A letter to A boy who is not...

Bởi ThomasFionaMo

64.3K 4.3K 230

စာတစ်စောင်ရောက်တယ်တဲ့။ ယောကျ်ားလေးတွေချည်းနေတဲ့အိမ်ကို ကောင်လေးမဟုတ်တဲ့ ကောင်လေးဆိုတဲ့နာမည်နဲ့။ " ...... " စာ... Xem Thêm

part 1(unicode)
Part 3(unicode) 18+
Part 4(Unicode )
Part 5(Unicode )
part 6(Unicode )
Part 7(Unicode)
Part 8(Unicode)
Part 9(unicode)
Part 10(Unicode )
Part 11(Unicode )
Part 12(Unicode )
part 13(Unicode )
Part 14(Unicode )
Part -15(Unicode )
A letter to A boy who is not a boy
Part 16(Unicode )
Part 17(Unicode )
Part 18(unicode)
Part 19(unicode )
Part 20(Unicode )
Final (unicode )
Extra(Unicode )
part 1(zawgyi)
part 2(zawgyi)
Part3(zawgyi)18+
Part 4 (zawgyi)
Part 5(Zawgyi)
Part 6(zawgyi)
Part 7(Zawgyi)
part 8(zawgyi)
part 9(zawgyi)
part 10(zawgyi)
Part 11(Zawgyi )
Part 12(zawgyicode )
part 13(Zawgyi )
Part 14(Zawgyi )
Part 15(Zawgyi )
Part16(Zawgyi )
Part -17(Zawgyi )
Part 18(Zawgyi )
Part19(Zawgyi )
Part20(Zawgyi )
Final(Zawgyi )
Extra (zawgyi )

Part 2(Unicode )

3.1K 236 11
Bởi ThomasFionaMo

"အဟတ်!"

ရယ်သံကိုကြားတော့ ကောင်ကလေးက လှည့်ကြည့်လာသည်။
ဆွဲထားသော လက်ကို ဖြုတ်ချပြီး မျက်မှောင်ကြုတ် လိုက်၏။
ဘယ်လိုကောင်လေးပါလိမ့်။

"ရော့ အဲ့တာ အမိ ပိုက်ဆံအိတ်ထင်တယ်"

အမိ။
အမိတဲ့၊
တစ်မျိုးပြီးတစ်မျိုး အံ့သြစရာကောင်းနေတဲ့ ကောင်လေးမဟုတ်တဲ့ အဲ့ကောင်လေးကို ယုယ သဘောကျလာသည်။
စချင်လာသည်။

" ပိုက်ဆံ ရထားရင်လည်း စောစောထဲက လာပေးပါလား
ခုတော့ ဟိုဘွားတော်ရဲ့ အပြောအဆို တွေ ခံလိုက်ရတယ်""

"လာပေးပါတယ်။ ဆိုင်ထဲဝင်သွားတာကို မမြင်လိုက်လို့ မျက်ခြေပျက်သွားတာ။
အမိကိုတွေ့တော့ အမိက ဆိုင်ရှင်နဲ့ စကားများနေပြီလေ။
ပြီးတော့ အဲ့တာ ပြုတ်ကျနေတုန်းက ပိတ်ကပွင့်နေတယ်။
အထဲမှာ ပိုက်ဆံ ၅၀၀တန် တစ်ရွက်ပဲရှိတယ်"

စကားတွေ တရစပ် ပြောပြီး မျက်မှန်အဝိုင်းကို လက်ညှိုး နဲ့ မတင်လိုက်သေးသည်။
အရပ်လေးပဲ ရှည်နေတာ။ ကျန်တာ တကယ့် သေးသေးလေးတွေ။
လက်ချောင်းရှည်ရှည်လေးတွေကအစပေါ့။

" အင်း အဲ့တော့"

လက်ပိုက်ပြီး သူဘာဆက်ပြောမလဲသိချင်လို့
နားထောက်နေတဲ့ ပုံစံနဲ့လုပ်ပြတော့
သူက ဆက်ရှင်းပြသည်။

"အမိက ပိုက်ဆံလေး ငါးရာ ထဲနဲ့ ဆိုင်ထဲမှာ လေကျယ်နေတော့
အမိကို အဲ့ဆိုင်ရှင်က လှောင်မှာစိုးလို့ အမိသိက္ခာကို ဝင်ထိန်းပေးရုံပါ ဒါပဲ"

မျက်မှန်ကို ထပ်ပြီ ပင့်တင်လိုက်သည်။
သူ့ပုံစံ တစ်ခုစီတိုင်းကို ယုယ သဘောကျနေမိသည်။

"အဲ့တော့ တို့က မင်းကို ကျေးဇူး တင်ရမှာလား"

သူ့ကိုကြည့်ရတာ စကားတွေအများကြီးပြောပြီး စိတ်တိုနေတဲ့ပုံစံပေါက်လာလို့ ထပ်စမိသည်။
ရယ်တော့ရယ်ရသား ၊
လူတစ်ယောက်ကို တစ်ခါမှ ဒီလောက် ကြာကြာ စကားလက်ခံပြီး မပြောဖူးပါ။

"မလိုဘူး "

တကယ်ဒေါသထွက်နေပုံပဲ။
လှည့်ထွက်သွားတဲ့ သူ့ကို လှမ်းတားလိုက်ရသည်။
တကယ်ကြီးပဲ။

"အဲ နေအုံးလေ "

လက်ကို လှမ်းဆွဲတော့ မျက်မှောင်ကြုတ် ရင်း လှည့်ကြည့်လာသည်။
တကည့်ကို မျက်နှာနုနုလေးနဲ့မှ မလိုက် မျက်မှောင်ကြုတ် နိုင်လွန်းသည်ဟု ယုယထင်သည်။

"တို့က စတာပါ။ ဟိူ မင်းနာမည်ဘယ်လိုခေါ်လဲ တိူ့ ကျေးဇူး ဆပ်တဲ့အနေနဲ့ တစ်ခုခုလိုက်ကျွေးရမလာ"

"အမိပိုက်ဆံက ၅၀၀ထဲနော်"

ပိုက်ဆံအိတ်လေးကို သူက မျက်စာပစ်ရင်းပြောသည်။
ဟုတ်သားပဲ။

"မလိုပါဘူး ကျွန်တော်က ကျေးဇူးအတင်ခံချင်လို့ ကူညီတာမဟုတ်လို့ "

"နာမည်တော့ ပြောခဲ့အုံးလေ တို့နာမည်က ယုယငယ်"

သူက ထပ်ပြီး မျက်မှောင်ကြုတ် သည်။
အချိန်ခဏလေးမှာ မျက်မှောင်ကြုတ်နေတာ ၂၁ခါရှိပြီ။

"အဲ.."
စကားဆက်မပြောပဲလှည်ထွက်ဖို့လုပ်နေတဲ့သူ့ကို
ထပ်တားရပြန်သည်၊
ဘယ်လိုတောင် အကျောတင်းလေးလဲ၊

"တို့ကို ပိုက်ဆံချေးခဲ့ပါလား"

မျက်မှောင်ကြုတ် ပြန်သည်။
သူ့ကိုကြည့်ရင်း အော်ရယ်ချင်စိတ်ကို မနည်းထိန်းနေရသည်။
ပိုက်ဆံအတွက်က ဒီည လူတစ်ယောက်ကို ဖုန်းဆက်လိုက်ရုံနဲ့ အေးဆေး ရနိုင်ပေမယ့်
သူနဲ့ ဆက်ပြီး ပတ်သက်ရဖို့တော့ ဒီတစ်လမ်းပဲရှိတာမဟုတ်လား။

"တို့မှာ စောစောက ပိုက်ဆံ ငါးရာပဲ ရှိတာ သိတယ်မလား တို့ပြန်ပေးမှာပါ ။ တို့ကို ယုံလို့ရတယ်"

"..."

"စောစောက ရှင်းပေးခဲ့တာတွေအတွက်ရော ပြန်ဆပ်မှာပါ ။ အင်း မင်းမယုံလည်း.. "

"ဘယ်လောက်ဆို အဆင်ပြေလဲ"

ရုပ်တည်ကြီးနဲ့ တကယ်မေးနေတာလားလို့ သေချာကြည့်တော့ အတည်ကြီးပဲ။

"တစ်သိန်းလောက်"

အိတ်ကပ်ထဲက ပိုက်ဆံအိတ်ထဲကနေ တစ်သောင်းတန်လေးတွေချည်း ဆယ်ရွက် ထုတ်ပေးလာသည်။

"ပြန်ဆပ်စရာမလိုဘူး"

မျက်မှန်ကို ပင့်တင်ရင်း ထွက်သွားတဲ့သူ့ကို ဒီတစ်ခါ ဆွဲထားလို့မရတော့။

"ဖုန်းနံပါတ်လေးတောင် မတောင်းလိုက်ရဘူး"

လက်ထဲရောက်လာသော အဖြူထည် ပိုက်ဆံလေးတွေကို တစ်ချက်နမ်းလိုက်သည်။
သူမလက်ထဲ ရောက်လာသော ငွေစက္ကူ များသည်
ရိုးရိုးသားသားရခဲ့သော ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မပါခဲ့ဖူးပါ။

ဘဝတွင် ပထမဆုံးအကြိမ် ကိုယ့်ကိုကိုယ် ဝမ်းနည်းစိတ်နာမိသည်။ ရွံရှာမိသည်။
စိတ်ပျက်မိသည်။
နာကြည်းမိသည်။ အားငယ်မိသည်။

ပထမဆုံးအကြိမ် လူတစ်ယောက်အတွက်နဲ့ ထူးဆန်းသော ခံစားမှူမျိုးကို ခံစားမိသည်။
အပြစ်မကင်းသလို ခံစားမိသည်။

ဒါဟာ သူမ သိသိကြီးနဲ့ ကိုယ်တိုင်တိုးဝင်မိသော ထောင်ချောက် ဆိုလျင်တောင်
ကိုယ့်ကိုယ်ကိုယ် စတေးခံဝံ့ပါသည်။

အချစ်ကို စတင် ခံစားမိတဲ့အချိန် ဆိုတာ
ကိုယ့်မှန်တယ်ထင်ခဲ့မိတဲ့ အမှားတွေကို ပြန်လည်တွေ့မြင်လာခြင်းတဲ့။
ကိုယ့်ချစ်တဲ့သူကြောင့် ကိုယ့်အမှားတွေကို ကိုယ်ကိုယ်တိုင် ပြောင်းလဲဖို့ ကြိုးစားလာခြင်းကို ဆိုလိုတယ်။

**********

"သားအပြင်က ပြန်လာတာလား ၊ မြန်မာပြည်ရောက်တာ ရက်ပိုင်းပဲရှိသေးတယ်
တစ်ယောက်ထဲ အပြင်တွေ ထွက်နေပြီ"

"ဖော့ခပ် (အဖေခင်မျ) ၊ သားကလည်း မြန်မာပြည်သားပဲလေ။
ဘန်ကောက် ကသားရဲ့ ကြီးပြင်းရာဒေသဖြစ်သလို မြန်မာကလည်း မွေးရပ်မြေပဲလေ "

အဖေခါးကို ဖက်ရင်း ချွဲလိုက်သည်။
အဖေဆိုတာ ထိုင်းလူမျိုးစစ်စစ်တစ်ယောက်။
ဒယ်ဒီက မြန်မာလူမျိုးစစ်စစ်။
ထူးဆန်းတဲ့ အဖေတို့တွေ့ဆုံမှုက အခုလို သာယာတဲ့ မိသားစု လေးတစ်ခု ဖြစ်လာလိမ့်မယ်လို့ ဘယ်သူတွေကများတွေးထင်မိကြမှာပါလိမ့်။

အကြီးဆုံးအကို တစ်ယောက်ကို အဖေတို့က မွေးစားခဲ့ပြီး
အလယ်က အကိုတစ်ယောက်ကို ဖော့(အဖေ)ကိုယ်တိုင် ဝမ်းနဲ့လွယ်မွေးခဲ့ခြင်းဖြစ်သည်။

အမျိုးသားတစ်ယောက်ကိုယ်ဝန်ဆောင်တာ လွယ်ကူခဲ့သည်မဆိုသာပေမယ့် ဒယ်ဒီ့ရဲ့ဂရုစိုက်မှုတို့ကြောင့်
ဖော့က အေးချမ်းစွာ မွေးနိုင်ခဲ့သည်။
ထို့နောက် ကျွန်တော်ပေါ့။

ကျွန်တော်နဲ့အကိုနဲ့က ငါးမိနစ်ပဲကွာတဲ့ အမွှာတွေပါ။
ကျွန်တော်ကတော့ မိန်းကလေးပေါ့။

ကျွန်တော်ဆိုပြီး ဖြစ်လာခဲ့ခြင်းက မထူးဆန်းဘူးမလား။
အမျိုးသားတွေချည်းရှိနေတဲ့အိမ်မှာ မိန်းကလေးတစ်ယောက်အနေနဲ့ ယောကျ်ား လေးဆန်လာတာ။
အစကတော့ အသွင်အပြင်လောက်သာဖြစ်ပေမယ့်
ဘန်ကောက်မှာ နေပြီး အရွယ်တစ်ခုရောက်လာတော့ ကိုယ့်ကိုယ်ကို ဘာဆိုတာ နားလည်စပြုလာတာပဲ။

အဖေတွေနဲ့ ကျွန်တော့အမွှာအကိုက မြန်မာမှာနေပြီး မွေးစားအကိုနဲ့အတူ ကျွန်တော်က ဘန်ကောက် မှာနေသည်။
၆လ တစ်လ အဖေတို့ နဲ့အတူ အကိုလာလည်ကြလို့ မိသားစုက သွေးတော့စိမ်းမနေပါ။

အကြီးဆုံးကလည်း မွေးစားဟုသာဆိုပေမယ့် သားအရင်းတစ်ယောက်လိုပင်။
အမေ မရှိပေမယ့် ကျွန်တော်တို့ဘဝကို အဖေတို့နှစ်ယောက်ကပဲ အမေဆိုတာ မလိုအပ်လောက်အောင် ပြုစုပေးခဲ့တယ်မလား။

အမေဆိုတာ မွေးထုတ်ပေးခဲ့တဲ့အမျိုးသမီးမို့သာ အမေခေါ်ကြတာမဟုတ်လား။
ကျွန်တော်တို့ကို ဖော့က မွေးထုတ်ပေးခဲ့တာပဲလေ။

ဒါက အတူတူပါပဲ။

ကျွန်တော်တို့ ညီအကိုသုံးယောက်အတွက် အမေဆိုတာ ဘယ်တုန်းကမှ မလိုအပ်ခဲ့ပါဘူး။
အမေလိုချင်တယ်ဟုပင် အော်မငိုဖူးခဲ့ပါ။

"ဒယ်ဒီရောဟင်"

"သားငယ်လေးဒယ်ဒီက ဒီအချိန် ဂေါက်ကွင်း မှာနေမှာပေါ့"

အကိုတွေအပါအဝင် ဖော့ ရော ဒယ်ဒီရောက ကျွန်တော့်ကို သားလေးတစ်ယောက်လို ဆက်ဆံသည်။
သမီးမွေးထားတာမို့ မိန်းကလေး ဖြစ်ရမယ်လို့ တစ်ခါမှဖိအားမပေးခဲ့ဖူးပါ။

သူတို့ကိုယ်တိုင်ကလည်း ခေတ်မီ တဲ့ ပတ်ဝန်းကျင် မှာကြီးပြင်းပြီး မျက်စိပွင့် နားပွင့်တွေမဟုတ်လား။
ဒီလိုနားလည်ပေးတဲ့ အဖေတွေနဲ့ အကိုတွေကို
ရထားတာ ဘဝမှာ အကောင်းဆုံးသော
ကံကြမ္မာကပေးတဲ့ လက်ဆောင် တစ်ခုပါ။

ဒုတိယလက်ဆောင်က P'Aomပေါ့။
ကျွန်တော့်ထက် တစ်နှစ်အသက်ကြီးတဲ့ အမ။
ဘန်ကောက် မှာ ကျောင်းတက်နေတုန်းက အမက စီနီယာပေါ့။
နားလည်မှု အမြဲပေးပြီး သည်းခံတဲ့အမနဲ့ ချစ်သူဖြစ်ကြတာ အခုဆို နှစ်နှစ်တောင်ပြည့်တော့မည်။

အင်းတွေးရင်း သတိရလာသလို။

"ဒါဆို သား အပေါ်မှာသွားနားလိုက်အုံးမယ်"

"အင်းပါ ဘာလဲ Aomနဲ့ စကားပြောကြမလို့လား"

ဖော့ကို ခေါင်းညိတ်ပြလိုက်သည်။

P'Aomနဲ့ ကိစ္စ ကို ဟိုဘက်ဒီဘက်မိဘတွေရော သူငယ်ချင်း အသိုင်းအဝိုင်း ကပါ သိနှင့်ပြီးကြဖြစ်သည်။

ချက်ချင်းကြီး လက်မထပ်ချင်ကြသေးတာကြောင့်အချိန်ဆွဲနေကြခြင်းလည်းဖြစ်သည်။
ဒီနှစ် ပီမိုင်(နှစ်ကူး)မှာတော့ လက်ထပ်ခွင့်တောင်းရမည်ဟုတော့ စိတ်ကူးထားသည်။

"ဆဝါဒီခပ် P'Aom "

"အွန်း ဝဒီခ ၊ ဘယ်လိုလဲ စူးရှ အဆင်ပြေရဲ့လား"

လက်အုပ်ချီ ပြီး နှုတ်ဆက်စကားစတော့ အမအွန်က ပြန်နှုတ်ဆက်သည်။
ချစ်စရာကောင်းသော ထိုရိုးရာ ဓလေ့ကိုတော့ ကျွန်တော် သဘောကျရပါသည်။

အမအွန် နဲ့ စကားပြောတိုင်း လွမ်းဖို့ တမ်းတဖို့ထက် အလုပ်အကြောင်းတွေ ရယ် သာကြောင်းမာကြောင်းလောက်ပဲ ပြောများသည်။
နှစ်ယောက်လုံးက တီတီတာတာ မနေတက်တာလည်းပါလိမ့်မည်။

နေ့လည်က တွေ့ခဲ့တဲ့ ယုယငယ်ချင်ရင်တော့ အမြဲအချွဲနေပြီး ဆိုးနေမှာပဲ။
အမအွန်ကတော့ အဲ့လို မဟုတ် တည်ငြိမ်သည်။
အေးအေးချမ်းချမ်းပြုံးပြတက်သည်။

အာ..ဘာဆိုင်လို့သူ့လိုလူမျိုးနဲ့များ အမအွန်နဲ့ ယှဥ်နေမိပါလိမ့်။

"အဲ့တာဆို ဒါပဲနော် ။ ဂရုစိုက် အုံး
ချစ်တယ်"

"အင်း ကျွန်တော်လည်း ချစ်တယ်"

လက်ပ်တော့ကို ခေါက်ပိတ်လိုပြီး ကုတင်ပေါ် လှဲချလိုက်သည်။
အချစ်ဆိုတာ ဒီလိုမျိုးလား။
သူအနားရှိရင် နွေးထွေးရသည်။ ပျော်ရသည်၊
ပြီးတော့ သူနဲ့က နားလည်မှု အပြန်အလှန် ရှိသည်။

ဝေးနေတယ်ဆိုပေမယ့် အရမ်းကြီး ရုပ်ရှင်တွေထဲမှာလို ဝမ်းနည်းပက်လက် ဖြစ်နေတာမျိုးမရှိ။
အမြဲ ဖုန်းပြောနေကြလို့လည်း ဖြစ်ပါလိမ့်မည်။

အမြဲတမ်း သတိရနေတယ်ဆိုတာမျိုးလည်းမဟုတ်ပေမယ့်
တိုက်ဆိုင်ရင်တော့ အမအွန်ရဲ့ ကောင်းကွက်တွေချည်း တွေးမိပြီး ကြည်နူးမိတက်သည်။
သေချာပါသည်။ ဒါဟာ သေချာပေါက်အချစ်ပါ။

သူ့အတွက်ဆို အရာရာ ရင်ဆိုင်နိုင်သည်လေ။

တကယ်လို့များ အမအွန်နဲ့ မဟုတ်ပဲ
ယုယငယ်လို မိန်းကလေးမျိုးဆိုရင်ရော
မိဘတွေက သဘောတူမှာလား။
သူ့မိဘတွေကရော ၊
ပြီးတော့ သူ့သူငယ်ချင်းတွေကရော ကိုယ့်လိုလူကို လက်ခဲနိုင်ကြပါ့မလာ?

ခေါင်းတစ်ချက်သာ ပြင်းပြင်းလေး ခါရမ်းရင်းရေချိုးခန်းထဲ ပြေးဝင်လိုက်သည်။
ရေချိုး ပြီး ဒယ်ဒီပြန်လာတာနဲ့ ညစာစားရမည်လေ။

တစ်ခါတလေ အချစ်ဆိုတာ ကိုယ်မသိလိုက်ခင်မှာပဲ
ဝင်လာတက်ပြီး
ကိုယ်သတိမပြုမိတဲ့သူဖြစ်နေတက်တာမျိုး။

**********

Đọc tiếp

Bạn Cũng Sẽ Thích

4.1M 170K 63
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...
603K 49.7K 24
Indian Chronicles Book III My Husband, My Tyrant. When Peace Becomes Suffocation. Jahnvi Khanna has everything in her life, a supporting family, a hi...
759K 40K 21
This book is about the two daughters-in-law of Rajputs who have gotten married to the two Rajput siblings and are best friends as well even before be...
10.1M 304K 53
Anna Krause is in her senior year and more than ready to leave high school behind and start a new, fresh life without homework. What she didn't expec...