ခဏအကြာ လျန့်နီစန်းနဲ့သူ့ရဲ့ကြင်ယာတော် ဆုရီ
တို့ဝင်လာပြီး နေရာတွင်ဝင်ထိုင်ကြသည် ။

နောက်ဆုံးတွင်တော့ ထိုက်ဖေးမယ်တော်ကြီးက
ဝင်လာခဲ့သည် ။

ရွှေရောင်တောက်နေတဲဇာမဏီဝတ်စုံရယ် ခေါင်း
ဆောင်းကို ဆောင်းထားတဲ့သူက ကျက်သရေရှိစွာ
လှပနေပေမဲ့ ရိပေါ်ရဲ့မျက်လုံးထဲမှာတော့ မင်းသမီး
ခေါင်းဆောင်းထားတဲ့ဘီလူးမသာလျှင်....

သူသာ မယ်တော်ကို နေ့တိုင်းအဆိပ်မခတ်ခဲ့လျှင်
မယ်တော်ဟာသူ့ကိုမွေးဖွားပြီးလျှင်သေခဲ့မည်မဟုတ်

" ပွဲတော်စလိုက်ကြရအောင် "

အကသမားတွေဂီတသမားတွေနဲ့စတင်ခဲ့တဲ့ပွဲတော်
ကဆူညံစွာအသက်ဝင်ခဲ့သည် ။

တခြားသူတွေက လှပသောအကမယ်တွေကိုငေး
ကြသော်လဲ သူကတော့ ပါးစပ်ထဲမုန့်တွေထိုးသိပ်
နေသည့် အချစ်ကိုသာငေးနေသည် ။

( ငါ့အချစ်ပဲကောင်းတယ် အစားလေးစား နန်းတော်
တစ်ခွင်လျောက်ဆော့ ညဘက်ကျရင်သူနဲ့ အုဟုဟု )

မျက်နှာပေါ်ကျနေသောဆံစလေးတွေလက်နဲ့သပ်
တင်ကာ မိဖုရား ကိုသာအသက်ရှိသူလို့သတ်မှတ်
ထားတဲ့အရှင့်ရဲ့ပုံစံကိုကြည့်ပြီး ဟုန်လီ ဒေါသတွေ
ထွက်လာရသည် ။

သူကဘာတွေများကောင်းနေလို့လဲ သူက မိန်းမဆန်
ဆန်မလှပါဘူး ဟုန်လီကမှ မိန်းမဆန်ဆန်လှတာ....

ရှောင်းကျန့်က တစ်စက်မှအိနြေ္ဒမရတဲ့အပြင်နန်း
တွင်းရေးရာတွေကိုလုံးဝမသိဘူး ဒီလိုလူမျိုးကိုများ
ဘာကြောင့် အရှင်က သဘောကျရတာလဲ....

အခုစားပွဲရဲ့အစားအစာတွေကိုတာဝန်ယူထားရ
တာက ရှောင်းကျန့်မို့လို့ ထိုက်ဖေးမယ်မယ်ရဲ့စား
တော်ပွဲမှာသူအဆိပ်ခတ်ထားတာ....

အဲ့တာကြောင့်မို့ပြသနာတစ်ခုခုဆိုရင် ရှောင်းကျန့်က
တာဝန်ယူပြီးဖြေရှင်းရမှာ...

ကြားထားတဲ့သတင်းတွေအရ ထိုက်ဖေးမယ်တော်
က အရှင့်ရဲ့အမေအရင်းမဟုတ်ပေမဲ့ အရှင်ကအရမ်း
ချစ်တယ်တဲ့....

နောက်ပြီးတော့ ရှောင်းကျန့်နဲ့ထိုက်ဖေးမယ်မယ်က
မတည့်တဲ့အတွက်ဘယ်တုံးကမှ မျက်နှာချင်းမဆိုင်
ခဲ့ဘူးတဲ့....

Bunny Empress ( Completed)Место, где живут истории. Откройте их для себя