"အော် အဖွားကခေါ်ပြီလား
ကောင်းလိုက်တာ ကောင်းကင်ကိုအားကျတယ်
မတ်လေးစီကသဲသဲလှုပ်ချစ်တာခံရတယ်
အဖွားကလဲ ချက်ချင်းမဟုတ်ပေမဲ့ ဖြေးဖြေးကျ လက်ခံပေးတော့မှာ"
"ကြည်နူးကိုလဲ သဲသဲလှုပ်ချစ်မဲ့သူရှိမှာပါ"
"အဟင်း မိဘတွေအပြင်မရှိဘူးလေ
ချစ်စေချင်တဲ့သူကဆို အရေးတောင်မလုပ်ဘူး"
"ကိုယ်ရောချစ်ပေးလို့ရလား"
"ရှင်"
"ကြည်နူးကို ကိုယ်ချစ်မယ်လေ လက်ခံမလား"
"ကိုမင်းအဖွားကိုသာသွားမေးလိုက်ပါ
တော်ကြာသူ့မြေးကြီးကို ခွဲထုတ်ပါတယ်ဆိုပြီး
အထင်လွဲနေလိမ့်မယ်"
"အဖွားက ကိုယ့်သဘောတဲ့ ပြန်ပေါင်းဖို့
ကြည်နူးလက်ခံရင်ခေါ်လာခဲ့တဲ့"
"အဖွားက အဲ့လိုပြောတာသေချာလို့လား"
"ဟုတ်တယ် အိမ်ခွဲနေချင်ရင်လဲ နေကြပါတဲ့
သူတစ်ယောက်ထဲ နေတက်အောင်နေမယ်တဲ့"
"ကြည်နူးက အဲ့ဒီတုန်းကလဲ ဒီအတိုင်းပဲ
အဖွားကိုအားမကိုးချင်လို့ပါ အဖွားကိုတစ်ယာက်ထဲတော့
မနေခိုင်းချင်ပါဘူး မတ်လေးတို့အတူမဟုတ်ရင် ကြည်နူးကအတူနေပေးမှာပါ"
"အဲ့ဒါဆို ကိုယ့်ကိုပြန်လက်ခံပေးတယ်ပေါ့"
"ကိုမင်းကဖြင့် လက်ခံပေးပါပြောလို့လား
သူ့ကုမ္မဏီအထိလိုက်လာတဲ့သူကို ပြန်မေးနေတယ်"
"အဟား……ကိုယ် ဝန်ခံပါတယ်
ကိုယ်ကြည်နူးကိုချစ်တယ် အဖွားကြောင့် စီးပွားရေးကြောင့် ဘယ်သူ့ကြောင့်မှမဟုတ်ဘဲ ကိုယ့်နှလုံးသားကတောင်းဆိုတာ ကိုယ့်အနားပြန်လာပေးပါ ကြည်နူးစိတ်ချမ်းသာအောင် ကိုယ်အများကြီး ဂရုစိုက်ပေးချင်တယ်"
"ယောကျာ်းဟောင်းစီက ချစ်ခွင့်ပန်ခံရတာလဲ
တမျိုးရင်ခုန်ရသားပဲ ကိုမင်းကိုမယုံသေးပေမဲ့ ဗိုက်ထဲက
ကလေးလေးကြောင့် လက်ခံပေးလိုက်မယ်နော် ဟွင့်"
"ဟင်……ဗိုက်ထဲက……ကလေး
ကြည်နူး ကိုယ့်ကလေးလေး ရှိနေတာလား"
"အင်း အဲ့ဒါကြောင့်နော် မဟုတ်ရင် အချိန်ဆွဲပြီး စဉ်းစားနေအုံးမှာ"