Days of Counting Camellia (Hi...

由 All-shine

277K 18K 2.5K

Own-Creation.(R18+) လူတစ်‌ယောက်ဟာ မိမိ၏ ရန်သူအဖြစ်မှ အသက်ထက်ချစ်ရသူအဖြစ် ပြောင်းလဲသွားနိုင်သလား ? စစ်သုံ့ပ... 更多

[1] War Slave
[2] Little Thief
[3] What's wrong with the Emperor ? "
[4] Dominant Sadist
[5] Hurtful
[6] Why she can't bloom
[7] Honey Lips
[8] Prince with Red eyes
[9] Emperor wants a cage
[10] In Emperor's chamber
[11] Easy to break, easy to fall
[12] The Boy who collects Happiness in a bottle (1) '
[13] The Deadly Simulation
[14] What do you really want , your Majesty ? '
[16] The past in mud '
[17]Ravens have claws '
[18]' One Long Fateful Night '
[19]Why Ash take an orange to high "
[20]' The West Wind of Mine '
[21]' Romance of a maiden '
[22]' Enemies of the damn '
[23]' Sex-slave in name '
[24]Real Sex-slave(18+)
[24]' Kissing A Rose🌹 '
[26]' Whispers in the forest '
[27]' Hunt down the Beast '
[28] They call him Ash , the Evil '
[29] Blood Red Eyes in the Snow '
[30]' Embrace in the Snow '
[31]' Defenseless in his arms '
[32]' Her Warm body '
[33]' All paths to hell are paved with good intentions '
[34]' The cleansing day of Xavia '
[35]' Love can be harmful '
[36]' Your Majesty, you will frighten the little lamb '
[37] These feelings are too dirty to be called Love '
[38]' Calm before the storm '
[39]' Born from ashes '
[40]' Paradise on fire '
[41] A drop of poison
[42] The Golden Cage of Desire
[43] Love turns into Lust
[44] Loving Your Enemy
[45] She is the God's Weakness '
[46]Scandalous Woman

[15]' Colours of Ash '

4.1K 369 24
由 All-shine

Check Zawgyi version below ⬇️

#Unicode

ဆယ့်နှစ်လရာသီ တစ်နှစ်ပတ်လုံးနီးပါး နှင်းမြူတွေ ကြွေတာမို့ ‌Xavia ဟာ လောက၌ အဖြူရောင်ဒေသအဖြစ်တွင်သည် ။ တစ်နိုင်ငံလုံး ခြုံကြည့်လိုက်ရင် ဖွေးဖွေးဖြူပြီး ရဲရဲတောက်ရာက ဖယောင်းပန်းနီတွေသာရှိ၏ ။

သို့သော် ရာဇဝင်တွင်အကြီးမားဆုံး သွေးချောင်းစီးရာမြေမှာ Xaviaပြည်သာဖြစ်သည် ။ အေးစိမ့်တဲ့မြေမှာနေထိုင်တဲ့လူသားတွေမို့ သွေးအေးကြလေသလားမပြောတတ် ... Xavia ရဲ့ရှင်ဘုရင်များသည် သွေးရေချိုးပြီးမှ နန်းတက်လေ့ရှိကြသည် ။

Xavia ၏တည်ထောင်သူ ပထမမင်းကြီး
Xavia Arcite သည် နဂါးတစ်ပိုင်းဟု အယူရှိတာကြောင့် နိုင်ငံ့ကိုယ်စားပြုအမှတ်အသားမှာ အနက်ရောင်နဂါးကြီးတစ်ကောင်ဖြစ်ရခြင်းဖြစ်သည် ။ နဂါးတစ်ကောင်၏သွေးပါတာကြောင့် Xavia မျိုးရိုးတို့သည် စိတ်ဆတ်ကာအငြိုးအလွန်ကြီးကြသည် လို့လဲနာမည်ကြီး၏ ။ ထိုအချက်ကတော့ မေးခွန်းထုတ်စရာမရှိ ။

ဗီဇလားပဲလား ကျိန်စာပဲလား မပြောတတ်ပါ ။ Xavia Ash ဆိုတဲ့ ဧကရာဇ်ဟာ လူမဆန်အောင် ရက်စက်ကြမ်းကြုတ်တတ်တာက‌တော့ ပုံပြင်မဟုတ် ။

Xavia နန်းတော်ထဲက တစ္ဆေသရဲများပင်ကြောက်လန့်ကာ ပုန်းရှောင်ထွက်ပြေးခဲ့ကြရသော ဆောင်းနေ့လေးက ဒီလိုစသည် .....

နံနက်စောစော ထူးဆန်းသောအမိန့်တစ်ခုကိုသယ်ဆောင်ကာ ဌာနအသီးသီးသို့ တော်ဝင်သက်တော်စောင့်များရောက်လာခဲ့သည် ။

" အရှင့်အမိန့်တော် ...!!!
အားလုံး အခုချက်ချင်း အတွင်းဆောင်ရဲ့ရင်ပြင်မှာ စုဝေးကြ ! "

ထိုညွှန်ကြားချက်အရ အတွင်းဆောင်ရှေ့ နှင်းတွေဖုံးနေသော ရင်ပြင်ကျယ်ကြီးတွင် အစေခံများအားလုံး သွားစုကြသည် ။ ထောင်ချီသောအစေခံများထဲ နန်းတွင်းဆေးဌာနနှင့် စာပေဌာနတို့နှစ်ခုသာလွတ်မြောက်၏ ။

နှင်းမိုးထဲ ပူပန်စွာရပ်စောင့်နေကြရင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာခေါင်းတခါခါ လုပ်နေကြသော နန်းတွင်းသူ၊ နန်းတွင်းသားတို့သည် ပြဿနာ၏အလေးချိန်ကို မသိခဲ့ကြ ။

အတွင်းဆောင် သိုမဟုတ် ပင်မဆောင်ဟာ ရှင်ဘုရင်များအဆက်ဆက် တစ်ကိုယ်ရေသုံးတော်မူတဲ့နန်းဆောင်မို့ အတွင်းရေးပြဿနာများကိုရှင်းဖို့ ရံဖန်ရံခါသုံးတတ်သည် ။ ထို့ကြောင့် အတွေ့အကြုံရင့်သောအစေခံအိုကြီးများမှာ အရှင်သခင်၏ ကိုယ်ရေးကိုယ်တာအရေးကိစ္စနဲ့ ပတ်သတ်မှုရှိ‌နိုင်ကြောင်း ခန့်မှန်းမိကြမည် ။

နန်းတက်ခါစကလို ရေချိုးချိန်ခစားတဲ့ နန်းတွင်းသူလေးတစ်‌ယောက် အရှင့်ရဲ့ခန္ဓာကို လက်ညိုးနဲ့မတော်တဆထိမိလို့ လက်ဖြတ်ခံရတဲ့အဖြစ်မျိုးများ ထပ်ဖြစ်လေမလား ?

ဒါမှမဟုတ် တစ်ကြိမ်ကလို အဝတ်လျှော်ဆောင်က အစေအပါးလေးတစ်ယောက် အရှင့်ရဲ့ညအိပ်ဝတ်ရုံကို ခိုးနမ်းမိလို့ အာရုံခံပျောက်အောင် အဆိပ်ကျွေးဒဏ်ခတ်ခဲ့တဲ့ အဖြစ်မျိုးများ ထပ်ဖြစ်လေမလား ?

ထိုကဲ့သို့များစွာသော အဖြစ်ဆိုးတွေနဲ့ ညှာတာမှုကင်းမဲ့သော အပြစ်ဒဏ်ပေါင်း မြောက်များစွာရှိခဲ့ဖူး၏ ။

မကြာ လူအုပ်ကြီးအရှေ့သို့ ဧကရာဇ်ကိုယ်တိုင် ကြွချီလာပါတော့သည် ။

နှင်းတဖွဲဖွဲရဲ့အောက် သူ၏မျက်နှာဖြူသည် သွေးမရှိ ။ နက်မှောင်တဲ့မျက်ဝန်းတွေဟာ ရှေ့ကိုကြည့်နေပေမယ့် ဘာကိုမှမမြင်တော့သလို ။ လက်နှစ်ဖက်ကိုနောက်ပစ်ကာ ရပ်နေရင်း တဖိန့်ဖိန့်တုန်ယင်နေသော စေကျွန်များကို ဝေ့ကြည့်နေ၏ ။ သူ၏ အမူအရာမှာ အေးဆေးတည်ငြိမ်လျက် ။

ခဏက ပွစိပွစိအသံများထွက်နေခဲ့သော လူအုပ်ကြီးသည် ရုတ်ချည်းတိတ်ဆိတ်သွားတာ အသက်ရှူသံတောင်မကြားရတော့ ။ အရှင်သခင်နဲ့ အကြည့်ချင်းမဆုံရဲကြတာကြောင့် ခေါင်းကိုအသားကုန်ငုံ့ထားလျက် ၊ ပြဿနာတက်တဲ့သူဟာ မိမိမဟုတ်ပါစေနဲ့ဟုသာ ဆုတောင်းနေကြသည် ။

လူတွေကို အကြည့်နဲ့နှိပ်စက်လို့ ဝသွားပြီနဲ့တူ၏ ။ တအောင့်ကြာမှ စကားကိုစလေသည် ။

Ash : " စားတော်ကဲကြီး ရှိသလား ? "

သူက ပေါ့ပေါ့ပါးပါးခေါ်လိုက်သည် ။

သို့သော် လူအုပ်ကြီး၏ထိတ်မှာ ရပ်နေသော တော်ဝင်စားတော်ကဲကြီးမှာ ကမ္ဘာပျက်သဖွယ်တုန်လှုပ်သွားရသည် ။ စားဖိုဆောင်ဝန်ထမ်းများမှာလဲ မျက်နှာတွေ မည်းသွား၏... ။

" ... ကျွန်တော်မျိုး ရှိကြောင်းပါ အရှင် "

ကတုန်ကယင်ရှေ့သို့ထွက်လာသော စား‌ တော်ကဲကြီးမှာ အသက်အရွယ်မျှဖြင့် လေးဆယ်ကျော်ပြီဖြစ်ကာ ရိုးရိုးအေးအေး သူ့အလုပ်သူလုပ်သောသူပဲဖြစ်သည် ။ ထိုလိုလူက ဘယ်လိုအမြတ်တော်ရှမည့်ကိစ္စကိုပြုခဲ့သနည်း ? လူတိုင်းသိချင်ကြ၍ နားတွေစွင့်လျက်... ။

ရှင်ဘုရင်က တည်ငြိမ်စွာဆက်မိန့်သည်။

Ash : " ကိုယ်တော့်ကိုပြော နန်းတွင်းစားဖိုဆောင်က ဘာတွေလုပ်ရသလဲ ? "

ထိုမေးခွန်းကိုကြားတော့ စားတော်ကဲကြီးမှာ ခေတ္တကြောင်အမ်းလျက် အရှင်သခင်၏မျက်နှာကို မသိမသာအကဲခတ်မိ၏ ။

ကြည်လင်သောမျက်နှာတော်၌ ဘာဆိုဘာမှမရှိ ။ သူဘာလိုချင်နေသလဲ ဘယ်သူမှမသိ ။ သာမန်ကာလျှံကာ ကြုံလို့စကားစမြည်ပြောတဲ့ သူတစ်ယောက်ဟန် ပေါ့ပါးလွန်းနေသည် ။

ထို့ကြောင့် ရွေးချယ်စရာမရှိတဲ့ စားဖိုမှူးကြီးမှာ အဖြေကိုတည့်တိုးပဲဖြေလိုက်သည် ။ အရှင်ဟာ တကယ်ပဲ စားဖိုဆောင်က ဘာလုပ်ရသလဲ သိချင်လို့ မေးတာလဲဖြစ်ချင်ဖြစ်နေနိုင်တယ် မဟုတ်လား ?

" အရှင့်ကို လျှောက်တင်ပါတယ် ... တော်ဝင်စားဖို‌ဆောင်ဟာ နန်းတော်ထဲမှာနေထိုင်တဲ့သူများ စားသုံးရန် နေ့စဉ် အစားအသောက်များကို စေတနာအပြည့်ဖြင့် ချက်ပြုတ်ပေးနေကြောင်းပါ "

စားတော်ကဲကြီးသည် စားဖိုဆောင်၏သိက္ခာနှင့် တာဝန်ကို အရေးတယူဖော်ထုတ်ကာ ဖြေကြားလိုက်သည် ။

ထိုအဖြေကို သဘောတူကြောင်း အရှင်ကလဲ ခေါင်းတညိတ်ညိတ် ... ။ အဲ့ဒီအပြုအမူကြောင့် သူ့ခမျာမှာ အသက်ရှူချောင်ဖို့ ကြံသေး ၊ နောက်ထပ် ဆန်းပြားသော မေးခွန်းတစ်ခု လာပြန်၏ ။

Ash : " အဲဒါဆိုရင် စားဖိုဆောင်ကချက်တဲ့အစားအ‌သောက်တွေကို ဘယ်သူ့ကိုမကျွေးဘူး၊ ဘယ်သူ့ကိုမှကျွေးမယ်ဆိုပြီး ဆုံးဖြတ်လေ့ရှိသလား ? "

ဧကရာဇ်သည် အမှန်တကယ်မသိနားမလည်သူပမာ ‌စား‌တော်ကဲကြီး၏မျက်လုံးတွေထဲ စူးစိုက်ကြည့်ကာမေးလေသည် ။ နက်မှောင်သောမျက်ဝန်းတွေနဲ့ဆုံမိသော အခါ စားတော်ကဲကြီးသည် ဇောချွေးပြန်လာပါတော့သည် ။

ဝန်ခံရလျှင် သူအဲသလိုလုပ်ခဲ့ဖူးရင်‌တောင် မမှတ်မိတော့ပါ ။ စားဖိုဆောင်ဆိုသောနေရာ၌ အကြီးအကဲဖြစ်ရခြင်းတွင် လုပ်ပိုင်ခွင့်ကြီးကြီးမားမားဆိုတာလဲမရှိဘူး မဟုတ်လား ။

" ကျွန်... ကျွန်တော်မျိုး မသေချာကြောင်းပါ "

ထေ့ထေ့ငေါ့ငေါ့ တုန်တုန်ယင်ယင်ဖြစ်နေရှာသော စားတော်ကဲကြီးကို အရှင်က ခပ်ပြုံးပြုံးကြည့်ကာ ခေါင်းညိတ်သည် ။
တုံးအတဲ့အစေအပါးကို သဘောထားကြီးစွာ နားလည်ခွင့်လွှတ်ပေးတတ်သော သခင်ပုံသဏ္ဌာန်ဖမ်း၏ ။

သို့သော် ဤမေတ္တာရှင်ကြီးကို မယုံလိုက်လေနှင့် ... ချိုသာတဲ့အပြုံးနောက်လိုက်မိရင် လည်မြိုကိုထိုးမယ့်ဓားသွားက စောင့်နေလိမ့်မည် ။

Ash : " ဟင်း... ကောင်းပြီ
ဒါဆိုရင် ကိုယ်တော် မေးခွန်းပြောင်းမေးမယ် "

သူထိုသို့ဆိုကာ အသက်မရှိတဲ့ကျောက်တုံးတွေလို ငြိမ်သက်နေသော လူအုပ်ကြီးကို တစ်ချက်ဝှေ့ကြည့်လိုက်သည်။ အလစ်မိပြီး သူနဲ့အကြည့်ချင်းဆုံသွားသူတိုင်းမှာ ငရဲတွင်းကို မြင်လိုက်ရသလို ... အရိုးထဲထိစိမ့်ဝင်သွားတဲ့ အေးစက်စက်ခံစားချက်က အိပ်မက်ထဲထိ‌ ခြောက်လှန့်နေတော့မှာ အမှန် ။

အားလုံးရဲ့ အာရုံစိုက်မှုက သူဆက်ပြောမယ့် စကားလုံးတွေဆီမှာ ... ရင်တထိတ်ထိတ်နဲ့ စောင့်စားနေကြ၏ ။

Ash : " လွန်ခဲ့တဲ့နှစ်လလောက်တည်းက ညနေ နေဝင်တိုင်း စားဖိုဆောင်မှာ ဂျုံပြုတ်တစ်ခွက် လာလာတောင်းတဲ့ သတ္တဝါလေးကို ဘယ်သူက အစာကျွေးခွင့်မရှိဘူးလို့ သတ်မှတ်လိုက်သလဲ ? "

အဲ့ဒီစကားရဲ့အဆုံးတွင် ပုံပေါ်လာသော 'သတ္တဝါလေး' သည် သေးကွေးသောကိုယ်လုံး၊ တိုးညှင်းသောအသံရှိသော ကောင်မလေးတစ်ယောက်ဖြစ်သည် ။ ဖယောင်းပန်းပင်တွေရှိရင် သူမလဲရှိနေတတ်ကာ နန်းတော်၏နေရာအနှံ့ သူမကိုတွေ့ရတတ်သည် ။

ထိုအခါမှ စေကျွန်တို့သည် နံနက်စောစော နန်းတော်ထဲ ငရဲမီးတောက်ရခြင်း အကြောင်းအရင်းကို ခန့်မှန်းမိကြတော့သည် ။ အရှင်သည် အနှီသုံ့ပန်းအား ခေါ်ဆောင်လာသည့်‌ နေ့မှစ၍ သူမအား နန်းတော်ထဲက ဖယောင်းပန်းများကို ကောက်ကာရေတွက်ရန် အပြစ်ပေးခဲ့၏ ။ ထိုမှအပ ဘာကိုမှမမိန့်ခဲ့ ။

ဟုတ်ပါသည် ။ နတ်ဆိုးတမျှ ကြမ်းကြုတ်ပါသည်ဆိုသော အရှင်သခင်သည် ကျွန်ငယ်အား အစာအငတ်ထားစေ ၊ ရိုက်နှက်စေ စသည့်ပြစ်ဒဏ်များကို မပေးခဲ့ပေ ။ တကူးတက ' ဖယောင်းပန်း ကောက်ပါ ' ဟူ၍သာ မိန့်ကြားခဲ့တာဖြစ်သည် ။

ဧကရာဇ်တစ်ပါး၏ အချုပ်အခြာအာဏာဆိုသည်မှာ သခင်ရဲ့အမိန့်သည် ဥပဒေဖြစ်ရမည် ။ ရှင်းရှင်းပြောရလျှင် သခင်က မမိန့်တဲ့အမှုကိုပြုမိတာနဲ့တင် အပြစ်ပင် ။

ထိုသို့သဘောပေါက်ကြသည်နှင့်တပြိုင်နက် မိမိတို့လဲ တစ်ယောက်သောကျွန်ငယ်အား အနိုင်ကျင့်မိလေသလား ပူပန်ကြတော့သည် ။ ဒါပေမယ့် နောက်ကျသွားလေပြီ ။

အရှင့်ရဲ့‌ ဘေးနားရပ်နေသော တော်ဝင်သက်တော်စောင့်, Alexander က လက်တစ်ချက်မြှောက်ကာ အချက်ပေးလိုက်သောအခါ ရဲမက်ငယ်နှစ်ယောက်သည် သံအိုးကြီးတစ်လုံးကို သယ်ဆောင်လာခဲ့၏ ။ အိုးထဲ၌ အစေ့တောင်ကွဲအောင် မပြုတ်ရသေးသည့် အငွေ့တထောင်းထောင်းထ‌နေသော ဂျုံပြုတ်ရည်များအပြည့်ပါလာသည် ။

Alexander : " အရှင် , စွတ်ပြုတ်ရည်က ရပါပြီ "

တပွက်ပွက်ဆူနေသော ဂျုံပြုတ်အိုး၏ ရည်ရွယ်ချက်ကိုရိပ်မိတဲ့ စားတော်ကဲကြီးမှာ မြေပြင်ပေါ်သို့ နှဖူးတိုက်ဝပ်တွားကာ ငိုယိုပါ‌တော့သည် ။

" အ... အရှင် , အဲသလိုအဖြစ်မျိုးရှိခဲ့ကြောင်း ကျွန်တော်မျိုး မသိခဲ့ရိုးပါ ။ ကျွန်တော်မျိုး အဲ့သည်သတ္တဝါလေးကို တစ်ခါမှမမြင်ဖူးပါဘူး ... "

Ash : " ဟိုး ဟုတ်သလား ။ ဒါဆိုရင် စားဖိုဆောင်မှာ ဘယ်သူက စားတော်ကဲကြီးထက် အာဏာရှိသလဲပြောစမ်း ? "

ဧကရာဇ်ငယ်၏ နီထွေးသောနှုတ်ခမ်းဖူးဖူးလေးမှာ မိမိ၏အသက်ကို အမိန့်တစ်ခွန်းတည်းနဲ့ အဆုံးသတ်‌စေနိုင်တာမို့ စားတော်ကဲကြီးသည် ဘာကိုမှမစဉ်းစားတော့ပဲ လူအုပ်ထဲမှအမျိုးသမီးတစ်ယောက်ကို လက်ညိုးထိုးလိုက်လေသည် ။ အမျိုးသမီးမှာ သူမဆီမြှားဦးလှည့်လာမှာ ကြိုသိနေသည့်အလား ... မျက်ရည်ကြီးငယ်ကျနေလေပြီ ။

ထိုအဖြစ်ကိုတွေ့တော့ ရှင်ဘုရင်သည် ပင့်သက်ကို ဖြေးညှင်းစွာရှိုက်ကာ Alexander ကို တစ်ချက်ကြည့်လိုက်သည် ။ Alexander မှာ သခင်၏စိတ်ကို သဘောပေါက်သည့်အလား သူ၏လက်အောက်ငယ်သားနှစ်ယောက်ကို ထိုအမျိုးသမီးအား သွားဆွဲထုတ်လာ ခိုင်းလိုက်သည် ။

Ash : " စားတော်ကဲကြီး , ကိုယ်တော့်ကို ပြောလိုက်သေးသလား ... သတ္တဝါလေးကို မမြင်မိဘူးလို့ ? ဒါဆိုရင် ဘာကြောင့် ဒီအမျိုးသမီးမှာ တာဝန်ရှိတယ်လို့ ညွှန်းရသလဲ ? "

ထိုအချိန်၌ အရှင်၏မျက်နှာအရိပ်အကဲကို မှန်းဆနိုင်သူတို့သည် အမှန်တရားကို သိကြပြီဖြစ်၏ ။ အရှင်သည် အဖြစ်အပျက်အကြောင်းစုံကို သိရှိပြီးမှလာတာဖြစ်သည် ။ ဒါဆိုရင် ဘာကြောင့် တန်းပြီးအပြစ်မပေးပဲ လူတွေကိုခြောက်လှန့်နေရသလဲ ?

နန်းတော်အောက်ခြေဝန်ထမ်းတို့ရဲ့ ကိုယ်ကျင့်တရားနဲ့ စည်းကမ်းလိုက်နာမှုကို စမ်းသပ်ချင်လို့ပဲလား ?
ဒါမှမဟုတ် စိန်ပြေတပြေ နှိပ်စက်ရတာ နှစ်သက်လို့ပဲလား ?
ကာယကံရှင်သာသိမည် ။ အကယ်၍ ဒုတိယအချက်သာမှန်ခဲ့ရင်တော့ဖြင့် Xavia နန်း‌တော်ဟာ မီးအဟုန်းဟုန်းနဲ့ ဇာတ်သိမ်းလိမ့်မည် ။

" အရှင် ချမ်းသာပေးပါ ... အစာလာတောင်းတဲ့ သတ္တဝါလေးကို ဒီအမျိုးသမီးမောင်းထုတ်နေတာ မြင်ခဲ့ရုံပါ ... ကိုယ်တိုင်ဘာမှမလုပ်ခဲ့ပါဘူး "

စားတော်ကဲကြီးမှာ ဆောက်တည်ရာမရဖြစ်လျက် မြေပြင်ကိုနှဖူးနဲ့အကြိမ်ကြိမ်တိုက်ကာ အသနားခံတော့သည် ။

လူသားတို့သည် ' ဆိတ်ဆိတ်နေခြင်းဟာ ထောက်ခံခြင်းနဲ့တူကြောင်း ' ၊ ' ဘာမှမလုပ်ခြင်းဟာ အလိုတူပါဖြစ်ကြောင်း ' သဘောကို အလင်းမရောက်နိုင်ကြပေ ။

ကျန်လူများမှာ နေရာမှထွက်ပြေးချင်စိတ်ပေါက်သည်အထိ ကြောက်ရွံ့နေကြပြီဖြစ်သည် ။ ကံမကောင်းချင်တော့ ပြေးပေါက်မှန်သမျှမှာ တော်ဝင်သက်တော်စောင့်များ ပိတ်ကာစောင့်နေ၏ ။ မိမိအလှည့်ရောက်လာရင် ဘယ်လိုလိမ်ပြောရမလဲ ကြံဖန်ပြန်‌‌တော့လဲ အချည်းအနှီးသာ ... အရှင်သခင်သည် သေချာပေါက် သက်ဆိုင်သူအားလုံးကို သိမ်းကျုံးပြီး အပြစ်ပေးတော့မှာဧကန်မလွဲ ။

သူတို့ ဘာကြောင့် အဲ့ဒီကျွန်ကို ရိုက်ပုတ်ခဲ့မိသလဲ ? ဘာကြောင့် ကန်ကြောက်ခဲ့သလဲ ? သူတို့ အကြောင်းအရင်းအတိအကျကို မမှတ်မိကြတော့ ... ။

တစ်ခုကတော့ရှင်းသည် ... လုပ်လို့ရလို့ကို လုပ်ကြတာဖြစ်သည် ။ အကျိုးဆက်ကတော့ ပထမဆုံးအကြိမ် အရှင်လတ်လတ် ငရဲတွင်းကို မျက်မြင်တွေ့ကြရပြီပေါ့ ။

ဩရှရှအသံဟာ ပြတ်သားစွာ ...

Ash : " ဂျုံပြုတ်တစ်ပန်းကန်လေးတောင်မှ လုစားမှတော့ အရမ်းငတ်ပြတ်နေလို့ပဲ ။ သူတို့ ဝလင်တဲ့အထိ စားပါစေတော့ "

သူတို့ဆိုသည်မှာ စားတော်ကဲကြီးအပါအဝင် စားဖိုဆောင်တစ်ခုလုံးမှလူတွေအကုန်ပါဝင်၏ ။ သူတို့သည် နှစ်ဖက်နှစ်ချပ်မှ ရဲမက်များ၏ ဝိုင်းချုပ်ခံရပြီး အာခေါင်ထဲသို့ အပူခြစ်ခြစ်တောက်နေသော ဂျုံပြုတ်အရည်များ တိုက်ကျွေးခံလိုက်ရလေတော့သည် ။

အာခေါင်မှတစ်ဆင့် အစာအိမ်ထဲသို့စီးဝင်သွားသော အပူရည်တို့သည် အူတွေကိုပါ ပြတ်တောက်စေသည်အထိ လောင်ကျွမ်းတာမို့ မခံမရပ်နိုင် အောင်ဟစ်ရုန်းကန်ကြသော်လည်း သန်မာသောရဲမက်‌တို့၏ လက်ထဲအချည်းအနီးဖြစ်ရလေသည် ။

ထို့နောက် Alexander မှနေ၍ အသီးသီးသော အပြစ်ရှိသူများအား ဆွဲထုတ်ကာ အရှင်သခင်ရှေ့ ထူးထောက်စေသည် ။ ထိုသူများမှာ ယခုသေလုမျောပါး မေ့မျောနေသော ကျွန်ငယ်၏သေးငယ်သောခန္ဓာကိုယ်လေးပေါ်၌ ရုပ်ပျက်ဆင်းပျက်အညိုအမည်းကြီးများဖြစ်စေသည်အထိ ရိုက်နှက်ခဲ့သော Lucy ပါဝင်သည် ။

Lucy : " အရှင် , တရားမျှတမှုပေးပါ ... အရှင် , ကျွန်တော်မျိုးမ ဘာမှ အမှားမလုပ်ခဲ့ပါဘူး !!! "

Lucy သည် အရှင်သခင်၏ရှေ့မှောက် သနားစဖွယ်မျက်လုံးရွဲတွေဖြင့် အော်ငိုပါတော့သည် ။ သူမ၏ စိတ်ထဲ၌ ကျွန်တစ်ယောက်ကို စိတ်အလိုမကျလို့ အနည်းငယ်ရိုက်နှက်ခြင်းမှာ အပြစ်မဟုတ် ။

မြေပြင်ပေါ်တွင် လူးလှိမ့်ကာ ငိုကြီးချက်မ ' မတရား ' ခံနေရပါသော Lucy အား အရှင်သခင်သည် အကြည့်တစ်ချက်လေးတောင်မပေး ... ကောင်းကင်ပေါ်မှ တဖွဲဖွဲကျနေသော နှင်းပွင့်လေးကို လက်ဖဝါးနှစ်ဖက်ဖြင့် အုပ်ဖမ်းလိုက်ပြီး အေးဆေးစွာမေးလိုက်သည် ။

Ash : " အမှား ... ? လောကမှာ မှားတယ် မှန်တယ်နဲ့ ဆုံးဖြတ်လို့မရတဲ့အရာတွေ အများကြီးပဲ ... ကိုယ်တော် အဲဒါကို ဂရုမစိုက်ဘူး ... "

စကားဆိုနေရင်း သူ၏လက်ဖဝါးထဲဖမ်းထားသော နှင်းပွင့်လေးကို ဖွင့်ကြည့်လိုက်ရာ နှင်းပွင့်ငယ်မှာအရည်ပျော်ကာ ဘာမှမကျန်ရစ်ခဲ့တာကို တွေ့ရသည် ။ အေးစက်နေသောမျက်ဝန်းနက်တွေသည် ရုတ်ချည်း ရက်စက်ကြမ်းကြုတ်မှုတွေလွှမ်းသွား၏ ။

Ash : " မှားမှားမှန်မှန် နောက်ဆုံးဘာမှမရှိတော့ရင် နောက်ပြန်လှည့်လို့တောင်မရဘူး ... "

နှင်းတွေစိုကာ သွေးမရှိပြာနှမ်းနေသော ခန္ဓာကိုယ်သေးသေးလေးတစ်ခုအား မြင်ခဲ့ရတဲ့ Alexander မှလွဲ၍ ဘယ်သူမှ ရှင်ဘုရင်၏စကားကို နားမလည်နိုင်ကြ ။

Alexander ၏စိတ်ထဲ၌မူ အရှင်သည် သူ၏နောင်တတွေအကုန်လုံးကို ဒေါသတွေအဖြစ် ပုံစံပြောင်းပစ်ကာ တွေ့သမျှလူတိုင်းကို အပြုံးချိုချိုနဲ့လက်ညိုးထိုးပြီး မသတ်ခိုင်းတာကံကောင်းသည် ။

Alexander သည် နှစ်ပေါင်းများစွာ အပါး‌တော်မြဲခဲ့သူမို့ အလှပဆုံးအရှင်သခင်ဟာ မည်းညစ်နေသောနှလုံးသားကို ထုတ်ပြချိန်၌သာ တည်ရှိကြောင်း သိခဲ့တာ ကြာပါပြီ ။ ဒါမှမဟုတ်လဲ သွေးရောင်တွေကသာ ထိုလှပသောလူသားကို ပုံဖော်သလိုလို ... နတ်ဆိုးရဲ့မျက်နှာဟာ ရက်စက်နေမှသာ လှပကြောင်း လက်ခံရမည် ။

ဒါပေမယ့် နတ်ဆိုးတစ်ပါးမှာ သေလောက်တဲ့အလှတရားဟာ ဘာအရေးလဲ ?
သနားစရာအဲ့ဒီလူသားဟာ နီရဲရဲတွေနဲ့မှပြုံးနိုင်တာပါ ။
ဒါကို ဘယ်သူက လက်ခံပေးနိုင်မှာလဲ ?

လူမဟုတ်ပါဘူးဆိုတဲ့ သခင်ဖြစ်သူကို လူတစ်ယောက်လိုကြည့်ကြည့်တတ်တဲ့ အလင်းတန်းကိုရင်မှာပိုက်ထားသူ ကောင်မလေးမှာလဲ အသက်ဆုံးတော့မယ်တဲ့ ... ။ ကောင်မလေးသာ သေခဲ့ရင်ဆိုတဲ့ အနာဂတ်ကို Alexander သည် ဆက်မတွေးရဲတော့ ... ။

ဒါမှမဟုတ် ဒါဟာ ဤလူသားနှစ်ယောက်ရဲ့ ကံကြမ္မာပဲလား ?

ကျွန်ငယ်အားပေးသနားခဲ့သော ဂွမ်းစောင်ကို ကြားမှဖြတ်ယူထားသော နန်းတွင်းကုန်စည်ထိန်းနှင့် နေစရာမပေးခဲ့သော ကျွန်ထိန်းတို့အား အဝတ်အစားများချွတ်ကာ နန်းတော်ထဲမှနှင်ထုတ်ခဲ့သည် ။ ကျွန်ငယ်အား တံမြက်စည်းဖြင့် ရိုက်နှက်ခဲ့သော သန့်ရှင်းရေးဆောင်က အမျိုးသမီးအား ကျောပြင်ပေါ်သို့ ခယောင်းရိုးဖြင့်ရိုက်နှက်ခဲ့သည် ။ ကျွန်ငယ်အား ရရင်ရသလို ရိုက်ပုတ်နှိပ်စက်ခဲ့သော Lucy မှာမူ သူမ၏ နုနယ်သောမျက်နှာလေးအရည်ခွံနွှာခံရတာကြောင့် ရူးသွပ်သွားခဲ့သည် ။

ဤသည်ကိုကြည့်ခြင်းအားဖြင့် Xavia Ash သည် ငယ်ငယ်ရွယ်ရွယ်နှင့် နန်းတက်ခဲ့သော်လည်း ရင့်ကျက်သောအုပ်ချုပ်သူတစ်ယောက်ပမာ သူ၏နန်းတော်ထဲ ဖြစ်ပျက်နေသောအရာအားလုံးကို အသေးစိတ်ကအစ သိရှိနေကြောင်း တွေ့ရမည် ။

ထိုသည်နှင့် တစ်ယောက်ချင်းစီအတွက် အသေးစိတ်သော ပြစ်ဒဏ်များကို အသက်မဲ့တဲ့မျက်ဝန်းတွေဖြင့် အကြင်နာတရားမရှိအမိန့်ပေးပြီးသော် တစ်ချက်တောင်လှည့်မကြည့်ပဲ သူထွက်သွားခဲ့လေပြီ ။ ‌‌

ကျန်အပြစ်လွတ်သူများ ဥပမာယူဖို့ ရင်ပြင်ပေါ်၌ စီးကျနေသောသွေးအိုင်ကို မရှင်းလင်းပဲ တစ်ရက်တိတိထားရန် မှာကြားခဲ့သည် ။

ရင်ကွဲမတတ်အော်ဟစ်တောင်းပန်နေကြသော နန်းတွင်းသူနန်းတွင်းသားတို့၏ ငိုသံသည် နန်းတော်တစ်ခုလုံးဆူညံကာ နတ်ဆိုးတစ်ကောင်၏ အမဲဖြတ်ခန်းပမာ ။ ထိုနေ့ နံနက်ခင်း၌ မြေပြင်ပေါ်မှနှင်းခဲများသည် အစိမ်းသပ်သပ်ခန္ဓာကိုယ်မှပန်းထွက်သော သွေးရည်ပူတို့နှင့်ရောကာ အရည်ပျော်ကုန်၏ ။ သွေးညှီနံ့များမှာ အေးစက်သောနန်းတော်ကြီးထဲ လေယူရာ ရောက်ခဲ့သည် ။

နွေးအိသောမွေ့ရာထပ်၌ လှဲလျောင်းနေသော ကျွန်ငယ်သည်ကတော့ အရာအားလုံးကို မသိကျိုးကျွန်ပြုလျက် ... ။

အရာအားလုံးကို တစ်ဦးတည်းကာကွယ်တတ်သော ကောင်မလေးတစ်ယောက်နှင့် အရာအားလုံးကိုပစ်ပယ်ကာ ဓားကိုလွှဲတတ်သော ကောင်လေးတစ်ယောက်တို့၏ အချစ်ရာဇဝင်သည် စာဆိုတို့၏နှုတ်၌ အကြည်းအတန်ဆုံးအလှတရားဟု အတွင်ခံခဲ့သည်မဟုတ်ပါလား ... ။

_____________________________
_____________________________

A/N : အရမ်းပျောက်နေတာသိပါတယ် I'm sry , my mind is so Fxxked up that I can't write .

Btw စိတ်ပင်ပန်းနေကြရင် Word of honor ( Shang He' Ling ) ဆိုတဲ့ကားလေးကြည့်ကြ ... ပညာသားအရမ်းပါတယ် ။ သာသာလဲ အဲ့စီးရီးလေးကြည့်ပြီး ကဗျာတွေ၊ စာတွေအများကြီး သင်ယူခဲ့တယ်
😉✨

______________________________
______________________________

#Zawgyi

ဆယ့္ႏွစ္လရာသီ တစ္ႏွစ္ပတ္လုံးနီးပါး ႏွင္းျမဴေတြ ေႂကြတာမို႔ ‌Xavia ဟာ ေလာက၌ အျဖဴေရာင္ေဒသအျဖစ္တြင္သည္ ။ တစ္ႏိုင္ငံလုံး ၿခဳံၾကည့္လိုက္ရင္ ေဖြးေဖြးျဖဴၿပီး ရဲရဲေတာက္ရာက ဖေယာင္းပန္းနီေတြသာရွိ၏ ။

သို႔ေသာ္ ရာဇဝင္တြင္အႀကီးမားဆုံး ေသြးေခ်ာင္းစီးရာေျမမွာ Xaviaျပည္သာျဖစ္သည္ ။ ေအးစိမ့္တဲ့ေျမမွာေနထိုင္တဲ့လူသားေတြမို႔ ေသြးေအးၾကေလသလားမေျပာတတ္ ... Xavia ရဲ႕ရွင္ဘုရင္မ်ားသည္ ေသြးေရခ်ိဳးၿပီးမွ နန္းတက္ေလ့ရွိၾကသည္ ။

Xavia ၏တည္ေထာင္သူ ပထမမင္းႀကီး
Xavia Arcite သည္ နဂါးတစ္ပိုင္းဟု အယူရွိတာေၾကာင့္ ႏိုင္ငံ့ကိုယ္စားျပဳအမွတ္အသားမွာ အနက္ေရာင္နဂါးႀကီးတစ္ေကာင္ျဖစ္ရျခင္းျဖစ္သည္ ။ နဂါးတစ္ေကာင္၏ေသြးပါတာေၾကာင့္ Xavia မ်ိဳး႐ိုးတို႔သည္ စိတ္ဆတ္ကာအၿငိဳးအလြန္ႀကီးၾကသည္ လို႔လဲနာမည္ႀကီး၏ ။ ထိုအခ်က္ကေတာ့ ေမးခြန္းထုတ္စရာမရွိ ။

ဗီဇလားပဲလား က်ိန္စာပဲလား မေျပာတတ္ပါ ။ Xavia Ash ဆိုတဲ့ ဧကရာဇ္ဟာ လူမဆန္ေအာင္ ရက္စက္ၾကမ္းၾကဳတ္တတ္တာက‌ေတာ့ ပုံျပင္မဟုတ္ ။

Xavia နန္းေတာ္ထဲက တေစၦသရဲမ်ားပင္ေၾကာက္လန႔္ကာ ပုန္းေရွာင္ထြက္ေျပးခဲ့ၾကရေသာ ေဆာင္းေန႔ေလးက ဒီလိုစသည္ .....

နံနက္ေစာေစာ ထူးဆန္းေသာအမိန႔္တစ္ခုကိုသယ္ေဆာင္ကာ ဌာနအသီးသီးသို႔ ေတာ္ဝင္သက္ေတာ္ေစာင့္မ်ားေရာက္လာခဲ့သည္ ။

" အရွင့္အမိန႔္ေတာ္ ...!!!
အားလုံး အခုခ်က္ခ်င္း အတြင္းေဆာင္ရဲ႕ရင္ျပင္မွာ စုေဝးၾက ! "

ထိုၫႊန္ၾကားခ်က္အရ အတြင္းေဆာင္ေရွ႕ ႏွင္းေတြဖုံးေနေသာ ရင္ျပင္က်ယ္ႀကီးတြင္ အေစခံမ်ားအားလုံး သြားစုၾကသည္ ။ ေထာင္ခ်ီေသာအေစခံမ်ားထဲ နန္းတြင္းေဆးဌာနႏွင့္ စာေပဌာနတို႔ႏွစ္ခုသာလြတ္ေျမာက္၏ ။

ႏွင္းမိုးထဲ ပူပန္စြာရပ္ေစာင့္ေနၾကရင္း တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာေခါင္းတခါခါ လုပ္ေနၾကေသာ နန္းတြင္းသူ၊ နန္းတြင္းသားတို႔သည္ ျပႆနာ၏အေလးခ်ိန္ကို မသိခဲ့ၾက ။

အတြင္းေဆာင္ သိုမဟုတ္ ပင္မေဆာင္ဟာ ရွင္ဘုရင္မ်ားအဆက္ဆက္ တစ္ကိုယ္ေရသုံးေတာ္မူတဲ့နန္းေဆာင္မို႔ အတြင္းေရးျပႆနာမ်ားကိုရွင္းဖို႔ ရံဖန္ရံခါသုံးတတ္သည္ ။ ထို႔ေၾကာင့္ အေတြ႕အႀကဳံရင့္ေသာအေစခံအိုႀကီးမ်ားမွာ အရွင္သခင္၏ ကိုယ္ေရးကိုယ္တာအေရးကိစၥနဲ႔ ပတ္သတ္မႈရွိ‌ႏိုင္ေၾကာင္း ခန႔္မွန္းမိၾကမည္ ။

နန္းတက္ခါစကလို ေရခ်ိဳးခ်ိန္ခစားတဲ့ နန္းတြင္းသူေလးတစ္‌ေယာက္ အရွင့္ရဲ႕ခႏၶာကို လက္ညိဳးနဲ႔မေတာ္တဆထိမိလို႔ လက္ျဖတ္ခံရတဲ့အျဖစ္မ်ိဳးမ်ား ထပ္ျဖစ္ေလမလား ?

ဒါမွမဟုတ္ တစ္ႀကိမ္ကလို အဝတ္ေလွ်ာ္ေဆာင္က အေစအပါးေလးတစ္ေယာက္ အရွင့္ရဲ႕ညအိပ္ဝတ္႐ုံကို ခိုးနမ္းမိလို႔ အာ႐ုံခံေပ်ာက္ေအာင္ အဆိပ္ေကြၽးဒဏ္ခတ္ခဲ့တဲ့ အျဖစ္မ်ိဳးမ်ား ထပ္ျဖစ္ေလမလား ?

ထိုကဲ့သို႔မ်ားစြာေသာ အျဖစ္ဆိုးေတြနဲ႔ ညႇာတာမႈကင္းမဲ့ေသာ အျပစ္ဒဏ္ေပါင္း ေျမာက္မ်ားစြာရွိခဲ့ဖူး၏ ။

မၾကာ လူအုပ္ႀကီးအေရွ႕သို႔ ဧကရာဇ္ကိုယ္တိုင္ ႂကြခ်ီလာပါေတာ့သည္ ။

ႏွင္းတဖြဲဖြဲရဲ႕ေအာက္ သူ၏မ်က္ႏွာျဖဴသည္ ေသြးမရွိ ။ နက္ေမွာင္တဲ့မ်က္ဝန္းေတြဟာ ေရွ႕ကိုၾကည့္ေနေပမယ့္ ဘာကိုမွမျမင္ေတာ့သလို ။ လက္ႏွစ္ဖက္ကိုေနာက္ပစ္ကာ ရပ္ေနရင္း တဖိန႔္ဖိန႔္တုန္ယင္ေနေသာ ေစကြၽန္မ်ားကို ေဝ့ၾကည့္ေန၏ ။ သူ၏ အမူအရာမွာ ေအးေဆးတည္ၿငိမ္လ်က္ ။

ခဏက ပြစိပြစိအသံမ်ားထြက္ေနခဲ့ေသာ လူအုပ္ႀကီးသည္ ႐ုတ္ခ်ည္းတိတ္ဆိတ္သြားတာ အသက္ရႉသံေတာင္မၾကားရေတာ့ ။ အရွင္သခင္နဲ႔ အၾကည့္ခ်င္းမဆုံရဲၾကတာေၾကာင့္ ေခါင္းကိုအသားကုန္ငုံ႔ထားလ်က္ ၊ ျပႆနာတက္တဲ့သူဟာ မိမိမဟုတ္ပါေစနဲ႔ဟုသာ ဆုေတာင္းေနၾကသည္ ။

လူေတြကို အၾကည့္နဲ႔ႏွိပ္စက္လို႔ ဝသြားၿပီနဲ႔တူ၏ ။ တေအာင့္ၾကာမွ စကားကိုစေလသည္ ။

Ash : " စားေတာ္ကဲႀကီး ရွိသလား ? "

သူက ေပါ့ေပါ့ပါးပါးေခၚလိုက္သည္ ။

သို႔ေသာ္ လူအုပ္ႀကီး၏ထိတ္မွာ ရပ္ေနေသာ ေတာ္ဝင္စားေတာ္ကဲႀကီးမွာ ကမာၻပ်က္သဖြယ္တုန္လႈပ္သြားရသည္ ။ စားဖိုေဆာင္ဝန္ထမ္းမ်ားမွာလဲ မ်က္ႏွာေတြ မည္းသြား၏... ။

" ... ကြၽန္ေတာ္မ်ိဳး ရွိေၾကာင္းပါ အရွင္ "

ကတုန္ကယင္ေရွ႕သို႔ထြက္လာေသာ စား‌ ေတာ္ကဲႀကီးမွာ အသက္အ႐ြယ္မွ်ျဖင့္ ေလးဆယ္ေက်ာ္ၿပီျဖစ္ကာ ႐ိုး႐ိုးေအးေအး သူ႔အလုပ္သူလုပ္ေသာသူပဲျဖစ္သည္ ။ ထိုလိုလူက ဘယ္လိုအျမတ္ေတာ္ရွမည့္ကိစၥကိုျပဳခဲ့သနည္း ? လူတိုင္းသိခ်င္ၾက၍ နားေတြစြင့္လ်က္... ။

ရွင္ဘုရင္က တည္ၿငိမ္စြာဆက္မိန႔္သည္။

Ash : " ကိုယ္ေတာ့္ကိုေျပာ နန္းတြင္းစားဖိုေဆာင္က ဘာေတြလုပ္ရသလဲ ? "

ထိုေမးခြန္းကိုၾကားေတာ့ စားေတာ္ကဲႀကီးမွာ ေခတၱေၾကာင္အမ္းလ်က္ အရွင္သခင္၏မ်က္ႏွာကို မသိမသာအကဲခတ္မိ၏ ။

ၾကည္လင္ေသာမ်က္ႏွာေတာ္၌ ဘာဆိုဘာမွမရွိ ။ သူဘာလိုခ်င္ေနသလဲ ဘယ္သူမွမသိ ။ သာမန္ကာလွ်ံကာ ႀကဳံလို႔စကားစျမည္ေျပာတဲ့ သူတစ္ေယာက္ဟန္ ေပါ့ပါးလြန္းေနသည္ ။

ထို႔ေၾကာင့္ ေ႐ြးခ်ယ္စရာမရွိတဲ့ စားဖိုမႉးႀကီးမွာ အေျဖကိုတည့္တိုးပဲေျဖလိုက္သည္ ။ အရွင္ဟာ တကယ္ပဲ စားဖိုေဆာင္က ဘာလုပ္ရသလဲ သိခ်င္လို႔ ေမးတာလဲျဖစ္ခ်င္ျဖစ္ေနႏိုင္တယ္ မဟုတ္လား ?

" အရွင့္ကို ေလွ်ာက္တင္ပါတယ္ ... ေတာ္ဝင္စားဖို‌ေဆာင္ဟာ နန္းေတာ္ထဲမွာေနထိုင္တဲ့သူမ်ား စားသုံးရန္ ေန႔စဥ္ အစားအေသာက္မ်ားကို ေစတနာအျပည့္ျဖင့္ ခ်က္ျပဳတ္ေပးေနေၾကာင္းပါ "

စားေတာ္ကဲႀကီးသည္ စားဖိုေဆာင္၏သိကၡာႏွင့္ တာဝန္ကို အေရးတယူေဖာ္ထုတ္ကာ ေျဖၾကားလိုက္သည္ ။

ထိုအေျဖကို သေဘာတူေၾကာင္း အရွင္ကလဲ ေခါင္းတညိတ္ညိတ္ ... ။ အဲ့ဒီအျပဳအမူေၾကာင့္ သူ႔ခမ်ာမွာ အသက္ရႉေခ်ာင္ဖို႔ ႀကံေသး ၊ ေနာက္ထပ္ ဆန္းျပားေသာ ေမးခြန္းတစ္ခု လာျပန္၏ ။

Ash : " အဲဒါဆိုရင္ စားဖိုေဆာင္ကခ်က္တဲ့အစားအ‌ေသာက္ေတြကို ဘယ္သူ႔ကိုမေကြၽးဘူး၊ ဘယ္သူ႔ကိုမွေကြၽးမယ္ဆိုၿပီး ဆုံးျဖတ္ေလ့ရွိသလား ? "

ဧကရာဇ္သည္ အမွန္တကယ္မသိနားမလည္သူပမာ ‌စား‌ေတာ္ကဲႀကီး၏မ်က္လုံးေတြထဲ စူးစိုက္ၾကည့္ကာေမးေလသည္ ။ နက္ေမွာင္ေသာမ်က္ဝန္းေတြနဲ႔ဆုံမိေသာ အခါ စားေတာ္ကဲႀကီးသည္ ေဇာေခြၽးျပန္လာပါေတာ့သည္ ။

ဝန္ခံရလွ်င္ သူအဲသလိုလုပ္ခဲ့ဖူးရင္‌ေတာင္ မမွတ္မိေတာ့ပါ ။ စားဖိုေဆာင္ဆိုေသာေနရာ၌ အႀကီးအကဲျဖစ္ရျခင္းတြင္ လုပ္ပိုင္ခြင့္ႀကီးႀကီးမားမားဆိုတာလဲမရွိဘူး မဟုတ္လား ။

" ကြၽန္... ကြၽန္ေတာ္မ်ိဳး မေသခ်ာေၾကာင္းပါ "

ေထ့ေထ့ေငါ့ေငါ့ တုန္တုန္ယင္ယင္ျဖစ္ေနရွာေသာ စားေတာ္ကဲႀကီးကို အရွင္က ခပ္ၿပဳံးၿပဳံးၾကည့္ကာ ေခါင္းညိတ္သည္ ။
တုံးအတဲ့အေစအပါးကို သေဘာထားႀကီးစြာ နားလည္ခြင့္လႊတ္ေပးတတ္ေသာ သခင္ပုံသဏၭာန္ဖမ္း၏ ။

သို႔ေသာ္ ဤေမတၱာရွင္ႀကီးကို မယုံလိုက္ေလႏွင့္ ... ခ်ိဳသာတဲ့အၿပဳံးေနာက္လိုက္မိရင္ လည္ၿမိဳကိုထိုးမယ့္ဓားသြားက ေစာင့္ေနလိမ့္မည္ ။

Ash : " ဟင္း... ေကာင္းၿပီ
ဒါဆိုရင္ ကိုယ္ေတာ္ ေမးခြန္းေျပာင္းေမးမယ္ "

သူထိုသို႔ဆိုကာ အသက္မရွိတဲ့ေက်ာက္တုံးေတြလို ၿငိမ္သက္ေနေသာ လူအုပ္ႀကီးကို တစ္ခ်က္ေဝွ႔ၾကည့္လိုက္သည္။ အလစ္မိၿပီး သူနဲ႔အၾကည့္ခ်င္းဆုံသြားသူတိုင္းမွာ ငရဲတြင္းကို ျမင္လိုက္ရသလို ... အ႐ိုးထဲထိစိမ့္ဝင္သြားတဲ့ ေအးစက္စက္ခံစားခ်က္က အိပ္မက္ထဲထိ‌ ေျခာက္လွန႔္ေနေတာ့မွာ အမွန္ ။

အားလုံးရဲ႕ အာ႐ုံစိုက္မႈက သူဆက္ေျပာမယ့္ စကားလုံးေတြဆီမွာ ... ရင္တထိတ္ထိတ္နဲ႔ ေစာင့္စားေနၾက၏ ။

Ash : " လြန္ခဲ့တဲ့ႏွစ္လေလာက္တည္းက ညေန ေနဝင္တိုင္း စားဖိုေဆာင္မွာ ဂ်ဳံျပဳတ္တစ္ခြက္ လာလာေတာင္းတဲ့ သတၱဝါေလးကို ဘယ္သူက အစာေကြၽးခြင့္မရွိဘူးလို႔ သတ္မွတ္လိုက္သလဲ ? "

အဲ့ဒီစကားရဲ႕အဆုံးတြင္ ပုံေပၚလာေသာ 'သတၱဝါေလး' သည္ ေသးေကြးေသာကိုယ္လုံး၊ တိုးညႇင္းေသာအသံရွိေသာ ေကာင္မေလးတစ္ေယာက္ျဖစ္သည္ ။ ဖေယာင္းပန္းပင္ေတြရွိရင္ သူမလဲရွိေနတတ္ကာ နန္းေတာ္၏ေနရာအႏွံ႔ သူမကိုေတြ႕ရတတ္သည္ ။

ထိုအခါမွ ေစကြၽန္တို႔သည္ နံနက္ေစာေစာ နန္းေတာ္ထဲ ငရဲမီးေတာက္ရျခင္း အေၾကာင္းအရင္းကို ခန႔္မွန္းမိၾကေတာ့သည္ ။ အရွင္သည္ အႏွီသုံ႔ပန္းအား ေခၚေဆာင္လာသည့္‌ ေန႔မွစ၍ သူမအား နန္းေတာ္ထဲက ဖေယာင္းပန္းမ်ားကို ေကာက္ကာေရတြက္ရန္ အျပစ္ေပးခဲ့၏ ။ ထိုမွအပ ဘာကိုမွမမိန႔္ခဲ့ ။

ဟုတ္ပါသည္ ။ နတ္ဆိုးတမွ် ၾကမ္းၾကဳတ္ပါသည္ဆိုေသာ အရွင္သခင္သည္ ကြၽန္ငယ္အား အစာအငတ္ထားေစ ၊ ႐ိုက္ႏွက္ေစ စသည့္ျပစ္ဒဏ္မ်ားကို မေပးခဲ့ေပ ။ တကူးတက ' ဖေယာင္းပန္း ေကာက္ပါ ' ဟူ၍သာ မိန႔္ၾကားခဲ့တာျဖစ္သည္ ။

ဧကရာဇ္တစ္ပါး၏ အခ်ဳပ္အျခာအာဏာဆိုသည္မွာ သခင္ရဲ႕အမိန႔္သည္ ဥပေဒျဖစ္ရမည္ ။ ရွင္းရွင္းေျပာရလွ်င္ သခင္က မမိန႔္တဲ့အမႈကိုျပဳမိတာနဲ႔တင္ အျပစ္ပင္ ။

ထိုသို႔သေဘာေပါက္ၾကသည္ႏွင့္တၿပိဳင္နက္ မိမိတို႔လဲ တစ္ေယာက္ေသာကြၽန္ငယ္အား အႏိုင္က်င့္မိေလသလား ပူပန္ၾကေတာ့သည္ ။ ဒါေပမယ့္ ေနာက္က်သြားေလၿပီ ။

အရွင့္ရဲ႕‌ ေဘးနားရပ္ေနေသာ ေတာ္ဝင္သက္ေတာ္ေစာင့္, Alexander က လက္တစ္ခ်က္ေျမႇာက္ကာ အခ်က္ေပးလိုက္ေသာအခါ ရဲမက္ငယ္ႏွစ္ေယာက္သည္ သံအိုးႀကီးတစ္လုံးကို သယ္ေဆာင္လာခဲ့၏ ။ အိုးထဲ၌ အေစ့ေတာင္ကြဲေအာင္ မျပဳတ္ရေသးသည့္ အေငြ႕တေထာင္းေထာင္းထ‌ေနေသာ ဂ်ဳံျပဳတ္ရည္မ်ားအျပည့္ပါလာသည္ ။

Alexander : " အရွင္ , စြတ္ျပဳတ္ရည္က ရပါၿပီ "

တပြက္ပြက္ဆူေနေသာ ဂ်ဳံျပဳတ္အိုး၏ ရည္႐ြယ္ခ်က္ကိုရိပ္မိတဲ့ စားေတာ္ကဲႀကီးမွာ ေျမျပင္ေပၚသို႔ ႏွဖူးတိုက္ဝပ္တြားကာ ငိုယိုပါ‌ေတာ့သည္ ။

" အ... အရွင္ , အဲသလိုအျဖစ္မ်ိဳးရွိခဲ့ေၾကာင္း ကြၽန္ေတာ္မ်ိဳး မသိခဲ့႐ိုးပါ ။ ကြၽန္ေတာ္မ်ိဳး အဲ့သည္သတၱဝါေလးကို တစ္ခါမွမျမင္ဖူးပါဘူး ... "

Ash : " ဟိုး ဟုတ္သလား ။ ဒါဆိုရင္ စားဖိုေဆာင္မွာ ဘယ္သူက စားေတာ္ကဲႀကီးထက္ အာဏာရွိသလဲေျပာစမ္း ? "

ဧကရာဇ္ငယ္၏ နီေထြးေသာႏႈတ္ခမ္းဖူးဖူးေလးမွာ မိမိ၏အသက္ကို အမိန႔္တစ္ခြန္းတည္းနဲ႔ အဆုံးသတ္‌ေစႏိုင္တာမို႔ စားေတာ္ကဲႀကီးသည္ ဘာကိုမွမစဥ္းစားေတာ့ပဲ လူအုပ္ထဲမွအမ်ိဳးသမီးတစ္ေယာက္ကို လက္ညိဳးထိုးလိုက္ေလသည္ ။ အမ်ိဳးသမီးမွာ သူမဆီျမႇားဦးလွည့္လာမွာ ႀကိဳသိေနသည့္အလား ... မ်က္ရည္ႀကီးငယ္က်ေနေလၿပီ ။

ထိုအျဖစ္ကိုေတြ႕ေတာ့ ရွင္ဘုရင္သည္ ပင့္သက္ကို ေျဖးညႇင္းစြာရႈိက္ကာ Alexander ကို တစ္ခ်က္ၾကည့္လိုက္သည္ ။ Alexander မွာ သခင္၏စိတ္ကို သေဘာေပါက္သည့္အလား သူ၏လက္ေအာက္ငယ္သားႏွစ္ေယာက္ကို ထိုအမ်ိဳးသမီးအား သြားဆြဲထုတ္လာ ခိုင္းလိုက္သည္ ။

Ash : " စားေတာ္ကဲႀကီး , ကိုယ္ေတာ့္ကို ေျပာလိုက္ေသးသလား ... သတၱဝါေလးကို မျမင္မိဘူးလို႔ ? ဒါဆိုရင္ ဘာေၾကာင့္ ဒီအမ်ိဳးသမီးမွာ တာဝန္ရွိတယ္လို႔ ၫႊန္းရသလဲ ? "

ထိုအခ်ိန္၌ အရွင္၏မ်က္ႏွာအရိပ္အကဲကို မွန္းဆႏိုင္သူတို႔သည္ အမွန္တရားကို သိၾကၿပီျဖစ္၏ ။ အရွင္သည္ အျဖစ္အပ်က္အေၾကာင္းစုံကို သိရွိၿပီးမွလာတာျဖစ္သည္ ။ ဒါဆိုရင္ ဘာေၾကာင့္ တန္းၿပီးအျပစ္မေပးပဲ လူေတြကိုေျခာက္လွန႔္ေနရသလဲ ?

နန္းေတာ္ေအာက္ေျခဝန္ထမ္းတို႔ရဲ႕ ကိုယ္က်င့္တရားနဲ႔ စည္းကမ္းလိုက္နာမႈကို စမ္းသပ္ခ်င္လို႔ပဲလား ?
ဒါမွမဟုတ္ စိန္ေျပတေျပ ႏွိပ္စက္ရတာ ႏွစ္သက္လို႔ပဲလား ?
ကာယကံရွင္သာသိမည္ ။ အကယ္၍ ဒုတိယအခ်က္သာမွန္ခဲ့ရင္ေတာ့ျဖင့္ Xavia နန္း‌ေတာ္ဟာ မီးအဟုန္းဟုန္းနဲ႔ ဇာတ္သိမ္းလိမ့္မည္ ။

" အရွင္ ခ်မ္းသာေပးပါ ... အစာလာေတာင္းတဲ့ သတၱဝါေလးကို ဒီအမ်ိဳးသမီးေမာင္းထုတ္ေနတာ ျမင္ခဲ့႐ုံပါ ... ကိုယ္တိုင္ဘာမွမလုပ္ခဲ့ပါဘူး "

စားေတာ္ကဲႀကီးမွာ ေဆာက္တည္ရာမရျဖစ္လ်က္ ေျမျပင္ကိုႏွဖူးနဲ႔အႀကိမ္ႀကိမ္တိုက္ကာ အသနားခံေတာ့သည္ ။

လူသားတို႔သည္ ' ဆိတ္ဆိတ္ေနျခင္းဟာ ေထာက္ခံျခင္းနဲ႔တူေၾကာင္း ' ၊ ' ဘာမွမလုပ္ျခင္းဟာ အလိုတူပါျဖစ္ေၾကာင္း ' သေဘာကို အလင္းမေရာက္ႏိုင္ၾကေပ ။

က်န္လူမ်ားမွာ ေနရာမွထြက္ေျပးခ်င္စိတ္ေပါက္သည္အထိ ေၾကာက္႐ြံ႕ေနၾကၿပီျဖစ္သည္ ။ ကံမေကာင္းခ်င္ေတာ့ ေျပးေပါက္မွန္သမွ်မွာ ေတာ္ဝင္သက္ေတာ္ေစာင့္မ်ား ပိတ္ကာေစာင့္ေန၏ ။ မိမိအလွည့္ေရာက္လာရင္ ဘယ္လိုလိမ္ေျပာရမလဲ ႀကံဖန္ျပန္‌‌ေတာ့လဲ အခ်ည္းအႏွီးသာ ... အရွင္သခင္သည္ ေသခ်ာေပါက္ သက္ဆိုင္သူအားလုံးကို သိမ္းက်ဳံးၿပီး အျပစ္ေပးေတာ့မွာဧကန္မလြဲ ။

သူတို႔ ဘာေၾကာင့္ အဲ့ဒီကြၽန္ကို ႐ိုက္ပုတ္ခဲ့မိသလဲ ? ဘာေၾကာင့္ ကန္ေၾကာက္ခဲ့သလဲ ? သူတို႔ အေၾကာင္းအရင္းအတိအက်ကို မမွတ္မိၾကေတာ့ ... ။

တစ္ခုကေတာ့ရွင္းသည္ ... လုပ္လို႔ရလို႔ကို လုပ္ၾကတာျဖစ္သည္ ။ အက်ိဳးဆက္ကေတာ့ ပထမဆုံးအႀကိမ္ အရွင္လတ္လတ္ ငရဲတြင္းကို မ်က္ျမင္ေတြ႕ၾကရၿပီေပါ့ ။

ဩရွရွအသံဟာ ျပတ္သားစြာ ...

Ash : " ဂ်ဳံျပဳတ္တစ္ပန္းကန္ေလးေတာင္မွ လုစားမွေတာ့ အရမ္းငတ္ျပတ္ေနလို႔ပဲ ။ သူတို႔ ဝလင္တဲ့အထိ စားပါေစေတာ့ "

သူတို႔ဆိုသည္မွာ စားေတာ္ကဲႀကီးအပါအဝင္ စားဖိုေဆာင္တစ္ခုလုံးမွလူေတြအကုန္ပါဝင္၏ ။ သူတို႔သည္ ႏွစ္ဖက္ႏွစ္ခ်ပ္မွ ရဲမက္မ်ား၏ ဝိုင္းခ်ဳပ္ခံရၿပီး အာေခါင္ထဲသို႔ အပူျခစ္ျခစ္ေတာက္ေနေသာ ဂ်ဳံျပဳတ္အရည္မ်ား တိုက္ေကြၽးခံလိုက္ရေလေတာ့သည္ ။

အာေခါင္မွတစ္ဆင့္ အစာအိမ္ထဲသို႔စီးဝင္သြားေသာ အပူရည္တို႔သည္ အူေတြကိုပါ ျပတ္ေတာက္ေစသည္အထိ ေလာင္ကြၽမ္းတာမို႔ မခံမရပ္ႏိုင္ ေအာင္ဟစ္႐ုန္းကန္ၾကေသာ္လည္း သန္မာေသာရဲမက္‌တို႔၏ လက္ထဲအခ်ည္းအနီးျဖစ္ရေလသည္ ။

ထို႔ေနာက္ Alexander မွေန၍ အသီးသီးေသာ အျပစ္ရွိသူမ်ားအား ဆြဲထုတ္ကာ အရွင္သခင္ေရွ႕ ထူးေထာက္ေစသည္ ။ ထိုသူမ်ားမွာ ယခုေသလုေမ်ာပါး ေမ့ေမ်ာေနေသာ ကြၽန္ငယ္၏ေသးငယ္ေသာခႏၶာကိုယ္ေလးေပၚ၌ ႐ုပ္ပ်က္ဆင္းပ်က္အညိဳအမည္းႀကီးမ်ားျဖစ္ေစသည္အထိ ႐ိုက္ႏွက္ခဲ့ေသာ Lucy ပါဝင္သည္ ။

Lucy : " အရွင္ , တရားမွ်တမႈေပးပါ ... အရွင္ , ကြၽန္ေတာ္မ်ိဳးမ ဘာမွ အမွားမလုပ္ခဲ့ပါဘူး !!! "

Lucy သည္ အရွင္သခင္၏ေရွ႕ေမွာက္ သနားစဖြယ္မ်က္လုံး႐ြဲေတြျဖင့္ ေအာ္ငိုပါေတာ့သည္ ။ သူမ၏ စိတ္ထဲ၌ ကြၽန္တစ္ေယာက္ကို စိတ္အလိုမက်လို႔ အနည္းငယ္႐ိုက္ႏွက္ျခင္းမွာ အျပစ္မဟုတ္ ။

ေျမျပင္ေပၚတြင္ လူးလွိမ့္ကာ ငိုႀကီးခ်က္မ ' မတရား ' ခံေနရပါေသာ Lucy အား အရွင္သခင္သည္ အၾကည့္တစ္ခ်က္ေလးေတာင္မေပး ... ေကာင္းကင္ေပၚမွ တဖြဲဖြဲက်ေနေသာ ႏွင္းပြင့္ေလးကို လက္ဖဝါးႏွစ္ဖက္ျဖင့္ အုပ္ဖမ္းလိုက္ၿပီး ေအးေဆးစြာေမးလိုက္သည္ ။

Ash : " အမွား ... ? ေလာကမွာ မွားတယ္ မွန္တယ္နဲ႔ ဆုံးျဖတ္လို႔မရတဲ့အရာေတြ အမ်ားႀကီးပဲ ... ကိုယ္ေတာ္ အဲဒါကို ဂ႐ုမစိုက္ဘူး ... "

စကားဆိုေနရင္း သူ၏လက္ဖဝါးထဲဖမ္းထားေသာ ႏွင္းပြင့္ေလးကို ဖြင့္ၾကည့္လိုက္ရာ ႏွင္းပြင့္ငယ္မွာအရည္ေပ်ာ္ကာ ဘာမွမက်န္ရစ္ခဲ့တာကို ေတြ႕ရသည္ ။ ေအးစက္ေနေသာမ်က္ဝန္းနက္ေတြသည္ ႐ုတ္ခ်ည္း ရက္စက္ၾကမ္းၾကဳတ္မႈေတြလႊမ္းသြား၏ ။

Ash : " မွားမွားမွန္မွန္ ေနာက္ဆုံးဘာမွမရွိေတာ့ရင္ ေနာက္ျပန္လွည့္လို႔ေတာင္မရဘူး ... "

ႏွင္းေတြစိုကာ ေသြးမရွိျပာႏွမ္းေနေသာ ခႏၶာကိုယ္ေသးေသးေလးတစ္ခုအား ျမင္ခဲ့ရတဲ့ Alexander မွလြဲ၍ ဘယ္သူမွ ရွင္ဘုရင္၏စကားကို နားမလည္ႏိုင္ၾက ။

Alexander ၏စိတ္ထဲ၌မူ အရွင္သည္ သူ၏ေနာင္တေတြအကုန္လုံးကို ေဒါသေတြအျဖစ္ ပုံစံေျပာင္းပစ္ကာ ေတြ႕သမွ်လူတိုင္းကို အၿပဳံးခ်ိဳခ်ိဳနဲ႔လက္ညိဳးထိုးၿပီး မသတ္ခိုင္းတာကံေကာင္းသည္ ။

Alexander သည္ ႏွစ္ေပါင္းမ်ားစြာ အပါး‌ေတာ္ၿမဲခဲ့သူမို႔ အလွပဆုံးအရွင္သခင္ဟာ မည္းညစ္ေနေသာႏွလုံးသားကို ထုတ္ျပခ်ိန္၌သာ တည္ရွိေၾကာင္း သိခဲ့တာ ၾကာပါၿပီ ။ ဒါမွမဟုတ္လဲ ေသြးေရာင္ေတြကသာ ထိုလွပေသာလူသားကို ပုံေဖာ္သလိုလို ... နတ္ဆိုးရဲ႕မ်က္ႏွာဟာ ရက္စက္ေနမွသာ လွပေၾကာင္း လက္ခံရမည္ ။

ဒါေပမယ့္ နတ္ဆိုးတစ္ပါးမွာ ေသေလာက္တဲ့အလွတရားဟာ ဘာအေရးလဲ ?
သနားစရာအဲ့ဒီလူသားဟာ နီရဲရဲေတြနဲ႔မွၿပဳံးႏိုင္တာပါ ။
ဒါကို ဘယ္သူက လက္ခံေပးႏိုင္မွာလဲ ?

လူမဟုတ္ပါဘူးဆိုတဲ့ သခင္ျဖစ္သူကို လူတစ္ေယာက္လိုၾကည့္ၾကည့္တတ္တဲ့ အလင္းတန္းကိုရင္မွာပိုက္ထားသူ ေကာင္မေလးမွာလဲ အသက္ဆုံးေတာ့မယ္တဲ့ ... ။ ေကာင္မေလးသာ ေသခဲ့ရင္ဆိုတဲ့ အနာဂန္ကို Alexander သည္ ဆက္မေတြးရဲေတာ့ ... ။

ဒါမွမဟုတ္ ဒါဟာ ဤလူသားႏွစ္ေယာက္ရဲ႕ ကံၾကမၼာပဲလား ?

ကြၽန္ငယ္အားေပးသနားခဲ့ေသာ ဂြမ္းေစာင္ကို ၾကားမွျဖတ္ယူထားေသာ နန္းတြင္းကုန္စည္ထိန္းႏွင့္ ေနစရာမေပးခဲ့ေသာ ကြၽန္ထိန္းတို႔အား အဝတ္အစားမ်ားခြၽတ္ကာ နန္းေတာ္ထဲမွႏွင္ထုတ္ခဲ့သည္ ။ ကြၽန္ငယ္အား တံျမက္စည္းျဖင့္ ႐ိုက္ႏွက္ခဲ့ေသာ သန႔္ရွင္းေရးေဆာင္က အမ်ိဳးသမီးအား ေက်ာျပင္ေပၚသို႔ ခေယာင္း႐ိုးျဖင့္႐ိုက္ႏွက္ခဲ့သည္ ။ ကြၽန္ငယ္အား ရရင္ရသလို ႐ိုက္ပုတ္ႏွိပ္စက္ခဲ့ေသာ Lucy မွာမူ သူမ၏ ႏုနယ္ေသာမ်က္ႏွာေလးအရည္ခြံႏႊာခံရတာေၾကာင့္ ႐ူးသြပ္သြားခဲ့သည္ ။

ဤသည္ကိုၾကည့္ျခင္းအားျဖင့္ Xavia Ash သည္ ငယ္ငယ္႐ြယ္႐ြယ္ႏွင့္ နန္းတက္ခဲ့ေသာ္လည္း ရင့္က်က္ေသာအုပ္ခ်ဳပ္သူတစ္ေယာက္ပမာ သူ၏နန္းေတာ္ထဲ ျဖစ္ပ်က္ေနေသာအရာအားလုံးကို အေသးစိတ္ကအစ သိရွိေနေၾကာင္း ေတြ႕ရမည္ ။

ထိုသည္ႏွင့္ တစ္ေယာက္ခ်င္းစီအတြက္ အေသးစိတ္ေသာ ျပစ္ဒဏ္မ်ားကို အသက္မဲ့တဲ့မ်က္ဝန္းေတြျဖင့္ အၾကင္နာတရားမရွိအမိန႔္ေပးၿပီးေသာ္ တစ္ခ်က္ေတာင္လွည့္မၾကည့္ပဲ သူထြက္သြားခဲ့ေလၿပီ ။ ‌‌

က်န္အျပစ္လြတ္သူမ်ား ဥပမာယူဖို႔ ရင္ျပင္ေပၚ၌ စီးက်ေနေသာေသြးအိုင္ကို မရွင္းလင္းပဲ တစ္ရက္တိတိထားရန္ မွာၾကားခဲ့သည္ ။

ရင္ကြဲမတတ္ေအာ္ဟစ္ေတာင္းပန္ေနၾကေသာ နန္းတြင္းသူနန္းတြင္းသားတို႔၏ ငိုသံသည္ နန္းေတာ္တစ္ခုလုံးဆူညံကာ နတ္ဆိုးတစ္ေကာင္၏ အမဲျဖတ္ခန္းပမာ ။ ထိုေန႔ နံနက္ခင္း၌ ေျမျပင္ေပၚမွႏွင္းခဲမ်ားသည္ အစိမ္းသပ္သပ္ခႏၶာကိုယ္မွပန္းထြက္ေသာ ေသြးရည္ပူတို႔ႏွင့္ေရာကာ အရည္ေပ်ာ္ကုန္၏ ။ ေသြးညႇီနံ႔မ်ားမွာ ေအးစက္ေသာနန္းေတာ္ႀကီးထဲ ေလယူရာ ေရာက္ခဲ့သည္ ။

ေႏြးအိေသာေမြ႕ရာထပ္၌ လွဲေလ်ာင္းေနေသာ ကြၽန္ငယ္သည္ကေတာ့ အရာအားလုံးကို မသိက်ိဳးကြၽန္ျပဳလ်က္ ... ။

အရာအားလုံးကို တစ္ဦးတည္းကာကြယ္တတ္ေသာ ေကာင္မေလးတစ္ေယာက္ႏွင့္ အရာအားလုံးကိုပစ္ပယ္ကာ ဓားကိုလႊဲတတ္ေသာ ေကာင္ေလးတစ္ေယာက္တို႔၏ အခ်စ္ရာဇဝင္သည္ စာဆိုတို႔၏ႏႈတ္၌ အၾကည္းအတန္ဆုံးအလွတရားဟု အတြင္ခံခဲ့သည္မဟုတ္ပါလား ... ။

_____________________________
_____________________________

A/N : အရမ္းေပ်ာက္ေနတာသိပါတယ္ I'm sry , my mind is so Fxxked up that I can't write .

Btw စိတ္ပင္ပန္းေနၾကရင္ Word of honor ( Shang He' Ling ) ဆိုတဲ့ကားေလးၾကည့္ၾက ... ပညာသားအရမ္းပါတယ္ ။ သာသာလဲ အဲ့စီးရီးေလးၾကည့္ၿပီး ကဗ်ာေတြ၊ စာေတြအမ်ားႀကီး သင္ယူခဲ့တယ္
😉✨

______________________________
______________________________

继续阅读

You'll Also Like

374K 36.9K 114
ဘာသာပြန်သူ - စွဲညို့အသင်း ရိုရိုချိုချိုနဲ့ မခါးတာလေး ဖတ်ချင်ရင် လာနော်
608K 58.9K 87
ရုန်းမထွက်ချင်မိတဲ့ မျက်ဝန်းသေတွေ၊ လှုပ်ရုံမျှပြောသည့် နီဆွေးဆွေးနှုတ်ခမ်းလေးနှင့်အတူ ထွက်ပေါ်လာသော နွေးထွေးနူးညံ့သံ။ မမလွမ်းကို တွယ်တာမိတဲ့ခဏတာမှာ ဖ...
157K 8K 34
Start date : 22.3.2023 ဆန်းကြယ်တဲ့ချစ်ခြင်းမေတ္တာတရားတွေကလည်း လောကကြီးရဲ့တစ်စိတ်တစ်ပိုင်းပဲလို့ ပြောရင် ယုံကြမလား...အသွင်မတူတဲ့သူနှစ်ယောက်ရဲ့ချစ်ခြင်...
2.3M 148K 94
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...