မိုးမင်းကြီးသည်​ဒေါသတကြီး​ဆွေလို့ပြီးသည်နှင့်သူမဟုတ်သည့်အတိုင်းပင်ငြိမ်သက်သွား​လေသည်..  တစ်ချက်တစ်ချက်တိုက်ခတ်လာတဲ့​လေနီကြမ်း​တွေက​တော့စိမ့်လို့​​ပေါ့...တစ်​နေ့လုံးတစ်ညလုံးငို​နေခဲ့တဲ့ထို​ကောင်​လေး....မျက်လုံး​လေး​တွေရဲပြီး​ဖောင်းအစ်လို့၊နှာ​ခေါင်း​လေးကလည်းရဲလို့....နှုတ်ခမ်း​လေးကခုထိတုန်​နေတုန်း
မိုး​သောက်ကြယ်ဆိုတဲ့နာမည်​လေးနဲ့လိုက်​အောင်ထို​ကောင်​လေး၏မျက်လုံး​လေးများသည်ကြယ်​လေးတစ်လုံးအလား​ကြည်​တောက်လို့ခပ်နွမ်းနွမ်းအကျီ​လေးနဲ့​တောင်ကပိုကရို​လေးနဲ့တမျိုးချစ်ဖို့​ကောင်း​နေ​လေသည်.....

တစ်ညလုံးငိုထားခဲ့သည်​ကြောင့်ဗိုက်ကအချက်ပြလာ​လေသည်....ထို့​ကြောင့်ထကာ​မပွင့်တပွင့်အလင်း​ရောင်​လေးကိုအားပြု၍​နောက်​​ဖေးခန်းသို့ဝင်သွားခဲ့သည်....ပျဥ်​ထောင်အိမ်​သေး​သေး​လေးသည်အိမ်​ရှေ့ခန်းရယ်၊အိပ်ခန်းကျဥ်း​လေးရယ်၊​နောက်​ဖေးခန်း​လေးရယ်သာပါ​ပေမဲ့သူတို့မိသားစုအတွက်​တော့​ကောင်း​ကောင်း​လောက်သည်​လေ......

​နောက်​ဖေးခန်းထဲဝင်သွား​တော့တဖန်ဝမ်းနည်းလာရပြန်သည်...မ​နေ့က​နေ့လည်စာစားချိန်မှာရဲ​တွေ​ရောက်လာသည့်အတွက်သူတို့မိသားစုထမင်းဝိုင်း​လေးသည်မစားရ​သေးပဲမ​နေ့ကသူ၏မိခင်ထားခဲ့သည့်အတိုင်းပုံမပျက်......​ဖေ​ဖေနဲ့​မေ​မေထမင်း​ရောစားရရဲ့လားဟင်...ဆို့နင့်စွာစိတ်ထဲမှ​တွေးမိသည်....ထို့​နောက်​အေးစက်​နေပြီဖြစ်​သောချဥ်​ပေါင်ဟင်း​လေးရယ်ငပိရည်​လေးရယ်ကိုထမင်းခဲ​ပေါ်စမ်း၍နယ်ဖက်ကာကြက်ဥ​ကြော်​လေးနှင့်ခလူးခမမ်းစားလိုက်​လေသည်......
စား​နေရင်းပင်မိဘနှစ်ပါးအ​ကြောင်း​တွေးမိ​တော့မျက်ရည်ကကျလာပြန်သည်...သို့​သော်မိဘနှစ်ပါးရဲ့မတရားမှုကတကယ်ပဲမတရားမှုလား​ချောက်ချခံရလားသူမသိသလိုသိလျှင်လည်းက​လေးသာသာသူ့အတွက်ဘာမှမစွမ်းသာနိုင်ခဲ့ပါ....

ထမင်းစားပြီး​နောက်​ဆေး​ကြောကာဟင်းကျန်​လေး​တွေကိုပေါင်းသင့်တာ​​ပေါင်းပြီးသိမ်းဆည်းလျက်တိတ်ဆိတ်​နေ​သောအိမ်ကြီးကိုငြိမ်ကာရှုမိသည်.....​ဆင်းရဲပေမယ့်ပျော်စရာ​ကောင်းခဲ့တဲ့သူ့ဘဝ​လေးကချက်ချင်းကိုပင်​ပျောက်ဆုံးသွားခဲ့​လေပြီ........​ရှေ့​လျှောက်ဘယ်လိုရှင်သန်ရမလဲ..၁၀တန်းကိုရိုးရိုး​အောင်​ထား​သောသူ့အတွက်ဘာအလုပ်လုပ်ပြီးရှင်သန်ရမလဲ......

💙Blur💙(Completed)Место, где живут истории. Откройте их для себя