္ၿပီရယ္။
ေၾကာက္တတ္လြန္းတဲ့ ေရွာင္းယုန္ေလးကို ေနာက္မေၾကာက္ရေလေအာင္ ရိေပၚက ခဏခဏ သြားေတြ႕ေပးရမယ္။
*****
ေတြးထားတဲ့အတိုင္းပဲ ရိေပၚက ေနာက္တစ္ေန႔ညေနေတြကစလို႔ စေတြ႕တဲ့ လမ္းၾကားေလးထဲမွာ လာေစာင့္ေတာ့တယ္။
အရိပ္ကေလးမေျပာနဲ႔ အစအနေလးေတာင္ မေတြ႕ရတဲ့ ယုန္ကေလးကို နွစ္ရက္ေျမာက္ေန႔အထိ လာေစာင့္ေနမိတုန္းပဲ။ ေမွာင္ရီမပ်ိဳးခင္ကစလို႔ လမ္းၾကားေလးထဲမွာ မီးလံုးဝါေလးေတြ မွိန္ပ်ပ်လင္းလာတဲ့အထိ။
" ေရွာင္းက်န္႔ရားးး ... "
လမ္းၾကားေလးထဲမွာ ရပ္ေစာင့္ေနရင္း ညေကာင္းကင္က်ယ္က်ယ္ကို ေမာ့ၾကည့္လို႔ ရိေပၚက ခပ္တိုးတိုးေရ႐ြတ္တယ္။ ေစာင့္ေနေပမယ့္ ေပၚမလာတဲ့ ေရွာင္းက်န္႔က အိမ္ျပန္လမ္းေပ်ာက္ေနသလားပဲ။
ေရွာင္းက်န္႔ဆိုတဲ့ နာမည္ေလးကလြဲလို႔ ဒီအနီးအနားမွာ ေနတယ္ဆိုတာပဲ သိထားတဲ့ ရိေပၚက လမ္းၾကားေလးတည္ရွိရာ ရပ္ကြက္တခြင္ ၿပဲၿပဲစင္ေအာင္ ယုန္ရွာပံုေတာ္ ဖြင့္ေတာ့တယ္။
ကုန္ဆံုးသြားတဲ့ ငါးရက္ဆိုတဲ့အခ်ိန္မွာ ရိေပၚက သူ႔ကိုယ္သူ ေသခ်ာလာတယ္။ တစ္ဦးတစ္ေယာက္ကိုမွ မေပးရေသးတဲ့ ေမတၱာေတြကို ရိေပၚက ေရွာင္းက်န္႔ဆီကို ေဖာေဖာသီသီ ေပးခ်င္တယ္။
" ဒီေန႔မွ အလုပ္ကိုမလာရင္ မင္းကို ကုမၸဏီကေန ကန္ထုတ္ပစ္မယ္ "
တကယ္မလုပ္တာ သိေပမယ့္ ၿခိမ္းေျခာက္ေနတဲ့ စုန္႔ယြီရဲ႕စာေၾကာင့္ ရိေပၚက သူငယ္ခ်င္းေတြ စပ္တူဖြင့္ထားတဲ့ ကးစကိတ္ကုမၸဏီကို ေျပးရေသးတယ္။
အလုပ္လာေပမယ့္ ေမ်ာက္မႈိင္မႈိင္ေနတဲ့ ရိေပၚကိုၾကည့္ၿပီး သူငယ္ခ်င္းေတြက ကြၽတ္တသပ္သပ္နဲ႔။ မတတ္နိုင္ဘူး။ ရိေပၚက ယုန္မႈိင္းမိေနတာကိုး။
" ဝမ္ရိေပၚ ... ဖေအရွိတဲ့ အိမ္ကို ျပန္လာေနဖို႔ ူတိေရာ ရေသးရဲ႕လား "
ေနာက္လမွာထုတ္မယ့္ စကိတ္ဘုတ္ဒီဇိုင္းေတြကို တာဝန္ခံဆီ အတည္ျပဳေပးေနတုန္း ဝမ္ပါပါးက ရံုးခန္းထဲကို ဝင္ခ်လာတယ္။ ျပန္မေျဖပဲ မ်က္လံုးသာလွန္ၾကည့္တဲ့ သားေတာ္ေမာင္ေၾကာင့္ ဝမ္ပါပါးက ေဘးနားမွာ တျခားလူသာ မရွိဘူးဆို ေက်ာကို ေျဗာင္းခနဲေနေအာင္ ရိုက္ခ်လိုက္ၿပီးၿပီ။
ရင္နွစ္သည္းျခာလဲ အခ်ိဳးမေျပရင္ ရိုက္သင့္ရိုက္ရမွာေပါ့။
" ဝမ္ဗိုက္ပူက ဘယ္ကေန လွည့္လာတာလဲ "
မဆိုသေလာက္ေလး ပူေနတဲ့ ဗိုက္လံုးလံုးကို ရိေပၚက မ်က္စပစ္ျပေတာ့ ပါပါးဝမ္မွာ ရွဴးရွဴးရွဲရွဲနဲ႔။
သူ႔အလုပ္ၿပီးသြားတဲ့ တာဝန္ခံကေတာ့ ဒီရံုးခန္းနဲ႔ ေဝးေဝးေျပးဖို႔ျပင္တယ္။ ဒီမွာ အလုပ္လုပ္ေနတဲ့ အေတာအတြင္း ဒီမတည့္ဝမ္သားအဖအေၾကာင္းကို ေနာေၾကေနၿပီ။
" အိမ္ျပန္မလာတာ ဘယ္ေလာက္ၾကာၿပီလဲ ... ကုမၸဏီကိုပဲ အိမ္လုပ္ေနေတာ့မွာလား "
" ဒီရက္ပိုင္း ဟိုလမ္းၾကားပဲ သြားခ်င္ေနတာ ပါပါးမွ မသိတာ ... စုန္႔ယြီက ႀကိမ္နဲ႔ရိုက္ေခၚထားလို႔ ဖင္ၿမဲေနတာ "
" ျဖစ္ရတယ္ ... ဆယ္ခါမွတစ္ခါ ဖင္ၿမဲတာမ်ား စကားလုပ္ေျပာေနတယ္ "
မဲ့႐ြဲ႕ၿပီးေျပာေနတဲ့ ဝမ္ပါပါးကို ရိေပၚ မ်က္ေစာင္းထိုးလိုက္တယ္။ တကယ္လဲ မွန္ေနတာမလို႔ ရိေပၚက ၿပိဳင္ေျပာမေနေတာ့ဘူး။
" ပါပါးက ဒီကို ဘာလာလုပ္တာလဲ ... အားေနလို႔လား "
" ဖေအကို စကားေကာင္းေကာင္းေျပာစမ္းပါ ... ရိုင္းလိုက္တာ "
" ဝမ္ပါပါး ေခၚ ပါပါးဝမ္ ခင္ဗ် ... သားသားဆီ ဘာလာလုပ္တာလဲဗ် ... သားသားကို ေတြ႕ခ်င္လို႔လား "
႐ြဲ႕ေျပာေနတဲ့ ရင္နွစ္သည္းခ်ာေလးကို ဝမ္ပါပါးခမ်ာ သိပ္ကိုအခ်စ္ပိုရတယ္။ သူ႔မွာ ဒီသားေလးတစ္ေယာက္တည္းကိုပဲ ရွိသမွ်အခ်စ္ေတြ ပံုေအာစရာရွိေတာ့တာ။
" အားအားယားယား မင္းကိုေတြ႕ခ်င္မေနဘူး ... မနက္ျဖန္ မိန္ဟြားလာမွာ ... သြားႀကိဳလိုက္ "
" ဟာ ပါပါးရာ ... အဲ့ေမ်ာက္ေလာင္းကို သြားမေခၚခ်င္ပါဘူး ... သူ႔ဘာသာလဲ လာတတ္ပါတယ္ "
" ကိုယ့္ညီမကိုယ္ အဲ့လိုေျပာစရာလား ဝမ္ရိေပၚ "
" ပါပါးညီမ တီေလးဝမ္က သူ႔ကို မနိုင္လို႔ ဒီလႊတ္လိုက္တာလား "
ညီမဝမ္းကြဲျဖစ္သူအေၾကာင္း ေနာေၾကေနတဲ့ ရိေပၚက မေျပာမဆိုနဲ႔ လန္ဒန္ကေန ေပက်င္းကို ေပါက္ခ်လာရတဲ့ အေၾကာင္အရင္းကို ေမးစရာေတာင္မလိုဘူး။ ေတြးၾကည့္ရင္ ေျပးၾကည့္တာထက္ေတာင္ မွန္တယ္။
" သြားႀကိဳဆိုႀကိဳလိုက္ေပါ့ ... စကားမ်ားလိုက္တာ "
" ဝမ္ဗိုက္ပူက သူမလုပ္ရတိုင္း တစ္ေယာက္တည္းရွိတဲ့သားကို ခိုင္းစားေနေတာ့တာပဲ "
" မင္း ဒရမ္မာေတြ ေတာ္ပါ "
" ဟြန္း "
နႈတ္ခမ္းဆူလာတဲ့ သားငယ္က ဝမ္ပါပါးရဲ႕ မ်က္လံုးထဲမွာ ကေလးေလးပဲ။ မိတဆိုးေလးေပမယ့္ ခပ္ေအးေအးေနတတ္တာကလြဲရင္ အေဖျဖစ္သူနဲ႔ဆိုရင္ေတာ့ သာလိကာေလး ျဖစ္ေနတတ္တယ္။
တျဖည္းျဖည္းနဲ႔ မ်က္စိေရွ႕အ႐ြယ္ေရာက္လာတဲ့ သားငယ္ေလးက လုပ္ငန္းတစ္ခုနဲ႔ ကိုယ့္ေျခေထာက္ေပၚေတာင္ကိုယ္ ရပ္တည္ေနနိုင္ၿပီ။ မၾကာခင္မွာ အိမ္ေထာင္ဦးစီးေကာင္းျဖစ္လို႔ မိသားစုေလးတစ္ခုပါ ဝမ္ပါပါးအတြက္ ေခၚလာေပးနိုင္တယ္။
" ခ်စ္သူမရွိေသးဘူးလား ... ေမးသာေမးရတာ ရွိမယ့္ပံုလည္း မေပၚဘူး "
" ဟာ ဝမ္ဗိုက္ပူ ... သားအဖအခ်င္းခ်င္း ေဒါက္မျဖဳတ္နဲ႔ေလ "
" အဲ့တာဆို မရွိဘူးေပါ့ "
" ခ်စ္ေနရတဲ့သူက ရွိတယ္ "
ဝမ္ပါပါးက မ်က္ခံုးပင့္သြားတယ္။ ဝမ္ပါပါးရဲ႕ သားလုပ္ေနၿပီး လက္ေနွးေနလိုက္ပံုမ်ား။
" ပါပါးဆီေခၚခဲ့ "
" ပါပါး ! သူကသားကို မွတ္ေတာင္မွတ္မိပါ့မလား မသိဘူး "
" ေဟ "
" သားဘက္က . သားဘက္ကပဲလို႔ ... "
ရိေပၚရဲ႕ အခုလိုပံုစံကို မျမင္ဖူးေသးတဲ့ ဝမ္ပါပါးခမ်ာ အထူးတဆန္းပဲ။
" တစ္ခါပဲေတြ႕ဖူးေသးတာ ... အဲ့ကတည္းက ေတာ္ေတာ္ျဖစ္သြားလို႔ပါဆို "
" ဘယ္က ကေလးမေလးတုန္း "
" မိန္းကေလးမဟုတ္ဘူး ပါပါး "
အသံတိမ္ဝင္သြားတဲ့ ရိေပၚရဲ႕ အသံေၾကာင့္ လုပ္ငန္းႀကီးေတြကို ဦးေဆာင္ေနရသူပီပီ ဝမ္ပါပါးက ေကာင္းေကာင္းရိပ္မိေနခဲ့ၿပီ။
ေခြၽးမရွာေပးမယ္ထင္တာ။ ေခြၽးမ မရေတာ့လဲ သားမက္ေပါ့ေလ။
" အဟမ္း ! ပါပါးသားျဖစ္ၿပီး ညံ့လိုက္တာ ... ႀကိဳက္ရင္ ရေအာင္လိုက္ေပါ့ "
" ပါပါးကလည္း ... ရွာမေတြ႕ေတာ့လို႔ပါဆို "
" ဘယ္ကေတြ႕လာတာတုန္း "
" ေရွာင္ပင္းေျပာင္းသြားတဲ့ အိမ္အသစ္ဆီသြားလည္ရင္း စကိတ္စီးေနတုန္း "
ႏူးႏူးညံ့ညံ့ေလး ၿပံဳးလိုက္ပါတဲ့ သားငယ္ေလးေၾကာင့္ ဝမ္ပါးပါးကလဲ အၿပံဳးေတြကူးစက္ရတယ္။ ဘယ္ေလာက္ေတာင္မွ နစ္ဝင္သြားလို႔ သားငယ္က ဒီလိုေလး ၿပံဳးနိုင္ရပါသလဲ။
" မရရင္လဲ မရွာနဲ႔ကြာ ... ပါပါးရွာေပးတဲ့ မိန္းမယူလိုက္ "
" မေနာက္နဲ႔ေနာ္ ပါပါး "
" ေအး ငါေပးစားတဲ့သူမွ မဟုတ္ရင္ သေဘာမတူဘူးကြာ "
" ပါပါးသေဘာမတူလဲ သားခ်စ္တဲ့သူကို သားရွာေကြၽးမွာေပါ့ ... ပါပါး တင္ေကြၽးထားရမွာလဲ မဟုတ္ပဲနဲ႔ကို "
နႈတ္လွန္ထိုးေနတဲ့ ရိေပၚဟာ အေဖျဖစ္သူက စေနမွန္းလဲ သိတယ္။ ဒီပါပါးအေၾကာင္းကို ဒီသားေလးက အသိဆံုး။ ရိေပၚသာခ်စ္ရင္ ပါပါးက ဘယ္သူ႔ကိုမဆို လက္ခံေပးမွာ။
" အံမယ္ ... ဒီကုမၸဏီ စပ္တူေထာင္တာေတာင္ ဘယ္သူ႔ပိုက္ဆံေတြ မလို႔လဲ "
" ျပန္ဆပ္မယ္လို႔ ေျပာတယ္ေလ ပါပါး "
" ေတာ္ပါ ... ျပန္ဆပ္မယ့္ေငြေတြ ငါ့သားမက္ေလးကို တင္ေတာင္းလိုက္ "
ဝမ္ပါပါးရဲ႕ စကားေၾကာင့္ မ်က္နွာခ်င္းဆိုင္ထိုင္ေနရာကေနရိေပၚက ဝမ္ပါပါးေဘးကို ရိပ္ခနဲေရာက္သြားတယ္။ ပူလံုးလံုးဗိုက္ကေလးကို သိုင္းဖက္လို႔ ဝမ္ပါပါးရဲ႕ကိုယ္ကို နစ္ေနေအာင္ ဖက္ပစ္လိုက္တယ္။
ဝမ္ပါပါးက အေကာင္းဆံုးပဲ။
ဝမ္ပါပါးက ဝမ္ရင္နွစ္သည္းခ်ာေလးရဲ႕ ေခါင္းလံုးလံုးေလးကို ပုတ္ေပးလိုက္တယ္။ တိုကပ္ေနေအာင္ ညႇပ္ထားတဲ့ ေနာက္ေစ့က ဆံစတိုတိုေလးေတြက ဝမ္ပါပါးရဲ႕ လက္ကို လာစူးေသးတယ္။
" ခြၽဲမေနနဲ႔ေတာ့ ... ပါပါးျပန္ေတာ့မယ္ ... ပါပါးက ဒီနားမွာခ်ိန္းထားတာရွိလို႔ ခဏဝင္လာတာ ... မနက္ျဖန္ မိန္ဟြားကို သြားေခၚေနာ္ "
" ဟုတ္ ပါပါး "
လိုခ်င္တာ ရသြားတဲ့ ဝမ္လူလည္ေလးက ဝမ္ပါပါးကို ဂ်စ္မတိုက္ေတာ့ဘူး။ ပါးေလးေတြမို႔ေနေအာင္ ၿပံဳးျပေတာ့ သားငယ္ရဲ႕ ပါးနွစ္ဖက္ကို ဆြဲဖ်စ္ပစ္ခ်င္စိတ္က တဖြားဖြားပဲ။
မေနနိုင္ေတာ့တဲ့အဆံုး လက္လွမ္းမွီရာ နွာေခါင္းလံုးလံုးကို ဆြဲညႇစ္ၿပီး ရံုးခန္းထဲက ခပ္သြက္သြက္ေျပးထြက္ေတာ့ ေနာက္ပါးဆြဲကေန ဝမ္ငဆိုးရဲ႕ ေအာ္သံက စူးခနဲပဲ။
ဝမ္ပါပါးက ဟက္ဟက္ပက္ပက္ ေခါင္းေမာ့ၿပီး ရယ္လိုက္မိတယ္။ အခန္းေရွ႕မွာ ေစာင့္ေနတဲ့ အတြင္းေရးမွဴးကေတာ့ အူေၾကာင္ေၾကာင္နဲ႔။
ေအာက္ထပ္ကိုဆင္းဖို႔ ဓာတ္ေလွကားဆီ ေလွ်ာက္လာရင္း ဝမ္အသည္းအူေလးရဲ႕ စကားေတြကို ျပန္ၾကားေယာင္လာတယ္။
သားငယ္ေလးက တပါးသူကိုခ်စ္ဖို႔ ေကာင္းေကာင္းအ႐ြယ္ေရာက္လာခဲ့ၿပီ။ ျဖဴျဖဴေဖြးေဖြး ေပါက္စီလံုးေလးကို ဝမ္ပါပါးက ခ်ီပိုးေထြးေပြ႕ခဲ့ရတာက မေန႔တစ္ေန႔ကလိုပဲ။
ေကာင္းကင္ေပၚက ခ်စ္ဇနီးဝမ္ကေတာ့ သားငယ္ေလးကို ၾကည့္ၿပီး ဝမ္းသာေနရွာေတာ့မွာပဲ။
____________
To be continue ...
5th May,2021(Wed)
call_me_Tylor
[Unicode]
ဆိုဖာနောက်မှီပေါ် ခြေထောက်တင်ထားရင်း ရိပေါ်ကျောက ဆိုဖာပေါ် ပက်လက်လှဲရက်သား။ အနေအထားကြောင့် မြင်နေရတဲ့ တစ်လောကလုံးက ဇောက်ထိုးတွေကြည့်ပဲ။
ဇောက်ထိုးဖြစ်မနေတာဆိုလို့ ရိပေါ်အတွေးထဲက မှဲ့နက်ကလေးနဲ့ ယုန်သွားလေးပဲရှိတယ်။ အမှန်ပဲ။ ရိပေါ်ရဲ့ နှလုံးသားက တတိတိနဲ့ ယုန်အကိုက်ခံနေရတယ်။
" ဟေ့ကောင် ရိပေါ် ... မင်းအဲ့လိုလုပ်နေတာကြာပြီနော် ... ဘာဖြစ်နေတာလဲ "
ကျန်းယန်ရဲ့အမေးကို ပြန်မဖြေမိသေးပဲ ရိပေါ် ပါးတွေဖောင်းတက်နေအောင် လေပူတွေ မှုတ်ထုတ်လိုက်တယ်။ ဇောက်ထိုးအနေအထားကို အပြင်မိပဲ ဒီအတိုင်းထိုင်နေမိတုန်းပဲ။
" ရိပေါ် သားကြီး "
" ဘာတုန်းကွာ "
စုန့်ယွီကပါ ခေါ်လာတာကြောင့် ရိပေါ်လဲ ဆိုဖာနောက်မှီပေါ် တင်ထားတဲ့ ခြေထောက်ကို အောက်ပြန်ချပြီး တည့်တည့်ထိုင်ရတော့တယ်။ ဒါတောင် ကျောရိုးမရှိတဲ့ သတ္တဝါလို ခါးကိုအောက်လျောပြီး ပျင်းတိပျင်းရွဲနဲ့။
" မင်းဘယ်လိုတွေဖြစ် "
" ဒါက မင်းပုံစံမဟုတ်ဘူး "
စုန့်ယွီနဲ့ ကျန်းယန်ရဲ့အပြောကို ရှောင်ပင်းက ဝင်မပြောပေမယ့် ထောက်ခံတယ်ဆိုတဲ့ သဘောနဲ့ ခေါင်းတဆတ်ဆတ်ညိတ်တယ်။
" မနေ့ညကတွေ့တဲ့ ယုန်လေးကွာ "
" ဟမ် ဘယ်နားကယုန်လဲ ... မင်းတိရစ္ဆာန်တွေ မချစ်တတ်ပဲနဲ့ ရိပေါ် "
" ကျစ် ! မင်းတို့ကွာ "
မျက်လုံးတွေကို ခပ်တင်းတင်းမှိတ်ပြီး မီးခဲဖင်ခုထိုင်ထားရသလို အော်လိုက်တဲ့ ရိပေါ်ကြောင့် ထိုင်နေတဲ့ သုံးယောက်မှာ အကြောင်သား။
" စကိတ်စီးနေတုန်း ရပ်ကြည့်နေတဲ့ ယုန်ရှည်လေးကွာ "
" အော် ... မင်းသွားစတဲ့ တစ်ယောက် "
" အေး ... အစကတော့ စဖို့ပဲကွာ ... ဒီတိုင်း ကြောက်သွားအောင် နောက်လိုက်ဖို့ သတ်သတ်ပဲ ... ဒါပေမယ့် "
ရိပေါ် ဆက်မပြောတော့ပေမယ့် အရိပ်ပြရင် အကောင်မြင်တဲ့ သုံးယောက်ကတော့ ပါးစပ်အဟောင်းသားနဲ့ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိတယ်။ ဆိုင်ကယ်နဲ့ စကိတ်ကလွဲရင် ဘာမှစိတ်ထဲမရှိတဲ့ ဝမ်ရိပေါ်က ဒီတစ်ခါတော့ တကယ်ပဲ ...
" အဲ့တော့ မင်းကဘာဆက်လုပ်မှာလဲ "
" သူ့ကိုပြန်သွားရှာလေ "
" ဟမ် "
ရေသောက်နေရင်း ပြောလိုက်တဲ့ စုန့်ယွီရဲ့ စကားကြောင့် ရိပေါ်ပြန်မေးလိုက်တယ်။ မကြားလိုက်တာ မဟုတ်ပေမယ့် ကိုယ့်ဘာသာ တစ်ယောက်တည်း ဘာလုပ်ရမှန်းမသိဖြစ်နေတာ ယုန်ကလေးကိုတော့ ပြန်ရှာဖို့ မတွေးမိသေးတာဖြစ်တယ်။
" မင်းချစ်သွားတယ်မလား "
" ..... "
ပြန်ဖြေဖို့အတွက် ရိပေါ်မှာ အဖြေမဲ့ရတယ်။ မိဘအသိုင်းအဝိုင်းဆီကနေ အချစ်ခံပြီး ကြီးပြင်းလာရတဲ့ ရိပေါ်က ချစ်ခြင်းမေတ္တာဆိုတာနဲ့ ရင်းနှီးပေမယ့် တပါးသူကို ပေးဖို့အတွက်က မရင်းနှီးပြန်ဘူး။
တုန်တုန်ရီရီနဲ့ ရှောင်းကျန့်လို့ ပြန်ဖြေသွားတဲ့ ယုန်လေးရဲ့ မျက်နှာက ရိပေါ်မျက်လုံးထဲ တဝဲဝဲတလည်လည်ပဲ။ ကြောက်နေတဲ့ မျက်နှာလေးနဲ့ ရှောင်ပင်းမေးတဲ့ ချစ်သွားတယ်မလားဆိုတဲ့ စကားကို တွဲစပ်မိလိုက်တဲ့အခါ ရိပေါ်ရဲ့ နှုတ်ခမ်းတွေက တွန့်ကွေးသွားရတယ်။
သေချာတာပေါ့။ ယုန်ကလေးကို ရိပေါ် မိအောင်ဖမ်းဖို့က အချိန်တန်ပြီရယ်။
ကြောက်တတ်လွန်းတဲ့ ရှောင်းယုန်လေးကို နောက်မကြောက်ရလေအောင် ရိပေါ်က ခဏခဏ သွားတွေ့ပေးရမယ်။
*****
တွေးထားတဲ့အတိုင်းပဲ ရိပေါ်က နောက်တစ်နေ့ညနေတွေကစလို့ စတွေ့တဲ့ လမ်းကြားလေးထဲမှာ လာစောင့်တော့တယ်။
အရိပ်ကလေးမပြောနဲ့ အစအနလေးတောင် မတွေ့ရတဲ့ ယုန်ကလေးကို နှစ်ရက်မြောက်နေ့အထိ လာစောင့်နေမိတုန်းပဲ။ မှောင်ရီမပျိုးခင်ကစလို့ လမ်းကြားလေးထဲမှာ မီးလုံးဝါလေးတွေ မှိန်ပျပျလင်းလာတဲ့အထိ။
" ရှောင်းကျန့်ရားးး ... "
လမ်းကြားလေးထဲမှာ ရပ်စောင့်နေရင်း ညကောင်းကင်ကျယ်ကျယ်ကို မော့ကြည့်လို့ ရိပေါ်က ခပ်တိုးတိုးရေရွတ်တယ်။ စောင့်နေပေမယ့် ပေါ်မလာတဲ့ ရှောင်းကျန့်က အိမ်ပြန်လမ်းပျောက်နေသလားပဲ။
ရှောင်းကျန့်ဆိုတဲ့ နာမည်လေးကလွဲလို့ ဒီအနီးအနားမှာ နေတယ်ဆိုတာပဲ သိထားတဲ့ ရိပေါ်က လမ်းကြားလေးတည်ရှိရာ ရပ်ကွက်တခွင် ပြဲပြဲစင်အောင် ယုန်ရှာပုံတော် ဖွင့်တော့တယ်။
ကုန်ဆုံးသွားတဲ့ ငါးရက်ဆိုတဲ့အချိန်မှာ ရိပေါ်က သူ့ကိုယ်သူ သေချာလာတယ်။ တစ်ဦးတစ်ယောက်ကိုမှ မပေးရသေးတဲ့ မေတ္တာတွေကို ရိပေါ်က ရှောင်းကျန့်ဆီကို ဖောဖောသီသီ ပေးချင်တယ်။
" ဒီနေ့မှ အလုပ်ကိုမလာရင် မင်းကို ကုမ္ပဏီကနေ ကန်ထုတ်ပစ်မယ် "
တကယ်မလုပ်တာ သိပေမယ့် ခြိမ်းခြောက်နေတဲ့ စုန့်ယွီရဲ့စာကြောင့် ရိပေါ်က သူငယ်ချင်းတွေ စပ်တူဖွင့်ထားတဲ့ ကးစကိတ်ကုမ္ပဏီကို ပြေးရသေးတယ်။
အလုပ်လာပေမယ့် မျောက်မှိုင်မှိုင်နေတဲ့ ရိပေါ်ကိုကြည့်ပြီး သူငယ်ချင်းတွေက ကျွတ်တသပ်သပ်နဲ့။ မတတ်နိုင်ဘူး။ ရိပေါ်က ယုန်မှိုင်းမိနေတာကိုး။
" ဝမ်ရိပေါ် ... ဖအေရှိတဲ့ အိမ်ကို ပြန်လာနေဖို့တိရော ရသေးရဲ့လား "
နောက်လမှာထုတ်မယ့် စကိတ်ဘုတ်ဒီဇိုင်းတွေကို တာဝန်ခံဆီ အတည်ပြုပေးနေတုန်း ဝမ်ပါပါးက ရုံးခန်းထဲကို ဝင်ချလာတယ်။ ပြန်မဖြေပဲ မျက်လုံးသာလှန်ကြည့်တဲ့ သားတော်မောင်ကြောင့် ဝမ်ပါပါးက ဘေးနားမှာ တခြားလူသာ မရှိဘူးဆို ကျောကို ဗြောင်းခနဲနေအောင် ရိုက်ချလိုက်ပြီးပြီ။
ရင်နှစ်သည်းခြာလဲ အချိုးမပြေရင် ရိုက်သင့်ရိုက်ရမှာပေါ့။
" ဝမ်ဗိုက်ပူက ဘယ်ကနေ လှည့်လာတာလဲ "
မဆိုသလောက်လေး ပူနေတဲ့ ဗိုက်လုံးလုံးကို ရိပေါ်က မျက်စပစ်ပြတော့ ပါပါးဝမ်မှာ ရှူးရှူးရှဲရှဲနဲ့။
သူ့အလုပ်ပြီးသွားတဲ့ တာဝန်ခံကတော့ ဒီရုံးခန်းနဲ့ ဝေးဝေးပြေးဖို့ပြင်တယ်။ ဒီမှာ အလုပ်လုပ်နေတဲ့ အတောအတွင်း ဒီမတည့်ဝမ်သားအဖအကြောင်းကို နောကြေနေပြီ။
" အိမ်ပြန်မလာတာ ဘယ်လောက်ကြာပြီလဲ ... ကုမ္ပဏီကိုပဲ အိမ်လုပ်နေတော့မှာလား "
" ဒီရက်ပိုင်း ဟိုလမ်းကြားပဲ သွားချင်နေတာ ပါပါးမှ မသိတာ ... စုန့်ယွီက ကြိမ်နဲ့ရိုက်ခေါ်ထားလို့ ဖင်မြဲနေတာ "
" ဖြစ်ရတယ် ... ဆယ်ခါမှတစ်ခါ ဖင်မြဲတာများ စကားလုပ်ပြောနေတယ် "
မဲ့ရွဲ့ပြီးပြောနေတဲ့ ဝမ်ပါပါးကို ရိပေါ် မျက်စောင်းထိုးလိုက်တယ်။ တကယ်လဲ မှန်နေတာမလို့ ရိပေါ်က ပြိုင်ပြောမနေတော့ဘူး။
" ပါပါးက ဒီကို ဘာလာလုပ်တာလဲ ... အားနေလို့လား "
" ဖအေကို စကားကောင်းကောင်းပြောစမ်းပါ ... ရိုင်းလိုက်တာ "
" ဝမ်ပါပါး ခေါ် ပါပါးဝမ် ခင်ဗျ ... သားသားဆီ ဘာလာလုပ်တာလဲဗျ ... သားသားကို တွေ့ချင်လို့လား "
ရွဲ့ပြောနေတဲ့ ရင်နှစ်သည်းချာလေးကို ဝမ်ပါပါးခမျာ သိပ်ကိုအချစ်ပိုရတယ်။ သူ့မှာ ဒီသားလေးတစ်ယောက်တည်းကိုပဲ ရှိသမျှအချစ်တွေ ပုံအောစရာရှိတော့တာ။
" အားအားယားယား မင်းကိုတွေ့ချင်မနေဘူး ... မနက်ဖြန် မိန်ဟွားလာမှာ ... သွားကြိုလိုက် "
" ဟာ ပါပါးရာ ... အဲ့မျောက်လောင်းကို သွားမခေါ်ချင်ပါဘူး ... သူ့ဘာသာလဲ လာတတ်ပါတယ် "
" ကိုယ့်ညီမကိုယ် အဲ့လိုပြောစရာလား ဝမ်ရိပေါ် "
" ပါပါးညီမ တီလေးဝမ်က သူ့ကို မနိုင်လို့ ဒီလွှတ်လိုက်တာလား "
ညီမဝမ်းကွဲဖြစ်သူအကြောင်း နောကြေနေတဲ့ ရိပေါ်က မပြောမဆိုနဲ့ လန်ဒန်ကနေ ပေကျင်းကို ပေါက်ချလာရတဲ့ အကြောင်အရင်းကို မေးစရာတောင်မလိုဘူး။ တွေးကြည့်ရင် ပြေးကြည့်တာထက်တောင် မှန်တယ်။
" သွားကြိုဆိုကြိုလိုက်ပေါ့ ... စကားများလိုက်တာ "
" ဝမ်ဗိုက်ပူက သူမလုပ်ရတိုင်း တစ်ယောက်တည်းရှိတဲ့သားကို ခိုင်းစားနေတော့တာပဲ "
" မင်း ဒရမ်မာတွေ တော်ပါ "
" ဟွန်း "
နှုတ်ခမ်းဆူလာတဲ့ သားငယ်က ဝမ်ပါပါးရဲ့ မျက်လုံးထဲမှာ ကလေးလေးပဲ။ မိတဆိုးလေးပေမယ့် ခပ်အေးအေးနေတတ်တာကလွဲရင် အဖေဖြစ်သူနဲ့ဆိုရင်တော့ သာလိကာလေး ဖြစ်နေတတ်တယ်။
တဖြည်းဖြည်းနဲ့ မျက်စိရှေ့အရွယ်ရောက်လာတဲ့ သားငယ်လေးက လုပ်ငန်းတစ်ခုနဲ့ ကိုယ့်ခြေထောက်ပေါ်တောင်ကိုယ် ရပ်တည်နေနိုင်ပြီ။ မကြာခင်မှာ အိမ်ထောင်ဦးစီးကောင်းဖြစ်လို့ မိသားစုလေးတစ်ခုပါ ဝမ်ပါပါးအတွက် ခေါ်လာပေးနိုင်တယ်။
" ချစ်သူမရှိသေးဘူးလား ... မေးသာမေးရတာ ရှိမယ့်ပုံလည်း မပေါ်ဘူး "
" ဟာ ဝမ်ဗိုက်ပူ ... သားအဖအချင်းချင်း ဒေါက်မဖြုတ်နဲ့လေ "
" အဲ့တာဆို မရှိဘူးပေါ့ "
" ချစ်နေရတဲ့သူက ရှိတယ် "
ဝမ်ပါပါးက မျက်ခုံးပင့်သွားတယ်။ ဝမ်ပါပါးရဲ့ သားလုပ်နေပြီး လက်နှေးနေလိုက်ပုံများ။
" ပါပါးဆီခေါ်ခဲ့ "
" ပါပါး ! သူကသားကို မှတ်တောင်မှတ်မိပါ့မလား မသိဘူး "
" ဟေ "
" သားဘက်က . သားဘက်ကပဲလို့ ... "
ရိပေါ်ရဲ့ အခုလိုပုံစံကို မမြင်ဖူးသေးတဲ့ ဝမ်ပါပါးခမျာ အထူးတဆန်းပဲ။
" တစ်ခါပဲတွေ့ဖူးသေးတာ ... အဲ့ကတည်းက တော်တော်ဖြစ်သွားလို့ပါဆို "
" ဘယ်က ကလေးမလေးတုန်း "
" မိန်းကလေးမဟုတ်ဘူး ပါပါး "
အသံတိမ်ဝင်သွားတဲ့ ရိပေါ်ရဲ့ အသံကြောင့် လုပ်ငန်းကြီးတွေကို ဦးဆောင်နေရသူပီပီ ဝမ်ပါပါးက ကောင်းကောင်းရိပ်မိနေခဲ့ပြီ။
ချွေးမရှာပေးမယ်ထင်တာ။ ချွေးမ မရတော့လဲ သားမက်ပေါ့လေ။
" အဟမ်း ! ပါပါးသားဖြစ်ပြီး ညံ့လိုက်တာ ... ကြိုက်ရင် ရအောင်လိုက်ပေါ့ "
" ပါပါးကလည်း ... ရှာမတွေ့တော့လို့ပါဆို "
" ဘယ်ကတွေ့လာတာတုန်း "
" ရှောင်ပင်းပြောင်းသွားတဲ့ အိမ်အသစ်ဆီသွားလည်ရင်း စကိတ်စီးနေတုန်း "
နူးနူးညံ့ညံ့လေး ပြုံးလိုက်ပါတဲ့ သားငယ်လေးကြောင့် ဝမ်ပါးပါးကလဲ အပြုံးတွေကူးစက်ရတယ်။ ဘယ်လောက်တောင်မှ နစ်ဝင်သွားလို့ သားငယ်က ဒီလိုလေး ပြုံးနိုင်ရပါသလဲ။
" မရရင်လဲ မရှာနဲ့ကွာ ... ပါပါးရှာပေးတဲ့ မိန်းမယူလိုက် "
" မနောက်နဲ့နော် ပါပါး "
" အေး ငါပေးစားတဲ့သူမှ မဟုတ်ရင် သဘောမတူဘူးကွာ "
" ပါပါးသဘောမတူလဲ သားချစ်တဲ့သူကို သားရှာကျွေးမှာပေါ့ ... ပါပါး တင်ကျွေးထားရမှာလဲ မဟုတ်ပဲနဲ့ကို "
နှုတ်လှန်ထိုးနေတဲ့ ရိပေါ်ဟာ အဖေဖြစ်သူက စနေမှန်းလဲ သိတယ်။ ဒီပါပါးအကြောင်းကို ဒီသားလေးက အသိဆုံး။ ရိပေါ်သာချစ်ရင် ပါပါးက ဘယ်သူ့ကိုမဆို လက်ခံပေးမှာ။
" အံမယ် ... ဒီကုမ္ပဏီ စပ်တူထောင်တာတောင် ဘယ်သူ့ပိုက်ဆံတွေ မလို့လဲ "
" ပြန်ဆပ်မယ်လို့ ပြောတယ်လေ ပါပါး "
" တော်ပါ ... ပြန်ဆပ်မယ့်ငွေတွေ ငါ့သားမက်လေးကို တင်တောင်းလိုက် "
ဝမ်ပါပါးရဲ့ စကားကြောင့် မျက်နှာချင်းဆိုင်ထိုင်နေရာကနေရိပေါ်က ဝမ်ပါပါးဘေးကို ရိပ်ခနဲရောက်သွားတယ်။ ပူလုံးလုံးဗိုက်ကလေးကို သိုင်းဖက်လို့ ဝမ်ပါပါးရဲ့ကိုယ်ကို နစ်နေအောင် ဖက်ပစ်လိုက်တယ်။
ဝမ်ပါပါးက အကောင်းဆုံးပဲ။
ဝမ်ပါပါးက ဝမ်ရင်နှစ်သည်းချာလေးရဲ့ ခေါင်းလုံးလုံးလေးကို ပုတ်ပေးလိုက်တယ်။ တိုကပ်နေအောင် ညှပ်ထားတဲ့ နောက်စေ့က ဆံစတိုတိုလေးတွေက ဝမ်ပါပါးရဲ့ လက်ကို လာစူးသေးတယ်။
" ချွဲမနေနဲ့တော့ ... ပါပါးပြန်တော့မယ် ... ပါပါးက ဒီနားမှာချိန်းထားတာရှိလို့ ခဏဝင်လာတာ ... မနက်ဖြန် မိန်ဟွားကို သွားခေါ်နော် "
" ဟုတ် ပါပါး "
လိုချင်တာ ရသွားတဲ့ ဝမ်လူလည်လေးက ဝမ်ပါပါးကို ဂျစ်မတိုက်တော့ဘူး။ ပါးလေးတွေမို့နေအောင် ပြုံးပြတော့ သားငယ်ရဲ့ ပါးနှစ်ဖက်ကို ဆွဲဖျစ်ပစ်ချင်စိတ်က တဖွားဖွားပဲ။
မနေနိုင်တော့တဲ့အဆုံး လက်လှမ်းမှီရာ နှာခေါင်းလုံးလုံးကို ဆွဲညှစ်ပြီး ရုံးခန်းထဲက ခပ်သွက်သွက်ပြေးထွက်တော့ နောက်ပါးဆွဲကနေ ဝမ်ငဆိုးရဲ့ အော်သံက စူးခနဲပဲ။
ဝမ်ပါပါးက ဟက်ဟက်ပက်ပက် ခေါင်းမော့ပြီး ရယ်လိုက်မိတယ်။ အခန်းရှေ့မှာ စောင့်နေတဲ့ အတွင်းရေးမှူးကတော့ အူကြောင်ကြောင်နဲ့။
အောက်ထပ်ကိုဆင်းဖို့ ဓာတ်လှေကားဆီ လျှောက်လာရင်း ဝမ်အသည်းအူလေးရဲ့ စကားတွေကို ပြန်ကြားယောင်လာတယ်။
သားငယ်လေးက တပါးသူကိုချစ်ဖို့ ကောင်းကောင်းအရွယ်ရောက်လာခဲ့ပြီ။ ဖြူဖြူဖွေးဖွေး ပေါက်စီလုံးလေးကို ဝမ်ပါပါးက ချီပိုးထွေးပွေ့ခဲ့ရတာက မနေ့တစ်နေ့ကလိုပဲ။
ကောင်းကင်ပေါ်က ချစ်ဇနီးဝမ်ကတော့ သားငယ်လေးကို ကြည့်ပြီး ဝမ်းသာနေရှာတော့မှာပဲ။
____________
To be continue ...
5th May,2021(Wed)
call_me_Tylor